အခန်း ၇၈၅
ဖန်ဖန်ဆိုင်ငယ်လေး၏ ဆိုင်ခွဲအသစ်...
ဂလု ဂလု....
ပူပူနွေးနွေး စွပ်ပြုတ်ရည်က မုချန်၏ နှုတ်ခမ်းပါးလေးများနှင့် ထိကပ်သွားသည်။ထိုပူနွေးသည့် ခံစားချက်က သူမ၏ နှာခေါင်းပေါက်များကို ပြန့်ကားသွားစေသည်။
နီညိုရောင်စွပ်ပြုတ်ရည်များ သူမ ပါးစပ်ထဲသို့ စီးဆင်းဝင်လာပြီး လည်ချောင်းတစ်လျှောက် လျှောကျသွားသည်။ချက်ချင်းဆိုသလိုပင် သိပ်သည်းလှသော မွှေးရနံ့များ သူမပါးစပ်အတွင်း၌ ပွင့်လန်းလာလေသည်။
ပါဝင်ပစ္စည်းများ၏ ကောင်းမွန်လှသော အရသာကြောင့် မုချန် တောင့်တင်းသွားသည်။သူမ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။
ဒီစွပ်ပြုတ်က သူမ အသေးစိတ်ကျကျ ပြင်ဆင်ထားသော စွပ်ပြုတ်နှင့် ခြားနားနေလေသည်။ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ အရသာကလည်း ကွဲပြားနေသည်။စွပ်ပြုတ်ထဲတွင် ဒါဇင်ကျော်မျှသော ပါဝင်ပစ္စည်းများ ပါဝင်နေသည်ဆိုသော်လည်း တစ်ခုချင်းစီတိုင်းကို သူမအရသာခံမိပေသည်။
ထိုကဲ့သို့ ကွဲပြားခြားနားသော အရသာများက သူမ၏ ပါးစပ်ထဲတွင် သမမျှတစွာ ရောစပ်သွားသည်။အရသာခံအာရုံလေးများကို နှိုးဆော်ကာ ပျော်ရွှင်သည့် ခံစားချက်များ ပေးစွမ်းလာသည့် အကြောင်းကိုတော့ သူမ နားမလည်နိုင်ပေ။
အရသာခံအာရုံများကို ဖုံးလွှမ်းလာသော ကောင်းမွန်လှသော အရသာက ငြင်းရက်စရာမရှိပေ။စွပ်ပြုတ်ကို ဖြေးညှင်းစွာ မြိုချလိုက်သည်။သူမ၏ မျက်နာလေးက နီရဲလာပြီး အသက်ရှူသံများပင် လေးလံလာသည်။
"အရမ်းကောင်းတယ်..."
မုချန် တီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးက ထိန်းချုပ်မရနိုင်စွာပင် လှုပ်ခါနေပေသည်။သူမ၏ ခြေထောက်များပင် နေရာမှာပင် ကျောက်ချရပ်နေသလို ဖြစ်နေသည်။သူမ ပန်းကန်ကို ချလိုက်ပြီးနောက် ပုဖန်ကို စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
အရသာ၌ ဖြစ်စေ သက်ရောက်မှု၌ ဖြစ်စေ သူမရှုံးနိမ့်သောကြောင့် ဝန်ခံပေသည်။ထိုကဲ့သို့ အရသာမျိုးစုံ ပေါင်းစပ်ထားပြီး လန်းဆန်းသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည့် ဟင်းပွဲကို ပုဖန်မှလွဲ၍ မည်သူမှ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ပုံရိပ်လွှဲပြောင်းအစီအရင်မှ ကြည့်ရှုနေကြသော ပရိတ်သတ်များအားလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေကြသည်။အထူးသဖြင့် ပုဖန်၏ စွပ်ပြုတ်ကို သောက်ပြီးနောက် ဖြစ်သွားသော မုချန်၏ အမူအရာကို မြင်ပြီးသည့် အခ်ျိန်၌ ဖြစ်သည်။
ဒိုင်လူကြီးများအားလုံး၏ အမူအရာက်ို မြင်ပြီးနောက် သူတို့၏ နှလုံးသားများ နစ်မြှုပ်သွားကြသည်။မုချန်အတွက် အခွင့်အရေးမရှိတော့မှန်းသိလိုက်ပေသည်။ပုဖန် တကယ်အနိုင်ရသွားလိုက်သည်။
"ဒါပေါ့..."
နောက်ဆုံးရလဒ်ကို အငြင်းပွားစရာလည်းမရှိပေ။မုချန်က သူရှုံးနိမ့်ကြောင်းကိုလွယ်လွယ်ကူကူပဲ ဝန်ခံလိုက်ပြီဖြစ်သည်။ပုဖန်ခြေတစ်လှမ်းလးနောက်ဆုတ်လိုက်ပြီးနောက် သူ့၏ ဆံပင်ကို ချည်နှောင်ထားသော ကြိုးစကို ဖြေချလိုက်သည်။ချူချန်းရှန်ကလည်း သိုလှောင်အိတ်ထဲမှ အဝတ်တစ်စကို ထုတ်ယူ၍ ဝတ်ဆင်လိုက်ပြီး တည်ငြိမ်သော အကြည့်များဖြင့်ပုဖန်ကို ကြည့်လိုက်သည်။
ချူချန်းရှန်က ဒီနေရာသို့ ဒိုင်လူကြီးလာရောက်လုပ်ဆောင်ကတည်းက သူ့၏ သိုလှောင်အိတ်ထဲတွင် ဝတ်ရုံ အနည်းငယ်ကို သယ်ဆောင်လာခဲ့လေသည်။
ထင်မှတ်မထားစွာပင် ဒီတစ်ကြိမ်၌ သူ့၏ ဘောင်းဘီပါ ဆုတ်ပြဲသွားခဲ့ရသည်။ထို့ကြောင့်ပင် သူ့၏ သိုလှောင်နယ်မြေထဲ၌ ဘောင်းဘီအပိုထည့်မထားမိပေ။
သိုလှောင်အိတ်ထဲမှ နေရာတိုင်းက တန်ဖိုးရှိလှပေသည်။ထို့ကြောင့် သူက အလဟသဖြစ်စေမည့် ပစ္စည်းမျိုး ထည့်ထားလေ့မရှိပေ။ထို့အပြင် ချူချန်းရှန်က သပ်သပ်ရပ်ရပ်ထားရသည်ကို သဘောကျနှစ်သက်ပေသည်။
သူ ဘောင်းဘီမရှိသောကြောင့် အပေါ်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။လေတိုက်လိုက်သည့်အခါတိုင်း ဝတ်ရုံစက လှပ်သွားပြီး အတွင်းခံဝတ်လေးက လှုပ်ခါနေလေသည်။မည်သိုပင်ဆိုစေ ထ်ိုနေရာလေးက တကယ်ကို အေးချမ်းနေပေသည်။
"အခု စားဖိုမှူး စိန်ခေါ်ပွဲရဲ့ အနိုင်ရသူကို ကြေငြာမယ်..."
ချူချန်းရှန် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။သ်ို့သော်လည်း သူ့၏ အသွင်အပြင်ကို မသင့်မလျော်ဖြစ်လေပြီ။ရလဒ်ကို စောင့်မျှော်နေကြသော ပရိတ်သတ်အားလုံးကလည်း ချူချန်းရှန်ဆီသို့ အာရုံစိုက်လိုက်ကြသည်။သဘာဝကျစွာဖြင့် ပုဖန်ကသာအနိုင်ရသူဖြစ်လေပြီ။ထိုနေရာ၌ အားပေးချီးမြောက်မှုများလည်းမရှိ ပျော်ရွှင်စွာ ဟစ်ကြွေးသံများလည်းမရှိပေ။
သူတို့၏ နတ်ဘုရားမလေး မုချန် ရှုံးနိမ့်သွားပြီဖြစ်သောကြောင့် အားလုံး၏မျက်နာထားများက မဲမှောင်နေကာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
"အခု သူတို့ အစားကြူးဘုတ်ပြားပေါ်က စားဖိုမှူးတွေအားလုံး ရှင်းထုတ်ခံလိုက်ရပြီ ဘယ်သူကများ ပုဖန်ကို ရပ်တန့်နိုင်ဦးမလဲ..."
အစားကြူးဘုတ်ပြားပေါ်မှ ထိပ်တန်း စားဖိုမှူးများအားလုံး ရှုံးနိမ့်သွားရခြင်းမှာ အစားကြူးတောင်ကြား၏ ကြီးမားလှစွာသော အရှက်ကွဲမှုပင်ဖြစ်သည်
ရွှစ် ရွှစ် ရွှစ်...
ရုတ်တရက်ပုံရိပ်လွှဲပြောင်း အစီအရင်ကို ကြည့်နေကြသူများအားလုံး လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေကြသည်။ပုံရိပ်လွှဲပြောင်း အစီအရင်မှ တဆင့် မုချန်၏ လက်ထဲမှ သိမ်မွေ့နက်နဲ သီအိုရီဓားကို မြင်လိုက်ကြရသည်။
ထိုဓားက သူမ၏ လက်ဖဝါးထက်တွင် ဝေ့ဝဲ နေပြီးမှ ကခုန်နေသည့်အလား အဝေးသို့ ပျံသန်းသွားလေသည်။ပျံသန်းနေစဉ်အတွင်းလည်း ၎င်း၏ ပုံစံက အဆက်မပြတ်ပြောင်းလဲနေသည်။ပုံစံ တစ်ခုချင်းစီကလည်း အလွန်မိုက်လှသည်။
တကယ်တမ်းပြောရမည်ဆိုလျှင် သိမ်မွေ့နက်နဲ သီအိုရီဓားတစ်ခုလုံးက ဆန်းကြယ်မှုများနှင့်ပြည့်နှက်နေမည်သာဖြစ်သည်။ပုဖန်၏ ခြေထောက်အောက်မှနေ၍ အလင်းရောင်များ စတင်တောက်ပလာသည်။ခဏအကြာတွင် လေထဲ၌ တောက်ပလင်းလက်နေသောသလင်းဓားဗီရိုကို ဖွင့်လိုက်သည်။
ပုဖန်လက်မြောက်လိုက်ပြီး ပျံသန်းလာသော မုချန်၏ သီအိုရီဓားကို ဖမ်းယူလိုက်သည်။သူ့လက်ထဲမှဓားက မှော်လက်နက်တစ်ခုအလား ထင်ရလေသည်။
အတွေးတစ်ချက်ပြောင်းလိုက်ရုံဖြင့် သူ့လက်ထဲမှ ဓားက အော်မြည်သံ တစ်ချက်ထွက်လာပြီးကခုန်နေသလိုမ်ျိုး လှုပ်ရှားသွားကာ သာမန်ဓားပုံစံ အဖြစ်သို့ ပြောင်းလဲသွားသည်။
တကယ်ကို စိတ်ဝင်စားစရာကောင်းလှသည်။ပုဖန်က သဘောကျ အထင်ကြီးစွာဖြင့် ထိုသိမ်မွေ့နက်နဲ သီအိုရီဓားကို သူ့၏ ဓားဗီရိုထဲ ထည့်ထားလိုက်သည်။
သူ့၏ ဓားဗီရိုထဲတွင် အနိုင်ရရှိခဲ့သော ဓားများကို ပြသထားလေသည်။ထိုထဲမှ မည်သည့်ဓားမဆို အစားကြူးတောင်ကြားတွင် မုန်တိုင်းထန်သွားအောင် ပြုလုပ်နိုင်ပေသည်။
သို့သော်လည်းယခုထိုဓားများစွာက ဖုန်တက်သည်အထိ ဓားဗီရိုထဲတွင်သိမ်းဆည်းခံထားရပေတော့မည်။လူများစွာက ထိုဓားများကိုကြည့်ကာ နှလုံးသားများပင် နာကျင်လာသလို ခံစားလိုက်ရသည်။ပုဖန်က ဓားကို သိမ်းဆည်းပြီးနောက် ထ်ိုနေရာမှ လျှောက်ထွက်သွားလိုက်သည်။စားဖိုမှူး စိန်ခေါ်ပွဲက မပြီးဆုံးသေးသောကြောင့် သူ့၏ ယာယီမစ်ရှင်ကလည်း မပြီးမြောက်သေးပေ။ထို့ကြောင့် ပုဖန်တွင် အနားယူစရာအကြောင်းပြချက်မရှိသေးပေ။
ပုဖန် ဒုတိယထပ်မှ ဆင်းလာသည်နှင့် လူများ၏ အကြည့်များက သူ့ဆီသို့ ကျရောက်လာသည်။သူတို့အားလုံးက စိတ်ရှုပ်ထွေးအံ့အားသင့်နေကြသော အကြည့်များဖြင့် ပုဖန်ကို ကြည့်နေကြသည်။
"ဒီကောင်လေးက တကယ်ပဲ ငါတို့ နတ်ဘုရားမ ဇာမဏီ အဆောက်အဦးရဲ့ ပိုင်ရှင် မုချန်ကို အနိုင်ယူလိုက်ပြီ..."
ပုဖန်ကမူ တည်ငြိမ်နေပေသည်။သူက ထိုလူများ၏ အကြည့်ကို စိတ်ထဲမထားပေ။တကယ်တမ်းပြောရမည်ဆိုလျှင်လည်း သူ့လို ယောက်ကျားသားတစ်ယောက်က လူများ၏ အကြည့်ကို ဘာကြောင့် အမှုထားရမည်နည်း။
ပုဖန် လျှောက်လာသည်နှင့် ပရိတ်သတ်များက လမ်းဖယ်ပေးလိုက်ကြသည်။သူ ဇာမဏီအဆောက်အဦးဆီမှ ထွက်လာသည့် အခါ၌ ပိန်ပါးသွယ်လျသော ငရဲကမ္ဘာအမျိုးသမီးနယ်သာရီနှင့် ဝှိုက်တီတို့က သူ့နောက်မှ လ်ိုက်ပါလာကြသည်။
ရှောင်ယနှင့် ပန်းပွင့်လေးတို့ကလည်း လက်ချင်းတွဲ၍ ပုဖန်နောက်သို့ အလျင်အမြန်လိုက်လာသည်။ချူချန်းရှန် သူတို့ကိုကြည့်၍ နှုတ်ခမ်းမဲ့သွားသည်။သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။
အစားကြူးတောင်ကြား၏ အရှင်သခင်အသစ် ပုဖန်နောက်သို့ ပြေးလိုက်သွားသည်ကို ကြည့်ရုံသာကြည့်နေနိုင်သည်။ဇာမဏီအဆောက်အဦး၏ လေထုအခြေအနေက ကပ်သီးကပ်အောင့် အခြေအနေဖြစ်နေသည်။လူများစွာက တိတ်ဆိတ်ငြိမ်သက်နေကြသည်။သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း စကားတစ်ခွန်းမှမဆိုကြပေ။
ချူချန်းရှန်နှင့် တခြားသူများအားလုံးလည်း ထွက်ခွာသွားကြသည်။ယခုစားဖိုမှူး စိန်ခေါ်ပွဲက ပြီးဆုံးသွားပြီဆိုသော်လည်း ပုဖန် မပြီးဆုံးသေးပေ။နောက်ထပ် ယှဉ်ပြိုင်ပွဲအတွက် သူမည်သူ့အား ရွေးချယ်မည်ကိုလည်း မသိကြသေးပေ။စားသောက်ဆိုင်ထဲမှ လူအုပ်ကြီးက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေပြီ။
မုချန်အနေဖြင့် သူမ၏ သိမ်မွေ့နက်နဲ သီအိုရီဓားကို ဆုံးရှုံးလိုက်ရသောကြောင့် အနည်းငယ် ခါးသီးမှုကို ခံစားနေရသည်။သို့သော်လည်း စိတ်မကောင်းရုံကလွဲ၍ ဘာမှမတက်နိုင်ကြောင်းကို သူမသိပေသည်။
ပို၍ ကြိုးစားဖို့လိုအပ်လေသည်။နောင်အနာဂတ်တွင် ပုဖန်နှင့် စားဖိုမှူးစိန်ခေါ်ပွဲ ယှဉ်ပြိုင်ကာ အန်ိုင်ယူပြီးသူမ၏ ဓားကို ပြန်လည်ရယူရပေမည်။အချိန်များတဖြေးဖြေးချင်း ကုန်ဆုံးရွေ့လျားနေသည်။
ရက်အနည်းငယ် ပြန်လည် တည်ဆောက်ပြုပြင်မှုများပြုလုပ်ပြီးနောက် အစားကြူးတောင်ကြား၏ အခြေအနေက တဖြေးဖြေးပြန်လည် ကောင်းမွန်လာသည်။အစားကြူးတောင်ကြားတစ်ခုလုံး တက်ကြွမှုများဖြင့် ပြည့်နေပြီး နေထိုင်သူများအားလုံးကလည်း စိတ်လှုပ်ရှားမှုများဖြင့်ရွှင်လန်းနေကြသည်။
သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုများ၏ အရင်းအမြစ်များကအစားကြူးတောင်ကြား ပြန်လည်ကောင်းမွန်လာခြင်းကြောင့် မဟုတ်ပဲ လူတစ်ယောက်ကြောင့်သာဖြစ်လေသည်။
ဆန်းကြယ်မှုများကို ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်။ထိုလူက အစားကြူးဘုတ်ပြားပေါ်မှ ထိပ်ဆုံးစားဖိုမှူး၉ယောက်ကို ဆက်တိုက် အနိုင်ယူခဲ့လေပြီ။ထိုအချက်က အစားကြူးတောင်ကြားတစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားစေသည်။
ထိုသို့သော အခြေအနေမျိုးကို မည်သူမှ တွေးကြည့်၍ပင် မရပေ။စားဖိုမှူး စိန်ခေါ်ပွဲတစ်ခု ကျင်းပလိုက်လျှင် မည်သည့် စားဖိုမှူးအတွက်မဆို သူတို့၏ စိတ်စွမ်းအင်များခမ်းခြောက်သွားမည်သာဖြစ်သည်။
သို့သော်လည်း ဒီလူငယ်လေးကမူ ရက်အနည်းငယ်အတွင်း စားဖိုမှူး အများစုကို ကန်ထုတ်ခဲ့ပြီးလေပြီ။ယခုအချိန်၌ ပထမအဆင့် စားဖိုမှူး လျိုကျားလီ တစ်ယောက်တည်းသာကျန်ရှိတော့သည်
အကယ်၍ လျိုကျားလီသာရှုံးနိမ့်သွားခဲ့လျှင် ထိုအဓိပ္ပါယ်က ပုဖန်သည် အစားကြူးတောင်ကြားတစ်ခုလုံးကို ရှင်းလင်းလိုက်ပြီဟု ဆိုနိုင်ပေသည်။တစ်ယောက်ယောက်က အစားကြူးတောင်ကြား၏ အချက်အပြုတ်စွမ်းရည်များကို ကိုယ်စားပြု ပြသနိုင်လျှင် အစားကြူးတောင်ကြား၏ ထိပ်သီး စားဖိုမှူးတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
ထိပ်တန်းစားဖိုမှူး၁၀ယောက်က ထိုကဲ့သို့ မလုပ်နိုင်ခဲ့လေရာမည်သူကများ လုပ်နိုင်ဦးမည်နည်း။ထို့အပြင် ဒီရက်ပိုင်းအတွင်း၌ အစားကြူးတောင်ကြားထဲတွင် ထူးထူးဆန်းဆန်း တစ်စုံတစ်ရာဖြစ်ပွားသွားခဲ့သေးသည်။
အစားကြူးတောင်ကြားက သူတို့၏ တောင်ကြား သခင် အသစ်ကို ထပ်မံ ဆုံးဖြတ်ကြပြန်သည်။ယခင်တောင်ကြားငခင် ပျောက်ဆုံးသွားခဲ့သည်မှာဆယ်စုနှစ်တစ်ခု ရှိလေပြီ။ထိုအချိန်မှစ၍ တောင်ကြား၏ အခြေအနေက ဆုတ်ယုတ်လာပြီး ပြန်လည် တိုးတက်ကောင်းမွန်လာခြင်းမရှိပေ။
တောင်ကြားသခင်မရှိလျှင် တောင်ကြား၏ ထောက်တ်ိုင်လည်းမရှ်ိပေ။အစားကြူးတောင်ကြားတစ်ခုလုံးက ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရသည်။ချူချန်းရှန်က ထ်ိုအခြေအနေကို ကိုင်တွယ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း သူက တောင်ကြားသခင်မဟုတ်ပဲ အကြီးအကဲတစ်ယောက်မျှသာဖြစ်သည်။
အထူးသဖြင့် အရေးတကြီး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်တာများအတွက် သူမတက်နိုင်သော ကိစ္စရပ်များရှိပေသည်။ဒီတစ်ကြိမ်၌ တောင်ကြားသခင်ကို ရွေးချယ်လိုက်ပြီဖြစ်သောကြောင့် အားလုံး စိတ်လှုပ်ရှားနေကြသည်။၎င်းက တောင်ကြားတစ်ခုလုံး ထက်သန်မှုများဖြင့် ပြည့်နေရသော အကြောင်းအရင်းလည်းဖြစ်သည်။
မှန်ပေသည်။ဒီတစ်ကြိမ်ရွေးချယ်လိုက်သည့် တောင်ကြားသခင်က ဆယ်နှစ်အရွယ်ကလေးမလေးသာ ဖြစ်သည်။သို့သော်လည်း မည်သို့ပင်ဖြစ်စေ တောင်ကြားတွင် အရှင်သခင် ရှိလာပြီသာဖြစ်သည်။ယခုသူတို့ကို ခေါင်းခဲစေသောအရာမှာ တောင်ကြားအရှင်သခင်အသစ်က တောင်ကြားထဲတွင် အသစ်ဖွင့်လှစ်ထားသောစားသောက်ဆိုင်သို့ သွားရောက်လည်ပတ်ရခြင်းကို အမှန်တကယ်နှစ်သက်နေခြင်းကြောင့် ဖြစ်သည်။
အကြီးအကဲ ချူချန်းရန်ပင် လျှင် သူမကို မတားဆီးနိုင်ပေ။အစားကြူးဘုတ်ပြားပေါ်ရှိ စားဖိုမှူးများကို အနိုင်ယူခဲ့သောစားဖိုမှူးလေးက တောင်ကြားထဲတွင် ဆိုင်ခွဲအသစ်ဖွင့်ထားသောကြောင့် ဖြစ်သည်။
လူအများက ထိုဆိုင်ကို အလွနိစိတ်ဝင်စားနေကြသည်။စားသောက်ဆိုင် လုပ်ငန်းက မစတင်သေးသော်လည်း လူအများကို ဆွဲဆောင်ထားပြီဖြစ်သည်။
ဒါပေါ့...
သူတို အာရုံကို ဖမ်းစားနိုင်ဆုံးက ပုဖန်နှင့် လျိုကျားလီတို့ကြားက လာမည့် စားဖ်ိုမှူးစိန်ခေါ်ပွဲသာဖြစ်သည်။အစားကြူးနတ်ဘုရားမြို့တော်၏ မိုင်ပေါင်းများစွာရှည်လျားသောလမ်းမထက်တွင် စားသောက်ဆိုင်တစ်ဆိုင်သည် ပိတ်ထားသော တံခါးရွက်များကို ဖွင့်လှစ်လာလေသည်။
စားသောက်ဆိုင်ထဲမှ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လူတစ်ယောက်ထွက်လာသည်။ပုဖန်က နီရောင်စားဖိုမှူးဝတ်စုံက်ိုဝတ်ဆင်ထားပြီး သူ့၏ အင်္ကျီ လက်များကိုလိပ်တင်ထားသောကြောင့် ဖြူဖွေးသော လက်မောင်းသားများကိုပေါ်လွင်နေစေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီးနောက် သူ့၏ စားသောက်ဆိုင်အသစ်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ဆိုင်ရှေ့တွင် လက်ပိုက်ရပ်ရင်းသူ့၏ စားသောက်ဆိုင်အသစ်အား အကဲဖြတ်ကြည့်ရှုနေသည်။
စနစ်၏ အလှဆင်ခြင်းပြုပြင်မှုများ ပြီးဆုံးသွားသည့်အခါတွင် ပုဖန်၏ ခေါင်းထဲ၌စနစ်၏လေးနက်သောအသံ ထွက်ပေါ်လာလေသည်။
"ဖန်ဖန်ဆိုင်ငယ်လေး၏ ဆိုင်ခွဲအသစ်တစ်ခုကို အစားကြူးတောင်ကြားထဲတွင် တည်ထောင်ပြီးပါပြီ ပိုင်ရှင် နာမည်သစ်တစ်ခု ရွေးချယ်ပါ...သင့်၏ နောက်ဆုံး စားဖ်ိုမှူးစိန်ခေါ်ပွဲ ပြီးဆုံးသွားလျှင် စီးပွားရေးလုပ်ငန်းကို စတင်နိုင်ပါပြီ...ပထမဆုံး နေ့၌ စားသုံးသူတစ်ထောင်ရရှိနိုင်ခဲ့လျှင် အပိုဆု ချီးမြင့်မည်ဖြစ်ပါသည်..."
ပုဖန်ပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။
"ဆိုင်ဖွင့်ဖွင့်ချင်းမှာ စားသုံးသူတစ်ထောင် ဒါက စိန်ခေါ်မှုကြီးပဲ ဒါပေမယ့်လည်း ငါစောင့်မျှော်နေပါတယ်..."
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးတီးတိုးရေရွတ်လိုက်သည်။တိုက်ခတ်လာသော လေပြေလေညှင်းများကြောင့် သူ့၏နီရောင် စားဖိုမှူးဝတ်စုံက လွင့်ခါနေသည်။
"အစားကြူးတောင်ကြားထဲမှာ ဖွင့်တဲ့ ဒီဆိုင်ခွဲအသစ်ကို ထောင်တျဲ စားသောက်ဆိုင်လို့ ခေါ်သင့်တယ်..."