အခန်း ၇၈၀
စကားတစ်ခွန်းမှမပြောနဲ့...
အလင်းပုံရိပ်၏ အကြည့်များက ရုတ်တရက် ပုဖန်ဆီ ကျရောက်လာသည်။ရန်ယုက မြေပြင်ပေါ်တွင် ရူးသွပ်စွာပင် အော်ဟစ်နေတုန်းဖြစ်သည်။သူ့၏ မျက်နာအမူအရာ၌လည်း မျှော်လင့်ချက်များ မုန်းတီးမှုများ ကြမ်းတမ်းခတ်ထန်မှုများ ရောနှောနေသည် ။
သူပုဖန်ကို အလွန်မုန်းပေသည်။အရာရာအားလုံးက ပုဖန်၏ အမှားသာဖြစ်သည်။အကယ်၍ သူသာစားဖိုမှူး စိန်ခေါ်ပွဲကို အနိုင်ရခဲ့လျှင် ဒီနေရာမှ လုံခြုံစွာဖြင့် ထွက်ခွာသွားနိုင်မည်ဖြစ်သည်။ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ပုဖန်ကြောင့်ပင်။
သူပုဖန်ကို မုန်းတီးလွန်းသောကြောင့် အံတင်းတင်းကြိတ်လိုက်မိသည်။ပို၍ အရေးကြီးဆုံးမှာ ပုဖန်က သူ့၏ အရိပ်ဖြတ်ဓားကိုလည်း လုယူသွားခဲ့သည်။
အရိပ်ဖြတ်ဓားက သူအပတ်တကုတ် ကြိုးစားခဲ့စဉ်ကတည်းက သူနှင့်အတူရှိနေခဲ့ပြီး အစားကြူးဘုတ်ပြား၏ နံပါတ်၁ ဖြစ်လာဖို့ သူ့အပေါ်တွင် မှီခိုခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်းဒီနေ့တွင် ပုဖန်က သူ့၏ အဖိုးတန်ဓားကို လုယူသွားခဲ့ပေသည်။ထို့ကြောင့် သူ့၏ ဒေါသကို မထိန်းနိုင်တော့ပေ။ထို့အပြင် အလင်းပုံရိပ်က သူ့ကို ကယ်တင်တော့မည်ဖြစ်သောကြောင့် ပုဖန်ဆီမှ ဓားကို ပြန်လည် လုယူသွားနိုင်သည်။ထို့အပြင် ထိုကောင်ကိုလည်း သတ်ခဲ့နိုင်သည်။
ထိုအလင်းပုံရိပ်က မည်သူဖြစ်သည်ကို သူသိပေသည်။ထိုလူက ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေ၏ အုပ်ချုပ်သူပြီးလျှင် ဒုတိယအဆင့် တည်ရှိမှုမျိုးဖြစ်သည်။
မြင့်မြတ်သူတော်စင်၏ ကျင်ကြံဆင့်က အားလုံးမျှော်မှန်းထားသော အဆင့်ထက် ကျော်လွန်နေပေပြီ။မြင့်မြတ်သူတော်စင်၏ စကားကို မည်သူမျှ မနာခံပဲ မနေရဲကြဟု သူယုံကြည်ပေသည်။အစားကြူးတောင်ကြား၏ အကြီးအကဲ တစ်ယောက်ဖြစ်သော ချူချန်းရှန်ကလည်း မြင့်မြတ်သူတော်စင်ကိုသိထားပေသည်။
အကယ်၍ သူသာ ဖီဆန်ခဲ့ပါက ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏ အုပ်ချုပ်သူကို ဖီဆန်သလို ဖြစ်သွားပေလိမ့်မည်။မြင့်မြတ်သူတော်စင်ဆိုသည်က ဂိုဏ်းချုပ်၏ ကိစ္စရပ်များကို ဆောင်ရွက်ပေးသော သူတစ်ယောက်ဖြစ်သည်။အုပ်ချုပ်သူက အဆင့်ချိုးဖောက်တက်ရောက်ဖို့ လိုနေသည့်အခါတိုင်းတွင် မြင့်မြတ်သူတော်စင်ကသာ ဂိုဏ်း၏ အခွင့်ကဏ္ဍကို ဆွဲကိုင်၍ ကိစ္စများကို ရှင်းလင်းပေးခဲ့သည်။
သူက ကောင်းကင်ဘုံ နွေဦးသန့်စင်နယ်မြေက ကျောက်ခရမ်းအကြီးအကဲသို့ပင်။သို့သော် ကျောက်ခရမ်းအကြီးအကဲ၏ ကျင့်ကြံဆင့်က သန်မာသည်ဆိုသော်လည်း ၎င်းက မြင်မြတ်သူတော်စင်မဟုတ်သေးပေ။ထိုသို့ဖြစ်လေရာ မြင့်မြတ်သူတော်စင် မည်မျှ သန်မာသည်ကို စဉ်းစားကြည့်နိုင်သည်။
အလင်းပုံရိပ်၏ အကြည့်များ ပုဖန်ဆီသို့ ရောက်သွားသည့် အချိန်၌ ချူချန်းရှန် အလွန်ပင် မသက်မသာခံစားလိုက်ရပြီး အသက်ရှုရပ်မတက်ပင်ဖြစ်သွားသည်။၎င်းက အလင်းပုံရိပ်တစ်ခုမျှသာဖြစ်သော်လည်း သူ့တွင်ရှိနေသော စွမ်းအင်များက သူ့ကို ဖိနှ်ိပ်နိုင်စွမ်းရှိပေပြီ။
"အခု ရန်ယုပြောလိုက်တာတွေက အမှန်ပဲလား ...အဲ့ဒီလိုဆိုရင် အဲ့ဒီနာမည်ကျော်ဓားကို ပြန်လည်လွှဲပေး ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သေရမယ်..."
အလင်းပုံရိပ်၏ အက်ရှလှသောအသံက လေဟာနယ်ကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ရန်ယုကလည်း အလွန်တရာပင် မုန်းတီးနေသော မျက်နာထားဖြင့် အားကုန်ခြစ်၍ အော်လိုက်သည်။
ထိုအသံကို ချူချန်းရှန် ကြားလိုက်သည်နှင့် တောင့်တင်းသွားသည်။ထိုအသံနောက်တွင် ပါဝင်နေသော ကြောက်မက်ဖွယ်ရာစွမ်းအင်က ခန့်မှန်းနိုင်သည်ထက်ပင် ကျော်လွန်နေပေသည်။
ပုဖန်ကမူတည်ငြိမ်နေတုန်းဖြစ်သည်။သို့သော်လည်း ရန်ယု၏ ဓားကို ပြန်လည်လွှဲပေးရမည်ဟု ကြားလိုက်သည့်အချိန်၌ အလင်းပုံရိပ်ဘက်သို့ ခေါင်းငှဲ့ကြည့်လိုက်သည်။
သူ အရိပ်ဖြတ်ဓားကို ဓားဗီရိုထဲသို့ ထည့်လိုက်သည်။အလင်းများတောက်ပလာပြီးနောက် ဓားဗီရိုက အစီအရင်ထဲသို့ တဖြေးဖြေးချင်း ပြန်လည် နစ်မြှုပ်သွားသည်။
"အရိပ်ဖြတ်ဓားကို ပြန်ပေးရမှာလား...ရတာပေါ့ သူ့ရဲ့ အချက်အပြုတ်စွမ်းရည်နဲ့ ငါတို့ကို နောက်တစ်ကြိမ် ထပ်စိန်ခေါ်လေ ဒီလိုမှမဟုတ်ပဲနဲ့ လုယူမယ်ဆိုရင်တောလ ပြန်ရဖို့ မဖြစ်နိုင်ဘူး..."
ပုဖန်က ခံစားချက်မဲ့လှသောအမူအရာဖြင့် ပြောလိုက်သည်။ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ချူချန်းရှန်၏ အမူအရာက ချက်ချင်းပင်ပြောင်းလဲသွားသည်။ပုဖန် ထိုစကားများ ပြောထွက်လာလိမ့်မည်ဟု မထင်ထားမိပေ။
"ဒီကောင်လေးက သေရမှာ မကြောက်ဘူးလား ...သူစကားပြောနေတာကရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေက မြင့်မြတ်သူတော်စင်ဆိုတာကိုသိရဲ့လား...မြင့်မြတ်သူတော်စင်ကသာ သူ့ကို သတ်မယ်ဆိုရင် ယင်ကောင်တစ်ကောင်ကို သတ်ရသလို လွယ်နေတော့တာပဲ ဘယ်လိုတောင်ရိုင်းစိုင်းတဲ့ လူငယ်လဲ...ဒီလောက်နှစ်ပေါင်းများစွာမှာ ဒီစီနီယာကို အဲ့ဒီလ်ိုပုံစံမျိုး ပြောရဲတဲ့သူ တစ်ယောက်မှမရှိဘူး..."
မြင့်မြတ်သူတော်စင်က ပုဖန်ကိုသာ မလွှဲတမ်း စိုက်ကြည့်နေပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။
"ဒါပေမယ့် ရန်ယုက ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေက လူတစ်ယောက်ဖြစ်နေတုန်းပဲ...ဒါ့အပြင်ကို အရိပ်ဖြတ်ဓားကလည်း ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေရဲ့ အပိုင်ပဲ...အဲ့ဒီတော့ ဒီကြီးမြတ်တဲ့ သခင်က အင်အားသုံးပြီး ယူမယ်ဆိုရင်ကောမင်းဘယ်လိုများ တုံ့ပြန်မလဲ..."
နောက်ခဏအတွင်းမှာပင် ထိုအလင်းပုံရိပ်က ပုဖန်ရှိရာဆီသ်ို့ တိုက်ရိုက်တိုးဝင်လာသည်။၎င်းက ရွှေ့ပြောင်းအစီအရင်ကို သုံးလိုက်သကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် ခေါက်ဆွဲဘုရင်ဆိုင်ပင် တုန်ခါလာသည်။
ပတ်ဝန်းကျင်ရှိ သူများအားလုံးလည်း ထိတ်လန့်တကြားဖြစ်နေကြသည်။ယခုကဲ့သို့ ဖြစ်ပွားလာလိမ့်မည်ဟု မည်သူမှ မထင်ထားမိပေ။ချူချန်းရှန် သတ်ရန် ရည်ရွယ်လိုက်သော ရန်ယုတွင် ထိုမျှအင်အားကြီးသည့် နောက်ခံရှိနေလိမ့်မည်ဟု မထင်ခဲ့ကြပေ။
ထို့အပြင် ထိုအလင်းပုံရိပ်က မောက်မောက်မာမာပြုမူနေသော်လည်း သူတို့၏ အကြီးအကဲ ချူက အနည်းငယ်မျှပင် လှုပ်ရှားရဲခြင်းမရှိပေ။
"ဒီတော့ အဲ့ဒီ အလင်းပုံရိပ်ရဲ့ကျင့်ကြံဆင့်က မည်မျှတောင် မြင့်မြတ်ပါလိမ့်..."
နယ်သာရီ နှုတ်ခမ်းပါးလေးများကို တင်းတင်းစေ့လိုက်သည်။ပူစပ်စပ် ငရုတ်နှစ်များစားထားသောကြောင့် သူမ၏ နှုတ်ခမ်းလေးများက နီရဲနေသည်။ရှောင်ယနှင့် ပန်းပွင့်လေးတို့၏ အသွင်အပြင်က သတိအပြည့်ဖြင့် ရှိနေကြသည်။သူတို့ နှစ်ယောက်က လေအေးတစ်ချက်ရှိုက်လိုက်ကြပြီး အလင်းပုံရိပ်ကို ကြည့်နေကြသည်။
ငရဲဘုရင်က ဝမ်းနည်းပူဆွေးနေဟန်ဖြင့် မျက်နာတစ်ဝက်ကို ကာထားသည်။သို့သော်လည်း သူ့၏တည်ငြိမ်လှသော အကြည့်များကမူ အလင်းပုံရိပ်ကို စိုက်ကြည့်နေသည်။
ဝှိုက်တီ၏ မီးခိုးရောင်မျက်ဝန်းက ဖြတ်ခနဲ လက်သွားသည်။ကလောင်ခနဲ အသံကျယ်တစ်ခုနှင့်အတူ နတ်ဘုရားသတ်တုတ်တံ ပြန်ထွက်လာပြီး သူ့၏ နဖူးထက်၌ ချိုတစ်ချောင်းထွက်လာသည်။
သူ့၏ မီးဖိုချောင်မျက်ဝန်းထဲ၌ အနက်ရောင်စိတ်ဝိညာဉ် မီးတောက် တောက်လောင်နေသကဲ့သို့ပင် ရုတ်တရက် သူ့၏ သတ္တုတောင်ပံများကို ဖြန့်ကားလိုက်သည်။
ထိုပုံရိပ်မှ ထုတ်လွင့်လိုက်သော ဖိအားများကြောင့် ခေါက်ဆွဲဘုရင်ဆိုင်က ကြောက်မက်ဖွယ်ရာ မည်သံများထွက်လာပြီး မကြာခင်အချိန်အတောအတွင်းပြိုကျတော့မယ့်သကဲ့သို့ ဖြစ်လာသည်။
ထိုဖိအားက ကြောက်မက်ဖွယ်ရာ ကောင်းလှသောကြောင့် လူတစ်ချို့က အလျင်အမြန် ပြန်လည် ဆုတ်ခွာလိုက်ကြသည်။တစ်ချို့ဆိုလျှင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားပေပြီ။သို့သော် ပုဖန်ကမူ ပုံမှန်အတိုင်း မျက်နာသေဖြင့်သာ ရှိနေဆဲပင်။အဘယ့်ကြောင့်ဆိုသော်စနစ်၏ တွန်းလှန်ခုခံနိုင်စွမ်းက အလွန်ပင် မြင့်မားပေသည်။
ကြည့်ရှုနေသူများ၏ မျက်ဝန်းထဲတွင် အထင်ကြီး လေးစားမှုများပေါ်လာသည်။ထိုကဲ့သို့ အာခဲဖီဆန်သော လွှမ်းမိုးခြင်းမခံရသော ပုံရိပ်မျိုးက ပုဖန်နှင့် လိုက်ဖတ်လှပေသည်။
ထိုအခိုက်အတန့်၌ နီရဲလှသော တုတ်တစ်ချောင်းက လေဟာနယ်ကို ထောင်လိုက် ဖြတ်သန်းလာပြီး အလင်းပုံရိပ်ဆီသို့ ဦးတည်ကျလာသည်။ထိုတုတ်ချောင်းက အလင်းပုံရိပ်၏ ခေါင်းကို ထုချေလိုက်သော်လည်း ဖိအားများက လျော့ကျသွားခြင်းမရှ်ိပေ။
ခေါင်းပျောက်သွားသော အလင်းပုံရိပ်၏ ပုံရိပ်က တဖြေးဖြေးမှုန်ဝါးသွားပြီးနောက် ကောင်းကင်ယံထက်တွင် ပြန်လည် ပေါ်ထွက်လာသည်။ပြင်းထန်လှသော အလင်းတန်းများကြောင့် သူ့၏ ပုံရိပ်ကို တည့်တည့်ပင် မကြည့်ရှုနိုင်ကြတော့ပေ။
"ကြည့်ရတာတော့ မင်းက ငါတို့ ကျောက်စိမ်းသန့်စင်နယ်မြေရဲ့ အရိပ်ဖြတ်ဓားကို ပြန်မပေးချင်ဘူးပဲ ဒီလ်ိုဆိုမှတော့ သေလိုက်တော့..."
အလင်းပုံရိပ်က ရေခဲတမျှ အေးစက်လှသော အသံဖြင့် ပြောလိုက်သည်။ဝှိုက်တီ၏ မျက်ဝန်းများ ဖြတ်ခနဲ လက်သွားပြီး နတ်ဘုရားသတ်တုတ်က ကောင်းကင်ထက်မှ အလင်းပုံရိပ်ကို လွှဲခုတ်ချလာသည်။
ထိုနတ်ဘုရားသတ်တုတ်က ပစ်မှတ်ရှိရာဆီသို့ ရွေ့လျားသွားနေရင်း တဖြေးဖြေးပိုမို ကြီးမားလာသည်။၎င်းက အလင်းပုံရိပ်က်ို လုံးဝ ထုတ်ချင်းပေါက် ဖြတ်သန်းသွားတော့မယ့်ပုံပေါ်သည်။
သို့သော်လည်း ပစ်မှတ်ကို ထိတော့မည့်အချိန်၌ အလင်းပုံရိပ်က လက်မြောက်၍ နတ်ဘုရားသတ်တုတ်ကို ထိလိုက်သည်။ထိုလှုပ်ရှားမှုလေးကပင် နတ်ဘုရားသတ်တုတ်ကို နောက်ထပ် တစ်လက်မမှ မရွေ့လျားနိုင်အောင် ရပ်တန့်သွားစေသည်။လူအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။
မျှော်လင့်ထားသကဲ့သို့ပင် ထ်ိုလူက ဝှိုက်တီ၏ နတ်ဘုရားသတ်တုတ်ကိုပင် ဟန့်တားနိုင်လောက်အောင် စွမ်းအားကြီးပေသည်။လက်ချောင်းလေးအသာလှုပ်ရှားမှုကပင် သတ်ဖြတ်ခြင်းစွမ်းအားများပြည့်နှက်နေသည်။ဝှိုက်တီ၏ မျက်ဝန်းများ တဖျတ်ဖျတ်လက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ပုံစံငယ်များပေါ်လာသည်။ထို့နောက် သူ့၏ စွမ်းအားများက တိုးပွားလာကာ လက်ညှ်ိုးကို ဆန့်ကျင်ရန် ကြိုးစားလိုက်သည်။
"အသုံးမဝင်ဘူး ဒီကြီးမြတ်တဲ့ သခင်ရဲ့ ရှေ့မှာ မင်းက ပုရွတ်ဆိတ်သာသာပဲ...ပြောတာကိုသာ နာခံလ်ိုက်..."
ထိုအလင်းပုံရိပ်၏ စကားမဆုံးခင်မှာပင် ကျယ်လောင်သော အသံတစ်ချက်ထွက်ပေါ်လာပြီး လက်ဖဝါးရ်ိုက်ချက်က အလင်းပုံရိပ်၏ ရင်ဘတ်သို့ ထ်ိမှန်သွားသည်။
"ဒါက တကယ်ကိုပဲ စိတ်ပျက်စရာကောင်းတယ်...နားထောင်ကြည့်လိုက်ရုံနဲ့တင် ဒီဘုရင်ကို ဒေါသထွက်လာစေတယ်..."
ငရဲဘုရင်၏ ဆံပင်များက လွင့်ပျံနေပြီး သူ့မျက်နာပေါ်တွင် ဆွဲဆောင်မှုရှိလှသော အပြုံးရေးရေးရှိနေသည်။
"မင်းစကားကြီး စကားကျယ်တွေ ပြောနေတာကို ငါဂရုမစိုက်ဘူးဆိုပေမယ့်လည်း ပုဖန်က ဒီဘုရင်ကို အစပ်ချောင်း သုံးချောင်း ပေးဖို့ သဘောတူပြီးသွားပြီ...မင်းကိုသာ စကားဆက်ပြောခွင့်ပေးလိုက်ရင် ဒီဘုရင်ရဲ့ အစပ်ချောင်း လျော့သွားလိမ့်မယ်..."
ငရဲဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။အလင်းပုံရ်ိပ်၏ မျက်နာတွင် စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီး သူခေါင်းလှည့်ကြည့်လ်ိုက်၏။ထိုအလင်းပုံရိပ်က မျက်မှောင်ကြုတ်လိုက်ပြီး ပါးစပ်ဖွင့်ဟလိုက်သည်။
"မင်း..."
"ပိတ်ထားစမ်း...နောက်ထပ် စကားတစ်ခွန်းမှမဆိုနဲ့..."
ငရဲဘုရင်က ကြားဖြတ်၍ အော်ဟစ်လိုက်၏။ပြီးသည်နှင့် သူ ပုဖန်ဘက်သို့ အလောသုံးဆယ် လှည့်ကြည့်လိုက်သည်။ထောင်မြောက်ထားသော လက်သုံးချောင်းထဲမှ တစ်ချောင်းကျသွားပြီး နှစ်ချောင်းထဲသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
အာ....
ငရဲဘုရင်၏ မျက်နာက ပို၍ပင် ဖောင်းကားလာသည်။သူ့နှလုံးသားက နာကျင်လွန်းလှသောကြောင့် အသက်ရှုရပင် ခက်ခဲလာလေသည်။
"အစပ်ချောင်းတစ်ချောင်းတော့ သွားပြီး ဒီခွေးသားက အရမ်း ဆူညံလွန်းတယ်..."
ငရဲဘုရင် အလွန်အမင်း ဒေါသထွက်သွားပြီးနောက် အ လင်းပုံရိပ်ဆီမှ ယူထားသော ကျောက်စိမ်းပြားကို ခွဲချေလိုက်သည်။အလင်းပုံရိပ်က ချက်ချင်းပင် အေးခဲသွားသည်။မြေပြင်ပေါ်တွင် ကျယ်လောင်စွာ ရယ်မောနေသော ရန်ယုလည်း အေးခဲသွား၏။
မျက်ရည်များ စီးကျနေသော ငရဲဘုရင်က အလင်းပုံရိပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အညှာအတာမဲ့စွာ ဆွဲဖြဲလိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အလင်းပုံရိပ်က တစ်စစီ ပိုင်းဖြတ်သွားသည်။
အပိုင်းအစများက အလင်းမှုန်များအဖြစ်သို့ ပြိုကွဲစပြုလာသည်။အလင်းပုံရိပ်၏ မျက်နာ၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
"အခုလေးတင် ဘာတွေဖြစ်သွားတာလဲ ဆင့်ခေါ်မှုမှာ သူ ဘယ်အပိုင်းကိုများ မှားယွင်းလုပ်ဆောင်မိလ်ို့လဲ...ကတိပြုထားတဲ့ တုနှိုင်းမဲ့ စွမ်းအားဆိုတာက ဘယ်မှာလဲ သူများတွေကို ပုရွတ်ဆိတ်လိုပဲ ထင်ရမယ်ဆိုတဲ့ ကတိကဘယ်မှာလဲ..."
အလင်းပုံရိပ်က နှလုံးသားထဲမှ မကျေနပ်ချက်များကို ဖော်ထုတ်ရန်အတွက် ပါးစပ်ဖွင့်ရန် ရုန်းကန်ကြိုးစားနေလေသည်။ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ငရဲဘုရင်၏ မျက်ဝန်းများ လင်းကွင်းကဲ့သို့ ပြူးကျယ်သွားသည်။သူကန်ချက်တစ်ချက်ဖြင့် အလင်းပုံရ်ိပ်၏ ခေါင်းကို ဖြိုခွဲပစ်လိုက်သည်။
ခရက်ရှ်...
ရန်ယုစိတ်ထဲမှ တုန်လှုပ်သွားသည်။အလင်းပုံရိပ် ပြိုကွဲသွားသည့် အချိန်၌ သူ့ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ရာ က်ျိုးပဲ့သွားသလိုပင် ခံစားလိုက်ရသည်။သူ့၏ ခန္ဓာကိုယ်ကို တစ်စစီ ဆုတ်ဖြဲတော့မကဲ့သ်ို့ ပြင်းထန်လှသော နာကျင်မှုကသူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်။ရန်ယု၏ ပါးစပ်မှ အလွန်ပင် စိတ်မချမ်းမြေ့စရာကောင်းလှသော ငြီးတွားသံမျိုး ထွက်ပေါ်လာသည်။ချူချန်းရှန် အံ့အားတသင့်ကြောင်အသွားပြီး လေအေးတစ်ချက်ရှိုက်လ်ိုက်မိသည်။
"ကြီးမြတ်သော တည်ရှိမှုတစ်ခုက ဒီလိုပဲ ကွဲကြေသွားတယ်လား..."
၎င်းက မြင့်မြတ်သူတော်စင်ကို ဆုတ်ဖြဲနိုင်သော ထိုလူက အလွန်ပင် သန်မာလှသည် ဆိုသော အဓိပ္ပါယ်ပင် ။သို့သော်လည်း ယခုလက်ရှိ၌ ထိုကဲ့သို့သော ကိစ္စမျိုးကို တွေးနေရမည့် အချိန်မဟုတ်ပေ။ချူချန်းရှန်၏ အကြည့်များက အေးစက်စူးရှသွားပြီး ယခုထိတိုင်အောင် မြေပြင်ပေါ်တွင် လှံရှည်ဖြင့် စိုက်ထားခြင်းခံထားရသည့် ရန်ယုကို ကြည့်လ်ိုက်သည်။
ထို့နောက် ခြေလှမ်းတစ်လှမ်းတည်းဖြင့်ပင် ရန်ယု၏ ဘေးနား၌ ပေါ်လာသည်။သူ့၏ လက်ဖဝါးကို မြောက်လိုက်သည်နှင့် စွမ်းအင်အများအပြား စုစည်းလာလေသည်။နောက်ခဏ၌
ဘန်း...
ကျယ်လောင်လှသောအသံကြောင့် အားလုံး လန့်ဖြန့်သွားကြသည်။သူတို့ ရန်ယုရှိရာဆီသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။သို့သော်လည်း မြေပြင်၌ ကြီးမားလှသော လက်ဝါးချိုင့်ကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။ထိုနေရာတွင် ရှိနေခဲ့သော ရန်ယုက ထ်ိုချိုင့်ကြီးထဲတွင် သွေးအိုင်အဖြစ် ပြောင်းလဲသွားပေပြီ။
သူ သေဆုံးသွားပေပြီ အဆုံးသတ်၌ ရန်ယုက သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။အစားကြူးဘုတ်ပြား၏ နံပါတ်၁ ထိပ်တန်းစားဖိုမှူးတစ်ယောက်က အစားကြူးတောင်ကြား၏ မဟာအကြီးအကဲထံမှ ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရလေပြီ။
ကြည့်ရှုနေများ၏ နှလုံးသားထဲ အေးစက်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ချူချန်းရှန် မြေပြင်မှ လှံရှည်ကို ဆွဲထုတ်လိုက်သည်နှင့် ၎င်းက စွမ်းအင်များအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေသည်။
ယခု၌ မြင့်မြတ် သူတော်စင်အလင်းပုံရိပ်က ပြိုကွဲသွားပြီး ရန်ယုလည်း သေဆုံးသွားပေပြီ ။နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားသော ဝှိုက်တီကလည်း သူ့၏ အတောင်ပံများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ငရဲဘုရင်က မည်သူမှ သတိမထားလိုက်မိခင်မှာပင် ပုဖန်နားသို့ ပြန်လည် ရောက်ရှိသွားလေပြီ အားလုံးကို သူ့ကို မြင်လိုက်သည့်အချိန်၌ ပုဖန်ကို ရယ်မော၍ စကားပြောနေသည်ကိုသာ တွေ့လိုက်ရသည်။
တခြားတစ်ဘက်တွင်မူ ပုဖန်က သူ့၏ ပုံမှန်အတိုင်း မျက်နာသေဖြင့်သာရှိနေသည်။တစ်ခါတစ်ရံတွင် ဖြေးညှင်းစွာ ခေါင်းခါယမ်းနေပြီး တခါတရံတွင် ခေါင်းညိတ်နေပေသည်။
ငရဲဘုရင်၏ အမူအရာက အဆက်မပြတ်ပြောင်းလဲနေပြီး အဆုံးသတ်၌ ဆူပုတ်ပုတ်ဖြစ်လာသည်။
"ငါတွက်တာ လွဲသွားတယ် ဒီအရူးကောင်က တခုခုပြောဖို့ အတွက် ပါးစပ်ဖွင့်လာလိမ့်မယ်လို့ မထင်ထားမိဘူးလေ.. အခုတော့ အစပ်ချောင်းတစ်ချောင်းပျောက်သွားရပြီ ဘယ်လောက်တောင်မုန်းစရာကောင်းလိုက်လဲ..."
ငရဲဘုရင် အလွန်ပင် ဒေါသထွက်နေပြီး သူ့၏ မျက်နာတွင် တွန့်လိမ်လုနီးပါးဖြစ်နေသည်။ချူချန်းရှန်က မည်သည့်စကားတစ်ခွန်းမှဝင်မပြောပဲ ရပ်နေလေသည်။ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို မယူလိုက်ပြီးနောက် သူ့ရှေ့တွင် ရပ်နေကြသော မုချန်နှင့် တခြားသူများဘက်သို့ လှည့်လိုက်သည်။ထ်ို့နောက် သူ့အကြည့်များက မုချန်ဆီ ကျရောက်သွားပြီး ပြောလိုက်သည်။
"စားဖိုမှူး စိန်ခေါ်ပွဲအတွက် နောက်ထပ်ပြိုင်ဘက်က မင်းပဲ ဖြစ်လိမ့်မယ်..."