အပိုင်း ၇၈၂
Viewers 53k

အခန်း ၇၈၂

ပုဖန် VS မုချန်...


မုချန်၏ လက်ထဲတွင် အဝိုင်းပုံ မီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာသည်။၎င်း၏ ပုံသဏ္ဍာန်က တကယ်ကို ထူးခြားလှသည်။၎င်းကို အပြာနုရောင် သတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။အလယ်ခေါင်တွင် အပေါက်ပါနေပြီး ဓားအပေါ်တွင် ထူးခြားဆန်းကြယ်သော လိုင်းများကို ရေးဆွဲထား၏။


၎င်းက မီးဖိုချောင်သုံးဓားဟု ဆိုသော်လည်း တကယ်တမ်း အပြာနုရောင် ပန်းကန်ပြားဝိုင်းတစ်ချပ်နှင့်တူနေသည်။အစားကြူးတောင်ကြားအတွင်း၌ အကျော်ကြားဆုံးဖြစ်သော မုချန်၏ သိမ်မွေ့နက်နဲသီအိုရီဓားဖြစ်သည်။


အလင်းရောင်များ တောက်ပနေသော မီးဖိုချောင်သုံးဓားက မုချန်၏ လက်ဖဝါးထက်တွင် မျောလွင့်နေသည်။ထိုဓား၏ အသွင်အပြင်က အလွန်ပင် ထူးခြားဆန်းကြယ်နေသောကြောင့် မည်သူမှ မီးဖိုချောင်သုံးဓားဟု ထင်မိကြမည်မဟုတ်ပေ။


၎င်းက တခြားမီးဖိုချောင်သုံးဓားများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ပြောရမည်ဆိုလျှင် မီးဖိုချောင်သုံးဓားဟူသည့် အမည်နာမသာ ဆင်တူလေသည်။စားဖိုမှူး ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော မုချန်၏ စူးရှသော အကြည့်များက ပုဖန်၏ တည်ငြိမ်လှသော အကြည့်များနှင့် ဆုံတွေ့သွားသည်။


လေထဲတွင် ကြယ်များ မလင်းလက်သလို မီးပွားများလည်း လွင့်စင်မလာပေ။သူတို့နှစ်ယောက်သား တည်ငြိမ်စွာပင် အသိအမှတ်ပြုသလို ကြည့်လိုက်ကြသည်။ဇာမဏီ အဆောက်အဦးတစ်ခုလုံးတွင်လည်း လူများ ပြည့်ကျပ်နေပြီဖြစ်သောကြောင့် ရေတစ်ပေါက်မျှပင် တိုးဝင်နိုင်တော့မည်မဟုတ်ပေ။


အားလုံးက စားဖိုမှုး စိန်ခေါ်ပွဲကို စောင့်မျှော်နေကြလေပြီ ပုဖန်၏ စိန်ခေါ်ပွဲများကို ကြည့်ရှုပြီးသည့်နောက် လူတ်ိုင်း ပို၍ပို၍ပင် စိတ်လှုပ်ရှားစွာဖြင့် ကြည့်ချင်နေကြသည်။


"ဒီ စားဖိုမှူးလေးက အသက်တစ်ရှိုက်စာအတွင်းမှာပဲ ထိပ်တန်း စားဖိုမှူးတွေအားလုံးကို အပြုတ်ဖြုတ်ဖို့ ကြံစည်ထားတာလား..."


ကံကောင်းထောက်မစွာပင် စားဖိုမှူး စိန်ခေါ်ပွဲ၏ စည်းမျဉ်းများက ပြောင်းလဲသွားခဲ့သည်။ရှုံးနိမ့်သူများကသူတို့ဓားများကိုသာ ဆုံးရှုံးရမည်ဖြစ်သည်။သူတို့၏ အရည်အချင်းများက ယခင်ကအတိုင်း ကျန်ရစ်နေမည် ဖြစ်ပြီး ဆက်လက် ချက်ပြုတ်ခွင့်လည်းရှိနေဉ်ီးမည်ဖြစ်သည်။ပုဖန်က အစားကြူးဘုတ်ပြားပေါ်မှ စားဖ်ိုမှူးများကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူရင်း သူ့၏ ပန်းတိုင်နှင့် တဖြေးဖြေးနီးကပ်လာခဲ့ပေပြီ။


"အပေါ်တက်လာခဲ့တော့လေ အခုတော်တော်တောင်ကြာနေပြီ..."


မုချန်၏ မျက်နာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာသည်။ထိုအပြုံးက ဆွဲဆောင်မှုရှိလွန်းလှသောကြောင့် အားလုံးမှင်သက်ငေးမောနေကြသည်။ယနေ့တွင် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအရ မုချန်က စားဖိုမှူးဝတ်စုံကိုသာ လုံလုံခြုံခြုံဝတ်ဆင်ထားသော်လည်း ပုံမှန်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိလှပေသည်။


ယနေ့တွင် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအရ မုချန်က စားဖိုမှူးဝတ်စုံကိုသာ လုံလုံခြုံခြုံဝတ်ဆင်ထားဆသ်ာလည်း ပုံမှန်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေပေသည်။


လူအားလုံးက ပုဖန်စကားပြန်မည့်အချိန်ကို စောင့်မျှော်နေကြသည်။သို့သော်လည်း ပုဖန်က အချိန်ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ တည်ငြိမ်စွာဖြင့် စကားတစ်လုံးတည်းသာ ပြန်ဆိုလာလေသည်။


"ကောင်းပြီ..."


ထို့နောက် ကြောင်အနေကြသော ကြည့်ရှုသူများ၏ ရှေ့မှောက်မှာပင် လေထဲမှ လျှောက်၍ ဒုတိယထပ်သို့ တက်သွားလိုက်သည်။ပုဖန်၏ အမူအရာများက ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေတုန်းဖြစ်သည်။သို့သော်လည်း ထိုတည်ငြိမ်မှုကပင် ကြည့်ရှုနေသူများ၏ စိတ်ထဲ၌ တစ်စုံတစ်ရာထူးဆန်းသည်များ ဖြစ်ပျက်တော့မလိုမျိုး ခံစားမိစေသည်။


ပုဖန် ဒုတိယထပ်ကို ခြေချလိုက်သည်နှင့် လေထုက ချက်ချင်းပြောင်းလဲသွားလေသည်။ဒုတိယထပ်တွင် လူအနည်းငယ်သာရှိသည်။ပထမထပ်နှင့် ယှဉ်လိုက်လျှင် ဒုတိယထပ်က ဗလာဖြစ်လုနီးပါးပင်။


ရင်းနီးကျွမ်းဝင်သူများလည်းရှိနေသည်။စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသော လျိုကျားလီနှင့် ဝိုင်မော့နေသော ဝမ်ရမ်ရှန်တို့ရှိနေသည်။ဝိုင်ရနံ့များကလည်း လေထဲ ပြန့် လွင့်နေ၏။


မုချန်ကို တောက်ပသောအပြုံးများဖြင့် ကြည့်ရှုနေသည့် ဆဋ္ဌမအကြီးအကဲလည်းရှိနေသည်။နောက်ဆုံးဒ်ိုင်လူကြီးတစ်ယောက်က ဝါးဦးထုပ်ကို ဆောင်းထားသော လူတစ်ယောက်ဖြစ်သည်။သူ့၏ နောက်ကျောတွင် တောင်းတစ်လုံးကို လွယ်ထားပြီး သူ့၏ မိုးကာအင်္ကျီပေါ်တွင်လည်း ရေစက်များ စွန်းထင်းနေသည်။ငါးဖမ်းပြီးမှ ရောက်လာခြင်းဖြစ်ပေလိမ့်မည်။


ထိုလူက ခေါင်းမော့လာပြီး လောကဓံ၏ ရိုက်ချက်များကို ခံထားရသော မျက်နာကို လှစ်ဟပြလာသည်။သူ့၏ မျက်နာပေါ်တွင်လည်း ညင်သာသော မျက်နာကို ချိတ်ဆွဲထားသည်။ထိုသူက အစားကြူးဘုတ်ပြားပေါ်မှ ငါးဖမ်းသမား ကျိုးချန်ပင်ဖြစ်သည်။


စီစဉ်ထားသော ဒိုင်လူကြီးများအားလုံးက ပရိတ်သတ်များ နှစ်သက်လက်ခံကြသည့်သူများပင်ဖြစ်သည်။ဒုတိယထပ်မှ မြင်ကွင်းကို ပထမထပ်တွင် ပုံရိပ်လွှဲပြောင်းအစီအရင်ဖြင့် ပြသနေသည်။


လူများက မျှော်လင့်ရင်ခုန်မှုများဖြင့် အစီအရင်ကို မလွှဲတမ်းကြည့်ရှုနေကြ၏။ငရဲဘုရင် နယ်သာရီနှင့် ဝှိုက်တီတို့က ပြည့်ကျပ်နေသော လူအုပ်ကြီးကို ကြည့်၍ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကြသည်။


ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ငရဲဘုရင်က နယ်သာရီနှင့် ဇီယွင်ကိုခေါ်၍ ဒုတ်ိယထပ်သို့ တက်သွားလေသည်။ပန်းပွင့်လေးနှင့် ရှောင်ယတို့လည်း ဒုတ်ိယထပ်သို့သာ တိုက်ရိုက်တန်းတက်သွား၏။


အစားကြူးတောင်ကြားထဲတွင် ထိုကလေးမလေး နှစ်ယောက်ကို လူယောင်ဆောင်ထားသော နတ်ဆိုးများဟုပင် ခေါ်ဆိုကြလေသည်။မည်သူမှ သူတို့နှစ်ယောက်ကို သွာမနှောက်ယှက်ရဲကြပေ။


ပုဖန်မှလွဲ၍ တခြားစားသောက်ဆိုင်ပိုင်ရှင်များအားလုံးက ငွေပေးချေရန်အတွက်ပင် မတောင်းဆိုရဲကြပေ။သဘာဝကျကျပြောရမည်ဆိုလျှင် မည်သူက တောင်ကြား၏ အရှင်သခင် ဖြစ်လာမည့် သူထံမှ တောင်းဆိုရဲပါလိမ့်မည်နည်း။


ဒုတိယထပ်၏ ဧရိယာက မသေးငယ်လှပေ။သို့သော်လည်း မီးဖိုခုံနှစ်ခု ပြင်ဆင်လိုက်ပြီးနောက် နေရာက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။


ပုဖန် သူ့၏ မီးဖိုခုံရှ်ိရာဆီသို့ လျှောက်သွားလိုက်လေသည်။ထိုခုံပေါ်တွင် သူ့အတွက် အားလုံး ပြင်ဆင်ထားပေးလေသည်။ပုဖန် မုချန်၏ မီးဖိုခုံဘက်ဆီသို့ လှမ်းကြည့်မိလိုက်သောအခါတွင် မျက်ခုံးပင့်လိုက်မိသည်။


အဘယ်ကြောင့်ဆိုသော် မုချန်၏ မီးဖိုခုံက သူ့ကို အံ့အားသင့်ထိတ်လန့်စေသောကြောင့်ပင် ၎င်း၏ ဘေးပတ်လည်တွင် ကိရိယာ တန်ဆာပလာများစွာ ဆင်ယင်ထားလေသည်။၎င်းတို့အားလုံးကလည်း တန်ဖိုးကြီး တူရိယာများကဲ့သို့ အလွန်လက်ရာမြောက်လှသည်။


ထိုနေရာတွင် ကြေးဖြင့် ပြုလုပ်ထားသော လူတစ်ယောက်ရဲ့ အမြင့်ခန့်ရှိသည့် သေတ္တာတစ်လုံးရှိနေသည်။ထိုသေတ္တာကို ဖွင့်လိုက်သည်နှင့် သန့်စင်ထားသော သလင်းကျောက်အိမ် အသုံးအဆောင် ပစ္စည်းများကို တွေ့လိုက်ရလေသည်။အသုံးအဆောင်များ၏ ပုံသဏ္ဍာန်က ထူးဆန်းနေသောကြောင့် သာမန်လူများ မှတ်မိနိုင်လိမ့်မည်မဟုတ်ပေ။


မှန်ပေသည်။ပုဖန်သည်လည်း သူတို့ထဲမှ တစ်ခုကိုမှပင် မသိသောကြောင့် အံ့သြမှင်သက်နေမိသည်။ဟင်းပွဲချက်ပြုတ်ရန်အတွက် မီးဖိုချောင်သုံးဓား မီးတောက်နှင့် ဒယ်အိုးတို့မျှလောက်သာ လိုအပ်ပေသည်။


ထိုပစ္စည်းများက လုံလောက်တာထက်ပင် ပိုနေပေပြီ။ဒီနေ့၏ ခေါင်းစဉ်ကလည်း စွပ်ပြုတ်ဖြစ်လေရာ သူတို့အနေဖြင့် စွပ်ပြုတ်ဟင်းတစ်ခွက်ချက်ဖို့သာ လိုအပ်သည်ဖြစ်သည်။


ပုဖန်နှင့် မုချန် တို့ နှစ်ယောက်စလုံး မလာခင်တည်းကပင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပြီးသားဖြစ်သည်။သူတို့ ပါဝင်ပစ္စည်းများကို မီးဖိုခုံပေါ်တင်လိုက်သည်။


ပုဖန် တန်ဖိုးရှိသော ပါဝင်ပစ္စည်းပေါင်းများစွာကို ထုတ်လိုက်သည်။၎င်းတို့က တန်ဖိုးရှိသည်ဆိုသော်လည်း အလွန်အမင်း စျေးကြီးနေခြင်းတော့မဟုတ်ပေ။


လူအားလုံးအံ့သြမှုနှင့် သံသယမကင်းမှုကို ခံစားလိုက်ရသည်။ပုဖန်တွင် အလွန်ပင် အရည်အသွေးမြင့်သော ထောင်တျဲအသားနှင့် ထောင်တျဲနှလုံးပိုင်ဆ်ိုင်ထားကြောင်း လူတိုင်းသိပေသည်။ထိုနတ်ဘုရားအဆင့် ပါဝင်ပစ္စည်းတစ်ခုခုကိုသာ ထုတ်သုံးလိုက်ပါက ပုဖန်၏ အောင်မြင်နိုင်ချေက သုံးချိုးတစ်ချိုးထိ တက်သွားပေလိမ့်မည်။


သို့သော်လည်း ယခု ပုဖန်နှင့် မုချန် ထုတ်ယူလိုက်သော ပါဝင်ပစ္စည်းများက ထိုကဲ့သို့ အရည်အသွေးမြင့်သော ပါဝင်ပစ္စည်းများမဟုတ်ပေ။ဒါက သူတ်ို့အားလုံးမျှော်မှန်းထားသည်နှင့် လွဲမှားနေပေသည်။


ပြောရမည်ဆိုလျှင် ထိုပစ္စည်းအားလုံးက ထောင်တျဲအသားထက် အရည်အသွေးနိမ့်သည်ဆိုသော်လည်း မသေမျိုးစိတ်ဝိညာဉ်အဆင့်ရှိ အဖိုးတန် ပါဝင်ပစ္စည်းများပင်ဖြစ်သည်။ထိုပစ္စည်းများသည်လည်း လူများစွာအတွက် အလွန်ပင် စျေးကြီးသော ပစ္စည်းမျိုးဖြစ်နေသေးသည်။


မုချန်က သူမ၏ လက်နှစ်ဖက်ကို ဆေးကြောပြီးနောက် အင်္ကျီလက်စများကို လိပ်တင်လိုက်သည်။သူမ၏ အကြည့်များက ပုဖန်ဆီ ကျရောက်လာပြီးနောက် စနောက်လိုသော အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။


"ပိုင်ရှင်ပု ဒီဟင်းပွဲရဲ့ ထူးခြားချက်က စွပ်ပြုတ်ရည်ဖြစ်ပြီးတော့ အကျော်အကြားဆုံးကလည်း ပြင်ဆင်တဲ့ နည်းလမ်းပါပဲ...ဒါကလည်း ကျွန်မ အထူးစားဖိုမှူးတစ်ယောက်ဖြစ်လာတဲ့ အကြောင်းပြချက်ပေါ့...ကျွန်မရှင့်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."


ထိုသို့ ပြောလိုက်ပြီးသည့်နောက် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထ်ို့နောက် ညင်သာသော အသံတစ်ချက်နှင့်အတူ သူမ၏ စွမ်းအင်များကို သိမ်မွေ့နက်နဲသော အပြာရောင်ဓားထဲသို့ပို့လွှတ်လိုက်သည်။


ပန်းကန်ပြားတစ်ချပ်နှင့်တူသော အပြာဖျော့ရောင်စက်ဝိုင်းဓားက အသံများမြည်လာပြီး မီးဖိုချောင်သုံးဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက သိမ်မွေ့နက်နဲသီအိုရီဓား၏ တကယ့်အစစ်အမှန် အသွင်အပြင်ဖြစ်သည်။


မီးဖ်ိုချောင်သုံးဓားက လည်ထွက်သွားပြီးနောက် ထက်မြေ့လှသော အသွားမှ တောက်ပလှသော အလင်းရောင်များဖြာထွက်လာသည်။မုချန်က လျှပ်စီးဓာတ်များ ထုတ်လွင့်နေဆဲဖြစ်သော ဆူဆူဖြိုးဖြိုး ငါးတစ်ကောင်ကို ယူ၍ စဉ်းနှီတုံးပေါ်တင်လိုက်သည်။ 


ထို့နောက် သူမက သိမ်မွေနက်နဲသီအိုရီဓားကို လွှဲ၍ ခုတ်ချလိုက်သည်။ထိုအခိုက်အတန့်၌ ဓား၏ သံထည်အစလေးများက ဘေးသို့ ကားထွက်သွားပြီး တစ်ဖက်တည်းတွင် စုသွားသည့်ပုံမှာ ကြည့်၍ ကောင်းလှသည်။တစ်ချိန်တည်းမှာပင် ဓားသုံးချောင်း တစ်ပြိုင်တည်း ကျလာသလိုမျိုးငါးကို ခုတ်ဖြတ်လိုက်လေသည်။


အရေခွံ အကြေးခွံ အသားနှင့် အရိုးတို့က သေသပ်စွာ ခွဲခြမ်းထုတ်လိုက်သလိုမ်ျိုး တသီးတခြားဖြစ်သွားသည်။ထိုမြင်ကွင်းကို ကြည့်နေကြသော ပထမထပ်မှ သူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။၎င်းက အပ်ကျသံပင် ကြားရလောက်သည်အထ်ိ လုံးဝ တ်ိတ်ဆိတ်နေခြင်းဖြစ်သည်။


"ဒါက မီးဖိုချောင်သုံးဓားလား ...ဒါက ဘယ်လိုလုပ် အဲ့ဒီလောက် အံ့သြစရာကောင်းရတာလဲ...အဲ့ဒီဓားက ချက်ပြုတ်ဖို့အတွက် တသီးတသန့် ထုတ်လုပ်ထားသလိုမ်ျိုးကို ထင်ရတယ်..."


မုချန်က ငါးအသားများကို ကိုင်တွယ်ပြီးသည့်နောက် သူ့၏ မီးဖိုချောင်သုံးဓားကို ဆေးကြောနေသော ပုဖန်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက် သူမက သတ္တုအရာဝတ္တုတစ်ခုကို ထုတ်ယူလိုက်သည်။၎င်းက အလွန်ထူးခြားလှသည်။ထိပ်ဘက်၌ အဝဝကျယ်ကျယ် တစ်ခုပါရှိပြီး အောက်ခြေ၌ အပေါက်ကျဉ်းကျဉ်းလေးတစ်ခုပါရှိသည်။


အစစ်အမှန်စွမ်းအင်များက ထိုအထဲသို့ စီးဆင်းသွားပြီးနောက် အလယ်နေရာမှ တောက်ပြောင်လင်းလက်လာသည်။ထို့နောက် မုချန်က ငါးအသားများကို အဝကျယ်ထဲသို့ ထည့်လိုက်သည်။ငါးအရေခွံများကိုလည်း ထိုထဲသို့ ထည့်လိုက်၏။လူအားလုံး အနည်းငယ် ဇဝေဇဝါဖြစ်နေကြသည်။


"မုချန်က ဘာတွေ လုပ်နေတာလဲ ..."


မုချန် ပြုလုပ်နေသည်ကို လျိုကျားလီ တစ်ယောက်သာ ရှင်းရှင်းလင်းလင်းသိနိုင်ပေလိမ့်မည်။သူမက သူမ၏ ပင်ကိုယ်အားသာချက်များနှင့် ကိုယ်တိုင် ပင်ကိုယ်ပုံစံများကို ဖုန်းကွယ်မထားတော့ပဲ ထုတ်ပြတော့မည်ကို မည်သူမှ မသိကြသေးပေ။


ဝီ...


စွမ်းအင်လှိုင်း မြည်သံတစ်ခု ထွက်ပေါ်လာသည်။မုချန်က ပန်းကန်လုံးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ထိုကတော့ပုံ၏ အောက်ခြေတွင် ထားလိုက်သည်။


ထ်ို သတ္တုအရာဝတ္တုလေး၏ အလယ်မှ စွမ်းအင်လှိုင်း ရိုက်ခတ်သံများနှင့် အဖြူရောင်စိတ်စွမ်းအင်အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ထို့နောက် အောက်ခြေအပေါက် သေးသေးလေးမှနေ၍ ပုလဲလုံးကဲ့သို့ သေးငယ်သော အစက်ကလေးများ ပန်းကန်လုံးထဲသ်ို့ ကျဆင်းလာလေသည်။


ထိုပုလဲလုံးနှင့် တူသော အစေ့အဆံလေးများက ပန်းကန်လုံးထဲတွင် တောက်ပသော ရေများအပြည့် ဖြစ်သွားစေသည်။ထိုသေးငယ်သော အစေ့အဆံလေးများထဲတွင် ကြွယ်ဝသော စွမ်းအင်များ သိပ်သည်းနေသည်။


မုချန်က ၎င်းကို လက်နှစ်ချောင်းဖြင့် ခပ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။သူမ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။၎င်းက ငါးအသားနှင့် အရေခွံတို့၏ သန့်စင်သော အနှစ်သာရများဖြစ်သည်။ထ်ို သတ္တုကတော့ပုံကို ပြင်ဆင်လိုက်ပြီးနောက် ငါး၏ အနှစ်သာရကို စစ်ထုတ်ယူလိုက်ခြင်းဖြစ်သည်။


မုချန်၏ ထူးခြားလှသော ချက်ပြုတ်သည့် နည်းလမ်းက ပုဖန်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။သို့သော်လည်း သူ ထိုခဏမှာပင် ပြန်တည်ငြိမ်သွားသည်။


ကမ္ဘာမြေမှ စားဖိုမှူး တစ်ဦးဖြစ်သည့်အလျောက် ထူးခြားဆန်းကြယ်လှသော ဟင်းချက်နည်းအများအပြားကို တွေ့ကြုံခဲ့ဖူးပြီးသားဖြစ်လေသည်။သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်ပြီးနောက် ပါဝင်ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။မီးဖိုချောင်သုံးဓားမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာပေါ်လာသည်။ချက်ချင်းဆိုသလိုပင် ပါဝင်ပစ္စည်းများအားလုံးကို ကိုင်တွယ်ပြီးသားဖြစ်သွားသည်။ပုဖန်က အခြေံအကျဆုံး ချက်ပြုတ်နည်းကို ရွေးချယ်ခဲ့လေသည်။၎င်းက သူအယုံကြည်ရဆုံး စိတ်ချရဆုံး နည်းလမ်းတစ်ခုလည်းဖြစ်သည်။


ပုဖန်အတွက်မူ မုချန်ကဲ့သို့ အကူကိရိယာများကို သုံးရန်မှာ အနည်းငယ်လေ့လာရန်လိုအပ်နေပေသည်။သို့သော်လည်း ပြောရမည်ဆိုလျှင် သူ့အတွက် မလိုအပ်ဟုလည်း ခံစားရပေသည်။


သိမ်မွေ့နက်နဲ သီအိုရီဓားက အလွန်ဆန်းကြယ်လှသည်။၎င်းဓားကိုယ်ထည်က အဆက်မပြတ် ပြောင်းလဲနေသလို ပါဝင်ပစ္စည်းအများအပြားကို ဖြတ်တောက်ပြီးသော်လည်း ဓား၏ ကိုယ်ထည်မှ အညစ်အကြေးကင်းစင်ပြီး သန့်စင်နေတုန်းဖြစ်သည်။


ထို့နောက် သတ္တုကတော့အရာဝတ္တုဆီမှ မြည်သံများ ထပ်မံထွက်ပေါ်လာပြီးနောက် အပေါက်ကျဉ်းကျဉ်းထဲမှ အစေ့အဆံများ ထွက်ကျလာပြန်သည်။


၎င်းတို့အားလုံးက မုချန်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများ၏ အနှစ်သာရများသာဖြစ်လေသည်။မုချန်က ထိုအနှစ်သာရအစေ့လေးများကို မြည်းကြည့်လိုက်ပြီးနောက် တခြားပန်းကန်လုံးတစ်ခုက်ို ထုတ်ယူလိုက်ပြီး ထို့နောက် သူမက ကြေးသေတ္တာကို ထပ်မံဖွင့်လိုက်ပြီး အေးစက်နေသော အအေးဓာတ်များကို ထုတ်လွင့်ပေးနေသည့် အအေးခံ ကိရိယာကို ထုတ်ယူလ်ိုက်သည်။ထ်ို့နောက် ပါဝင်ပစ္စည်းအနှစ်သာရများအားလုံးကို ထိုအအေးခံ ကိရ်ိယာထဲ ထည့်၍ သိမ်းဆည်းထားလိုက်သည်။ပြီးသည်နှင့် သူ စွပ်ပြုတ်စတင်ချက်ရန်ပြင်လ်ိုက်သည်။


ယခု တစ်ကြိမ်တွင် မုချန်က မသေမျိုးဝိညာဉ်အဆင့် စိတ်ဝိညာဉ် သားရဲ ကျားအသားကို စွပ်ပြုတ်၏ အဓိက ပါဝင်ပစ္စည်းအဖြစ် သုံးရန် ပြင်လိုက်သည်။


သူမက အသားကို ဖြတ်တောက်ခြင်းမပြုမီ သိမ်မွေနက်နဲသီအိုရီဓားကို သန့်စင်အောင် ထပ်မံဆေးကြောလိုက်သည်။ထို့နောက် ဖြတ်တောက်ပြီးအသားများကို မြေဝါရောင်မြေအိုးထဲသို့ ထည့်လိုက်သည်။


ထို့နောက် သူမ၏ တိုင်းတားသည့် ပစ္စည်းကိရိယာတစ်ခုကို အသုံးပြုပြီး သင့်တော်သည့် ပမာဏရှိသော စိတ်ဝိညာဉ် ဆေးပင်များက်ို ထည့်လ်ိုက်သည်။ထို့နောက် မုချန်က ပုဖန်၏ ချက်ပြုတ်နည်းကို ကြည့်ရှုရန် ခေါင်းမော့လိုက်သည်။သို့သော်လည်း ပုဖန်လုပ်လိုက်သော အပြုအမူက သူမ၏ မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေသည်။ပုဖန်က သူ့ပခုံးပေါ်မှ ရွှေဝါရောင် ပုစွန်ပိစိကို ဆွဲယူ၍ မဟူရာလိပ်ခုံးဒယ်အိုးထဲ ပစ်ထည့်လိုက်သည်။


ပလုံခနဲ မြည်သံနှင့်အတူ ပုစွန်ပ်ိစိအိုးထဲ ကျရောက်သွားပြီးနောက် အေးအေးလူလူ ကူးခတ်နေလေသည်။ပုဖန်က ကြွေအိုးတစ်လုံးက်ို ထုတ်ယူလိုက်ပြီးနောက် အချက်အပြုတ်လမ်းညွှန်အတိုင်း တိတိကျကျလိုက်နာကာ ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ထည့်လိုက်သည်။


ပြီးနောက် အမှုန့်ဖြစ်အောင်ထောင်းထားသော စိတ်ဝိညာဉ် ဆေးပင်များကို အပေါ်ယံမှ ဖြန့်ကျဲလိုက်သည်။အချိန်ခဏကြာပြီးနောက် ဒယ်အိုးထဲမှ ရွှေရောင်ပိစိကို ပြန်လည်ထုတ်ယူလိုက်ပြီး ပခုံးပေါ်တင်လိုက်သည်။ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ရွှေရောင်စွမ်းအင်ဖြင့် ပြည့်နေသော ဟင်းရည်များကို ကြွေအိုးထဲသို့ လောင်းထည့်လိုက်သည်။


ထို့နောက် ရွှေနီရောင် ကောင်းကင်ကမ္ဘာမြေမီးတောက်ကို မှုတ်ထုတ်လိုက်ပြီး ဟင်းရည်ကို ဆူပွက်အောင် စတင်တည်လိုက်သည်။