အခန်း ၈၁၇
စမ်းချောင်းဝါကမ်းနံဘေးမှ စမ်းချောင်းဝါမြက်...
မိုးကုတ်စက်ဝိုင်းအစွန်းဆီမှ နေရောင်ခြည် မြင့်တက်လာသည့်အခ်ျိန်၌ ချူချန်းရှန် အိပ်ယာထလိုက်သည်။သူ့၏ ခေါင်းပေါ်မှ ဆံနွယ်ဖြူများကို ဆွဲလိုက်ပြီးနောက် ခြေဗလာဖြင့်ပင် မှုန်မှုန်ဝါးဝါးလျှောက်သွားလိုက်သည်။
သူ့အခန်းတွင်းမှ အသုံးအဆောင်များက သု့အတွက် အတွေ့အကြုံ အသစ်ပင်ဖြစ်သည်။ဥပမာအားဖြင့်ပုဖန်ပြောပြခဲ့သော ရေချိုးခန်း သို့သော်လည်း နေ့ရက်ပေါင်းများစွာ နေပြီးနောက် ထိုအရာများကို အကျွမ်းဝင်လာခဲ့သည်။ထို့အပြင် ပြောရမည်ဆိုပါက ၎င်းတို့က တကယ့်ပင် အသုံးဝင်ကြောင်း ဝန်ခံရသည်။
သူ အောက်ထပ်သို့ ဆင်းလာသည့်အခ်ျိန်၌ အံ့အားသင့်သွားသည်။ဒီနေ့မနက်၌ တစ်ဆိုင်လုံး တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်သည်။မီးဖိုခန်းပေါက်ဝတွင် ဝဝတုတ်တုတ်ဝှိုက်တီက ရပ်မြဲတိုင်းရပ်နေသည်။သူက မြင်ကွင်းကွယ်နေသောကြောင့် မီးဖိုခန်းအတွင်းသို့ မမြင်ရပေ။
နတ်ဘုရားသတ်လက်နက်ကို စားပြီးချိန်ထဲက ဝှိုက်တီက ထိုအရာကို ချေဖျက်နေတုန်းပင်ဖြစ်သည်။ယခုထိ စွမ်းအင်မြင့်တင်ခြင်း မပြီးသေးပေ။ပုံမှန်အားဖြင့် ဒီအချိန်တွင် မီးဖိုခန်းအတွင်းမှ ချက်ပြုတ်ကြော်လှော်သံများကို ကြားနေရသည်။ယခုမူ အလွန်အမင်းတိတ်ဆိတ်နေလေသည်။
စားသောက်ဆိုင်တစ်ခုလုံး မည်သည့်အသံမှ မရှိပဲ တိတ်ဆိတ်နေသောကြောင့် ချူချန်းရှန် ထူးဆန်းလာမိသည်။သစ်ပင်အောက်တွင် အိပ်နေလေ့ရှိသည့် ခွေးဘုရင်လည်းပျောက်ကွယ်နေသလို ငရဲကမ္ဘာသင်္ဘောလည်း မရှိတော့ပေ။စားသောက်ဆိုင်က စွန့်ပစ်ခံလိုက်ရပုံပေါက်နေသည်။
"သူတို့ ဘယ်သွားကြတာလဲ ဘာလို့ တစ်ယောက်မှ မရှိတာလဲ ဒီတော့ ဒီနေ့ ဆိုင်မဖွင့်ကြဘူးလား..."
ချူချန်းရှန် အံ့အားသင့်နေပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။ထို့နောက် ဆိုင်ပေါက်ဝသို့ လျှောက်သွားလိုက်ပြီး ဆိုင်တံခါးဖွင့်လိုက်၏။ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုနှင့် ထိခတ်သံအား ကြားလိုက်ရ၏။သူတံခါးတွင် ချိတ်ဆွဲထားသော သစ်သားဆိုင်းဘုတ်ကိုလှမ်းကြည့်လိုက်လေရာ ခေတ္တဆိုင်ပိတ်သည်ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
"အိုး ဒီတော့ ဆိုင်ခဏပိတ်ထားတယ်ပေါ့ ပိုင်ရှင်ပုက ခွေးဘုရင်နှင့် နယ်သာရီကို ဘယ်ကိုများခေါ်သွားတာလဲ...ခေတ္တဆိုင်ပိတ်တယ်ဆိုတော့ သူဒီနေ့ အလုပ်လုပ်စရာမလိုဘူးပေါ့..."
ချုချန်းရှန် ထိုသို့ တွေးမိပြီးနောက် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ့၏ ဆံနွယ်ဖြူများကို သပ်တင်လိုက်ပြီး ဆိုင်မှထွက်ကာ လမ်းမပေါ်တက်လိုက်သည်။
လက်နှစ်ဖက်ကို နောက်ပစ်၍ လမ်းနတစ်ဖက်ရှိ ဇာမဏီ မဆောက်အဦးဆီသို့ ဦးတည်သွားလိုက်သည်။ဒီနေ့ အလုပ်လုပ်စရာမလိုလျှင် သူအမြဲတမ်း လုပ်ချင်ခဲ့သည့် အရာများကို လုပ်သင့်ပေသည်။
ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုချင်းစီကို သွားရောက်လည်ပတ်၍ ထိုကောင်လေးများ ပြုလုပ်သော စားစရာများကို မြည်းစမ်းရန်ပင်။ဒါပေါ့ ...သူက စားရုံစားပြီး ထွက်သွားမှာမဟုတ်ပေ။သူတို့အတွက် လိုအပ်သည်များကိုလည်း အကြံဉာဏ်ပေးပေဦးမည်။
ပထမဦးဆုံး မုချန်လေး၏ စားသောက်ဆိုင်သို့သွားရန်ဆုံးဖြတ်လိုက်သည်။
ဆယ်မိုင်ခန့်ရှည်လျားသော မြို့လမ်းမကြီးက စည်ကားသိုက်မြိုက်နေပေပြီ။မနက်အစောပိုင်းသာရှိသေးသော်လည်း လမ်းမတစ်ဖက်တစ်ချပ်စီတွင် ဖွင့်ထားသော စားသောက်ဆိုင်များက သက်ဝင်လှုပ်ရှားနေကြပေပြီ။စားသောက်တန်းဟုခေါ်ကြသော နေရာများကလည်း အဆုံးမရှိရှည်လျားလှသည်။
အဝေးတစ်နေရာတွင်...
စိတ်အခြေအနေကောင်းနေသော မိုလျိုကျီက သူ့၏တည်းခိုခန်းမှ အစောကြီးပင်ထွက်လာခဲ့လေသည်။သူ့နှလုံးသားထဲတွင် ပိုင်ရှင်ပု၏ ဝိုင်ကို တမ်းတနေလေသည်။ထို့ကြောင့် သူ အရသာရှိသည့် စားကောင်းသောက်ဖွယ်များနှင့်အတူ မြည်းစမ်းရပေမည်။
ပျော့ပျောင်းသော အဖြူရောင်ပိုးထည်ကို ဝတ်ဆင်ထားသည့် အာကာသနတ်သမီးသည်လည်း တည်းခိုခန်းမှ လျှောက်ထွက်လာခဲ့သည်။သူမက လမ်းမထက်တွင် သိမ်မွေ့စွာဖြင့် လျှောက်လှမ်းလာနေ၏။မကြာခင်မှာပင် ထောင်တျဲ စားသောက်ဆိုင်ဆီသို့ ရောက်လာခဲ့ကြသည်။သို့သော်လည်း ဆိုင်တံခါးပိတ်ထားသည်ကို မြင်လိုက်သည့်ခဏ၌ စွံ့အသွားကြ၏။
ဆိုင်ပေါက်ဝတွင် ချိတ်ထားသည့် သစ်သားဆိုင်းဘုတ်ပေါ်တွင် ဆိုင်ခေတ္တပိတ်သည်ဟု ရေးထားလေသည်။မိုလျိုကျီ ကြောင်အ မှင်သက်နေပေသည်။
သူငယ်ချင်းတွေ ကြားထဲက ယုံကြည်မှုဆိုတာ ဘယ်မှာလဲ...ပိုင်ရှင်ပုက သူ့ကို မနက်ဖြန် မနက်လာတန်းစီလို့ ပြောထားတယ်မဟုတ်ဘူးလား...ပြီးတော့ကျတော့ ဒီနေ့ဆိုင်တောင်မဖွင့်ဘူး ပိုင်ရှင်ပုက သူ့ဆိုင်က ဝိုင်ကို လာမသောက်စေချင်နေတာများလား...
"အာကာသနတ်သမီး ပိုင်ရှင်ပုက နတ်သမီးကို ကြောက်တယ်နဲ့တူတယ်...ဒါကြောင့်မလို့ သူဆိုင်ပိတ်ပြီး ခရီးထွက်တာဖြစ်နိုက်တယ်..."
မိုလျိုကျီက ခေါင်းငှဲ့စောင်းကြည့်၍ မေးလိုက်သည်။အာကာသနတ်သမီးက ဆ်ိုင်းဘုတ်ချိတ်ဆွဲထားသောပုံစံမျိုးကို ရင်းနီးကျွမ်းဝင်နေပေသည်။သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားသည်။
"အဲ့ဒါ ပိုင်ရှင်ပုရဲ့ စတိုင်ပဲလေ သူဆိုင်ပိတ်တယ်လို့ ပြောထားရင် တကယ်ဆိုင်ပိတ်တာပဲ..."
သူမက စိတ်ထဲ မထားသလို ပြုံး၍ ပြောလိုက်သည်။ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ချာခနဲလှည့်၍ သူမ တည်းခိုခန်းဆီသို့ ပြန်သွားလိုက်သည်။မိုလျိုကျီ၏ နီရဲရောင်ကိုင်းနေသော နှာခေါင်းက ပွကားလာသည်။
"ပိုင်ရှင်ပုရဲ့ စတ်ိုင်ဟုတ်လား သူတို့နှစ်ယောက်က အရင်တစ်ချိန်တုန်းက လျှို့ဝှက်ချက်လေးတွေများရှိနေတာလား..."
.......
ငရဲကမ္ဘာ ကမ္ဘာမြေအကျဉ်းထောင် ...
မဲမှောင်နေသော ကောင်းကင်ထက်တွင် တိမ်မဲများရွေ့လျားနေသောကြောင့် ပြင်းထန်လေးလံလှသော လေထုကိုခံစားမ်ိလေသည်။
ကမ္ဘာမြေအကျဉ်းထောင်သည် အလွန်ကျယ်ပြောလှသည်။၎င်းကို စ်ိမ်းပြာရောင်ကျောက်တုံးများဖြင့် ဖွဲ့တည်ထားပြီး ကြမားလှသောတောင်တန်းများဖြင့် ပတ်ကာရံထားသည်။
၎င်းဧရိယာတွင် အပင်အမျိုးအစားများစွာ ပေါက်ရောက်ကြီးထွားခြင်းမရှိပေ။သို့သော်လည်း လေထဲတွင် ပြည့်နှက်နေသည့် စိတ်ဝိညာဉ် စွမ်းအင်ပမာဏက အံ့သြစရာကောင်းလှသည်။
အဖြူရောင်အလင်းစက်လေးများပေါ်လာပြီး ခဏ၌ လေပြင်းများတိုက်ခတ်လာလေသည်။၎င်းလေများတိုက်ခတ်မှုက မုန်တိုင်းတစ်ခုအလား ပြင်းထန်လှပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို လွင့်တက်သွားစေသည်။
မကြာခင်မှာပင် ကောင်းကင်ယံထက်၌ အလင်းစက်များဖြင့် ဖွဲ့တည်ထားသည့် အစီအရင်တစ်ခု ပေါ်လာသည်။
ဆွစ် ဆွစ်...
ခဏအကြာ၌ ထိုအစီအရင်ပုံစံက ထင်ရှားလှပြီး ထိုထဲမှ ပုံရိပ်တစ်ချို့ ထွက်ပေါ်လာလေသည်။လေပြင်းကြောင့် ပုဖန်၏ ခေါင်းမှ သိုးမွှေးကြိုး ပြုတ်ထွက်သွားပြီး သူ့၏ ဆံပင်များလွင့်ထွက်သွားသည်။
ငရဲဘုရင်အာဟက ရင်းနီးကျွမ်းဝင်နေသော ငရဲကမ္ဘာ၏ အငွေ့အသက်ကို ရှူရှိုက်လိုက်သည်။ထို့နောက် ညှင်သာစွာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။သူငရဲကမ္ဘာသို့ ထိုမျှလွယ်လွယ်ကူကူ ပြန်လာလိမ့်မည်ဟု မထင်ထားမိပေ။
မဟာနိယာမလမ်းကြောင်း၏ ဖိနှ်ိပ်မှုကို မရှိသောကြောင့် သူအရမ်းပင် ပေါ့ပါးလွတ်လပ်နေပေသည်။
နယ်သာရီကလည်း ထပ်တူညီစွာခံစားရလေသည်။သူမ ငရဲကမ္ဘာသို့ ပြန်မလာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပေပြီ ။ယခု သူမ၏ နှလုံးသားထဲ၌ စိတ်ခံစားချက်မျိုးစုံ မြင့်တက်နေပေသည်။
"သွားကြစို့ ဒီမှာ ကြည့်လို့ကောင်းတာဘာမှမရှိဘူး...စမ်းချောင်းဝါမြစ်ဘေးမှာသာမန်သစ်ပင်ပန်းမန်တွေ မပေါက်နိုင်ဘူး...ဒီနေရာမှာ တစ်ခုခု ပေါက်နိုင်တယ်ဆိုရင်လည်းကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူထားတဲ့ ဆေးပင်တွေပဲ ဖြစ်လိမ့်မယ်..."
ခွေးဘုရင်က သူ့၏ အဆီအပြည့်ဖြင့် ခန္ဓာကိုယ်ကို တလှုပ်လှုပ်ခါ၍ အရှေ့သို့ ဆက်လျှောက်သွားသည်။သူက ကျက်သရေရှိလှသော ကြောင်တစ်ကောင်ကဲ့သို့ လျှောက်လှမ်းလိုက်တိုင်း အဆီများက ယမ်းခါသွား၏။
နောက်မှ လိုက်ပါလာသော ငရဲဘုရင်က သူ့၏ အဆီပြင်များကိုကြည့်၍ တကယ်ကိုဟိတ်ဟန်များတဲ့ ခွေးဝဲစားဟူ၍ လှောင်ပြောင်နေလေသည်။
"မင်းဘာပြောလိုက်တာလဲ တိုက်ချင်တာလား..."
ခွေးဘုရင်၏နားရွက်လေးများလှုပ်ခတ်သွားပြီး သူငရဲဘုရင်ကို တစ်ချက်စောင်း၍ ကြည့်လိုက်သည်။ငရဲဘုရင်၏မျက်ခုံးများ ပင့်တက်သွားသည်။သူအင်္ကျီလက်များကို ဆွဲတင်လိုက်ပြီး
"လာလေ ဒီဘုရင်ကြီးက ခွေးတစ်ကောင်လောက်ကို မကြောက်ဘူး..."
ပုံမှန်အားဖြင့် စိတ်ခံစားမှုများကို မဖော်ပြသောနယ်သာရီပင် နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။သူမမျက်နာကို လက်ဝါးဖြင့်အုပ်ကာလိုက်မိ၏။
ပုဖန်၏အသက်ရှုသံများက ပြင်းထန်နေသည်။ဒီနေရာရှိ ဖိအားက ပုန်းကွယ်နဂါးတိုက်ကြီးထက် ပို၍များပြားလေသည်။သူ့ခန္ဓာကိုယ်ကို သစ်တုံးများဖြင့် ဖိထားသလို ခံစားနေရသည်။သူ့ခြေတစ်လှမ်းတ်ိုင်းအတွက် ခွန်အားများစွာအသုံးပြုရလေသည်။
"ဒီနေရာမှာ ကျင့်ကြံနိုင်ရင် ပိုကောင်းမယ် ငရဲကမ္ဘာမှာရှိတဲ့ ဝိညာဉ် စွမ်းအားက ပုန်းကွယ်နဂါးတိုက်မှာရှိတာထက် ပိုများတယ် ကုန်းမြေတိုက်ကြီးကတော့ အဆင့်မြင့်တဲ့ နေရာတစ်ခုပဲ...သူ့ရဲ့ တည်နေရာကြောင့်သာမဟုတ်ရင် ငရဲကမ္ဘာသက်ရှိတွေက ဘယ်တော့မှမျက်စိကျမှာမဟုတ်ဘူး ..."
နယ်သာရီ ပုဖန်ကိုကြည့်ရင်းပြောလိုက်သည်။သူမ လက်ကို မြောက်လ်ိုက်သည်နှင့် အနက်ရောင်စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ထို့နောက် ပုဖန်၏ ကျောပေါ်ညှင်သာစွာတင်လိုက်သည်
ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။နယ်သာရီ၏လက်နှင့် ထိလိုက်သည်နှင့် သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။သူ့ခန္ဓာကိုယ်ပေါ်မှ ကျောက်တုံးကြီးကို တွန်းဖယ်လိုက်သလိုမျိုး လွတ်လပ်သွား၏။
ကမ္ဘာမြေအကျဉ်းထောင်က မယုံန်ိုင်စရာကောင်းလောက်အောင် ကျယ်ပြောပြီးတော့ စိတ်ဝိညာဉ် စွမ်းအင်တွေလည်း ကြွယ်ဝတယ်...နေရာတိုင်းလိုလိုမှာ စိတ်ဝိညာဉ် ဆေးပင်တွေကိုလည်း တွေ့နိုင်တယ်...နောက်တော့ သိလာပါလိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ် နင့် ရဲ့အခုလက်ရှိကျင့်ကြံဆင့်နဲ့က နတ်ဆေးပင်တွေကို ရခဲ့ရင်တောင် ချက်ပြုတ်နိုင်မှာမဟုတ်ဘူး..."
ခွေးဘုရင်နှင့် ငရဲဘုရင်တို့က တိတ်တဆိတ်သဘောတူညီချက် တစ်ခုပြုလုပ်ထားပုံရလေသည်။သူတို့ တစ်ယောက်ကိုတစ်ယောက် စောင်း၍ပင် မကြည့်ကြပေ။
"နတ်ဆေးပင်တွေလား..."
ပုဖန် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ပျက်စီးနေသောထောင်တျဲနှလုံးသားက နတ်ဆေးပင်များထက် အနည်းငယ်ထိရောက်မှု အားနည်းပေသည်။
ပုဖန် နတ်ဆေးပင်များက်ို အတော်လေးစိတ်ဝင်းစားနေမိ၏။
"နတ်ဆေးပင်တွေသာမကဘူး နတ်ဘုရားအဆင့် ပါဝင်ပစ္စည်းတွေလည်းအများကြီးရှိတယ်..ပုန်းကွယ်နဂါးတိုက်ကြီးမှာဆိုရင် အဲ့ဒီနတ်ဘုရားအဆင့် ပါဝင်ပစ္စည်းများများ မရှိဘူး...ပြောရမယ်ဆိုရင်တော့ အဲ့ဒီလ်ို ပါဝင်ပစ္စည်းတွေ ကြီးထွားလာဖို့ဆိုတာစိတ်ဝိညာဉ် စွမ်းအားတွေကို တဖြေးဖြေးချင်းစုဆောင်းလာဖို့ လိုအပ်တယ်..."
ခွေးဘုရင်၏ ရှင်းပြချက်ကို နားထောင်ပြီးပုဖန် ခေါင်းညိတ်လိုက်၏
"မင်းက စမ်းချောင်းဝါမြက်ကို ရှာချင်တာမဟုတ်လား...ဘယ်အဆင့်လဲ..."
ခွေးဘုရင် ထပ်မေးလိုက်၏။စမ်းချောင်းဝါမြက်များသည် စမ်းချောင်းဝါမြစ်နားတွင် ပေါက်ဖွားလာခြင်းဖြစ်သည်။သို့သော်လည်း သူတို့ ပေါက်ရောက်သည့် နေရာဒေသကိုလိုက်၍ အဆင့်များကွဲပြားလေသည်။
အထက်ပိုင်း အလယ်ပိုင်းနှင့် မြစ်အောက်ပိုင်းဟူ၍ နေရာဒေသများ ကွဲပြား၏။
"စမ်းချောင်းဝါ မြစ်ဖျားမှာပေါက်တဲ့ အရွက်တစ်ရွက် စမ်းချောင်းဝါမြက်ဆိုရင် လူံလောက်ပါပြီ..."
ခွေးဘုရင် မျက်လုံးပြူးသွားသလ်ို ငရဲဘုရင်လည်း သူ့က်ို စိုက်ကြည့်လာလေသည်။နယ်သာရီပင် နှုတ်ခမ်းများရှုံ့မဲ့သွားလေ၏။
"ပုဖန်ကောင်လေးမင်းက တကယ်ကို ယဉ်ကျေးမှုမရှိဘူးပဲ...စမ်းချောင်းဝါမြစ်ဖျားမှာ ပေါက်နေတဲ့ မြက်ပင်တွေက အဖိုးအတန်ဆုံးပဲ...ကံကောင်းထောက်မစွာနဲ့ မင်းက အရွက်တစ်ရွက်မြက်ပင်ကို လိုအပ်လို့ပေါ့...အရွက်ကိုးရွက် မြက်ပင်သာလ်ိုချင်တယ်ဆိုရင်တော့ အဲ့ဒီ စမ်းချောင်းဝါ မြစ်စောင့်က မင်းကို မသေမခြင်း တိုက်ခိုက်လိမ့်မယ်..."
ငရဲဘုရင်ကလည်း ခွေးဘုရင်၏ ထင်မြင်ချက်လေးကိုသဘောတူလေသည်။ထို့နောက် သူတို့အဖွဲ့ ရှေ့သို့ ဆက်သွားခဲ့ကြသည်။
"စမ်းချောင်းဝါမြစ်က မိုင်ရာကျော်ရှည်လျားတယ် ...ပုဖန်နဲ့ နယ်သာရီနဲ့ အတူတူသွားကြ...ငရဲဘုရင်က ဒီမှာစောင့်နေ ငါ စကားစပ်မြည်ပြောဖို့အတွက် စမ်းချောင်းဝါမြစ်စောင့်ပညာရှိကို ရှာလိုက်ဦးမယ်..."
ခွေးဘုရင်၏ စကားကို ငရဲဘုရင်က မကျေမနပ်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။
"ဘာလို့ ငါက ဒီမှာစောင့်နေရမှာလဲ..."
ခွေးဘုရင် သူ့ကို တစ်ချက်စောင်းကြည့်လိုက်၏။
"ဒါဆ်ိုရင် မင်းသွားပြောမှာလား ငါ ခွေးဘုရင်က ဒီမှာစောင့်နေလိုက်မယ်..."
ငရဲဘုရင်တွန့်သွား၏။
"အင်း မင်းပဲ သွားလိုက်တာကောင်းမယ် အဲ့ဒီအဖိုးကြီးက ငါ့ကို အသေတိုက်ခိုက်နေဦးမယ်...သူယောင်သစ်သီးကို ခိုးယူခဲ့တဲ့အတွက် ပြေလည်ရာပြေလည်ကြောင်းမဖြေရှင်းရသေးဘူး..."
"ဟမ့် ငရှုပ်ကောင်..."
ခွေးဘုရင် နှာခေါင်းရှုံ့လိုက်၏။ထို့နောက် ခွေးဘုရင်က သိမ်မွေ့သော ခြေလှမ်းများဖြင့် လေဟာနယ်ထဲ လှမ်းတက်လ်ိုက်သည်။
"ကဲ သခင်ခွေးကတော့ စမ်းချောင်းဝါ မြစ်စောင့်နဲ့ စကားပြောဖို့ ရှာလိုက်ဦးမယ် မင်းတို့ အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး စမ်းချောင်းဝါမြက်ကို ရအောင်ခူးကြ...အရွက်တစ်ရွက် စမ်းချောင်းဝါမြက်ကိုပဲ ယူရမယ်ဆိုတာကို သတ်ိရနော် ပိုယူလို့မရဘူး..."
ထို့နောက်သူ့၏ အဆီပြင်များကို လှုပ်ခါရင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ငရဲဘုရင်ကလည်း အစပ်ချောင်းတစ်ချောင်းကို ထုတ်ယူပြီး မြေပြင်ပေါ်တွင် ထိုင်ကာ စုပ်နေလိုက်သည်။
"မင်းတို့လည်း သွားသင့်ပြီ ဒီအရှင်သခင်က မင်းတို့ရဲ့ နောက်ဘက်မှာ စောင့်နေပေးမယ် တစ်ခုခုဖြစ်ပြီဆိုရင် အစပ်ချောင်းသုံးပြီး ငါ့က်ိုခေါ်လိုက်..."
ငရဲဘုရင်က ပုဖန်ကို လေးလေးနက်နက်ပြောလိုက်ပြီးနောက် သူ့ပါးစပ်ထဲသို့ အစပ်ချောင်းထည့်ငုံထားလိုက်သည်။အစပ်ချောင်းသုံးလိုက်ရုံနှင့် သူ ထိုအနံ့ရှိရာဆီသို့ တကယ်အရောက်သွားနိုင်ပေသည်။
နယ်သာရီ ပုဖန်ကိုဆွဲ၍ ရှေ့ဆက်သွားလိုက်သည်။
"ငါ့နောက်ကလိုက်ခဲ့ ကမ္ဘာမြေအကျဉ်းထောင်က ပုန်းကွယ်နဂါးတိုက်ကြီးနဲ့ မတူဘူး အရမ်းအန္တရာယ်များတယ်..."
သူတို့ နှစ်ယောက် ဆယ်မိုင်ကျော်လျှောက်ခဲ့ကြ၏။ပုဖန် နယ်သာရီကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။ဒီနေရာက အလွန်ပင် အန္တရာယ်ကင်းပုံ ပေါ်ပြီး အရမ်းက်ို တိတ်ဆိတ်ငြိမ်သက်နေပေသည်။
နောက်ထပ် ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် သူမျက်မှောင်ကြုတ်သွားလေသည်။
ဘုန်း ဘုန်း...
သူ့၏ အောက်ဘက်မြေပြင်က အက်ကွဲသွား၏ ။သတ္တဝါတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ ပါးစပ်ကြီးတစ်ခုက ပုဖန်၏ ရှေ့တည့်တည့်၌ ပေါ်လာလေသည်။
...........
ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ...
အမှောင်ထုက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။နတ်ဘုရားမီးလျှံလေးတစ်ခုက ထိုအမှောင်ထုကို ဖြိုခွဲနိုင်ရန် အသဲအသန် ကြိုးစားနေ၏။
မြေပြင်ပေါ်တွင်...
အဖွားမိုကို ကြည့်ရသည်မှာ စုတ်ပြတ်နေ၏။သူမ၏ ဆံပင်များက ရှုပ်ပွနေပြီး အသက်ရှုသံများပြင်းထန်နေ၏။နတ်ဘုရားသတ်ကျိုင်းက်ို ကိုင်ထားသည့် လက်ချောင်းသည်လည်း တဆတ်ဆတ်တုန်ရီနေ၏။ယခုအခ်ျိန်တွင် ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေတစ်ခုလုံး အပျက်အစီးများဖြင့် ပြည့်နေသည်။
ကျောက်တုံးကျောက်စများ နေရာအနှံ့ ပြန့်ကျဲနေပြီး မြင်ကွင်းတစ်ခုလုံးက လုံးဝ ပြောင်းလဲသွားခဲ့သည်။ကြောက်မက်ဖွယ်ကောင်းလှသော လေပြင်းများအဆက်မပြတ် တ်ိုက်ခတ်နေ၏။အစီအရင်အတွင်းမှ တပည့်များကလည်း ထိုမြင်ကွင်းကို ကြည့်ရုံသာ တတ်နိုင်လေသည်။
ဒီတစ်ချိန်လုံး အဖွားမိုတစ်ယောက်တည်း ထိုမကောင်းဆိုးဝါးများက်ို တိုက်ခိုက်နေသည်ကိုသာ ကူကယ်ရာမဲ့စွာကြည့်ခဲ့ရသည်။သူတို့အားလုံးက လုံးဝ အစွမ်းမဲ့နေပြီး ကူကယ်ရာမဲ့မှုကိုသာ ခံစားနေရသည်။
မိုချာ၏ ကိုယ်ပွားများက ပျောက်ကွယ်သွားပြီဖြစ်ပြီး အစစ်အမှန်ကိုယ်ထည်တစ်ခုသာကျန်တော့သည်။နဖူးပေါ်တွင် ဒေါင်လိုက် မျက်လုံးနှစ်လုံးရှိသော မိုယဲ့က ထိုမြင်ကွင်းအားလုံးက်ို ဂရုမစ်ိုက်စွာသာ ကြည့်နေလေသည်။
"ခိ ခိ ခိ...မဟာနိယာမ စည်းမျဉ်းတွေကသာငါ့က်ို မဖိနှိပ်ထားရင် နင့်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ပြီ..."
မိုချာ အေးစက်စွာ ပြောဆိုလိုက်ပြီး နှာခေါင်းမှ အနက်ရောင်အငွေ့များကို မှုတ်ထုတ်လိုက်သည်။သူလျှာထုတ်လိုက်ပြီး အေးစက်နေသော ဓားသွားကို လျက်လိုက်၏။
"မင်းဘယ်လောက်ထိ တောင့်ခံနိုင်မလဲလို့ ကြည့်ကြသေးတာပေါ့...ကစားမနေနဲ့ မြန်မြန်တိုက်ပြီး မြန်မြန်အနိုင်ယူလိုက်...ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်ကို ယူပြီး ထွက်သွားကြမယ်..."
မိုယဲ့ လှမ်းပြောလိုက်သည်။
"မင်းတို့ မကောင်းဆိုးဝါးတွေက ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်အတွက်လာခဲ့တာလား...မင်းတို့ အိမ်မက်မက်နေလိုက် ဘယ်တော့မှ မရနိုင်ဘူး.."
အဖွားမို အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့၏ လက်ထဲတွင် ကြယ်သံလိုက်အိမ်မြှောင်တစ်ခု ပေါ်လာသည်။သူမလက်က်ို ဆုပ်ညှစ်လိုက်ရာ ထိုသံလိုက်အိမ်မြှောင်က ချက်ချင်း ကွဲကြေသွား၏။သူမ၏ ခေါင်းအထက်ရှိ နတ်ပလ္လင်ထက်တွင်လည်း နတ်ဘုရားမီးတောက်က အလျှံညီးညီးပို၍တောက်ပလာသည်။အဖွားမို၏ အော်ရာများက ကြောက်စရာကောင်းစွာ ထိုးတက်လာလေသည်။
သူမ၏ ခန္ဓာကိုယ်က အမှောင်ထုကို တွန်းလှန်ပြီး တောက်ပလင်းလက်နေသည်။
"ကောင်းကင်ဘုံး ကြယ်ဖမ်း ကွန်ရက်ကို ရယူဖို့ ကြိုးစားသူတိုင်း သေရမယ်..."
အဖွားမိုက ကျယ်လောင်စွာကျုံးဝါးလိုက်သည်။သူမ၏ ခန္ဓာကိုယ်က မြောက်များလှစွာသော အရိပ်များအဖြစ် လေဟာနယ်ကို ဖြတ်သန်းသွားကာထိုနတ်ဆိုးများဆီသို့ ဦးတည်လ်ိုက်သည်။
"မဟုတ်သေးဘူး တစ်ခုခုတော့ မှားနေပြီ ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်က ဒီမှာရှိမနေဘူး..."
မိုချာ မျက်လုံးပြူးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။မိုယဲ့ မျက်ခုံးပင့်လိုက်သည်။
"ဒီမှာရှိမနေဘူးလား ဒါဆို မင်းဘာလို့ အဖွားကြီးနဲ့ ဆက်ပြောနေသေးတာလဲသူ့ကို မြန်မြန်သတ်ပြီး မြန်မြန်ဆုတ်ခွာကြမယ်...."
"ထွက်သွားချင်တာလား ဟမ့်... နင်တို့ကို ဒီမှာပဲနေခိုင်းလိုက်မယ်..."
နတ်ဘုရားမီးလျှံ ပေါက်ကွဲ လောင်ကျွမ်းလာပြီးနောက် အဖွားမို၏ အော်ရာများက ခြိမ်းခြောက်နိုင်သည့် အဆင့်တစ်ခုသို့ တိုးလာခဲ့သည်။မိုချာနှင့် မိုဆာ၏မျက်နာက ကြောက်ရွံ့မှူဖြင့် တုန်လှုပ်သွားသည်။
"အရူးပဲ ..."
သူတို့ တောင်ပံများကို ဖြန့်ကားပြီး ထွက်ပြေးရန် ပြင်လိုက်ကြ၏။သို့သော်လည်းနတ်ဘုရားသတ်ကျိုင်းက သူတို့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။သူမရှောင်နိုင်ပဲ အရိုက်ခံလိုက်ရ၏။
မိုချာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ဖုန်မှုန့်များလွင့်တက်သွားကာ အနက်ရောင်သွေးများစီးကျလာသည်။မိုဆာ ဒေါသတကြီး အော်ဟစ်လိုက်၏။သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက ဖောင်းပွလာပြီးနောက် နတ်ဘုရားသတ်ကျိုင်းကို ထိုးနှက်လိုက်သည်။
အဖွားမို၏ မျက်ဝန်းများထဲတွင် နတ်ဘုရားမီးတောက်များတောက်လောင်နေသလို ပင် ထင်ရသည်။သူမ၏ ခန္ဓာကိုယ်မှ အော်ရာများကလည်းအထွဋ်အထိပ်အဆင့်သို့ ရောက်ရှိလာသည်။
"ဟမ်..."
မိုဆာ အော်ဟစ်လိုက်၏။နတ်ဘုရားသတ်ကျိုင်းက သူ့လက်များက်ို ဖြတ်ပစ်လ်ိုက်လေသည်။မိုဆာထိုနတ်ဘုရားသတ်တုတ်ကို စူးစူးရဲရဲစိုက်ကြည့်လ်ိုက်။ထိုတုတ်သာ သူ့၏ ခေါင်းက်ိုရိုက်မိလျှင်သေမှာသေချာပေသည်။
"တော်သင့်ပြီ..."
အဝေးမှာရှိနေသော မိုယဲ့ ရုတ်တရက်စူးရှးစွာအော်ဟစ်လိုက်သည်။မိုဆာ အသတ်ခံရမည်ကို သူမကြည့်နေနိုင်ပေ။သူ့၏ နဖူးပေါ် ရှိ မျက်လုံးနှစ်လုံးက ပွင့်လာသည်။မျက်ဝန်းများက မဲနက်နေသော်လည်း အဖြူရောင်အလင်းတန်းများ ထုတ်လွင့်လာ၏။
ရုတ်တရက် သူ့မျက်ဝန်းမှ အနက်ရောင်အလင်းတစ်ခုထွက်ပေါ်မလာပြီး အဖွားမိုကို ထိမှန်သွားသည်။အဖွားမို၏ မျက်ဝန်းများစူးရှသွားသည်။နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးများပြန့်ကြဲလာသည်။သူမ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုအခိုက်အတန့်တွင် ဝေးကွာသော နေရာတစ်ခုမှ မိုးခြိမ်းသံကဲ့သို့ ဆူညံလှသော အသံများမြင့်တက်လာလေသည်။ကြောက်မက်ဖွယ်ကောင်းလှသောအော်ရာများ မြင့်တက်လာလေ၏။
တောက်လောင်နေသောနေမင်းအသေားစားတစ်ခုကဲ့သို့ အစီအရင်တစ်ခုက လျင်မြန်စွာရွှေ့လျားလာနေသည်။ထို့နောက် ထိုအစီရင်ထဲမှ ထွက်ပေါ်လာပြီး ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်လေသည်။
"မကောင်းဆိုဝါး တိရစ္ဆာန်တွေမင်းတို့ သေဖို့ထိုက်တန်တယ်..."