အပိုင်း ၇၈၇
Viewers 62k

အခန်း ၇၈၇

ဒီအမျိုးသမီးက မုချန်မဟုတ်ဘူး...


ဇာမဏီအဆောက်အဦးတွင် ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်နေလေသည်။မုချန်က ပုဖန်ကို ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း သူမ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ထိခိုက်ခြင်းမရှိပေ။


ဒါပေါ့...


ရှင်းရှင်းလင်းလင်းပြောရလျှင် အနည်းငယ် သက်ရောက်မှုရှိသော်လည်း ၎င်းက စားသောက်ဆိုင်ကို မထိခိုက်ပေ။ပုံမှန်ဆိုလျှင် မုချန်က ပျော်ပျော်ရွှင်ရွှင်နှင့် ပေါ့ပေါ့ပါးပါးနေတက်သော စရိုက်ရှိသည်။သို့သော်လည်း သူမ၏ သိမ်မွေ့နက်နဲ သီအိုရီဓားကို ဆုံးရှုံးလိုက်ရပြီးနောက် ချက်ပြုတ်ရာတွင် ပျော်ရွှင်မှု အနည်းငယ်ပျောက်ဆုံးနေလေသည်။


စားဖိုမှူးစိန်ခေါ်ပွဲမှ ရှုံးနိမ့်ခြင်း အတွေ့အကြုံကို ခံစားရပြီးနောက် သူမ၏ အားနည်းချက်များကို ပြန်လည် ရှာဖွေနေမိသည်။မည်သို့ပင်ဖြစ်စေ သူမ ပုဖန်ကို အနိုင်ယူပြီး သီအိုရီဓားကို ပြန်လည်ဆောင်ယူချင်ပေသည်။


ထို့ကြောင့် သူမ အသုံးပြုခဲ့သော စိတ်စွမ်းအင်ဖြည့် ပါဝင်ပစ္စည်းများကို ထိန်းချုပ်ချက်ပြုတ်ခြင်းနည်းလမ်းကို ပြောင်းလဲပစ်လိုက်သည်။ထိုအခါတွင် သူမက အလွန်ပင် အသေးစိတ်ကျကျဖြင့် စိတ်စွမ်းအင်များနှင့် အရသာများ ပေါင်းစပ်မှုကြားကို ပိုမို ဂရုစ်ိုက်လာသည်။


သူမက တစ်ကြိမ်လျှင် တစ်လှမ်းနှုန်းဖြင့်သာ လျှောက်လှမ်းနေခြင်းဖြစ်၏။သို့သော်လည်း ပုဖန်ကပင် လေးစားအားကျရသော အရသာမ်ျိုးစုံကို သိသည့် လျှာကို ပိုင်ဆိုင်ထားသောကြောင့် သူမ၏ အားနည်းချက်များက်ို မြင့်တင်ရန်က ခက်ခဲမှုတစ်ခုမဟုတ်ပေ။


ယခုလက်ရှိ အချိန်တွင် မုချန်က ဇာမဏီအဆောက်အဦး၏ အချက်အပြုတ်ဦးစီးသူလည်းမဟုတ်ပေ။နေ့တိုင်း အချက်အပြုတ်စွမ်းရည်များ တိုးတက်လာအောင် လေ့ကျင့်သည်။မောပန်းလာသောအခါ ဒုတိယထပ်ရှိ ဝရန်တာကိုမှီရပ်၍ လမ်းမထက်ကို ကြည့်ရှုတက်ပေသည်။


သူမလမ်းမထက်ကို ကြည့်လိုက်သည့်အချိန်တိုင်း ထိုင်ခုံပေါ်တွင်မှီ၍ ပျင်းရိလေးတွဲစွာ ထိုင်နေသော ပုံရိပ်တစ်ခုကို တွေ့ရပေလိမ့်မည်။နွေးထွေးသော နေရောင်ခြည်က သူ့အပေါ်သို့ ဖြာကျနေသည်။ထိုသူ၏ မျက်နာထားက အလွန်ချောမောခန့်ညားလှသည် မဟုတ်ပေ။သို့သော်လည်း၎င်းက မုချန်၏ မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိနေလေသည်။သူမ ပြတင်းပေါက်ဘောင်ပေါ် မှေးတင်၍ ထ်ိုသူကို တမေ့တမောကြည့်နေမိသည်။


"ပထမအဆင့် စားဖိုမှူး လျိုက စာတစ်စောင်ပို့လိုက်ပြီး သူ့ကို လာတွေ့ဖို့ ပြောလိုက်ပါတယ်..."


မုချန်က ပြတင်းပေါက်ဘောင်ပေါ်တွင်မှီ၍ ငေးနေစဉ်မှာပင် သူ့၏ နောက်မှ လူက ပြောလ်ိုက်သည်။သူမ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။နောက်သို့ လှည့်ကြည့်လိုက်ရာ ကျောက်စိမ်းအဆောင်ပြားတစ်ခုကို ကမ်းပေးနေသော ဆိုင်၏အစောင့်ကို တွေ့လိုက်ရသည်။


မုချန် မတ်တပ်ထရပ်လိုက်သည်။သူမ၏ လှပသောခန္ဓာကိုယ်လေးက ပန်းပွင့်လေးများပွင့်လန်းလာသလို ယိမ်းနွဲ့သွားလေသည်။သူမ၏ နှာခေါင်းဆီမှ အသက်ရှုသံ ဖျော့ဖျော့လေးထွက်ပေါ်လာသည်။ထို့နောက် အစောင့်လက်ထဲမှ ကျောက်စိမ်းပြားကို ယူလိုက်ပြီး ပါဝင်သော အချက်အလက်များကို ခေါင်းထဲပို့လွှတ်၍ စိတ်ဖြင့်ဖတ်လိုက်သည်။မုချန်၏ မျက်ဝန်းများ တောက်ပသွားသည်။


"မနက်ဖြန်ကျရင် လျိုကျားလီက ပုဖန်နှင့် စားဖိုမှူးစိန်ခေါ်ပွဲ ယှဉ်ပြိုင်တော့မှာ ဟုတ်လား..."


လျိုကျားလီက စားဖ်ိုမှူးစိန်ခေါ်ပွဲတွင် ချက်ရမည့် ဟင်းပွဲအကြောင်း ဆွေးနွေးပြောဆိုရန် သူမကို ဖ်ိတ်ခေါ်လ်ိုက်ခြင်းဖြစ်သည်။မနက်ဖြန် ပြိုင်ပွဲ၏ ခေါင်းစဉ်က ဆေးဖက်ဝင် ဟင်းပွဲ...


ဆေးဖက်ဝင်ဟင်းပွဲဆိုသည်မှာ လျိုကျားလီ ထူးချွန်သည့် အရာဖြစ်သည်။ထိုအကြောင်ူနှင့် ပတ်သတ်လာလျှင် အစားကြူးတောင်ကြားတစ်ခုလုံး၌ သူကသာ ဗဟုသုတအရှိဆုံးဖြစ်သည်။


အစပိုင်းက လျိုကျားလီသည် ပါရမီရှိသော စားဖိုမှူးတစ်ယောက်မဟုတ်ခဲ့ပေ။သို့သော်လည်း သူနှင့် ယှဉ်လျှင် အစားကြူးတောင်ကြားထဲမှ မည်သူမှ ထိုကဲ့သို့ အားစိုက်ထုတ်မှုမျိုး ပြုလုပ်နိုင်မည်မဟုတ်ပေ။


လျိုကျားလီ၏ အိမ်မှ စာကြည့်ခန်းသည် အစားကြူးတောင်ကြား၏ စာကြည့်တိုက်နှင့်ပင် ယှဉ်နိုင်သည်။ထိုနေရာတွင် နက္ခတ်ကြယ်တာရာများ နေမျက်နာပြင် အနေအထားများကဲ့သို့ အကြောင်းအရာများ ပါသည့် စာအုပ်ပေါင်းများစွာရှိသည်။


ထိုထဲမှ တစ်ဝက်က စိတ်ဝိညာဉ် ဆေးပင်များနှင့် ဆက်နွယ်နေသည်။ထို့ကြောင့် လျိုကျားလီသည် စိတ်ဝိညာဉ် ဆေးပင်များနှင့် ဆက်နွယ်နေသည့် အားလုံးကိုသိသည်ဟု ဆိုနိုင်ပေသည်။


သို့သော်လည်း လျိုကျားလီက သူ့၏ ဗဟုသုတများသည် လုံလောက်မှုမရှိဟုသာ အမြဲတမ်းပြောတက်လေသည်။သူ့၏ ရည်မှန်းချက်က ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးကို လှည့်လည်သွားလာကာကမ္ဘာကြီးတစ်ခုလုံးစာ မှတ်တမ်းတင်ထားသော ဆေးဖက်ဝင် ဆေးပင်များအကြောင်းကို လေ့လာလိုခြင်းဖြစ်သည်။


ထို့ကြောင့်ပင် သူက ဆေးဖက်ဝင်ဟင်းပွဲနှင့် ပတ်သတ်လာလျှင် ထိပ်ဆုံး၌ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။၎င်းက သူ့၏ အိပ်မက်ပင်ဖြစ်၏။မုချန်က လျိုကျားလီကို တကယ်ကို နှစ်သက်သဘောကျမိပေသည်။ထိုသူ အမြဲတစေ လေ့လာနေသည်ကို မြင်လိုက်ရတိုင်း သူမကို သူမ ရှက်မိသလို မလွယ်ကူမှုကိုလည်း ခံစားရလေသည်။


မုချန်က အစပိုင်းကတည်းက ပါရမီပါလာခဲ့သော စားဖိုမှူးတစ်ယောက်ဖြစ်သည်။ပါရမီရှင်တစ်ယောက်အနေဖြင့် အချိန်အကြာကြီး လေ့ကျင့်ခြင်းက တစ်စုံတစ်ရာကို အားစိုက်ထုတ်မှုမျိုး မရှိခဲ့ရပေ။သူမက တခြားသူများ၏ ရုန်းကန်ခဲ့ရမှုများကို မည်သည့် အချိန်ကမှ နားမလည်ခဲ့ပေ။


သို့သော်လည်း ထိုကဲ့သို့ အားစိုက်ထုတ်ရသော ခံစားချက်မျိုးကို ကြိုက်နှစ်သက်ပေသည်။မုချန် အပေါ်ဝတ်ရုံကို ထပ်ဝတ်လိုက်ပြီး ဇာမဏီအဆောက်အဦးမှ ထွက်လာခဲ့သည်။ထောင်တျဲစားသောက်ဆိုင်ကို ဖြတ်ကျော်သည့် အချိန်၌ နေပူဆာလှုံနေသော ပုဖန်ကို တွေ့လိုက်ရသည်။


သူ့၏ မျက်နာပေါ်တွင် နေရောင်ဖြာသော အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။သူ ပုဖန်ကို နှုတ်ဆတ်ပြီးသည်နှင့် လျိုကျားလီ၏ စားသောက်ဆိုင်ရှိရာဆီသို့ ဆက်လက်လျှောက်လာခဲ့သည်။


ပုဖန်ရုတ်တရက် ထွက်ပေါ်လာပြီး အစားကြူးဘုတ်ပြားရှိစားဖိုမှူးများကို ထ်ိုးနှက်ခဲ့သော်လည်း ၎င်းက ဆိုးရွားသည့်အရာတစ်ခုဟု သူမမထင်မိပေ။


အစားကြူးဘုတ်ပြားပေါ်ရှိ ထ်ိပ်တန်း စားဖိုမှူး၁၀ယောက် မပြောင်းလဲခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ သူတို့အားလုံးက လှုံ့ဆော်မှုတစ်ခုကို လိုအပ်နေပေသည်။


ပုဖန်က ထိုလှုံ့ဆော်မှုပင်ဖြစ်သည်။ထို့ကြောင့်ပင် အစားကြူးတောင်ကြားက ပို၍ အသက်ဝင်လာပြီး ပို၍ များပြားသော အားစိုက်ထုတ်မှုများ ရှိလာလေသည်။


၎င်းက ကောင်းမွန်သည့် ပုံရိပ်တစ်ခုပင် ။ အစားကြူးတောင်ကြား၏ အကြီးအကဲချူကလည်း ထ်ိုအချက်က်ို လက်ခံပေသည်။


ထိုသို့ မဟုတ်လျှင် အစားကြူးတောင်ကြားမှ စားဖိုမှူးများကို အနိုင်ယူခဲ့သော ပုဖန်အား တောင်ကြားထဲတွင် စားသောက်ဆိုင်တစ်ဆိုင်ပေးလိမ့်မည်မဟုတ်ပေ။


သူက လေအလျင်ကဲ့သို့ပင် ထွက်ပေါ်လာသည်။ရုတ်တရက် လူတစ်ဖွဲ့က သူမအနားသို့ ချဉ်းကပ်လာသည်။အဘယ့်ကြောင့် လူတစ်ဖွဲ့ဟု တွေးလိုက်မိသနည်း။အဘယ်ကြောင့်ဆိုသော် ထိုလူများ၏ စည်းကမ်းသေသပ်မှုက အစားကြူးတောင်ကြားမှ အစောင့်များထက်ပင် ပို၍ ကောင်းမွန်နေသောကြောင့်ပင် ။


ထိုလူစုကို ဦးဆောင်နိုင်သော သူက ချောမောခန့်ညားသည့် လူတစ်ယောက်ပင်ဖြစ်သည်။ထိုလူကို မြင်လိုက်သည့်ခဏ၌ မုချန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။


အဘယ်ကြောင့်ဆိုသော် ထိုသူက တစ်စုံတစ်ယောက်နှင့် ဆင်တူနေသည် ။ ရန်ယု သေဆုံးသွားပြီ ဖြစ်သော ရန်ယုလား..


"ရန်ယုလား..."


သူတို့၏ ပြောစကားများအရ ရန်ယုဆိုသည်မှာ ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေမှ တပည့်တစ်ယောက်ဖြစ်သည်။ထို့အပြင် သူ့ကို ကယ်ဆယ်ရန်အတွက် မြင့်မြတ်သူတော်စင်၏ ကိုယ်ပွားပင် ရောက်ရှိလာခဲ့သော်လည်း နောက်ဆုံး၌ ငရဲဘုရင် အာဟ၏ ရိုက်သတ်ခြင်းကို ခံလိုက်ရသည်။


ထို့နောက် ရန်ယုက ချူချန်းရှန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။အစားကြူးတောင်ကြား၏ ထိပ်တန်းစားဖိုမှူးတစ်ယောက်ဟုဆိုလိုက်သော ရန်ယုက စိတ်မကောင်းဖွယ်ရာ အခြေအနေဖြင့် သေဆုံးခဲ့ရသည်။


သန့်စင်နယ်မြေများ၏ အမုအကျင့်အရ သူတို့က ရန်ယု၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန်အတွက် ပညာရှင်တစ်ယောက်ယောက်ကို စေလွှတ်လိုက်မည်ပင်။ပြောရမည်ဆိုလျှင် ရန်ယု၏ သေဆုံးမှုက အကြီးအကဲချူနှင့် ပုဖန်နှင့်သိသော ငရဲဘုရင်တို့နှင့် ပတ်သတ်နေသည်။


ထိုသို့ဆိုလေရာ ဒီပြဿနာအရှုပ်အထွေးထဲတွင် အကြီးအကဲချူနှင့် ပုဖန်တို့ ပါဝင်နေပြီဟု ဆိုနိုင်ပေသည်။သန့်စင်နယ်မြေတစ်ခုလုံးက ထိုပြစ်မှုအတွက် အရေးယူလာခဲ့လျှင် အကြီးအကဲချူနှင့် ပုဖန်တို့၏ အဆုံးအသတ်ကောင်းလိမ့်မည်မဟုတ်ပေ။


မုချန် မျက်မှောင်ကြုတ်၍ မည်ကဲ့သို့ လုပ်ရမည်ကို စဉ်းစားနေမိသည်။ပထမ၌ သူမက ထိုသူတို့နားသို့ ချဉ်းကပ်ပြီး လှည့်စားမှု တစ်ချို့ ပြုလုပ်ချင်ခဲ့သည် ။


သို့သော်လည်း ချောမောခန့်ညားသော သူ၏ နက်မှောင်နေသောမျက်နာထားနှင့် ကြောက်စရာကောင်းသော အော်ရာများကို မြင်လိုက်ရသည့်ခဏ မည်သည့် သက်ရှိမှ သူ့အနားသို့ မချဉ်းကပ်နိုင်ဟု ဆုံးဖြတ်လိုက်သည်။မျက်တောင်တစ်ချက်ခတ်လိုက်သည်။ထို့နောက် ဆံပင်များကို စုချည်လိုက်၏။ပြီးသည်နှင့် ရယ်မောလိုက်ကာ နောက်သို့ လှည့်ထွက်သွားလိုက်သည်။


ယခုတွင် သူမက သူမ၏ စားသောက်ဆိုင်ဆီသို့ ပြန်သွားလိုခဲ့သည်။ဒီနေရာမှ ထွက်သွားခြင်းထက် ကောင်းသည့် အရာမရှ်ိပေ။သို့သော်လည်း နတ်ဘုရားစိတ်ဝိညာဉ် အာရုံသို့ ခြေလှမ်းတစ်ဝက်လှမ်းထားပြီးသော ယန်ချန်းအနေဖြင့် မုချန်၏ ပုံရိပ်ကို လွတ်သွားစရာအကြောင်းမရှိပေ။သူက မုချန်ထွက်ပြေးချင်နေသည်ကို မြင်လိုက်သည့်ခဏ၌ မျက်နာပေါ်တွင် လှောင်ပြုံးတစ်ခုပေါ်လာသည်။


"မင်းတို့ နှစ်ယောက် အဲ့ဒီအမျိုးသမီးကို ခေါ်ခဲ့..."


ယန်ချန်း အမိန့်ပေးလိုက်သည်နှင့် သူနောက်မှ အစောင့်နှစ်ယောက်က ခေါင်းညိတ်လိုက်သည်။ချက်ချင်းပင် မြေပြင်ကို ထောက်ကန်လိုက်ပြီးလေထဲသို့ ခုန်တက်လိုက်သည်။


ဘုန်း...


မြေပြင်က တုန်ခါသွားပြီး ထ်ိုအစောင့်နှစ်ယောက်က မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။သူတို့၏ လှုပ်ရှားမှုများက မြန်ဆန်လှသောကြောင့် မည်သူမှပင် မမြင်လိုက်ပေ။၎င်းတို့က ကြမ်းတမ်းခတ်ထန်လှသော သားရဲကောင်ကြီးများအလား မျက်တောင်တစ်ခတ်အတွင်း မုချန်နားသို့ ရောက်လာကြသည်။


မုချန်အနောက်သို့ လှည့်ပြီးပြီးချင်မှာပင် ကြမ်းတမ်းလှသော အော်ရာများက သူမ၏ မျက်နာကို လာရောက်ရိုက်ခတ်လေသည်။မုချန်ကြက်သေသွားသည်။သူမ၏ လှပသော မျက်နာလေးပေါ်တွင် အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးလိုက်ရသည်။


"သောက်ကျိုးနဲ ငါက ဒီနေရာက ထွက်သွားချင်ရုံပါပဲ...မင်းတို့ကောင်တွေက ဘာများလုပ်ချင်လို့လဲ...အရမ်းကို ချောမောငယ်ရွယ်တဲ့ ဒီအမျိုးသမီးကို အနိုင်မကျင့်ကြနဲ့နော်..."


ထိုအစောင့်နှစ်ယောက်၏ အော်ရာများက အကောင်အထည်ရှိသည်ဟုပင် ထင်ရသည်။သူတို့၏ ကျင့်ကြံဆင့်ကမသေမ်ျိုး ဝိညာဉ်အဆင့် ဖြစ်သည်။သူတို့၏ အခြေခံက အလွန်ပင် မြင့်မားလှပြီး မုချန်ထက် အားနည်းလိမ့်မည်မဟုတ်ပေ။


အစားကြူးတောင်ကြား၏ ပထမတန်းအဆင့် စားဖိုမှူးဖြစ်သော မုချန်တွင်လည်း မကျော်လွှားနိုင်သော ကျင့်ကြံမှု အခြေခံရှိလေသည်။သူမကလည်း မသေမျိုးဝိညာဉ်လှေကား ၃ဆင့် ကျင့်ကြံသူဖြစ်၏သို့သော်လည်း ထ်ိုအစောင့်နှစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသောအခါ၌ သူမကိုသူမ ပေါက်စလေးတစ်ယောက်လား ခံစားမိလေသည်။


"အမကြီး ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ယန်က အမကြီးကို တွေ့ချင်နေပါတယ် ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ..."


အစောင့်တစ်ယောက်က ညှင်သာစွာ ပြောလိုက်သည်။သို့သော်လည်း ထိုစကားကြားလိုက်သည်နှင့် မုချန် မကျေမနပ်ဖြစ်သွားသည်။သူ ခါးထောက်လိုက်ပြီး နှာခေါင်းများ ပွကားလာသည်အထိ ထိုအစောင့်က်ို အော်ဟစ်လိုက်သည်။


"ဘယ်သူကို အမကြီးလို့ လာခေါ်တာလဲ ...ဘယ်သူလဲ ငါက အဲ့ဒီလောက် အိုနေပြီလား...နင်အခု ချက်ချင်း နတောင်းပန်ဘူးဆိုရင် ဒီအမျိုးသမီးက ဒီနေရာကနေ ဘယ်မှ မသွားဘူး ..."


မုချန်ဒေါသထွက်သွားသည်။သူမ လက်ပိုက်လိုက်ပြီး မြေပြင်ပေါ် ချက်ချင်းထချလိုက်သည်။သူမကို စကားပြောလိုက်သောအစောင့်က ကြောင်အ မှင်သက်သွားလေသည်။တခြားတစ်ယောက်ကမူ အေးစက်စက် ပြုံးနေ၏။


သူ့၏ လက်တစ်ဖက်ဆက်ခနဲ လှုပ်ရှားသွားပြီး ရိုးရှင်းသော အသွင်အပြင်နှင့် ရှေးဟောင်းကျောက်စိမ်း သော့အိမ်မှ အလင်းတန်းများဖြာထွက်လာပြီးနောက် ချက်ချင်းပင်မုချန်ကို ချုပ်နှောင်လိုက်သည်။မုချန်၏ မျက်နာက ချက်ချင်းပြောင်းလဲသွားလေသည်။


"နင် ကောင်လေး နင် ဘာလုပ်တာလဲ ...နင်တို့ တခုခုလုပ်မယ်ဆိုရင် ငါအော်လိုက်မယ်နော်..."


မုချန် အသားကုန်အော်ဟစ်လိုက်သည်။


"ကျွန်တော်ပြောတာက ခေါင်းဆောင်က အမကြီးကို တွေ့ချင်နေတယ် ...ပြဿနာတွေ ဖြိုပျက်အောင် မလုပ်ပါနဲ့..."


သူကပြောပြီးသည်နှင့် သူ့လက်ထဲမှ ကျောက်စိမ်းပြားကို လှုပ်ခါလိုက်သည်။မုချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်သွားသည်။လျှပ်စစ်နှင့် အတို့ခံလိုက်ရသလို ထုံကျင်သော ခံစားချက်တစ်ခုတိုးဝင်လာလေသည်။


မုချန် မြေပြင်ပေါ်တွင် ထိုင်မနေချင်တော့ပေ။သို့သော်လည်း ထိုထုံကျင်လှသည့် ခံစားချက်က သူမကို ဘာမှမလုပ်နိုင်အောင် တားဆီးထားပေသည်။လျှပ်စီးတံက အလွန်ပင် နာကျင်လှသောကြောင့် သူမ၏ မျက်နာပေါ်တွင် စီးကျလာလေသည်။


အဆုံးသတ်၌ မုချန်က ယန်ချန်းဆီ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။ယန်ချန်း၏ ချောမောခန့်ညားသော မျက်နာက ဓားဖြင့် ထွင်းထုထားသလိုမျိုး ထင်ရှား ပြတ်သားလှသည်။


သူ့၏ မျက်ဝန်းများက ကြယ်များကဲ့သို့ တောက်ပလာသည်။သူ့၏ အကြည့်များက ကျောက်စိမ်းသော့အိမ်နှင့် ချုပ်နှောင်ခြင်းခံရသွားသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။


"မင်းတို့ကောင်တွေက အရမ်းကို ကြမ်းတမ်းတာပဲ ဒီလိုချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ကို ဘာလို့ ဒီလို ဆက်ဆံနိုင်ကြတာလဲ ...တကယ်လို့ ငါသာအမှတ်မမှားဘူးဆိုရင် မင်းက ထိပ်သီး စားဖိုမှူး၁၀ယောက်ထဲက တစ်ဦးတည်းသောအမျိုးသမီး သိမ်မွေ့နက်နဲ သီအိုရီဓား မုချန်ဟုတ်တယ်မဟုတ်လား..."


မုချန် မျက်ခုံးပင့်လိုက်သည်။ထိုလူ၏ မျက်ဝန်းများက အလွန်ပင် ရန်လိုနေသည်။


"ရှင်မှားသွားပြီ ကျွန်မက သိမ်မွေ့နက်နဲ သီအိုရီဓား မုချန် မဟုတ်ဘူး..."


ယန်ချန်းကို စစ်ဆေးကြည့်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။


"ဟမ် မဟုတ်ဘူးလား..."


ယန်ချန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ့၏ ချောမောခန့်ညားသောမျက်နာပေါ်တွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။သူ လက်ကို မြောက်လိုက်ပြီး မုချန်၏ ချောမောလှသော မျက်နာလေးကို အသာအယာထိတွေ့လိုက်သည်။ထို့နောက် ရုတ်တရက် မုချန်၏ မေးစေ့ကိုဆွဲညှစ်လိုက်သည်။


"ဒီခေါင်းဆောင်က အရူးမဟုတ်ဘူး...အရမ်းနာမည်ကျော်ကြားတဲ့ သိမ်မွေ့နက်နဲ သီအိုရီဓား မုချန်ကို ငါကဘယ်လိုလုပ်ပြီး မသိပဲ နေမှာလဲ...ငါ ပြောဖို့ မေ့နေတာပဲ ရန်ယုက ငါ့ရဲ့ ညီငယ်လေး...ငါက ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေရဲ့ ယန်မိသားစုက ယန်ချန်းပဲ..."