အပိုင်း ၇၉၁
Viewers 61k

အခန်း ၇၉၁

 သေလုမျောပါးချူချန်းရှန်...


မှင်နက်ရောင်မြှားတစ်စင်းသည် ပတ်ဝန်းကျင်လေထုကိုသက်ရောက်မှုတစ်ခုတစ်လေမရှိဘဲအသံတိတ်ထိုးဖောက်လာသည်။ 


ချူချန်းရှန်၏မျက်ဝန်းများကတုန်လှုပ်သွားကာ လက်နှစ်ဖက်ကိုမြှောက်၍ရှောင်ယကိုကာကွယ်ပေးလိုက်သည်။ အနက်ရောင်မြှားတံသည် သူ၏ခန္ဓာကိုယ်အားအပေါက်တစ်ပေါက်ဖြစ်သည်အထိဖောက်ဝင်သွားကာ ထိုအပေါက်မှသွေးစက်များရပ်တန့်ခြင်းမရှိဒလဟောစီးကျလာတော့သည်။


.."မင်းဘယ်သူလဲ"..


ချူချန်ရှန်း၏အမူအယာကအနည်းငယ်မျှပင်ပြောင်းလဲမှုမရှိချေ။


သူကခေါင်းကိုမော့ကာလက်ထဲတွင်လေးတလက် ကိုင်ဆောင်ထားသောလူပေါ်သို့လရောင်ကျရောက်နေသည့်ပြတင်းပေါက်ရှိရာထံ တည့်တည့်မတ်မတ်စိုက်ကြည့်လိုက်သည်။


ရန်ချန်းကလည်း ချူချန်းရှန်ကိုစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများထဲတွင်ထူးဆန်းသောအလင်းရိပ်တစ်ခုဖြစ်ပြေးသွားကာ သူ့နှုတ်ခမ်းထောင့်များကအထက်သို့မြင့်တက်သွားလေသည်။ သူသည်ချူချန်းရှန်ထံမှမည်သို့သောစိတ်ဝင်စားစရာအချက်ကိုမျှမမျှော်လင့်ထားခဲ့ချေ။ သို့သော်လည်း ဤလူသည်သူ၏ရင်ဘတ်ကိုအပေါက်တစ်ပေါက်ဖြစ်အောင်ဖောက်ခံထားရသ သည့်တိုင် မျက်နှာအရောင်ပင်ပြောင်းလဲလျော့ကျမသွားပေ။


.."မင်းသာ ငါ့ညီကိုမသတ်ခဲ့ဘူးဆိုရင် ငါ့မှာလည်းမင်းကိုတိုက်ခိုက်စရာအကြောင်းအရင်းရှိလာမှာမဟုတ်ဘူး"..   


ရ.န်ချန်းကနာကျင်စွာဖြင့်ပြောလိုက်သည်။


ပြောပြီးနောက်သူက လေးညို့ကိုနောက်တစ်ကြိမ်ဆွဲငင်လိုက်ပြန်သည်။လေးကနောက်သို့ဆွဲဆန့်ခံလိုက်ရပြီး မြှားတစ်ချောင်းထပ်မံပစ်လွှတ်လိုက်လေသည်။


မြှားတံကလေထုကိုတိတ်တဆိတ်ဖြိုခွင်းပြီး မျက်တောင်တစ်ခတ်အတွင်းချူချန်ရှန်းထံသို့ တဟုန်ထိုးပြေးဝင်သွား၏။


ချူချန်ရှန်း၏မျက်လုံးများသည် မီးရှူးတိုင်ကဲ့သို့တောက်ပသွားသည်။မှောင်မိုက်သောညတွင်ထိုမျက်လုံးများသည် တောက်ပသောအလင်းတန်းတစ်ခုလိုပင်ရှိချေသည်။


.."အဲဒီယုတ်ညံ့တဲ့သစ္စာဖောက်ကောင် သူဘယ်သူ့ညီအစ်ကိုလဲငါဂရုမစိုက်ဘူး ငါဆိုတဲ့ချူချန်းရှန်ကဘယ်တော့မှကိုယ့်အသိတရားကိုယ်မဆန့်ကျင်ဘူး"..


ချူချန်းရှန်ကဒေါသတကြီးဖြစ်လာ

ပြီး သူ၏ဆံပင်များကလေပေါ်သို့ပျံဝဲလာချေသည်။


ခဏအကြာတွင် သူ၏ခန္ဓာကိုယ်မှကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကိုလွှတ်ထုတ်လာပေသည်။


.." တောင်ကြားသခင်ပြေးတော့.. ပိုင်ရှင်ပုဆီကိုသွားပါ ဒီနေ့ပြီးရင် ငါမင်းကိုနောက်ထပ်မကူညီနိုင်တော့ဘူး ..မင်းတစ်နေ့မှာတော့ဒီအစားကြူးတောင်ကြားကို ခမ်းနားကြီးကျယ်တဲ့အထွတ်အထိပ်နယ်မြေတစ်ခုဖြစ်လာအောင်လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ငါမျှော်လင့်ပါတယ်" ..


ချူချန်းရှန်၏မျက်ဝန်းများအတွင်းတောက်ပမှုတို့ပြည့်နှက်နေခဲ့သည်။ 

သူကသူ့ရဲ့လက်ကိုမြှောက်ပြီး ရှောင်ယအားလေပြင်းတစ်ခုဖြင့်တွန်းထုတ်လိုက်လေသည်။


ကွဲအက်သံများနှင့်တစ်ပြိုင်နက် အစားကြူးနတ်ဘုရားအဆောက်အဦး၏နံရံများကပြိုကျလာတော့သည်။


ရှောင်ယ၏မျက်လုံးများကထိတ်လန့်တုန်လှုပ်နေသည်။ အားတစ်ခုကသူမကို အစားကြူးနတ်ဘုရားနန်းတော်အတွင်းမှတွန်းထုတ်လိုက်သည်ကိုခံစားလိုက်ရကာ သူမလွင့်ထွက်သွားခဲ့ပြီးနောက် လေပြင်းတစ်ခုကသူမကိုမြေပြင်ပေါ်သို့ဖြေးညင်းစွာသယ်ဆောင်ပေးခဲ့လေသည်။


သူမလွင့်ပျံထွက်သွားခဲ့သည့်နောက်တွင် ခြေထောက်များကဂျယ်လီကဲ့သို့ပျော့ခွေနေချေသည်။ အစားကြူးအဆောက်အဦးကိုကြည့်ပြီး သုမ၏ပြူးကျယ်ဝိုင်းစက်သောမျက်လုံးရွဲများထံမှမျက်ရည်စက်များစီးကျလာတော့သည်။


.." ဘိုးဘိုး.. ဘိုးဘိုးချူ...."


ရှောင်ယကိုအပြင်ထုတ်လိုက်ပြီးနောက်မှာ ချူချန်းရှန်ကအော်ဟစ်ဟိန်းဟောက်လိုက်သည်။ သူ၏ဆံပင်ဖြူများနှင့်မုတ်ဆိတ်များက အပြင်းအထန်ခါယမ်းနေကြ၏။


သူ၏စိတ်အဟုန်ကတောက်လောက်နေခဲ့ပြီး ဦးခေါင်းထက်မှာစိတ်ဝိဉာဉ်လှေကားတစ်ခုဖြစ်ပေါ်လာလေသည်။ ၄င်းကအဆင့်ရှစ်ဆင့်သို့ရောက်သည်ထိ တစ်ဆင့်ပြီးတစ်ဆင့်တဖြည်းဖြည်းဖွဲ့စည်းဖြစ်ပေါ်နေသည်။


သူ၏လက်ထဲ၌အသွားနှစ်ဖက်ပါရှိသောဓားတစ်လက်ပေါ်ထွက်လာသည်။၄င်းကသူ၏လက်တွင်းလှည့်ပတ်နေကာအရာအားလုံးကို ချေမှုန်းဖြတ်တောက်နိုင်သလိုမျိုးပေါ်ထွက်လာသည် ။


ဝှစ် ဝှစ်..


အနက်ရောင်မြှားက အသံစိုးစဉ်းမကြားရဘဲ ချူချန်းရှန်၏ခန္ဓာကိုယ်ကိုနောက်တစ်ကြိမ်ဖောက်ထွင်းသွားပြန်ကာ သူ့အားနောက်သို့ယိမ်းထိုးသွားစေသည်။ထိုမြှားတံသည်အစားကြူးနတ်ဘရားနန်းတော်၏နံရံကိုဖောက်ဖြတ်၍ မြေပြင်သို့တိုင်ထိုးဖောက်သွားပေသည်။


.." သန့်စင်နယ်မြေတွေက ကျင့်ကြံသူတွေ.. မင်းတို့အကုန်လုံးကငါတို့အစားကြူးတောင်ကြားကိုသိမ်းယူချင်နေကြတာ.. ဘယ်လိုပဲဖြစ်ဖြစ် ငါဒီနေ့သေရမယ်ဆိုရင်တောင် မင်းခန္ဓာကိုယ်ပေါ်ကအသားတွေကိုအရင်ဆုံးတစ်စဆီဆွဲဆုတ်ပစ်မှာ"..


ချူချန်းရှန်ပါးစပ်မှသွေးများစီးကျလာသည်။ သူ့မျက်ဝန်းများကလည်းသွေးရောင်ဖုံးလွှမ်းသွား၏။

အဆင့်တစ်ဆင့်ထပ်မံဖြစ်တည်လာသည်နှင့် အုတ်မြစ်ကစတင်ပြိုလဲလာတော့သည်။


ဘုန်းး..


ကြီးကျယ်ခမ်းနားသောရောင်ဝါတစ်ခုဖြစ်ပေါ်လာသည်။


ချူချန်းရှန်၏ မျက်ဝန်းများကရောင်ဝါများကွန့်မြူးကာတောက်ပနေသည်။ချက်ချင်းဆိုသလို ပုံစံကွက်တစ်ခုပြန့်ကားဖြစ်ပေါ်လာကာ ချူချန်းရှန်၏ခန္ဓာကိုယ်ကိုဖုံးအုပ်လိုက်ပြီးနောက် သူ၏စွမ်းအင်များကတဟုန်ထိုးပေါ်ထွက်လာပြန်သည်။


စက္ကန့်ပိုင်းအတွင်းမှာပင် ချူချန်းရှန်၏အသန်မာဆုံးစွမ်းအင်များကရှေ့သို့ပေါက်ကွဲထွက်လာပေသည်။


ရန်ချန်း၏ဖိအားများကသူ့အပေါ်ကြောက်ခမန်းလိလိသက်ရောက်လေသည်။


သူ၏စွမ်းအားကသန်မာလွန်းပြီးနတ်ဝိညာဉ်အဆင့်ရှိကျွမ်းကျင်သူတစ်ဦးသာပေးစွမ်းနိုင်သည့် တသီးတခြားဆန်ကာအေးစက်သောအနှီခံစားချက်သည် ချူချန်းရှန်အားယနေ့အဖို့တော့ သူဘေးဆိုးမှ လွတ်မြောက်နိုင်စရာအကြောင်းမရှိဟုမလွှဲမရှောင်သာ အရိပ်အမြွက်ဖော်ပြနေပေသည်။


မည်သို့ပင်ဖြစ်စေ ချူချန်းရှန်ကပြစ်မှုကိုကျူးလွန်ခဲ့မိပြီး သဘာဝကျစွာနှင့်သူကအငြိုးအတေးထားခံခဲ့ရသည်။  


သူကအရင်ဒေါသသွားဆွခဲ့မိသည်ပင်။


ရှောင်ယကိုဤနေရာမှခေါ်ထုတ်သွားခဲ့ပြီးနောက်မှာ ရန်သူကိုရင်ဆိုင်ရန် သူ၏ခွန်အားအားလုံးကို အသုံးပြုလိုခဲ့သည်။


ချူချန်းရှန်သူ့ထံပြေးဝင်လာသည်ကိုကြည့်ရှုနေသည့် ရန်ချန်း၏မျက်ဝန်းများကအေးဆေးတည်ငြိမ်နေပေသည်။  


ပိုးသားခြုံထည်ပါးတစ်ထည်ဖြင့်ဖုံးလွှမ်းထားသကဲ့သို့လရောင်ကသူ၏ခန္ဓာကိုယ်ပေါ်ကျရောက်နေပြီး ဓားထက်ထက်တစ်လက်ဖြင့်ထုဆစ်ပုံသွင်းထားသည့်လားရှိသည့်မျက်နှာပေါ်သို့အလင်းပေးနေပေ၏။


.."အသုံးမဝင်ဘူး မင်းကအားနည်းလွန်းတယ်"..


ရန်ချန်းကအမှုမထားသောလေသံဖြင့်သာမန်ကာလျှံကာပြောလိုက်သည်။ သူ၏သွယ်လျသောလက်ချောင်းများကလေးကြိုးကိုဆုပ်ကိုင်ကာ နောက်သို့ဆွဲငင်လိုက်သည်။


ခေတ္တအကြာတွင် လေးကြိုးကိုလွှတ်လိုက်လေသည်။


 ဝှစ် ဝှစ် ဝှစ်..


အနက်ရောင်မြှားတံများ လေးထံမှပြေးထွက်သွားကြသည်။


မြှားတစ်စင်း.. နှစ်စင်း.. သုံးစင်းမြောက်..


၄င်းတို့သည်ချူချန်းရှန်ရှိရာသို့ တဟုန်ထိုးလျင်မြန်စွာ ရွေ့လျားသွားကြချေသည်။


အဟွတ် အဟွတ်..


ချူချန်းရှန် သွေးတစ်ပွက်အန်လိုက်ရသည်။သို့သော်လည်း သူ့မျက်ဝန်းများကတော့ ကောင်းကင်ယံမှကြယ်ပွင့်များအလားတလက်လက်တောက်ပနေဆဲပါပေ။


သူ၏အရှိန်အဝါများရွေ့လျားသွားပြီး သူ့ဦးခေါင်းထက်ရှိအဆင့်ရှစ်ဝိဉာဉ်လှေကားကလေထုထဲမှစွန်တစ်စင်းကဲ့သို့ မြင့်တက်လာခဲ့သည်။


သူကရန်ချန်းထံတည့်မတ်စွာ ပြေးဝင်သွားလိုက်သည်။


ရန်ချန်းကမူ မထုံတက်သေးအမူအယာဖြင့်ရှိနေဆဲဖြစ်ပြီး သူ၏လေးကိုဆွဲကာမြှားတံများကိုဆက်မပြတ်ပစ်လွှတ်နေတော့၏။


ချူချန်းရှန်သည်ထိုမြှားများကိုသူ၏ခန္ဓာကိုယ်ဖြင့်ဒိုင်းသဖွယ်ခံယူနေပြီး သူ့မျက်နှာကရက်စက်ကြမ်းကြုတ်နေပေသည်။


လရောင်အောက်တွင် နှစ်ဦးသားကတဖြည်းဖြည်းနီးကပ်လာကြသည်။


ရုတ်တရက်..


ရန်ချန်းကလေးညို့ကိုဆက်မဆွဲတော့ပေ။ ဒေါသများကသူ့မျက်လုံးအတွင်းဖြတ်ပြေးသွားပြီး သူ၏နှုတ်ခမ်းထောင့်များကတွန့်ကွေးသွားလေသည်။


သူမြှားကိုလွှတ်ချလိုက်သည်။လက်တစ်ဖက်ကိုဖြေးညှင်းစွာပင့်မြှောက်လိုက်ပြီး သူ့နှာခေါင်းမှနှစ်လက်မခန့်သာကွာဝေးသော တစ်ဖက်လူ၏ခေါင်းထက်သို့တင်လိုက်ချေသည်။


ချူချန်းရှန်သည်ခက်ထန်သောမျက်နှာထားဖြင့် ယန်ချန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။


.."အစားကြူးတောင်ကြားရဲ့ချူချန်းရှန်.. ငါ ရန်ချန်းကမင်းကိုအမှတ်ရနေမှာပါ"..


ရန်ချန်းကညင်သာစွာအသက်ရှူထုတ်လိုက်ကာခဏအကြာတွင် သူ၏လက်ပေါ်တွင် စစ်မှန်သောစွမ်းအင်များထွက်ပေါ်လာပေသည်။


ဘုန်း..


ချူချန်းရှန်ကရိုက်ချခြင်းခံလိုက်ရပြီး လေထဲသို့လှုပ်ရှားမှာကင်းမဲ့စွာလဲပြိုကျသွားတော့သည်။


ဗြိ..


ချူချန်းရှန်က ရန်ချန်း၏လက်မောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားတာကြောင့် ယန်ချန်း၏အင်္ကျီလက်အဝတ်ကိုအပိုင်းအစတစ်ခုအဖြစ်ဆုတ်ဖြဲမိသလိုသွားခဲ့သည်။


ချူချန်းရှန်၏ခြေလက်များပြန့်ကျဲနေကာ ရင်ဘတ်၌လည်းသွေးများစီးယိုကျနေသည့်အပေါက်များဖြင့်ပြည့်နှက်နေလေသည်။  


သွေးများက သူ၏ခန္ဓာကိုယ်မှရပ်တန့်ခြင်းမရှိဘဲစီးကျနေတော့မည့်အလားပင်။


ချူချန်းရှန်၏အဖြူရောင်ဆံပင်ရှည်များနှင့်မုတ်ဆိတ်မွှေးများသည် ယခုအချိန်တွင်သွေးရဲရဲများဖြင့်အရောင်ဆိုးခံထားရချေ၏။ သူ၏ခန္ဓာကိုယ်လေထဲသို့ပြုတ်ကျသွားချိန်သွေးစက်များကအထက်သို့လွင့်စင်သွားကြသည်။


မျက်ခွံများလေးလံနေခဲ့သည့်တိုင် သူသည်ကောင်းကင်ရှိတောက်ပသောလခြမ်းကွေးနှစ်စင်းကိုမြင်နိုင်ဖို့ရာ မျက်လုံးများကိုအရင်ထက်ပင်ပို၍ပြူးကျယ်အောင်ဖွင့်ကြည့်ချင်နေခဲ့သည်။ သူ၏နှုတ်ခမ်းစွန်းများကအထက်သို့ငြင်သာစွာကွေးညွတ်သွားပေသည်။


ရှောင်ယသည်ကောင်းကင်ထက်မှအကူအညီမဲ့စွာပြုတ်ကျလာသောချူချန်ရှန်း၏ခန္ဓာကိုယ်အား ကြည့်နေခဲ့ရသည်။


သူမနေရာတွင်ကျောက်ရုပ်တစ်ရုပ်ကဲ့သို့တောင့်ခဲနေလေသည်။ ရုတ်တရက်ဆန်သည့်ဤအဖြစ်အပျက်သည် သူမစိတ်ကူးနိုင်သည်ထက်ကျော်လွန်နေ၏။


ရုတ်တရက်အဝေးတစ်နေရာမှ လေထုအတွင်းဆူညံသံထွက်ပေါ်လာသည်။ ပန်းပွင့်လေးကလေကိုစီးနင်းလာပြီးသူမ၏မျက်လုံးများက ရှောင်ယထံဦးတည်နေချေသည်။


စက္ကန့်ပိုင်းအတွင်းတွင်ပဲ သူမကရှောင်ယနံဘေးသို့ရှောက်ရှိသွား၏။


ပန်းပွင့်လေးကိုမြင်လိုက်ရသည်မှာရှောင်ယအတွက်သူမ၏အသက်ကို ကယ်တင်နိုင်သည့်မြက်ပင်တစ်ပင်ကိုဆွဲကိုင်လိုက်နိုင်သလိုပါပေ...


.."ပန်းပွင့်လေး မြန်မြန် အကြီးအကဲကိုကယ်ပါဦး မြန်မြန်လေးဘိုးဘိုးချူကိုကယ်ပေးပါဦး"..


ရှောင်ယသည်ရှိုက်ကြီးတငင်ငိုကြွေးနေကာ မျက်ရည်စက်များကသူမမျက်နှာပေါ်အဆက်မပြတ်စီးကျနေလေသည်။


...


သူ့အင်္ကျီလက်ပေါ်ရှိဆုတ်ပြဲရာကိုကြည့်ပြီး ရန်ချန်းမျက်မှောင်ကျုံ့လိုက်မိသည်။


ချူချန်းရှန်...

အဲဒီလူကတကယ့်လူပဲ သူတော့အဲဒီနာမည်ကိုမေ့တော့မှာမဟုတ်ဘူး..


ကံဆိုးသည်က ချူချန်းရှန်က ရန်ယုကိုသတ်ခဲ့သူဖြစ်သည်။ ထို့ကြောင့်ထိုသူသေရပေမည်။


သူ့လေးကိုသိမ်းလိုက်ပြီးရန်ချန်းထွက်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း လေဟာနယ်ကိုဆွဲဖွင့်ကာ ထွက်ခွာပျောက်ကွယ်သွားတော့လေသည်။


ညကောင်းကင်ယံတွင်တိတ်ဆိတ်ငြိမ်သက်ခြင်းအဖြစ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ ကြယ်ပွင့်များကမှိတ်တုတ်မှိတ်တုတ်၊ လနှစ်စင်းသည်တောက်ပနေ၏။

ထို့အပြင်.. ချူချန်းရှန်သည်လည်းအကူအညီမဲ့ကျဆင်းနေဆဲ..


ပန်းပွင့်လေး၏သုံးပန်လှမြွေမျက်ဝန်းလေးများလှုပ်ရှားသွားကာ ရှောင်ယကိုခေတ္တမျှကြည့်လိုက်ပြီးနောက် ပြုတ်ကျလာနေဆဲဖြစ်သည့်ချူချန်းရှန်ကိုကြည့်လိုက်လေသည်။


ခြေလှမ်းအနည်းငယ်အတွင်းပန်းပွင့်လေးကချူချန်းရှန်ထံရောက်ရှိသွားပြီး ထိုသူ၏ခန္ဓာကိုယ်ကိုဆုပ်ကိုင်လိုက်ချေသည်။ ထိတွေ့လိုက်ပြီးနောက်မှာ ပန်းပွင့်လေး၏မျက်ဝန်းများကခေတ္တတုံ့ဆိုင်းသွားပြီး ချက်ချင်းဆိုသလိုအလေးအနက်အနေအထားသို့ပြောင်းလဲသွားတော့သည်။


ချူချန်းရှန်၏ခန္ဓာကိုယ်အားဖောက်ဝင်နေသည့်မြှား ကိုးဆယ့်ကိုးချောင်းရှိနေသည်။ သူသည်သွေးများတောက်လျှောက်ထွက်နေပြီး သူ့ခန္ဓာကိုယ်မှခံနိုင်ရည်စွမ်းများမကြာမီပင်ကုန်ခမ်းသွားချေတော့မည်။  


သူ မုချသေမည်ဖြစ်သည်..


ချူချန်းရှန်နောက်ဆုံးထွက်သက်တစ်ကြိမ်ရှုရှိုက်နိုင်ဦးမည်ဆိုလျှင်တောင် ၄င်းသည် အစားကြူးတောင်ကြားအပေါ်ထားရှိသည့် သူ၏သစ္စာတရားနှင့် တွယ်တာမှုတို့ကြောင့်ပင်။


မည်သို့ပင်ဖြစ်စေ အဆုံး၌သေဆုံးရမည်သာ။


ပန်းပွင့်လေးကခေတ္တမျှစဉ်းစားပြီးနောက် ချူချန်ရှန်း၏ခန္ဓာကိုယ်ကိုသယ်ဆောင်လိုက်သည်။


ခဏအကြာတွင်ပန်းပွင့်လေး၏ ခန္ဓာကိုယ်က ဖောင်းကားလာပြီး ကြီးကျယ်ခမ်းနားသော ရွှေစပါးအုံးမြွေကြီးအဖြစ်သို့အသွင်ပြောင်းလဲသွားလေသည်။


စပါးအုံးမြွေကြီးသည်ပါးစပ်ကိုဖွင့်ဟလိုက်ပြီး လျှာထုတ်ကာချူချန်ရှန်း၏ခန္ဓာကိုယ်ကိုယ်ရစ်ပတ်ပြီး ပါးစပ်ထဲသို့ထည့်သွင်းလိုက်လေ၏။


.."ပန်းပွင့်လေးနင်ဘာလုပ်နေတာလဲ ဘာလို့အကြီးအကဲကိုစားပစ်နေရတာလဲ"..


ထိုကဲ့သို့သောမြင်ကွင်းကိုမြင်လိုက်ရသောအခါရှောင်ယကအလျင်အမြန်ပြေးလာပြီး သူမ၏ မျက်ဝန်းများထဲမျက်ရည်များစီးကျနေတော့သည်။


ပန်းပွင့်လေးသည်ယခုထိမည်သို့စကားပြောဆိုရမည်ကိုမသိသေးချေ။ သူမကလူသားမိန်းကလေးအသွင်အဖြစ်ပြန်လည်ပြောင်းလဲလိုက်ပြီး ရှောင်ယ၏လက်အစုံကိုဆွဲကိုင်လိုက်ပေသည်။ ထို့နောက်သူတို့နှစ်ဦးအတူပြေးထွက်သွားကြချေသည်။


သိပ်မကြာခင်မှာပဲမိန်းမငယ်လေးနှစ်ယောက်ကထောင်တျဲ့ စားသောက်ဆိုင်ဝရောက်သည်ထိ လမ်းမရှည်တစ်လျှောက်ပြေးလွှားလာကြသည်။


စားသောက်ဆိုင်ပိတ်သွားပြီဖြစ်သော်လည်းဆိုင်အတွင်း၌အလင်းရောင်ရှိနေဆဲဖြစ်၏။


ရှောင်ယ၏မျက်ဝန်းများကတောက်ပသွားပြီးပန်းပွင့်လေးကိုကြည့်လေသည်။


.."ဟုတ်သားပဲ အစ်ကိုကြီးကဘိုးဘိုးချူကိုကယ်နိုင်လိမ့်မယ်"..


ယခုမူရှောင်ယ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည်တန်းများဖြစ်ပေါ်လာပေသည်။သူမချက်ချင်းပဲစားသောက်ဆိုင်တံခါးကိုတဒုန်းဒုန်းထုနှက်လိုက်သည်။


သူမကတံခါးကိုထုနှက်ရင်း သူမရဲ့အစ်ကိုကြီးကိုအော်ခေါ်ဖို့လည်းမမေ့ချေ။


ပုဖန် အရှေ့တံခါးထံမှ ကျယ်လောင်သောတံခါးခေါက်သံများနှင့်ထူးဆန်းသောအသံများကို ကြားလိုက်ရသည်။သူအိပ်ယာထဲမှတွားသွားထွက်လိုက်၏။


သူကညဝတ်အင်္ကျီကို၀တ်ဆင်ထားဆဲဖြစ်ပြီးခေါင်းကိုပွတ်သပ်ရင်း ပုဖန်သည် လှေကားထစ်မှ ဖြည်းဖြည်းချင်းဆင်းလာလေသည်။သူကသာမန်ကာလျှံကာဆိုသည်။


.."လာပြီ တံခါးကိုဆက်ခေါက်မနေနဲ့တော့"..


ကျွီခနဲမြည်သံနှင့်အတူတံခါးကပွင့်ဟသွားခဲ့သည်။


ရှေ့၌မူမျက်လုံးရွဲကြီးနှစ်စုံကသူ့အားစူးစူးရဲရဲစိုက်ကြည့်နေသည်ပေ။ရှောင်ယ၏မျက်ဝန်းအစုံကနီရဲနေချေ၏။ သူမ၏ချစ်စဖွယ်အပူတပြင်းမျက်နှာလေးကတက်ဘီကြောင်လေးတစ်ကောင်နှင့်ပင်ဆင်တူနေပေသည်။


ပန်းပွင့်လေး၏သုံးပန်လှမျက်ဝန်းများကမူ ပုဖန်အားထူးဆန်းသည့်အဓိပ္ပာယ်တစ်ချို့ဖြင့်စိုက်ကြည့်နေခဲ့သည်။


ရှောင်ယသည်ပုဖန်ကိုတွေ့သည့်နှင့်ကျယ်လောင်စွာအော်ဟစ်ငိုယိုတော့သည်။


.."အစ်ကိုကြီး မြန်မြန်လေး ဘိုးဘိုးချူကိုကယ်ပါဦး"..


ပုဖန်မျက်မှောင်ကျုံ့လိုက်၏။သူ့လည်ပင်းကို ပွတ်သပ်လိုက်ပြီး နောက်ကောင်မလေးနှစ်ယောက်ကို စားသောက်အတွင်းသို့ခေါ်သွားလိုက်သည်။


စားသောက်ဆိုင်တွင်းသို့ရောက်ရှိပြီးနောက်ပန်းပွင့်လေးသည် ခွေးဘုရင်အိပ်နေသည့် သိမြင်မှုသစ်သီးပင်ဆီသို့ပြေးသွားခဲ့သည်။


ရှောင်ယကရှိုက်ငိုနေရင်း ပုဖန်အားအခြေအနေအကြောင်းစုံကိုအထစ်ထစ်အငေါ့ငေါ့ရှင်းပြလေသည်။


.." တစ်ယောက်ယောက်ကချူချန်ရှန်းကိုသတ်ဖို့ကြိုးစားခဲ့တာလား".. 


ပုဖန်ကအံ့အားသင့်သွားသည်။


ချူချန်းရှန်..အစားကြူးတောင်ကြားရဲ့ အကြီးကဲက အစားကြူးတောင်ကြားနန်းတော်မှာပဲသတ်ခံရတယ်တဲ့လား..


ဒါက..


ပန်းပွင့်လေးကမတ်တပ်ရပ်လိုက်ပြီး ရွှေရောင်စပါးအုံးမြွေကြီးအဖြစ်အသွင်ပြောင်းလဲလိုက်သည်။ သူမက သူမရဲ့ပါးစပ်ကိုလှုပ်ရှားကာ ချူချန်းရှန်ကိုထွေးထုတ်ပေးလိုက်လေသည်။ အရည်ပြစ်ပြစ်များဖြင့်ဖုံးအုပ်ခံထားရသောချူချန်းရှန်၏ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။


ချူချန်းရှန်၏ခန္ဓာကိုယ်ပေါ်တွင်အပေါက်ရာများစွာနှင့်ပေ...


ယခုချိန်မှာသူ၏နောက်ဆုံးထွက်သက်ကိုရောက်ရှိနေပြီဖြစ်ကာ သိသိသာသာကိုမကြာမီအချိန်တွင်းသေဆုံးတော့မည်ပင်။


.." ခုနှစ်ရောင်ခြယ်ကောင်းကင်ဝါးမြိုစပါးအုံးမြွေသာမြိုမထားခဲ့ရင် သူသေနေလောက်ပြီ"..


နယ်သာရီက ငရဲကမ္ဘာသင်္ဘောအတွင်းမှထွက်လာကာပုဖန်နံဘေးတွင်ရပ်လိုက်ပြီး ချိုသာသောအသံဖြင့်ပြောလာသည်။


ခုနှစ်ရောင်ခြယ်စပါးအုံးမြွေကချူချန်းရှန်ကိုမြိုချပြီး ၄င်း၏စွမ်းအင်များကိုသုံးကာ ချုချန်းရှန်၏နောက်ဆုံးထွက်သက်ကိုကာကွယ်ခဲ့သည်။ထိုသည်က ချူချန်းရှန်၏အသက်ကိုမသေဆုံးသေးအောင်ဆွဲဆန့်ထားတာဖြစ်ချေသည်။


ထိုသို့မဟုတ်ပါကချူချန်းရှန်၏ နောက်ဆုံးထွက်သက်သည်အချိန်အကြာကြီး တည်တံ့မည်မဟုတ်ဘဲ သေသွားသည်မှာကြာလောက်ပြီဖြစ်၏။


ပန်းပွင့်လေးက ချုချန်းရှန်ကိုပြန်မျိုချလိုက်ပြီး သူမ၏လူသားအသွင်သို့ပြန်လည်ရောက်ရှိသွားပေသည်။ 


 ခွေးဘုရင်ကသူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ထို့နောက်သမ်းဝေလိုက်ရင်း ဆက်လက်၍မှောက်အိပ်ကာဟောက်နေလေသည်။သူကယခုကိစ္စရပ်နဲ့ပါတ်သတ်လို့အနည်းငယ်မျှပင်စိတ်ဝင်စားပုံမရချေ။


ပုဖန်ကပန်းပွင့်လေးကိုအံ့အားသင့်စွာကြည့်လိုက်ပြီး သုမ၏ပါးဖောင်းဖောင်းလေးများကိုဆိတ်ဆွဲကာ ခေါင်းကိုငြင်သာစွာပုတ်ပေးလိုက်လေသည်။ ဒီကလေးမလေးက ယခုလိုလုပ်ပြီးချူချန်းရှန်ကိုကယ်တင်လိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ပါချေ။


.." ကောင်းပြီ မငိုနဲ့တော့ အိပ်ယာစောစောဝင်ကြရအောင် မနက်ဖြန်အတွက်စာဖိုမှူးရဲ့စိန်ခေါ်ပွဲက ဆေးဖက်ဝင်အစားအသောက်ပဲ ငါတို့ဆေးဖက်ဝင်အစားအသောက်တွေကိုချူချန်းရှန်ကိုကယ်ဖို့သုံးကြမယ် ...ဒီလူအိုကြီးတော်တော်ကံကောင်းတယ်..."


ပုဖန်ကပြောရင်းသူ့ခေါင်းသူပွတ်သပ်လိုက်လေသည်။


မနက်ဖြန်အတွက်ဆေးဖက်ဝင်ဟင်းလျာက ချူချန်ရှန်းအတွက်ဖြစ်လာမှတော့ ပါဝင်ပစ္စည်းအပြောင်းအလဲတစ်ချို့လိုအပ်လာတော့မည်ဖြစ်၏။