အပိုင်း ၇၈၉
Viewers 53k

အခန်း ၇၈၉

ကြောက်မက်ဖွယ်ရာစားသောက်ဆိုင်...


"ပိုင်ရှင်ပု ငါ့ကို လာကယ်ပါဦး...မြန်မြန်လေး..."


 မုချန်က လေအလျင်အလားသူ့ဆီသို့ ပြေးလာသည်။နေရောင်အောက်တွင် သူမ၏ ဖြူဖွေးသော ခြေတံရှည်လေးများက တောက်ပနေသည်။သူမ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဝတ်စုံကလည်း အပေါက်များ ဗလပွဖြစ်နေပြီး ဖြူဖွေးသော အသားများကို လှစ်ဟပြနေလေသည်။


လူများအားလုံးက မျက်လုံးပြူးများဖြင့် ကြည့်နေမိကြသည်။မုချန်က ယခုကဲ့သို့ ရှက်ရွံ့စရာအခြေအနေမျိုးဖြစ်နေသော်လည်း သူမက လှပနေဆဲပင်ဖြစ်သည်။


သူမ ယခုကဲ့သို့ အသဲအသန်ပြေးနေသော မြင်ကွင်းကပင် စိတ်ကျေနပ်စရာကောင်းလောက်အောင် ထည်ဝါနေတုန်းဖြစ်သည်။


ပုဖန်၏ မူလက မှေးစင်းနေသော မျက်ဝန်းများသည် ဆူညံသံများကြောင့် ထိတ်လန့်တကြားပွင့်သွားသည်။


"ဒီအမျိုးသမီးက ဘာလို့ အော်နေတာလဲ သူ့ရဲ့ အသံကလည်း ဘာလို့ အဲ့ဒီလောက်တောင် ထူးဆန်းနေရတာလဲ...ခဏနေဦး အဲ့ဒီအမျိုးသမီးက မျက်နာချင်းဆိုင် ဇာမဏီအဆောက်အဦးက မုချန်မဟုတ်လား..."


ပုဖန် မတ်မတ်ထိုင်လိုက်ပြီး ဘရိတ်ပေါက်သလို အရှိန်ဖြင့် ပြေးလာသော မုချန်ကို ကြည့်နေလိုက်သည်။ပတ်ဝန်းကျင်မှ ကြည့်ရှုသူများအားလုံးလေအေးတစ်ချက်ရှ်ိုက်လိုက်မိကြသည်။သူတို့၏ မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့မှုကို အထင်သားမြင်နေရသည်။


အဘယ်ကြောင့်ဆိုသော် မုချန်၏ နောက်တွင် အလင်းလို အလျင်နှုန်းဖြင့် သူမကို လိုက်လံဖမ်းဆီးနေသော အနက်ရောင်ဝတ်လူနှစ်ယောက်ကို မြင်လိုက်ရသောကြောင့်ပင်။


"ဘာတွေ ဖြစ်နေတာလဲ သူတို့က ဘာလို့ အဲ့ဒီလောက်တောင် နံစော်နေရတာလဲ..."


ထိုနှစ်ဦးက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ဖြတ်သန်းသွားရာ ပုပ်အပ်နံစော်လှသောအနံ့များက အစားကြူးမြို့တော်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားလေသည်။စားသုံးသူများအားလုံးက ထိုဆိုးရွားလှသော အနံ့ဆိုးများကြောင့် ထပ်ခါတလဲလဲ အန်ချင်နေမိကြသည်။


"ဒါ ဘယ်လို အနံ့ကြီးလဲ အဲ့ဒီလူ နှစ်ယောက်က အိမ်သာကြွင်းထဲက တက်လာတာလား...စားဖိုမှူး မုချန်က တခြားလုပ်စရာမရှိဘူးဆိုရင်တောင် ဘာကြောင့် အဲ့ဒီ အိမ်သာကြွင်း နှစ်ယောက်ကို ဒေါသထွက်အောင် လှုံ့ဆော်လိုက်ရတာလဲ..."


လူတိုင်းက နှာခေါင်းများညှစ်ထားပြီး သူတို့ရှေ့မှ မြင်ကွင်းကို မသက်မသာ ကြည့်နေကြသည်။ဒီနေရာတွင် ဝင်ရောက်လှုပ်ရှားလိုသော လူအနည်းငယ်လည်းရှိသေးသည်။မည်သို့ပင်ဆိုစေ လိုက်ဖမ်းခံနေရသူက သူတို့၏ နတ်ဘုရားမလေးပင်ဖြစ်သည်။


တစ်စုံတစ်ယောက်ကသာသူမကို ကယ်တင်ခဲ့မည်ဆိုလျှင် မျက်နာသာရပေလိမ့်မည်။၎င်းက နှစ်လိုဖွယ်ကောင်းသည့် ရလဒ်တစ်ခုပင်ဖြစ်သည်။သို့သော်လည်း ထိုသူများက ရွေ့လျားလာသော ချီးပုံကြီးများကို မြင်လိုက်သည့်အခါ၌ မုချန်ကို ကယ်တင်လိုသော စိတ်ဆန္ဒများ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။


သူတို့သာ ဝင်ပါလိုက်လျှင် သူတို့လက်များ ညစ်ပေသွားမှာကို စိုးရိမ်နေကြသည့်အတိုင်းပင် ။


ဝမ် ဝမ်...


မကြာသေးခင်ကမှ ပြန်လည်ပြုပြင်ခဲ့သော လမ်းမထက်ကို လျှပ်စီးတန်းများရိုက်ခတ်လာသည်။ကျောက်တုံးကျောက်စများ ကွဲကြေသွားပြီး အဘက်ဘက်သို့ လွင့်စင် ပြန့်ကျဲသွား၏။မုချန်၏ ခန္ဓာကိုယ်က လမ်းမတစ်လျှောက် လျင်မြန်စွာ ဖြတ်သန်းသွား၏ သူမ၏ မျက်နာလေးကလည်း ရှက်ရွံ့မှုဖြင့် နီရဲနေပေသည်။


သူမ၏ မူလအစီအစဉ်က ဇာမဏီအဆောက်အဦးထဲသို့ ဝင်ပြေးရန်ဖြစ်သည်။သို့သေည်လည်း ဇာမဏီအဆောက်အဦးတွင် သူမနောက် လိုက်ပါလာသော မစင်ပုံ နှစ်ပုံကို ရှင်းနိုင်မည့် ပညာရှင်မရှိပေ။


ထိုသို့ဖြစ်လေရာ သူမ၏ ဇာမဏီမဆောက်အဦးဖျက်စီးခံရရုံသာမက သူမသည်လည်း လွတ်မြောက်ရန် နည်းလမ်းမရှိ ဖြစ်သွားပေလိမ့်မည်။နောက်ဆုံးအချိန်လေးတွင်မှ သူမ၏ ဦးတည်ချက်က်ို ပြောင်းလဲလိုက်ပြီး ထောင်တျဲ စားသောက်ဆိုင်သို့ ပြေးလိုက်သည်။


ပုဖန်ကို သူမ၏ပြဿနာထဲ ဆွဲသွင်းလိုက်ရခြင်းကြောင့် စိုးရိမ်ပူပန်မှု မရှ်ိပေ။မည်သို့ပင်ဆိုစေ ပုဖန်၏ ဘေးနားတွင် ခွေးနက်တစ်ကောင်ရှိနေလေသည်။နားမလည်နိုင်လောက်အောင်ပင်ကြောက်စရာကောင်းလွန်းလှသော ခွေးဝတုတ်တစ်ကောင်ရှိနေပေသည်။


 ထိုခွေးနက်ကြီးက သူ့၏ လက်ဖဝါးလေး မြောက်လိုက်ရုံဖြင့် အနောက်မှ လိုက်လာသောမစင်ပုံနှစ်ပုံက စာရွက်များကဲ့သို့ပင် ဆုတ်ဖြဲခံလိုက်ရပေမည်။သူမ၏ မျက်လုံးထဲတွင် ထိုခွေးနက်ကြီးကသာ တကယ့် ဘော့စ်အစ်ဖြစ်သည်။


မုချန်က ထိုခွေးနက်ကြီး၏ ပေါင်က်ိုတင်းတင်းကျပ်ကျပ် ဖတ်ထားသင့်သည်ဟု ခံစားမိလေသည်။နောက်ဆုံး၌ အမြဲအားကိုးစရာ ထောက်တိုင်တစ်ခု ရှိနေခြင်းက မည်သို့ ဆ်ိုလိုသည်မှန်းသိလာရပေပြီ။


ဒီကိစ္စများအားလုံးပြီးသွားလျှင် သူမ၏ မီးဖိုချောင်သို့ ပြန်၍ ထ်ို big ဘော့စ်ကြီးကို ဆုချရန်နှင့် ကျေးဇူးတင်မှုကို ခံယူရရန်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ပြင်ဆင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။


အကယ်၍ သူမ နောက်တစ်ကြိမ် လိုက်ဖမ်းခံရလျှင် ထိုဘော့စ်က သူမကို ကယ်တင်ရန်အတွက် သူ့၏ လက်ဖဝါးလေးကိုနောက်တစ်ကြိမ်အသုံးပြုပေလိမ့်မည်။


အလှမ်းကွာသော နေရာတွင် အနက်ရောင်အခိုးအငွေ့များတလူလူထွက်နေသည်။ထိုအနံ့ဆိုးအခိုးအငွေ့များက စုစည်းသွားကာ နေရောင်ကို ပိတ်ဆို့ထားသော တိမ်မဲများကဲ့သို့ ထောင်တျဲ စားသောက်ဆိုင်ရှိရာဆီသို့ ရွေ့လျားလာနေသည်။


ထိုအခိုက်အတန့်တွင် ပုဖန်၏ မျက်နာက မဲမှောင်သွားလေသည်။အနံ့ဆိုးများက သူ့နှာခေါင်းထဲကို တ်ိုးဝင်လာသောကြောင့် နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။သူမုချန်ပြေးလာရာ လမ်းကြောင်းကို ကြည့်လိုက်သည် သူမက ထောင်တျဲ စားသောက်ဆိုင်သို့ တည့်တည့်ပြေးလာခြင်းဖြစ်ပြီး ဦးတည်ရာ နည်းနည်းမှ လွဲမနေပေ။


ပုဖန် အံ့အားသင့်သွားသည်။သူ့၏ မျက်ဝန်းများကလည်း လက်ခနဲ ဖြစ်သွားပြီး စကားမဆိုနိုင်လောက်အောင် စွံ့အသွားလေသည်။


အဲ့ဒီမုချန်က ဘာလုပ်နေတာလဲ...သူက မစင်တွင်းထဲ ပြုတ်ကျထားတဲ့ ၂ယောက်ကို သူ့ကို တွေ့ဖို့ ဘာလ်ို့ ခေါ်လာတာလဲ...ထို့အပြင် သူ့ပြိုင်ဘက်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာများလဲ ...


ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ ထိန်းမထားနိုင်တော့ပဲ ဆက်ခနဲ မတ်တပ်ထရပ်လိုက်၏။


ရှောင်ယကလည်း ရွံစရာကောင်းလှသော အနံ့အသက်အခိုးအငွေ့များလွှမ်းခြုံနေသည့် လူနှစ်ယောက်ကို ကြည့်၍ အံ့အားသင့်စွာ ပြူးကြောင်နေသည်။


မုချန်က ပုဖန်နှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး နီးကပ်ချင်နေသည်။သို့သော်လည်း ပြင်းထန်လှသော ဖိအားတစ်ရပ်ကသူမအပေါ်သို့ ကျရောက်လာသည်။


သူမစိုးရိမ်သွားသော မျက်နာထားနှင့်အတူ လက်အသာမြောက်လိုက်သည်။သို့သော်လည်း ပြင်းထန်လှသောကမ္ဘာ့စွမ်းအားက သူမအပေါ်သို့ ကျရောက်လာပြီးမြေပြင်ပေါ် ဖိချလိုက်သည်။


သူမ တစ်လက်မမျှပင် မလှုပ်နိုင်တော့ပေ။သူမအောက်ခြေရှိ ကျောက်တုံးများမှလည်း အက်ကွဲသံများပင် ထွက်လာသည်။လျှပ်စီးကြောင်းများက ကြောက်မက်ဖွယ်ရာ ကောင်းလှသောအပြာရောင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာတရှူးရှူးအသံပေး၍ ယမ်းခါနေလေသည်။


သူက မုချန်၏ အသက်ကို နှုတ်ယူတော့မကဲ့သို့ အောက်သို့ ဆင်းချလာသည်။ထိုမြင်ကွင်းကိုမြင်လိုက်ရသောသူများအားလုံး ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။မုချန်၏ မျက်ဝန်းများလည်း အေးစက်သွားပြီးသူမမျက်နာတစ်ပြင်က ဖြူဖျော့သွားသည်။ကြည့်ရသည်မှာ ဒီတစ်ကြိမ်တော့ သူမတကယ် အဆုံးသတ်ပေပြီ။


"ဝှိုက်တီ ဒီအီးပုံ နှစ်ပုံကို ဖယ်လိုက် ငါတို့ ဆိုင်ရှေ့မှာလာပိတ်ထားတယ်ဆိုရင် ငါတို့ စီးပွားရေးကို ထိခိုက်လိုက်မယ်..."


ပုဖန်၏ စကားဆုံးသည်နှင့် သူ့နောက်ဘက် ထောင်တျဲ စားသောက်ဆိုင်ထဲမှ ကြောက်မက်ဖွယ်ရာစွမ်းအင်များထိုးထွက်လာသည်။ထို အော်ရာများက နှိုင်းယှဉ်မရအောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ထို့နောက်လေဟာနယ်ကို ဆုတ်ဖြဲလိုက်သလို ဆူညံသံနှင့်အတူ အနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။


အစောင့်များအနေဖြင့်အနီးနားတွင်ရှ်ိနေသောတစ်စုံတစ်ယောက်က မုချန်ကို ကယ်တင်ရန် သတ္တိရှ်ိလိမ့်မည်ဟုလုံးဝမတွေးခဲ့မိပေ။ထူးခြားဆန်းကြယ်လှသောသင်္ကေတအမျိုးမျိုးကို ရေးဆွဲထားသည့် အနီရောင်တုတ်ချောင်းတစ်ချောင်းလေထဲမှ ပျံသန်းလာလေသည်။


လေထဲတွင် တုန်ခါသံများ ပဲ့တင်ထပ်သွားသည်။ထိုတုတ်ချောင်းက အစောင့်၏ လက်ထဲမှ ကျောက်စိမ်းအဆောင်ပြားကိုရိုက်ချလိုက်ပြီး သူ့ရင်ဘတ်ကို ထုတ်ချင်းဖောက် ဖောက်ဝင်သွားသည်။အစောင့်က သနားစရာကောင်းစွာအော်လ်ိုက်ပြီး သူ့လက်ထဲမှ အဆောင်ပြားကလည်းကွဲကြေသွားသည်။


သူ့၏ အသက်စွမ်းအင်များက လျင်မြန်စွာ ခြောက်ခမ်းသွားသည်။အနီရောင် တုတ်က လေထဲတွင် လည်သွားပြီး သူ့ကို အဆက်မပြတ်ရိုက်နှက်နေလေသည်။ထိုအစောင့်၏ ပါးစပ်မှ သွေးများစီးကျလာ၏။


နတ်ဘုရားသတ်တုတ်က ထိုအစောင့်ကို အဆုံးသတ်ပြီးသည်နှင့် လေထဲတွင်တစ်ပတ်ပြန်လည်သွားပြီးအနီရောင် ရုပ်သေးရုပ်၏လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။


ကောင်းကင်ဘုံ နှ်ိမ်နင်း အဆောင်ပြားကို ဆုပ်ကိုင်ထားသော အစောင့်က အမျိုးသမီးတစ်ယောက်ကို လိုက်ဖမ်းရခြင်းသည် အလွန်ပင် လွယ်ကူသည်ဟု တွေးထင်နေခဲ့သည်။သို့သော်လည်း အခြေအနေကတောင်နှင့်မြောက်အလားပြောင်းပြန်လှမ်းသွားလေသည်။


အနီရောင်တုတ်တစ်ချောင်းပေါ်လာပြီး သူ့၏ ရင်ဘတ်ကို ထုတ်ချင်းဖောက်သွားခဲ့သည်။၎င်းက အလွန်နာကျင် လှသည်။တခြားအစောင့်တစ်ယောက်၏ လက်များကလည်း တဆတ်ဆတ်တုန်ခါနေပေပြီ။ထိုအခိုက်အတန့်မှာပင် ဝှိုက်တီ၏ တောင်ပံများ ဖြန့်ကားလိုက်ပြီး သူ့လက်ထဲမှ အနီရောင်နတ်ဘုရားသတ်တုတ်က နောက်တစ်ကြိမ် ထပ်မံ ပျံသန်းလာပြန်သည်။


ထိုအခိုက်အတန့်၌ လေဟာနယ်ပင် ဆုတ်ဖြဲခံလိုက်ရသလိုမ်ျိုး တုန်ခါနေသည်။နတ်ဘုရားသတ်တုတ်က အစောင့်တစ်ယောက်ကို သေသည်အထိ ရိုက်သတ်လိုက်လေသည်။ဝှိုက်တီ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသောအစောင့်နှစ်ယောက်က်ိုကြည့်၍ မုချန် မျက်ဝန်းအပြူးသား ပါးစပ်အဟောင်းသားဖြစ်နေလေသည်။


နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားသော ဝှိုက်တီက တောင်ပံများကို ဖြန့်ကားကာ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာလေသည်။


"အစောင့်နှစ်ယောက်က ဒီတိုင်းပဲ သေဆုံးသွားပြီလား..."


သို့သော် သူတို့ သေဆုံးသွားသည်က ကောင်းလှပေသည်။သူတို့၏ အနံ့ဆိုးများကို မည်သူမှ မခံနိုင်ပေ။မုချန် မြေပြင်ပေါ်မှနေ၍ ပြန်လည် ထရပ်လိုက်သည်။သူပုဖန်။ အေးချမ်းတည်ငြိမ်နေသော မျက်နာကိုကြည့်လိုက်ပြီးနောက် သူမ မတည်မငြိမ်ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။


သူမ၏ နှလုံးသားက ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မလိုမျိုးခုန်လှုပ်နေပေသည်။သူ ပုဖန်ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။


"ရှင် သေချာဂရုစိုက်သင့်တယ် တကယ်တမ်းတော့ အဲ့ဒီ ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေက လူတစ်ချို့စေလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်တာ..."


ပုဖန်က ရန်ယု၏ ကိစ္စတွင် ပါဝင်ပတ်သတ်မှု အရှိဆုံးလူဟုလည်း ယူဆ၍ ရပေသည်။မုချန်က ပုဖန် ဒီတိုင်း သတ်ဖြတ်ခြင်းခံလိုက်ရမည်ကို မကြည့်နိုင်ပေ။သို့သော်လည်း သူမ၏ စိုးရိမ်ပူပန်မှုများအား မလိုအပ်ပုံပေါ်သည်။ပုဖန်၏ ဘေးနားတွင်ရှိနေသော ရုပ်သေးရုပ်က မမျှော်မှန်းန်ိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။မည်သူက မည်သူကို သတ်မည်ကိုပြောရန်ခတ်လှသည်။


.....


အရိပ်တစ်ဖွဲ့ ဆက်လက်၍ လျှောက်လှမ်းလာနေသည်။သူတို့ကို ဦးဆောင်လာသော ရန်ချန်း၏ မျက်နာက မဲမှောင်နေသည်။သူ့၏ တပ်ဖွဲ့က စိတ်ဓာတ်တက်ကြွနေသော မျက်နားထားများဖြင့်လိုက်ပါလာသည်။သူတို့၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း အစစ်အမှန်စွမ်းအားများက ချပ်ဝတ်တန်ဆာတစ်ခုအလား ဖုံးကာထားသည်။


ရန်ချန်း၏ မျက်နာကမူ ပြိုတော့မည့်မိုးလို မဲမှောင်နေသည်။အစောပိုင်းက နက်ရှ်ိုင်းပင်လယ် ရနံ့ဆ်ိုးငါးက သူ့ကို အနံ့အသက်မကောင်းအောင် လုပ်သွားခြင်းကြောင့် ဖြစ်သည်။ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏ ကျော်ကြားသော ခေါင်းဆောင်တစ်ယောက်မနေဖြင့် ထိုကဲ့သို့ ကြုံတွေ့ရခြင်းမှာ ရှက်စရာကောင်းလှသည်။


ရန်ချန်းနှင့် သူတပ်ဖွဲ့ဝင်များသည် ပြင်းထန်ပြီး ခန့်ညားသော အသွင်အပြင်ကို ပိုင်ဆ်ိုင်ထားကြသည်။သို့သော် သူတို့ လျှောက်လှမ်းလာသည်တစ်လျှောက် အနံ့အသက်ဆိုးများက လေထဲသို့ စိမ့်ဝင်ပြန့်နှံ့သွားသောကြောင့် အနား၌ ရှိသောလူများအားလုံး ရွံ့ရှာစွာဖြင့် နှာခေါင်းပိတ်ထားကြသည်။


သူတို့က အီးပုံကြီးများလမ်းလျှောက်လာသလိုမ်ျိုးခံစားရစေသည်။ရန်ချန်း၏ စိတ်အခြေအနေကလည်း ပို၍ ဆိုးရွားလာသည်။လူများ၏ အမူအရာကြောင့် သူ့နှလုံးသားထဲတွင် ဒေါသမီးတောက်များတောက်လောင်လာသည်။သူ မုချန်ကို ဖမ်းဆီးကာ သူမ၏ ခြေထောက်အရွတ်ကြောများကို ဖြတ်ပစ်ရန်မစောင့်နိုင်တော့ပေ။သို့သော် အနီရောင်တုတ်ချောင်းကို ကိုင်ဆောင်ထားသော ရုပ်သေးတစ်ရုပ်က သူ့အစောင့်နှစ်ယောက်ကို တိုက်လိုက်သည်ကို မြင်ရသည့်အခ်ျိန်၌ ယန်ချန်းကြောင်အမှင်သက်သွားမိသည်။


ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောသူများအားလုံး ကူကယ်ရာမဲ့စွာဖြင့်လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ယန်ချန်း ပြန်လည်သတိဝင်လာပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။


တစ်စုံတစ်ယောက်က သူ့၏ ရှေ့၌ပင် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေမှ သူ့လူများကို သတ်ပြစ်လိုက်လေရာသူမည်မျှ ဒေါသကြီးနေလိမ့်မည်နည်း။ဝဝတုတ်တုတ် ဝှ်ိုက်တီက ပုဖန်၏ ဘေးနားတွင် ရပ်နေသည်။သူ့၏ လက်များက ခုံနောက်ကျောမှီပေါ်တင်ထားပြီး မျက်ဝန်းများက တဖျတ်ဖျတ် လင်းလက်နေသည်။


ရန်ချန်း၏ မျက်နာက မဲမှောင်နေသည်။သူ့၏ အစောင့်များနှင့် သူလျှောက်လာနေစဉ်တွင် သူ့၏ မျက်နာကလည်း အချိန်အနည်းငယ်မျှ ပြောင်းလဲသွားသည်။


ပုဖန်၏ မျက်ဝန်းများကို ရင်ဆိုင်လိုက်သည့်အချိန်၌ သူ့၏ လှုပ်ရှားမှုများရပ်တန့်သွားသည်။အဘယ်ကြောင့်ဆိုသော် ထိုမျက်လုံးများက ရေကဲ့သို့ တည်ငြိမ်နေပြီးလှုပ်ရှားနေသော သူ့၏ နှလုံးသားကို ရေခဲကန်ထဲ ပစ်ချလိုက်သလို ခံစားလိုက်ရသောကြောင့်ပင်။၎င်းက အလွန်အန္တရာယ်ကြီးလွန်းသည်ဟု ခံစားရမိစေသည်။


သူဘာကြောင့် အဲ့ဒီလို ခံစားရတာလဲ ...


ယန်ချန်း၏ နှလုံးသားက တုန်ယင်လာသည်။သူ့နှလုံးသားထဲမှ အန္တရာယ်အချက်ပေးသံများလည်း တိုးမြင့်လာလေသည်။သူ့၏ စိတ်ခံစားမှုအရ တောင်တစ်တောင်ကိုပင် ဆွဲယမ်းလှုပ်ခါနိုင်သော စွမ်းအင်အတက်အကျလှိုင်းများ ပြန့်လွင့်လာသည်ကို ခံစားလိုက်မိသည်။


ထိုစွမ်းအင်လှိုင်းများက ရန်ချန်းကို တုံ့ဆိုင်းသွားစေသည်။သူတို့ခံစားလိုက်ရသည်က ပြင်းထန်လှသော ခြိမ်းခြောက်မှု တစ်ရပ်ပင် ၎င်းစိတ်ဖတ်စွမ်းအင်က တည်ထောင်သူ အကြီးအကဲများဆီမှ အမွေရရှိထားခြင်းပင်ဖြစ်သည်။


ရန်ချန်း သူ့၏ အစောင့်များကို တားလိုက်သည်။သူသေဆုံးသွားပြီဖြစ်သော အစောင့်နှစ်ယောက်၏ အလောင်းကို ကြည့်၍ နှုတ်ခမ်းများမဲ့သွားသည်။ခေါင်းပြန်မော့လိုက်ပြီး အရှေ့တူရှုသို့ လှမ်းကြည့်လိုက်သည်။သူ့၏ အကြည့်များက ဝှ်ိုက်တီနှင့် ပုဖန်ကို ကျော်ဖြတ်သွားပေသည်။


ထိုအရာက လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နေသော သူမှန်းဆ၍ မရနိုင်သည့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်နေသည်။မှန်ပေသည် ထိုဆန်းကြယ်မှုအားလုံးကလည်း သူရှေ့၌ ရှိနေသော စားဖိုမှူးနှင့် ဆက်သွယ်နေခြင်းဖြစ်လိမ့်မည်။


မြင့်မြတ်သူတော်စင်က သူ့ကို သိုသိုသိပ်သိပ် စုံစမ်းစစ်ဆေးရန် ပြောလိုက်ခြင်းက အံ့သြစရာမရှိတော့ပေ။ထိုသို့ သေးငယ်လှသောပုံရိပ်တစ်ခုက သူ့ကို ကြောက်မက်ဖွယ်ကောင်းသောဖိအားများ ပေးနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။