အခန်း ၇၈၈
ပိုင်ရှင်ပုရေ... ကယ်ပါဦး...ဝူး...ဝူး...
မုချန်၏ မေးစေ့က လက်တစ်ဖက်ဖြင့် ဆုပ်ညှစ်ထားခြင်းခံရသည်။သူမ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော လျှပ်စီးတန်းများကလည်း နာကျင်မှုကို ပေးစွမ်းနေလေသည်။
"ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေက ရန်မိသားစုဆိုတာရန်ယုရဲ့ မိသားစုလား..."
ရန်ယုက အစားကြူးတောင်ကြားထဲတွင် သတ်ဖြတ်ခံလိုက်ရခြင်းက မိသားစုကြီးတစ်ခု၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့လေသည်။ထိုမိသားစုကြီးများက ထောင်စုနှစ် အနည်းငယ် သို့မဟုတ် ထောင်စုနှစ်ပေါင်းများစွာ တည်ရှ်ိလာခဲ့သောကြောင့် ၎င်းတို့၏ သတင်းကွန်ရက်မှာ ခန့်မှန်း၍ မရနိုင်အောင်ပင် ကြီးမားလာသည်။
သူမအကြီးအကဲကို သွား၍ မရှာသင့်ကြောင်း မုချန်တွေးလိုက်မိသည်။ထိုသို့ မဟုတ်လျှင် တည်ငြိမ်အောင် ပြန်လည်လုပ်ဆောင်ထားရသော အစားကြူးတောင်ကြားက နောက်ထပ်ပြဿနာကြီးတစ်ရပ်နှင့် ဆုံတွေ့ရပေလိမ့်မည်။မုချန် အားတင်း၍ ပြုံးလိုက်သည်။
"ဒီတော့ ရှင်က ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေက မိသားစုကြီးတစ်ခုရဲ့ အကြီးအကဲပေါ့လေ ...ကျွန်မရှင့်ကို လေးစားနေခဲ့တာကြာပါပြီ ...ရှင်က ကြီးမြတ်တဲ့ အကြီးအကဲကြီးတစ်ယောက်ပါ ဘာလို့များ ဒီအားနည်းတဲ့ မိန်းကလေးကို ပြဿနာလာရှာရတာလဲ .. "
သူမ၏ မေးစေ့ကို တခြားတစ်ယောက်က ဖျစ်ညှစ်ထားသောကြောင့် မုချန် ကြိုးစား၍ စကားပြောနေရသည်။ယန်ချန်းက နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။
"အားနွဲ့တဲ့ မိန်းကလေးဟုတ်လား..."
သူမက အစားကြူးဘုတ်ပြားပေါ်တွင် နံပါတ် ၂ချိတ်သော စားဖိုမှူးတစ်ယောက်ဖြစ်သည်။သူမ၏ ကျင့်ကြံဆင့် မည်မျှပင် နိမ့်ပါစေ အချက်အပြုတ်စွမ်းရည်ကတော့ ထိပ်တန်းသာဖြစ်သည်။ထိုကဲ့သို့သော တည်ရှိမှုတစ်ခုက အားနည်းတဲ့ မိန်းကလေးတဲ့လား...
"သိမ်မွေ့နက်နဲဓား မုချန်ကငါ ရန်ချန်းကို အရူးလို့ထင်နေတာလား...ငါ ညီကို ဘယ်သူသတ်လိုက်တာလဲဆိုတာမင်း တိတိကျကျပြောသင့်တယ်...ပြီးတော့ မြင့်မြတ်သူတော်စင်ရဲ့ ကိုယ်ပွားကို ဖျက်စီးပစ်လိုက်တဲ့ ငရဲကမ္ဘာသက်ရှ်ိဘယ်မှာလဲဆိုတာလဲ ပြော..."
ရန်ချန်းက မုချန်၏ မေးစေ့ကို အားထည့်၍ ညှစ်လိုက်ရာ အရိုးကွဲကြေသည့် အသံများကိုပင် ကြားနိုင်သည်။မုချန် အလွန်နာကျင်မှုကြောင့် မျက်လုံးများ စိုစွတ်လာလေသည်။
ရန်မိသားစုထဲတွင် တကယ်ကို လူကောင်းမရှိပေ။ရန်ချန်း၏ မျက်နာက ရေခဲတမျှ အေးစက်နေပြီး ကြမ်းတမ်းခတ်ထန်လှသော အော်ရာများကို ပိုမို မြင့်တင်လိုက်သည်။
အော်ရာများက မုချန်ကို လွှမ်းခြုံလုနီးပါးဖြစ်လာသည်။အကယ်၍ မုချန်က မကြောက်ရွံ့သေးလျှင် သူ့၏ အော်ရာများကို မုန်တိုင်းတစ်ခုကဲ့သို့ မြင့်တင်ရန် ပြင်ဆင်ထားလေသည်။
အစားကြူးတောင်ကြားကဲ့သို့ နေရာငယ်လေးတွင် နတ်ဘုရားစိတ်ဝိညာဉ် အာရုံနယ်ပယ်သို့ ခြေတစ်ဝက်လှမ်းပြီးသော တည်ရှိမှုမျိုးရှိနေသည်မှာ မယုံနိုင်စရာကောင်းလှသည်။
ဒါက ရန်ချန်းသည် မည်သည့် အရာကိုမှ မကြောက်ရွံ့ခဲ့ပေ။သို့သော်လည်း မြင့်မြတ်သူတော်စင်၏ ကိုယ်ပွား ဖျက်စီးခံလိုက်ရသည်ကို ကြားပြီးတဲ့နောက် သူ ပို၍ အသိထားသင့်သည်ဟု သတိပြုမိလိုက်သည်။မြင့်မြတ်သူတော်စင်တွင် ကိုယ်ပွားများစွာရှိသော်လည်း သူတို့ထဲက တစ်ဦးတစ်ယောက်ကမှ ယန်ချန်းထက် အားမနည်းပေ။
ပြောရမည်ဆိုလျှင် မြင့်မြတ်သူတော်စင်က အလွန်ကြောက်စရာကောင်းသည်။ထို့ကြောင့် သူ့၏ ကိုယ်ပွားများကလည်း အင်အားကြီး ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။သို့သော် ထိုကိုယ်ပွားဖျက်စီးခံလိုက်ရသည်ဆိုသည်က အစားကြူးတောင်ကြားထဲတွင် အင်အားကြီးသော ငရဲကမ္ဘာသက်ရှိတစ်ကောင် ပုန်းအောင်းနေသည်ဟု ဆိုလိုခြင်းပင်။
ထို့ကြောင့် ဒီနေရာကို သူသေသေချာချာ ဂရုစိုက်၍ ထောက်လှမ်းသင့်ပေသည်။
"ငါ့ကို ချုပ်နှော်ထားတာကို အခုလွှတ် ငါရှင်တို့ကို အခုပဲ ပြောပြမယ်..."
မုချန်က ခက်ထန်လှသော မျက်ဝန်းများဖြင့်ရန်ချန်းကို ကြည့်လိုက်သည်။အကယ်၍ မျက်လုံးများကသာ လူသားစားနိုင်လျှင် အခုချိန်တွင် ရန်ချန်းတစ်ယောက် အရိုးပင်မကျန်လောက်အောင် စားခံရပေလိမ့်မည်။
ရန်ချန်းက အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ သူလက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရှေးဟောင်း ကျောက်စိမ်းအချုပ်အနှောင်က ပြေလျော့သွားသည်။
အချုပ်အနှောင် ပြေသွားသည်နှင့် မုချန်တစ်ယောက် နေရောင်ကို ထပ်မံ မြင်လိုက်ရသောသူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။သူမ အသက်ရှုရသည်မှာ ပိုမို ကောင်းမွန်လှသည်။
"မင်း အခု ငါ့ကို ပြောနိုင်ပြီလား..."
ရန်ချန်းက မုချန်၏ မေးစေ့ကို ဂရုမစိုက်စွာဖြင့် ထပ်မံ ညှစ်လိုက်သည်။တခြားလက်တစ်ဖက်က သူ့၏ မျက်နာကို ပွတ်သပ်နေပြီး အေးစက်စွာဖြင့် စကားပြောလိုက်သည်။မုချန်၏ မျက်လုံးများ ပြူးကျယ်နေသည်။သူမ၏ နှုတ်ခမ်းပါးလေးများ အနည်းငယ်လှုပ်ခတ်သွားသည်။
ထိုခဏလေးမှာပင် သူမ၏ သိုလှောင် လက်စွပ်အတွင်းမှ ကြီးမားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် ခဏ၌ အားလုံး ကြောင်အမှင်သက်သွားကြသည်။ရန်ချန်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မုချန်၏ မျက်နာမှ သူ့လက်ကို နောက်ဆုတ်လိုက်မိသည်။
မုချန်၏ မျက်နာက အေးစက်နေသည်။ထိုသူများက ရည်ရွယ်ချက်ကောင်းများဖြင့် လာခြင်းမဟုတ်လေရာ သူမအနေဖြင့် ဒီနေရာတွင် ထပ်မံ နေရန် သို့မဟုတ် တစ်စုံတစ်ရာ ပြောရန် အကြောင်းမရှိပေ။
ယခု အရေးကြီးဆုံးအရာက ထွက်ပြေးလွတ်မြောက်ရန်ပင်ဖြစ်သည်။ထိုကြီးမားလှသော ပုံရိပ်ကြီးတွင် ဆိုးရွားပုပ်အံ့လှသော အနံ့ဆ်ိုးရေများရှိနေသည်။
အမှတ်တမဲ့ ဖြစ်ပျက်သွားသောကြောင့် ပုပ်အံ့ လှသော အနံ့ဆိုးရေများက ယန်ချန်း၏ ခန္ဓာကိုယ်ကို လာစင်လေသည်။သူ့၏ မျက်နာ တမဟုတ်ချင်း ရှုံ့မဲ့သွားလေသည်။
"ချီးပဲ ဘယ်လို သောက်ကျိုးနဲ ဟာတွေလဲ..."
ရန်ချန်း အလွန်ပင် ဒေါသတကြီး ဖြစ်သွားသည်။သူ့၏ လက်မှ ရောင်စဉ်တန်းများ ထွက်လာပြီးနောက် ကြီးမားလှသော လက်သည်းကြီးများအဖြစ် ပြောင်းလဲသွားကာ အရိပ်ကြီး ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။
ထိုခန္ဓာကိုယ်ကြီးက သူ့၏ လက်သည်းချက်အောက်တွင် ချေမွခံလိုက်ရသည်။သွေးများနှင့် အသားများ လေထဲ ပြန့်ကျဲသွား၏။စိတ်ပျက်ဖွယ်ရာ ကောင်းလှသော အနက်ရောင်အရည်များနှင့် အနံ့ဆိုးများ လေထဲတွင် ပြန့်ဝဲနေလေသည်။
သူတို့အားလုံးက ကြီးမားလှသော အီးပုံးတစ်ပုံးကို ဖောက်ခွဲလိုက်သကဲ့သို့ပင်။ယန်ချန်း ဒီနေရာတွင် ဆက်လက်မနေသင့်တော့ဟု ခံစားမိလေသည်။
အစစ်အမှန် စွမ်းအင်အလွှာပါးလေးတစ်ခု ထွက်ပေါ်လာပြီး ရန်ချန်း၏ ခန္ဓာကိုယ်ကို ဖုံးကာလိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်မှအညစ်အကြေးများကို သန့်စင်ပေးလေသည်။
ထိုခဏတွင်ရန်ချန်း၏ မျက်ဝန်းများက သွေးနီရောင်ပြောင်းလဲသွားသည်။သူ ထ်ိုအမျိုးသမီး၏ လှည့်စားမှုကို ခံလိုက်ရလေပြီ။
"သူမကို သွားရှာဖမ်းမိတာနဲ့ နောက်ထပ် ထွက်မပြေးနိုင်အောင် ခြေထောက်ကြွက်သားတွေ ဖြတ်ပစ်လိုက်..."
ရန်ချန်း အမြတ်ဒေါသထွက်စွာဖြင့် သူ့၏ အစောင့်များကို ကြိမ်းမောင်းလိုက်သည်။သူ့နောက်မှာရပ်နေသော အစောင့်၏ အခြေအနေကလည်း မကောင်းပေ။ထိုခန္ဓာကိုယ်ကြီး ထုချေခံလိုက်ရပြီး ပုပ်အပ်လှသောအရည်ဆိုးများ နေရာအနှံ့သို့ လွင့်စင်လာလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။
အသက်ရှူရှိုက်လိုက်သည့်အချိန်၌ အနံ့ဆိုးများကိုသာ ရှူသွင်းနေရသလို ခံစားမိလေသည်။
"အဲ့ဒါက မသေမျိုးဝိညာဉ် အဆင့် စိတ်ဝိညာဉ် သားရဲ ပင်လယ်နက် အနံ့ဆိုး ငါးပတ်ပဲ..."
ရန်ချန်း၏ မျက်နာက တောင့်တင်းနေပြီး နှုတ်ခမ်းများပင် တုန်ယင်နေသည်။ကောလဟာလများအရ ထိုအနံ့ဆ်ိုးငါးပတ်သည်။အီးပုံးတစ်လုံးနှင့်တူပြီး သူ့၏ အနံ့က လူသတ်နိုင်သည်ဟုပင် ဆိုကြသည်။ထိုအမျိုးသမီးက သူ့၏ လှပသော ရုပ်ရည်လေးမှ မထောက် ထိုကဲ့သို့ ရွံစရာကောင်းသော အရာမ်ျိုးကို သယ်ဆောင်လာပေသည်။
သူ့နောက်မှ အစောင့်နှစ်ယောက်က သတိပြန်ဝင်လာသည်။သူတို့ ခန္ဓာကိုယ်မှအညစ်အကြေးများကို ကြိုးစား၍ သန့်စင်လိုက်ပြီးနောက် အမြောက်ဆန်တစ်ခုအလား ပြေးထွက်သွားကြလေသည်။
သူတို့က မုချန်ထွက်ပြေးရာဘက်သို့ အလျင်စလို လိုက်သွားကြသည်။မုချန်ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူမ၏ အပေါ်ထပ် ဝတ်ရုံရှည်ကို လမ်းတွင် လွှတ်ပစ်လိုက်သည်။သူမ ပြေးလွှာနေသောကြောင့် လုံးဝန်းသော ရင်သားများ လှုပ်ခါနေပုံမှာ အလွန်စွဲမက်ဖွယ်ကောင်းလှသည်။
ဘုန်း ဘုန်း...
သူမ၏ နောက်ဘက်မှ ပေါက်ကွဲသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး မုချန်၏ မျက်နာထားက ပြောင်းလဲသွားသည်။အနံ့ဆိုး ငါးပတ်က စက်ဆုပ်ရွံရှာဖို့ ကောင်းလှသော်လည်းသူတို့ကိုတားဆီးရန် မလုံလောက်သေးပေ။
မုချန်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး သူမ အရှိန်မြင့်လိုက်သည်။ထိုအစောင့်များ၏ လက်ထဲတွင် အဖမ်းမခံရချေပေ။အစောင့်များက အလွန်ပင် လျင်မြန်လှသည်။သူတို့ ကိုယ်ပေါ်မှ အနံ့ဆိုးများကိုလည်း ဆေးကြောမရနိုင်သေးသောကြောင့် ဖြတ်သန်းသွားရာနေရာတစ်လျှောက် အနံ့ဆိုးများ ပြန့်လွင့်သွား၏။
သူတို့အရှေ့မှ ပြေးနေသောမုချန်ကို မြင်လိုက်ရပြီးနောက် အစောင့်တစ်ယောက်က လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။ကျောက်စိမ်းအဆောင်ပြားတစ်ခု ပေါ်လာပြီး အလင်းတန်းများကို ထုတ်လွင့်လာလေသည်။
ထိုကျောက်စိမ်းပြားပေါ်မှ ထူးခြားဆန်းကြယ်သော ပုံစံများကလည်း ရွေ့လျားလာသည်။
"ရပ်လိုက်စမ်း..."
အစောင့်တစ်ယောက်က ကြမ်းတမ်းခတ်ထန်စွာဖြင့်အော်ပြောလ်ိုက်သည်။
"ငါ ရပ်လိုက်တယ်ဆိုရင် ငါဦးနှောက်ချောင်နေလို့ပဲနင်တို့ရဲ့ ခန္ဓာကိုယ်က ဒီလောက်တောင် ချီးနံ့ထွက်နေတာ နင်တ်ို့ ရပ်သင့်တယ် လူတွေကို ရွံရှာအောင် လိုက်လုပ်မနေနဲ့ ဟုတ်ပြီလား..."
မုချန်၏ ဆံပင်များက တဖျတ်ဖျတ်လွင့်ခါနေလေသည်။သူမ၏ ရှည်လျားလှသော ခြေထောက်သွယ်လေးများကို လှည့်လိုက်ပြီးနောက်သို့ လှည့်ကာအော်လိုက်သည်။အစောင့်နှစ်ယောက်၏ မျက်နာက မဲမှောင်သွားသည်။ဒေါသထွက်လွန်းသောကြောင့် က်ျိန်စာပင် တိုက်ချင်သွားမိသည်။
ဘယ်သူက ငါတို့ ခန္ဓာကိုယ်က်ို နံအောင်လုပ်ခဲ့တာလဲ...နင့်ရဲ့ ခန္ဓာကိုယ်သာ အီးစော်နံနေတာ နင်တို့ တစ်မိသားစုလုံးသာ အီးစော်နံနေတာ...
ထိုအမျိုးသမီးက သူတို့ကို ဒီအခြေအနေရောက်အောင် လုပ်ခဲ့ပြီး ယခုမူ သူမက အထင်တသေးဖြင့်ပင်ကြည့်နေသေးသည်။လုံးဝ ခွင့်မလွှတ်နိုင်စရာကောင်းလှသည်။
"ရှေးဟောင်းကျောက်စိမ်း အချုပ်အနှောင်...သွား..."
လေထဲလွင့်မျောနေသော ကျောက်စိမ်းအဆောင်ပြားမှ အလင်းတန်းများဖြာထွက်လာသည်။ထို့နောက် အပြာရောင်အလင်းဖျော့ဖျော့များ ကခုန်ယိမ်းနွဲလာလေ၏။
ခဏအကြာတွင် ထ်ိုအလင်းတန်းများက ရှည်လျားလှသော လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး မုချန်ကို လာရောက်ရိုက်ခတ်လေသည်။ထိုအခိုက်အတန့်၌ လေဟာနယ်ပင် ဆုတ်ပြဲသွားသလို ထင်ရသည်။မုချန် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွား၏။
"သေစမ်းအဲ့ဒီ ရှေးဟောင်းကျောက်စိမ်း အချုပ်အနှောင်ပဲ လာပြန်ပြီ ဒီလူတွေမှာ အချုပ်အနှောင်ဘယ်နခုတောင် ရှိနေတာလဲ...ဒီကမ္ဘာမြေကြီးပေါ်မှာ အဲ့ဒီ ရှေးဟောင်းကျောက်စိမ်း အချုပ်အနှောင်တွေကိုသာ အမုန်းဆုံးပဲ...နောက်တချိန် ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေမှ တစ်စုံတစ်ယောက်ကို တွေ့သည်နှင့် ကျိန်းသေပေါက်ငါသူတို့ကို ရိုက်ပစ်မယ် ..."
ဒါပေါ့ ...သူတို့ကို ရိုက်ချင်လျှင် ယခုချက်ချင်း သူမ လွတ်မြောက်ဖ်ို့ လ်ိုပေသည်။
ဘုန်း...
အလင်းလျှပ်စီးကြောင်းများက မုချန်၏ ခန္ဓာကိုယ်ပတ်လည်ကို လာရောက်ထိမှန်လေသည်။မြေပြင်က အက်ကွဲလာပြီး ကျောက်တုံးကျောက်စများပင် နေရာအနှံ့ လွင့်စင်လာသည်။
မုချန်၏ ခန္ဓာကိုယ်က အလျင်အမြန် လှုပ်ရှားသွားသည်။သူမ မြေပြင်ကို ဒေါသတကြီး ဆောင့်နင်းလိုက်ပြီး လမ်းကြောင်းပြောင်းလိုက်သည်။ထိုလှုပ်ရှားမှုက ကျောက်စိမ်းအချုပ်အနှောင်မှ ရှောင်ရှားလိုက်နိုင်သည်။
အစောင့်များက သူမကို စူးစူးရဲရဲကြည့်လိုက်သည်။သူတို့ ပါးစပ်ဖွင့်ဟ၍အသက်ရှူလိုက်သည်နှင့် ဆိုးရွားသော ရနံ့များကိုသာ တလုံးကြီး ရှုလိုက်မိသ ည်။
အစောင့်တစ်ယောက်က လက်ကို လှုပ်ရှားလိုက်သည်နှင့် နောက်ထပ်အဆောင်ပြားတစ်ခု ထွက်ပေါ်လာသည်။သူ့၏ အစစ်အမှန် စွမ်းအင်များကို ထည့်သွင်းလိုက်သည်နှင့် အဆောင်ပြားက လင်းလက်တောက်ပလာပြီး စတင်၍ ရွေ့လျားလာသည်။
ကောင်းကင်ဘုံ နှိမ်နင်းအဆောင်...
ထိုအစောင့်၏ လက်တစ်ဖက် လှုပ်ရှားသွားပြီးနောက် ကျောက်စိမ်းအဆောင်ပြားက မုချန်ဆီသို့ ပြေးထွက်သွားသည်။လေဟာနယ်က ဖ်ိအားဒဏ်က်ို မခံနိုင်သကဲ့သို့ ပြိုကွဲလာသည်။မုချန်ကြောက်ရွံ့ထိတ်လန့်သွားလေသည်။
ငလူး... ဒီလူတွေက သူမကို တကယ်ကြီးသတ်ချင်နေတာပဲ...ဘာလို့ အဲ့ဒီလောက်လွန်လွန်ကြူးကြူးလုပ်နေကြတာလဲ...သူမ လုပ်ခဲ့တာဆိုလို့ အနံ့ဆိုးငါးပတ်နဲ့ ပစ်ပေါက်လ်ိုက်မိတာပဲရှိတယ်လေ...
မုချန်အလျင်အမြန်လှုပ်ရှားလိုက်ပြန်သည်။သို့သော်လည်း ကောင်းကင်နှိမ်နင်း အဆောင်ကို မရှောင်နိုင်ခဲ့ပေ။ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေက စိတ်ဝိညာဉ်အဆောင်ပြားအသုံးပြုရာတွင် ထူးချွှန်လှသည်။ထိုကောင်းကင်နှိမ်နင်း အဆောင်နှင့် ရှေးဟောင်းကျောက်စိမ်း အချုပ်အနှောင်အဆောင်ပြားများက သန့်စင်နယ်မြေ၏ ကိုယ်ပိုင်အစီအရင်များပင်ဖြစ်သည်။
ထိုခဏတွင် မုချန် သူမ၏ ခန္ဓာကိုယ်က သတ္တုများဖြင့် ပြည့်နှက်သွားသလိုမ်ျိုး ခံစားလိုက်ရသည်။သူမ၏ ခြေထောက်နှစ်ချောင်း ချုပ်နှောင်ခံလိုက်ရပြီး လှုပ်မရတော့ပေ။ရှေးဟောင်းကျောက်စိမ်း အချုပ်အနှောင်မှ လျှပ်စီးကြောင်းများကလည်း သူမ၏ ခန္ဓာကိုယ်ကို ထိမှန်လာပြီး သူမ၏ အဝတ်အစားတွင် အပေါက်များစွာ ဖြစ်ပေါ်သွားစေသည်။
သူမ၏ နူးညံ့ဖြူဖွေးလှသော နို့နှစ်ရောင်အသားအရည်များပင် ထွက်ပေါ်လာသည်။မုချန်ပြင်းထန်သော ဒေါသကြောင့် ရင်အစုံပင် ပြင်းပြင်းထန်ထန်လှုပ်ခါနေသည်။မုချန် အံတင်းတင်းကြိတ်လိုက်ပြီး ကြီးမားလှသော အရိပ်နှစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်သည်။
အစောင့်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး အလျင်အမြန် တ်ိုက်ခ်ိုက်လာသည်။သို့သော်လည်း ပထမတစ်ချက် တ်ိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူသတိပြုမိလိုက်သည်။
"ဘာ...သူမမှာ ပင်လယ်နက် အနံ့ဆိုးငါးပတ်တွေ ရှိနေသေးတာလား...ဒီအမျိုးသမီးက တကယ့်ကို ရူးနေတာပဲ သူမက ဘာလို့ အဲ့ဒီလောက် အနံ့ဆိုးတဲ့ အရာတွေကို သယ်ဆောင်ထားတာလဲ...သူ့မှာ ဘယ်လ်ိုအကြိုက်မျိုးရှိနေတာလဲ..."
သို့သော်လည်း သူအသိနောက်ကျလွန်းသောကြောင့် နောက်ဆုတ်ဖို့ နောက်ကျသွားလေပြီ။
ဘုန်း...
ထိုအနံ့ဆိုးငါးက ပေါက်ကွဲသွားပြီး ကောင်းကင်ယံတစ်ခံင်လုံး အနံ့ဆိုးအရည်များနှင့် အသားစများ ပြည့်နှက်သွားသည်။အစောင့်နှစ်ယောက်၏ လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးသွားသည်။မုချန် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီးအသားကုန်အော်ဟစ်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိသွားပြီးနောက် အစစ်အမှန် စွမ်းအားများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ကောင်းကင်ပေါ်တွင် စိတ်ဝိညာဉ်လှေကားထစ်များပေါ်လာသည်။
ဘုန်း...
ထို့နောက် ချုပ်နှောင်ထားမှုမှ ရုန်းကန်၍ ထွက်ပြေးလိုက်သည်။သူမ၏ ဒဏ်ရာများနှင့် ခန္ဓာကိုယ်ကို တရွတ်ဆွဲ၍ သယ်ကာ လမ်းမထက်ဆီသို့ အလျင်အမြန် ရောက်ရှိသွားလေသည်။အစောင့်နှစ်ယောက်၏ မျက်နာက တိမ်မဲများကဲ့သို့ မှောင်မိုက်သွားလေသည်။
"ဒီသေသင့်တဲ့ အမျိုးသမီးကတော့..."
သူတို့ မြေပြင်ပေါ် ခြေတစ်ချက်စောင့်လိုက်သည်။ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အခိုးအငွေ့များကို ဖယ်ရှားရန် အစစ်အမှန်စွမ်းအင်များကို အသုံးပြုလိုက်သည်။
ဆိုးရွားပုပ်အပ်လှသောရနံ့က သူတို့ကို ပျို့အန်လုနီးပါးဖြစ်စေသည်။အော်ဟစ်ကျိန်းမောင်းသံများပဲ့တင်ထပ် ထွက်ပေါ်လာပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက အမြောက်ဆန်တစ်ခုလ်ိုပင် ရွေ့လျားသွားလေသည်။
အစားကြူးနတ်ဘုရားမြို့တော်၏ လမ်းမထက်တွင် လျှောက်လှမ်းနေကြသော သူများက ကျယ်လောင်သောအော်ဟစ်သံက်ို ကြားလိုက်ကြသည်။လူတိုင်းက ကြောက်လန့်တကြားဖြင့် ဘေးဘက်သို့ ကပ်လိုက်ကြသည်။
ထိုခဏမှာပင် ဒရောသောပါး ပြေးလာသောနူးညံ့သိမ်မွေ့သည့် ပုံရ်ိပ်လေးတစ်ခုကို မြင်လိုက်ရပြီး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
ထိုပုံရိပ်လေးက သူတို့အတွက် အလွန်ပင် ရင်းနီးကျွမ်းဝင်နေလေသည်။လူများက သူမကိုအနီးကပ်ကြည့်ရှုလိုက်ပြီးနောက် အံ့အားသင့်သွားသည်။
"အဲ့ဒါက ဇာမဏီအဆောက်အဦးရဲ့ ထိပ်တန်း စားဖိုမှူးမဟုတ်ဘူးလား...ဘာကြောင့် သူမက ဒီလိုဖြစ်နေတာလဲ...သူမရဲ့ အဝတ်အစားတွေက ဘာလို့ ဆုတ်ပြဲနေတာလဲ..."
ထိုအခိုက်အတန့်၌ လူတိုင်းက ဘယ်လ်ို လူမဆန်သည့် သူမျိုးက သူတ်ို့၏ နတ်ဘုရားမလေးအား ဒုက္ခပေးသည်ကို သိချင်မိသွားသည်။
....
ထောင်တျဲ စားသောက်ဆိုင်..
ပုဖန်က ထိုင်ခုံပေါ်မှီ၍ ပျင်းရိစွာထိုင်နေလေသည်။မျက်နာပေါ် ဖြာကျနေသော နေရောင်ခြည်ဖျော့ဖျော့က နွေးထွေးမှုနှင့် သက်တောင့်သက်သာဖြစ်မှုကို ပေးစွမ်းလေသည်။ရုတ်တရက် ပုဖန် ထိတ်လန့်တကြားဖြင့် မျက်လုံးဖွင့်လိုက်ပြီး အဝေးတစ်နေရာကို ကြည့်လိုက်သည်။
လှပသော်လည်း သနားစရာကောင်းလှသော ပုံရိပ်လေးတစ်ခုက အပြေးနှင်လာလေသည်။သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဆုတ်ပြဲနေသော အဝတ်အစားများကလည်း တဖျတ်ဖျတ်လွင့်ခါနေ၏။၎င်းက နွေဦးရာသီကဲ့သို့ မြင်ကွင်းမျိုးကို လှစ်ဟပြထားသကဲ့သို့ ဖြစ်နေသည်။မကြာခင်မှာပင် မုချန် ပုဖန်ကို မြင်သွားပြီး သူမ၏ မျက်ဝန်းများတောက်ပသွားသည်။
သူမ၏ ကယ်တင်ရှင်က်ို တွေ့လိုက်ရသကဲ့သို့ပင် လက်မြောက်၍ အသားကုန်ဝှေ့ယမ်းပြကာ ပျံသန်းတော့မတတ် ပုဖန်ဆီသို့ ပို၍ မြန်မြန်ပြေးလာလေသည်။