အပိုင်း ၈၂၄
အချင်းချင်းသတ်ဖြတ်ကြခြင်း
ပုဖန်နှင့်နယ်သာရီတို့ အကြည့်ချင်းဖလှယ်မိကြသည်။
သူတို့၏ပတ်ပတ်လည်ရှိလေထုသည် စွမ်းအင်များစွာသိပ်သည်းနေသောကြောင့် ငွေ့ရည်ဖွဲ့နေကာ ရေစက်တစ်ခုအသွင်ကူးပြောင်းလုနီးနီးဖြစ်နေသည်။
ပုဖန် လက်မြှောက်ကာ ထိုရေစက်လေးကိုထိလိုက်သောအခါ ချက်ချင်းပင်ပြိုကွဲသွားပြီး စိတ်ဝိဉာဉ်စွမ်းအင်များအဖြစ်ပြောင်းသွားတော့သည်။
အသက်ခပ်ဖွဖွရှူလိုက်တိုင်း ဆေးဖက်ဝင်အပင်များ၏သင်းပျံ့ပျံ့ရနံ့တို့သည် သူတို့၏အစာအိမ်များအတွင်းအထိပင် ပြည့်နှက်သွားစေသည်။
ဤနေရာသည် ဆေးဥယျာဉ်နှင်တူသော်လည်း အမှန်တကယ်ဆေးဥယျာဉ်တစ်ခုနှင့်မတူချေ။ အဘယ့်ကြောင့်ဆိုသော် သပ်ရပ်သန့်ရှင်းကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ဆေးဥယျာဉ်နှင့်ယှဉ်လျှင် ဤနေရာသည် လုံးလုံးလျားလျားပင် ဖရိုဖရဲဖြစ်လျက်ရှိနေသောကြောင့်ပင်။
ဤနေရာသည် စမ်းချောင်းဝာမြက်တို့ပေါက်ရောက်ရာနေရာဖြစ်ပေသည်။ မြက်ပင်များသည် မြစ်ကမ်းပါးတစ်လျှောက်တွင်နေရာအနှံ့ပေါက်ရောက်နေသည်။ ၎င်းတို့၏အရွက်များသည် ယိမ်းနွဲ့နေကာ လှိုင်းလုံးလေးများအဖြစ်ပင် နိမ့်ချည်မြင့်ချည်ရွေ့လျားနေကြသည်။
"ဆက်သွား... ငါတို့ မြစ်ဖျားဘက်မှာ တစ်ရွက်တည်းပါတဲ့ စမ်းချောင်းဝါမြက်ကိုရှာရမယ်..."
ပုဖန်ထိုသို့ပြောလိုက်ကာ ရှေ့ဆက်သွားလိုက်သည်။
နယ်သာရီသည် ဤနေရာရှိ စမ်းချောင်းဝါမြက်များက ပုဖန်၏လိုအပ်ချက်နှင့် မကိုက်ညီသည်ကိုသိလိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။
သူမရှေ့ကဦးဆောင်သွားနေသော ပုဖန်ကိုကြည့်ပြီး နယ်သာရီတစ်ယောက် အကူအညီမဲ့သလိုခံစားနေရလျက် သူ့နောက်မှလိုက်သွားလိုက်သည်။
သူတို့နှစ်ယောက် မြစ်ကမ်းတစ်လျှောက်ဆန်တက်၍ ပို၍နက်ရှိုင်းသောဘက်သို့ဆက်သွားလိုက်သည်။
ရုတ်တရက် သူတို့၏နားထဲတွင် စူးရှရှမြည်သံများဖြင့်ပြည့်နှက်သွားကာ ခဏအကြာတွင် ရေနွေးငွေ့စီးကြောင်းတစ်ခုက သူတို့မျက်နှာကိုရိုက်ခတ်မိသွားသည်။
သူတို့နှစ်ဦးသည် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်နေကြပြီး သူတို့၏ဘယ်ဘက်တွင် လှိုင်းလုံးများနိမ့်ချည်မြင့်ချည်ဖြစ်နေသော စမ်းချောင်းဝါရှိသည်။ သွေးကဲ့သို့ရဲရဲနီနေသော ရေများသည် စဉ်ဆက်မပြတ်စီးဆင်းနေကာ တောင်ကုန်း၏အောက်ခြေမှအပေါ်သို့စီးဆင်းနေပြီး မြစ်၏အဆုံးမရှိသောအဖျားတစ်နေရာမှ ရေတံခွန်တစ်ခုဖြစ်ပေါ်လာသည်။
ညည်းညူသံသဲ့သဲ့သည် အမှန်တကယ်တွင် မြစ်ဝါမြစ်ရှိရေများက မြစ်အတွင်းမှ ဆန်တက်နေသောကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ထိုအရာတစ်ခုတည်းကသာ ပုဖန်နှင့်နယ်သာရီတို့၏အာရုံကိုဖမ်းစားသွားသည်မဟုတ်ချေ။ အဓိကအရာမှာ တောင်ကုန်းအောက်ခြေတွင် များစွာသော စိတ်ဝိဉာဉ်ဆေးပင်များရှိနေခြင်းကြောင့်ဖြစ်သည်။
စိတ်ဝိဉာဉ်ဆေးပင်များ၏ ထူထဲသောရနံ့များသည် လေထုထဲတွင်စိမ့်ဝင်ပျံ့နှံ့နေကာ လေအဝှေ့တွင် လူးလာဆန်ခတ်နေပေသည်။
ထိုနေရာတွင် စမ်းချောင်းဝါမြက်များနှင့် စိတ်ဝိဉာဉ်ဆေးပင်များစွာရှိနေသည်။ အချို့အပင်များသည် ပန်းပွင့်များပွင့်နေကာ ထိုပန်းပွင့်တို့၏ ဝတ်မှုန်များသည် လေနှင့်အတူပျံ့လွင့်နေကြသည်။ အချို့အပင်များတွင် ပန်းပွင့်အဖူးအငုံတို့ဖြင့်ပြည့်နေကာ အချို့အပင်များတွင်တော့ များစွာသောစိတ်ဝိဉာဉ်သစ်သီးတို့က တွဲရရွဲကျနေသည်။
ထိုဧရိယာတစ်ခုလုံးတွင် ပုဖန်နှင့်နယ်သာရီတို့ကိုညှို့ယူဖမ်းစားနိုင်သော အရောင်စုံလှသည့် စိတ်ဝိဉာဉ်ဆေးပင်တို့ဖြင့်ပြည့်နှက်နေပေသည်။
သို့သော် သူတို့လောဘတကြီးလှုပ်ရှားရဲခြင်းမရှိချေ။ သွေးမြစ်ရေကန်၏အလယ်တွင် တောင်ငယ်လေးတစ်ခုနီးနီးကြီးမားသော စိတ်ဝိဉာဉ်သားရဲတစ်ကောင်လဲလျောင်းနေလေသည်။
၎င်းသည်ခေါင်းထက်၌ ဦးချိုနှစ်ခုပါ၍ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာအသွင်အပြင်များရှိသော ဧရာမမြွေနဂါးကြီးနှင့်တူနေသည်။ ၎င်းသည်ရစ်ခွေ၍အိပ်နေပြီး ဝင်သက်ထွက်သက်တိုင်းသည် သွေးရေကန်ရှိရေများကိုလှုပ်ခတ်နေစေသည်။
ထိုဧရာမနဂါးကြီးတွင် သွေးရောင်အရေပြားရှိပြီး တောက်ပသောသွေးရောင်ကြေးခွံများမှ ရောင်ပြန်ဟပ်နေသောအလင်းရောင်သည် လူများကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။
ရေကန်ထဲရှိရေသည် ပွက်ပွက်ဆူနေပြီး ဖောက်ထွင်းမြင်နေရသည့် မကျေမချမ်းဖြစ်နေသောစိတ်ဝိဉာဉ်အချို့က ရေမျက်နှာပြင်ပေါ်တွင် ရစ်သိုင်းနေကြသည်။
"ဒါ.. ဒါက စမ်းချောင်းဝါမြစ်အရင်းအမြစ်ပိုင်း မဟုတ်ဘူးလား...."
ပုဖန် မေးလိုက်သည်။
"မဟုတ်ဘူး... မြစ်ရဲ့အဖျားပိုင်းက ဒီသွေးနဂါးကြီးရဲ့တင်ပါးအောက်က သွေးရေကန်ထဲမှာ... ဒီသွေးနဂါးကငါတို့သွားဆွလို့ရတဲ့ဟာမျိုး မဟုတ်ဘူး ငါတို့လုပ်ရမှာက တစ်ရွက်တည်းပါတဲ့ စမ်းချောင်း ဝါမြက်ကိုခူးပြီးပြေးရုံပဲ... ဒီကောင်ကြီးနိုးမလာပါစေနဲ့လို့ဆုတောင်းရမှာပဲ.. မြစ်ဝါမြစ်ရင်းကိုရောက်ရောက်ချင်းပဲ သွေးရောင်နဂါးနဲ့ကြုံရမယ်လို့ငါမမျှော်လင့်ထားခဲ့မိဘူး..."
နယ်သာရီခံစားချက်မဲ့နေသောမျက်နှာ အေးစက်နေသောမျက်လုံးများဖြင့်ပြောလိုက်သည်။
" သွေးနဂါးကြီးက သွေးသန့်ထောင်တျဲတွေနဲ့အဆင့်တူမှာရှိတဲ့ ရှေးဟောင်းစိတ်ဝိဉာဉ်သားရဲတစ်ကောင်ပဲ"
ပုဖန်စိတ်ထဲအတော်လေးတုန်လှုပ်မိသွားသည်။ သွေးသန့်ထောင်တျဲတစ်ကောင်နဲ့အဆင့်တူမှာရှိတဲ့သားရဲဆိုသည်မှာ အမှန်တကယ်ပင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလေသည်။
ပုဖန် ထိုဧရိယာတစ်လျှောက်ကိုမျက်စိကစားလိုက်သည်။ အရွက်တစ်ရွက်ပါသော စမ်းချောင်းဝာမြက်ကိုမြင်သည်နှင့် မြန်မြန်ယူကာထွက်ပြေးလိုက်မည်ဖြစ်သည်။
သို့သော် ထိုနေရာတစ်လျှောက်ကို နှံ့နှံ့စပ်စပ်ကြည့်လိုက်ပြီးသောအခါ အရွက်တစ်ရွက်တည်းပါသော စမ်းချောင်းဝါမြက်သည်အလွန်အမင်းရှားပါးသည်ကိုသိလိုက်ရ၍ အံ့ဩသွားမိသည်။
ပုဖန်အချိန်အတော်ကြာရှာဖွေလိုက်ရပြီးနောက်ဆုံးတွင် သွေးနဂါးကြီး၏တင်ပါးအောက်ရှိ ကျောက်တုံးများကြားတွင် သက်ဝင်လှုပ်ရှား၍ယိမ်းနွဲ့နေသည့် အရွက်တစ်ရွက်ပါသော စမ်းချောင်းဝာမြက်ကိုတွေ့လိုက်ရသည်။
သို့သော် နယ်သာရီသည် ပုဖန်ကိုရူးသွပ်သွားသည်ဟုတွေးလိုက်သည်။
သွေးနဂါးသာနိုးထလာပါက ပုဖန်သည်အသက်အန္တရာယ်နှင့်ကြုံတွေ့ရပေလိမ့်မည်။ သွေးနဂါး၏စွမ်းအင်များဖြင့်ဆိုလျှင် သူ့ကိုဘာမှမကျန်အောင်တစ်လုပ်တည်းမျိုချလိုက်နိုင်သည်။
သို့သော် ပုဖန်သည်တစ်ခုခုလုပ်ချင်ပါက ချက်ချင်းလုပ်တတ်ပေသည်။ ထို့ကြောင့် ပုဖန်ခြေတစ်လှမ်းထပ်တိုးလိုက်ကာ တောင်ကုန်းပေါ်မှခုန်ချလိုက်သည်။
သူ့ ထိုဧရိယာဆီသို့ရွေ့လျားသွားသည်။
သူမြေပြင်ပေါ်ဆင်းသက်တော့မည့်အချိန်တွင် သူ့ခြေချောင်းများကိုကွေးညွတ်လိုက်ကာ ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်၍ လှပသည့်ကွေးညွတ်ချက်တစ်ခုကိုလုပ်ပြီးမှ မြေပြင်ပေါ်ဆင်းသက်လိုက်လေသည်။
သူ့ပတ်ပတ်လည်ရှိ စိတ်ဝိဉာဉ်ဆေးပင်များမှထုတ်လွှတ်နေသည့် စိတ်ဝိဉာဉ်စွမ်းအင်များသည် ပုဖန်၏နှလုံးကို ဒုန်းစိုင်းခုန်ပေါက်သွားစေသည်။ ထိုဆေးပင်များသည် ပုန်းကွယ်နဂါးတိုက်ကြီးတွင် တန်ဖိုးကြီးပေသည်။
မည်သို့ပေဆိုစေကာမူ ပုဖန်၏ပစ်မှတ်သည် အရွက်တစ်ရွက်ပါသော မြက်ပင်ဖြစ်သည်။ ထို့ကြောင့် အခြားဆေးပင်များကမည်မျှပင်ဆွဲဆောင်မှုရှိနေပါစေ စိတ်ပြောင်းသွားမည်မဟုတ်ချေ။
သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံကိုခါလိုက်ပြီး ဝတ်ရုံကလေထဲတွင် တဖျပ်ဖျပ်လွင့်သွားစေသည်။
ပုဖန်၏ခန္ဓာကိုယ်သည် လျှပ်စီးလက်သကဲ့သို့ လျှင်မြန်သွက်လက်စွာဖြင့် အရွက်တစ်ရွက်တည်းပါသော စမ်းချောင်းဝာမြက်ထံသို့ ဦးတည်ရွေ့လျားသွားသည်။
ဘုန်း ဘုန်း
သွေးနဂါးကြီးသည် အမှန်တကယ်ပင်ကြီးမားပေသည်။ သူသည် သားရဲကြီးကိုအမြင့်မှကြည့်နေခဲ့ရပြီး မည်သည်အရာနှင့်မျှနှိုင်းယှဉ်၍မကြည့်မိသဖြင့် အလွန်မကြီးမားလောက်ဟု တွေးထင်ခဲ့မိသည်။ သို့သော် ယခုတွင်၎င်းနှင့်အနီးသို့ရောက်သွားသောအခါမှ ပုဖန်တစ်ယောက်ခေါင်းမော့ကြည့်နေရပြီး လွန်စွာကြီးမားသောတောင်ကြီးတစ်လုံးနှင့်မျက်နှာချင်းဆိုင်နေရသည်ဟုခံစားနေရသည်။
သွေးနဂါးသည် ၎င်း၏ဗိုက်သားပေါ်ခေါင်းတင်၍အိပ်နေခြင်းဖြစ်သည်။အိပ်နေရင်း ပါးစပ်လည်းဟနေကာ ပျစ်ချွဲနေသောတံတွေစများက တတောက်တောက်ကျနေပေသည်။ သွေးနဂါးကြီးအသက်ရှူလိုက်သောအခါ ပုဖန်ပင် မြဲမြဲမရပ်နိုင်လောက်အောင်ပြင်းသော လေပြင်းများကိုထွက်ပေါ်လာစေသည်။
သို့သော် ပုဖန်သည်လေပြင်းများကြောင့်ယိုင်တိယိုင်တိုင်ဖြစ်နေရသော်လည်း သွေးနဂါးကြီးထံသို့မရောက်ရောက်အောင်သွားနေလေသည်။ ခဏအကြာတွင် သူ၏ပစ်မှတ်ဖြစ်သော အရွက်တစ်ရွက်ပါသော မြက်ကိုတွေ့လိုက်ရတော့သည်။
ထိုမြက်သည် ကျောက်တုံးများကြားတွင် ခက်ခက်ခဲခဲပေါက်ရောက်နေပြီး အာရုံစူးစိုက်၍ရှာဖွေခြင်းမရှိပါက ရှာတွေ့နိုင်မည်မဟုတ်ပေ။
ပုဖန်သည် ခံစားချက်မဲ့နေသောမျက်နှာကိုထုတ်ဖော်ထားကာ သတိအပြည့်ဖြင့်လမ်းလျှောက်နေသည်။
တောင်ကုန်းပေါ်တွင် နယ်သာရီအသက်အောင့်ထားမိသည်။ ပုဖန် သွေးနဂါးကြီးကိုနှိုးမိသွားမည်ကို သူမကြောက်နေလေသည်။ အကယ်၍ ထိုနဂါးကြီးသားနိုးထလာပါက သွေးနဂါးကြီး၏အစားခံရကာ ၎င်း၏ကျင်ကြီးအဖြစ် ဤချိုင့်ဝှမ်းတစ်ခုလုံးရှိစိတ်ဝိဉာဉ်ဆေးပင်များ၏ မြေဩဇာများဖြစ်လာကြပေမည်။
ပုဖန် ဂိမှန်ဝါမြက်ကိုခူးဆွတ်ပြီးသည်နှင့် စိတ်ဝိဉာဉ်စွမ်းအင်လှိုင်းတစ်ခုကသူ့မျက်နှာကိုရိုက်ခတ်လေသည်။
ပုဖန် တွန့်ဆုတ်မနေရဲပဲ လက်ကိုလှန်လိုက်ပြီး ဂိမှာန်ဝါမြက်ကို သိမ်းလိုက်သည်။
ရုတ်တရက်
စမ်းချောင်းဝါမြက်ကို သိမ်းပြီးပြီးချင်းတွင် သွေးနဂါးကြီး၏ခန္ဓာကိုယ်အနည်းငယ်ရွေ့လျားသွားသည်။
ထိုခပ်ဖွဖွလှုပ်ရှားမှုလေးကပင် မြေပြင်တစ်ခုလုံးကိုရမ်းခါသွားစေသည်။
သို့သော် ကံကောင်းစွာဖြင့် သွေးနဂါးကြီးကအနည်းငယ်လှုပ်ရှားရုံသာဖြစ်ပြီး ဟောက်သံများပလုံစီနေအောင်ထွက်လာပြန်သည်။
ပုဖန် သွေးနဂါးကြီး၏ဗိုက်သားအောက်မှ ဖြေးဖြေးချင်းတွားသွား၍ထွက်ကာ နယ်သာရီထံပြန်သွားလိုက်သည်။
"သွားကြစို့.. ငါတို့ပြန်ထွက်သင့်ပြီ"
ပုဖန်ပြောလိုက်သည်။
မျက်နှာသေအဖြစ်မှမပြောင်းလဲသွားသော ပုဖန်၏မျက်နှာကိုကြည့်၍ နယ်သာရီတစ်ယောက်သူမ၏အံ့ဩမှုများကိုမဖုန်းကွယ်နိုင်တော့ပေ။ ဒီပိုင်ရှင်ပုရဲ့စိတ်ဓာတ်ခိုင်မာမှုက အံ့လောက်စရာပဲ....
သွေးနဂါးကိုရင်ဆိုင်နေရတာတောင်မှ ကြောက်နေပုံကိုမပေါက်ဘူး...
ပုဖန်နှင့်နယ်သာရီတို့တောင်ကုန်းပေါ်မှထွက်လာသောအခါ ပုဖန်၏မျက်လုံးသည် သွေးနဂါးကြီးပေါ်၌ကပ်ညိနေသေးပေသည်။
ထို ဧရာမသားရဲကြီးသည် နတ်ဘုရားသားရဲကြီးဖြစ်ပြီး ၎င်း၏အသားသည်မည်ကဲ့သို့သောအရာသာမျိုးရှိမှန်းသိချင်နေသည်။ သူ့တွင်အခွင့်အရေးရှိပါက တစ်ကြိမ်တစ်ခါမျှမြည်းစမ်းကြည့်ချင်နေပေသည်။
သူတို့နှစ်ယောက် ထိုနေရာကိုချန်ခဲ့ကာ ပြေးထွက်သွားကြသည်။
ပုဖန်၏ သွေးကျောက်အိုးငါဟင်းက မည်မျှခံမည်မှန်းမသိ၍ သူတို့မနှောင့်နှေးရဲကြပေ။
သူတို့ ဝင်ပေါက်ကိုရောက်သွားသောအခါ အံ့အားသင့်သွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့ရှိ တစ္ဆေဘုရင်ကျောက်ရုပ်ထုများသည် အလွန်ပျက်ဆီးနေပုံပေါက်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ကျောက်တုံးခန္ဓာကိုယ်များတွင် အက်ရာများစွာပင်ရှိနေသည်။
၎င်းတို့သည် တုန်တုန်ယင်ယင်ရပ်နေကြကာ ၎င်းတို့၏နီရဲရဲမျက်လုံးများဖြင့် အချင်းချင်းစိုက်ကြည့်နေကြသည်။
သွေးကျောက်အိုးငါးဟင်းတွင် လူများကိုသွားရည်ယိုစေသည့် နူးညံ့စိုစွတ်ကာအိစက်နေသော ငါးအသားတစ်ဖတ်သာကျန်တော့သည်။
ထိုနှစ်ဦးသည် နောက်ဆုံးသောငါးဖတ်လေးတစ်ဖက်အတွက်တိုက်ခိုက်နေပုံပေါ်လေသည်။
တစ္ဆေကျောက်ရုပ်ထုတစ်ခုသည် ကျောက်တုံးစက္ကူကတ်ကြေးဆော့မည်ဟုဆုံးဖြတ်ခဲ့သော်လည်း အခြားတစ်ယောက်သည် ကစားပွဲအားလုံးကိုရှုံးနိမ့်သွား၍ မပျော်မရွှင်ဖြစ်သွားခဲ့သည်။ သူသည်အသားတစ်ဖက်စားရဖို့ပင်အခွင့်အရေးမရခဲ့ပေ။
အခြားကျောက်ရုပ်ထု၏ဆီဝေ့နေသောပါးစပ်ကိုကြည့်၍ သူအရမ်းဒေါသထွက်လာခဲ့၏။
နောက်ဆုံးသောအသားတစ်ဖတ်ကျန်သောအခါ တစ္ဆေဘုရင်ကျောက်ရုပ်ထုသည် ဤနောက်ဆုံးကစားပွဲကိုရှုံးနိမ့်သွားပါက သူရူးသွပ်သွားမည်ဟုတွေးမိလိုက်သည်။
ထို့ကြောင့် နောက်ထပ် ကျောက်တုံးစက္ကူကတ်ကြေးမဆော့တော့ရန်ဆုံးဖြတ်လိုက်ပြီး တိုက်ရိုက်စားလိုက်ရန်ကြိုးစားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ဤကဲ့သို့သော ရန်ပွဲကြီးစတင်လာခဲ့ခြင်းဖြစ်သည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခုသည် အချင်းချင်းစတင်တိုက်ခိုက်ကြပြန်သည်။ ပတ်ပတ်လည်ရှိအရာတိုင်း ကွဲကြေပျက်ဆီးကာ အပျက်ဆီးပုံကြီးနှင့်တူနေတော့သည်။
သွေးကျောက်အိုးငါးဟင်းပွဲတစ်ခုတည်းသာ အရာမယွင်းပဲအကောင်းတိုင်းရှိနေသည်။
ပုဖန်နှင့်နယ်သာရီတို့ ပါးစပ်အဟောင်းသားဖြင့်အံ့ဩနေကြသည်။ ဘာတွေဖြစ်နေမှန်းသူတို့မသိတော့ပေ။
ဘယ်လိုလုပ် တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခုကဒီလောက်တောင်ပျက်ဆီးသွားရတာလဲ....
တစ္ဆေဘုရင်ကျောက်ရုပ်ထုများသည် မျက်လုံးလှိမ့်လိုက်ကြကာ ၎င်းတို့၏အစွယ်များကိုထုတ်ဖော်ပြ၍ ခက်ရင်းခွများကိုမြှောက်ကာ တိုက်ခိုက်ကြတော့သည်။
ခွမ်း ခွမ်း
၎င်းတို့နှစ်ယောက်စလုံး အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားကာ ကျောက်တုံးလေးများအဖြစ် မြေပြင်ပေါ်ပြိုကျသွားလေသည်။
သို့သော် တစ္ဆေဘုရင်ကျောက်ရုပ်ထုများ၏ဝိဉာဉ်များသည် လေပေါ်တွင်မျောလွင့်နေကာ ဆက်လက်တိုက်ခိုက်နေကြသည်။ နောက်ဆုံးတွင် အချင်းချင်း၏ဝိဉာဉ်ကိုဆုတ်ဖြဲလိုက်ကြတော့သည်။
ခဏချင်းပင် ကိစ္စများစွာဖြစ်သွားသဖြင့် ပုဖန်ကြက်သေသေနေလျက်ရ်ှသည်။
"ပြေးတော့..."
နယ်သာရီ၏မျက်လုံးများ မှိန်ဖျော့သွားကာ အော်ဟစ်လိုက်သည်။
သူမ၏အလျှင်နှုန်းကို မြှင့်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းပင် ခပ်ဝေးဝေးသို့ရောက်ရှိသွားသည်။
ဝေါင်း...
ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးကြားရလောက်မည့် နဂါးအော်သံကြီးထွက်ပေါ်လာကာ မြေပြင်တစ်ခုလုံးပင်လှုပ်ခါသွားပေသည်။
ကြောက်မက်ဖွယ်လေပြင်းများထွက်ပေါ်လာပြီး ကျောက်တုံးများနှင့်စိတ်ဝိဉာဉ်ဆေးပင်များဖျက်ဆီးပစ်လိုက်သည်။
တောင်ကုန်း၏အခြားတစ်ဖက်တွင် တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခု၏ပျက်ဆီးမှုကြောင့် သွေးရောင်သတ္တဝါကြီးနိုးထလာကာ ကောင်းကင်ယံတွင်ပျံသန်းနေပေသည်။
ပုဖန်နှင့်နယ်သာရီတို့မျက်နှာများပြောင်းလဲသွားသည်။
သူတို့ စမ်းချောင်းဝါမြက်ကိုလွယ်လွယ်ကူကူယူ၍မရကြောင်းသိသော်လည်း တစ္ဆေဘုရင်ကျောက်ရုပ်ထု ငတုံးနှစ်ကောင်အချင်းချင်းသတ်ဖြတ်မှုကြောင့် သွေးနဂါးကြီးနိုးရလာမည်ဟု တွေးပင်မတွေးမိဖူးချေ။
သွေးနဂါးနဲ့ရင်ဆိုင်ဖို့မလွယ်ဘူးဆိုတာ မင်းတို့ငတုံးနှစ်ကောင်မသိဘူးလားကွ...
မီးအိမ်တစ်လုံးစာမျှကြီးမားသော အဝါရောင်မျက်လုံးများသည် နယ်သာရီနှင့်ပုဖန်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကျူးကျော်သူတွေ.. သေရမယ်"
ကြီးမားသောအတောင်ပံကြီးများကို တစ်ခါခတ်လိုက်ပြီး လေထုကိုတုန်ယင်မြည်တမ်းကာကွဲကြေသွားစေသည်။ ခဏအကြာတွင် သွေးနဂါးကြီးသည် ပုဖန်နှင့်နယ်သာရီထံဦးတည်၍ပျံလာတော့သည်။
…
ထိုအချိန်တွင် အထဲတွင်တစ္ဆေမီးတောက်အချို့ယိမ်းထိုးနေသည့် အစစ်အမှန်အရိုးဖြူများဖြင့်ဆောက်လုပ်ထားသော ခမ်းနားထည်ဝါသည့်အဖြူရောင်နန်းတော်ကြီးထဲတွင် တစ္ဆေအော်သံနှင့်တူသော အသံနက်ကြီးတစ်ခုထွက်ပေါ်လာသည်။
ဟောခန်းမကျယ်ကြီးထဲ၏အလယ်တွင် ခွေးဘုရင်သည် သွေးမြူထူထူတို့ဖုံးလွှမ်းနေသောလူတစ်ယောက်နှင့်စကားပြောနေသည်။
ရုတ်တရက် ခွေးဘုရင်၏မျက်ခုံး တစ်ချက်ပင့်မိသွားသည်။
ပလ္လင်ထက်တွင်ထိုင်နေသော စမ်းချောင်းဝါမဟာပညာရှိသည်လည်း တုန်ရီသွားပေသည်။ထို့နောက် သူဒေါသထွက်သွားလေသည်။
"ခွေးဘုရင် ခင်ဗျားပြန်လာတာ ကျုပ်ဝမ်းသာပါတယ်.. ခင်ဗျားနဲ့လည်းစကားတွေထပ်ပြောချင်ပါသေးတယ် ဒါပေမယ့် တစ်ချို့လူတွေကမျက်စိမပါကြဘူးဗျ.. ကျုပ်စမ်းချောင်းဝါမြစ်ဖျားမှာထားခဲ့တဲ့ သွေးနဂါးကိုတောင်ရန်စနေကြသေးတာ ကျုပ်အခုအဲ့ဒီ့ကိုသွားမှရတော့မယ်..."
စမ်းချောင်းဝါမဟာပညာရှိပြောလိုက်သည်။
သို့သော် ခဏအကြာတွင် ခွေးဘုရင်လည်းမတ်တတ်ရပ်လိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိအဆီပြင်များလှုပ်ရမ်းသွားပေသည်။
ခွေးဘုရင်၏မျက်နှာသည် ကသိကအောင့်ဖြစ်နေကာ သူ၏နှာခေါင်းကို စမ်းချောင်းဝါမဟာပဏ္ဍိတထံသို့ဦးတည်၍မြှောက်လိုက်ကာ လေဟာနယ်ကိုစုတ်ဖြဲ၍ ထွက်သွားလိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိသည် ခွေးဘုရင်ဘာမှမပြောပဲထွက်သွားသည်ကိုကြည့်ပြီး မှင်သက်သွားပေသည်။
ခဏအကြာတွင် သွေးမြူများစွာမြင့်တက်လာတော့သည်။
"ဒီခွေးစုတ်ကတော့.. ငါ့ကိုရန်စသွားပြန်ပြီ.. ဒေါသထွက်လိုက်တာ"
သူတစ်စုံတစ်ခုကိုနားလည်သွားပုံရကာ သူ့အော်သံသည်အရိုးဖြူနန်းတော်ထဲတွင်ပဲ့တင်ထပ်နေပေသည်။
…
သွေးနဂါး၏ကြောက်မက်ဖွယ်အော်ရာဖြင့်ရင်ဆိုင်ရသောအခါ ပုဖန်သည် ငရဲဘုရင်အာဟကိုသာဆင့်ခေါ်ရန်ဆုံးဖြတ်လိုက်တော့သည်။
ထို့ကြောင့်သူ့လက်ကိုတစ်ချက်လှုပ်လိုက်ပြီး အစပ်ချောင်းများကို လေထဲတွင်ပျံတက်သွားစေသည်။
ထိုအချိန် စမ်းချောင်းဝါမြစ်၏ တစ်ဖက်ကမ်းတွင်..
ငရဲဘုရင်အာဟ နှာခေါင်းကို ရှုံ့ချည်ပွချည်ဖြင့် အနံ့ခံလိုက်ပြီး သူ့ပါးစပ်ထဲရှိအစပ်ချောင်းကိုကိုက်ဖြတ်လိုက်ကာ မျက်လုံးများတောက်ပလာတော့သည်။
"အစပ်ချောင်းတွေ.... အစပ်ချောင်းကဒီဘုရင်ကိုခေါ်နေတယ်ကွ..."
ခဏအကြာတွင် သူသည်လေပေါ်ပျံတက်သွားကာ စမ်းချောင်းဝါမြစ်ထံသို့ အမြန်ဆုံးနှုန်းဖြင့်ပြေးထွက်သွားသည်။ မြစ်ကမ်းဘေးသို့ရောက်သောအခါ ရေမျက်နှာပြင်ပေါ်သို့ ပုစဉ်းတစ်ကောင် ရှပ်ပျံသွားသလိုပင် တစ်ဖက်ကမ်းကိုဦးတည်ကာ လျှင်လျှင်မြန်မြန်လမ်းလျှောက်လိုက့သည်။
သူသည် သူချစ်ရသော အစပ်ချောင်းများထံဦးတည်၍ပြေးနေခြင်းဖြစ်သည်။