အခန်း ၇၈၆
အစားကြူးတောင်ကြားထဲမှ နေ့စဉ်ဘဝ...
ထောင်တျဲ စားသောက်ဆိုင်...၎င်းက အစားကြူးတောင်ကြားထဲမှ ဆိုင်ခွဲအသစ်၏ နာမည်ဖြစ်သည်။ပုဖန်က နာမည်စဉ်းစားရန် အလွန်ပျင်းရိနေပေသည်။မည်သို့ပင်ဆိုစေ အစားကြူးတောင်ကြားထဲတွင် ထောင်တျဲစားသောက်ဆိုင်ဟုလည်း မည်သူမှ မှည့်ခေါ်ရမဲမယ့်သူ ရှိလာလိမ့်မည်မဟုတ်ပေ။
မည်သူမှ မလုပ်ရဲသော်လည်း ပုဖန်က မလုပ်ရဲဟု မဆိုလိုပေ။ပုဖန် သူ့၏ လက်မောင်းမှ လက်ပတ်ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
"ကောင်းပြီ ငါ့မှာ ထောင်တျဲဝိညာဉ် လက်ပတ်လည်းရှိနေတယ်ဆိုတော့ ထောင်တျဲ စားသောက်ဆိုင်လို့ပဲ ခေါ်လိုက်မယ် ဘယ်သူက ငါ့ကို လာပြောရဲမှာလဲ..."
လက်နှစ်ဘက်ကိုနောက်ပစ်၍ ရပ်နေသည်။သူ့၏ နီရောင်စားဖိုမှူး ဝတ်စုံက တဖျတ်ဖျတ်လွင့်ခါနေ၏။မနက်ခင်းနေရောင်ခြည်နုနုက သူ့အပေါ်သို့ ဖြာကျနေပြီး သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်မျိုးပေးစွမ်းနေလေသည်။
အပူချိန်က အလွန်ပင် နိမ့်ကျနေသည်။မကြာခင်ရောက်ရှိလာတော့မည့် ဆောင်းရာသီကိုကြိုဆိုနေသော ဆောင်းဦးရာသီဖြစ်၏။တ်ိုက်ခတ်လာသော လေများက အေးစက်လှသော လေထုနှင့် သစ်ရွက်ခြောက်တို့ကို သယ်ဆောင်လာလေသည်။
ပုဖန် သူ့၏ ထောင်တျဲစားသောက်ဆိုင်ကို ကြည့်နေလိုက်သည်။ထို့နောက်မေးစေ့ကို ပွတ်သပ်ရင်း ပထမဆုံးနေ့တွင် စားသုံးသူ တစ်ထောင်ရရန်က မလွယ်ကူသည့်အကြောင်းကို တွေးတောနေမိသည်။
ထောင်တျဲ စားသောက်ဆိုင်၏ ဂုဏ်သတင်းကို မြှင့်တင်ရမည့် နည်းလမ်းမျိုးကို စဉ်းစားရန်လိုအပ်ပေသည်။သို့သော်လည်း မည်သို့ ဖြေရှင်းရမည်ကို မသိသေးပေ။
သူပုဖန်က အစားကြူးဘုတ်ပြား၏ စားဖိုမှူးများကို လှဲသိပ်နိုင်ခဲ့သောကြောင့် အတော်အသင့် ကျော်ကြားနေပေပြီ။၎င်းက စားသုံးသူ အများအပြားကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ပုဖန် သူ့၏ ဆံပင်များကို ပွတ်သပ်ရင်း ပျင်းရိစွာဖြင့် ထပ်မံ တွေးတောနေလေသည်။
သူ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်လိုက်သည်။ဆိုင်အသစ်၏ အပြင်အဆင် အခင်းအကျင်းကို ကြည့်ရှုချင်နေပေပြီ။သူ့၏ စားသောက်ဆိုင်က အစားကြူးနတ်ဘုရား အဆောက်အဦးနှင့် မိုင်အနည်းငယ်ကွာဝေးသည်။၎င်းက ရှည်လျားလှသော လမ်းမကြီး၏ အလယ်တွင်ရှိနေလေသည်။
သူ့စားသောက်ဆိုင်၏ ပတ်လည်တွင်လည်း ဆိုင်ပေါင်းများစွာရှိနေသည်။သူနှင့် မျက်နာချင်းဆိုင် သိပ်မကွာဝေးသော နေရာတွင် မုချန်၏ ဇာမဏီအဆောက်အဦးရှိ၏။ နေပူဆာလှုံရန် စားသောက်ဆိုင်၏ တံခါးဝမှ ထွက်လိုက်သည်နှင့် ဇာမဏီ အဆောက်အဦး၏ ဝရန်တာကို မှီရပ်နေသော မုချန်ကို တွေ့နိုင်ပေသည်။
သိပ်မကွာဝေးသော နေရာတွင် ဝမ်ရမ်ရှန်၏ စားသောက်ဆိုင်လည်းရှိသည်။ပိုင်ရှင်က ပေါ့ပေါ့ပါးပါးဖြစ်သလို စားသောက်ဆိုင်ကလည်း သာမန် ပေါ့ပေါ့ပါးပါးသာဖြစ်သည်။စားသုံးသူများကပါ ထိုနည်း၎င်းဖြစ်၏။
ဝမ်ရမ်ရှန်၏ စားသောက်ဆိုင်က ဇာမဏီအဆောက်အဦးနှင့် ယှဉ်လိုက်လျှင် စားသုံးသူ နည်းပေသည်။သို့သော်လည်း သစ္စာရှိသော ပုံမှန်စားသုံးသူများရှိနေသေး၏။မည်သို့ပင်ဆိုစေ ဝမ်ရမ်ရှန်ဆိုသည်ကလည်း ကျော်ကြားသောပထမအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်လေသည်။
ပုဖန်သိသော လူများ ပတ်လည်ဝိုင်းရံနေ၏။ထိုအခြေအနေမျိုးတွင် ဒီနေရာ၌ စားသောက်ဆိုင်ဖွင့်ရခြင်းက ယှဉ်ပြိုင်မှု ကြီးမားလှပေသည်။ဒီနှစ်က သူ့အတွက် အမှန်တကယ်ခက်ခဲသော စစ်ဆေးမှု တစ်ခုချမှတ်ပေးခဲ့ခြင်းပင်ဖြစ်သည်။
ဤကဲ့သို့ စားသောက်ဆိုင်များ များပြားလှသည့် လမ်းမထက်တွင်ပွဲဦးထွက်ရခြင်းက နာမည်ကောင်းရဖို့ မလွယ်ကူပေ။အဘယ်ကြောင့်ဆိုသော် ဒီလမ်းမထက်ရှိ စားသောက်ဆိုင်တစ်ခုချင်းစီတွင် သူတို့၏ ကိုယ်ပိုင်အထူးအရည်အချင်းများရှိပြီး ကျော်ကြားသော စားဖိုမှူးများ စီမံနေခြင်းဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ် စားသောက်ဆိုင် ဖွင့်ရခြင်းက ပုဖန်အတွက် အခက်အခဲမရှိပေ။သူက အစားကြူးတောင်ကြားကို များစွာ အက်ျိုးကျေးဇူးပြုသွားသောကြောင့် ချူချန်းရှန် ပေးသည့် စားသောက်ဆိုင်ကိုလည်း ငြင်းပယ်စရာအကြောင်းမရှိပေ။
တိုက်ဆိုင်စွာပင် နံပတ်၁ စားဖိုမှူးဖြစ်သော ရန်ယုသည် အစားပုပ်မြို့တော်ထဲတွင် စားသောက်ဆိုင်များစွကို ပိုင်ဆိုင်ထားခဲ့သည်။ပုဖန်၏ ဆိုင်ခွဲအသစ်ကလည်း သူ့ပိုင်ဆိုင်မှုထဲမှ တစ်ခုသာဖြစ်သည်။
ပုဖန်က ထိုစားသောက်ဆိုင်ကို လက်ခံရယူပြီးသည်နှင့် သူ့၏ ဆိုင်ခွဲသစ်အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။စားသောက်ဆိုင်ထဲသို့ ဝင်ရောက် စစ်ဆေးလိုက်သည်နှင့်နွေးထွေးသည့် လေထုက သူ့ကို စီးကြိုနှုတ်ဆတ်လာလေသည်။၎င်း၏ အပြင်အဆင်က ဖန်ဖန်ဆိုင်ငယ်လေးနှင့် ဆင်တူနေပေသည်။
ပြောရမည်ဆိုလျှင် တိမ်ခိုးစားသောက်ဆိုင်၏ အပြင်အဆင်နှင့် ပစ္စည်းအသုံးအဆောင်များကလည်း ဖန်ဖန်ဆိုင်ငယ်လေးနှင့် တူသည်သာဖြစ်သည်။၎င်းက စနစ်၏ ပုံစံပင်ဖြစ်သည်။
ရိုးရှင်းပြီး လန်းဆန်းစေသည်။ဒီနေရာတွင် မည်သည့် အရှုပ်အထွေးမှ ရှိမနေပေ။ပုဖန်၏ မျက်နာတွင် ကျေနပ်မှု အထင်းသားပေါ်လွင်နေသည်။သူ့၏ စားသောက်ဆိုင်က တကယ်ကို သက်တောင့်သက်သာရှိလှသည်။
ပုဖန်က လက်ချောင်းကလေးများဖြင့် စားပွဲခုံကို သပ်လိုက်သည်။ထိုနေရာတွင် ဖုန်မှုန့် တစ်စက်မှ တင်ကျန်မနေပေ။စားပွဲကို ထ်ိလ်ိုက်ရာမှ ခံစားမိလိုက်သော စိတ်ခံစားမှုက ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးသွားစေသည်။
ဆိုင်ထဲခပ်လှမ်းလှမ်းတွင် ရှိနေသော သိမြင်မှု သစ်သီးပင်ကလည်း တိမ်ခိုးစားသောက်ဆိုင်ကအတိုင်း အတိအကျတူနေပေသည်။ထူထပ်သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအားများက သိမြင်မှု သစ်သီးပင်၏ ဘေးပတ်လည်တွင် ပျံဝဲနေသည်။
၎င်းကိုကြည့်ရသည်မှာ အလွန်ပင် စွမ်းအားပြင်းလှပြီး ကြောက်စရာကောင်းလှသည်။ထိုသစ်ပင်အောက်တွင် ခွေးနက်ကြီးတစ်ကောင်က တခေါခေါဟောက်ရင်း အိပ်ပျော်နေလေသည်။၎င်း အသက်တစ်ချက်ရှုထုတ်လိုက်တိုင်း သစ်ရွက်လေးများ လှုပ်ယမ်းသွား၏။
၎င်းခွေးနက်ကြီး၏ ဘေး၌ ရှေးဟောင်းပုံစွ အနက်ရောင် ငရဲကမ္ဘာသင်္ဘောရှိနေသည်။ထိုသင်္ဘောက တိတ်ဆိတ်စွာ ကျောက်ချရပ်နားထားသည်။၎င်း၏ ပုံစံမှာ အလွန်ပင် ဆန်းကြယ်ပြီး ရှေးကျလှသည်။
ထိုအရာက ရင်းနီးနေသော မြင်ကွင်းနှင့် ရင်းနီးနေသော အငွေ့အသက်များပင်ဖြစ်လေသည်။စားသောက်ဆိုင်ငယ်လေး၏ ဖွဲ့စည်းပြင်ဆင်မှု ပုံစံက လူများကို ရင်းနီးကျွမ်းဝင်သော ခံစားချက်မျိုးပေးစွမ်းလေသည်။
ပုဖန် စိတ်ကျနပ်စွာဖြင့် သက်ပြင်းအသာချလိုက်သည် ။ထို့နောက် ခုံတစ်ခုံကို ဆွဲယူ၍ အပေါက်ဝနားတွင် ချထားခါ မှီထိုင်လိုက်သည်။မျက်ဝန်းများမှေးစင်း၍ လမ်းမပေါ်တွင် ဖြတ်သွားဖြတ်လာ လုပ်နေကြသော သူများကို ကြည့်ရှုနေပေသည်။သူက အချိန်ယူ၍ ပတ်ဝန်းကျင်ရှိ အရာရာကိုလည်း စူးစမ်းကြည့်နေသည်။
သူနှင့် အလှမ်းကွာသောနေရာတွင် နူးညံ့သိမ်မွေ့လှသော ပုံရိပ်လေးနှစ်ခု ပြေးလွှားနေလေသည်။ပုဖန် မျက်ဝန်းအနည်းငယ်ဖွင့်လိုက်ပြီး ထိုနေရာသို့ သေချာစွာ ကြည့်လိုက်သည်။ထို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်လေးနှစ်ခုက ရင်းနီးကျွမ်းဝင်နေသော ရှောင်ယနှင့် ပန်းပွင့်လေးတို့ ဖြစ်၏။ပုဖန် ထိုနှစ်ယောက်ကို မြင်လိုက်သည်နှင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏ မျက်ဝန်းများ ပြန်လည် မှေးစင်းလိုက်ပြီး နောက်ဆုံး စားဖိုမှူး စိန်ခေါ်ပွဲ၌ မည်သည့် ဟင်းလျာချက်ပြုတ်ရမည်ကို တွေးတောနေလိုက်သည်။
ထို့အပြင် ပထမဆုံး ဆိုင်ဖွင့်သည့်နေ့၌ စားသုံးသူတစ်ထောင်ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို တွေးနေမိသည်။ရှောင်ယနှင့် ပန်းပွင့်လေးတို့က စားသောက်ဆိုင်သို့ ရောက်လာကြသည်။၎င်းက သူတို့အတွက် ပုံမှန်လိုပင်ဖြစ်နေသည်။
ရှောင်ယက ခုံတစ်ခုံကို အမြန်ဆွဲယူလိုက်ပြီး ပုဖန်၏ ဘေးနားတွင်ချကာ ဝင်ထိုင်လိုက်သည်။ထို့နောက် ပုဖန်၏ ပုံစံအတိုင်း ခြေထောက်များကို ဆန့်တန်း၍ မျက်ဝန်းများမှေးစင်း၍ မှီထိုင်လိုက်သည်။
ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံး မြွေဖြစ်သော ပန်းပွင့်လေးကမူ ခွေးဘုရင်၏ နားသို့ ပြေးသွားလိုက်ပြီး တင်ပျဉ်ခွေကာ ထိုင်ချလိုက်သည်။ထို့နောက် သူမ၏ မျက်ဝန်းများကို မှိတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့်အသက်စွမ်းအင်များကို ရှုရှိုက်သွင်းလိုက်သည်။
နယ်သာရီက ငရဲကမ္ဘာသင်္ဘောမှနေ၍ ခေါင်းထုတ်၍ ကြည့်လိုက်သည်။သူမ ခွေးဘုရင်နှင့် ပန်းပွင့်လေးတို့ကို မြင်ပြီးနောက် အေးစက်လှသောမျက်နာပေါ်တွင် ကို့ယို့ကားယားအမူအရာတစ်ခု ပေါ်လာသည်။ထို့နောက် ငရဲကမ္ဘာသင်္ဘောထဲ ပြန်ဝင်ကု အိပ်စက်လိုက်လေသည်။
ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ငရဲဘုရင်အာဟက အဝေးမှနေ၍ ပြေးလာလေသည်။ဆိုင်အပေါက်ဝတွင် ထိုင်နေသော ပုဖန်ကို မြင်လိုက်သည့်ခဏ၌ သူ့၏ မျက်ဝန်းများ တောက်ပသွားသည်။သူ ပုဖန်ဆီ အလျင်အမြန်မြန်ရောက်ရန်အတွက် ပ်ို၍ မြန်မြန်ပြေးလာလေသည်။
"ပုဖန်ကောင်လေး ငါတို့ သဘောတူထားတဲ့ အစပ်ချောင်းက ဘယ်မှာလဲ..."
သူက မေးလိုက်ရင်းဖြင့် ပုဖန်၏ နောက်ကျောကိုလည်း စူးစမ်းလိုက်သည်။ပုဖန် ငရဲဘုရင်က်ို မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်ပြီး အသံသေဖြင့်ပြောလိုက်သည်။
"အစပ်ချောင်းဟုတ်လား စားသောက်ဆိုင်ပြီးတဲ့ထိ စောင့်ဦး..."
"ဒီနေ့ ပြီးသွားပြီပဲ မဟုတ်ဘူးလား ..."
ငရဲဘုရင်က စားသောက်ဆ်ိုင်ကို လက်ညှိုးညွှန်ပြရင်း မျက်လုံးများ လှန်ပြလိုက်သည်။
"မီးဖိုခန်းက အခုမှ ပြင်ဆင်ပြီးတာ လေဝင်လေထွက်ကောင်းအောင် စောင့်ရဦးမယ်..."
"ဘာပဲဖြစ်ဖြစ် ဒါက အစပ်ချောင်းလေးပဲ မဟုတ်ဘူးလား...လူငယ်တွေဆ်ိုတာသက်တောင့် သက်သာပဲနေသင့်တယ်..."
ပုဖန်က သန်းဝေရင်း ပြောလိုက်သည်။ဆိုင်နှင့် ခပ်လှမ်းလှမ်းတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ခရမ်းရောင်ဆံပင်များကလည်း လေထဲတွင် လွင့်ဝဲနေ၏။
"အကိုကြီးဟ နောက်ဆုံးတော့ နင့်ကို ရှာတွေ့ပြီ...ဘာလို့ ကျွန်မကို ရှောင်နေတာလဲ..."
လမ်းကြားလေးတစ်ခုအတွင်းမှ ထွက်လာသော ဇီယွင်က အာဟကို လှမ်းမြင်လိုက်သည်နှင့် မျက်ဝန်းများတောက်ပလင်းလက်သွားလေသည်။သူမက စိတ်လှုပ်ရှားစွာဖြင့် လက်ကိုဝှေ့ယမ်းပြရင်း အာဟဆီသို့ ပြေးလာလေသည်။
"အိုး...ဒီနေ့ခေတ် လူငယ်တွေကတော့ အရမ်းကို ကြောက်ဖို့ကောင်းတာပဲ..."
ငရဲဘုရင်က သူ့ဆီပြေးလာနေသောသူသည် သူ့ကို ကပ်လ်ိုကပ်နေသောသူ ဖြစ်ကြောင်း သတိပြုမိလိုက်ပြီးနောက် သူ့၏ မျက်နာက ချက်ချင်း ဖြူဖျော့သွားလေသည်။
"ကောင်စုတ်လေး ပုဖန် ငါတို့ အခုပြောလို့ပြီးသွားပြီ ဒီဘုရင်က မနက်ဖြန်ကျမှ ပြန်လာတော့မယ်...မင်းငါ့အတွက် အစပ်ချောင်း ပြင်ဆင်ထားပေးရမယ်နော်...ကောင်းပြီ ငါအခုတော့ စကားထပ်မပြောတော့ဘူး ...ဒီနေ့ခေတ်လူငယ်တွေက အရမ်းပဲ အလွန်အကြူးလုပ်ဆောင် လွန်းတယ် ..."
ငရဲဘုရင်က ပုဖန်ကို သတ်ိထပ်ပေးလိုက်ပြီးနော် ချာခနဲလှည့်ကာအဝေးသို့ထွက်ပြေးလေတော့သည်။ဇီယွင်က ပုဖန်ကို ဖြတ်ကျော်သွားသည်သူမဆိုင်ပေါက်ဝတွင် လဲလျောင်းနေသောပုဖန်ကို မြင်လိုက်သည့်ခဏ၌ အပြုံးဖြင့် နှုတ်ဆတ်လိုက်သေးသည်။
"ကောင်းသော နေ့ပါ ပိုင်ရှင်ပု..."
ပုဖန် ခေါင်းညိတ်ပြလိုက်၏။ပြီးသည်နှင့် ဇီယွင်က အကိုကြီးဟ ဟု အော်ခေါ်ရင်း ပျံသန်းနေသည့် အလားပြေးသွားလေသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။
"ဒီနေ့ခေတ်လူငယ်တွေကတော့..."
အစားကြူးတောင်ကြား၏ အပြင်ဘက် ...ဒါဇင်ခန့်ရှိသော လူစုတစ်စုရှိနေ၏။နတ်လှေငယ်ကို စီးဆင်းလာသော ထိုလူများက အစားကြူးတောင်ကြား၏ ရှေ့တွင် ဆင်းသက်လိုက်ကြသည်။
ထိုလူစု၏ ခေါင်းဆောင်က အနက်ရောင်လေးတစ်လက်ကို သယ်ဆောင်ထားသော လူတစ်ယောက်ဖြစ်သည်။သူ့၏ မျက်ဝန်းများက ရက်စက်ခတ်ထန်လှ၏။သူ့၏ ကိုယ်ပေါ်တွင် စိတ်ဝိညာဉ် စွမ်းအင်အမြောက်အများထုတ်လွင့်နေသော စိတ်ဝိညာဉ် သင်္ကေတများစွာရှိနေသည်။
အစားကြူးတောင်ကြား... ပြဿနာနယ်မြေ...
အနက်ရောင်လေးကို က်ိုင်ဆောင်ထားသောထိုလူက အေးစက်စွာ ကြည့်ပြီးနောက် ခဏအကြာတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။အစားကြူးတောင်ကြား၏ အမွေအနှစ်များ ထွက်ပေါ်သည့် သတင်းက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးတစ်ခုလုံးကို ပြန့်နှံ့သွားပြီးသားဖြစ်သည်။ထို့အပြင် ကောင်းကင်ဘုံလျှို့ဝှက် သန့်စင်နယ်မြေမှ မိုလျိုကျီကလည်း ဒီတောင်ကြားထဲတွင် နေထိုင်နေသည်ကို လူတစ်ချို့ သိထားကြပေသည်။
အလင်းယိမ်းသန့်စင်နယ်မြေမှ ကြီးမြတ်သောတန်ခိုးအဆင့် ပညာရှင်သုံးယောက်လည်း ဒီနေရာတွင်သတ်ခံခဲ့ရသည်။ထို့ကြောင့် အစားကြူးတောင်ကြားကို ပြဿနာနယ်မြေဟု ခေါ်ဆိုသည်က မလွန်ပေ။
မိုလျိုကျီကလည်း မည်သည့် အကြောင်းပြချက်မှမရှိပဲ ဒီနေရာမှ ထွက်ခွာမသွားသေးပေ။တကယ်တမ်းတွင် အစားကြူးတောင်ကြား၏ အမွေခံက ပေါ်ထွက်လာပြီဖြစ်သောကြောင့် ဒီနေရာတွင် လူများကို ဆွဲဆောင်နိုင်သည့်အရာ မရှိတော့ပေ။
သန့်စင်နယ်မြေများမှ လူများစွာက ပြန်လည် ဆုတ်ခွာသွားကြပြီဖြစ်သော်လည်းမိုလျိုကျီက ဒီနေရာတွင် ရှိနေသေးသည်။
"ဘယ်သူမှ မသိသေးတဲ့ လျို့ဝှက်ချက်တွေများ ရှိနေသေးတာလား..."
ထိုလူက မျက်ဝန်းများကို မှေးကျင်းလိုက်သည်။သူရှုထုတ်လိုက်သော အဖြူရောင်အခိုးအငွေ့များက နဂါးတစ်ကောင်ကဲ့သို့ သူ့၏ ဘေးပတ်လည်တွင် ဝေ့ဝဲနေလေသည်။သို့သော်လည်း ယန်ချန်းက ဒီနေရာကို မိုလျိုကျီကြောင့် လာခြင်းမဟုတ်ပေ။ရှေးယောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏ အကြီးအကဲနှင့် သဘောတူညီချက်အရ ရန်ယု၏ သေဆုံးခြင်းကို စစ်ဆေးဖို့ ရောက်လာခြင်းဖြစ်သည်။
ထို့အပြင် မြင့်မြတ်သူတော်စင်၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့သော ငရဲကမ္ဘာသက်ရှိအကြောင်း စုံစမ်းရန်လည်း ဖြစ်သည်။
မြင့်မြတ်သူတော်စင်က သူ့ကို စုံစမ်းစစ်ဆေးရန်သာ စေလွှတ်လိုက်ခြင်းဖြစ်သည်။သို့သော်လည်း သူယန်ချန်းအနေဖြင့် သူ့၏ ညီအကို ရန်ယု၏ သေဆုံးမှုအား မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါမည်နည်း။မှန်ပေသည် သူက လက်စားချေပေမည်။
"ငါတို့ရဲ့ ယန်မိသားစုဝင်ကို သတ်လိုက်တယ်ပေါ့...ဒါပေါ့ သွေးကြွေးပြန်ဆပ်ရမှာပေါ့ ဒီ အစားကြူးတောင်ကြားမှာ နတ်ဘုရားစိတ်ဝိညာဉ် အာရုံနယ်ပယ်ကို ခြေလှမ်းတစ်ဝက်လှမ်းထားပြီးတဲ့ ပညာရှင်မ်ျိုးတောင်မရှိဘူး...အဲ့ဒီတော့ ငါယန်ချန်းကို ဘယ်လိုများ တားဆီးကြမလဲ..."
ယန်ချန်းက သူ့နောက်ကျောမှ အနက်ရောင်လေးကို ယူလိုက်သည်။သူ့၏ မျက်ဝန်းများကလည်း ပတ်ပတ်လည်ရှိ လေဟာနယ်ကို ထ်ိုးဖောက်သွားတော့မတက် စူးရှနေလေသည်။