အပိုင်း ၈၂၀
Viewers 53k

အပိုင်း ၈၂၀ 

မြစ်ဝါမြစ်ထဲမှ သိခြင်းမဲ့ကြာပန်း


" ဒီဘက်သေချာလား... "  


မိုယဲ့က မိုချာအားသံသယမကင်းသောအကြည့်ဖြင့်မယုံကြည်စွာမေးခွန်းထုတ်လိုက်သည်။


 

ထိုနေရာက ကောင်းကင်လျှို့ဝှက်သန့်စင်နယ်မြေ၏ဆန့်ကျင်ဘက်တွင် တိုက်တိုက်ဆိုင်ဆိုင်တည်ရှိနေခြင်းက.. သူမိုချာကိုမယုံသင့်ဟုတွေးမိသည်။


" ခေါင်းဆောင်ကြီးမိုယဲ့ ယုံပါဗျာ ဒီတစ်ခါမှကျွန်တော် ကြယ်ဖမ်းကွန်ရက်ကိုမရှာနိုင်ရင် ကျွန်တော်.. ကျွန်တော့ကိုယ့်အမွေးတွေကိုယ်အပြောင်နှုတ်ပစ်မယ်ဗျာ .." မိုချာကသူ၏အရာအားလုံးကိုလောင်းကြေးထပ်၍အော်ပြောလိုက်သည်။


စိတ်ဓာတ်ပြင်းပြလှချည်လား.. 


မိုဆာက မြေုပင်ပေါ်တွင်ထိုင်ရင်း သူ၏သတ္တုကွင်းများနှင့်ဆော့ကစားနေရာမှာ မိုချာအားအံ့အားသင့်စွာလှည့်ကြည့်လိုက်သည်။ယခုအကြိမ်တွင်မိုချာသည်သူ၏စိတ်ခံစားမှုအားအလွန်ပင်ယုံကြည်ချက်ပြင်းထန်နေပုံပင်။


မိုယဲ့ သိမ်းသွင်းခံလိုက်ရပြီး မိုချာအားခပ်သာသာခေါင်းငြိမ့်ပြလိုက်လေသည်။


" ကောင်းပြီတစ်ကြိမ်ယုံလိုက်မယ် အဲ့ဒီလမ်းညွှန်ချက်ရဲ့ အတိအကျကဘယ်နေရာလဲ..." 


မိုယဲ့ မေးလိုက်သည်။


" ဟားဟား.. သွားစို့လေ ကျွန်တော့်အာရုံတွေက ကြယ်တာရာဖမ်းကွန်ရက်နားနီးလားရင် ပိုအားကောင်းလာမှာပါ မိုယဲ့ကျွန်တော့်ကိုယုံသင့်တယ်... " 


မိုချာ ပြောပြီးသည်နှင့် သူ့ကျောဘက်ရှိအနက်ရောင်တောင်ပံများကလှုပ်ခါသွားပြီး အနက်ရောင်အလင်းတန်းတစ်ခုအလားရုတ်ချည်းပျံသန်းပျောက်ကွယ်သွားတော့သည်။


မိုယဲ့ကလက်ပိုက်ထားကာ သူ၏ဝတ်ရုံရှည်ကလေထဲ၌လူးလွန့်နေသည်။သူ၏ခြေဖျားများကလေဟာနယ်ပေါ်မြင့်တက်သွားပြီး လေဟာနယ်၏အခြားတစ်ဖက်ကိုခွဲကာဆွဲဖွင့်လိုက်၏။


မိုဆာကသူ၏ခေါင်းကိုပွတ်သပ်လိုက်ပြီးနောက် မြေပြင်အားထိုးနှက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကလေပေါ်သို့ခုန်တက်သွားကာ သာမန်မျက်စိဖြင့်မမြင်နိုင်သောအရှိန်နှင့်ပျာက်ကွယ်သွားချေ၏။


...


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ..


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်မြေတစ်ခုလုံးသည်ပူဆွေးမှုတို့ဖြင့်လွှမ်းခြုံနေသည်။အဘွားမိုက ကြောက်မက်ဖွယ်ရာနတ်ဆိုးမိစ္ဆာများအားခုခံရင်းဖြင့်သေဆုံးသွားခဲ့သည်။


လူအုပ်ကြီးသည် မြေပြင်ပေါ်တွင်တိတ်ဆိတ်စွာလဲလျောင်းနေဆဲဖြစ်သောအဘွားမို၏ရုပ်အလောင်းအားကြည့်ရှုနေကြသည်။


သူတို့အားလုံးသည်အဖွားမိုအားမျက်နှာချင်းဆိုင်ဒူးထောက်ချလိုက်ကြပြီးယူကြုံးမရဖြစ်မှုကိုခံစားနေကြရကာ အချို့မှာသည်းထန်စွာငိုကြွေးလျက် အချို့မှာတိတ်တဆိတ်ရှိုက်ငင်နေကြကုန်၏။


ရှေးဟောင်းကျောက်စိမ်းသူတော်စင်အရှင်သည် အဖြူရောင်ဝတ်ရုံရှည်က်ုဆင်မြန်းထားပြီး သူ၏ခန့်ညားသောမျက်နှာထက်တွင် ပူဆွေးသောကများကထင်ဟပ်နေ၏။ မိုလျိုလီသည် သူနှင့်မျိုးဆက်တစ်ခုတည်းမှလူဖြစ်ခဲ့သည်။


ထိုစဉ်နှစ်များက မိုလျိုလီသည် တောက်ပကာစင်ကြယ်ထူးကဲလှသောမိန်းမပျိုတစ်ဦးဖြစ်ခဲ့ပြီး အမျိုးသားပေါင်းများစွာသူမအပေါ်ချစ်ခင်စုံမက်ခဲ့ကြသည်။ ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ် သည်လည်း ထိုအမျိုးသားများထဲမှတစ်ယောက်ဖြစ်ခဲ့သည်.. သို့သော်သူငြင်းဆိုခံခဲ့ရသည်။ ယခုမူ မိုလျိုလီကထွက်ခွာသွားနှင့်လေပြီး သူကဤလောကအတွင်းကျန်ရစ်နေသည်။


ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်၏နှလုံးသားမ ှာ ကြေကွဲပူဆွေးနေကာ သူအသက်ပြင်းပြင်းရှုထုတ်လိုက်မိ၏။ သူကမိုလျိုလီ၏ရုပ်ခန္ဓာထံသို့လျှောက်လှမ်းသွားကာ ငြိမ်သက်အေးချမ်းနေသောသူမ၏မျက်နှာအားကြည့်ရှုလိုက်သည်။


သူ၏တွန့်ကွေးနေသောမျက်ခုံးများကပြေလျော့သွားပြီး လက်ဟန်ချိပ်စည်းတစ်ခုအားအလျင်အမြန်ပြုလုပ်လိုက်သည်။ ချိပ်စည်းသဏ္ဍာန်များကလေထုတွင်းဝေ့ဝဲသွားပြီး အတူတကွစုရုံးသွားကာ ခေါင်းတလားတစ်ခုအဖြစ်ပုံပေါ်လာချေသည်။


ခေါင်းတလားတစ်ခုလုံးအား စွမ်းအင်များထုတ်လွှတ်နေသည့်ရွေ့လျားနေသော ပုံသဏ္ဍာန်ချိပ်စည်းများဖြင့်ပြုလုပ်ထားသည်။ခေါင်းတလားဖွဲ့စည်းမှုအပြီးတွင် ရှေးဟောင်းကျောက်စိမ်းသူတော်စင်အရှင်၏ခန္ဓာကိုယ်မှာတုန်ရီသွားပြီးသူ၏မျက်နှာသည်လည်းဖြူဖျော့နေချေ၏။


သူ၏လက်ကိုပင့်မြှောက်လိုက်သည်နှင့် အဘွားမို၏ရုပ်အလောင်းကလွင့်မျောသွားပြီးခေါင်းတလားအတွင်းနေရာချထားခံလိုက်ရသည်။


ဘုန်း ဘုန်းး


လေးလံသောပွတ်တိုက်သံများထွက်ပေါ်လာပြီးနောက် ခေါင်းတလားအဖုံးကပိတ်ဆို့သွားပြီး အဘွားမို၏အလောင်းအားသိမ်းဆည်းလိုက်လေသည်။


" ရှေးဟောင်းကျောက်စိမ်းသူတော်စင်အရှင် ခင်ဗျားဘာလုပ်နေတာလဲ အဘွားမိုကကျွန်တော်တို့ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကလူပဲ ခင်ဗျားသူ့အလောင်းကိုဒီတိုင်းယူသွားလို့မရဘူးလေ.."


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ တည်ထောင်သူအဆင့်ရှိသူတစ်ဦးကအော်ဟစ်လိုက်သည်။ 


ရှေးဟောင်းကျောက်စိမ်းသူတော်စင်ဂိုဏ်းချုပ်က သူ၏လက်တစ်ဖက်ဖြင့် ခေါင်းတလားအားလေပေါ်သို့မြောက်တက်စေလိုက်ပြီး အခြားလက်တစ်ဖက်အားနောက်ကျောဘက်တွင်အသာတင်ထားလိုက်သည်။ သူက အော်ဟစ်လိုက်သောတည်ထောင်သူအဆင့်ရှိအကြီးအကဲဘက်သို့ခေါင်းတစ်ချက်ကဲ့ကာ ဗလာသက်သက်မျက်ဝန်းများဖြင့်ကြည့်ရှုလေသည်။ထိုအချင်းအရာက အော်ဟစ်ခဲ့သောဂိုဏ်းတည်ထောင်သူအဆင့်လူအား ကျောချမ်းသွားစေ၏။ အနှီခံစားချက်မှာ သူ၏ခန္ဓာကိုယ်အားတစ်စုံတစ်ခုသောအားဖြင့်ရစ်ပတ်ခံရပြီး ရေခဲတောင်အက်ကွဲကြောင်းကြီးအတွင်းသို့ဆွဲချခံလိုက်ရသည့်အလားပင်။


" မင်းမှာငါ့ကိုစကားပြောခွင့်ရှိတယ်ထင်နေလား မိုလျိုလီရဲ့အလောင်းကိုငါသိမ်းထားမယ် မင်းတို့သန့်စင်နယ်မြေရဲ့သူတော်စင်အကြီးအကဲပြန်ရောက်တဲ့အချိန်.. ငါ့ကိုလာရှာဖို့ပြောလိုက်.. မိုလျိုလီသူ့ကိုလိုအပ်တဲ့အချိန် သူကဘယ်ရောက်နေခဲ့တာလဲ..."  


ရှေးဟောင်းကျောက်စိမ်းသူတော်စင်ဂိုဏ်းချုပ် ကအေးစက်စွာပြောလိုက်သည်။


ယခုနကကျင့်ကြံသူမှာနောက်ဆုတ်သွားပြီး တစ်ခွန်းတစ်လေသော်မျှပြန်လည်ငြင်းခုန်ခြင်းမပြုတော့ချေ။


အာရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်က ရှေးဟောင်းကျောက်စိမ်းသူတော်စင်ဂိုဏ်းချုပ်အားကြည့်ကာနှာမှုတ်လိုက်သည်။သူသည် ကြေကွဲဖွယ်အသတ်ခဲ့ခဲ့ရသောသူတို့၏သန့်စင်နယ်မြေမှ တည်ထောင်သူအဆင့်ကြင့်ကြံသူတစ်ဦးအတွက်လက်စားချေရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရှေးကျောက်စိမ်းဂိုဏ်းချုပ်သည် မိစ္ဆာနတ်ဆိုးသုံးပါးကိုအောင်မြင်စွာချိပ်ပိတ်နိုင်ခဲ့ခြင်းမရှိသည်ကသူ့အားဒေါသထွက်စေခဲ့သည်။သူက ရှေးဟောင်းကျောက်စိမ်းသူတော်စင်နှင့်စကားပြောလိုနေပေသည်။


ရုတ်တရက်ဆိုသလိုပင် ရှေးဟောင်းကျောက်စိမ်းသူတော်စင်နှင့် အာရုဏ်ဦးသူတော်စင်တို့နှစ်ဦးစလုံး၏စိတ်အာရုံမှာတုန်ခါသွားကြသည်။


ထို့နောက် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေတစ်ခုလုံးတုန်ခါသွားကာ သန့်စင်နယ်မြေ၏အဓိကခန်းမဆောင်ထံမှ ဆွဲဆွဲငင်ငင်မြည်ကြွေးသံကြီးတစ်ခုထွက်ပေါ်လာချေသည်။


ထိုအသံသည်စစ်တံပိုးမှုတ်သံဖြစ်၏။ခေါင်းတလားအားသယ်ဆောင်ထားသောကျောက်စိမ်းသူတော်စင်၏မျက်နှာမှာရုတ်ချည်းတင်းမာလာ၏။


အာရုဏ်ဦးသူတော်စင်က လက်သီးတင်းတင်းဆုပ်ကာတစ်ကိုယ်တည်းကြားနိုင်ရုံမျှကျိန်ဆဲလိုက်သည်။


"သေစမ်း.."


"ကောင်းကင်ဘုံအတိဒုက္ခစမ်းသပ်ချက်ကပွင့်သွားပြီ.. ငါတို့ ပုန်းကွယ်နဂါးတိုက်ကောင်းကင်ဘုံဝင်ပေါက်ကိုအရင်သွားကြရမယ်..."  


ရှေးဟောင်းကျောက်စိမ်းသူတော်စင်ဂိုဏ်းချုပ်ကသက်ပြင်းတစ်ခုနှင့်ပြောလိုက်၏။


အာရုဏ်ဦးသူတော်စင်သည်တော့လိုလိုလားလားမရှိလှပါချေ။


"ငါတို့သွားရင် ဘယ်သူကဒီကပြဿနာတွေကိုရှင်းမှာလဲ ငါတို့မရှိပဲမိစ္ဆာသုံးကောင်ကိုဘယ်လိုတားကြမှာလဲ.. အဆုံးမဲ့ပင်လယ်မှာခြေကျွံနေတဲ့ ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်လား.."


အာရုဏ်ဦးသူတော်စင်ကလက်သီးဆုပ်ကာအော်ပြောလိုက်သည်။


သို့သော်လည်း မမျှော်လင့်ထားစွာ ရှေးဟောင်းကျောက်စိမ်းသူတော်စင်၏မျက်နှာထက်တွင်ပူပင်မှုစိုးစဉ်းများမရှိ ပကတိတည်ငြိမ်နေသည်ပေ။


" မစိုးရိမ်ပါနဲ့ မိစ္ဆာသုံးကောင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကိုကျူးကျော်လာတာက ကြယ်တာရာဖမ်းကွန်ရက်အတွက်ပဲ မိုလျိုလီကသူတို့ရဲ့ရည်ရွယ်ချက်ကိုမသိစရာအကြောင်းမရှိဘူး


သူမကကောင်းကင်ဘုံလျှို့ဝှက်သန့်စင်မှာနေပြီး ကြယ်တာရာဖမ်းကွန်ရက်ရဲ့ရောင်ဝါတွေထုတ်လွှတ်ရင်း မိစ္ဆာသုံးကောင်ကိုမြှားခေါ်ပြီး.. ကြယ်တာရာဖမ်းကွန်ရက်ကိုတကယ်သိမ်းထားတဲ့သူအတွက်အချိန်ဆွဲပေးခဲ့တာ .."


သူ၏စကားကိုမဆက်ခင် ခေတ္တရပ်တန့်လိုက်၏။


"ငါသာမမှားရင်..."  


သူ့မျက်လုံးများကတစ်ချက်လင်းလက်သွားပြီး အစားကြူးတောင်ကြားအားအမှတ်ရမိသွားသည်။ထိုနေရာ၌မိုလျိုလီနှင့်အမှတ်မထင်ဆုံတွေ့ခဲ့ရပြီး သူမတစ်ခုခုအားတွက်ချက်ကြံစည်နေခဲ့သည်မှာသံသယဖြစ်ဖွယ်မရှိပေ။


ဤတစ်ကြိမ်တွင် အာကာသနတ်သမီးမှာ ကြယ်တာရာဖမ်းကွန်ရက်အားထိန်းသိမ်းရန်ရွေးချယ်ခံခဲ့ရပြီး သူမကယခုကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေတွင်ရှိမနေချေ။ ဖြစ်နိုင်ချေအများဆုံးမှာ.. သူမကအစားကြူးတောင်ကြား၌ရှိနေခြင်းသာ..


 ရှေးဟောင်းကျောက်စိမ်းသူတော်စင်သည် လေးလံသောသက်ပြင်းတစ်ခုဖြင့် အဘွားမို၏ခေါင်းတလားအားလှည့်ကြည့်လိုက်မိသည်။ ဤအမျိုးသမီး.. သူမထံ၌ အမြဲတမ်းလိုလိုအစီအစဉ်အပြည့်ရှိနေခဲ့၏။


 အစားကြူးတောင်ကြားရှိ ထောင်တျဲ့စားသောက်ဆိုင်.. အခြားသောသန့်စင်နယ်မြေကြီးများပတ်လည်ဝိုင်းနေသည့်ကြားမှလုံခြုံမှုအရှိဆုံးနေရာပါပေ။


ကြယ်တာရာဖမ်းကွန်ရက်ကထိုနေရာ၌ရှိနေသည်ဆိုပါမူ ရှေးဟောင်းကျောက်စိမ်းသူတော်စင်မှာအနည်းငယ်စိတ်သက်သာရာရရှိသွားချေ၏။မည်သို့ပင်ဖြစ်စေ ထိုခွေး..


 ထိုခွေး၏အမွှေးတစ်ချောင်းကပင်သူ့အားအသေသတ်ပစ်လုနီးပါးပင်။ထိုသို့သောဖြစ်တည်မှုမျိုးကား အမှန်ကို တားမြစ်ချက်တစ်ခုကဲ့သိုပေ။ မိစ္ဆာများ ထိုအစားကြူးတောင်ကြားကိုတိုက်ခိုက်မည်ဆိုပါက အကျိုးဆက်မှာ ဇာတ်သိမ်းမကောင်းဖြစ်သွားရချေမည်။ ထိုခွေး၏အဆင့်အတန်းမှာ မိစ္ဆာသုံးကောင်နှင့် သိသိသာသာကွဲပြားသည်ကိုရှေးဟောင်းကျောက်စိမ်းသူတော်စင်အသေအချာသိရှိလေသည်။


"မင်းပြောတာအမှန်လား..." 

အာရုဏ်ဦးသူတော်စင်ကမေးလာသည်။


ရှေးဟောင်းကျောက်စိမ်းသူတော်စင်ဂိုဏ်းချုပ်က တစ်ဖက်လူအားတစ်ချက်မျှသာစောင်းငဲ့ကြည့်လိုက်ပြီး ပုံမှန်ကဲ့သို့အမူအယာဖြင့်လျှောက်လှမ်းသွားသည်။

လေဟာနယ်ကအက်ကွဲသွားပြီး သူသည်လက်တစ်ဖက်အားနောက်တွင်တင်ထားကာ အခြားလက်တစ်ဖက်ဖြင့်ခေါင်းတလားအားသယ်ဆောင်လျက်အက်ကွဲကြောင်းအတွင်းဝင်ရောက်သွားတော့သည်။


အာရုဏ်ဦးသူတော်စင်၏နှုတ်ခမ်းများကမဲ့ရွဲ့သွားချေသည်။ သူက မိစ္ဆာများထွက်ခွာသွားရာဘက်သို့တစ်ခက်မျှစိုက်ကြည့်လိုက်ပြီးနောက် လေဟာနယ်အက်ကြောင်းတစ်ခုဖန်တီးကာထွက်ခွာသွားတော့သည်။ ကောင်းကင်ဘုံအတိဒုက္ခမှာဖွင့်လှစ်လိုက်ပြီဖြစ်၍ ပုန်းကွယ်နဂါးတိုက်သို့ရောက်ရှိရန်အလျင်လိုရချေတော့ပေမည်။


....


ရွှားး 


ငရဲကမ္ဘာသင်္ဘောက မြစ်ဝါမြစ်ရေပေါ်တွင်မျောပါနေပြီး ရွေ့လျားမှုနှင့်အတူရေပြင်အားထိုးခွဲကာရှေ့ဆက်နေ၏။


 သင်္ဘောပေါ်ရှိလေထုသည် လူတို့၏အမြင်အာရုံအားမှုန်ဝါးစေသော သွေးနီရောင်မြူခိုးများဖြင့်ဖုံးလွှမ်းနေ၏။ပုဖန်သည် မြင့်မြတ်သောစိတ်ဝိဥာဉ်နယ်ပယ်တွင်ရောက်ရှိနေပြီဖြစ်၍ မိုင်အနည်းငယ်ခန့်အထိမြင်နိုင်ပြီသော်ငြား ငရဲကမ္ဘာတွင်မူ မီတာအနည်းငယ်အထိကန့်သတ်ခံလိုက်ရချေသည်။


ပုဖန်ကကုန်းပတ်၏ရှေ့ခြမ်းတွေရပ်နေကာ လေညှင်းကသူ၏မျက်နှာအားဖြတ်သန်းတိုက်ခတ်သွားသည်။ မြစ်ဝါမြစ်ရေသည်သွေးနီရောင်ရှိသည့်တိုင်အနံ့အသက်သည်ကား သွေးနံ့မဟုတ်ပါချေ။ ထိုအစား လွန်စွာအေးစိမ့်နေရုံသာ။


မြစ်ကမ်း၏အခြားတစ်ဖက်တွင် ပုဖန်လာရင်းရည်ရွယ်ချက်ဖြစ်သောစမ်းချောင်းဝါမြက်များပေါက်ရောက်နေသည်။ ထိုမြက်များသည် မြစ်နှင့်နီးကပ်စွာပေါက်ရောက်နေခြင်းမဟုတ်သော်လည်း မြစ်ကမ်းနှင့်မဝေးလှပါချေ။ မြစ်ကမ်းဆီသို့ရောက်ရှိချိန်တွင် ထိုနေရာသို့ရောက်ရှိရန်အနည်းငယ်ထပ်မံရွေ့လျားဖို့လိုသည်။ ထိုနေရာသည် ကန့်သတ်နယ်မြေဖြစ်သောကြော့်မည်သည့်သက်ရှိမျှမချဉ်းကပ်နိုင်ချေ။


ခွေးဘုရင်သည်သူတို့အား စမ်းချောင်းဝာမြစ်ရှိ စမ်းချောင်းဝါမြက်အားခူးရန်အကြံပေးခဲ့ပြီး မြစ်ဖျားဆီတော့မသွားသင့်ဟုဆိုခဲ့သည်။


မည်သည့်အကြောင်းရင်းကြောင့်ဟုမသိသော်ငြား စမ်းချောင်းဝာမြစ်သည်ပုဖန်အတွက်ထူးခြားဆန်းကြယ်နေလေ၏။ မြစ်ဖျားသည်လဲ လွန်စွာတစ်မူထူးလိမ့်မည်ဟုသူနားလည်ထားသည်။သူ၏လက်ရှိကျင့်ကြံအဆင့်ဖြင့် စူးစမ်းလေ့လာရန်လုံလောက်သောအကွာအဝေးထိနီးကပ်စွာမသွားနိုင်ပါချေ။


ရုတ်တရက်..


 

သွေးနီရောင်မြူခိုးများအကြားမှ တောက်ပသောအလင်းစက်များက ငရဲကမ္ဘာသင်္ဘောနှင့်မလှမ်းမကမ်းတွင်ပေါ်ထွက်လာလေသည်။ ပုဖန်နှင့်နယ်သာရီတို့ အံ့အားသင့်သွားပြီး အာရုံစိုက်ကာကြည့်ရှုလိုက်ကြ၏။


ငရဲကမ္ဘာသင်္ဘောနီးကပ်သွားသည်နှင့်အမျှ ထိုအလင်းစက်များကမည်သည့်အရာဖြစ်သည်ကိုမြင်တွေ့လာရလေသည်.. လှပစွာပွင့်အာနေသောအဖြူရောင်ကြာပန်းတစ်ပွင့်..။ထိုအရာသည် ကြည်လင်ကာသန့်ရှင်းစင်ကြယ်နေပြီး အညစ်အကြေးဟူ၍စိုးစဉ်းမျှထင်ဟပ်မနေပါချေ။


ထိုအရာသည်ငရဲပြည်၏ မြစ်ဝါမြစ်ရေမှပေါက်ဖွားလာသည့်တိုင် စင်ကြယ်နေလေသည်။ သွေးနီရောင်တစွန်းတစမျှမပါရှိပါပေ။


" ပိုင်ရှင် အာရုံစိုက်ပါ မြင့်မြတ်တဲ့ပါဝင်ပစ္စည်းတစ်ခုရှာဖွေတွေ့ရှိပါတယ်: သိခြင်းမဲ့ကြာပန်း .. ပိုင်ရှင်ရဲ့ အဆင့်ကမလုံလောက်တာကြောင့်ကြာပန်းကိုမရိတ်သိမ်းနိုင်ပါ..."


ပုဖန်သည် အနှီလင်းလက်တောက်ပနေသောကြာပန်းအားကြည့်ရှုမိလိုက်ချိန် သူ၏စိတ်အစဉ်မှာစွဲငင်ညှို့ယူခံလိုက်ရကာ ထိုအရာထံနက်ရှိုင်းစွာနစ်မြုပ်သွားသကဲ့သို့ပင်။သို့သော်လည်းစနစ်၏လေးနက်သောအသံကသူ့အားထိတ်လန့်သွားစေခဲ့သည်။သူက ထိုပန်းထံတွင်မသိလိုက်ပါဘဲညို့ငင်ခံလိုက်ရသည်ပေ။


သိခြင်းမဲ့ကြာပန်း.. ပုဖန်မျက်မှောင်ကျုံ့လိုက်မိသည်။ဤအရာက နတ်ဘုရားအဆင့်ပါဝင်ပစ္စည်းဖြစ်၏။


စနစ်ကပင်ပုဖန်အားသတိပေးရသည်ထိဖြစ်ရာ သာမာန်မဟုတ်နိုင်သည်မှာသေချာ၏။


လှည့်ပတ်စစ်ဆေးရင်း နယ်သာရီ၏မျက်ဝန်းနက်များကလည်းပန်းပွင့်အပေါ်ခြေချမိသွားသည်။သူမ၏စိတ်အာရုံမှာပျံ့လွင့်သွားပုံရပြီးသူမလည်းပဲဆွဲဆောင်ခံလိုက်ရသည်မှာသံသယဖြစ်ဖွယ်မရှိပေ။သို့သော် သူမတွင်စနစ်တစ်ခုမရှိသည့်အတွက် သူမကိုယ်တိုင်အသိစိတ်ပြန်ကပ်အောင်စွမ်းဆောင်နိုင်မည်မဟုတ်ပါချေ။


ပုဖန်ကလက်မြှောက်ပြီး နယ်သာရီ၏မျက်နှာအားပုတ်လိုက်သည်။သူမ၏ချောမွေ့သောအသားအရည်ကသူ၏မျက်ခုံးများအားပြေလျော့သွားစေသည်။


မျက်နှာအရိုက်ခံရသည့်အခါနယ်သာရီအသိစိတ်ကပ်သွားလေပြီး ရုတ်ချည်းဆိုသလိုတုန်တုန်ယင်ယင်ဖြစ်သွားလေသည်။


" သိခြင်းမဲ့ကြာပန်း.. ငါတို့သိခြင်းမဲ့ကြာပန်းကိုတွေ့လိုက်ရတာလား.."


နယ်သာရီကအသက်ပြင်းပြင်းရှိုက်သွင်းလိုက်ရပြီး သူမ၏မျက်ဝန်းများကကြောက်ရွံ့တုန်လှုပ်နေသည်။


သိခြင်းမဲ့ကြာပန်းသည်နတ်ဘုရားဆင့်ဆေးဝါးတစ်မျိုးဖြစ်၍ ထိုနတ်ဘုရားအဆင့်စိတ်ဝိဉာဉ်ပန်းပင်သည် မြစ်ဝါမြစ်တစ်လျှောက်ဝေ့ဝဲနေတတ်သည်ဟုမှတ်တမ်းများရှိသည်။ကောလဟာလများအရ ထိုပန်းပင်အားတွေ့ရှိသူမည်သူမျှအသက်ရှင်လျက်မလွတ်မြောက်နိုင်ဟုဆိုကြ၏။


" ငါတို့ခူးလို့ရလား ..." 


ပုဖန်၏အမူအယာမဲ့သောမျက်နှာက သိခြင်းမဲ့ကြာပန်းအားကြည့်ရှုလိုက်သည်။သူ့ထံတွင်ထိုပန်းအားဆွဲနှုတ်လိုသောပြင်းပြသည့်ဆန္ဒတို့ရှိနေသည်။ဤသို့ပါဝင်ပစ္စည်းမျိုးနှင့်သာဆိုပါက မည်သည့်ဟင်းပွဲဖြစ်စေအရသာပြည့်စုံနေပေလိမ့်မည်။


သို့သော်ငြား ပြန်လည်သုံးသပ်ပြီးသည့်နောက်တွင် လက်လျှော့ဖို့ရာဆုံးဖြတ်လိုက်လေ၏။စနစ်ကသူ့အားထိုပန်းကိုမထိရန်တားမြစ်ပြီး ခွေးဘုရင်ကလည်း စမ်းချောင်းဝါမြက်မှလွဲ၍မြစ်ဝါမြစ်ရှိမည်သည့်အခြားအရာကိုမျှမထိပါးရန်သတိပေးခဲ့သည်။ ပုဖန် ကိုယ့်သေတွင်းကိုယ်တူးရန်စိတ်မပါချေ။


" ငါတို့အဲဒီပန်းကိုထိလို့မရဘူး ခူးဖို့ကြိုးစားတဲ့သူတိုင်းသေကုန်ကြတယ် ကပ်ဆိုးတွေနဲ့ပြည့်နေတဲ့နတ်ဘုရားအဆင့်ဆေးဝါးတစ်ခုပဲ.. ဘာပဲဖြစ်ဖြစ်အဲဒီပန်းက ကျိန်စာမှန်သမျှကိုတော့အမြစ်ဖြတ်ပေးနိုင်တယ်..." 


နယ်သာရီကပြောလိုက်သည်။


နယ်သာရီ၏မျက်ဝန်းများကတောက်ပသွားသည်။ငရဲကမ္ဘာအမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် ပုန်းကွယ်နဂါးတိုက်ကြီးတွင် အာကာသာငွေ့တန်းများဆီသို့နယ်နှင်ခံခဲ့ရသည်။ သူမ၏ကျိန်စာကိုပယ်ဖျက်နိုင်ရန် နတ်ဘုရားအဆင့်ဆေးဝါးများရှာဖွေခဲ့သော်ငြား သူမ၏စွမ်းရည်ကမလုံလောက်ခဲ့ပေ။


ငရဲကမ္ဘာသင်္ဘောကရှေ့ဆက်သွားနေပြီး တလက်လက်တောက်ပနေသောထိုကြာပန်းကလည်းသွေးနီရောင်မြူများကြားအလင်းရောင်များကွန့်မြူးနေဆဲပင်.. ထိုအရာသည် သင်္ဘောသားများအားညို့ယူကာအန္တရာယ်ကျရောက်စေတတ်သော ရေသူတို့၏သီဆိုသံအလား.. ပိုးဖလံတို့အားလောင်ကျွမ်းသွားသည်ထိဝင်တိုးရန်ဆွဲဆောင်တတ်သောမီးရောင်အလားပါပေ။


သင်္ဘောကလျှင်မြန်စွာဖြတ်ကျော်လာပြီး များမကြာမှီတွင်မြူခိုးများလျော့ပါးသွားကာယိမ်းနွဲ့နေသောမြစ်ကမ်းပါးကိုရှင်းလင်းစွာမြင်လိုက်ရတော့သည်။


"ဟိုမှာ... စမ်းချောင်းဝါမြက်... " 


နယ်သာရီကသူမ၏သွယ်လျကာကြွေထည်အလားတူသောလက်မောင်းကိုမြှောက်ကာ ကမ်းနံဘေးတွင်အလင်းစက်များထုတ်လွှတ်ကာပေါက်ရောက်နေသည့်မြက်ပင်များအားညွှန်ပြလိုက်သည်။


ထိုမြက်များသည်ကမ်းနံဘေးတွင်ပေါက်ရောက်သဖြင့်သွေးရောင်စွန်းသောမြစ်ရေမှအာဟာရဓာတ်များကိုစုပ်ယူ၍ရှင်သန်ပေါက်ရောက်လေပြီး အေးစက်သောအလင်းရှိသည့်စိမ်းပြာရောင်မြက်များဖြစ်လာတော့သည်။


ထိုစိတ်ဝိဉာဉ်မြက်များအနက်အချို့တွင် အရွက်တစ်ရွက်သာရှိ၍ အချို့တွင်နှစ်ရွက်သုံးရွက်ရှိ၏။ အရွက်တစ်ရွက်ဖြစ်ပေါ်ရန်နှစ်တစ်ထောင်သာကြာမြင့်သဖြင့် အရွက်တစ်ရွက်သာရှိသောစမ်းချောင်းဝါမြက်များမှာအများအပြားပေါက်ရောက်နေချေသည်။


ပုဖန်၏မျက်ဝန်းများကချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုတို့ဖြင့်လင်းလက်လာသည်။

အမှန်တကယ်ကို စမ်းချောင်းဝါမြက်တွေပါလား..


သို့သော်လည်း ပုဖန်နှင့်နယ်သာရီတို့စိတ်လှုပ်ရှားနေကြစဉ် စမ်းချောင်းဝာမြစ်ရေကရုတ်ချည်းမြင့်တက်လာပြီး ရေပြင်ကလှုပ်ခတ်လာသည်။


ဧရာမပုံရိပ်ကြီးတစ်ခုကစမ်းချောင်းဝါမြစ်အတွင်းမှထိုးထွက်လာပြီး သွေးနီရောင်ရေစက်များက သွေးမိုးများအလားပတ်ပတ်လည်သို့လွင့်စင်သွားချေတော့သည်။