အပိုင်း ၇၇၈
Viewers 53k

အပိုင်း ၇၇၈

ဘယ်သူနိုင်သွားမှာလဲ


ဒိုင်လူကြီးများ၏ရုတ်တရက်ဆန်သောကြမ်းတမ်းမှုများသည် ပရိတ်သတ်များကိုကြောက်လန့်သွားစေသည်။


သူတို့၏အကြည့်များကို ဖက်ထုပ်များထံရွှေ့လိုက်ပြီးနောက်တွင် ဆာလောင်နေသော တစ္ဆေများနှင့်မထူးမခြားနားဖြစ်သွားကြသော ဒိုင်လူကြီးများကို ပရိတ်သတ်များကဗလာဖြစ်စွာဖြင့်ကြည့်နေလိုက်ကြသည်။


တစ်ဖက်တွင်တော့ ပုဖန်သည်တည်ငြိမ်နေပေသည်။ လက်ပိုက်ထားပြီး ဒိုင်လူကြီးများကို မျက်နှာသေဖြင့်ကြည့်နေလိုက်သည်။

ပုစွန်ပိစိသည် ပေါ်တွင်လှဲလျောင်းနေပြီး ပါးစပ်မှပူဖောင်းကိုမှုတ်ထုတ်နေသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်မှ အငွေ့များပျောက်ကွယ်နေသည်မှာကြာလှပြီဖြစ်သည်။ ၎င်း၏မျက်လုံးဝိုင်းဝိုင်းလေးများသည် ဆာလောင်နေသောတစ္ဆေများကဲ့သို့ပြုမူနေကြသည့် ဒိုင်လူကြီးများကိုကြည့်နေရင်း သိချင်စိတ်များတောက်လောင်လာသည်။


ပုဖန် လက်မြှောက်လိုက်ပြီး ပုစွန်ပိစိ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။


နယ်သာရီ၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်လှပေသည်။ သူမက တူအစားလက်ကိုအသုံးပြုသောကြောင့် ဖက်ထုပ်တစ်ခုကသူမ၏လက်ထဲသို့မြန်မြန်ပင်ရောက်သည်။


ဖက်ထုပ်ကြော်၏ အပေါ်အလွှာသည်ကြွပ်ရွနေသည်။ ဖက်ထုပ်ကို သူမ၏လက်နှင့်ထိလိုက်သည်နှင့် အနည်းငယ်ပူလောင်နေမှုကိုခံစားရစေပြီး နယ်သာရီကိုမျက်ခုံးပင့်သွားစေသည်။ သို့သော် အပူဓာတ်အနည်းငယ်က အစားအသောက်ကောင်းများအပေါ် သူမ၏မျှော်လင့်စောင့်စားချက်များနှင့်ယှဉ်လိုက်လျှင် အသေးအဖွဲပင်ဖြစ်သည်။


ဂျွတ်ကနဲမြည်သံနှင့်အတူ ထိုဖက်ထုပ်ကြော်သည် သူမ၏ပါးစပ်ထဲရောက်သွားလေသည်။ သူမ၏ နီထွေးနေသောနှုတ်ခမ်းပါးတစ်စုံက အသာပွင့်ဟလာသည်။ ဆီရည်များကသူမ၏နှုတ်ခမ်းပါးပေါ်တွင်စွန်းထင်းနေပြီး နှုတ်ခမ်းတစ်စုံကိုတောက်ပနေစေကာ သူမကိုအလွန်းအမင်းစွဲမက်ဖွယ်ကောင်းသွားစေသည်။


ဂျွတ် ဂျွတ်


ဖက်ထုပ်ကြော်၏ကြွပ်ရွနေသော အပေါ်ယံအလွှာသည်ကွဲကြေသွားပြီး နူးညံ့ကြွပ်ရွသောခံစားချက်သည် နယ်သာရီ၏ နက်မှောင်နေသောမျက်လုံးများကို အလင်းရောင်များတောက်ပလာစေသည်။


သူမ၏ပုလဲဖြူဖြူသွားလေးများဖြင့် ကိုက်ဝါးလိုက်ချိန်တွင် ဖက်ထုပ်၏အပေါ်ယံလွှာကိုကွဲကြေသွားစေပြီး သူမ၏ပါးစပ်ထဲတွင် ထူထပ်သိပ်သည်းသောသင်းပျံ့ပျံ့ရနံ့များဖြင့် ဖုံးလွှမ်းသွားပေသည်။ ထိုရနံ့က အရသာခံဖုများကိုဖုံးလွှမ်းသွားပြီး ရုတ်ချည်းပင်သူမတစ်ကိုယ်လုံးရှိချွေးပေါက်များကို ကျုံ့သွားစေသည်။ 


လေလှိုင်းတစ်ချက် တိုက်ခတ်သွားသည်။


နယ်သာရီတစ်ယောက် သူမ၏မျက်စိရှေ့တွင် မြက်ခင်းစိမ်းတစ်ခုထွက်ပေါ်လာ၍တောင့်ခဲသွားမိသည်။ ထောင်ပေါင်းများစွာသော မြက်ပင်များသည် လေအဝှေ့တွင်ယိမ်းနွဲ့နေပေသည်။


မြက်ခင်းများကြားတွင် စိမ်းစိုနေသောအရွက်များအပေါ်မှ နှင်းဝတ်ရည်တစ်စက်သည် ရွှံ့နွံထဲသို့ကျဆင်းသွားသည်။ နှင်းဝတ်ရည်၏ အာဟာရဖြင့် မြက်ပင်များသည် ကြီးထွားဖွံ့ဖြိုးလာတော့သည်။


မေးစရာပင်မလိုချေ၊ နယ်သာရီစားလိုက်သောဖက်ထုပ်သည် မြေပြင်၌ကြီးထွားပေါက်ရောက်သောပါဝင်ပစ္စည်းများဖြင့်ပြုလုပ်ထားသည့် ဖက်ထုပ်ပင်။


အသုံးပြုထားသောပါဝင်ပစ္စည်းသည် မြက်မျိုးနွယ်ဝင် စိတ်ဝိဉာဉ်ဆေးပင်တစ်မျိုးဖြစ်ပြီး အသက်စွမ်းအင်များဖြင့်ပြည့်နေပေသည်။ ၎င်းကိုပြီးပြည့်စုံစွာရောမွှေထားလေသည်။ ဖက်ထုပ်၏အပေါ်ယံလွှာကိုကိုက်လိုက်ကာ ပွင့်ဟသွားသည်နှင့် စိတ်ဝိဉာဉ်ဆေးပင်များ၏ ဆေးဖက်ဝင်မွှေးရနံ့များနှင့် ဟင်းပွဲ၏ရနံ့သည်တစ်ချိန်တည်းတွင်ပျံနှံ့သွားလေသည်။ 


သူမ၏နှာခေါင်းပေါက်များရှုံ့သွားပြီး အသက်ရှူထုတ်လိုက်သည်။ ၎င်းက သူမ၏နှာခေါင်းမှမွှေးရနံ့များကိုထုတ်လွှတ်လိုက်သည်နှင့်တူနေပေသည်။


မျှော်လင့်ထားသည့်အတိုင်းပင် ပုဖန်၏ဟင်းပွဲကသာ သူမကိုစိတ်ကျေနပ်မှုပေးနိုင်လေသည်။ 


နယ်သာရီ မျက်လုံးမှိတ်လိုက်ပြီး ဖက်ထုပ်ကိုဆက်ဝါးနေလိုက်ပြီး သူမ၏မျက်နှာလေးသည် နီထွေးလာတော့သည်။


ရှောင်ယနှင့်ပန်းပွင့်လေးတို့သည် တူညီသောဖက်ထုပ်အမျိုးအစားကိုကောက်ယူလိုက်သည်။ ၎င်းတို့သည် ဖက်ထုပ်ပြုတ်များဖြစ်ကြပြီး ရေနွေးငွေ့များပင် လေထဲသို့တလူလူထွက်နေပေသည်။ ၎င်းက အလွန်အမင်းရိုးစင်းနေသည်။


နယ်သာရီက ဖက်ထုပ်ကိုဆော့စ်ထဲသို့နှစ်လိုက်ရန်မေ့သွားခဲ့သော်လည်း ရှောင်ယနှင့်ပန်းပွင့်လေးက ပုဖန် အထူးတလည် ပြင်ဆင်ထားသောဆော့စ်ထဲသို့နှစ်လိုက်ရန်မမေ့ပေ။ 


ခဏအတွင်းပင် သူတို့၏မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး ဖက်ထုပ်များကိုသူတို့ပါးစပ်ထဲသို့ထည့်လိုက်သည်။


ရှောင်ယသည် ပုဖန်ချက်သောဟင်းပွဲများ စားရသည်ကိုအမှန်တကယ်ပင်သဘောကျပေသည်။ အဘယ့်ကြောင့်ဆိုသော် အစ်ကိုကြီးချက်သောဘယ်အရာမဆို စားရလျှင်သူမပျော်ရွှင်လာသည်ကိုခံစားရသောကြောင့်ပင်။ 


ဂျွတ်...


ဆော့စ်ထဲသို့နှစ်ထားသော ထိုဖက်ထုပ်ကိုကိုက်ဝါးလိုက်သောအခါ ကျောက်စိမ်းဖြူကဲ့သို့ဖြူစင်ကြည်လင်နေသော ဖက်ထုပ်၏အပေါ်ယံလွှာသည်ပွင့်ဟသွားသည်။ အငွေ့တထောင်းထောင်းဖြင့်ပူလောင်နေသော အရည်များကစိမ့်ထွက်လာပြီး ရှောင်ယ၏ပါးစပ်ထဲမှ အပူငွေ့များကိုထုတ်လွှတ်နေသည်။


ရှောင်ယ၏ပါးစပ်ထဲသို့ ထိုဖက်ထုပ်ဝင်ရောက်သွားသည်နှင့် သူမသည်ချက်ချင်းပင် ပလုတ်ပလောင်းဖြင့် တဖူးဖူးမှုတ်နေသည်။ သူမ၏မျက်နှာလေးသည် ချက်ချင်းပင်ရဲရဲနီလာကာ မျက်လုံးများထဲမှလည်း မျက်ရည်များထွက်ကျလာလုနီးနီးပင်။


"ပူလိုက်တာ ပူလိုက်တာ ပူလိုက်တာ.."

ရှောင်ယ စားနေရင်းအော်ဟစ်လိုက်သည်။


ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေဖြစ်သော ပန်းပွင့်လေးသည် သဘာဝကျစွာပင်ထိုအပူဓာတ်နည်းနည်းလေးကို ဂရုမစိုက်ပေ။ ဆော့စ်များပေကျံနေသော သူမ၏ပါးစပ်ကိုကျယ်ကျယ် ဖွင့်ဟလိုက်ပြီး ဖက်ထုပ်တစ်ခုလုံးကိုထည့်လိုက်သည်။


မွက် မွက်


သူမပါးစပ်ထဲရှိ ဖက်ထုပ်ကိုဝါးနေရင်း ပန်းပွင့်လေး၏မျက်တောင်များသည် တဖျပ်ဖျပ် လှုပ်ခါသွားသည်။ ဝါးနေရင်းသူမ၏လှုပ်ရှားမှုများက နှေးကွေးသွားလေသည်။ သူမ၏နှုတ်ခမ်းများကွေးညွတ်သွားကာ ခပ်ဟဟပွင့်ဟသွားပြီး မျက်လုံးများသည်လည်း ကျဉ်းမြောင်းသွားတော့သည်။


ရှောင်ယ၏မျက်နှာလေးသည် ရဲရဲနီနေကာ ပါးစပ်ဟပြီး လေကိုအမောတကောရှူနေပေသည်။ ထိုသို့ဖြစ်နေသည်က ဆော့စ်ကြောင့်စပ်သည်လား ဖက်ထုပ်ကပဲပူနေသည်လားတော့ မည်သူမှမသိပေ။


ခေါင်းလှည့်လိုက်ကာ ပန်းပွင့်လေးကိုကြည့်ပြီး စတင်ရယ်မောလေတော့သည်။ 


ပန်းပွင့်လေး သူမ၏ပါးစပ်ကိုဖွင့်လိုက်သည်။ အမောတကောအသက်ရှူလိုက်ပြီးနောက်တွင် စတင်၍စားလိုက်တော့သည်။ သူမ၏မျက်လုံးများက တောက်ပသည်ထက်တောက်ပလာသည်။


သူမလက်များ၏လှုပ်ရှားမှုများသည် ဖက်ထုပ်များ ထဲမရောက်မချင်းဆက်တိုက်လှုပ်ရှားနေသည်။


ထိုအချိန်တွင် ရှောင်ယက ဖက်ထုပ်၏အရသာထဲတွင်နစ်မျောနေပေသည်။


ဖက်ထုပ်ပြုတ်၏အပေါ်ယံအလွှာသည် ကျောက်စိမ်းဖြူကဲ့သို့ဖြူစင်ကြည်လင်နေသော်လည်း တစ်ချက်ကိုက်လိုက်သည်နှင့် အထဲမှအရည်များစိမ့်ထွက်ထွက်လာကာ ဟင်းပွဲ၏သိပ်သည်းသောရနံ့များကိုပါ အတူတကွဖော်ဆောင်ပေးလေသည်။ ငါးအသားသည်ငါးညှီဓာတ်ရမနေသောကြောင့် မည်သူ့ကိုမှမနှစ်မျို့ခြင်းမဖြစ်စေပေ။ ယင်းအစား သူတို့၏ပါးစပ်ထဲတွင် နစ်မျောတိမ်ဝင်သွားစေသောခံစားချက်များကိုပေးစွမ်းနေလေသည်။


ရှောင်ယ မျက်လုံးအသာမှိတ်လိုက်ပြီး အရသာအလွန်ကောင်းမွန်သောကြောင့် တောက်ပနေသောမျက်ရည်စက်တစ်စက်ကျဆင်းလာသည်။


ဤကလေးမလေးသည် သူမကောင်းကင်သို့ပျံတက်သွားပြီး တောက်ပနေသောအကြေးခွံများဖြင့်ငါးတစ်ကောင်ဖြစ်လာသည်ဟုခံစားနေရသည်။ ခဏအတွင်းပင် ပလုံ ဟူသောမြည်သံဖြင့် ရေထဲသို့ကျသွားပြီး သမုဒ္ဒရာထဲတွင် လေနှင့်ရေလှိုင်းများကို လွတ်လွတ်လပ်လပ်ခံစားနေပေသည်။ 


ထိုခံစားချက်သညိ အလွန်အမင်းလျှို့ဝှက်ဆန်းကျယ်ပေသည်။


ဖက်ထုပ်ပြုတ်တွေကတကယ် စားလို့ကောင်းတာပဲ....


ငရဲဘုရင်အာဟ၏နှာခေါင်းပေါက်များသည် ခပ်ကျယ်ကျယ်ပွင့်နေသည်။ သူ့မျက်လုံးများသည် ရင်းနှီးနေသောရနံ့များကိုအနံ့ခံပြီးနောက်တွင် အတောမသတ်နိုင်သောလိုအင်ဆန္ဒများကိုပြသနေပေတော့သည်။


ထိုရနံ့သည် သူ့တစ်ကိုယ်လုံးတွင်ရှိသော ချွေးများကိုပေါက်ပွင့်လှစ်သွားစေသည်။


အဲ့တာ အစပ်ချောင်းရဲ့အနံ့ပဲ....


ငရဲဘုရင်အာဟ၏နှလုံးသားသညတဒုန်းဒုန်းခုန်လာပြီး တုံ့ဆိုင်းမှုမရှိပဲ နှိုက်စားလိုက်သည်။ ထိတ်လန့်အံ့ဩမှုနှင့်ပျော်ရွှင်မှုနှစ်ခုစလုံးကို သူ့မျက်နှာတွင်ရေးသားထားပြီး တူကိုကောက်ကိုင်လိုက်ကာ ဖက်ထုပ်ကိုကောက်ယူလိုက်သည်။


သူဘယ်လိုဖက်ထုပ်အမျိုးအစားကိုကောက်ယူမိသလဲမသိသော်လည်း ဖက်ထုပ်၏မျက်နှာပြင်နှစ်ခုစလုံးသည် အဝါရောင်ဖျော့ဖျော့သန်းနေပေသည်။ ၎င်းကအနည်းငယ်ပြားနေပြီး ၎င်းဖက်ထုပ်နှင့်ယှဉ်ကြည့်လိုက်ပါကဖက်ထုပ်ကြော်၏အပေါ်ယံလွှာကပို၍ကြွပ်ရွလေသည်။


သူ့တူနှင့်ညှပ်လိုက်သောအခါ ဖက်ထုပ်ကြော်မှ သိပ်သည်းသောရနံ့တစ်ခုပျံ့လွင့်လာသည်။


သို့သော် ငရဲဘုရင်အာဟက ထိုအချက်အလက်များအပေါ်အာရုံစိုက်မနေပဲ ပူစပ်စပ်ငရုပ်အနှစ်ကိုသာအာရုံစိုက်ထားလေသည်။


ဆော့စ်ထံသို့အကြည့်ရောက်ပြီးသည့်နောက်တွင် သူ့မျက်လုံးများကိုထိုဆော့စ်ထံမှလွှဲ၍မရတော့ချေ။


ချက်ချင်းပင် ဖက်ထုပ်ကိုဆော့စ်ပန်းကန်ထဲနှစ်လိုက်ပြီး ဖက်ထုပ်တစ်ခုလုံးဆော့စ်များစွန်းထင်းသွားမှသာ သူ့ပါးစပ်ထဲသို့ပျော်ပျော်ရွှင်ရွှင်ထည့်လိုက်တော့သည်။


ထိုအချိန်တွင် မူလကရွှေဝါရောင်ဖက်ထုပ်သည် အနီရောင်အဖြစ်သို့လုံးဝပြောင်းလဲသွားတော့သည်။ ၎င်းသည် အနီရင့်ရောင်ဆော့စ်များဖြင့်ဖုံးလွှမ်းခံလိုက်ရသည်။


အသက်ပြင်းပြင်းရှူပြီးနောက်တွင် ငရဲဘုရင်အာဟ၏မျက်နှာတစ်ခုလုံးသည် ယစ်မူးနေသောပုံစံဖြစ်နေသည်။


ရင်းနှီးနေတဲ့ပုံစံလေး... ရင်းနှီးနေတဲ့အနံ့


ဒါ ဒီဘုရင်နဲ့ရင်းနှီးတဲ့ အစပ်ချောင်းရဲ့အရသာအမှန်ပဲ....


ဖက်ထုပ်ကိုလက်တစ်ဖက်ဖြင့်ကိုင်ပြီး အာဟကသူ့ခေါင်းသူမော့လိုက်သည်။ သူ့ပါးစပ်ကိုဖွင့်ပြီး ထိုအနီရင့်ရောင်ဖက်ထုပ်ကိုပါးစပ်ထဲထည့်လိုက်သည်။


သူ့ခန္ဓာကိုယ်ကိုလှုပ်ရမ်းပြီး ဖက်ထုပ်ကိုပါးစပ်ထဲသို့ ထပ်ခါထပ်ခါသွင်းလိုက်ထုတ်လိုက်လုပ်နေသည်။


သွင်းလိုက်ထုတ်လိုက်... သွင်းလိုက်ထုတ်လိုက်... ထိုသို့လုပ်ရင်း ငရဲဘုရင်အာဟက အလွန်အမင်းယစ်မူးပျော်ဝင်နေပုံပေါ်နေသည်။ 


လူတိုင်းငရဲဘုရင်ဖက်ထုပ်စားနေသည့်ပုံကိုကြည့်ပြီး ကြက်သေသေနေကြသည်။ ထိုလူပြက်ဘာလုပ်နေသည်ကို သူတို့မသိတော့ပေ။


ဘယ်သူက ဖက်ထုပ်ကိုအဲ့လိုစားလို့လဲ...


ဖက်ထုပ်ကသူ့ပါးစပ်ထဲဝင်လိုက်ထွက်လိုက်လုပ်နေရင်း ငရဲဘုရင်အာဟ၏မျက်လုံးများသည် မိန်းမောတွေဝေနေလျက်ရှိသည်။ ပူစပ်စပ်ငရုပ်အနှစ်၏ အလွန်ပူစပ်ပူလောင်သောခံစားချက်သည် သူ့နှုတ်ခမ်းပေါ်တွင်စွဲထင်နေကာ သူ့တစ်ကိုယ်လုံးတွင်ရှိသောချွေးပေါက်များကိုပွင့်သွားစေသည်။


ပလွတ် ဟူသောမြည်သံဖြင့် ဖက်ထုပ်ကြော်ကို ပါးစပ်ထဲမှဆွဲထုတ်လိုက်ပြီး ဆော့စ်များကပြောင်စင်အောင် စုပ်ယူခြင်းခံလိုက်ရသည်။


ငရဲဘုရင်အာဟ၏မျက်လုံးသည်တောက်ပသွားပေသည်။ ထိုဖက်ထုပ်ကြော်ကိုသာ တူနှင့်ပြန်ညှပ်၍ ဆော့စ်ပန်းကန်လုံးထဲသို့ထပ်နှစ်ရန်ကြံရွယ်လိုက်သည်။


သို့သော် သူ့လက်ကိုနယ်သာရီကဖြတ်ရိုက်လိုက်ပြီး အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်နေပေသည်။


ပရိတ်သတ်များ၏ပါးစပ်များပင်တွန့်လိမ်သွားပြီး ထိတ်လန့်ကာဆွံ့အသွားကြသည်။


ရန်ယုသည် ဒေါသထွက်ထွက်နှင့်အံကြိတ်မိသွားသည်။ ထိုကဲ့သို့အလွန့်အလွန်ရူးနှမ်းနေသောလူငယ်လေးထံမှ အမှန်တကယ်အနိုင်ယူခြင်းခံလိုက်ရမည်ဟုတွေးမိလိုက်ခြင်းသည်ကပင် သူ့မျက်နှာကိုစိမ်းပုတ်သွားစေသည်။ သူအလွန်ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းပင်ထုတ်မပြောနိုင်ပေ။


ငရဲဘုရင်အာဟသည် ရန်ယု၏မုန်းတီးစိတ်များဖြည့်ပြည့်နေသောအကြည့်ကိုခံစားလိုက်ရသည်။ ဖက်ထုပ်ကြော်ကိုသူ့ပါးစပ်ထဲပြန်ထည့်လိုက်ပြီး အပြုံးမမည်သောအပြုံးတစ်ခုကိုထုတ်ဖော်လိုက်သည်။


ရန်ယု၏အကြည့်အောက်တွင် သတိပေးခြင်းမရှိပဲဖက်ထုပ်တစ်ခုလုံးကိုပါးစပ်ထဲထည့်လိုက်တော့သည်။


ရန်ယုတစ်ယောက်လုံးဝကို ဆွံ့အသွားမိသည်။


ဒီလူတကယ်ရူးနေတာ ဟုတ်တယ်မလား... ဘယ်သူကများဖက်ထုပ်ကိုစုပ်ပြီးစားလို့လဲ...


သူ့ပါးစပ်ထဲဖက်ထုပ်တစ်ဝက်ရောက်သွားသည်နှင့် ငရဲဘုရင်အာဟ၏မျက်လုံးများတောက်ပလာကာ သွားများမှအလင်းရောင်ထွက်ပေါ်လာသည်။ရုတ်တရက် ဖက်ထုပ်ကိုကိုက်ချလိုက်တော့သည်။


ဂျွတ်


အိုး.....


ရန်ယုထိုမြင်ကွင်းကိုမြင်ကွင်းကိုမြင်လိုက်သောအခါ သူ့ခန္ဓာကိုယ်အောက်ပိုင်းကျုံ့သွားကာ ခန္ဓာကိုယ်တစ်ခုလုံးအေးစိမ့်သွားလေသည်။


အိုးရန်ချန်ဖုန်း အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့ကို စားသောက်ပွဲအမူအကျင့်ကောင်းကောင်းရှိသည့် တစ်ဦးတည်းသောဒိုင်လူကြီးအဖြစ်သတ်မှတ်၍ရပေသည်။


သူကိုင်ထားသောဖက်ထုပ်သည် ဖက်ထုပ်ပေါင်းဖြစ်သည်။ ၎င်းသည် ရန်ယု၏ကြည်လင်သလင်းဖက်ထုပ်များနှင့်လုံးဝမတူချေ။


ပုဖန်၏ဖက်ထုပ်သည် ရှေးမူမပျက်သည့်ရိုးရာဖက်ထုပ်ပင်။ ဖက်ထုပ်၏အပေါ်ယံအလွှာသည်သိပ်မထူသောကြောင့် အတွင်းရှိအစာများကိုမြင်နေရပေသည်။ ထို့အပြင် ဖက်ထုပ်၏အပေါ်ယံလွှာသည် ကျောက်စိမ်းကဲ့သို့ရွှန်းစိုနေသည်။


ဖက်ထုပ်ကိုကိုင်ကာ ဆော့စ်ထဲကိုနှစ်ပြီးနောက်တွင် အိုးရန်ချန်ဖုန်းတစ်ယောက် သိမ်မွေ့စွာတစ်ကိုက်ကိုက်လိုက်သည်။


သူ့သွားများကိုအောက်သို့ဖိကိုက်လိုက်ချိန်တွင် ဖက်ထုပ်၏အပေါ်ယံအလွှာသည်ပွင့်ဟသွားပြီး ဖက်ထုပ်ထဲမှ ရနံ့နှင့်အငွေ့များသည်ပေါက်ကွဲထွက်လာတော့သည်။


တောက်လောင်နေသည့်မီးတောက်များနှင့်တူသောထိုအစပ်အရသာသည် ချက်ချင်းပင်စိမ့်ထွက်လာပြီး အိုးရန်ချန်ဖုန်း၏မျက်လုံးများကိုဝေဝါးသွားစေသည်။


ဒီ အနံ့ ဒီအရသာက....


တစ်ချက်ကိုက်ပြီးသည့်နောက်တွင် ပါးစပ်ထဲတွင်အငွေ့များထွက်ပေါ်လာပြီး အိုးရန်ချန်ဖုန်း၏အကြည့်များကိုဝေဝါးသွားစေသည်။ သူ့နောက်ကျောတွင်အတောင်ပံပေါက်လာပြီး ကောင်ကင်ဘုံသို့ ပျံတက်သွားသည်ဟုခံစားလိုက်ရသည်။


အမှန်တကယ်တွင် ထိုဖက်ထုပ်ပေါင်းများသည် ကောင်းကင်အမြင့်တွင်ပျံသန်းကြသောငှက်မျိုးနွယ်ဝင်၏အသားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။


အရသာက အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းမွန်ပြီး လူတွေကို ဆက်မဝါးပဲမနေနိုင်အောင်ပြုလုပ်နေသည်။ ထို့အပြင် ဆော့စ်အစပ်သည် အလွန်အမင်းအရသာရှိပေသည်။


ဤသည်က သူတစ်ခါမှမခံစားဖူးသော အတွေ့အကြုံတစ်ခုဖြစ်သည်။ ၎င်းက သူ့ရဲ့အတောင်ပံများကိုတဖျပ်ဖျပ်ခတ်ပြီး မီးတောင်အပေါက်ဝတွင်ပျံသန်းနေသကဲ့သို့ဖြစ်နေသည်။ သူကမီးတောင်ပေါက်ကွဲပြီးနောက်ထွက်ပေါ်လာသည့်အပူဓာတ်ကိုခံစားနေရပေသည်။


အိုးရန်ချန်ဖုန်း ပြုတ်ပါကျလာသည်ဟုခံစားလိုက်ရသည်။


လူတိုင်း၏မျက်လုံးများသည် ဒိုင်လူကြီးများပေါ်သို့ကျရောက်နေသည်။ လေထဲတွင်ပျံ့နှံ့လာသောရနံ့မျိုးစုံသည်လူတိုင်းကို အသက်ပြင်းပြင်းရှူရှိုက်မိစေသည်။


ဒီရနံ့တွေက တကယ့်ကိုမွှေးပျံ့လွန်းတာပဲ....


မူချန်နှင့် မိုလျှိုကျိတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။


ဝမ်ရန်ရှန်း သွားရေတောက်တောက်ကျနေပြီး ဖက်ထုပ်များကိုမကြည့်ပဲမနေနိုင်တော့ချေ။ အရသာကိုအလွန်မြည်းစမ်းကြည့်ချင်နေသောကြောင့် တစ်ခုလောက်လုယူချင်စိတ်ပေါက်နေပေသည်။


၎င်းက အမှန်တကယ် မြူဆွယ်နေပုံပေါက်လေသည်။ 


"ဒါက... အဲ့လောက်အရသာရှိပါ့မလား"

 

"အနံ့လေးရှူကြည့်ရုံနဲ့တင် ကိုယ့်ကိုကိုယ်မထိန်းနိုင်လုနီးပါးဖြစ်သွားစေတာပဲ..."


"ဒီဖက်ထုပ်က ရိုးရိုးရှင်းရှင်းနဲ့တီထွင်နိုင်စွမ်းရှိတယ်... ကောင်းကင်ပေါ်မှာပျံသန်း၊ မြေပြင်ပေါ်လမ်းလျှောက်၊ ရေပြင်မှာကူးခတ်တဲ့အပြင် မြေပြင်မှပါကြီးထွားပေါက်ရောက်တဲ့ ပါဝင်ပစ္စည်းမျိုးစုံက ကွဲပြားတဲ့နည်းတွေနဲ့ချက်ပြုတ်ခြင်းခံရပြီး စွဲမက်စရာအရသာတွေကိုပိုင်ဆိုင်နေတယ်.. အဲ့ဒီ့တော့ ဘယ်သူမှအဲ့ဒီ့ဖက်ထုပ်တွေကိုမခုခံနိုင်တော့ဘူး...."


ပရိတ်သတ်များက အဆက်မပြတ်ဆူဆူညံညံပြုလုပ်နေကြသည်။ သူတို့က မနာလိုဖြစ်နေပြီး သူတို့သည်လည်း မြည်းစမ်းကြည့်ချင်ကြသည်။


ရန်ယု၏အကြည့်များမှိန်ဖျော့သွားလေသည်။


"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး.. သူရဲ့ပါဝင်ပစ္စည်းတွေကအမှိုက်လိုပဲလေ... အဲ့ဖက်ထုပ်တွေက ငါ့ရဲ့ကြည်လင်သလင်းနှင်းကြာပွင့်ဖက်ထုပ်တွေထက်ပိုကောင်းရမှာလဲ..."

ရန်ယုအော့ဟစ်လိုက်သည်။ သူ့မျက်နှာဖြူဖျော့သွားပြီး ချက်ချင်းပင်နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်မိကာ ဒိုင်လူကြီးများ၏တုံ့ပြန်မှုကိုလက်မခံနိုင်ဖြစ်နေသည်။


ပုဖန်တစ်ယောက် နောက်သို့တဖြေးဖြေးဆုတ်နေသော ရန်ယုကိုကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွတ်သွားသည်။


အဆုံးတွင်တော့ သူကအလွန်ဝါနုသေးပေသည်။


ကောင်းမွန်သည့်ပါဝင်ပစ္စည်းများက ဟင်းပွဲ၏အရသာကိုပိုကောင်းမလာစေပေ။ ချက်ပြုတ်နည်းနှင့်မသင့်တော်ပါက ပါဝင်ပစ္စည်းများ၏အရသာကို အတော်ပင် အကျိုးသက်ရောက်မှုရှိစေသည်။


ရန်ယုက ၎င်းကိုနားလည်ရန်လိုအပ်နေသေးပေသည်။


ပုဖန်ရွေးချယ်ထားသော ပါဝင်ပစ္စည်းများ၏အရည်အသွေးသည်အလွန်မမြင့်မားသော်လည်း သူ့၏ထိပ်တန်းအဆင့်ချက်ပြုတ်နည်းများက အနံ့အရသာကိုပိုမိုပြည့်စုံစေပြီး အရည်အသွေးမြင့်ပါဝင်ပစ္စည်းများနှင့်ကွာခြားချက်ကို လျော့ကျသွားစေသည်။


ထို့အပြင် ပုဖန်မချက်ပြုတ်ခင်က ပါဝင်ပစ္စည်းများကိုပုစွန်ပုစိ၏ချိုးရေထဲနှင့်ဆေးခဲ့သေးသည်။ မဟုတ်ဘူး.... သူပြောချင်တာက စိတ်ဝိဉာဉ်စွမ်းအင်များနှင့်ပြည့်နေသည့်ရေကိုဆိုလိုတာဖြစ်သည်။ ထို့ကြောင့် ပါဝင်ပစ္စည်းများ၏အရသာသည်ပို၍ ထူးခြားသွားခြင်းဖြစ်သည်။ 


ဖြောင်း ဖြောင်း ဖြောင်း


ဒိုင်လူကြီးများက ဟင်းပွဲကိုအပြောင်ရှင်းပြီးချိန်တွင် သူတို့၏တူများက်ုအောက်ချလိုက်သည်။


ရန်ယု၏မျက်နှာသည် ပို၍ဖျော့တော့လာပြီး သူ့မျက်လုံးများကမှိန်ဖျော့သွားကာ ကြောက်ရွံ့ထိတ်လန့်မှုများကသူ့မျက်နှာတွင်ထင်ဟပ်နေလေသည်။


အခြေအနေများပြောင်းလဲသွားခြင်းက သူရှုံးနိမ့်တော့မည်ဟုပြသနေခြင်းပင်။


သူမရှုံးနိုင်ပေ။ သူသာရှုံးနိမ့်သွားပါက ချူချန်းရှန်ထံမှအသတ်ခံရပေလိမ့်မည်။


မတိုင်မီက သူ ချူချန်းရှန်ကိုကိုင်တွယ်ရန် ရှေးဟောင်းကျောက်စိမ်းသော့ကို အသုံးပြုခဲ့ပြီး အန္တရာယ်ရှိနေသောအခြေအနေတွင် ချူချန်းရှန်ကို လက်သီးတစ်ချက်ဖြင့်ထိုးနှက်ခဲ့ပေသည်။ ချူချန်းရှန်သူ့ကို အငြိုးအတေးထားနေမည်မှာသေချာလေသည်။


သူသာ စားဖိုမှူးပြိုင်ပွဲကိုရှုံးနိမ့်ခဲ့ပါက သူအသတ်ခံရမည်မှာသေချာပေါက်ပင်ဖြစ်သည်။


ဤစားဖိုမှူးစိန်ခေါ်ပွဲ၌ အနိုင်ရရန်အတွက် သေချာချာရန်အတွက် သူ ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်ကိုပင်ထုတ်သုံးခဲ့သည်။ ထို့ကြောင့်သူရှုံးနိမ့်၍မဖြစ်ချေ။


အိုးရန်ချန်ဖုန်းမျက်လုံးဖွင့်လိုက်သည်။


နယ်သာရီ၊ ရှောင်ယ နှင့်ကျန်သူများ ပုဖန်နှင့်ရန်ယုကိုကြည့်လိုက်သည်။


ထိုအချိန်တွင် ပရိတ်သတ်များက သူတို့၏နှလုံးများပင်ရပ်တန့်သွားသလိုခံစားလိုက်ရသည်။ ဤစားဖိုမှူးစိန်ခေါ်ပွဲ၏အနိုင်ရရှိသူကို ကြေငြာတော့မည်ကို သူတို့သိလိုက်သည်။


ဘယ်သူနိုင်သွားမှာလဲ....


သူတ်ုအကုန်လုံးအလွန်အမင်းသိချင်နေကြသည်။


အဝေးတစ်နေရာမှ ရှည်လျားသောဝတ်ရုံကြီးကိုဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် လေထဲတွင်လမ်းလျှောက်လာသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လေထုကိုတုန်ရီသွားစေပြီး နံနက်ခင်းခေါင်းလောင်းမြည်နေသကဲ့သို့ဖြစ်နေသည်။


၎င်းက ကြီးကြပ်ညွှန်ကြား၍ပြီးသွား၍ အပြေးပြန်လာနေသော ချူချန်းရှန်ပင်။


ချူချန်ရှန်၏မျက်နှာသည် တည်ကြည်လေးနက်နေသည်။ သူသည် ရေခဲကဲ့သို့အေးစက်နေသောအကြည့်များသည် ရန်ယု၏ဖြူဖျော့နေသောမျက်နှာပေါ်သို့ကျရောက်သွားသည်။


ရန်ယုသူ့ခေါင်းကိုမော့လိုက်သောအခါ ချူချန်ရှန်းကိုမြင်လိုက်ရပြီး မျက်လုံးများမှိန်ဖျော့သွားသည်။


အိုးရန်ချန်ဖုန်း၊ ရှောင်ယနှင့် အခြားသူများသည် သူတို့၏စိတ်စွမ်းအင်များနှင့်ဆက်သွယ်ပြောဆိုနေကြပြီး အနိုင်ရရှိသူကိုဆုံးဖြတ်လိုက်ကြသည်။


အိုးရန်ချန်ဖုန်းချောင်းဆိုးလိုက်ပြီး သူ့ခေါင်းကို ပုဖန်နှင့်ရန်ယုဘက်ကိုလှည့်ကြည့်လိုက်ကာ လေးနက်သောအမူအယာနှင့်ကြေငြာလိုက်သည်

"ဒီစားဖိုမှူးစိန်ခေါ်ပွဲကိုနိုင်သွားတဲ့ဟင်းပွဲကတော့..... ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်ပဲဖြစ်ပါတယ်"


သူ့ပါးစပ်မှထိုစကားလုံးများပြောလိုက်ပြီးနောက်တွင် ပရိတ်သတ်များက တိတ်ဆိတ်ငြိမ်သက်သွားသည်။


ရန်ယု၏အကြည့်များ မှေးမှိန်သွားတော့သည်။ မကျေမနပ်ဖြင့်အော်ဟစ်လိုက်ကာ ပုဖန်ကိုလှည့်ကြည့်ပြီး လှည့်ပြေးလေသည်။သူသည် အရှိန်နှုန်းမြင့်မြင့်ဖြင့်ပြေးသွားခြင်းဖြစ်သည်။