အပိုင်း ၇၈၁
Viewers 53k

အခန်း ၇၈၁

မုချန်...


ရန်ယုသေသွားခဲ့လေပြီ။လူအားလုံး သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်၍ အသက်ပင်မရှူရဲကြတော့ပေ။အစားကြူးတောင်ကြားမှ ထိပ်တန်း စားဖ်ိုမှူးတစ်ဦးက အရိုးအသားပင်မကျန်ပဲ သေဆုံးခဲ့ လေသည်။


ချူချန်းရှန်၏ လုပ်ရပ်နောက်ကွယ်မှ အကြောင်းကို လူတိုင်းက မြင်နိုင်ပုံရလေသည်။သူက အစားကြူးတောင်ကြားကို သစ္စာဖောက်ခဲ့ပုံပေါ်လေသည်။ထိုလူက တခြားသန့်စင်နယ်မြေတစ်ခုခုမှ သူလျို ဖြစ်နေပုံပေါ်၏


ထိုလူဆင့်ခေါ်လိုက်သောအလင်းပုံရိပ်ကလည်း ချူချန်းရှန်ကိုပင် ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။သို့သော်လည်း နောက်ဆုံး၌ ပြပွဲတစ်ခုလုံးပင် ပြီးဆုံးသွားခဲ့လေပြီ။ငရဲဘုရင်၏ အလွန်တရာ စိတ်ဓာတ်ကျပြီး မျက်ရည်ယိုနေသော မြင်ကွင်းကြောင့်လည်း အားလုံး စွံ့အသွားမိကြပြန်သည်။


အလွန်တရာ မောက်မာထောင်လွှားနေသော အလင်းပုံရိပ်က လူပြတ်လိုပြုမူနေသော ငရဲဘုရင်၏ လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ရသည်။အစောပိုင်းတွင် ပုဖန် ထ်ိုအလင်းပုံရိပ်ကို စိတ်ထဲမထားပေ။သူက ပုဖန်ကို ကျိမ်းမောင်းခြင်းကြောင့်သာမဟုတ်လျှင် ငရဲဘုရင်အာဟနှင့် ညှိနှိုင်းဖို့ရန်ပင် သူပျင်းနေပေလိမ့်မည်။


အလင်းပုံရိပ်က သန်မာသည်ဆိုသော်လည်း ငရဲဘုရင်နှင့် တွေ့သောအခါ၌ စက္ကူကျားတစ်ကောင်ကဲ့သို့သာဖြစ်သွားလေသည်။ယခု ကိစ္စအားလုံးက ပြီးစီးသွားလေပြီ။ပုဖန် စားဖိုမှူးစိန်ခေါ်ပွဲတွင်လည်း အနိုင်ရခဲ့လေပြီ။သူ စနစ်ပေးသောမစ်ရှင်ကို ပြီးမြောက်ရန်အတွက် ခြေတစ်လှမ်းနီးကပ်လာပေပြီ။


သူ နယ်သာရီ ဝှိုက်တီနှင့် ငရဲဘုရင်တို့ကိုခေါ်၍ နေရာမှ ထွက်သွားခဲ့သည်။ပုဖန်နှင့် ညှိနှ်ိုင်းရန်ကြိုးစားနေသည့် ငရဲဘုရင်၏အသံကို ကြားနေရပေသည်။ပုဖန်ထွက်သွားသည်ကို ကြည့်နေသော မုချန်၏ မျက်နာက နှိုင်းပြ၍ မရလောက်အောင်ပင် တည်ကြည်နေလေသည်။ထို့နောက် သူမ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ပုဖန် ထွက်မသွားခင် သူမကို ကြည့်လိုက်သော အဓိပ္ပါယ်များ ပါဝင်သည့် အကြည့်က တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများထောင်ထသွားစေသည်။


နောက်ဆုံး၌ သူမက စားဖိုမှုးစိန်ခေါ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သူတစ်ဦးဖြစ်လာလေပြီ။ယခုအချိန်ထိ စားဖ်ိုမှူးစိန်ခေါ်ပွဲတိုင်းတွင် ပုဖန်ကိုသာ အမြဲကြည့်ရှုအားပေးခဲ့ခြင်းဖြစ်၏။


ယခု၌ ဆန့်ကျင်ဘက်အနေဖြင့် ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။သို့သော်လည်း ထိုဖိအားကို ကြောက်ရမည့်အစား ပျော်ရွှင်နေမိလေသည်။သူမအလွန်ပင် စိတ်လှုပ်ရှားနေပြီးခြေထောက်များပင် တောင့်တင်းလာလေသည်။သူမက အစားကြူးဘုတ်ပြားပေါ်တွင် နံပတ် ၂ စားဖိုမှူးတစ်ဦးဖြစ်သည်။သူမသာ နံပတ်၁ နေရာကို လိုချင်ခဲ့လျှင် အလွန်ပင်လွယ်ကူနေပေလိမ့်မည်။


ပြောရမည်ဆိုလျှင် ရန်ယု၏ အချက်အပြုတ်စွမ်းရည်က တော်တော်လေးကောင်းမွန်းလှသော်လည်း အစားကြူးတောင်ကြား၏ အကောင်းဆုံးတော့ မဟုတ်သေးပေ။မုချန်၏ ဘေးတွင်ရပ်နေသော လျိုကျားလီက သက်ပြင်းတစ်ချက်ချလိုက်သည်။သူ မုချန်၏ ပခုံးကို ပုတ်လိုက်ပြီး ကံကောင်းပါစေဟု ဆုတောင်းပေးလိုက်သည်


ပုဖန်က စားဖိုမှူးစိန်ခေါ်ပွဲကို စတင်ကတည်းက တစ်ကြိမ်မှ ရှုံးပွဲမရှိသေးပေ။သူ့၏ အရှိန်အဟုန်က အလွန်ပင် ကြောက်စရာကောင်းလှသည်။


မုချန်အနေဖြင့် ပုဖန်၏ အရှိန်အဟုန်ကို ကျော်လိုလျှင် အနည်းငယ်ခက်ခဲပေလိမ့်မည်။လျိုကျားလီက မုချန်၏ အကြောင်းကို သိထားပေသည်။အစားကြူးဘုတ်ပြားပေါ်မှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်နေသော အချက်ကိုသာ မကြည့်သင့်ပေ။သူမ၏ အချက်အပြုတ်စွမ်းရည်က တော်တော်လေး ကောင်းမွန်လှပေသည်။


မုချန်၌ စားဖ်ိုမှူးတိုင်းလေးစားအားကျရသော အရသာတစ်ရာ စိတ်ဝိညာဉ်လျှာရှိသောကြောင့်ပင် အရသာတစ်ရာ စိတ်ဝိညာဉ်လျှဟု ခေါ်သည်က ဟင်းပွဲထဲတွင် ပါဝင်သော ပါဝင်ပစ္စည်းများ၏ အရသာကို အတိအကျမြည်းစမ်းနိုင်သောကြောင့်ဖြစ်သည်။


သူတို့၏ အားနည်းချက် အားသာချက်များကို သိနိုင်သည့်အပြင် အာရုံခံနိုင်စွမ်းကလည်း မြင့််မားလှသည်။ထို ရသာတစ်ရာ စိတ်ဝိညာဉ် လျှာအပြင် မုချန်က ရန်ယု၏ ဓားထက်ပင် နာမည်ကြီးသော ဓားတစ်လက်ကိုလည်း ကိုင်ဆောင်ထားပေသည်။


၎င်းက အလွန်ပင်နာမည်ကြီးသော ရှေးဟောင်းဓားတစ်လက်ဖြစ်ပြီး အစားကြူးတောင်ကြား စတင် မတည်ထောင်ခင်ကတည်းကပင် တည်ရှိခဲ့ပုံပေါ်သည်။မုချန်၌ ထိုဓားရှိကြောင်း လူတိုင်း သိကြသော်လည်း သူမ အသုံးပြုသည်ကိုမူ မမြင်ဖူးကြပေ။


ပုဖန်က မုချန် ထ်ိုဓားထုတ်သုံးလာအောင် ဖိအားပေးနိုင်မည်လားဟု လျိုကျားလီ သိချင်နေမိသည်။မုချန်၏ ဟင်းပွဲပုံစံက အနုပညာလက်ရာတစ်ခု ဖန်တီးထားသလိုမျိုး သိမ်မွေ့လှပလှသည်။သူမတွင် အလွန်မြင့်မားသည့် လိုအပ်ချက်ရှိသော ဓားနည်းစနစ်တစ်ခုလည်းရှိသည်။သူမတွင် အလွန်အသုံးဝင်သော နည်းစနစ်များစွာလည်း ရှိနေသေးသည်။


အစားကြူးတောင်ကြားတွင် မုချန်အတွက် တိကျသော အကဲဖြတ်ထားမှုတစ်ခုလည်း ရှိနေပေသည်။သူမက အလွန်ပင် ပညာဉာဏ် ပြည့်ဝသည့် မာစတာတစ်ယောက်ဖြစ်ပြီး စားဖိုမှူးတစ်ယောက်မဟုတ်ဟုပင် ဆိုကြသည်။


"အမကြီးမူ ဒီတစ်ခါ ခေါင်းကိုက်ရမယ့်လူကတော့ အမကြီး ဖြစ်နေပြီထင်တယ်..."


ဝမ်ရမ်ရှန်က ဝိုင်ခွက်ထဲသို့ ဝိုင်ငှဲ့ထည့်လိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။မုချန်၏ မျက်ဝန်းများက စူးရှသွားသည်။


"အမကြီးလို့ ဘယ်သူကို လာခေါ်နေတာလဲ နင်တို့ တစ်မိသားစုလုံးကသာ အမကြီးတွေ..."


မုချန်က အေးစက်စွာနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် ခန္ဓာကိုယ်ကို ယိမ်းခါ၍ ထွက်သွားလေသည်။ပုဖန်၏ စိန်ခေါ်မှုက သူမအတွက် ဖိအားပေးသည်ဆိုသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွနေလေသည်။


ဒီတစ်ကြိမ်စားဖိုမှူး စိန်ခေါ်ပွဲ၌ သူမ ရှိရှိသမျှအရာအားလုံး ထုတ်သုံးရတော့မည့်ပုံပေါ်လေသည်။


ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေ ...


ရှေးဟောင်းကျောက်စိမ်းနန်းတော်သည် ရှေးဟောင်းကျောက်စိမ်းတောင်ထိပ်တွင်တည်ရှိလေသည်။၎င်း၏ နံရံအုတ်ချပ်များကိုလည်း ကျောက်စိမ်းဖြင့်သာ ပြုလုပ်ထားပြီး အလွန်လက်ရာမြောက်လှသည်။


ထိုနန်းတော်ကြီးက ထူးထူးခြားခြား ကြီးကျယ်ခမ်းနားလှသည်။အဝေးကလှမ်းကြည့်လိုက်လျှင် အလင်းရောင်များ စူးရှလင်းလက်တောက်ပနေသည်။


ကောင်းကင်သို့ပင် ဖြာထွကါနေသလို အလင်းများက လူတိုင်း၏ အကြည့်များကို ဆွဲဆောင်နိုင်ပေသည်။ရှေးဟောင်းကျောက်စိမ်းတောင်တွင် ကြီးမားသော နန်းတော်ကြီးဆီသို့ ဦးတည်ထားသော ကျောက်စိမ်းဖြူ လှေကားတစ်ခုရှိသည်။


ကျောက်စိမ်းဖြူလှေကား၏ ထိပ်တွင် လူများစွာက သုံးကြိမ်သုံးခါတိုင်တိုင် ဆုတောင်း ဝတ်ပြုနေကြသည်။အလွန်ပင် ရိုသေကိုင်းရှိုင်းလှသော မျက်နာထားများဖြင့် နန်းတော်ကြီးဆီသို့ ဦးတည်သွားကြ၏။


ထိုရှေးဟောင်းကျောက်စိမ်းနန်းတော်သည် မြောက်များလှစွာသော ကိုးကွယ်ယုံကြည်သူများကို ဆွဲဆောင်နိုင်သည့် မြင့်မြတ်သော နေရာတစ်ခုနှင့်တူသည်။၎င်းက ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေ၏ အလယ်ဗဟိုဖြစ်၏။


နန်းတော်တစ်ခုလုံးကို ကျောက်မျက် သံယံဇာတများဖြင့်သာ ဖန်တီးထားသောကြောင့် အလွန် သန့်ရှင်းကြည်စင်ပြီး လက်ရာမြောက်လှသည်။ထို့အပြင် ထောင့်တိုင်းတွင်လည်း လျှို့ဝှက်ဆန်းကြယ်သော အစီအရင်အခင်းအကျင်းများကို ထည့်သွင်းထားပေသည်။


ထိုမှော်အစီအရင်များက လည်ပတ်နေကာ ကြောက်မက်ဖွယ်ရာဖိအားကို အဆက်မပြတ်ထုတ်လွင့်နေသည်။နန်းတော်၏ အလယ်တွင် ရွှေရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက လေထဲတွင် တင်ပျဉ်ခွေ၍ ထိုင်နေသည်။ရုတ်တရက် ထိုသူ၏ မျက်ဝန်းများ ဖွင့်လိုက်သည့် အခိုက်အတန့်တွင် လေဟာနယ်ပင် ကွဲအက်သွားသလို ထင်ရသည်။


ပတ်ဝန်းကျင်ရှိ လေဟာနယ်က ပြိုကျပျက်စီးသွားတော့မကဲ့သို့အလွန်လျင်မြန်စွာ လည်ပတ်လာသည်။


ဝှစ်...


အပြင်ဘက်ဆီမှ ပုံရိပ်တစ်ထု လှစ်ခနဲ ဝင်ရောက်လာပြီးနောက် ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်လိုက်သည်။


"မြင့်မြတ်သူတော်စင် ညွှန်ကြားစရာများရှိပါသလား..."


သူက နတ်ဘုရားစိတ်ဝိညာဉ် အာရုံနယ်ပယ်သို့ ခြေလှမ်းတစ်ဝက်လှမ်းပြီး သည့်တည်ရှိမှုမျိုးဖြစ်သည်။သူက အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဓားရှည်ကို ကိုင်ဆောင်ထားသည်။သူ့၏ မျက်နာတွင်လည်း ရိုသေလေးစားမှုများ ပြည့်နှက်နေပြီး ပုံရ်ိပ်၏ ရှေ့တွင် ဒူးထောက်၍ ထိုင်နေသည်။သူ့၏ နောက်တွင်လည်း သန့်စင်နယ်မြေ၏ ကျင့်ကြံသူ ပညာရှင်များစွာက ဒူးထောက်၍ ထိုင်နေကြသည်။


"အစားကြူးတောင်ကြားကို စေလွှတ်လိုက်တဲ့ ဒီအရှင်ရဲ့ တပည့်က သေပြီ...ဒီကြီးမြတ်သော အရှင်ရဲ့ ကိုယ်ပွားလည်း အသတ်ခံလိုက်ရပြီ...ငါ ကိုယ်ပွားကို သတ်လိုက်တဲ့သူဆီက ငရဲစွမ်းအင်ကို ခံစားမိတယ်..."


မြင့်မြတ်သူတော်စင်၏ မျက်ဝန်းများက ကောင်းကင်ယံတွင် တောက်ပနေသော ကြယ်ကလေးများကဲ့သို့ လင်းလက်နေသည်။သူမှထုတ်လွင့်နေသော ဖိအားကြောင့် ရှိနေကြသည့်သူများ၏ နှလုံးသားများပင် တုန်ယင်နေကြသည်။


"ဘာပြောလိုက်တာ...ငရဲစွမ်းအင်ဟုတ်လား...ငရဲကမ္ဘာသက်ရှိတွေများ ဖြစ်နိုင်လား...ဒါပေမယ့် ငရဲကမ္ဘာသက်ရှိက ဘယ်လိုလုပ်ပြီးတော့ မြင့်မြတ်သူတော်စင်ရဲ့ ကိုယ်ပွားကို သတ်နိုင်ရတာလဲ သူတို့ ဘယ်လိုလုပ်ပြီးတော့ ပုန်းကွယ် နဂါးတိုက်ကြီးမှာ ပေါ်လာရတာလဲ..."


ဓားရှည်ကိုင်ဆောင်ထားသော ကျင့်ကြံသူက တုန်လှုပ်အံ့အားသင့်သွားသည်။မြင့်မြတ်သူတော်စင်၏ စူးရှသောအကြည့်များက သူ့ဆီသို့ ကျရောက်လာသည်။သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမားလေးလံသော တောင်ကြီးတစ်လုံး ပိကျလာသလိုပင် ခံစားလိုက်ရ၏။သူကအလွန်လေးလံလွန်းသောကြောင့် သူအသက်ပင်မရှုနိုင်တော့ပေ။


"ဒီ ကြီးမြတ်တဲ့ အရှင်က မင်းကို လိမ်မယ်လို့များ ထင်နေတာလား...ငါအနေနဲ့ မင်းရဲ့ယုံကြည်မှုကိုလည်း မလိုအပ်ဘူး လုပ်ဖို့ လိုအပ်တာက ဒီကြီးမြတ်တဲ့အရှင်အစား သွားစစ်ဆေးပေး ပြီးရင် ဒီစစ်ဆေးတဲ့ရလဒ်ကို သတင်းပြန်ပို့လိုက်..."


မြင့်မြတ်သူတော်စင်ပြောလိုက်သည်နှင့် ထိုကျင့်ကြံသူ၏ နှလုံးသားက အေးခဲသွားပြီး မျက်နာအရောင်ပြောင်းသွားသည်။မြင့်မြတ်သူတော်စင်နှင့် အကြည့်ချင်းမဆုံရဲသောကြောင့် အလျင်အမြန် ခေါင်းငုံ့လိုက်၏။


"ဟုတ်ကဲ့ပါ ဒီလက်အောက်ငယ်သား နားလည်ပါပြီ ..."


"သွားပြီး စစ်ဆေးကြည့်ချေ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်ဖို့ မလ်ိုဘူး အဲ့ဒီနေရာမှာ ငရဲကမ္ဘာသက်ရှိရှိနေလားလ်ို့ စစ်ဆေးရုံပဲ...တကယ်လို့ ရှိနေတယ်ဆိုရင်တော့ ဟမ့်..."


မြင့်မြတ်သူတော်စင် နောက်ဆုံးစကားလုံးကို ပြောလိုက်သောအခါ၌ လေသံက အလွန်တရာ အေးစက်နေလေသည် ။သူ နှာခေါင်းရှုံ့လိုက်သည့်အခါ၌ သူ့ပတ်ဝန်းကျင်တွင်လှည့်လည်နေသော မှော်အစီအရင်က စတင်လှုပ်ခါလာသည်။ထို့နောက် နောက်တစ်ကြိမ် လေဟာနယ် ကွဲအက်သွားပြန်သည်။


ဓားရှည်ကိုင်ဆောင်ထားသော ကျင့်ကြံသူ၏ ပုံရိပ်က နန်းတော်အတွင်းမှ တဖြေးဖြေးချင်း ပြန်လည် ပျောက်ကွယ်သွားသည်။နန်းတော်တွင်းမှ အစီအရင်များက ပြန်လည်တည်ငြိမ်သွားသည်။


"နိယာမ စည်းမျဉ်းတွေ မှိန်ဖျော့လာကတည်းက ငရဲကမ္ဘာသက်ရှိတွေကလည်း စည်းကမ်းမဲ့ ပိုပြီးပိုပြီး ပေါများလာတယ်..."


ပုဖန် တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ၌ ခွေးဘုရင်က ကြမ်းပြင်ပေါ်တွင် အိပ်မောကျနေလေသည်။သူအသက်တစ်ချက်ရှုထုတ်လိုက်တိုင်း ဝဝဖြီးဖြီးခန္ဓာကိုယ်က လှုပ်ခါနေ၏။ပုဖန်သူ့အခန်းထဲသို့ ဝင်သွားလိုက်ပြီး ထ်ိုင်ခုံပေါ်ထိုင်ကာ ခဏမျှ အနားယူလိုက်သည်။


ထို့နောက် သူ လက်ဖက်ရည်အိုးတစ်အိုးပြုလုပ်လိုက်ပြီး အားလုံးအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ပုဖန်ဘေးနားတွင် ထိုင်နေသော နယ်သာရီက အပူငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ခွက်ကို ကိုင်ကာတဖူးဖူး မှုတ်နေလေသည်။


ငရဲဘုရင်ကမူ အစပ်ချောင်းများကိုသာ ဂရုစ်ိုက်သောကြောင့် ပုဖန်နှင့်အတူ လက်ဖက်ရည် သောက်ဖို့ စိတ်မပါပေ။ပုဖန်ကလည်း အလျင်မလိုပေ။လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ ငရဲဘုရင်ဘက်သို့ တစ်ချက်ကြည့်ကာမီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။


မနက်ဖြန်စားဖိုမှူး စိန်ခေါ်ပွဲအတွက် မည်သည့် ဟင်းပွဲပြင်ဆင်ရမည်ကို သူစဉ်းစားတွေးနောနေမိသည်။သူ့၏ ပြိုင်ဘက်က မုချန်ဖြစ်သည်။ထိုအမျိုးသမီး၏ အကြောင်းကို သူမသိသော်လည်း သူမ၏ အချက်အပြုတ်စွမ်းရည်က တော်တော်လေးကောင်းလှမည်ကိုတော့ သူသိပေသည်။


စားဖိုမှူးစိန်ခေါ်ပွဲအတွက် ခေါင်းစဉ်က စွပ်ပြုတ်ဖြစ်၏။စွပ်ပြုတ်ဆိုသည်က ဟင်းချက်ခြင်း အမျိုးအစားများထဲ၌ နံပတ်၁ အဓ်ိက အမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ပုဖန်အနေနှင့် စတူးပြုလုပ်ခြင်း စွပ်ပြုတ်ချက်ခြင်း များကို နှစ်သက်သော်လည်း ချက်ခဲလှသည်။ထို့ကြောင့် မနက်ဖြန်ပြိုင်ပွဲက သူ့အတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ပင်။


မုချန်ကမူ ထိုခေါင်းစဉ်ကို ရွေးချယ်ရဲသောကြောင့် သူမသေချာပေါက် ပြင်ဆင်ပြီးထားပြီး ဖြစ်ပေလိမ့်မည်။သူကြိုတင်မပြင်ဆင်ထားပါက ရှုံးနိုင်ပေလိမ့်မည်။ထို့ကြောင့် သူမနက်ဖြန် ချက်ရမည့် ဟင်းပွဲကို အထူးတလည် စဉ်းစားနေခြင်းဖြစ်သည်။ဟင်းပွဲတစ်ပွဲ ဖြစ်မြောက်ရန်အတွက် ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်မည့် အကြံဉာဏ်လည်းလိုအပ်ပေသည်။တစ်မျိုးကိုမှ လျော့နည်းသွား၍ မရပေ။


ဒါပေါ့...


စွပ်ပြုတ်ချက်ရန်အတွက် ကောင်းမွန်သည့် အိုးလည်းလိုအပ်ပေသည်။သို့သော်လည်း သူ့တွင် မဟူရာလိပ်ခုံးဒယ်အိုးကို ပိုင်ဆိုင်ထားသောကြောင့် ထိုအတွက်စိတ်ပူပန်ခြင်းမရှိပေ။နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းထက် မည်သည်ကမှ ပိုကောင်းလိမ့်မည်ဟု မယုံကြည်ပေ။


ပုဖန် မီးဖိုခန်းထဲ လျှောက်ပတ်နေရင်းဖြင့် သူ့၏ ပခုံးပေါ်တွင် အိပ်ပျော်နေသော ပုစွန်ပိစိဆီသို့ အကြည့်ကျရောက်သွားသည်။ပိစိ၏ စွမ်းရည်က အလွန်အသုံးဝင်လှသည်။သူက ဟင်းပွဲတစ်ပွဲ၏ အရသာနှင့် အက်ျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန်စေလာပေလိမ့်မည်။


သို့သော်လည်း သူနောက်တစ်နေ့တွင် ချက်မည့် ဟင်းပွဲ၌ ပုစွန်ပိစိကို အသုံးပြုဖို့ မဖြစ်နိုင်ပေ။ရုတ်တရက် ပုဖန်၏ မျက်ဝန်းများ တောက်ပသွားပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားကာ အဓိပ္ပါယ်ပြည့်ဝသော အပြုံးတစ်ခု ပေါ်လာသည်။


မနက်ဖြန်၌ မည်သည့်ဟင်းပွဲချက်ရမည်ကို သူသိသွားပေသည်။ပုဖန် စိတ်သက်သာရာရစွာသက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက်အစိမ်းရောင်အခိုးအငွေ့များနှင့်အတူ သူ့၏ ဘေးတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာလေသည်။


အစားကြူးတောင်ကြား ဇာမဏီ အဆောက်အဦး...

ယခုတစ်ခေါက် စားဖ်ိုမှူးစိန်ခေါ်ပွဲကို ဇာမဏီ အဆောက်အဦးတွင် ပြုလုပ်မည်ဖြစ်သည်။မုချန်ပိုင်ဆိုင်သော နေရာတစ်ခုဖြစ်သည်။အစားကြူးတောင်ကြား၏ ထိပ်တန်းစားဖ်ိုမှူးတစ်ယောက်အနေဖြင့် စားသောက်ဆိုင်တစ်ဆိုင် မပိုင်ဆိုင်နိုင်စရာအကြောင်းမရှ်ိပေ။


ပုဖန်နှင့် ထိပ်တန်စားဖ်ိုမှူး မုချန်၏ ပြိုင်ပွဲဖြစ်သောကြောင့် နဂိုကပင် လူစည်ကားလေ့ရှိသော ဆိုင်ထဲ၌ လူများ ပြည့်ကျပ်စည်ကားနေပေသည်။နောက်တစ်နေ့မနက် နေမင်း မြင့်တက်လာသည့်အခ်ျိန်၌ လမ်းမပေါ်တွင် လူများ ပြည့်ကျပ်နေလေပြီ။


နီရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော ပုဖန်က ပခုံးထက်တွင် ပုစွန်ပိစိကို သယ်ဆောင်၍ လက်ပိုက်ကာ လျှောက်လာခဲ့သည်။သူလာအုပ်ထဲ ခြေချလိုက်သည်နှင့် သူ့၏ မျက်နာထားက ပို၍ တည်ငြိမ်လာသည်။ထ်ို့နောက် ဒုတိယထပ်ဆီသို့ မော့ကြည့်လိုက်သည်။


ဆိုင်၏ စီစဉ်သူ မုချန်က ဒုတိယထပ်မှနေ၍ ပုဖန်ကိုကြည့်နေလေသည်။ယနေ့၌ မုချန်က သူမ၏ လှပလှသော ခန္ဓာကိုယ်ကို လုံလုံခြုံခြုံဖုံးကွယ်ထားသော စားဖ်ိုမှူး ဝတ်စုံကို ဝတ်ဆင်ထား၏။သို့သော်လည်း ၎င်းကပင် ပို၍ ဆွဲဆောင်မှုရှိစေသည်။


ထိုအမျိုးသမီး၏ မျက်ဝန်းများကလည်း သူမတူအောင် ဆွဲဆောင်မှုရှိလွန်းလှသည်။သူမ၏ လက်ကလေးကို မြောက်လိုက်သည်နှင့် မီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာသည်။ထိုအခိုက်အတန့်၌ ကမ္ဘာကြီးတစ်ခုလုံး တ်ိတ်ဆိတ်ငြိမ်သက်သွားသလိုပင် ထင်လိုက်ရသည်။အားလုံးက အံ့အားတသင့်စိတ်လှုပ်ရှားစွာဖြင့် မုချန်ကို ကြည့်နေမိကြသည်။


ရင်ဖိုဖွယ်ကောင်းသော စားဖိုမှူးစိန်ခေါ်ပွဲစတင်မည့်အချိန်ကို စောင့်မျှော်နေကြလေပြီ။