အပိုင်း ၇၈၃
Viewers 53k

အခန်း ၇၈၃

မုချန်၏စွပ်ပြုတ် ...


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် ဒါမှမဟုတ် ၎င်းကို ကောင်းကင်အဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ဟု ခေါ်သင့်ပေသည်။ဒီတစ်ကြိမ်တွင် ပုဖန်က ပါဝင်ပစ္စည်းများသိပ်သည်းစွာ ပါဝင်နေသော နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်တစ်ပွဲချက်ခြင်းဖြစ်သည်။


ပါဝင်ပစ္စည်းများအားလုံးကို စား၍ ရယုံသာမက အနံ့အရသာပိုမိုကောင်းမွန်နေသော စွပ်ပြုတ်ရည်ကိုလည်း သောက်သုံးနိုင်ပေလိမ့်မည်။ဒီတစ်ကြိမ် ပုဖန်အသုံးပြုထားသော ပါဝင်ပစ္စည်းများအားလုံးက မသေမျိုးဝိညာဉ် အဆင့်များပင်ဖြစ်သည်။


ထိုပါဝင်ပစ္စည်းများထဲတွင် မူလထဲက စိတ်ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ ပါဝင်နေသည်။ပုဖန်၏ စိတ်စွမ်အားဖြင့် ထိန်းချုပ်ချက်ပြုတ်လ်ိုက်သောအခါ၌ စွပ်ပြုတ်ရည်ထဲတွင် စိတ်ဝိညာဉ် စွမ်းရည်များအားလုံး ပျော်ဝင်သွားလေသည်။


ထို့အပြင် ပုစွန်ပိစိကလည်း စွပ်ပြုတ်ရည်ထဲ ပျော်ပျော်ကြီး ကူးခတ်ထားသောကြောင့် ရွှေရောင်စွမ်းအင်လေးများ ဖြာထွက်နေလေသည်။အရသာဖြစ်စေ မွှေးရနံ့ဖြစ်စေ မည်သည်ကမှ အပြစ်ပြောစရာမရှိပေ။


ပုဖန်၏ နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်က ဖြေးညှင်းစွာ ဆူပွက်လာသည်နှင့်အမျှ လေထုထဲတွင် မွှေးပျံ့လှသော ရနံ့များ သိပ်သည်းလာလေသည်။ထိုအခ်ျိန်တွင် မုချန်၏ စွပ်ပြုတ်ကလည်း ပြီးလုနီးပါးဖြစ်နေလေပြီ။သူမက စိတ်ဝိညာဉ် အနှစ်သာရ အစေ့အဆံလေးများက်ို အိုးထဲသို့ လောင်းထည့်လ်ိုက်သည်။


တပွက်ပွက်ဆူနေသော ဒယ်အိုးထဲမှ အဖြူရောင်အခိုးအငွေ့များတလိပ်လိပ် တက်နေသည်။ပါဝင်ပစ္စည်းများ ပွတ်တိုက်သည့်အသံဖျော့ဖျော့ကိုလည်း ကြားနိုင်ပေ၏။


ကျားအသား စွပ်ပြုတ်ရည်ထဲသို့ ပါဝင်ပစ္စည်းအစေ့အဆံလေးများလောင်းထည့်လိုက်ပြီးနောက် ပူစီဖောင်းများပို၍ များပြားလာသည်။သူ သံဇွန်းတစ်ဇွန်းကို ယူ၍ စွပ်ပြုတ်ရည်ကို ခပ်လိုက်သည်။အလွန်ကြည်လင်နေသော စွပ်ပြုတ်ရည်က်ို လူတိုင်း တွေ့ မြင်နိုင်ပေသည်။စွပ်ပြုတ်ရည်ထဲတွင် ဆီငွေ့ အနည်းငယ်မျှ မရှိသေးကပင် ထူးခြားအံ့သြဖွယ်ကောင်းနေသည်။


အသား၏ သိပ်သည်းလှသော မွှေးရနံ့များကလည်း ကြည့်ရှုနေသူများ၏ နှာခေါင်းဝကို လာရောက်ကျီစယ်လေသည်။


ဆွစ်...


ကြည်လင်နေသောကျားသားစွပ်ပြုတ်ရည်ကို ကျောက်စိမ်း ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။ထို့နောက် သူမအစောပိုင်းတုန်းက အအေးခံထားသော ပါဝင်ပစ္စည်းအနှစ်သာရ အစေ့အဆံလေးများကို ဇွန်းဖြင့် ခပ်ယူလိုက်ပြီး အပေါ်မှ ဖြူးလိုက်သည်။


ထို အနှစ်သာရလေးများက စွပ်ပြုတ်ရည်၏။ အောက်ခြေသို့ နစ်မြှုပ်သွားပြီး ပူစီဖောင်းလေးများ ထလာသည်။ထို့နောက် စွပ်ပြုတ်၏ အရောင်အနံ့အရသာက ပြောင်းလဲသွားလေသည်။


သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သိမ်မွေ့နက်နဲ သီအိုရီဓားက ချွင်ခနဲ အသံတစ်ချက်နှင့်အတူ ပန်းကန်ပြားဝိုင်းတစ်ချပ်ပုံသဏ္ဍာန်ပြောင်းလဲသွားလေသည်။ခပ်လှမ်းလှမ်းရှိ ပုဖန်ကလည်း သူ့၏ ဟင်းပွဲကို ချက်ပြုတ်ပြီးစီးသွားလေပြီ။ဘေးပတ်ဝန်းကျင်တွင် အဖြူရောင်အခိုးအငွေ့များ လွင့်ပျယ်နေဆဲဖြစ်၏။


သူ့၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ကြွေအိုးကို ယူလိုက်သည်။ကြွေအိုးအပေါ်တွင် ပြုံးနေသော နတ်မင်းတစ်ပါးပုံ ရှိနေသည်။၎င်းမှ ထုတ်လွင့်နေသော အလင်းတန်းများက အားလုံး မျက်စိ ကျိန်းစပ်သွားစေသည်။


နတ်မင်း၏ ကိုယ်ပေါ်သို့ ရေတစ်စက် လျှောကျလာသောအခါတွင် ၎င်း၏ အရောင်က ပြောင်းလဲသွားပြီး ပို၍ မျက်စိကျိန်းကာ ပို၍ ကြည့်ချင်စဖွယ်ကောင်းလှသည်။ပုဖန်၏ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် ပြီးဆုံးသွားလေပြီ။ချက်ချင်းဆိုသလိုပင် လေထုအခြေအနေက တင်းမာသွားသည်။စားဖ်ိုမှူး စိန်ခေါ်ပွဲ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပေပြီ။


ဒိုင်လူကြီးများ၏ အကြည့်များကလည်း ပြိုင်ပွဲဝင်နှစ်ဦးအပေါ်သို့ ကျရောက်လာသည်။မုချန်၏ အမူအရာက တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။သူမက ဖြူစင်သန့်ရှင်းနေသော ပုဝါတစ်ထည်ကို ယူ၍ ပန်းကန်ပြားမှ ဖုန်များကို သေချာသုတ်လိုက်သည် ။


ထို့နောက် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။သူမ၏ ရင်နှစ်မွှာက လှုပ်ခတ်သွားပြီး သူမ၏။ မျက်နာတွင်လည်း စိတ်ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။သူမ၏ ဟင်းပွဲကလည်း ပြီးဆုံးသွားပေပြီ။ပုံရိပ်လွှဲပြောင်းအစီအရင်မှတစ်ဆင့် ကြည့်ရှုနေကြသော ဆိုင်အောက်ထပ်မှ ပရိတ်သတ်များကလည်း ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။


အဘယ့်ကြောင့်ဆိုသော် မုချန်၏ ဟင်းပွဲက တောက်ပလှသော အရောင်အသွေး အသွင်အပြင်တို့ကြောင့် လှပသည်ဟူသော စကားလုံးတစ်လုံးဖြင့်သာ ဖော်ပြ၍ ရနိုင်သောကြောင့် ဖြစ်သည်။


မီးအလင်းရောင်အောက်တွင် ထိုဟင်းပွဲက မျက်စိကျိန်းလောက်ဖွယ်တောက်ပ လင်းလက်နေသည်။ကြည်လင်နေသော စွပ်ပြုတ်ရည်မှ စွဲမက်ဖွယ်ကောင်းလှသော မွှေးရနံ့လေးများနှင့် အပူငွေ့လေးများကလည်းပတ်ဝန်းကျင်သို့ ပြန့်နှံ့နေသည်။


တဖြေးဖြေးနှင့် အခိုးအငွေ့များက ပြန့်ကျဲသွားသည်။အပြာရောင်ဖျော့ဖျော့ရှိသော စွပ်ပြုတ်ရည်က ကြည်လင်နေပြီး အနှစ်သာရ အစေ့အဆံလေးများက ရေခဲသလင်းလေးများကဲ့သို့ ဖြစ်နေသည်။


ထိုအဖြူရောင်အစေ့အဆံလေးများပေါ်၌ ဖုန်မှုန့်ကဲ့သို့ အခိုးအငွေ့လေးများ လင်းလက်တောက်ပလာသည်။လှပပြီး စွဲမက်ဖွယ်ကောင်းလှသည်။ပုဖန်၏ နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကမူ အဖုံးမဖွင့်ရသေးသောကြောင့် မည်သည့် ပုံစံရှိသည်ကို မမြင်ရကြသေးပေ။


မုချန်က သူမ၏ ဟင်းပွဲကို မယူလိုက်ပြီး ဒိုင်လူကြီးများ၏ရှေ့သို့ လျှောက်သွားလိုက်သည်။ဒိုင်လူကြီးများက ထိုဟင်းပွဲကို ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ တောက်ပလာပြီး ထက်သန်သော စိတ်ထားများ ပေါ်လွင်နေလေသည်။


မုချန်၏ စွပ်ပြုတ်က အစားကြူးတောင်ကြားထဲတွင် နာမည်ကြီးသော ဟင်းပွဲတစ်ခုဖြစ်သည်။သာမန်လူများအတွက် သူမ၏ ဟင်းပွဲကို မြည်းစမ်းန်ိုင်ရန် အခွင့်အရေးရလိမ့်မည်မဟုတ်ပေ။


မုချန်က ဇာမဏီ အဆောက်အဦးတွင် ချက်ပြုတ်ခဲသည် ။အကယ်၍ သူမချက်ပြုတ်မည်ဆိုလျှင်တောင် စွပ်ပြုတ်ပြုလိမ့်မည်မဟုတ်ပေ။သူမအလွန်အလေးအနက်ထားသော အချိန်မျိုးမှသာလျှင် စွပ်ပြုတ်ချက်လိမ့်မည်ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူမ၏ ထူးခြားလှသော ချက်ပြုတ်သည့် နည်းလမ်းကြောင့်ဖြစ်သည်။ရန်ယုတို့ အစားကြူးဘုတ်ပြား၏ နံပါတ် ၁နေရာကို ယှဉ်ပြိုင်ခဲ့စဉ်ကတောင် သူမ ထိုစွပ်ပြုတ်ချက်ရန် မရွေးချယ်ခဲ့ပေ။


စားဖိုမှူးစိန်ခေါ်ပွဲမှသာလျှင် မုချန်က သူမ၏ အကောင်းဆုံးဟင်းပွဲကို ထုတ်သုံးလာခြင်းဖြစ်သည်။မုချန်၏ မျက်နာထက်တွင်လှပသော အပြုံးလေးတစ်ခု ဆင်မြန်းထားသည်။၎င်းက လေနုအေးလေးများ ဖြတ်တ်ိုက်လာသလိုမ်ျိုး ခံစားရစေသည်။


သူမက ချူချန်းရှန်၏ ရှေ့တွင် ပန်းကန်လုံးတစ်လုံးကို ချလိုက်သည်။ထို့နောက် စွပ်ပြုတ်ရည်ကို ခပ်၍ လောင်းထည့်လိုက်၏။ကြည်လင်နေသော ဟင်းရည်၏ မွှေးရနံ့ပြင်းပြင်းက လေထဲ မျောလွင့်သွားသည်။ထို့နောက် သူမ ကျားသားတစ်ပိုင်းကိုလည်း ခပ်၍ ချူချန်းရှန်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။


သေးငယ်လှသော အနှစ်သာရအပိုင်းအစလေးများက အေးနေမလား ပူနေမလားကိုတော့ မသိရပေ။၎င်းတို့က ကျားသားနှင့်အတူ ပန်းကန်လုံးထဲတွင် လည်ပတ်နေလေသည်။အသားရနံ့လှိုင်းများလည်း လှ်ိုင်လှ်ိုင်ထွက်ပေါ်လာ၏။


"အကြီးအကဲချူ...ကျေးဇူးပြုပြီး..."


မုချန်က နူးညံ့ညင်သာသော အပြုံးလေးဖြင့် ပြောလိုက်သည်။ချူချန်းရှန်အသာအယာပင် ခေါင်းညိတ်လိုက်၏။


"ကောင်းပြီ..."


ချူချန်းရှန် ဇွန်းကို ကောက်ယူလိုက်ပြီး ကြည်လင်လှသော ဟင်းရည်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ရှလွတ်ခနဲ အသံနှင့်အတူ ဟင်းရည်က ပါးစပ်ထဲ သို့ စီးဝင်လာသည်။ရွှေ့ပြောင်းအစီအရင်မှ ကြည့်ရှုနေကြသောသူများကလည်း ချူချန်းရှန်ကိုသာ မလွှဲတမ်း ကြည့်နေကြသည်။


လူတိုင်းက အသက်ပြင်းပြင်းပင်မရှုရဲကြပဲ မျက်လုံးပြူးပြုးဖြင့် ကြည့်နေကြ၏ချူချန်းရှန် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို အလေးအနက် နားထောင်နေကြသည်


ချူချန်းရှန် ပထမဆုံးဟင်းရည်ခတ်လ်ိုက်သည့်အချိန်တွင် သူ့၏ အကြည့်များက ပြောင်းလဲသွားသည်။ထို့နောက် ဟင်းရည်သောက်ပြီးသည့်အချိန်၌ စူးရှသောအကြည့်များက ပြန်လည် ပျော့ပြောင်းသွားသည်။


နောက်အခိုက်အတန့်တွင် သူ့၏။ဇွန်းကို အဆက်မပြတ် လှုပ်ရှားကာဟင်းရည်များကို ပါးစပ်ထဲသို့ လောင်းထည့်နေလေသည်။ချူချန်းရှန်က သူ့၏ ဇွန်းကို ချလိုက်သည်။ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် မယူလိုက်ပြီးနောက် ပါးစပ်နားတေ့ကာ တစ်က်ျိုက်ကျိုက်မော့သောက်လိုက်လေသည်။


ဂလု ဂလု...


သူ့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေ၏။ထို့နောက် သူပန်းကန်လုံးကို ပြန်ချလိုက်သည်။ချူချန်းရှန်၏ မျက်နာပေါ်တွင် ကျေနပ်ကြည်နူးမှု အထင်းသားပေါ်လွင်နေသည်။


"သောက်ရတာ အရမ်းကောင်းတယ် အရမ်းအရသာရှိတယ်..."


ကြွေဇွန်းကို ပြန်လည်ကောက်ယူလိုက်ပြီး ပန်းကန်ထဲ ကျန်နေသည့် အစေ့အဆံလေးများကိုခပ်ယူ၍ ဝါးလိုက်သည်။ထိုအစေ့အဆံလေးများက ဟင်းရည်ပူပူနှင့် သိသိသာသာ ကွဲပြားခြားနားနေလေသည်။ထိုအေးခဲနေသော အစေ့အဆံလေးများက ပါးစပ်ထဲ ရောက်သွားသည်နှင့် အေးမြလန်းဆန်းသော ခံစားမှုကို ထုတ်လွင့်ပေးလာပြီး ချူချန်းရှန် သူ့၏။လျှာကိုပင် မြိုချပစ်ချင်လာသည်။


"အရသာက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ကောင်းနေရတာလဲ..."


ရွှစ်...


ဆုတ်ပြဲသွားသော အသံတစ်ခုပေါ်လာပြီးနောက် ချူချန်းရှန်၏ အဝတ်အစားများအားလုံး ပျက်စီးသွားကာ သန်မာလှသော ကြွက်သားအပြည့်ဖြင့် ခန္ဓာကိုယ်ပေါ်လာသည်။


"အရသာရှိတယ် ..."


ချူချန်းရှန်၏ မျက်နာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။သူ့၏။ မုတ်ဆိတ်မွှေးကိုအသာသပ်၍ ခပ်ပြုံးပြုံးဖြင့် မှတ်ချက်ပြုလိုက်၏။


"အကြီးအကဲချူရဲ့ အကဲဖြတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်..."


ထို့နောက် တခြားဒိုင်လူကြီးများဆီသို့ သွားကာ သူတ်ို့၏ ပန်းကန်လုံးများထဲသို့ စွပ်ပြုတ်ရည်များ ခပ်ထည့်ပေးလိုက်သည်။ဝမ်ရမ်ရှန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ့၏ မျက်နာပေါ်တွင်လည်း ရွှင်မြူးသော အရိပ်တစ်ခုရှိနေသည်။


"ထိပ်တန်း စားဖိုမှူး မုချန်ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ စွပ်ပြုတ်ကိုစားနိုင်လိမ့်မယ်လို့ ဘယ်သူများထင်မှာလဲ...ငါ သေသွားမယ်ဆိုရင်တောင် ထိုက်တန်နေပြီ..."


မုချန်၏ စွပ်ပြုတ်ကို စားသောက်ရန် ခက်ခဲလှသောကြောင့် ဝမ်ရမ်ရှန်၏ စိတ်လှုပ်ရှားမှုက သဘာဝကျပေသည်။ချူချန်းရှန်၏ တုံ့ပြန်မှုအရ မုချန်၏ စွပ်ပြုတ်ဟင်းပွဲသည် နာမည်ကျော်ကြားနေရုံသက်သက်မဟုတ်ပဲ တကယ်လည်း အရသာရှိမှာ ကျိန်းသေပေသည်။


ချူချန်းရှန်၏ အဝတ်အစားများက လျင်မြန်စွာပင် ပေါက်ကွဲသွားခဲ့သည်။၎င်းအဓိပ္ပါယ်က ဒီစွပ်ပြုတ်၏ အရသာက လုံးဝ ပထမတန်းစားဟုပင် ဆိုလိုသည်။ဒီတစ်ကြိမ်တွင် ပုဖန်အတွက် တကယ့်ပြိုင်ဘက် အစစ်ကို တွေ့ကြုံပုံရလေသည်။


ပုဖန်က သူ့၏ဟင်းပွဲကို ပြင်ဆင်ထားပြီးသည်မှာ ကြာခဲ့ပေပြီ သူဒိုင်လူကြီးများကို ကြည့်နေလိုက်၏။ဝမ်ရမ်ရှန်က ပုဖန်၏ အကြည့်ကို ခံစားမိပုံဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။


ထိုအချိန်၌ သူ့၏ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို မ၍ ဒိုင်လူကြီးများဆီသ်ို့ လျှောက်သွားလိုက်သည်။ဒ်ိုင်လူကြီးများအားလုံး၏ မျက်နာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး မုချန်၏ စွပ်ပြုတ်ကို ပျော်ရွှင်စွာစားသောက်နေသည်။


ဒုတ်...


ပုဖန် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို ခုံပေါ်တင်လိုက်သည့်အချိန်၌ ခပ်အုတ်အသံတစ်ခုထွက်လာသည်။သူတို့လက်ထဲမှ ပန်းကန်လုံးကို ပြန်လည်ချထားနေသော ဒိုင်လူကြီးများအားလုံး အေးခဲသွားသည်။သို့သော် သူတို့၏ မျက်နာပေါ်၌ ပျော်ရွှင်စိတ်လှုပ်ရှားမှုက အထင်းသားပေါ်လွင်နေသည်။


မုချန်၏ စွပ်ပြုတ်က အလွန်အရသာရှိလေသည်။အရင်က မြည်းစမ်းကြည့်ဖူးသူများအားလုံးကလည်း ထိုအချက်က်ို လက်ခံထားပေသည်။ပါဝင်ပစ္စည်းများအားလုံးကို မုချန်က ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသောကြောင့် စွပ်ပြုတ်၏ အရသာက အံ့သြလောက်စရာ ကောင်းလှသည်။


ပါဝင်ပစ္စည်းများ၏ အရသာက ပြီးပြည့်စုံလွန်းလှသည်။အကယ်၍ အရသာအနည်းငယ်သာ ပြောင်းလဲသွားရုံဖြင့် စိတ်မသက်မသာပင် ဖြစ်စေနိုင်လောက်သည်။


သိမ်မွေ့နက်နဲ သီအိုရီဓားကလည်း ပါဝင်ပစ္စည်းများကို အသေးစိတ်ကိုင်တွယ်နိုင်လေသည်။ထို့ကြောင့်ပင် မုချန်၏ ဟင်းပွဲက အလွန်ဆွဲဆောင်မှုရှိနေရခြင်းပင်ဖြစ်သည်။


"မောင်လေးပုဖန် နင်လည်း ဒီအမကြီးရဲ့ စွပ်ပြုတ်ကို မြည်းစမ်းကြည့်သင့်တယ်...ဒါက စားဖိုမှူးစိန်ခေါ်ပွဲဆိုပေမယ့်လည်း ငါတို့က ရန်သူတွေမှ မဟုတ်ပဲလေ..."


မုချန်က နူးညံ့သောအပြုံးတစ်ပွင့်နှင့်အတူ စကား ဆိုလိုက်သည်။သူမ စွပ်ပြုတ်တစ်ပွဲပြင်ဆင်၍ ပုဖန်ဆီသို့ ကမ်းပေးလိုက်သည်။ပုဖန် အေးခဲသွားပြီးနက်ရှ်ိုင်းလှသော အကြည့်များဖြင့် မုချန်ကိုကြည့်လိုက်သည်။ခဏအကြာမှသာ သူ စွပ်ပြုတ်ပွဲကို ယူလိုက်၏။


သို့သော်လည်း ပုဖန်က ထ်ိုစွပ်ပြုတ်ကို အလျင်စလို မသောက်သုံးပဲ ဒိုင်လူကြီးများအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ထို့နောက် မုချန်ဘက်သို့ပြန်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


"ကျုပ်ရဲ့ ဟင်းပွဲ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကလည်း ပြီးသွားပြီ ..."


ပြောပြီးသည်နှင့် သူအိုးအဖုံးကို ဖွင့်လိုက်သည်။ချက်ချင်းဆိုသလိုပင် ဒိုင်လူကြီးများနှင့် မုချန်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားလေသည်။အဘယ်ကြောင့်ဆိုသော် စွပ်ပြုတ်အိုးထဲမှ ထောင်သောင်းချီသောမျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများဖြာထွက်လာသောကြောင့် ဖြစ်သည်။