အပိုင်း ၇၈၄
Viewers 61k

အခန်း ၇၈၄

ဘောင်းဘီပြဲသွားသော ချူချန်းရှန်...


ကြွေအိုးထဲမှ ကောင်းကိုပင် ဆုတ်ဖြဲပစ်ချင်သကဲ့သို့ တောက်ပလှသော ရောင်စဉ်တန်းများ ဖြာထွက်လာသည်။ထိုမျက်စိကျိန်းလောက်စရာ အလင်းတန်းများက ဆွဲဆောင်နိုင်လွန်းသောကြောင့် အားလုံး အံ့အားတသင့်ဖြင့် ကြောင်ကြည့်နေမိကြသည်။


ပုဖန်က မုချန်ဆီမှ စွပ်ပြုတ်ပွဲကို ယူပြီးသည်နှင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ဟင်းပွဲကို ဖွင့်လိုက်သည်။သင်းပျံ့လာသော မွှေးရနံ့များက ဒိုင်လူကြီးများအားလုံးကို သရေယိုသွားစေသည်။


မုချန်သည်လည်း မထိန်းချုပ်နိုင်တော့ပဲ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။သူမ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး ရင်အစုံက ပြင်းပြင်းထန်ထန် ခုန်လှုပ်နေပေသည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲမှ ထွက်ပေါ်လာသော အလင်းတန်းများက သူမ၏ မျက်စိကို စူးရှသွားစေသည်။


"ဘယ်လိုဖြစ်ပြီး ဒီလို အလင်းတန်းမျိုးတွေ ထွက်ပေါ်လာတာလဲ...ဘာကြောင့် အဲ့ဒီလောက် တောက်ပလင်းလက်နေတာလဲ...ဒီလို တစ်စုံတစ်ရာက စားလို့ကောရရဲ့လား...."


ကြွေအိုးထဲမှ နဂါးတစ်ကောင်ကဲ့သို့ မွှေးရနံ့များ ထိုးထွက်လာသည်။ပုဖန်က ထိုအဖြစ်အပျက်များအားလုံးကို ဂရုမစိုက်ပေ။သူ ကြွေဇွန်းကို ယူလိုက်ပြီး မုချန်၏ စွပ်ပြုတ်ကိုခပ်၍ သောက်လိုက်သည်။


အသား၏ လတ်ဆတ်လှသော စွပ်ပြုတ်ရည်ကို မြိုချလိုက်သည်။မကြာခင်မှာပင် သန့်စင်လှသော မွှေးရနံ့များနှင့် အေးစက်လှသော အရသာက သူ့ပါးစပ်ထဲတွင် ရောနှောသွားပြီး အကြောအချဉ်များအားလုံးပင် ပွင့်သွားသလို ခံစားလိုက်ရသည်။


မုချန်၏ စွပ်ပြုတ်ပွဲက တကယ်ကို ကောင်းမွန်သည်ဟု ပြောရပေမည်။သူမ အစားကြူးဘုတ်ပြား၏ ဒုတိယနေရာဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ဒီဟင်းပွဲက နံပါတ် ၂ဆိုသည့်နေရာနှင့် ထိုက်တန်လှပြီး ပြည့်စုံလုနီးပါးပင်ဖြစ်နေပေပြီ။


မုချန်က ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ အနှစ်သာရများကို စစ်ထုတ်လိုက်ပြီး ဟင်းပွဲ၏ အရသာကို အမြင့်ဆုံးထ်ိရောက်အောင်ဆွဲခေါ်သွားပေသည်။ထို့အပြင် အသားစွပ်ပြုတ်ရည်ကို လုပ်သည့်အချိန်တိုင်းတွင် သူမက အထူးနည်းလမ်းများကို အသုံးပြုခဲ့သေးသည်။


အေးခဲအောင် လုပ်ထားသော အနှစ်သာရ အစေ့အဆံလေးများကပါးစပ်ထဲ ရောက်သွားသည်နှင့် ဝါးစရာပင်မလိုတော့ပဲ အရည်ပျော်သွားသည်။ထိုအရသာက လည်ချောင်းတစ်လျှောက် ချောမွေ့စွာ စီးဆင်းဝင်သွားပြီး စိတ်ကိုလန်းဆန်းသွားစေသည်။


ထိုဟင်းပွဲက သူ့ကို သက်တောင့်သက်သာ ခံစားရစေ၏။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားသည်။သူဒီဟင်းပွဲက်ို တကယ်ကို ကြိုက်နှစ်သက်သည်ဟု ခံစားမိသည် ။


သူစွပ်ပြုတ်အားလုံး သောက်လိုက်ပြီးနောက် ညှင်သာစွာသက်ပြင်းတစ်ချက်ချလ်ိုက်သည်။နှမြောစရာကောင်းသည်က ထိုမုချန်သည် သူပုဖန်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။တိတိကျကျ ပြောရလျှင် သူမက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်၏။


၎င်းက ပုဖန်၏ ဟင်းပွဲများထဲတွင် ပြင်ဆင်ရ အခက်အခဲဆုံး ဟင်းပွဲတစ်ပွဲလည်းဖြစ်သည်။ချက်ပြုတ်သည့်အခါတွင်လည်း သန်မာသော စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ သေသေချာချာဂရုတစိုက် ချက်ပြုတ်ရန် လိုအပ်ပေသေးသည်။


အဆင့်မြင့် ပါဝင်ပစ္စည်းများကို အသုံးပြုထားသော ကောင်းကင်အဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို မဆိုထားနှင့် သာမန်နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကပင် ချက်ပြုတ်ရခက်ခဲနေပြီဖြစ်သည်။၎င်းဟင်းပွဲကို သေချာစွာချက်ပြုတ်ပြီးသည့်နောက် ပါဝင်ပစ္စည်းများထဲတွင် ပါဝင်နေသော စိတ်ဝိညာဉ် စွမ်းအားများက ပို၍ပင် ပြင်းထန်လာပေလိမ့်မည်။


ထို့ကြောင့်ပင် ပုဖန်က သူ့၏ သန်မာလှသော စိတ်ဝိညာဉ် စွမ်းအားကို သုံးပြီး ထိုကြမ်းတမ်းသော စွမ်းအင်များကို ငြိမ်သက်အောင် ပြုလုပ်ရခြင်းဖြစ်သည်။ကံကောင်းထောက်မစွာဖြင့်ပင် ပုဖန်က အတားအဆီးကို ချိုးဖျက်ပြီး နောက်ထပ်အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ပေပြီ။ထို့ကြောင့်ပင် နတ်မင်းစွေ့စွေ့ ခုန် စွပ်ပြုတ်ကို ချက်ရာ၌ ပို၍ လွယ်ကူလာခဲ့သည်။


သူက မသေမျိုး စိတ်ဝိညာဉ် အဆင့်ရှိသော ပါဝင်ပစ္စည်းများအားလုံးကို အသုံးပြုခဲ့သည်။ယခုကောင်းကင်အဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက အရသာအလွန်ကောင်းမွန်သလိုအဖိုးလည်းထိုက်တန်လှသည်။


ယေဘုယျအားဖြင့် ပုဖန်အသုံးပြုသော ပါဝင်ပစ္စည်းများက မုချန်၏ ပါဝင်ပစ္စည်းများထက် အနည်းငယ် အရည်အသွေးနိမ့်သော်လည်း သူ့၏ ဟင်းချက်စွမ်းရည်က ပို၍ ကောင်းမွန်ပေသည်။


"အခု ကျုပ်အလှည့်..."


ပုဖန်က ခပ်ဖွဖွပြုံးလိုက်ပြီးနောက် သူ့လက်ထဲမှ ပန်းကန်ကို ပြန်ချလိုက်သည်။ထ်ို့နောက် မုချန်ကို အဓိပ္ပါယ်အပြည့်ပါသော မျက်ဝန်းများဖြင့် စ်ိုက်ကြည့်လိုက်သည်။


မုချန် အနည်းငယ်ကြောက်ရွံ့သွားသည်။သူမ ပုဖန်၏ စကားလုံးကို နားလည်အောင်ပင် ကြိုးစားလိုက်ရသည်။


"ဘာပြောလိုက်တာ..."


ပုဖန်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရင်း ယောက်ချိုဇွန်းကို ယူလိုက်သည်။ထို့နောက် လှပသော ကြွေပန်းကန်လုံးများကိုယူလိုက်၏။သူနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ခပ်ယူလိုက်ပြီး ပန်းကန်လုံးအသေးလေးတစ်ခုစီတိုင်းကို ဖြည့်လိုက်သည်။


၎င်းစွပ်ပြုတ်ရည်ထဲတွင် အဆီတစ်စက် သို့်မဟုတ်အနည်းငယ်မျှသော ဆီငွေ့လေးမျှ ပါဝင်နေခြင်းမရှိပေ။စွပ်ပြုတ်ရည်ထဲတွင် သိပ်သည်းလှသော စွမ်းအင်များသာ ဝေ့လည်နေသည်။လူများအားလုံး ထိုစွမ်းအင်များကို အာရုံခံမိလိုက်သည့်အချိန်၌ ကြောက်လန့်မှုကို ခံစားလိုက်ရသည်။


"ဒီစွမ်းအင်တွေက အရမ်းပြင်းထန်လွန်းတယ်..."


မုချန်၏ မျက်ဝန်းများလည်း ကျဉ်းမြောင်းသွားပြီး သူမ၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြန်သည်။ပုဖန်က သူပြင်ဆင်ထားပြီးသော စွပ်ပြုတ်ပန်းကန် လုံးလေးများကို ဒိုင်လူကြီးများရှေ့သို့ ချပေးလိုက်သည်။


ထိုဖြူပြာရောင်ကြွေပန်းကန်လုံး၌ အပြာရောင်ဖျော့ဖျော့လေး လင်းလက်နေသည်။ပန်းကန်လုံးတွင် ရေးဆွဲထားသော အဖြူအပြာလိုင်းကလေးများကလည်း လှပပြီး လန်းဆန်းမှုက်ို ခံစားရစေ၏။


ချူချန်းရှန်က ပုဖန်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် စွပ်ပြုတ်ပန်းကန်ကို ကြည့်လိုက်သည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ဖွင့်လိုက်သည်နှင့် ဖြစ်ပေါ်လာသောထူးဆန်းသည့် ပုံရိပ်က သူ့ကို စိတ်လှုပ်ရှားစေသည်။


သူ့ခန္ဓာကိုယ်၏ အရိုးအဆစ်များအားလုံး ကျုံ့သွားပြီးနောက် တစ်ဖန် ပြန်လည် ပြန့်ကားလာသည်။ဆွဲဆောင်မှုရှ်ိလှသော မွှေးရနံ့ကြောင့်ချူချန်းရှန် ပန်းကန်လုံးနားသို့ တိုး၍ အနံ့ခံလိုက်သည်။


တလူလူတက်လာသော အပူငွေ့လေးများက သူ့၏ နှာခေါင်းပေါက်ထဲသို တိုးဝင်သွားလေသည်။


"အနံ့က အရမ်းကောင်းတယ် အရမ်းသန့်စင်တယ်..."


ချူချန်းရှန် သူ့၏ မုတ်ဆိတ်မွှေးများကို သပ်ရင်း ပြောလိုက်သည်။လျိုကျားလီက ပန်းကန်လုံးကို ကောက်ယူလိုက်ပြီးနောက် ထောင့်မျိုးစုံမှနေ၍ သေချာ အကဲဖြတ်ကြည့်ရှုနေသည်။


သို့သော်လည်း သူ ပို၍ ကြည့်လေလေ ပို၍ အံ့အားသင့်ရလေလေ ဖြစ်လာသည်။သူခေါင်းမော့၍ ပုဖန်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်လိုက်မိသည်။


ဒီစားဖိုမှူးလေးက အစားကြူးဘုတ်ပြားပေါ်ရှိ စားဖိုမှူးများအားလုံးကို အောင်နိုင်ခဲ့သော ဖျက်မြင်းတစ်ကောင်ဖြစ်ဖို့ ထိုက်တန်ပေသည်။သူ ဖန်တီးလိုက်သော တုနှိုင်းမရသည့် စိတ်စွမ်းအင်များက လူအားလုံးကို အံ့အားတသင့်ဖြင့် ချီးကျူးဂုဏ်ပြုစေသည်။


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်၏ အကောင်းဆုံးအပိုင်းမှာ ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ စိတ်ဝိညာဉ် စွမ်းအင်များ အရသာနှင့် နူးညံ့မှု အားလုံးက ပြီးပြည့်စုံနေခြင်းဖြစ်သည်။ထို့အပြင် ပါဝင်ပစ္စည်းများ အားလုံး၏ အရသာက စွပ်ပြုတ်ထဲ နစ်မြှုပ်ပျော်ဝင်နေသည်ကိုလည်း ခံစားရနိုင်သည်။


မုချန်၏ စွပ်ပြုတ်နှင့် ပုဖန်၏ စွပ်ပြုတ်ကို နှိုင်းယှဉ်ရမည်ဆိုလျှင် နှစ်ခုလုံးက ကောင်းမွန်သည်ဆိုသော်လည်း အလွန်ပင် ကွာခြားချက်ရှိနေပေသည်။လျိုကျားလီက တည်ငြိမ်လှသော မျက်နာထားဖြင့် စွပ်ပြုတ်ရည်ကို သောက်လိုက်သည်။သို့သော်လည်း ထိုခဏမှာပင် သူ့၏။ မျက်နာက ချက်ချင်းပြောင်းလဲသွားသည်။သူ့မျက်ဝန်းများ ပြူးထွက်လာပြီးဆံပင်များတလွင့်လွင့် ပျံတက်လာသည်။သူ့၏ အဝတ်အစားများကဖောင်းကာလာသည်။


"ဒီခံစားမှု ဒီအရသာ..."


ပုဖန်၏ စွပ်ပြုတ်က ပထမတန်းစားစားဖိုမှူးတစ်ယောက်အဖြစ် အဆင့်မီပေသည်။ပါဝင်ပစ္စည်းများ၏ အရသာအားလုံးက သမမျှတစွာ ရောနှောနေပြီး ပြီးပြည့်စုံနေသည်။


"ဒါက တကယ်ပဲ ပုဖန်ရဲ့ စွပ်ပြုတ်လား..."


လျိုကျားလီ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး တည်ငြိမ်အောင်ထိန်းလိုက်သည်။ထို့နောက် ပုဖန်ကို တစ်ချက်မော့ကြည့်လိုက်သည်။


"ဒီကောင်လေးက သူ့ရဲ့ အထူးနည်းလမ်းတွေကိုအသုံးပြုပြီးချက်ပြုတ်ခဲ့တာလား..."


ပြီးနောက် သူ မုချန်ကို သနားကြင်နာစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။မုချန်နှင့် ပုဖန်နှင့် ယှဉ်ပြိုင် ရသည်မှာ ကံဆိုးမှုပင် ဖြစ်လေသည်။မုချန်၏ စွပ်ပြုတ်ကလည်း ပြီးပြည့်စုံံသည်ဟု ဆိုနိုင်ပေသည်။သို့သော်လည်း ပုဖန်၏ နတ်မင်းစွေ့စွေ့ခုန်နှင့် တွေ့ဆုံသောအခါတွင် အခွင့်အရေးမရှိနိုင်တော့ပေ။


ဗြိ ဗြိ...


လေထုထဲ၌ ဆုတ်ပြဲသံများထွက်ပေါ်လာလေသည်။ချူချန်းရှန် ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။အားလုံး၏ အကြည့်များကလည်း ထ်ိုနေရာသို့ ကျရောက်သွားပြီးနောက် ကြောင်အမှင်သက်သွားကြလေသည်။


ချူချန်းရှန်၏ မျက်လုံးများက ပြူးကျယ်နေသည်။သူပြန်လည်ဝတ်ဆင်ထားသောအဝတ်အစားများက ထပ်မဲ ပြဲထွက်သွားပြန်သည်။သူ့၏ မျက်နာက သွေးများစီးဆင်းကျနေသလို နီရဲနေလေ၏။


သို့သော်လည်း သူ့၏မျက်ဝန်းများက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဖြစ်နေသည်။သူ စားပွဲကို လက်ဖြင့် ပုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။အားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


"အကြီးအကဲရဲ့ အင်္ကျီတွေက နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်ပြီ...သူ့ရဲ့ အဝတ်အစားတွေကို အဲ့ဒီလိုမျိုး ပေါက်ကွဲသွားစေဖို့ မလွယ်ဘူးမဟုတ်လား...မင်းတို့ အားလုံးသေသေချာချာကြည့်လ်ိုက်ဦး အဲ့ဒါအင်္ကျီပဲ မဟုတ်ဘူး..."


ပုံရိပ် လွှဲပြောင်းအစီအရင်မှတစ်ဆင့် ကြည့်ရှုနေကြသော ပရိတ်သတ်များအားလုံးက ဒိုင်လူကြီးများ၏အခြေအနေကို ဆူညံပွက်လောရိုက်စွာဆွေးနွေးနေကြသည်။


ချူချန်းရှန်၏ အဝတ်အစားများ ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်သည့် ဟင်းပွဲဆိုသည်မှာ ထိုစားဖိုမှူးက ပထမတန်းစား စားဖိုမှူးဖြစ်နေသည်ဟု ဆိုလိုသည်။ထိုလူက ပထမတန်းအဆင့်ထက်နိမ့်နေလျှင် အကြီးအကဲ၏ အင်္ကျီများ ဖောင်းကားလာအောင်လောက်သာလုပ်နိုင်ပေလိမ့်မည်။


"ဝါး...ဒီစွပ်ပြုတ်က အရမ်းအရသာရှိတယ်..."


ချူချန်းရှန် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ပြီးနောက် စွပ်ပြုတ်များကို ကောက်မော့လိုက်ကာပန်းကန်ကို စားပွဲပေါ် စောင့်ချလိုက်သည်။ပုဖန်၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ထိုကြွေပန်းကန်လုံးက သူအကြိုက်ဆုံး တစ်ခုဖြစ်သည်။လူအိုကြီးက သူ့၏ ပန်းကန်လုံးကို ကွဲကြေသွားအောင် မလုပ်သင့်ပေ။


ဗြိ...


ထို့နောက် နောက်ထပ် ဆုတ်ပြဲသည့် အသံများထပ်မံ လွင့်ပျံလာပြန်သည်။အားလုံး အံ့အားတုန်လှုပ်စွာဖြင့် အကြီးအကဲဆီသို့ ထပ်မံကြည့်ရှုလိုက်ပြန်သည်။


ချူချန်းရှန်က အပေါ်ပိုင်းကြွက်သားများကို လှစ်ဟပြထားသည့် အနေအထားဖြင့် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ယခုတစ်ခါတွင် သူ့၏ အောက်ပိုင်း အဝတ်အစားများကလည်းသူ့၏ ဘောင်းဘီက ထပ်မံ ပေါက်ကွဲသွားပြီးနောက် ဖွားဖက်တော်ကို အုပ်ကာထားသော အဖြူရောင် အတွင်းခံလေးတစ်စသာ ကျန်ရစ်ခဲ့လေသည်။


"မဟာအကြီးအကဲရဲ့ ဘောင်းဘီကလည်း ပေါက်ကွဲသွားတယ် သူ့ရဲ အင်္ကျီပေါက်ကွဲတာတောင် မလုံလောက်သေးပဲနဲ့ ဘောင်းဘီကပါ ပေါက်ကွဲသွားတာလား..."


အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် နောက်တစ်ကြိမ် ဆူညံ ပွက်လောရိုက်သွားကြပြန်သည်။ထိုကဲ့သို့ ဖြစ်ရပ်ကို မည်သူမှ မမျှော်လင့်ထားကြပေ။


"အိုး..."


ပရိတ်သတ်များအားလုံး လေများအားလုံး ရှူသွင်းချင်သည့်ပုံစံမ်ျိုးဖြင့် ပင့်သက်တစ်ချက်ရှူရှ်ိုက်လိုက်ကြသည်။မုချန်ကလည်း ပါးစပ်အဟောင်းသား အံ့အားတသင့်ဖြင့် ချူချန်းရှန်ကို ကြည့်နေသည်။သူမ၏ စွပ်ပြုတ်က အကြီးအကဲ၏ အဝတ်အစားများကိုပေါက်ကွဲစေခဲ့သည်။သို့သော် ပုဖန်၏ စွပ်ပြုတ်ကမူ အင်္ကျီကောဘောင်းဘီပါ ပေါက်ကွဲစေခဲ့သည်။


ချူချန်းရှန်၏ အသွင်အပြင်အရ သူမ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သံသယဝင်စရာ မလိုတော့ပေ။လျိုကျားလီက တိတ်ဆိတ်ငြိမ်သက်နေလေသည်။သူနှင့် မုချန်၏ ဆက်ဆံရေးက ကောင်းမွန်သည်ဆိုသော်လည်း သူက အမှန်တိုင်းဆုံးဖြတ်ပေးရမည့် လူတစ်ယောက်သာဖြစ်သည်။


မုချန်ရှုံးနိမ့်သွားခဲ့ပေပြီ။ထိုအခိုက်အတန့်တွင် ဝမ်ရမ်ရှန်ကလည်း သူ့၏ စွပ်ပြုတ်ကို သောက်၍ ပြီးဆုံးသွားလေပြီ။သူ့၏ မျက်နာက နီရဲနေပြီး မျက်ဝန်းများက တလဲ့လဲ့တောက်ပနေသည်။


"ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလောက် အရသာရှိနေရတာလဲ ...နူးညံ့သည့် အရသာပေါင်းစပ်မှုက လုံးဝ perfectပဲ..."


ကောင်းမွန်လှသောအရသာများက လူများအပေါ် အက်ျိုး သက်ရောက်မှုရှိပေသည်။ပုဖန်၏ ဟင်းပွဲကလည်း သူ့၏ကောင်းမွန်လှသောထောင်ခြောက်ထဲတွင် လူများကို ထိန်းချုပ်ထားလိုက်ပေပြီ။


ဆဋ္ဌမအကြီးအကဲကလည်း စွပ်ပြုတ်ကို သောက်ပြီးနောက် သူ့၏ ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် လဲကျသွားသည်။သူ လက်ချောင်းလေးတစ်ချောင်းမျှပင် မရွေ့လျားချင်တော့ပေ။


ထိုကဲ့သို့ ခံစားရခြင်းက ရှားပါးလှသည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို သောက်သုံးပြီးသည့်နောက် သူ့၏ စိတ်အခြေအနေက လုံးဝသက်တောင့်သက်သာ ဖြစ်သွားခြင်းဖြစ်သည်။


ငါးဖမ်းသမား ကျိုးချန်က စွပ်ပြုတ်ဟင်းရည်ကို တဖြေးဖြေးချင်းသောက်သုံးနေခြင်းဖြစ်သည်။သူ ပို၍ သောက်လေလေ ပို၍ မျက်မှောင်ကြုတ်လာလေလေပင် သူ့ဆီမှ ဖိအားက ဆက်လက်၍ ကြီးထွားလာသည်။


ပုဖန်က ထိုမျှစွမ်းအားကြီးနေလေရာသူ့တွင် ယုံကြည်မှုပြည့်ပြည့်ဝဝမရှိတော့ပေ။ပုဖန်နှင့် ရင်ဆိုင်ရသည်ဆိုပါက သူ့တွင် အနိုင်ယူရရန် အခွင့်အရေးရှိပါဦးမည်လား...


ယုံကြည်မှု နည်းနည်းမှ မကျန်တော့ပေ။နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကို သောက်ပြီးမှ သူ့စိတ်အတွင်းမှ ယုံကြည်ချက်များကို ဖျက်စီးပစ်လိုက်လေပြီ။ဒိုင်လူကြီးများအားလုံး တိတ်ဆိတ်သားကြသည်။ပုံရိပ်လွှဲပြောင်းအစီအရင်မှလည်း သူတို့၏ အမူအရာများကိုပြသပေးနေသည်။


ရလဒ်ကို မကြေငြာရသေးသော်လည်း သိသာထင်ရှားစွာအဖြေထွက်နေပြီးသား ဖြစ်သည်။ဇာမဏီ အဆောက်အဦးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေသည်။ရလဒ်က သူတို့ ထင်ထားသည်နှင့် လွဲမှားနေသည်။မုချန်သာ လုံးဝ အနိုင်ရလိမ့်မည်ဟုတွေးထင်မိခဲ့ခြင်းဖြစ်သည်။


"မုချန်၏ ဟင်းပွဲက ပြိုင်ဘက်ကင်းသည်ဆိုလျှင် ဒီသောက်က်ျိုးနဲ နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကကောအဲ့ဒီဟင်းပွဲက အကြီးအကဲမှာအတွင်းခံလေးပဲ ကျန်တဲ့အထိ ဖြစ်သွားစေတယ်လေ ..."


ခဏအကြာတွင် ဒိုင်လူကြီးများအားလုံးက ပုဖန်သည်သာ အနိုင်ရရှိသူဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။မုချန်၏ မျက်နာပေါ်တွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ရေးထွင်းထားသလို အထင်းသားပေါ်လွင်နေသည်။


သူမ၏ အထူးဟင်းပွဲဖြစ်သော စွပ်ပြုတ်နှင့် ယှဉ်ပြိုင်လိုက်လျှင် မရှုံးနိမ့်နိုင်တော့ဟု ယုံကြည်မှုရှိခဲ့သည်။ထို့ကြောင့်ပင် သူမ၏ အတွေးထဲသို့ ရှုံးနိမ့်ခြင်းဟူသော စကားလုံးရောက်မလာခဲ့ပေ။သို့သော်လည်း 


"သူမ ဘယ်လိုလုပ်ပြီးရှုံးနိမ့်သွားရတာလဲ..."


မုချန်၏ မျက်လုံးများပွင့်နေပြီး ပုဖန်ကို ကြည့်နေသည်ဆိုသော်လည်း တွေဝေငေးမောမှုဖြင့်သာ ပြည့်နေလေသည်။ပုဖန်က မုချန်ဘက်သို့ တစ်ချက်စောင်းငှဲ့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။


ထို့နောက် စွပ်ပြုတ်ခပ်သံကြားလိုက်ရသည်။သူစိတ်စွမ်းအင်များကို အသုံးပြုပြီး စွပ်ပြုတ်ပန်းကန်လုံးလေးကို မုချန်ဆီသို့ ဖြေးဖြေးချင်း ပို့လိုက်သည်။သူမ၏ ရှုံးနိမ့်မှုကြောင့် မုချန်၏ မျက်ရည်များ တလိမ့်လိမ့်စီးကျလာသည်။နောက်ဆုံး၌ အပူငွေ့တထောင်းထောင်းထနေသော စွပ်ပြုတ်ပန်းကန်လေးက မုချန်ဆီသ်ို့ ရောက်သွားလေပြီ။


ထို့နောက် မုချန်၏ မျက်ဝန်းအကြည့်များက တည်ငြိမ်သွားပြန်သည်။သူမ၏ အရှုံးကို ဝန်ခံသည်ဆိုသော်လည်း ဘာကြောင့် ဘယ်လို ရှုံးခဲ့ရသည်က်ို သိချင်မိသေးသည်။


ဂလု ဂလု...


ပန်းကန်လုံးကို ကောက်ယူလိုက်ပြီးနောက် နှုတ်ခမ်းပါးလေး၌ တေ့ကာ မော့သောက်လိုက်လေသည်။