အခန်း ၇၉၆
ခဗျားရဲ့ဘဝကိုသုံးပြီး ပေးချေရမယ်...
နှလုံးခုန်သံ တုန်ခါသံက အစားကြူးတောင်ကြား တစ်ခွင်လုံးကို ဖြတ်သန်းသွားလေသည်။ထိုအခိုက်အတန့်တွင် လူများက သူတို့၏ လုပ်လက်စများကို ရပ်တန့်ကာ ကျောက်စိမ်းအကြေးခွံ စားသောက်ဆိုင်ဆီသ်ို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ပေါ်သို့ ထိုးတက်လာသောအလင်းတန်းများနှင့် မြေပြင်ပေါ်တွင် နေရာအနှံ့ပွင့်နေသော ပန်းများကို တွေ့လိုက်ရသည်။ကျယ်လောင်သော နှလုံးခုန်သံများက သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေသောကြောင့် အရေပြားမှ သွေးများပန်းထွက်လာတော့မလိုသွေးပွက်ပွက်ဆူလာသည်။
ကြားရသော နှလုံးခုန်သံအတိုင်း သူတို့၏ နှလုံးသားများက ခုန်ပေါက်နေလေသည်။လူတစ်ချို့က ထိုင်ချလိုက်ပြီး သူတို့ခန္ဓာကိုယ်ထဲ စီးဝင်လာသော စွမ်းအင်များကို စတင်လည်ပတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် တမူထူးခြားလှသော ဟင်းပွဲကို တည်ခင်းရန် အသင့်ဖြစ်နေပေပြီ။အစားကြူးတောင်ကြားထဲရှိ လူများက ထိုကဲ့သ်ို့ ဖြစ်စဉ်မျိုးကို မကြုံခဲ့ဖူးပေ။
လူအများအပြားက သူတို့ရောက်ရှိရာေ နရာ၌ပင် ဒူးထောက်လိုက်ကြပြီး လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။ထို့နောက် ပုံရိပ်ဖြစ်ပေါ်လာရာ နေရာဆီကို လှည့်ကာ အလေးအနက်ဆုတောင်းနေကြသည်။
သစ်ပင်ပေါ်တွင်ရှိနေသော မိုလျိုကျီ၏ ပုံရိပ်က ယိမ်းခါသွားပြီး ပြုတ်ကျလုနီးပါးဖြစ်သွားသည်။သူ့၏ လက်ထဲမှဝါးကျည်ထောက် ပြုတ်ကျသွားသောကြောင့် မျက်ဝန်းများ ပြူးကျယ်သွားသည်။သို့သော်လည်း ဝိုင်များဖိတ်စင်သွားသည့်တိုင်အောင်ပင် နှလုံးသားထဲ၌ နာကျင်မှု မခံစားရပေ။
"ဟင်းပွဲတစ်ပွဲက ဒီလိုဖြစ်စဉ်မျိုးကို ဖန်တီးနိုင်တာလား...ဒါ ဘယ်လိုလုပ်ဖြစ်လာတာလဲ..."
ထောင်တျဲနှလုံးသားက သူ့၏ နာမည်နှင့် တကယ်ထိုက်တန်ပေသည်။သေဆုံးသွားသော လူတစ်ယောက်ကိုပင် ပြန်လည်ရှင်သန်စေပြီး နတ်ဘုရားမီးတောက် ထွန်းညှိပေးနိုင်ခဲ့သည်က အံ့သြစရာမရှိတော့ပေ။
ဒီလိုဟင်းပွဲမျိုးက လူတိုင်း၏ နှလုံးသားထဲမှ လောဘများကို နှိုးဆော်ရန်လုံလောက်နေပေပြီ။
ဝမ်...
လူတိုင်းကလည်း ကျောက်စိမ်းအကြေးခွံ စားသောက်ဆိုင်ကိုသာ အံ့သြတကြီးကြည့်နေကြသည်။စားသောက်ဆိုင်တစ်ခုလုံးက မံ့မခန်းလှသော အလင်းတန်းများဖြင့် အစွမ်းကုန်တောက်ပနေသည်။အလင်းတန်းများက ကောင်းကင်သို့ အဆက်မပြတ် ပစ်လွှတ်နေပြီး တိမ်များကိုပင် ခွဲထုတ်လိုက်ပုံရလေသည်။
မွှေးရနံ့များက မြူခိုးငွေ့များသဖွယ် ပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းလာသည်။ပတ်ဝန်းကျင်တစ်ခုလုံးက နတ်သမီးတိုင်းပြည်တစ်ခု ဖြစ်သွားသလိုပင်ထင်ရသည်။
ကြေးခေါင်းလောင်းကြီးမှ ပဲ့တင်ထပ်လာသော အသံများကလည်း ခမ်းနားကြီးကျယ်သော ဖျော်ဖြေပွဲတစ်ခုလို လူများ၏ နားထဲသို့ ရိုက်ခတ်နေသည်။
စွမ်းအင်ပြည့်နှက်နေသော ပန်းများ လေထဲတွင် ပွင့်လန်းလာသည်။ပန်းတစ်ပွင့်ပွင့်လာတ်ိုင်း အလင်းရောင်များက ပ်ို၍ တောက်ပလာသည်။ပွင့်ဖတ်လေးများက ကြွေကျလာပြီးနောက် ကျောက်စိမ်းအကြေးခွံ စားသောက်ဆိုင်နားတွင် တဝဲလည်လည် ဖြစ်နေသည်။ထိုမြင်ကွင်းက မျက်စိဖမ်းစားနိုင်လွန်းလှ၏။
"တစ်ခုက ဒီလ်ိုကြီးကျယ်ခမ်းနားတဲ့ ဖြစ်စဉ်မျိုးကို ဖန်တီးနိုင်တာလား...ဒါမျိုး တကယ်ပဲ ဖြစ်နိုင်ရဲ့လား..."
ဝုန်း..."
နေရာအနှံ့တွင် ပန်းများ ပွင့်ဖူးလာသည်နှင့်အမျှ သားရဲဟိန်းဟောက်သံများလည်း ပြည့်နှက်လာသည်။ခဏအကြာတွင်လူများ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြသည်။အလင်းဝိုင်းတစ်ခုနှင့်အတူ ကြမ်းတမ်းခတ်ထန်လှသော သားရဲကြီးတစ်ကောင်ပေါ်လာ၏။
ကောင်းကင်ပေါ်မော့၍ ဒေါသတကြီးဖြင့် ဟိန်းဟောက်နေသည်။လူတိုင်း တုန်လှုပ်အံ့သြသွားကြသည်။ထိုသားရဲက တကယ်ကိုပင် ရဲတင်းလွန်းသည်။ကောင်းကင်မှ ကျရောက်လာသော ဖ်ိအားက ပြင်းထန်လှပြီး ၎င်းသားရဲက ပြန်လည်၍ပင် ဟိန်းဟောက်နေလေသည်။
လျိုကျားလီ နှစ်ကြိမ်မြောက် တုန်ယင်သွားသည်။သူ အမှန်တကယ်ကို ကြောက်ရွံ့နေမိပေပြီ။ပုဖန်က ထ်ိုကဲ့သို့သော အရာမျိုးနှင့် တုံ့ပြန်လာလိမ့်မည်ဟု သူလုံးဝ မတွေးထားဘူးပေ။
သူဖတ်ရှုခဲ့သော စာအုပ်များနှင့် ကျမ်းဂန်များက ကျယ်ပြန့်သော အသိပညာများကို ပေးခဲ့သည်။ထိုကြောင့် ထိုပုံရိပ်က မည်သည့် အဓိပ္ပါယ်ဆိုသည်ကို ရှင်းရှင်းလင်းလင်းနားလည်ပေသည်။
၎င်းက ပြိုင်ဘက်ကင်းသက်စောင့်ဆေးမွေးဖွားတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။စစ်မှန်သော ပြိုင်ဘက်ကင်းသော သက်စောင့်ဆေးကို ဖန်တီးလိုက်သည်နှင့် လောက ပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး ကောင်းကင်၏ တန်ခိုးစွမ်းအင်များကို ကာကွယ်ပေးပေလိမ့်မည်။
လျိုကျားလီက စာအုပ်ပေါင်းများစွာကို ဖတ်ထားသော်လည်း ထိုသောက်ကျိုးနဲ အရာကို နားမလည်ခဲ့ပေ။ဟင်းပွဲတစ်ပွဲက ဘယ်လိုလုပ် သက်စောင့်ဆေးနဲ့ အာနိသင်တူညီမှု ပိုင်ဆိုင်ထားပါမည်နည်း။သို့သော်လည်း ပုဖန်၏ ဟင်းပွဲကိုတော့ သူ သံသယမဝင်ပေ။
ထိုသို့ မဟုတ်လျှင်လည်း လောကပုံရိပ်ယောင် ပေါ်လာသည့်အကြောင်းကို မယှဉ်ပြနိုင်ပေ။တကယ်တမ်းပြောရမည်ဆိုလျှင် ယခုဖြစ်စဉ်က အားနည်းနေပေသေးသည်။
အစစ်အမှန် အဖိုးထိုက်တန်လှသောသက်စောင့်ဆေးပေါ်ထွက်လာသည့်အခါတွင် ထိုဖြစ်စဉ်က မိုင်ပေါင်းများစွာအထိ တိုင်အောင် လွှမ်းခြုံသွားပေလိမ့်မည်။
သက်စောင့်ဆေးမွေးဖွားလာပြီးသည့်နောက်တွင်လည်း ကောင်းကင်ဘုံမှ ထိုသက်စောင့်ဆေးကို သန့်စင်ရန်နှင့် အဆင့်တစ်ဆင့် တိုးတက်စေရန်အတွက် ကောင်းကင်မိုးကြိုး ကျရောက်လာမည်ဖြစ်သည်။
ယခုအချိန်တွင် ထိုအဆင့်ထိ မရောက်သေးသော်လည်း လူအများကို အံ့သြထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ပုဖန် မတ်တပ်ရပ်လိုက်သည်။ပွင့်လန်းနေသော ပန်းများနှင့် အလင်းတန်းများက ဘေးပတ်ဝန်းကျင်သို့ ရွေ့လျားလာပြီး သူတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
ထိုခံစားချက်ကကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားများဖြင့် သန့်စင်ခြင်းခံလိုက်ရသလိုမျိုး သက်တောင့်သက်သာဖြစ်ပြီးလန်းဆန်းသော ခံစားချက်မျိုး ခံစားရသည်။သူ့ခန္ဓာကိုယ်ကလည်း တိုးဝင်လာသော စွမ်းအင်များကို အငမ်းမရစုပ်ယူလိုက်သည်။သူ့၏ ခန္ဓာကိုယ်က တောက်ပသထက်တောက်ပလာလေသည်။
သူ့၏ ခန္ဓာကိုယ်ကလည်း အလွန်လျင်မြန်စွာဖြင့် ကြံ့ခိုင်သန်မာလာသည်။ထိုအခိုက်အတန့်မှာပင် ပုဖန်၏ ခန္ဓာကိုယ်က မသေမျိုးခန္ဓာအဆင့် နယ်ပယ်ကို ချိုးဖောက်သွားပြီး သာမန်မသေမျိုးဝိညာဉ်ထက် သန်မာသည့်လူဖြစ်လာသည်။
သူ့၏ မသေမျိုးခန္ဓာအဆင့် အခြေခံက မယုံန်ိုင်စရာကောင်းလောက်အောင်သန်မာလှသည်။စနစ်က သူ့၏ အစစ်အမှန်စွမ်းအားများကို တိုးမြင့်ပေးခြင်းအားဖြင့် သူ့၏ ကျင့်ကြံမှုကို ပို၍ ခိုင်မာလာအောင် ပြုလုပ်ပေးသည်။
အများအားဖြင့် ပုဖန်၏ ခန္ဓာကိုယ်က သူလက်ရှိရောက်နေသော အဆင့်ထက် ပို၍ သန်မာပေသည်။ထို့အပြင် ပုဖန်ကလည်း သူ့၏ ခန္ဓာကိုယ်ကို သူဘာသာသူ တိုးတက်လာအောင် လည်း လေ့ကျင့်နိုင်သည်။ပုဖန်၏ မျက်ဝန်းများက အလွန်တရာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။
သူ့၏ စိတ်စွမ်းအင်များကလည်း ပြောင်းလဲလာသည်။သူ့၏ စိတ်ဝိညာဉ်နယ်ပယ်ထဲတွင် ရွှေနဂါးကြီးတစ်ကောင်ပေါ်ထွက်လာ၏။သူ့မျက်ဝန်းများမှ အလင်းတန်းများက အရာရာကို ခွဲခြမ်း ဖြတ်နိုင်သည့် အလား တောက်ပဖြာထွက်လာသည်။
နဂါးဟိန်းဟောက်သံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ပုဖန်က နဂါးစွမ်းအင်အောက်တွင် ရပ်နေရသော်လည်း သူ့မျက်နာအမုအရာက ပြောင်းလဲခြင်းမရှိပေ။
လှိူင်းတံပိုးများ ရိုက်ခတ်ခံနေရသော အထီးကျန်လှေငယ်လေးတစ်စင်းကဲ့သို့ သူ့၏ စိတ်ဝိညာဉ်နယ်ပယ်ထဲတွင် မားမားမတ်မတ်ရပ်နေသည်။ခဏအကြာတွင် သူ့၏ စိတ်ဝိညာဉ် ပင်လယ်က ပြန်လည်တည်ငြိမ်သွားသည်။ရွှေနဂါးကြီးကလည်း တိတ်ဆိတ်ငြိမ်သက်သွားပြီး သူ့မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခုသာကျန်ခဲ့သည်။
ထိုအခိုက်အတန့်တွင် ပုဖန်၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ဝိညာဉ်နှင့် ဆက်သွယ်မှုက ပိုမို ခိုင်မာလာသည်။သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ပြီး သူ့၏ စိတ်ဝိညာဉ်က သူ့၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်သည်။သူ့၏ နဂါးဟိန်းဟောက်သံက သူ့၏ ပါးစပ်ထဲမှ ထွက်ပေါ်နေတုန်းဖြစ်သည်။နဂါးအရိုးမီးဖိုချောင်သုံးဓား၏ အနက်ရောင်အရိုးက မှိန်ဖျော့သွားပြီး ရွှေရောင်ပြိုးပြိုးပျက်ပျက်တောက်နေသည်။ဓားဝိညာဉ် နိုးထလာလေပြီ။
ပုဖန် မီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်သည်။ကြောက်မက်ဖွယ်ရာ နဂါးအရိုးက ဓား၏ ကျောရိုးတစ်လျှောက်ဖုံးလွှမ်းထားသည်။ဓားသွားကို ရွှေပြားဖြင့် ခတ်လုပ်ထားသလိုမ်ျိုး ရောင်ပြန်ဟပ်မှုကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
နဂါးတစ်ကောင်၏ခန္ဓာကိုယ်က ဓားလက်ကိုင်ရိုးတစ်ခုလုံးကို သိမ်းပိုက်ထားသည်။ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်၍ နှစ်သက်စွာ ကြည့်လိုက်သည်။သူ့လက်ပင် အနည်းငယ်တုန်နေသလို ခံစားမိသည်။ထိုခဏ၌ ရွှေရောင်ဓားသွားမှ အလင်းတန်းများ ထုတ်လွင့်လာသည်။
စူးရှသော အလင်းတန်းများ ပွင့်လန်းလာသည်နှင့်အမျှ လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။သူ့၏ ရှေ့မှ ကြီးမားလှသော နှလုံးသားတစ်ခုက တလှုပ်လှုပ်ခုန်လှုပ်နေသည်။
ဒုတ် ဒုတ် ဒုတ်...
သင်းပျံ့လှသောရနံ့များနှင့် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအားများ ပြန့်လွင့်နေသည်။နှလုံး၏ အပေါ်ဘက်တွင် ငွေရောင်လိုင်းကလေးများရှိသည်။၎င်းတို့က လေဟာနယ်ကို ချိုးဖောက်ဖြတ်သန်းချင်သလိုမျိုးလှုပ်ခါနေသည်။
"ဟင်းပွဲလေးတစ်ပွဲက ကောင်းကင်ကိုတောင် တော်လှန် ပုန်ကန်ချင်နေတယ်ပေါ့..."
သူ့၏ မျက်ဝန်းများတောက်ပသွားသည်။သူ့လက်ထဲမှ ဓားဖြင့် ခုန်လှုပ်နေသော ထောင်တျဲ နှလုံးသားကို ချိန်ကာ ပြောလိုက်သည်။
ထန် ထန်....
နားကွဲလောက်စရာ နှလုံးခုန်သံများကလည်း လေဟာနယ်ကို ချိုးဖျက်ဖို့ အဆက်မပြတ်ကြိုးစားနေသည်။ထိုခဏမှာပင် ပုဖန် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူ့လက်ထဲမှ ဓားက ထောင်တျဲ နှလုံးသားကို ခုတ်ဖြတ်လိုက်၏။
ဂါး...
နှလုံးသားထဲမှ ပုံရိပ်ဖျော့ဖျော့တစ်ခု ထွက်ပေါ်လာပြီး ပုဖန်ကို မျက်နာမူကာ ရက်စက်ကြမ်းကြုတ်စွာဟိန်းဟောက်လိုက်သည်။
"မင်းလုပ်ရဲလား..."
ထိုအော်ဟစ်သံက ကောင်းကင်ကိုပင် ထိုးခွဲတော့မလိုမ်ျိုး ပြန့်လွင့်သွားသည်။ထိုအခိုက်အတန့်တွင် ကောင်းကင်က စတင်ပြောင်းလဲလာသည်။လင်းထိန်နေသော နေ့အလင်းရောင်က ညအမှောင်ကို ကျရောက်သွားသကဲ့သို့ပင် မဲမှောင်နေသော တိမ်တိုက်များ စုဝေးလာသည်။
ပုဖန် အာရုံစူးစိုက်လိုက်သည်။သူ ခံစားချက်မဲ့လှသော မျက်နာထားဖြင့်ပင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ထို့နောက် ဟိန်းဟောက်သံကြားရာဆီသို့ လွှဲခုတ်ချလိုက်သည်။
ဆွစ်...
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လေဟာနယ်ကို ဖြတ်သန်းသွားသည်။၎င်းက ကမ္ဘာကြီးပေါ်တွင် ထက်မြက်ဆုံးသော ဓားတစ်လက်ဖြစ်လာသလိုပင် ထင်ရသည်။ဒီတစ်ကြိမ် ဓားခုတ်ချက်က်ို ထောင်တျဲ နှလုံးသားမှခုခံနိုင်ခြင်းမရှိလိုက်ပေ။ပုံရ်ိပ်ယောင်က နှစ်ခြမ်းကွဲထွက်သွားသည်။
ဟိန်းဟောက်အော်သံက တဖြေးဖြေးချင်း ပျောက်ကွယ်သွားပြီး ကောင်းကင်က ပြန်လည်လင်းရှင်းလာသည်။ထောင်တျဲ နှလုံးသားကလည်း တဖြေးဖြေးချင်း နှစ်ခြမ်းကွဲသွားသည်။ပုဖန်၏ လက်ထဲတွင် ဖြူပြာရောင် ကြွေပန်းကန်လုံးတစ်လုံးထွက်ပေါ်လာသည်။
ပုဖန်က ထိုပန်းကန်လုံးကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်ပျံသန်းစေလိုက်ပြီး နှလုံးသားမှ ထွက်ပေါ်လာသော ပန်းရောင်အရည်ကလေးများကို ခံယူလိုက်သည်။ထို တစက်စက်စီးကျလာသော အရည်များက ပန်းကန်လုံးထဲသို့ တိကျစွာ ကျဆင်းသွား၏ ထောင်တျဲ နှလုံးသားက ထပ်မံ မခုန်လှုပ်နိုင်တော့ပေ။ပုဖန် ၎င်းကို ဖမ်းဆီးလိုက်သည်။
ထောင်တျဲ နှလုံးသားတစ်ခုလုံးကို ငွေရောင်အရည်များ ဖုံးလွှမ်းနေသည်။၎င်းက တကယ်ကို ထောင်တျဲ နှလုံးသား စွပ်ပြုတ်ပင်။ထောင်တျဲ နှလုံးသား၏ အသက်စွမ်းအင်များကို ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြင့် ဖြတ်တောက်ပစ်လိုက်လေပြီ။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းတစ်စုံ၏ အစိတ်အပိုင်းတစ်ခူ ဖြစ်လာလေပြီ။
တစ်ချက်လွှဲခုတ်လိုက်သည်နှင့် ကောင်းကင်ကမ္ဘာမြေနှင့် လေကိုပင် ဖြတ်တောက်ပစ်နိုင်ပေလိမ့်မည်။သို့သော်လည်း ပုဖန်အတွက်မူ တစ်ချက်မျှ လွှဲလိုက်သည်နှင့် သူ့၏ စွမ်းအင်များအားလုံး ခြောက်ခမ်းသွားရပေပြီ။
တကယ်ကိုပင် သူ့၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျလွန်းလှသည်။ထောင်တျဲ စားသောက်ဆိုင်တွင် ခွေးဘုရင် နှာခေါင်းရှုံ့လိုက်သည်။ခေါင်းမော့၍ ကျောက်စိမ်းအကြေးခွံ စားသောက်ဆိုင်ဆီသို့ ကြည့်လိုက်သည်။ဝိညာဉ်ကိုးထပ်မှ လာသော ဟိန်းဟောက်သံကဲ့သို့ အသံက ခွေးဘုရင်၏ နှုတ်ခမ်းများကို ရှုံ့မဲ့သွားစေသည်။
"ခွေးဘုရင်က အဲ့ဒါတွေကို အထင်သေးတယ်..."
ခွေးဘုရင် ပြန်လည်၍ လှဲအိပ်လိုက်ပြီး မကြာခင်မှာပင် ဆက်လက်၍ ဟောက်နေလေသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ အလင်းတန်းများက တဖြေးဖြေးချင်းပြန့်ကျဲသွားသည်။
ပုဖန် အနည်းယ်မောပန်းနေသည်။သူ့၏ စိတ်ဝိညာဉ် ပင်လယ်က ပြန်လည်ငြိမ်သက်သွားပြီးနောက် ပို၍ ကြီးမားပြန့်ကားလာသည်။မည်သို့ပင်ဆိုစေသာ တစ်လက်မမှ မရွေ့ချင်တော့သလို ပင်ပန်းနွမ်းနယ်မှုက်ို ခံစားနေရသည်။
သို့သော်လည်း သူ့၏ မျကနာတွင် အမူအရာမပေါ်လွင်စေပဲ ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းနေတုန်းပင်ဖြစ်သည်။သူထောင်တျဲ နှလုံးသားကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး တခြားလက်တစ်ဖက်နှင့် ပန်းရောင်အရည်ပါသော ပန်းကန်လုံးကို ကိုင်ထားသည်။သူရှောင်ယဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။
"ရှောင်ယဒီက်ိုလာ ချုချန်းရှန်ကို အကုန်လုံးတိုက်လိုက်..."
ရှောင်ယက ခဏမျှ အံ့အားသင့်သွားပြီးနောက် ပုဖန်ဆီသို့ အလျင်စလ်ို ပြေးလာလေသည်။ယခုလက်ရှိတွင် ချူချန်းရှန်ကို အနက်ရောင်ထောင်တျဲလက်ပတ်နှင့် ချည်နှောင်၍ သူ့ခန္ဓာကိုယ်ထဲမှ နောက်ဆုံးသောအသက်စွမ်းအင်ကို ပိတ်ဆို့ထားခဲ့သည်။
ထိုနောက်ဆုံးသောသစ်ရွက်သာ ကြွေလွင့်သွားခဲ့လျှင် သူ့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။ပုဖန်သည်လည်း ဘာမှတက်နိုင်တော့မည်မဟုတ်ပေ။
သူမက ထောင်တျဲ နှလုံးသားစွပ်ပြုတ်ကိုယူ၍ ချူချန်းရှန်ဆီသို့ လျှောက်သွားလိုက်သည်။အကွာအဝေးတစ်ခုတွင် ရန်ချန်းက မျက်ဝန်းများပေါက်ထွက်တော့မလို စူးစိုက်၍ ကြည့်နေသည်။ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုကဲ့သို့ ပုရွတ်ဆိတ်တစ်ကောင်သာသာလူတစ်ယောက်အတွက် ထောင်တျဲနှလုံးသားကို မည်ကဲ့သို့ ဖြုန်းတီးနိုင်ပါမည်နည်း။ကောင်းကင်ဘုံ၏ လက်ဆောင်ကို ဖြုန်းတီးပစ်သောအပြုအမူကအပြစ်ပေးခံသင့်ပေသည်။ပုဖန် ရန်ချန်းကို ခဏမျှကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။
ဝှစ်...
လေဟာနယ်ထဲမှ ငရဲဘုရင် ထွက်ပေါ်လာပြီး ပုဖန်ကို ရှက်ရွံ့စွာ ကြည့်လ်ိုက်သည်။
"စိတ်မရှိပါနဲ့ ငါ ဒီကောင်က်ို ငါလက်ထဲက လွတ်ပြီး ဒီနေရာကို ပြေးလာခွင့် မပြုလိုက်သင့်ဘူး...အခုချက်ချင်းပဲ သူ့ကို ထွက်သွားအောင်လုပ်လိုက်ပါ့မယ်..."
ငရဲဘုရင်က ပထမဦးဆုံးလက်သီးတစ်ချက်ကိုပစ်လွှတ်လိုက်ပြီး ရန်ချန်း၏ ဝမ်းဗိုက်က်ို ထ်ိုးနှက်လိုက်သည်။ယန်ချန်း၏ မျက်ဝန်းများပြူးကျယ်သွားပြီး သွေးနီရောင်ရဲရဲတောက်ကာငရဲဘုရင်ကိုကြည့်လိုက်သည်။
"ဘာလို့လဲ ဘာလို့ မင်းက တစ်နေရာထဲကိုပဲ ထိုးနှက်နေရတာလဲ..."
ထိုအခိုက်အတန့်တွင် သူ့ရှေ့မှ ချောမောခန့်ညားသော သူက တကယ်တမ်း မည်သူဖြစ်မည်ကို သူသိရှိသွားပေသည်။သူရှေ့မှ ထိုလူက မြင့်မြတ်သူတော်စင်၏ ကိုယ်ပွားကို ဖျက်စီးလိုက်သူ ဖြစ်မှန်းအလွန်သေချာပေသည်။ထ်ိုလူ့ဆီမှ ထွက်ပေါ်လာသောငရဲစွမ်းအင်များက သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းထသွားစေသည်။
ထိုသူက ငရဲကမ္ဘာမှ မကျော်လွှားမလွှမ်းမိုးန်ိုင်သောတည်ရှ်ိမှုမ်ျိုးဖြစ်ပေလိမ့်မည်။
ခေါင်းဆောင် ...
ရန်ချန်း၏ အစောင့်က ဒေါသတကြီး ဖြင့် အော်ဟစ်လိုက်သည်။သူတို့၏ အကြည့်များက ငရဲဘုရင်ဆီသို့ ကျရောက်သွားသည်။သူတို့၏ အော်ရာများက စုစည်းလာသည်။ထို့နောက် ကြောက်စရာကောင်းလှသောလျှပ်စီးကြောင်းများဖြစ်လာပြီး ငရဲဘုရင်ဆီသို့တ်ိုးဝင်သွားလေသည်။
ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ အရှက်မရစေရ ...
သူတို့၏ မျက်ဝန်းများထဲတွင် အလင်းရောင်များတောက်ပလာသည်။နောက်ခဏ၌ သူတို့၏ ဘေး ပတ်ဝန်းကျင်တွင်ကျောက်စိမ်းအဆောင်ပြားများ မျောလွင့်နေလေသည်။သို့သော်လည်း သူတို့ တိုက်ခိုက်ခါနီးတွင် ဒုတိယထပ်ဆီမှ သိပ်သည်းသော အော်ရာတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ရန်ချန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူဗိုက်ကို ဖိကိုင်၍ ဒုတ်ိယထပ်ကို မော့ကြည့်လိုက်သည်။သူအလွန်အမင်း မယုံကြည်နိုင်ဖြစ်နေမိသည်။ထိုအော်ရာက ရင်းနီးနေသော ၎င်းက ချူချန်းရှန်ပင်ဖြစ်သည်။
"ချူချန်းရှန် အသက်ပြန်ရှင်လာတာလား..."
ရှောင်ယက ချူချန်းရှန်ကို ထောင်တျဲ နှလုံးသားများမှ အသားများကိုလည်း ဂရုတစိုက်ဖြင့် ခွံ့ကျွေးလိုက်သည်။ပုဖန်ပေးသော ပန်းရောင်အရည်များကိုလည်း ချူချန်းရှန်၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏ ။
အဖြူအနက် လက်ပတ်၏ အကူအညီဖြင့် ချူချန်းရှန်၏ ပါးစပ်က ပုံမှန်အတိုင်းလှုပ်ရှားသွားသည်။၎င်းက ကလေးမလေး ရှောင်ယကို များစွာ အကူအညီဖြစ်သွားစေသည်။
သူ အားလုံး မြိုချပြီးသည့်ခဏ၌ချူချန်းရှန်၏ ရင်ဘတ်မှ အလင်းတန်းများဖြာထွက်လာသည်။ပုဖန်က လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည်။သူလေထဲမှာမျောလွင့်နေသောချူချန်းရှန်၏ ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။
အဖြူအနက်လက်ပတ်က စတင်၍ ပြိုကွဲလာသည်။ချူချန်းရှန်၏ နှလုံးသားသည်လည်း နောက်တစ်ဖန် စတင်ခုန်လှုပ်လာ၏။သူ့၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်လှသော အော်ရာများ ထွက်ပေါ်လာသည်။
ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ပုဖန်က သူ တည်ငြိမ်စွာဖြင့် စကားပြောလိုက်သည်။
"ဒီနေ့ ထောင်တျဲ နှလုံးသားကို သုံးပြီးတော့ ခင်ဗျားရဲ့ အသက်ကို ကျုပ်ကယ်တင်လိုက်ပြီ...ဒီနေ့ကစပြီး ခင်ဗျားက အစားကြူးတောင်ကြားရဲ့ မဟာအကြီးအကဲ မဟုတ်တော့ဘူး...ဒီဟင်းတစ်ပွဲစာအတွက် ခင်ဗျားရဲ့ ဘဝကို အသုံးပြုပြီးတော့ ပြန်လည်ပေးဆပ်ရမယ် ခင်ဗျားလက်ခံချင်ချင် လက်မခံချင်ချင် ခင်ဗျားမှ ငြင်းပယ်ခွင့်မရှိဘူး..."