အပိုင်း ၈၁၆
Viewers 53k

အခန်း ၈၁၆

ငရဲကမ္ဘာသို့...


ထောင်ပေါင်းများစွာသော ကြယ်အလင်းတန်းများ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ထိုကြယ်ရောင်များက အဖွားမို၏ ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေကာ စိတ်ဝ်ိညာဉ် စွမ်းအားများအလား လူးလွန့်နေလေသည်။


သူမ၏ ဆံနွယ်ရှည်များကလည်း ကြယ်ရောင်များတောက်ပနေကာ တဖျတ်ဖျတ်လွင့်ခါနေ၏။အားလုံးကို ခြုံ၍ ကြည့်လိုက်လျှင် ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ထင်မှတ်မှားစေသည်။


သူမ၏ တုတ်ကောက်က တုတ်ရှည်အဖြစ် ပြောင်းလဲသွားသည်။အပေါ်ယံ သစ်သားပိုင်းကို နှစ်ပိုင်းချိုးချလိုက်သည်နှင့် ရွှေရောင် အလွှာနှင့် ဆန်းကြယ်သော အက္ခရာများ ရေးဆွဲထားသည့် တုတ်ရှည်ပေါ်လာသည်။


သူက ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေ၏ နတ်ဘုရားသတ် ကျိုင်းဖြစ်သည်။သူမ၏ ပတ်ပတ်လည်တွင် သုံးခွမှိန်းကို ကိုင်ဆောင်ထားသော မိုချာ၏ ကိုယ်ပွား၁၀ယောက်မက ရှိနေသည်။


သူတို့ တစ်ချက်လှုပ်ရှားလိုက်တိုင်း ထွက်ပေါ်လာသော ငရဲစွမ်းအင်များကလည်း လေဟာနယ်ထဲတွင် ဗုံးတစ်ခုအလား ပေါက်ကွဲထွက်ပေါ်နေသည်။


သို့သော်လည်း အဖွားမို၏ နတ်ဘုရားသတ်ကျိုင်းနှင့် ရင်ဆိုင်လိုက်ရသောအခါ၌ မိုချာ၏ အနက်ရောင်မျက်ဝန်းများက ပြူးကျယ်သွားသည်။မိုချာ၏ ကိုယ်ပွားက အဖွားမို၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် မခံနိုင်ပဲ ပြိုကွဲသွားပြီး လေဟာနယ်ထဲ လွင့်မျောသွားသည်။


ဘုန်း ဘုန်း...


နတ်ဘုရားသတ်ကျိုင်း၏ ပတ်ဝန်းကျင်၌ ထူးခြားဆန်းကြယ်သော စွမ်းအင်စက်ဝန်းများဖြစ်ပေါ်လာသည်။တစ်ကြိမ်လွှဲယမ်းလိုက်တိုင်း မိုချာ၏ ကိုယ်ပွားတစ်ခု ပျက်စီးသွားရသည်။ ထိုစွမ်းအင်လွှမ်းမိုးမှုကြောင့် မိုချာ ဒေါသထွက် ပေါက်ကွဲလာလေသည်။


မိုဆာ၏ ဂျိုပေါ်မှ သတ္တုကွင်းများကလည်း တုန်ခါလာသည်။သူကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လက်သီးတစ်ချက်ပစ်ထုတ်လိုက်သည်။


ထိုလက်သီးချက်က လေဟာနယ်ကို ဖိနှိပ်လိုက်ပြီး ကြားခံနယ်တွင် အသံဗုံးတစ်ခုအဖြစ် ပေါက်ကွဲသွားစေသည်။ကြယ်အကာအကွယ် အဝိုင်း ဆင်းသက်လာကာ အဖွားမိုကို အကာအကွယ်ပေးထားလေသည်။


အဝန်းထဲမှ စွမ်းအင်လှိုင်းများက တဆတ်ဆတ် တုန်ခါလာပြီး ပတ်ဝန်းကျင်သို့ ပြန့်ကားသွားသည်။သူမက ထိုကြယ်စွမ်းအင်အကာအကွယ်ကို အဆက်မပြတ် ထိုးနှက်နေသည်။၎င်းက အချိန်မရွေး ပျက်စီးသွားတော့မည့် ပုံစံ ပေါ်သည်။


မကောင်းဆိုးဝါး သတ္တဝါ ...


အဖွားမို၏ အသံ ထွက်ပေါ်လာပြီးနောက် နတ်ဘုရားသတ်ကျိုင်းက နောက်တစ်ဖန်လွှဲယမ်းသွားပြန်သည်။၎င်းက ဖြတ်သန်းသွားသော လေဟာနယ်ကိုပင် ဆုတ်ပြဲသွားစေသည်။


ဘုန်း...


ထိုနတ်ဘုရားသတ်ကျိုင်းနှင့် မိုဆာ၏ လက်သီးတို့ ထိပ်တိုက် တွေ့ဆုံသွားသည်။မိုဆာမြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ ပြန့်ကျဲသွားသည်။


အောက်၌ရှိနေကြသော ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များအားလုံးက အလျင်အမြန်ပင် ပြေးပုန်းလိုက်ကြသည်။မှန်ပေသည်။သန့်စင်နယ်မြေ၌ ရှိနေသော စိတ်ဝိညာဉ် သခင်များနှင့် နတ်ဘုရားဝိညာဉ်အဆင့်သို့ ခြေတစ်ဝက်လှမ်းပြီးသူများက သူတို့၏ နတ်ဘုရားမီးလျှံကို ထွန်းညှိလိုက်ကြသည်။


မိုဆာမြေပြင်မှ ကုန်းထလိုက်သည်။ထိခိုက်မိသော နေရာမှ ဒဏ်အရာအကြီးအကျယ်ရသွားလေသည်။သူဒေါသချောင်းချောင်းထွက်လာ၏။လက်သီးနှစ်ဖက်လုံးဖြင့် မြေပြင်ကို ထ်ိုးနှက်လိုက်ပြီး လေထဲသ်ို့ ပျံဝဲတက်လိုက်လေသည်။


ကြွက်သားများက ပြန့်ကားလာသည်။မူလက သုံးမီတာမျှရှည်သော အရပ်က လေးငါးမီးတာမျှ ရှည်လျားလာသည်။သူ့၏ မျက်ဝန်းထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေသည်။ကြီးမားလှသော ခန္ဓာကိုယ်ကြီးတွင် ကျိုးပဲ့သွားသော ကျောက်အကာအကွယ်ဝတ်စုံ၏ အပိုင်းအစများ ရှိနေလေသည်။


"အားလုံးဖျက်စီးပစ်.."


မိုဆာကြိမ်းဝါးလိုက်ပြီးနောက် သူ့၏ မျက်ဝန်းများက တပည့်များဆီသို့ ကျရောက်သွားသည်။လေအလျင်တိုင်း ရွေ့လျားလိုက်ပြီး ချွှန်မြလှသော အစွယ်များကို ထုတ်ဖော်၍ ထိုတပည့်များဆီသို့ ချဉ်းကပ်လိုက်သည်။


သူက ထိုတပည့်များက်ို တစ်လုတ်တည်းဖြင့် မြိုချပစ်ချင်ပုံဖြင့် သရေများကျလာသည်။လေထဲတွင် လွင့်မျောနေသော အဖွားမို၏ မျက်ဝန်းများက ရွေ့လျားသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။သူမညင်သာစွာ သက်ပြင်းချလိုက်ပြီးအော်ပြောလိုက်သည်။


"အားလုံး နောက်ဆုတ် အဓိကခန်းမထဲကို ပြန်ဆုတ်ကြ...


တပည့်များအားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ထို့နောက် အဖွားမို၏ ညွှန်ကြားချက်အတိုင်း သန့်စင်နယ်မြေ၏ အလယ်ရှိ အိမ်လေးဆီသို့ ဆုတ်လိုက်ကြသည်။အဖွားမို လက်မြောက်လိုက်သည်နှင့် စွမ်းအင်များ မြင့်တက်လာပြီး အစီအရင်ပုံစံတစ်ခု စတင်ရွေ့လျားလာသည်။


သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် ထ်ိုအစီအရင် အဝန်းအဝိုင်းက ပြုတ်ကျလာသည်။


ဆွစ် ဆွစ်...


၎င်းက နတ်ဘုရားဝိညာဉ် အဆင့်သို့ ခြေလှမ်းတစ်ဝက်လှမ်းထားပြီးသော သူများအပြင် ကျန်သည့် တပည့်များအားလုံးကိုပါ လွှမ်းခြုံသွားလေသည်။


"ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ... ငါ့အစာတွေ..."


မိုဆာ ဒေါသတကြီး ဖြစ်သွားပြီး သူ့၏ လက်သီးချက်က ထိုကြယ်အကာအကွယ်အဝန်းဆီသို့ ကျရောက်သွားသည်။သို့သော်လည်း ထိုအကာအကွယ်က အနည်းငယ်မျှ လှုပ်ခါသွားခြင်းမရှိပေ။ဆန့်ကျင်ဘက်အားဖြင့် သူသာစက်ဝန်းနှင့် တိုက်မိပြီး လွင့်ထွက်ပြုတ်ကျသွားသည်။လေထဲတွင်လည်း ဆူညံ ပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်နေသည်။မိုချာ၏ ကိုယ်ပွားများအားလုံးကလည်း အဖွားမ်ိုဆီသို့ လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ချဉ်းကပ်နေကြသည်။


၎င်းတို့ဆီမှ ထောင်သောင်းချီသော ငရဲစွမ်းအင်စီးကြောင်းများထွက်ပေါ်လာသည်။ထိုစွမ်းအင်များက စုစည်းသွားကာ ကြောက်မက်ဖွယ်ကောင်းလှသော ဧရာမ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။


လက်ဖဝါးကို မြောက်လိုက်ပြီးအဖွားမိုကို ဖိချလိုက်သည်။သို့သော် အဖွားမို၏ အမူအရာက ပြောင်းလဲမှုမရှိပေ။သူမ၏ နတ်ဘုရားသတ်ကျိုင်းကို ထပ်မံ လွှဲယမ်းလိုက်ပြီး ထ်ိုလက်ဖဝါးကို ရိုက်ထုတ်လိုက်သည်။ရွှေရောင်အလင်းတန်းများက ထ်ိုဧရာမ နတ်ဆိုးကြီးကို ဖောက်ထွက်သွားလေသည်။


ဝီ ဝီ ...


မိုချာ၏ ကိုယ်ပွားများက အဖွားမို၏ ခေါင်းထက်တွင်ရှိနေသောအကာအကွယ်ဝန်းဆီသို့ ချဉ်းကပ်လာကြသည်။ထို့နောက် သူတို့၏ သုံးခွမှိန်းများက ထိုအကာအကွယ်ကို အဆက်မပြတ်ထိုးနှက်ကြလေတော့သည်။


ရွဲ ရွဲ...


ကြယ်အလင်းရောင်များက တဖြေးဖြေးမှိန်ဖျော့လာကာ ၎င်းက မချိန်မရွေးပြိုကွဲတော့မည်ပင်။တပည့်များအားလုံး ထိုမြင်ကွင်းကိုကြည့်၍ လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။


"ဘယ်လိုဖြစ်ပြီး မကောင်းဆိုးဝါးကောင်က အရမ်းအင်အားကြီးနေရတာလဲ...အဖွားမိုရဲ့ အကာအကွယ်တောင် ပြိုကွဲတော့မယ်..."


မြေပြင်ထက်တွင် မိုဆာက ပြန်လည်ထလိုက်ပြီးနောက် သူ့၏ စွမ်းအင်များကို အသုံးပြုကာ လေထဲသို့ ပျံတက်လိုက်ပြီး အကာအကွယ်စက်ဝန်းဆီသို့ ချဉ်းကပ်လိုက်ပြန်သည်။သူ ခေါင်းမော့လိုက်ပြီး ထိုအကာအကွယ်ဝန်းကို အားဖြင့် တိုက်ချလိုက်သည်။ထို့နောက် ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟ၍ ကိုက်ချလိုက်ပြန်သည်။


တလက်လက်တောက်ပနေသော ကြယ်ရောင်များက တဖြေးဖြေးမှိန်ဖျော့လာနေသည်။အဖွားမို၏ မျက်ဝန်းများက ထ်ိုမကောင်းဆိုးဝါးနှစ်ကောင်ကို အာရုံစိုက်လိုက်ပြီးနောက် သက်ပြင်းအသာချလိုက်သည်။


ဘန်း...


ထိုခဏမှာပင် ကြယ်အကာအကွယ်ဝန်းက ပျက်စီးသွားလေသည်။မိုချာ၏ ရက်စက်ကြမ်းကြုတ်လှသော မျက်နာတွင် ပြုံးဖြဲဖြဲ အပြုံးတစ်ခု ပေါ်လာပြီး ကြီးမားလှသော လက်ဖဝါးကို မြောက်ကာ အဖွားမိုကို ဖမ်းဆုပ်လိုက်သည်။


အားလုံး ထိုမြင်ကွင်းကိုကြည့်၍ နှလုံးသားများ တင်းကျပ်သွားကြသည်။အဖွားမိုက မူ တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူမ၏ နတ်ဘုရားမီးလျှံကလည်း တောက်လောင်နေဆဲပင်။


"ငါမိုလျိုလီ ဒီနေ့ သေရမယ်ဆိုရင်တောင် နင်တို့နှစ်ယောက်ကိုပါ ဆွဲခေါ်သွားမယ်..."


ကြယ်အကာအကွယ်ပျောက်ဆုံးသွားပြီးနောက် သူမ မလွတ်မြောက်နိုင်တော့ကြောင်း သိနိုင်ပေပြီ။ယခုအချိန်တွင် တခုတည်းသော လုပ်စရာက ထိုသူကို သတ်ရန်ပင်။အဖွားမို သူမ၏ နတ်ဘုရားသတ်ကျိုင်းကို ဆုပ်ကိုင်လိုက်ပြီး မိုချာနှင့် မိုဆာတို့ဆီသို့ တိုက်ခိုက်လိုက်သည်။


...........


"စနစ် ငါ စမ်းချောင်းဝါမြက်နဲ့ ကူကယ်ရာမဲ့ပန်းကို လိုချင်တယ်ဆိုရင် ငရဲကမ္ဘာကိုသွားရမှာမဟုတ်လား...ငါအဲ့ဒီကို သွားဖို့အတွက် နည်းလမ်းများ မင်းမှာရှိလား..."


ပုဖန်ကသူ့၏ မီးဖိုခုံကိုမှီရပ်လိုက်ပြီး စနစ်အားမေးလိုက်သည်။ခဏမျှအကြာ၌ စနစ်က တည်ငြိမ်လေးနက်သော အသံဖြင့် ပြန်လည်ဖြေကြားလာလေသည်။


"စနစ်ရဲ့ ပို့ဆောင်ရေးအစီအရင် ပိုင်ရှင် ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ သွားချင်သွားချင် သွားနိုင်ပါတယ်..."


စနစ်၏ ပို့ဆောင်ရေးအစီအရင်ကို ကောင်းစွာသိထားပေသည်။သူ ဝေးကွာသည့် မည်သည့်နေရာတွင်မဆို ထိုအစီအရင်ကိုသာ အသုံးပြု၍ သွားခဲ့ခြင်းဖြစ်သည်။၎င်းက မဆိုးပေ။


"ငါ ငရဲကမ္ဘာသွားဖို့ကောခွင့်ပြုပေးနိုင်လား..."


ပုဖန် သိချင်စိတ်ဖြင့်မေးလိုက်သည်။စနစ်က ပုဖန်၏ မေးခွန်းကို ပြန်လည် ဖြေကြားလာခြင်း မရှိပေ။တကယ်တမ်း ပြန်ဖြေရန်လဲမလိုအပ်ပေ ပုဖန်က အတည်ပြုလ်ို၍သာ ထပ်မံမေးခြင်းဖြစ်လေသည်။


အကယ်၍ သူတွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို ပြုလုပ်ချင်လျှင် ပါဝင်ပစ္စည်းများကို ရှာဖို့ လိုအပ်ပေသည်။


စနစ်၏ ပြောကြားချက်အရ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်နှင့် နှင်းခါးမီးတောက် သိမြင်မှုဝိုင်တို့ထက်ပို၍ ကောင်းမွန်ပေသည်။ထို့ကြောင့် သူ ငရဲကမ္ဘာသို့ သွားဖို့ အလွန်ပင် စိတ်အားတက်ကြွ နေခြင်းဖြစ်သည်။


ဝိုင်ခွက်ကို အဝေးသို့ ထားလ်ိုက်ပြီးနောက် မီးဖိုခန်းထဲမှ လှမ်းထွက်လာခဲ့သည်။သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ခွေးဘုရင်က ကျယ်လောင်စွာ ဟောက်နေလေသည်။


ဒါပေါ့...ပုဖန်က ငရဲကမ္ဘာသို့ တစ်ယောက်တည်းသွားလိုက်မည်တော့မဟုတ်ပေ။မည်သို့ပင်ဆိုစေ နယ်သာရီနှင့် ခွေးဘုရင်က ထိုနေရာနှင့် ရင်းနီးကျွမ်းဝင်ပြီးသားဖြစ်သည်။


ပုဖန် သူတို့နှင့်အတူသာ သွားမည်ဆိုပါက ရှာဖွေရသည်မှာ ပ်ို၍ပင် လွယ်ကူပေလိမ့်မည်။ထို့အပြင် ငရဲကမ္ဘာဆိုသည်က ပုန်းကွယ်နဂါးတိုက်ကြီးထက်ပင် ပ်ို၍ အန္တရာယ်များသည်ဟု သူနားလည်ထားပေသည်။


"ပိုင်ရှင် ကျေးဇူးပြုပြီး အာရုံ စိုက်ပေးပါ...သင့်ရဲ့ ကျင့်ကြံမှု အခြေခံနဲ့ ငရဲကမ္ဘာမှာ သုံးရက်ပဲ နေလို့ရပါမယ်...သုံးရက်ပြီးတာနဲ့ စနစ်က သင့်ကို အတင်းအကျပ် ပြန်လည် ခေါ်ဆောင်လာမှာပါ..."


စနစ်က တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။ပြောရမည်ဆိုလျှင် ပုဖန်က ယခုမှ အဆင့်တက်ထားသော မသေမျိုးဝိညာဉ် လှေကားတစ်စင့်ပညာရှင်သာဖြစ်သည်။


ငရဲကမ္ဘာမဆ်ိုထားနှင့် ပုန်းကွယ်နဂါးတိုက်ကြီးတွင်ပင် ထ်ိုကျင့်ကြံဆင့်က ဘာမှမဟုတ်ပေ။ပုဖန် ခွေးဘုရင်၏ ခေါင်းကို အသာပွတ်သပ်လိုက်ပြီးနောက် ငရဲကမ္ဘာသင်္ဘောကိုလည်း ခေါက်လိုက်သည်။


တခူးခူးဟောက်နေသော ခွေးဘုရင်၏ မျက်ဝန်းများက ချက်ချင်းပင် ပွင့်လာပြီး ပုဖန်ကို စူးစမ်းစွာကြည့်လိုက်သည်။


"ဒီကောင်စုတ်လေးက ညလယ်ခေါင်ကြီး ဒီဘုရင်ကို လာနှိုးတာဘာလုပ်ဖို့လဲ နံရိုးချိုချဉ်ကြော်ချက်ထားလ်ို့လား..."


နယ်သာရီကလည်း ငရဲကမ္ဘာသင်္ဘောထဲမှ တွားသွားထွက်လာပြီးပုဖန်က်ို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။လူတစ်ယောက်နှင့် ခွေးတစ်ကောင်၏ အကြည့်များကြောင့် ပုဖန် အနည်းငယ်ပင် ရှက်ရွံ့သွားမိသည်။သို့သော်လည်းစမ်းချောင်းဝါမြက်နှင့် ကူကယ်ရာမဲ့ ပန်းအကြောင်း တွေးလိုက်ပြီးနောက် သူ ဆုံးဖြတ်ချက်ချလိုက်ပြီး ပါးစပ်ဖွင့်ဟလိုက်သည်။


"ငါ ငရဲကမ္ဘာကို သွားချင်တယ်..."


ဟမ်..


ခွေးဘုရင်နှင့် နယ်သာရီ နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးအံ့သြသွားကြသည်။ပုဖန်က ခဏမျှတွေးပြီးနောက် ထပ်ပေါင်း၍ ပြောလိုက်သည်။


"ငါ ငရဲကမ္ဘာရဲ့ ကမ္ဘာမြေအကျဉ်းထောင်ကို သွားချင်တယ် အဲ့ဒီက စမ်းချောင်းဝါမြက်နှင့် ကူရာမဲ့ ပန်းကို ရိတ်သိမ်းချင်လို့ပဲ ..."


ခွေးဘုရင်က ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီးမှ ပြန်လည်ပြောလာလေသည်။


"စမ်းချောင်းဝါမြက်... ကူရာမဲ့ ပန်းဟုတ်လား မင်းရဲ့ ကျင့်ကြံဆင့်လေးနဲ့လေ..."


နယ်သာရီကလည်းသဘောတူညီဟန်ဖြင့် ခေါင်းညိတ်လာလေသည်။


"ကမ္ဘာမြေအကျဉ်းထောင်က ပျက်သုန်းခြင်းအကျဉ်းထောင်ထက် ဘေးအန္တရာယ်ပိုများတယ် နင်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် စိတ်ဝိညာဉ် ဆေးပင်တွေကို စောင့်ရှောက်နေတဲ့ သားရဲတွေက အသက်တစ်ရှိုက်စာအတွင်းမှာပဲ သတ်ပစ်လိုက်မယ်..."


"ငါတို့ မကြိုးစားကြည့်ပဲနဲ့ ငါတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ ..."


ပုဖန်က စိတ်ဆုံးဖြတ်ပြီးပုံဖြင့် ထပ်ပြောလိုက်သည်။


"ဒီခွေးဘုရင်က မင်းနဲ့ အတူတူသွားပြီး အရူးလုပ်ရပ်တွေကို လုပ်မှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့မျက်နာကို လွင့်မပစ်နိုင်ဘူး..."


ဘလက်ကီက အေးဆေးစွာ ပြောလိုက်ပြီးနောက် တစ်ချက်သန်းဝေလိုက်သည်။


"ဒီကိစ္စမှာ မင်းဟိုငတုံးကောင် ငရဲဘုရင်က်ို ခေါ်သင့်တယ် သူက ဒီလ်ိုကိစ္စတွေ ကျွမ်းတယ်..."


ဘေးတစ်ဖက်တွင်ရှိနေသော နယ်သာရီကလည်းခေါင်းညိတ်လာပြန်သည်။ပုဖန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။


"အိုး...ငရဲဘုရင် အာဟ ..."


ပုဖန်၏နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူ ဆိုင်အပေါက်ဝဆီသို့ လျှောက်သွားပြီး တံခါးဖွင့်လ်ိုက်သည်။သူ့လက်ထဲတွင် အစပ်ချောင်းတစ်ခု ပေါ်လာလေသည်။


အစပ်ချောင်းမှ စီးကျလာသော အဆီစက်လေးများက မြေပြင်ပေါ် ပြုတ်ကျသွားပြီးနောက် သိပ်သည်းလှသော ရနံ့များ လေထဲ လွင့်မျောသွားလေသည်။


ဝီ...


ညအမှောင်ယံအောက်တွင် အလင်းတန်းတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာလေသည်။ထိုအလင်းတန်းက စားသောက်ဆိုင်ဆီသို့ ချက်ချင်း ရောက်ရှိလာသည်။စိတ်အားထက်သန်မှုများဖြင့် တောက်ပနေသောမျက်ဝန်းတစ်စုံက ပုဖန်လက်ထဲမှ အစပ်ချောင်းကို စ်ိုက်ကြည့်နေလေသည်။


"ပုဖန် ကောင်လေး....ဒါကြောင့်မလို့ ဒီငရဲဘုရင်က မင်းကိုတအားတွေ သဘောကျတာ အံသြစရာမရှ်ိတော့ဘူး...ဒီအစပ်ချောင်းက ငါ့အတွက်လား..."


ငရဲဘုရင်က အလွန်ပင် ပျော်ရွှင်နေပုံမျိုးဖြင့် မေးလိုက်သည်။။


တကယ်ကိုပင် အစပ်ချောင်းထွက်ပေါ်လာသည်နှင့် ငရဲဘုရင်လည်း ထွက်ပေါ်လာပေသည်။


"အထဲဝင် ငါတို့ ကောင်းကောင်းစကားပြောရအောင် ..."


ပုဖန် ငရဲဘုရင်ကို ဆိုင်ထဲ ဆွဲခေါ်လ်ိုက်သည်။


"မင်း ငါ့ကို အဖော်ပြုပြီးတော့ ငရဲကမ္ဘာရဲ့ ကမ္ဘာမြေအကျဉ်းထောင်ကို လိုက်ခဲ့ပေးမယ်ဆိုရင် အစပ်ချောင်း ၁၀ချောင်းပေးမယ်..."


ပုဖန်၏ စကားကြောင့် ငရဲဘုရင် အံ့အားသင့်သွားလေသည်။


"ငရဲကမ္ဘာရဲ့ ကမ္ဘာမြေ အကျဉ်းထောင်..."


သူဇဝေဇဝါ မျက်နာထားဖြင့် ပုဖန်ကို ကြည့်လိုက်သည်။


"ပုဖန် ကောင်လေး မင်းက ငရဲကမ္ဘာကို ဘာသွားလုပ်မှာလဲ...လမ်းသွားလျှောက်မလို့လား အဲ့ဒီ ကမ္ဘာမြေအကျဉ်းထောင်မှာဘာမှ စိတ်ဝင်စားစရာမရှိဘူး...မင်းမှာ အားလပ်ချိန်ရှိတယ်ဆိုရင်လည်း အစပ်ချောင်းတွေ ပိုပြီးလုပ်တာကမှ ကောင်းလိမ့်ဦးမယ်..."


"ကိုးချောင်း..."


ပုဖန်က အမူအရာမပျက်ပင်ပြောလိုက်သည်။


"အာ ငရဲကမ္ဘာကို ပြန်သွားတာက ဘာအဓိပ္ပါယ်မှမရှိဘူးလေ..."


ငရဲဘုရင် ပြောစရာစကားပင် ပျောက်ရှနေလေ၏။


"ရှစ်ချောင်း..."


ပုဖန်သူ့ကို တစ်ချက်ကြည့်၍ ထပ်မံ ရေရွတ်လိုက်သည်။ငရဲဘုရင် နှလုံးကွဲကြေသွားသလိုမျိုးကြည့်လ်ိုက်သည်။သူ့၏ ရင်ဘတ်ကို လက်ဖြင့်ဆုပ်ကိုင်ပြီးနောက် ကြေကွဲစွာပြောလိုက်၏။


"ထပ်ပြီးတော့ မလျှော့နဲ့တော့ ရှစ်ချောင်းနဲ့ သဘောတူလိုက်ပြီ ငါ...ဒီဘုရင်က မင်းနဲ့ အတူလိုက်ခဲ့မယ်..."


အစပ်ချောင်းများ၏ ဆွဲဆောင်မှုကို ရင်ဆိုင်ရပြီးနောက်သူ့တွင်ငြင်းဆန်နိုင်ရန် ခွန်အားမရှိပေ။ပုဖန် စပ်ဖြဲဖြဲပြုံးလိုက်ပြီး အစပ်ချောင်းများကို ငရဲဘုရင်ဆီသို့ပေးလိုက်သည်။ထို့နောက် ခွေးဘုရင်နှင့် နယ်သာရီဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ဒီတော့ ငါတို့ အခုသွားကြတော့မယ်..."


အခန်းထဲရှိနေသည့် လူအားလုံး တိတ်ဆိတ်သွားကြသည်။


"အခုသွားကြမယ်..."


မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိသောအလင်းစက်ကလေးများ တဖြေးဖြေးစုစည်းလာလေသည်။သူတို့က အစီအရင်တစ်ခုကို စတင်ပုံဖော်လာ၏။အလင်းစက်များက လျင်မြန်စွာ စုပေါင်းလာပြီး ခဏအတွင်းမှာပင် အစီအရင်က ပုံစံ ပေါ်လာသည်။ယခု အစီအရင်ပုံစံက ယခင်ကထက်ပင် ပိုမို ဆန်းကြယ်နေပေသည်။


စွမ်းအင်လှိုင်းများကလည်း တခြားတစ်ခုထက် ပို၍ ပြင်းထန် ကြောက်မက်ဖွယ်ကောင်းလှသည်။ငရဲဘုရင်နှင့် တခြားသူများက တအံ့တသြကြည့်နေကြသည်။ထိုအလင်းစက်ကလေးများ မည်သည့်နေ ရာမှ ရောက်လာသည်ကို သိချင်မိကြ၏။


သို့သော်လည်း သူတို့က ထုတ်မမေးကြပေ။သူတို့ ပုဖန်နောက်လိုက်၍သာ အစီအရင်ထဲ ဝင်ရောက်လိုက်ကြသည်။


"ကောင်းပြီလေ ဒီခွေးဘုရင်ကလည်း ငရဲကမ္ဘာကို မင်းနဲ့ အတူအဖော်လိုက်ခဲ့ပေးမယ် ဒါပေမယ့် စမ်းချောင်းဝါမြက်ကို ခိုးတဲ့နေရာမှာတော့ ငါကူညီမှာမဟုတ်ဘူး..."


ခွေးဘုရင်က သူ့၏ အဆီပြင်များလှုပ်ခါ၍ လျှောက်ဝင်လာပြီးပြောလိုက်သည်။နောက်ခဏအတွင်း၌ စားသောက်ဆိုင်ထဲ၌ လေပြင်းတစ်ချက်တ်ိုက်ခိုက်လာပြီး အလင်းရောင်များတောက်ပလင်းထိန်သွားသည်။ကျယ်လောင်လှသော လေပြင်းသံနှင့်အတူ တစ်ဖွဲ့လုံးပျောက်ကွယ်သွားလေသည်။