အပိုင်း ၇၉၀
ငါ့ညီကိုသတ်တဲ့အတွက်.. မင်းလည်းသူနဲ့အတူမြှုပ်နှံခံရမယ်..
ရန်ချန်းရဲ့နှလုံးသား တုန်တုန်ယင်ယင်ဖြစ်သွားရပြီး သူ့တစ်ကိုယ်လုံးလည်းကြောက်ရွံမှုကြောင့်တုန်လှုပ်နေသည်။ ထိုစားသောက်ဆိုင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားလောက်အောင် ဖိအားပေးနေသည်။ အဘယ်ကြောင့် ယခုလိုခံစားရသည်ကို သူကိုယ်တိုင်ပင် မသိချေ။
အဲဒါက...သူ့ရဲ့အစောင့်တွေကို တုတ်ချောင်းသုံးပြီး အပိုင်းပိုင်းအစစခြေမွပစ်ခဲ့တဲ့ ဟိုသံရုပ်သေးရုပ်ကြောင့်များလား..
လူတစ်ယောက်က အဝင်ဝတွင်လက်ပိုက်ရပ်နေကာ တစ်ခြားလူငယ်တစ်ယောက်နဲ့အတူ စားသောက်ဆိုင်အကျယ်ကို တိုးချဲ့နေသည် ။
ရန်ချန်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
စားသောက်ဆိုင်.. အဲဒါနဲ့ပါတ်သတ်ပြီးတစ်ခုခုကတော့သေချာပေါက်ထူးဆန်းနေသည် ။ သူတို့ကအခုတင်မှအစားကြူးတောင်ကြားကိုရောက်လာခဲ့ကြပြီး ဒီဒေသရဲ့သတင်းအချက်အလက်တွေမရရှိကြသေးပေ။ ထို့ကြောင့် သူတို့ကဒီစားသောက်ဆိုင်ရဲ့နောက်ကွယ်ကဇာတ်လမ်းကိုလည်းမသိရှိကြပေ။သူ ကမူးရှုးထိုး မလုပ်ဆောင်ဝံ့ပါချေ။သို့သော် သူ့ အစောင့်နှစ်ယောက်ကိုဆုံးရှုံးလိုက်ရတာကိုသူဒေါသထွက်မိသည်။ သူ့တွင်အလွယ်တကူနောက်ဆုတ်ဖို့လမ်းမရှိပေ။
မြေကြီးပေါ်ကထဖို့ကြိုးစားနေတဲ့မူချန်ကိုသူကြည့်လိုက်သည်။
မူချန်ကလည်း ရန်ချန်းရဲ့စူးရှတဲ့အကြည့်ကိုခံစားမိလေသည်။ ဘာစကားမှမဆိုပဲ သူမကသူမခြေထောက်များကိုမတ်မတ်ရပ်လိုက်ကာ ထောင်တျဲ့စားသောက်ဆိုင်အတွင်းချက်ချင်းပြေးဝင်သွားတော့သည်။ သိပ်မကြာခင်မှာပဲသူမရဲ့အရိပ်အယောင်ကိုပင်မမြင်ရတော့ပါချေ။
ရန်ချန်းရဲ့မျက်လုံးများကပို၍ပင်အေးစက်လာခဲ့သည်။ အမွှေးနံသာအချို့ကိုအသုံးပြုနေတာတောင်အချိန်အတော်အတန်ရှိနေပြီဆိုပေမဲ့လည်း သူ့ခန္ဓာကိုယ်ဆီမှအလွန်ဆိုးရွားတဲ့အနံ့အသက်ဆိုးတွေသိပ်သည်းစွာထွက်ပေါ်နေဆဲပင်။
.မူချန်ကသေချာပေါက်တစ်ခုခုသိနေတယ်".. သူတွေးလိုက်သည်.. သူထိုမိန်းမကိုဖမ်းမှဖြစ်မည်။
သူရပ်နေတာစားသောက်ဆိုင်တစ်ခုရဲ့ရှေ့မှာဆိုမှတော့.. သူဟင်းလျာအချို့ကိုအရင်မှာယူသင့်သည်။ မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ တင်းမာဆိုးရွားနေသည့်လေထုကပျောက်ကွယ်သွားတော့သည်။ ရန်ချန်းကပုဖန်ကိုစိုက်ကြည့်လိုက်သည် သူကအပြုံးတစ်ခုကိုချက်ချင်းဆင်မြန်းလိုက်ကာပုဖန်ဆီကိုလျှောက်လှမ်းသွားသည်။
."မင်းကဒီစားသောက်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်ရမယ် စားသောက်ဆိုင်ကခုဖွင့်ထားတယ်ဆိုမှတော့ စီးပွားရေးသေချာပေါက်ရှိနေမှာပေါ့ အဲ့လိုဆို ငါဝင်လို့ရတယ်မဟုတ်မလား..."
ရန်ချန်းကအပြုံးတစ်ခုနှင့်မေးလိုက်သည်။
ပုဖန်က အနည်းငယ်တွေဝေသွားသည် သူကရန်ချန်းကိုစွေကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များကတွန့်ကွေးသွားပေသည် ..
"မရဘူး..."
ပုဖန်ကတုံ့ပြန်လိုက်သည်။
မရဘူးတဲ့လား..
ရန်ချန်းနဲ့သူ့အနောက်ကအစောင့်တွေရှုပ်ထွေးသွားရသည်။
ရန်ချန်း၏ အုပ်စုထဲမှအစောင့်တစ်ယောက်ကစိတ်တိုသွားပြီး အရှိန်အဝါတွေထုတ်လွှတ်ကာပုဖန်ကိုအေးစက်စက်စိုက်ကြည့်လေသည်။ သူမကြိုက်တဲ့အဖြေတစ်ခုခုကိုကြားတာနဲ့ တစ်စုံတစ်ခုလုပ်ပစ်တော့မလိုပင်။
သို့သော်လည်းရန်ချန်းကသူ့ခြေလှမ်းတွေကိုတားဆီးလိုက်သည်။ ဤစားသောက်ဆိုင်နဲ့ပါတ်သတ်ပြီးဘာတွေဖြစ်ပျက်နေသလဲဆိုတာနှင့် ဤလူငယ်လေး၏အထောက်အထားများကိုမသိရှိသေးသ၍ ရန်ချန်းကဘယ်လိုပေါ့ပေါ့ဆဆအမှားအယွင်းမျိုးကိုမှပြုလုပ်မည်မဟုတ်ချေ။
"ဘာလို့ဝင်လို့မရတာလဲ ဒီဆိုင်ကစီးပွားရေးလုပ်ဖို့ဖွင့်ထားတာမဟုတ်ဘူးလား..."
ရန်ချန်းကပဟေဠိဖြစ်နေသည့်အမူအယာဖြင့် ပုဖန်ကိုကြည့်လိုက်သည်။
အကယ်၍ ပုဖန်သာထိုအမျိုးသမီးကိုကာကွယ်ပေးမည်ဆိုပါက မည်သို့ဖြစ်လာမည်မသိသည့်အကျိုးဆက်များကိုအနည်းငယ်ကြောက်လန့်မိသော်လည်း ရန်ချန်းကထိုသူနဲ့ဤနေရာတွင်ချက်ချင်းတိုက်ခိုက်မည်ဖြစ်သည်။
ဤစားသောက်ဆိုင်ကအန္တရာယ်များသည်ဆိုလျှင်တောင်မှ ဆိုရိုးစကားရှိသည့်အတိုင်း.. အန္တရာယ်ကြားကသာအကျိုးအမြတ်ရနိုင်သည်မဟုတ်ပါလား။ ဘေးကနေတွန်းအားပေးခြိမ်းခြောက်မယ့် အန္တရာယ်တွေသာမရှိရင် လူတွေဘယ်လိုလုပ်ပြီးသန်မာကြီးပြင်းလာနိုင်ပါ့မလဲ။
"မင်းကအနံ့ဆိုးတယ် နောက်ပြီးငါ့စားသောက်ဆိုင်ကလည်းမဖွင့်သေးဘူး ..."
ပုဖန်ကလေးတွဲ့တွဲ့ပြောလိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူ၏ခုံပေါ်သို့ထိုင်ချလိုက်သည်။
ဆိုင်ကပိတ်ထားတုန်းလား..
သို့သော် အဓိကအချက်က သူတို့ရှေ့ကဤလူငယ်က .. သူတို့ရဲ့မသတီစရာအနံ့ကြောင့်ရွံရှာနေတာလား..
သူတို့အနံ့ကတကယ်ဆိုးနေတာမှန်ပေမဲ့ သူတို့လည်းဘာမှမတတ်နိုင်ပေ၊ ပြောရလျှင် သူတို့လည်းပဲဒီအနံ့ဆိုးကြီးကိုဖယ်ရှားနိုင်ဖို့တကယ်ကိုအပူတပြင်းဖြစ်နေကြရသည်။
သူတို့စစ်မှန်တဲ့စွမ်းအင်ကိုသုံးပြီးဖယ်ရှားတာတောင်မှ အနှီပင်လယ်ရေနက်ပိုင်းမှငါးများ၏ သွေးနှင့်အနံ့အသက်ဆိုးများကသူတို့၏ခန္ဓာကိုယ်ပေါ်စွဲကျန်နေဆဲဖြစ်သည်။ ရေကိုသုံးပြီးဆေးကြောတော့လည်းထို့အတူသာဖြစ်လေသည်။ အချုပ်ပြောရလျှင်ဤသို့နှယ်ပဲ အပုပ်နံ့ကြီးကသူတို့ဆီအချိန်အတော်ကြာအောင်ရှိနေတော့မည်ဖြစ်သည်။
မည်သို့ဆိုစေ သူတို့ကိုယခုလိုအနံ့အသက်ဆိုးတွေစွဲအာင်လုပ်ခဲ့တဲ့သူက ယခုနကစားသောက်ဆိုင်ထဲကိုဝင်သွားတဲ့အမျိုးသမီးဖြစ်၏
"ငာ့ရဲ့စားသောက်ဆိုင်ကအခုမဖွင့်သေးပါဘူးလူကြီးမင်းတို့ ကျေးဇူးပြုပြီးထွက်သွားပေးကြပါ ဆိုင်ဖွင့်တဲ့အခါနောက်တစ်ကြိမ်ပြန်လာနိုင်ပါတယ်...."
ပုဖန်ကနွေးထွေးတဲ့နေရောင်ခြည်ကိုခံယူနေရင်း သူ့မျက်လုံးများကိုမှေးကာကြည့်လိုက်သည်။
ပုဖန်ရဲ့စကားလုံးများက ရန်ချန်းရဲ့မျက်ဝန်းအတွင်းရက်စက်သောအရိပ်အယောင်များဖြစ်ပေါ်လာစေသည်။
ရန်ချန်းသည် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏စစ်သေနာပတိတစ်ဦးဖြစ်ပြီး နတ်ဝိဉာဉ်အဆင့်သို့တစ်ဝက်တစ်လှမ်းပြီးသူဖြစ်သည်။ ယခုမူသူက သာမာန်စားသောက်ဆိုင်တစ်ဆိုင်ဝင်ခွင့်ရဖို့အရေးကိုအကြိမ်ကြိမ်ငြင်းဆန်ခံနေရ၏
အစားကြူးတောင်ကြားမှာရှိတဲ့ စားဖိုမှူးတွေကမာနကြီးဘဝင်မြင့်ကြတယ်လို့ လူတွေအမြဲပြောကြသည်။ ၄င်းကကောလဟာလတစ်ခုသာမဟုတ်ကြောင်း ရန်ချန်းသိရှိသွားပြီဖြစ်သည်။ ရှက်စရာကောင်းတာကတော့ ဒီလိုစိတ်ကြီးဝင်မှုမျိုးက သူ့ရဲ့အကြွင်းမဲ့အာဏာအောက်မှာ ရိုးရှင်းစွာပဲအစိတ်စိတ်အမွှာမွှာဖြစ်အောင်ခြေမွခံလိုက်ရမည်သာ...
.
." ငါက ဝင်ရမှကိုဖြစ်မယ်ဆိုရင်ရော ..."
ရန်ချန်းကသူ့လက်သီးကိုတင်းတင်းဆုပ်ပြီးပြောလိုက်ချိန် သူ့ရဲ့မျက်ဝန်းတွေကလည်းထက်ရှကာပြင်းထန်နေခဲ့သည်။
ဝင်ရမှကိုဖြစ်မယ်ဆိုပါလား..
ပုဖန်၏ပါးစပ်ထောင့်စွန်းကအပေါ်ဘက်သို့ကွေးညွတ်သွားပြီး ဝှိုက်တီ၏ဗိုက်သားလေးများကိုပုတ်လိုက်လေသည်။ အသံကျယ်ကျယ်တစ်ချက်ကလေထုထဲဖြစ်ပေါ်သွားသည်။
ရန်ချန်းက သူ့ရဲ့မျက်နှာမဲမဲနှင့်ဆန့်ကျင်ဘက်ဖြစ်သော ပုလဲဖြူသွားတန်းများကိုလှစ်ဟပြီး လှောင်ပြုံးတစ်ခုပြုံးပြလာ၏။
.."မင်းကငါ့ကိုလျှော့တွက်ထားတာဖြစ်လိမ့်မယ် ရုပ်သေးရုပ်တစ်ရုပ်လောက်နဲ့ငါ့ကိုတကယ်မတားဆီးနိုင်ပါဘူး ...".
....
ဤနေရာနှင့်ခပ်လှမ်းလှမ်းတွင်..
လှုပ်ယမ်းနေသည့်ပုံရိပ်တစ်ခုကသူတို့ရှိရာထံဦးတည်လျှောက်လာနေသည်။ ထိုသူရဲ့အင်္ကျီရင်ဘတ်ကပွင့်ဟနေပြီး ဖြူဖွေးသောအသားအရည်ကိုပေါ်လွင်နေစေသည် သူ၏မျက်နှာကတော့ခရမ်းချဉ်သီးတစ်လုံးကဲ့သို့နီရဲနေပြီး ဝိုင်များပါရှိသောဝါးပြွန်ဘူးတစ်ခုကိုလည်းအခေါက်ခေါက်အခါခါမော့သောက်နေပြန်သေးသည်။
မိုလျိုကျိ သူ၏ပါးစပ်ကိုကျုံ့လိုက်သည် အစားကြူးတောင်ကြားကအမှန်တကယ်ကိုနိဗ္ဗာန်တစ်ခုလို့သူခံစားမိပေသည်။
ထိုနေရာတွင်လူတစ်ယောက်၏စားချင်စိတ်ကိုသွေးဆောင်ဖျားယောင်းနိုင်သည့်စားသောက်ဖွယ်ရာများနှင့်ဝိုင်ကောင်းများစွာရှိပြီး လူတိုင်းကိုအစားကြူးအောင်လုပ်နေတာသာဖြစ်သည်။ ကျေနပ်နှစ်သိမ့်သွားတဲ့၄င်းတို့ကိုတဝကြီးစားသောက်နိုင်ပေသည်။
မည်သို့ဆိုစေ သူ့ထံတွင် အစားကြူးတောင်ကြားကိုလာလည်ရတဲ့ရည်ရွယ်ချက်ကိုမှတ်မိနိုင်ဖို့သတိအနည်းငယ်ကျန်နေသေးတာကံကောင်းသည်ဟုဆိုရမည်။ ထို့ကြောင့်သူက နေ့စဉ်နေ့တိုင်းမပျက်မကွက်ပုဖန်ထံသွားရောက်လည်ပတ်ကာ စကားအနည်းငယ်ပြောဆိုလိမ့်မည်ဖြစ်သည်။
သူက ပုဖန်ကို ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသို့ပြန်လည်ခေါ်ဆောင်သွားဖို့ရာစီစဉ်ထားသည်ပင်၊ အဆုံးမှာတော့..ပုဖန်ဟာမြင့်မြတ်အပျိုစင်ရဲ့ ှနှလုံးသားမိစ္ဆာ ဖြစ်သည်ပေ၊ အဘွားမိုကသူ့ကိုဒီတာဝန်ကိုဖြည့်ဆည်းပေးစေချင်တာကြောင့် သူ့ဘက်ကလည်းအောင်မြင်ဖို့အတတ်နိုင်ဆိုးကြိုးစားရမည်ဖြစ်သည်။
မိုလျိုကျိလား...
သဘာဝကျစွါပင် ရန်ချန်းကမိုလျိုကျိကိုမှတ်မိသည်။ ထိုသူသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ အရည်အချင်းရှိပြီး သာမာန်အဆင့်အတန်းမဟုတ်သော အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူကမယုံနိုင်ဖွယ်အရည်အချင်းမြင့်မားရုံသာမက ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ နက္ခတ်တာရာဟောပြောခြင်းနည်းလမ်းကိုနားလည်သဘောပေါက်သူလည်းဖြစ်သည်။ အခြေခံအားဖြင့် သူကရှေ့ဖြစ်ဟောသူတစ်ဦးဖြစ်သည်။
အခြားသောသန့်စင်နယ်မြေများမှကျင့်ကြံသူများသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှကျင့်ကြံသူအပေါ်သတိကြီးကြီးထား၍ကြောက်ရွံ့တတ်ကြပေသည်။ သူတို့က ကံကြမ္မာ၏အရွှေ့မပြောင်းကိုသိနေတာကြောင့် သူတို့အဲဒါကိုစျေးကောင်းကောင်းလေးနဲ့ရောင်းချင်မလားဆိုတာ ဘုရားသာလျှင်သိလိမ့်မည်။
ရန်ချန်း၏ထောက်လှမ်းရေးသမားများက မိုလျိုကျိအကြောင်းပြောဖူးသည်။ သို့သော် ဤနေရာမှာပေါ်လာနိုင်တယ်ဆိုတဲ့အတွေးမျိုးတွေးမိဖို့ရာကတော့..
မိုလျိုကျိကရောက်လာတာနဲ့ ခုံတစ်ခုံကိုပုံမှန်လိုဆွဲယူလိုက်ပြီး လက်ထဲရှိသောက်စရာနှင့်အတူ ပုဖန်၏နံဘေးတွင်ဝင်ထိုင်လိုက်သည်။ မိုလျိုကျိကသူ့ရဲ့ပျင်းရိနေတဲ့မျက်လုံးအစုံကိုမှေးကျဉ်းလိုက်ပြီးပုဖန်ကိုလှည့်ကြည့်သည်။
.." ပိုင်ရှင်ပု ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကိုလာရောက်လည်ပတ်ဖို့ နောက်တစ်ကြိမ်ငါမင်းကိုရိုးရိုးသားသားဖိတ်ကြားပါရစေ အဘွားမိုကမင်းနဲ့တွေ့ရဖို့မစောင့်နိုင်တော့ဘူး ကျေးဇူးပြုပြီးဒီတစ်ကြိမ်လောက်တော့မျက်နှာလာပြလို့ရမလား"...
မိုလျိုကျိကတောင်းဆိုလိုက်သည်။
ပုဖန်က မလိုလားမှုတို့ရှင်းလင်းစွာပေါ်လွင်နေသည့်အကြည့်များဖြင့် မိုလျိုကျိကိုဘေးတိုက်စောင်းငဲ့ကြည့်သည်။ .
." ခင်ဗျားဒီကိုမလာခင် သောက်တာလက်စသတ်ခဲ့လို့ရမလား ...ခင်ဗျားကနေ့တိုင်းပဲဒီအဆင့်နိမ့်ဝိုင်တွေကိုကျွန်တော့်စားသောက်ဆိုင်ထဲမှာလာလာသောက်နေတယ် တစ်ယောက်ယောက်များခင်ဗျားကိုဒီနေရာမှာတွေ့ရင် ကျွန်တော့်စားသောက်ဆိုင်ရဲ့အရည်အသွေးတွေအပေါ်သက်ရောက်မှုရှိလာလိမ့်မယ် နောင်အနာဂါတ်မှာ ဘယ်သူကကျွန်တော့်ဆိုင်ရဲ့ဝိုင်တွေကိုဝယ်ပါတော့မလဲ "...
ပုဖန်ပြောတာကအမှန်တကယ်ကျိုးကြောင်းဆီလျော်မှုရှိသည်။ မိုလျိုကျိကသူ့ရဲ့မေးစေ့ကိုပွတ်သပ်ပြီး ခဏတာမျှစိတ်ရှုပ်သွားပုံရလေသည်။
သူဒါကိုဝမ်ရန်ရှန်ဆီကရခဲ့တာပါ.. ဘယ်လိုလုပ်ပြီးအဆင့်နိမ့်ဝိုင်ဖြစ်နိုင်မှာတဲ့လဲ..
မိုလျိုကျိကလေချဉ်တက်လိုက်ပြီး သူ့မျက်နှာပေါ်တွင်တော့ဇဝေဇဝါအမူအယာရှိနေဆဲပင်။
ပုဖန်နဲ့မိုလျိုကျိတို့နှစ်ဦးသားရင်းနှီးစွာပြောဆိုနေသည်ကိုမြင်ရချိန် ရန်ချန်းရဲ့နှဖူးကြောများထပ်မံတွန့်သွားရပြန်သည်။
မိုလျိုကျိက ပုဖန်အပေါ်တကယ်ကိုယဉ်ကျေးသမှုရှိလေသည်။ ထို့အပြင် အဘွားမိုကလည်းကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှာပုဖန်ကိုတွေ့ဖို့စောင့်နေကြောင်းလည်းပြောသေးသည်။
ရန်ချန်းက အဘွားမိုကိုလည်းသေချာပေါက်သိပေသည်။ သူမကတော်ဝင်ခုံရုံးတော်၏ ရှေ့ဖြစ်ဟောသူတစ်ယောက်လို ဟောကိန်းများထုတ်နိုင်သည့် အထွတ်အထိပ် ဖြစ်တည်မှုမျိုးဖြစ်ရာ သူ့အနေနဲ့ သူမကိုမသိတာဘယ်လိုလုပ်ဖြစ်နိုင်မည်တဲ့လဲ။သူမ၏တည်ရှိမှုက မြင့်မြတ်သောသူတော်စင်နှင့် နှိုင်းယှဉ်၍မရသော်ငြား သူမမည်မျှသန်မာသည်ကိုသူတို့လည်းမသိရှိခဲ့ကြပေ။
ထို့ကြောင့် မိုလျိုကျိ၏စကားများကိုကြားပြီးနောက် ရန်ချန်းပို၍နိုးနိုးကြားကြားဖြစ်လာသည်။ ကြည့်ရသည်မှာ စားဖိုမှူးသေးလေးတွင် ကြီးမားတောင့်တင်းသည့်နောက်ခံတစ်ခုရှိပုံရသည်။
တိုက်ခိုက်မည့်သူ့အကြံကချက်ချင်းပဲပြိုကွဲသွားသည်။ သူ့အနေနဲ့လက်ရှိအခြေအနေကိုသေချာ ခွဲခြမ်းစိတ်ဖြာဖို့ရာလိုအပ်နေသည်..
ရန်ချန်းကသူ့အစောင့်တွေကိုခေါ်ပြီးထွက်မသွားခင်မှာ ပုဖန်ကိုနက်ရှိုင်းစွာစိုက်ကြည့်ခဲ့သည်။ သူ့ရဲ့အစောင့်နှစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဒေါသထွက်သည့်တိုင် သူကသတိရှိသည့်လူတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။ မြင့်မြတ်သောသူတော်စင်ရဲ့ကိုယ်ပွားကိုအမှန်တကယ်သတ်ပစ်နိုင်တဲ့ ငရဲကမ္ဘာသတ္တဝါတစ်ကောင်ဆီကနေကျောထောက်နောက်ခံရခဲ့တဲ့ဖြစ်ရပ်မှာ ပုဖန်သူ့ရဲ့စီးပွားရေးကိုတောင်ရပ်ဆိုင်းလိုက်ရနိုင်သည်။
အဆုံးမှာ မြင့်မြတ်သောသူတော်စင်ကသူ့ကိုဤဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးဖို့စေခိုင်းထားသည်။ သူ့ရဲ့ကိုယ်ပိုင်ကိစ္စရပ်တွေကိုလုပ်ရင်း မြင့်မြတ်သောသူတော်စင်၏အစီအစဉ်ကိုနှောင့်ယှက်ဖို့ရာမတတ်နိုင်ပေ။ ရန်ချန်းနှင့်သူ့လူများထွက်ခွာသွားသည်ကိုမိုလျိုကျိကသံသယဖြစ်စွာကြည့်နေခဲ့သည်။ ထို့နောက်သူ့ရဲ့ဝါးပြွန်ဘူးကိုဖွင့်လိုက်ပြီးတစ်ငုံမော့လိုက်သည်။ ဝိုင်၏ပြင်းပြသောရနံ့ကလေထုထဲစိမ့်ဝင်သွားလေသည်။
ပုဖန်ကထိုရနံ့ကိုရတော့ သူ့ရဲ့ပါးစပ်ကတွန့်ကွေးသွားပြီး အထင်အမြင်သေးစွာခေါင်းယမ်းလိုက်ပေသည်။
.....
ကောင်းကင်ယံကတဖြည်းဖြည်းမှောင်မိုက်လာသည်။
မိုးကုပ်စက်ဝိုင်းထက်သို့လခြမ်းကွေးနှစ်ခု မြင့်တက်လာပြီး များမကြာမီတွင်ပဲ ထိုလခြမ်းကွေးများက ညကောင်းကင်ထက်တွင်မြင့်မားစွာတည်ရှိနေတော့သည်။
တည်းခိုဆောင်တစ်ခုအတွင်း၌...
ရန်ချန်းရဲ့ကိုယ်အပေါ်ပိုင်းက ဝတ်လစ်စလစ်ဖြစ်နေပြီး ဝိဉာဉ်ဆေးဝါးအမြားအပြားကပ်တင်နေ၏ သူကအနှီဝိဉာဉ်ဆေးဝါးများဖြင့် အနံ့ဆိုးကိုဆေးကြောပစ်ဖို့ရာရည်ရွယ်သည်။
ရလာဒ်ကမထိရောက်ကြောင်း သူ့ခန္ဓာကိုယ်ပေါ်မှပျောက်ကွယ်မသွားသေးသည့်အနံ့ဆိုးများကသက်သေပြနေချေသည်။ သူ့ကိုယ်ပေါ်မှအနံ့အသက်ကမစင်နံ့နှင့်အတော်လေးတူသည်။ ရန်ချန်းတစ်ယောက်ရူးသွားတော့မလိုခံစားနေရသည်ပေ။
.."မြင့်မြတ်သောသူတော်စင် ရဲ့ကိုယ်ပွားက အဲဒီစားသောက်ဆိုင်ပိုင်ရှင်ရဲ့သူငယ်ချင်းတစ်ယောက်သတ်တာခံလိုက်ရတယ် .. ရန်ယုက ချူချန်းရှန်ဆီကနေသေအောင်ရိုက်သတ်ခံလိုက်ရတယ်"..
ယန်ချန်း၏ မျက်နှာသည် မည်းမှောင်ပြီးကြည့်ရဆိုးနေပြီးကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု သူ့ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားသည်။
.. "အစားကြူးတောင်ကြားရဲ့ ချူချန်းရှန်....ကြည့်ရတာဒီလူကိုပဲအရင်ရှင်းပစ်ရမယ့်ပုံပဲ ပိုင်ရှင်ပု ဆိုတဲ့ လူကငရဲကမ္ဘာသတ္တဝါဆီကနေကာကွယ်ပေးတာခံနေရတော့ ချူချန်းရှန်ကိုပဲအရင်ကိုင်တွယ်လိုက်တော့မယ် ငါ့ညီကိုကိုသတ်သွားတဲ့ကောင်သေရမယ်.." ...
ထောက်လှမ်းရေးသမားတင်ပြတဲ့စာရွက်ကိုချလိုက်တာ ရန်ချန်းကကြွေးကြော်လိုက်သည်။ တင်းမာနေသောမျက်နှာထားဖြင့် သူသက်ပြင်းချလိုက်သည်။
ချူချန်းရှန်က ကြီးမြတ်သောတန်ခိုးအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသာအလိုရှိပါက ထိုလူကိုအချိန်မရွေးအလွယ်တကူရှင်းပစ်နိုင်သည်။ထိုအဆင့်လောက်က ရန်ချန်းမျက်လုံးထဲတွင်တော့ နိမ့်ကျသည့်ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။
...
အစားကြူးတောင်ကြားရှိ အစားကြူးနတ်ဘုရားအဆောက်အဦးအတွင်း၌...
လရောင်ဖျော့ဖျော့သည်အစားကြူးနတ်ဘုရားအဆောက်အဦးအတွင်းသို့ ဝင်ရောက်လာပြီး တောက်ပစွာလင်းလက်နေသည်။ထိုအလင်းရောင်ကသူနှင့်အတူ လေနုအေးတဖြူးဖြူးကိုပါသယ်ဆောင်လာပုံရသည်။၄င်းက ပိုးသားအပါးပေါ်တွင်ရေခဲလွှာတစ်ထပ်ရစ်ပါတ်ထားသလိုပင်။
ချူချန်းရှန်ကခုံမှထရပ်လိုက်ကာသူ့ရဲ့ညောင်းညာနေတဲ့နောက်ကျောကိုဆွဲဆန့်လိုက်သည်။သူ၏ဟာလာဟင်းလင်းဖြစ်နေသောခန္ဓာကိုယ်အရှေ့ပိုင်းသည် ထူထဲတောင့်တင်းသော ကြွက်သားများဖြင့်ပြည့်နှက်နေသည်။သူ၏ ကြွက်သားများလှုပ်ရှားသွားသည်နှင့် ခြိမ်းခြောက်နေသည့်အငွေ့အသက်များပျံ့နှံ့သွားလေသည်။
ချူချန်းရှန်ကသူ့လက်နှစ်ဖက်ကိုချိတ်လိုက်ပြီးပြူတင်းပေါက်ရှိရာသို့လျှောက်လှမ်းသွားသသည်။ သူ၏အဖြူရောင်ဆံနွယ်နှင့်မုတ်ဆိတ်မွေးများကတိုးဝှေ့လာသောလေနှင့်အတူလှုပ်ခါသွားကြသည်။
သူ့မျက်လုံးများက အစားကြူးနတ်ဘုရားဗိမာန်အပြင်ဘက်ရှိ မြင်ကွင်းများကိုနက်နက်နဲနဲကြည့်ရှုလိုက်လေသည်။ ထိုအခိုက်အတန့်တွင် အစားကြူးတောင်ကြားသည် ဖြတ်လတ်မြူးကြွမှုတို့နှင့် အသက်ဝင်လှုပ်ရှားနေပေသည်။ နှစ်အတော်ကြာဆုတ်ယုတ်နေခဲ့သောအစားကြူးတောင်ကြားသည်ယနေ့ညတွင်တော့ပြန်လည်မြူးကြွရှင်သန်နေပုံရသည်။ ဤသည်ကချူချန်းရှန်အတွက်တော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါခွန်အားများပေးစွမ်းသောတစ်စုံတစ်ရာဖြစ်ပေ၏။
တောင်ကြားသခင်ရှောင်ယ သည် အတော်လေးငယ်ရွယ်နေသေးပြီး ရှုပ်ထွေးသောကိစ္စရပ်များကိုကိုင်တွယ်မဖြေရှင်းနိုင်သော်ငြား ချူချန်းရှန်ဤနေရာတွင်ရှိနေသေးသ၍ ရှောင်ယကိုကူညီဖို့အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။ သူ့ဘဝတစ်ခုလုံးကိုစွန့်စားရင်းနှီးမြှုပ်နှံလိုက်ဖို့လိုအပ်ရင်တောင်မှပေါ့....
စူးရှစွာစကားပြောဆိုနေသံတစ်ခု..
တံခါးကဖြည်းညင်းစွာပွင့်ဟသွားသည်။ ချူချန်းရှန်ကို သူ့လက်များကိုချိတ်လိုက်ပြီး၄င်းကိုကြည့်ဖို့ရာတစ်ဖက်သို့လှည့်လိုက်သည်။
.."ပြန်လာပြီပဲ ဝင်ခဲ့" ..
ချူချန်းရှန်ကနူးညံ့စွာပြောသည်။
မိန်းမငယ်လေးတစ်ဦးကတံခါးမကြီးကိုဖြတ်ပြီးဝင်ရောက်လာသည်။ သူမ၏မျက်ခုံးနှစ်ဖက်ကြားတွင် မှတ်ဉာဏ်အမွေအနှစ်သလင်းကျောက်လေးတစ်ခုမြှုပ်နှံထားသည်။
ဤမိန်းမငယ်လေးက ပုဖန်ရဲ့ဆိုင်မှာတစ်နေကုန်အချိန်ဖြုန်းနေသည့် ရှောင်ယမှလွဲအခြားသူမဟုတ်ပါချေ။ ပန်းပွင့်လေးကသူမနှင့်အတူအိမ်ပြန်မလာပုံရသည်။ ရှောင်ယကသူမမျက်နှာလေးကိုငုံ့လိုက်ပြီးလျှာတစ်လစ်လေးထုတ်လိုက်သည်။ သူမကအခန်းအတွင်းဂရုတစ်စိုက်လျှောက်ဝင်လာပြီးနောက် ချူချန်းရှန်၏ရှေ့တွင်ရပ်နေလိုက်သည်။
.." ကစားလို့ဝပြီလား.. အဲဒါဆိုဒီနေ့အတွက်သင်ခန်းစာစလိုက်ကြရအောင်.. မင်းတော်တော်ဆိုးသွမ်းတဲ့ကလေးမလေးပဲ... ဒါပေမဲ့လည်းမင်းကငယ်သေးတာကို မင်းအတွက်ဒီအရွယ်နဲ့တောင်ကြားသခင်တစ်ယောက်ဖြစ်ဖို့ခက်ခဲမှာပဲ"...
ချုချန်းရှန်ကရှောင်ယ၏ခေါင်းကို ချစ်မြတ်နိုးစွာပွတ်သပ်ရင်း ငြင်သာစွာပြောသည်။
ချူချန်းရှန်၏မျက်လုံးထဲတွင်တော့ ရှောင်ယသည်သူ့မြေးမလေးလိုသာ.. သို့သော်ရှောင်ယသည် တောင်ကြားသခင်အသစ်လည်း ဖြစ်သည့်အတွက် အစားကြူးတောင်ကြားကိုစီမံခန့်ခွဲရန်နည်းလမ်းများကိုသင်ယူရန်လိုအပ်ပေသည်။ ချူချန်းရှန်က ရှောင်ယသည် အစားကြူးတောင်ကြားကိုဘုန်းတန်ခိုးကြီးမားအောင်မြှင့်တင်ပေးမည့်သူဖြစ်လာစေရန်မျှော်လင့်မိသည်။
.."ဘိုးဘိုးချူ သမီးအခုစာသွားလေ့လာတော့မယ်နော် "..
ရှောင်ယက ပုဖန်၏နေရာတွင်တစ်နေကုန်နေခဲ့ရာ လုံလောက်အောင်ပျော်ရွှင်ခဲ့ပြီးဖြစ်သည်။တစ်ခါတစ်ရံမှာ မှတ်ဉာဏ်အမွေအနှစ်သလင်းကျောက်သည် အလင်းများဖြာထွက်လာကာ သူမခေါင်းထဲသို့မှတ်ဉာဏ်တသီတတန်းထည့်သွင်းပေးလာတတ်သည်။မိန်းမငယ်လေးကအနည်းငယ်ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ သူမတွင် ပခုံးထမ်းယူစရာတာဝန်များစွာရှိနေသည်ကိုလည်းနားလည်ပေသည်။
ချုချန်းရှန်ကသူမလေးရဲ့ခေါင်းကိုအပြုံးတစ်ခုနှင့်ပုတ်လိုက်သည်။ မိန်းမငယ်လေးကနောက်ဆုံးတော့အရွယ်ရောက်လာခဲ့ပြီပင်..
ရုတ်တရက်ချူချန်းရှန်၏မျက်လုံးများကအာရုံစူးစိုက်မှုအပြည့်ဖြစ်သွားသည်။လေထုထဲတွင်အနံ့အသက်တစ်ခုစိမ့်ဝင်ပျံ့နှံနေပြီး သူ့နှာခေါင်းကရှုံ့တွနေသည်။
အနံ့ကသူ့မျက်နှာပေါ်တွင်မနှစ်မြို့သည့်အမူအယာတစ်ခုကိုဖြစ်ပေါ်စေသည်။ သူကပြူတင်းပေါက်ဘက်သို့ဖြေးညင်းစွာလှည့်ကြည့်လိုက်သည်။
ထိုနေရာတွင်အနက်ရောင်အရိပ်တစ်ခုက ချူချန်းရှန်ကိုကြည့်နေပြီး လေးတံရှည်တစ်ခုကိုဆွဲထုတ်သည်။ လေးကြိုးသည် ကြောက်မက်ဖွယ်စွမ်းအင်များစုရုံးကာ ဆွဲငင်ယူခံလိုက်ရသည်။ထိုလူ၏ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေပြီးသူ၏ အေးစက်သောမျက်လုံးများကချူချးန်ရှန်ကိုစူးစိုက်ကြည့်နေကြသည်။
.."မင်းငါ့ညီ ရန်ယုကိုသတ်ခဲ့တာမဟုတ်လား .. မင်းလည်းသူနဲ့အတူမြှုပ်နှံခံရမယ် "..
ချူချန်းရှန်၏မျက်လုံးများချက်ချင်းမှေးကျဉ်းသွားသည်။အနက်ရောင်အရိပ်မဲ့မြှားတစ်စင်းချူချန်းရှန်ဆီသို့ပစ်လွှတ်ခံလိုက်ရကာသူမလွတ်မြောက်နိုင်ခဲ့ပေ။
ရွှပ်..
သွေးစက်များ လေထဲသို့လွင်စင်ပျံ့ကျဲကုန်လေသည်။