အပိုင်း ၇၉၄
Viewers 53k

အပိုင်း ၇၉၄

 လှုပ်ရှားလိုက်တော့ ဟလေး


ဒုတ်ဒုတ် ဒုတ်ဒုတ်..


ထောင်တျဲ့၏နှလုံးသားကပြင်းထန်စွာတလှုပ်လှုပ်ခုန်နေပြီး စွမ်းအင်လှိုင်းလုံးများကိုဖြစ်ပေါ်နေစေသည်။ ခုန်လှုပ်နေသော ဤနှလုံးကိုမြင်ရသည်က လူများစွာကိုကူကယ်ရာမဲ့ယစ်မူးအောင်ပြုလုပ်နေ၏။


နှလုံးပေါ်၌သွေးပြန်ကြောများထင်းလင်းနေပြီး ကြက်သွေးရောင်စောင်တစ်ထည်ဖြင့်ခြုံလွှမ်းထားသည့်အလား နှလုံးသားသည်နီရဲနေသည်။၎င်းတွင် အပေါက်ခြောက်ပေါက်ရှိပြီးတစ်ခုစီအတွင်းကြောက်မက်ဖွယ်စွမ်းအင်များ ထွက်ပေါ်နေကာ လူတိုင်းသည်မတတ်နိုင်ဘဲတုန်လှုပ်သွားကြရသည်။


ပုဖန်ကထောင်တျဲ့၏နှလုံးကိုလက်တစ်ဖက်ဖြင့်ကိုင်မပြီး မထုံတတ်သေးမျက်နှာထားဖြင့်လေ့လာလိုက်သည်။ ကိုင်မထားသည့်လက်က အဖြူအမည်းပုံစံကွက်များဖြင့်ဖုံးအုပ်ထားသည့်လက်မောင်းရှိသည့်ဘက်ဖြစ်ကာ ထိုလက်မောင်းထံမှနှလုံးသားနှင့် အလားတူထူးဆန်းသောစွမ်းအင်များထွက်ပေါ်လာနေသည်။


သာမရိုးကျပါဝင်ပစ္စည်းများနှင့် နည်းနာများကိုအသုံးပြုခြင်းသည် ချူချန်းရှန်ကိုမကယ်တင်နိုင်ပေ။ထောင်တျဲ့၏နှလုံးသားကသာ ဤစိတ်ဓာတ်ကျဖွယ်တာဝန်ကိုဖြေရှင်းရန်သင့်တော်သောနည်းလမ်းဖြစ်၏။ ပုဖန်တွင် ထောင်တျဲ့၏နှလုံးသားထက်သာလွန်သောပါဝင်ပစ္စည်းများစွာရှိခဲ့လျှင်ဤထောင်တျဲ့နှလုံးကိုတစ်ခါလောက်ဖြစ်ဖြစ် ချက်ပြုတ်မြည်းစမ်းဖို့ကြိုးစားကြည်ခဲ့မည်ဖြစ်သည်ပေ။


ယခုမူသူတစ်ခုလောက်ရှာနိုင်ခဲ့မယ်ဆိုလျှင်ပင် ချူချန်းရှန်ထိုအချိန်ထိအသက်မရှင်နိုင်မှာကြောက်မိသည်။


ထောင်တျဲ့၏နှလုံးသားကိုကိုင်မြှောက်လိုက်ကာ ဂရုတစ်စိုက်ဖြင့်မဟူရာလိပ်ခုံးဒယ်အိုးအတွင်းသို့ထည့်လိုက်သည်။


ဗွက် ဗွက်..


ငွေရောင်အရည်များဆူဝေလာသည်။ အရည်များမှအညွန့်အခက်အချို့ဖြစ်ပေါ်လာပြီး ထောင်တျဲ့၏နှလုံးသားအားဒယ်အိုးအတွင်းမှရုန်းထွက်ရန်ကြိုးပမ်းနေချေသည်။


.. " ဣနြေ္ဒရရပြုမူစမ်း".. 


ပုဖန်က စိတ်စွမ်းအင်ကိုသုံး၍အရည်များကိုဖိနှိပ်လိုက်ပြီးနောက် စိတ်ပင်ပန်းသွားရသည်။


အဆုံးမှာတော့ ထောင်တျဲ့၏နှလုံးသားကမဟူရာလိပ်ခုံးဒယ်အိုးအတွင်းနစ်မြုပ်သွားခဲ့သည်။ ထိုသို့နစ်မြုပ်သွားသည်နှင့်တစ်ပြိုင်နက်ပုဖန်၏ခန္ဓာကိုယ်ကယိမ်းထိုးသွားရသည်။ ထိုသည်က သူ့ခေါင်းအတွင်း လူအုပ်ကြီးလိုက်တူနှင့်လာထုနေသကဲ့သို့ပင်။


ပုဖန်ကစတင်မူးဝေလာသလိုခံစားရတာကြောင့် သူ့အကြည့်များကရီဝေနေသူတစ်ယောက်လိုဖြစ်လာသည်။


ထောင်တျဲ့၏နှလုံးသားကအလွန့်အလွန်များပြားသောစွမ်းအင်များပိုင်ဆိုင်ထားပြီး မဟူရာလိပ်ခုံးဒယ်အိုးအတွင်းသို့ဖိနှိပ်ရန်သူအသုံးပြုလိုက်သည့်စွမ်းအင်များအားလုံးကိုစုပ်ယူသွားခဲ့၏။


ပုဖန်ညည်းတွားကာ သူ၏တုန်ယင်နေသောခန္ဓာကိုယ်ကိုမတ်မတ်ရပ်နိုင်ရန်ကြိုးစားနေသည်။လေးနက်သောအရိပ်အယောင်များသူ့မျက်ဝန်းအတွင်းဖြတ်ပြေးသွားသည်။


ပုဖန်အသက်ပြင်းပြင်းရှုသွင်းလိုက်၏။


သူ၏ ခန္ဓာကိုယ်အတွင်း ပြန့်ကျဲကာမတည်မငြိမ်ဖြစ်နေသည့်စိတ်စွမ်းအင်ပင်လယ်ကချက်ချင်းအနည်ထိုင်ကျသွားသည်။ သူကသူ၏စိတ်စွမ်းအင်လှိုင်းများကို မြောက်များစွာသောချည်မျှင်များအဖြစ်စိတ်ဖြာလိုက်ကာ ထောင်တျဲ့၏နှလုံးသားအားအပြီးတိုင်ချည်နှောင်ပစ်လိုက်တော့မည်ကဲ့သို့ရစ်ပစ်နေသည်။


ခဏအကြာတွင်ပုဖန်၏ နားစည်များတုန်ခါလာသည်နှလုံးခုန်သံများလည်းရုတ်တရက်ပြင်းထန်လာပြီးနားထဲ၌ကျယ်လောင်စွာပဲ့တင်ထပ်နေတော့၏။


လူသေကိုတောင်နိုးစေလောက်သည်အထိကျယ်လောင်လွန်းပါသည်။


ပုဖန်သည် သူ၏နားထဲကြားယောင်နေရသောနှလုံးခုန်သံကြောင့်နှာခေါင်းသွေးယိုလုနီးပါးပင်ခံစားနေရသည်။


၄င်းကအမှန်ကိုရှေးဟောင်းနတ်ဘုရားသားရဲ၏နှလုံးဟူသည့်ဂုဏ်ပုဒ်နှင့်ထိုက်တန်ပါချေသည်။ ပျက်စီးယိုယွင်းနေသည့်တိုင် စွမ်းအားကြီးမားနေဆဲသာ..


ပုဖန်ရှေ့သို့ခြေတစ်လှမ်းတိုးကာ မဟူရာလိပ်ခုံးဒယ်အိုးပေါ်တွင်လက်တစ်ဖက်တင်လိုက်သည်။ ဤသည်ကသူနှင့်ဒယ်အိုးအကြားရှိဆက်နွယ်မှုကိုခိုင်မာသွားစေသည်။


လျိုကျားလီနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူရှိုက်ရင်းပုဖန်ကိုဆက်လက်ကြည့်ရှုလေသည်။


သူ၏မျက်ဝန်းများကတောက်ပနေသည်။ထောင်တျဲ့၏နှလုံးသားသည် ရှေးဟောင်းနတ်ဘုရားသားရဲပိုင်ဆိုင်ခြင်းဖြစ်ပြီး အမှန်အကန်ကိုထိပ်တန်းအဆင့်ချက်ပြုတ်ရေးပါဝင်ပစ္စည်းတစ်မျိုးဖြစ်ချေသည်။မည်သို့ပင်ဖြစ်စေ လူတိုင်းကဤအရာကိုချက်ပြုတ်ပြင်ဆင်ရန်ထိုက်တန်သည်မဟုတ်ချေ။


စားဖိုမှူးတစ်ဦး၏စိတ်ကိုပြန့်ကျဲကာ ရူးသွပ်သွားစေနိုင်လောက်သည့်ရှေးဟောင်းထောင်တျဲ့သားရဲတစ်ကောင်ထံမှဖိအားများကနှလုံးအတွင်းချုပ်နှောင်ကျန်ရှိဆဲဖြစ်သည်။


ပုဖန်၏ကျင့်ကြံမှုအခြေခံကနည်းနည်းသော်မျှမမြင့်မားသည့်တိုင် ထိုသူကထောင်တျဲ့၏နှလုံးကိုချက်ပြုတ်ဖို့ရွေးချယ်ရဲသည်။


လျိုကျားလီအမြင်တွင် ထိုသူကလုံးလုံးလျားလျားရူးသွပ်နေသူတစ်ယောက်ဖြစ်ခဲ့သည်။


သို့သော်ပုဖန်တဖြည်းဖြည်းတည်ကြိမ်မှုရရှိလာသည်ကိုမြင်လိုက်ရချိန်လျိုကျားလီတွင်မတူညီသော အတွေးတစ်ခုဝင်လာခဲ့သည်။


ဒီကလေး.. သူအံ့အားသင့်စရာဆန်းကြယ်မှုတွေကိုဖန်တီးပေးနိုင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်..


..


ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင် ပထမထပ်..


ရန်ချန်းအားကြောက်လန့်ဖွယ်ရောင်ဝါများဖြင့်လွှမ်းချုံနေသည်။


ထိုအချင်းအရာကစားသောက်ဆိုင်အတွင်းရှိများပြားလှသော ညစာစားသုံးနေသူများကိုဖိနှိပ်ခဲ့ပြီး ၎င်းတို့ကိုဒုက္ခရောက်စေခဲ့သည်။ အချို့ဆိုလျှင် ဤမျှကြီးမားသောဖိအားအောက်တွင်သွေးချောင်းဆိုးကုန်ကြသည်။


လူအများအပြားကဖိအားကို သည်းမခံနိုင်တာကြောင့်စားသောက်ဆိုင်မှထွက်သွားကြပြီး အချို့ကသူ့ကိုထိတ်လန့်စွာ ကြည့်နေကြသည်။


လက်ရှိတွင်ရန်ချန်း၏မျက်လုံးများအတွင်းအလိုဆန္ဒများဖြင့်ပြည့်နှက်နေသည်။


ထောင်တျဲ့၏နှလုံးသားသည်သူလက်လှမ်းမှီနိုင်သည်အထိနီးကပ်နေလိမ့်မည်ကိုသူဘယ်တုန်းကမှမထင်ခဲ့မိပေ။


ကျောက်ခရမ်းအကြီးအကဲနှင့် ပိုင်လျန်ထျန်းတို့ ဤအစားကြူးတောင်ကြား၌ရောက်ရှိနေရခြင်းမှာထောင်တျဲ့၏နှလုံးသားကြောင့်ဟုသူသိခဲ့သည်။ ထို့နောက်အချိန်တွင်၎င်းတို့နှစ်ဦးစလုံးမရရှိလာသောအခါယန်ချန်းအထင်၎င်းတို့၏ထောင်တျဲ့နှလုံးသားကိုရယူရန်ကြိုးစားမှုသည် ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ဦးဦး၏အဟန့်အတားကြောင့်ကျရှုံးသွားခဲ့ပြီဟုယူဆခဲ့သည်။


သို့သော်ယခု ထောင်တျဲ့၏နှလုံးသားအမှန်တကယ်ပေါ်ထွက်လာသည်က ညစ်စုတ်သော မသေမျိုးဝိဥာဉ်အဆင့်ပိုးမွှားတစ်ကောင်၏လက်တွင်း၌ဖြစ်နေသည်။


ထိုနိမ့်ကျသောပိုးမွှားထံတွင်သူ့အားကာကွယ်ပေးသောကြောက်ရွံ့ထိတ်လန့်ဖွယ်တည်ရှိမှုမျိုး ရှိကောင်းရှိပေမည်။


သို့သော်လည်း..


ထောင်တျဲ့၏နှလုံးသားကဲ့သို့သောဆွဲဆောင်မှုမျိုးကို သူမလွန်ဆန်နိုင်တော့ပါချေ။


ကံကြမ္မာအလိုအရပါပေ ဤအရာကသူ၏ကံကြမ္မာကောင်းဖြစ်သည်။ ထောင်တျဲ့၏နှလုံးသားကိုသူ့လက်ထဲရောက်လာစေရန်ကြိုးပမ်းနိုင်သ၍ နတ်ဘုရားနယ်ပယ်သို့ ရောက်ရန် အခွင့်အလမ်းကသူ၏ရှေ့တွင်ရှိနေသည်။


.. "ပိုင်ရှင်ပု မင်းငါ့ရဲ့ကမ်းလှမ်းမှုလေးကိုများစိတ်ဝင်စားမလားသိချင်မိတယ်.. ထောင်တျဲ့ရဲ့နှလုံးသားကတန်ဖိုးရှိလွန်းနေတော့ ဒီလိုမထင်မရှားပုရွက်ဆိတ်တစ်ကောင်ကိုကယ်တင်ဖို့သုံးလိုက်ရမှာ.. ဖြုန်းတီးရာကျတယ်လို့မထင်ဘူးလား... ငါ့ကိုပေးလိုက်တာအဆပေါင်းများစွာသာမှာပါ ငာကကောင်းကောင်းပြန်ပေးဆပ်မယ်လေ"..


ယန်ချန်း၏အသံကကျယ်လောင်စွာ ထွက်ပေါ်လာပြီးသူ့အသံသည် ပထမထပ်မှဒုတိယထပ်သို့အသာအယာပဲ့တင်ထပ်သွားကာ လူအများ၏နားစည်ထဲတွင် တုန်ခါသွားစေသည်။


ကျောက်စိမ်းစားသောက်ဆိုင် ၏အပြင်ဘက်တွင်လူတွေက ဒေါသူပုန်ထနေကြသည်။ ထိုလူသည်အကြီးအကဲကြီးအားနိမ့်ကျသောပုရွက်ဆိတ်ဟုခေါ်ဆိုကာ အသရေဖျက်နေသည်။ အကြီးအကဲကြီးသည်သူတို့၏စိတ်နှလုံးထဲရှိနတ်ဘုရား.. စစ်ပွဲတို့၏နတ်ဘုရား.. ဤအစားကြူးတောင်ကြား၏စံပြပုဂ္ဂိုလ်ဖြစ်သည်။


ဤလူကရာရာစစ အကြီးအကဲကြီးကိုယခုလိုစော်ကားရဲပေသည်။


အယုတ်တမာကောင်..


လူများကလက်သီးတင်းတင်းဆုပ်လိုက်ကြပြီး စားသောက်ဆိုင်အတွင်းဝင်ကာ ယန်ချန်းနှင့်သွေးထွက်သံယိုတစ်ပွဲတစ်လမ်းမျှအကဲစမ်းလိုက်ကြရန်မစောင့်နိုင်ကြတော့ချေ။


သို့သော်လည်းနောက်ဆုံးတွင်သူတို့အားလုံးသည်ရန်ချန်းနှင့်ယှဉ်ရန်နီးပင်မနီးစပ်ကြောင်းအားလုံးသိကြပါသည်။ယန်ချန်၏လက်ထဲတွင်၎င်းတို့သည်အင်းဆက်များထက်ပင်အားနည်းနေသေးသည်။


တစ်ခါတစ်ရံတွင် လုံလောက်စွာမသန်မာခြင်းသည် မကျေနပ်ချက်များအားထုတ်ဖော်ရမ်းကားနိုင်စွမ်းမဲ့စေ၏..


ယခုမူသူတို့လုပ်နိုင်သမျှသည် ပိုင်ရှင်ပုအပေါ်ယုံကြည်ထားကြခြင်းသာဖြစ်သည်။ ပိုင်ရှင်ပုကတည်ကြည်စွာရပ်တည်ပြီး နှလုံးအားရန်ချန်းလက်ထဲထည့်မပေးလိုက်ရန်သာမျှော်လင့်နိုင်တော့သည်။


ရန်ချန်း၏မျက်လုံးများမှ ထူးဆန်းသောအလင်းများထုတ်လွှတ်နေသည်။ သူ့လက်ထဲတွင် အနက်ရောင်လေးတံရှည်ကိုကိုင်ထားပြီး သူ့ပတ်ပတ်လည်တွင် ပျံဝဲနေသော ကျောက်စိမ်းအဆောင်လက်ဖွဲ့များကတလက်လက်စင်ကြယ်တောက်ပနေသည်။


အဆောင်လက်ဖွဲ့များမှာမရေတွက်နိုင်အောင်များပြားလွန်းလှသည်။ ထိုအရာများအားလုံးကအတူတကွ ပေါင်းစည်းရင်းတဝဲလည်လည်ဖြင့်ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေကြသသည်။


ရန်ချန်း၏အနီးတစ်ဝိုက်တွင် သူ့အစောင့်ဆယ့်နှစ်ယောက်ကပတ်ပတ်လည်နေရာယူထားသည်။ သူတို့၏စွမ်းအင်များအားကိုတစ်ပြိုင်နက်ထုတ်လွှတ်လိုက်သည်နှင့်ဦးခေါင်းထက်တွင်ဧရာမ မိစ္ဆာပုံရိပ်ယောင်ကြီးတစ်ခုမြင့်တက်ဖြစ်ပေါ်လာသည်။


ထိုပုံရိပ်ကြီးသည် လှံတံရှည်ကြီးတစ်ချောင်းကိုင်ဆောင်ထားပြီး ဒုတိယထပ်တစ်ခုလုံးကိုတုန်ခါသွားစေသည်အထိဟိန်းဟောက်လိုက်သည်။


.."ပိုင်ရှင်ပု လက်ခံရဲ့လား..."


အချိန်အတော်တန်ကြာသည်ထိ သူသည်ပုဖန်ထံမှအဖြေစကားကိုမကြားရသေးချေ။


ရန်ချန်းဒေါသထွက်လာပြီး သူ့မျက်လုံးများက စူးရှနေသည်။ သူကနောက်ထပ်တစ်ကြိမ်သူ၏မေးခွန်းကိုဒုတိယထပ်အတွင်းပဲ့တင်ထပ်သွားစေပြန်သည်။ စားသောက်ဆိုင်အတွင်း၌ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်စွာပေါက်ကွဲထွက်လာသည်။


လျိုကျားလီ၏မျက်နှာကနီတွတ်နေသည်။သူ့လက်သီးများကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားရင်းလုံးလုံးလျားလျားဒေါသထွက်နေချေသည်။


ပုဖန်မျက်လုံးများကိုဖြေးဖြေးချင်းမှိတ်ရင်းမျက်မှောင်ကျုံ့လိုက်မိသည်။သူ၏စိတ်ဝိဉာဉ်ပင်လယ်ကမတည်မငြိမ်ဖြစ်နေ၏။မရေတွက်နိုင်သောသူ၏စိတ်စွမ်းအင်အများအပြားသည်ချည်မျှင်များကဲ့သို့ထောင်တျဲ့၏နှလုံးသားတစ်ဝိုက်တွင်လှည့်ပတ်နေသည်။


ဤသို့သော အခိုက်အတန့်တွင်ပုဖန်အနေဖြင့် ရန်ချန်းအားအနည်းငယ်မျှပင် အာရုံမစိုက်နိုင်ပါချေ။ ထို့အတွက် လျစ်လျူရှုထားလိုက်ရုံသာတတ်နိုင်ပေ၏။


သို့သော်လည်း ရန်ချန်းကတစ်ထွာပေးသော်တစ်တောင်လိုချင်လာသည်။ သူကဆက်လက်၍ဆူညံဆူညံလုပ်နေတော့သည်။


အမှန်တွင်ရန်ချန်းသည်သူ၏ ကြမ်းတမ်းရိုင်းပြသော အပြုအမူများအောက်တွင် စူးစမ်းလိုစိတ်များကို ဖုံးကွယ်ထားသည်။သူကထောင်တျဲ့၏နှလုံးသားကိုလိုချင်နေသော်လည်း မြင့်မြတ်သူတော်စင်၏ကိုယ်ပွားကိုသုတ်သင်ခဲ့သည့် ငရဲကမ္ဘာသတ္တဝါ၏တည်ရှိမှုအပေါ်ကောင်းစွာသတိချပ်ထားလေသည်။


ဒုတိယထပ်တွင်ထိုငရဲကမ္ဘာသတ္တဝါ လည်းရှိကောင်းရှိနေမည်လားဟုသူကသိရန်ကြိုးစားနေသည်။ဖြည်းညှင်းစွာဖြင့်သူသည်သူ့အသံထဲသို့ စွမ်းအင်များရောနှောကာ ထိုရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ရန်အသုံးပြုလိုက်သည်။


ဆူညံသံများစွာဖြင့်နှောင့်ယှက်ခံနေရသည့်တိုင် ပုဖန်ကမလှုပ်မယှက်အနေအထားဖြင့်ဆက်ရှိနေဆဲပင်။


ရန်ချန်း၏အပြုံးမှာပိုမိုကျယ်ပြန့်လာ၏။


သူ၏လက်များကိုမြှောက်လိုက်ကာ လေးကြိုးအားနောက်သို့ဆွဲငင်လိုက်သည်။လေးညှို့၏ထုံထိုင်းသောအသံကလွင့်ပျံလာသည်။


"ပိုင်ရှင်ပု မင်းမသိလောက်သေးလို့ငါပြောပြပါရစေ ငါကချူချန်းရှန်ကိုအဲဒီဒဏ်ရာတွေရအောင်လုပ်ခဲ့တဲ့လူပဲ.. ငါသေစေချင်ရင်သူသေကိုသေရမယ် ထောင်တျဲ့ရဲ့နှလုံးဖြစ်ဖြစ်ဘာဖြစ်ဖြစ်အသုံးမဝင်ဘူး အဲဒါကြောင့်ငါ့ကိုပေးလိုက်တာကောင်းမယ်"


ရန်ချန်း၏အသံကဒုတိယထပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။


လျိုကျားလီ၏မျက်လုံးများကသွေးလိုနီရဲသွား၏။


ဒီအယုတ်တမာကောင် အနိုင်ကျင့်တာလွန်လွန်းနေပြီ..


မဟူရာလိပ်ခုံးဒယ်အိုးအတွင်း ခုန်လှုပ်နေသောထောင်တျဲ့၏နှလုံးသားကိုသူကြည့်လိုက်သည်။ပုဖန် အကြီးအကဲကိုကယ်တင်ခြင်းကအောင်မြင်မှဖြစ်မည်။


သူဒီလူကိုဆက်ပြီးဆောင့်ကြွားဆောင့်ကြွားလုပ်ခွင့်မပြုနိုင်တော့ဘူး..


ထိုစဉ်ပုဖန်သည် မျက်မှောင်ကိုတင်းတင်းကြပ်ကြပ်ကျုံ့ထားပြီး သူ၏စိတ်အစဉ်သည်လည်းထိန်းချုပ်ရခက်ခဲနေသည်။ထိုအခိုက်အတန့်၌ ဒုတိယထပ်တစ်ခုလုံး၏အပူရှိန်ကရုတ်ချည်းမြင့်တက်လာတော့၏။


ရှောင်ယ၏မျက်ဝန်းများကစိုးရိမ်ပူပန်မှုဖြင့်ပြည့်နှက်နေပြီး ပန်းပွင့်လေးကိုတင်းကြပ်စွာပွေ့ဖက်ထားလိုက်သည်။


နယ်သာရီက ပုံမှန်ကဲ့သို့အပြောင်းအလဲမရှိသောအမူအယာဖြင့်နံရံအားမှီရင်းရပ်နေသည်။ငရဲဘုရင်အာဟကမူ သူ၏အနက်ရောင်ဝတ်ရုံရှည်အားဝတ်ဆင်ထားဆဲဖြစ်ပြီး ဘာဆက်ဖြစ်မည်ဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်နေလေသည်။


ရုတ်တရက်.. ရန်ချန်းကရှေ့သို့တစ်လှမ်းတိုးလာသည်။


ကျောက်စိမ်းစားသောက်ဆိုင်အတွင်းရှိလူတိုင်းသည် သူတို့၏ကျောရိုးတစ်လျှောက်အေးစိမ့်မှုတို့ခံစားလိုက်ကြရသည်။


" ပိုင်ရှင်ပုကငါ့ကိုမဖြေချင်မှတော့ ငါကိုယ်တိုင်ပဲအပေါ်တက်လာပြီးရအောင်တောင်းရတော့မှာပေါ့"


ရန်ချန်းကအပြုံးတစ်ခုဖြင့်ဆိုလာသည်။ သူကရယ်ရယ်မောမောဖြင့်တစ်ချက်ခုန်လိုက်ရာ မြေပြင်ပေါ်မှမြောက်တက်သွားပြီး ဒုတိယထပ်ကြမ်းပြင်ရှေ့သို့ခြေချလိုက်တော့သည်။


ပုဖန်ကမှိတ်ထားသောမျက်လုံးအစုံအားရုတ်ချည်းဖွင့်လှစ်လိုက်သည်။ သူ၏မျက်လုံးများအတွင်း လှိုင်းလုံးများတစ်ရိပ်ရိပ်ရိုက်ခတ်နေသကဲ့သို့ ထူးခြားနက်ရှိုင်းနေ၏။ ကြောက်မက်ဖွယ်စိတ်စွမ်းအင်ပမာဏက ပုဖန်၏ခေါင်းအားထုံကျဉ်မူးဝေနေစေသည်။


"ထွက်သွား..."


 ပုဖန်ကအော်ဟစ်လိုက်သည်။ သူ၏စူးရှသောအကြည့်များကလှေကားထစ်များထံသက်ဆင်းသွားသည်။


လူတိုင်း၏မျက်နှာအမူအယာများပြောင်းလဲသွားကြပြီး ယန်ချန်း၏မျက်နှာထားသည်လည်းအေးစက်သွားလေ၏။


" ငါမင်းကိုမျက်နှာသာပေးနေတာတောင် ငါ့ကိုဒီလိုဆက်ဆံရဲတယ် သေချင်နေတာပဲ"  


ဝှစ်..


ရန်ချန်း၏လက်ထဲရှိလေးကြိုးသည်အဆုံးအစွန်သော အနေအထားဖြင့်ဆွဲတင်ခံလိုက်ရသည်။ခဏအကြာတွင်သူဆုပ်ကိုင်ထားသောလေးထံမှ အနက်ရောင်မြှားတစ်စင်းသည်လေကိုခွင်း၍ပုဖန်၏ဦးခေါင်းဆီသို့ပြေးဝင်သွားချေသည်။


ထိုအသံတိတ်မြှား၏အရှိန်သည် မမြင်နိုင်လောက်သည်အထိလျှင်မြန်လှသည်။ လူတိုင်းလည်းတုန်တုန်ယင်ယင်ဖြင့်အသက်အောင့်ထားလိုက်မိကြပေသည်။


ပုဖန်၏မျက်ဝန်းများသည် သလင်းကျောက်တုံးလေးများကဲ့သို့ကြည်လင်တောက်ပနေ၏။သူ၏ဆံပင်တို့ကိုစုစည်းချည်နှောင်ထားသည့် ကတ္တီပါကြိုးကပြတ်ထွက်သွားလေရာ ဆံနွယ်များကလေတွင်ပျံဝဲသွားရသည်။


အနက်ရောင်မြှားသည် ပုဖန်၏မျက်နှာနှင့် လက်မအနည်းငယ်ခန့်အကွာအဝေးရောက်သည့်အခါ လေထဲ၌ရပ်တန့်သွားပြီး ရှေ့သို့ဆက်မတိုးလာနိုင်တော့ချေ။


ပုဖန်၏ကိုယ်ကို သိပ်သည်းသောစိတ်စွမ်းအင်များဖြင့်ဝန်းရံနေကာ ထိုစိတ်စွမ်းအင်များကရုပ်လုံးပေါ်လာပြီး မြှားကိုရှေ့သိုတစ်လက်မသော်မျှထပ်တိုးမလာနိုင်စေရန်ပိတ်ဆို့ထားတော့သည်။


ရန်ချန်းသည်ခြေလှမ်းအနည်းငယ်လှမ်းကာဒုတိယထပ်သို့ချဉ်းကပ်လာလေသည်။


သူ၏မျက်ဝန်းများကတောက်ပနေသည်။ သူမြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံသြမှင်သက်သွားခဲ့ရချေ၏။


" ပိုင်ရှင်ပုဆိုတဲ့အတိုင်း.. ခင်ဗျားရဲ့ဝတ်ရုံလက်တွေအောက်မှာဝှက်ဖဲတွေအပြည့်ရှိနေတာပဲ ဒါပေမဲ့လည်း ငါ့မျက်လုံးထဲမှာတော့မင်းရော ချူချန်းရှန်ရောဘာမှကွဲပြားနေတာမရှိဘူး နိမ့်ကျတဲ့ပိုးမွှားတွေ.."


ဘုန်းး


ရန်ချန်းကသူ၏လေးကြိုးကိုနောက်တစ်ကြိမ်ဆွဲငင်လိုက်သည်။ဤတစ်ကြိမ်တွင်တော့လေးတံသည် ထောင်ချီသောအနက်ရောင်မြှားများပစ်လွှတ်လာပြီး ထိုမြှားများကပုဖန်ဆီသို့လျှင်မြန်စွာဦးတည်နေကြသည်။


ဤသည်မှာ သူချူချန်းရှန်ကိုသေလုမြောပါးဖြစ်စေသည်အထိပြုလုပ်နိုင်ခဲ့သည့်တိုက်ကွက်ဖြစ်ချေသည်။


အခုတော့ နောက်တစ်ကြိမ်ပေါ့..


ရှောင်ယ၏မျက်ဝန်းများကဒေါသဖြင့်ပြည့်နှက်လာသည့်တိုင် ပုဖန်သည်တော့အေးအေးလူလူသာ..

သူကမျက်ဝန်းများကိုဖြေးညှင်းစွာမှိတ်လိုက်ပြီး သူ၏စိတ်စွမ်းအင်များကိုထောင်တျဲ့၏နှလုံးသားအပေါ်သာအာရုံပြောင်းလိုက်တော့သည်ပေ။


" ဟလေး လှုပ်ရှားလိုက်တော့ မင်းကိုအခက်အခဲဖြစ်စေတဲ့အတွက်အစပ်ချောင်းငါးချောင်းလုပ်ပေးမယ်.. မသတ်ပစ်နဲ့.. သူ့အသက်ကို ချူချန်းရှန်အတွက်ချန်ထား....ငါသူ့ကို ဝေဒနာဆိုတာ ဘာလဲသိအောင်လုပ်ချင်တယ် "