အပိုင်း ၈၂၉
Viewers 53k

အပိုင်း၈၂၉ 

ဝှိုက်တီ၏ တုံ့ပြန်မှု...


ရှောင်ယခေါင်းမော့၍ကြည့်မိချိန် သူမရှေ့ရှိသတ္တုရုပ်သေးရုပ်အားတွေ့လိုက်ရသောအခါသူမ၏မျက်ဝန်းလေးများတောက်ပသွားသည်။


ပိုင်ရှင်ပုအိမ်တွင်မရှိမှန်းသူမသိသည်။သို့သော်ပိုင်ရှင်ပုအိမ်ပြန်ရောက်နေပါလျှင်ဟူသောမျှော်လင့်ချက်ဖြင့်ကြိုးစားကြည့်ချင်ခဲ့ခြင်းဖြစ်၏။


သို့သော်ပိုင်ရှင်ပုအိပ်ပြန်မရောက်သေးချေ။ထိုအစားတံခါးလာဖွင့်သူကားအချိန်အတော်ကြာမည်သည့်အချက်ပြမှုမှမမြင်တွေ့ခဲ့ရသည့်ဝှိုက်တီဖြစ်နေသည်။


ပိုင်ရှင်ပုစကားအရဆိုဝှိုက်တီကအဆင့်တိုးမြှင့်နေသည်ဟူ၏။ ထိုသို့ဆိုပါကယခုဝှိုက်တီအဆင့်မြင့်ခြင်းအောင်မြင်သွားပြီလော...


အနည်းငယ်ဝတုတ်တုတ်ဖြင့် ချစ်စဖွယ်ကောင်းသောဝှိုက်တီအားကြည့်ကာ ရှောင်ယသက်ပြင်းမှုတ်ထုတ်လိုက်သည်။


စားသောက်ဆိုင်အတွင်းမှရွှေရောင်အလင်းတန်းလေးတစ်ခုရှေ့သို့လွင့်ပျံလာပြီး ဝှိုက်တီ၏ဦးခေါင်းပေါ်နေရာယူလိုက်လေသည်။ထိုသည်မှာအခြားမဟုတ်ပုစွန်ပိစိသာဖြစ်၏။


ပုစွန်ပိစိကအနည်းငယ်ပိုကြီးထွားလာကာသူ၏ရွေရောင်ခန္ဓာကိုယ်ကပို၍အရောင်တောက်လာသည်။ပိစိကဝှိုက်တီ၏ဦးခေါင်းပေါ်တွင်နေ၍ ရှောင်ယနှင့်မိုလျှိုကျိတို့အားစွေကြည့်လိုက်သည်။


ဝှိုက်တီ၏အဖြူရောင်အတွင်းအနက်ရောင်အစက်အပြောက်အနည်းငယ်ရှိသောမျက်လုံးကလှုပ်ရှားသွားသည်။ ထိုအဖြူရောင်အတွင်းရှိအနက်ရောင်အစက်အပြောက်များမှာလည်းတိုးပွားလာဟန်တူ၏။


ဝှိုက်တီက ရှောင်ယနှင့် ခွေးသေတစ်ကောင်ကဲ့သို့ကောင်းကင်ကိုကြည့်ရှုနေသည့်မိုလျှိုကြည့်တို့အားစစ်ဆေးပြီးနောက် သူ၏သစ်ရွက်ကဲ့သို့လက်ကိုဆန့်ထုတ်ကာမိုလျှိုကျိအားစားသောက်ဆိုင်အတွင်းပစ်ထည့်လိုက်လေသည်။


ထို့နောက်သူ၏ယန္တရားမျက်လုံးများကချူချန်းရှန်တစ်ယောက်သူ၏အသက်ကိုစွန့်စားကာမိုဆာနှင့်တိုက်ခိုက်နေကြသည့်နေရာဆီသို့ရောက်ရှိသွားသည်။


ကြယ်တာရာဖမ်းကွန်ရက်၏အကူအညီဖြင့်ချူချန်းရှန်၏တိုက်ခိုက်နိုင်စွမ်းမှာအနည်းငယ်တိုးတက်လာပေသည်။


သူ၏ခန္ဓာကိုယ်ကပို၍ကြီးထွားမလာခဲ့သော်ငြား ဤတစ်ကြိမ်တိုက်ပွဲ၌မိုဆာထံမှတစ်ဖက်သတ်နှိပ်ကွပ်ခြင်းမခံရတော့ပါချေ။


ကြယ်တာရာများထံမှအတောက်ပဆုံးသောရောင်ခြည်များက အာကာသနတ်သမီး၏ခန္ဓာကိုယ်ပေါ်သို့အဆက်မပြတ်ကျရောက်နေကာ သူမအား မသေမျိုးလောကမှဆင်းသက်လာသောနတ်ဘုရားမတစ်ဦးအလားအရှိန်အဝါတို့ပေးစွမ်းနေချေသည်။


သူမ၏စိတ်စွမ်းအင်များကကြယ်တာရာဖမ်းကွန်ရက်အတွင်းသို့အရှိန်ပြင်းပြင်းစီးဝင်နေ၏။ ကြယ်တာရာဖမ်းသံလိုက်အိမ်မြှောင်ပေါ်ရှိ အမှတ်အသားများသည်အဆင်မပြတ်ရွေ့လျားနေကြပြီး မှင်သက်ဖွယ်အလင်းတန်းများထုတ်လွှတ်နေသည်။


အာကာသနတ်သမီးသည် ကြယ်တာရာဖမ်းကွန်ရက်အားအပြည့်အဝအသုံးမချနိုင်သေးသည့်တိုင် အချို့နည်းစနစ်များကိုအသုံးပြုနိုင်၏။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏အဖိုးတန်ရတနာတစ်ခုဖြစ်သည့်အလျောက်ကြယ်တာရာဖမ်းကွန်ရက်တွင် နမိတ်ဖတ်တွက်ထုတ်ခြင်းများအပြင် မဟာမိတ်များအားစွမ်းရည်တိုးမြှင့်ပေးခြင်းကဲ့သို့အရန်လုပ်ဆောင်ချက်စွမ်းရည်များလည်းပါရှိသည်ပေ။


ကြယ်တာရာဖမ်းကကွန်ရက်၏ရောင်ဝါအောက်တွင်ချူချန်းရှန်၏ကျင့်ကြံဆင့်သည် အခြားနယ်ပယ်တစ်ခုအထိတက်လှမ်းသွားခဲ့သည်။


ထိုကျင့်ကြံဆင့်က ချူချန်းရှန်အားမိုဆာနှင့်တိုက်ခိုက်နိုင်ရန်ပံ့ပိုးပေးလေသည်။


လူ့ဘီလူးနှစ်ယောက်သည်တစ်ဦးနှင့်တစ်ဦးအသေအကျေတိုက်ခိုက်နေကြ၏။၎င်းတို့၏အော်ဟစ်ကြုံးဝါးသံနှင့် ရောင်ဝါများကကောင်းကင်ထိတိုင်ပဲ့တင်ထပ်နေ၏။


မိုချာကသူ၏သုံးခွလှံကိုဆွဲကိုင်ထားသည်။သူ၏ပစ်မှတ်ကကြယ်တာရာဖမ်းကွန်ရက်ဖြစ်သည့်အလျောက်သူသည် အာကာသနတ်သမီးအားတိုက်ခိုက်လိုခြင်းဖြစ်သည်။ထိုသံလိုက်အိမ်မြှောင်အားလက်ဝယ်ရရှိသည်နှင့် ပျက်သုဉ်းအကျဉ်းထောင်မှကျင့်ကြံသူများသည် ကောင်းကင်ဘုံအတိဒုက္ခစမ်းသပ်မှုတိုက်ပွဲ၌ မဟာနိယာမစည်းမျဉ်းများကိုမျက်ကွယ်ပြုနိုင်မည်ဖြစ်ပြီး ပုန်းကွယ်နဂါးတိုက်အားကျူးကျော်ကြီးစိုးနိုင်ပေလိမ့်မည်။


သုံးခွမှိန်းက အလင်းတန်းများတောက်ပလာပြီးထိုးနှက်လိုက်ရာ လေထုသည်ပင်ဤထိတ်လန့်ဖွယ်တိုက်ခိုက်မှုကြောင့်အက်ကွဲမတတ်ဖြစ်သွားရသည်။


ကြယ်အလင်းတန်းများကတောက်ပစုရုံးလာပြီး မိုဆာ၏တိုက်ခိုက်မှုအားအကာအရံတစ်ခုအဖြစ်တားဆီး၍အာကာသနတ်သမီးအားလွှမ်းခြုံထားလေသည်။


သူ၏တိုက်ခိုက်မှုကအရာမရောက်သောအခါမိုချာ၏မျက်လုံးများပြူးကျယ်သွားသည်။


"ကြယ်တာရာဖမ်းကွန်ရက်ကတကယ်ကိုရတနာတစ်ခုပဲ အားနည်းတဲ့မိန်းမတောင်မှဒီလောက်သန်မာတဲ့စွမ်းအားတွေသုံးနိုင်တယ်..."


မိုချာ၏စွမ်းအင်များကပိုမိုမြင့်တက်လာပြီး အားသုံး၍သုံးခွမှိန်းအားလွှဲယမ်းလိုက်သည်။ဤတစ်ကြိမ်တွင်မူ သုံးခွမှိန်းတွင် ငရဲစွမ်းအင်များပိုမိုထူထဲနေ၏။


ဘုန်းး


သုံးခွလှံတံကကြယ်တံခွန်အကာအရံအားထိခတ်သွားသည်။


ကြယ်တံခွန်အကာအရံကလှိုင်းများဖြစ်ပေါ်သွားကာဟချက်ချင်းဆိုသလိုပင် အားတစ်စုံတစ်ရာကပြန်လည်ထောက်ကန်လိုက်သကဲ့သို့နေရာတကျပြန်ဖြစ်သွားသည်။


အာကာသနတ်သမီးကခုခံရန်အားစိုက်ထုတ်ခဲ့ရပြီးသူမ၏မျက်နှာမှာအနည်းငယ်ဖြူဖျော့နေ၏။


ဘုန်းး


သူမနှင့်အနည်းအလှမ်းဝေးသောနေရာ၌မိုဆာက ချူချန်းရှန်အားခေါင်းမှကိုင်မကာ ကြမ်းပြင်နှင့်ဆောင့်ချလိုက်၏။ကျောက်တုံးများကအက်ကွဲကာအစအနများနေရာအနှံ့လွင့်စင်ကုန်လေသည်။


"အားနည်းတဲ့ကြက် အရမ်းအားနည်းလွန်းတယ်..."


ဘုန်း ဘုန်းး


မိုဆာကလက်သီးဆုပ်လိုက်ကာ ကြိတ်ဆုံအရွယ်အစားခန့်ရှိလက်သီးကြီးကချူချန်းရှန်၏ခန္ဓာကိုယ်အားအဆက်မပြတ်ထိုးနှက်နေပြီး ချူချန်းရှန်အားနာကျင်မှုဖြင့်အော်ဟစ်နေစေသည်။


"ကြယ်တာရာဖမ်းကွန်ရက်ရဲ့အထောက်အပံ့လည်းမကယ်နိုင်ဘူးကွ မင်းကအားနည်းလွန်းတယ်..."


မိုဆာကအော်ဟစ်ကာအရူးတစ်ယောက်အလားရယ်မောနေချေသည်။


ချူချန်းရှန်၏နှလုံးကပြင်းထန်စွာခုန်ပေါက်နေပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိသွေးများပွက်ပွက်ဆူလာကာ မျက်လုံးများကလောင်ကျွမ်းနေသည့်အလားပင်။


သူကသူ၏ခြေထောက်ကိုလွှဲယမ်းကာမိုဆာ၏ဦးခေါင်းတည့်တည့်သို့ပစ်ကန်လိုက်သည်။လူ့ဘီလူးကြီး၏ခန္ဓာကိုယ်မှာဘေးသို့ရွေ့သွားရ၏။


ချူချန်းရှန်ကမြေပေါ်မှကုန်းရုန်းထလာကာ မိုဆာထံလက်သီးချက်နှစ်ချက်ပစ်သွင်းလိုက်သည်။

 ညာဘက်မှတစ်ချက် ထို့နောက်ဘယ်ဘက်မှနောက်တစ်ချက်။


ဝှိုက်တီ၏စက်မျက်လုံးများကပြောင်းလဲသွားခြင်းမရှိပဲ အခြားတစ်နေရာသို့ကြည့်ရှုရန်ရွေ့လျားသွားသည်။


ထိုနေရာ၌ပန်းပွင့်လေးကခုနှစ်ရောင်ခြယ်စပါးအုံးမြွေအသွင်ဖြင့် မိုယဲ့အားတိုက်ခိုက်နေသည်။


မိုယဲ့၏ကျင့်ကြံဆင့်သည် နှိုင်းယှဉ်မရသည့်အဆင့်ဖြစ်ရာ ပန်းပွင့်လေးသည်မိုယဲ့အားတိုက်ခိုက်ရန်အစွမ်းကုန်ကြိုးစားနေရ၏။


မိုယဲ့၏တိုက်ကွက်များကပန်းပွင့်လေး၏ကိုယ်အားထိလိုက်တိုင်းပေါက်ကွဲသွားစေပြီး အကြေးခွံများလွင့်စင်၍သွေးများစွာပန်းထွက်လာစေသည်။


မိုယဲ့၏လက်များကရွေ့လျားသွားကာ လေထုထဲရှိသွေးစက်များအားသွေးရည်ဘောလုံးအများဖြစ်စုစည်းပြီးမျိုချလိုက်သည်။


ထို့နောက်သူကပို၍စိတ်လှုပ်ရှားလာလေသည်။


"အရမ်းအရသာရှိတယ်..."


ထို့နောက်သူကရပ်နေသည့်နေရာမှပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်နေရာကားပန်းပွင့်လေး၏ဦးခေါင်းထက်တွင်ဖြစ်ချေတော့သည်။မိုယဲ့ကပန်းပွင့်လေး၏ ခုနှစ်ရောင်ခြယ်စပါးအုံးမြွေဦးခေါင်းအားဆောင့်နင်းလိုက်လေသည်။


ပန်းပွင့်လေး၏ဧရာမခန္ဓာကိုယ်ကြီးကမြေပြင်ပေါ်သို့ချက်ချင်းဆိုသလိုလဲပြိုကျသွားရချေ၏။


ဤသည်ကနှိပ်စက်ညှင်းပန်းမှုပေ..


ဝှိုက်တီ၏မျက်လုံးများကအလင်းတချက်လက်သွားကာ သူကထိုနေရာဆီသို့စက်ရုပ်တစ်ကောင်၏လမ်းလျှောက်ပုံအတိုင်းရွေ့လျားသွားခဲ့သည်။


သတိကင်းမဲ့နေခဲ့ချိန်ဖြစ်သော်လည်း ဝှိုက်တီသည် ထောင်တျဲ့စားသောက်ဆိုင်၏စားပွဲထိုးအသစ်ချူချန်းရှန်အားမှတ်မိသည်။ထို့အတူ ခွေးဘုရင်အနားတွင်နေ့တိုင်းလိုလိုရစ်ဝဲနေတတ်သော အနှီမြွေကလေး၏ရောင်ဝါများကိုလည်းမှတ်မိပါ၏။


၎င်းတို့သည်ထောင်တျဲ့စားသောက်ဆိုင်၏လူများဖြစ်သည်။ပုဖန်မရှိသည့်အတွက် ဝှိုက်တီ၏ကာကွယ်ရန်နယ်ပယ်အပိုင်းအခြားကပိုမိုကျယ်ပြန့်လာသည်။


မြောက်များစွာသောနတ်ဘုရားသတ်လက်နက်များအားဝါးမြိုပြီးသည့်နောက်တွင်ဝှိုက်တီသည်လည်းအဆင့်တက်လာ၏။


ဝှိုက်တီက စက်သံတဂွက်ဂွက်မြည်ကာလမ်းလျှောက်လာရင်း ခက်ထန်လာကာသူ၏ကျောဘက်မှသတ္တုတောင်ပံနှစ်ခုထွက်ပေါ်လာလေသည်။


မိုချာ၏မျက်နှာအမူအယာမှာရူးသွပ်နေကာ တိုက်ခိုက်နေစဉ်သူ၏အသားအရည်မှာကြက်သွေးနီရောင်ပြောင်းလဲလာပြီး သုံးခွမှိန်းကအဆက်မပြတ်တုန်ခါနေလေသည်။


၎င်း၏စွမ်းအင်များကကြယ်တံခွန်အကာအရံအားဝင်ဆောင့်နေပြီး အကာအရံကိုအန္တရာယ်များသည့်အခြေအနေတစ်ခုသို့တွန်းပို့နေ၏။


အာကာသနတ်သမီး၏မျက်နှာမျာဖြူဖျော့နေသည်။သူမခန္ဓာကိုယ်တွင်းမှအစစ်အမှန်စွမ်းအင်များကအဆက်မပြတ်လောင်ကျွမ်းနေပေသည်။


အကာအရံအက်ကွဲလာသည်က သူမ၏စွမ်းအင်များမလုံလောက်တော့သလို စိတ်ပိုင်းဆိုင်ရာပြိုကွဲလာကြောင်းကိုဆိုလိုနေသည်။


ထိုသို့ဖြစ်လာပါက သူမသည်ထိုနတ်ဆိုးကောင် ကြယ်တာရာဖမ်းကွန်ရက်အားလုယူမည်ကိုတားဆီးထားနိုင်တော့မည်မဟုတ်ချေ။


"မင်းဘယ်လောက်တောင့်ခံနိုင်မလဲကြည့်ကြသေးတာပေါ့..."


မိုချာကစပ်ဖြီးဖြီးလုပ်ကာသူ၏သွားစွယ်များကိုဖော်ပြလာပြီး ထိုသည်ကသူ၏သွင်ပြင်အားပိုမိုထိတ်လန့်ဖွယ်ကောင်းနေစေ၏။


သုံးခွမှိန်းကိုင်ဆောင်ထားသောလက်များက မြောက်တက်လာပြန်ပြီး လေထုအားဖြိုခွဲ၍လွှဲယမ်းလာသည်။


အာကာသနတ်သမီးကသူမ၏အကန့်အသတ်ကိုရောက်ရှိနေပြီဖြစ်ကြောင်းသူသိသည်။ထို့ကြောင့်သူ၏အားကုန်ရိုက်ချက်ဖြင့်အကာအရံအားဖြိုခွဲ၍ထိုမိန်းမကိုသေသည်ထိနှိပ်စက်ရန်ကြံရွယ်ထားခဲ့သည်။


သို့သော်ရုတ်တရက်...


သူ့နောက်တွင်လေဟပ်သည်ကိုခံစားရသဖြင့်လှည့်ကြည့်လိုက်ရာ နီရဲရဲအချောင်းတစ်ချောင်းအားမျက်နှာချင်းဆိုင်လိုက်ရလေသည်။


ဘုန်း


မိုချာကသံချောင်းတစ်ချောင်းဖြင့်အရိုက်ခံလိုက်ရခြင်းကြောင့် အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်သည်ကောင်းကင်မှမြေပြင်ထိတိုင် အမြှောက်ဆံတစ်ခုကဲ့သို့ပြင်းထန်စွာရိုက်ချခံလိုက်ရချေ၏။


မြေပြင်ကတုန်ခါအက်ကွဲသွားသည်။


ဝှိုက်တီက အာကာသနတ်သမီးရှေ့သို့သွားရောက်၍သုံးခွမှိန်းအားဖမ်းယူလိုက်သည်။ဆုပ်ကိုင်လိုက်သောနေရာမှအစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာသည်။


ဝှိုက်တီ၏မျက်လုံးများတောက်ပသွား၏။


အာကာသနတ်သမီး၏ခန္ဓာကိုယ်ကတုန်ယင်နေပြီး သူမကဝှိုက်တီအားအံ့အားသင့်စွာကြည့်ရှုနေသည်။


ဝှိုက်တီက သုံးခွမှိန်းအားအမှိုက်တစ်စကဲ့သို့အဝေးသို့ပစ်ထုတ်လိုက်လေသည်။


မိုချာကမြေချိုင့်တွင်းမှခုန်ထွက်ကာ သုံးခွမှိန်းအားကိုင်၍အော်ဟစ်လိုက်သည်။သူ၏မျက်လုံးအစုံမှာဒေါသဖြင့်စူးရဲနေ၏။


"ဘယ်ခွေသားငါ့ကိုခြုံခိုတိုက်တာလဲ..."


ဝှိုက်တီကသူ၏တလက်လက်တောက်ပနေသော နတ်ဘုရားသတ်တုတ်ကို ကိုင်စွဲ၍ သူ၏အသက်မဲ့သောမျက်လုံးများဖြင့်မိုချာအားကောင်းကင်မှနေ ငုံ့ကြည့်လာသည်။


"သံရုပ်သေးရုပ်လား အစားတောင်မစားနိုင်တဲ့အမှိုက်ကောင်ကဘာအသုံးကျလို့လဲ..."


မိုချာကဟိန်းဟောက်လိုက်ပြီးသူ၏ကြက်သွေးနီရောင်ခန္ဓာကိုယ်ပေါ်၌အနက်ရောင်အစင်းကြောင်းများထပ်လောင်းပေါ်ထွက်လာသည်။


ခက်ထန်သောနတ်ဆိုး အမှတ်အသားနှစ်ခုကသူ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားကာသူ၏ရောင်ဝါများတဟုန်ထိုးတက်လာသည်။


အကွာအဝေးတစ်ခု၌ မိုဆာသည်ချူချန်းရှန်အားအနိုင်မချနိုင်သေးသဖြင့်ဒေါသချောင်းချောင်းထွက်နေ၏။


လက်သီးဆုပ်နှစ်ဖက်ဖြင့်သူ၏ရင်ဘတ်အားတဒုန်းဒုန်းထုရိုက်နေရင်း စွမ်းအင်လှိုင်းများမြင့်တက်လာကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။


အနက်ရောင်နတ်ဆိုးအမှတ်အသားနှစ်ခုထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ယှက်လိမ်နေကာသူ၏ဆိုးရွားလှသော အသွင်အပြင်ကိုပိုမိုကြောက်မက်ဖွယ်ဖြစ်စေရန်ဖြည့်စွမ်းပေးနေသည်။


မိုချာနှင့် မိုဆာတို့သည်၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးအမှတ်အသားများပေါ်ထွက်ပြီးနောက်တွင်၎င်းတို့၏ရောင်ဝါများကသိသိသာသာတိုးပွားလာခဲ့သည်။


တိမ်မည်းများကကောင်းကင်ပေါ်သို့တလိပ်လိပ်တက်လာပြီး လေထုအားပြင်းထန်လာစေသည်။


နတ်ဘုရားအာကာသအဆင့်ငရဲသတ္တဝါများသည် ပုန်းကွယ်နဂါးတိုက်ရှိ နတ်ဘုရားစိတ်ဝိဉာဉ်နယ်ပယ်ကျင့်ကြံသူများနှင့်အဆင့်တူသည်။


မိုချာနှင့်မိုဆာတို့၏ခန္ဓာကိုယ်ပေါ်၌သားရဲရုပ်နှစ်ကောင်ရှိပြီး ထိုသည်မှာ နတ်ဘုရားမီးတောက်နှစ်ခုဖြင့်ညီမျှပေသည်။


ထိုကဲ့သို့ကျင့်ကြံဆင့်သည်အစားကြူးတောင်ကြားတစ်ခုလုံးအားတစစီခြေမွပစ်နိုင်ရန်လုံလောက်ပေသည်။


ဝှိုက်တီသည်ဆင့်ကဲတိုးတက်လာသော်လည်းသူ၏အဆင့်မှာ နတ်ဘုရားမီးတောက်တစ်ခုသာဖြစ်သည်။


မျက်တောင်တစ်ခတ်အတွင်းအခြေအနေက ဆန့်ကျင်ဘက်ပြောင်းလဲသွားသည်။


အစားကြူးတောင်ကြားရင်ပြင်ရှိကျင့်ကြံသူများမှာတုန်ယင်နေကြသည်။ကောင်းကင်ထက်ရှိအနက်ရောင်တိမ်လိပ်များက၎င်းတို့အားကြောက်လန့်နေစေ၏။


နတ်ဘုရားစိတ်ဝိဉာဉ်နယ်ပယ်အဆင့်သည် သူတို့အတွက်မူဒဏ္ဍာရီဆန်လှသည်။ယခု ထိုကျင့်ကြံဆင့်ရှိသည့်သတ္တဝါများကအစားကြူးတောင်ကြားအားတိုက်ခိုက်နေကြ၏။


အစားကြူးတောင်ကြား... ဘယ်လိုတောင်သနားစရာကောင်းရတာလဲ...


ဝှိုက်တီက စစ်နတ်ဘုရားတုတ်ချောင်းကိုကိုင်ဆောင်ထားရင်းသူ၏သတ္တုတောင်ပံများအားနှစ်ကြိမ်ခန့်လှုပ်ခါလိုက်သည်။ထို့နောက်၎င်းအားမိုချာထံသို့ပစ်လွှတ်လိုက်လေသည်။


အာကာသနတ်သမီး၏ဆံနွယ်များကပြင်းထန်စွာခါယမ်းနေကြသည်။သူမ၏မျက်နှာမှာဖြူဖျော့ကာပင်ပန်းနေဟန်တူသော်လည်း ကြယ်တာရာကွန်ရက်အားထိန်းချုပ်၍ ဝှိုက်တီအားအကာအကွယ်ဖြင့်ဖုံးအုပ်ပေးထားရန်ကြယ်ရောင်ခြည်များပို့လွှတ်ပေးနေသည်။


ဝှိုက်တီ၏ကျင့်ကြံဆင့်နယ်ပယ်မှာမြင့်တက်သွားကာ သူကယခုမိုချာနှင့်အဆင့်တူဖြစ်သွားချေပြီ။


နတ်ဘုရားသတ်တုတ်ချောင်းနှင့်သုံးခွမှိန်းတို့ရိုက်ခတ်မိသွားပြီး မီးပွားများနေရာအနှံ့လွင့်စင်သွားသည်။


မိုချာ၏အနက်ရောင်တောင်ပံများကအားဖြင့်ရိုက်ခတ်နေပြီး ဝှိုက်တီ၏သတ္တုတောင်ပံများသည်လည်းလေထုအားပြင်းထန်စွာပွတ်တိုက်နေသည်။


အားအင်မှာတူညီနေသဖြင့်တိုက်ပွဲရလာဒ်ကမသဲကွဲချေ။


ရုတ်တရက်ဆိုသလို ဝှိုက်တီ၏ဦးခေါင်းပေါ်ရှိပုစွန်ပိစိကစူးရှစွာအော်ဟစ်လိုက်ပြီး မိုချာ၏ထံသို့ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြေးဝင်သွားသည်။


၎င်းကမိုချာ၏ရင်ဘတ်အားတည့်တည့်ဝင်ဆောင့်မိကာနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားစေ၏။


လေထုအလယ်တွင်ပုစွန်ပိစိသည်ဧရာမကြီးအဖြစ်ပြောင်းလဲသွားကာ နတ်ဘုရားသတ်တုတ်နှင့် ဝှိုက်တီအားသယ်ဆောင်ထားသည်။၎င်းတို့နှစ်ယောက်၏သွင်ပြင်မှာ အလွန်လွှမ်းမိုးနိုင်စွမ်းရှိနေ၏။


ကြယ်တာရာဖမ်းကွန်ရက်၏အထောက်အပံ့အောက်တွင်ဝှိုက်တီ၏တိုက်ခိုက်မှုစွမ်းရည်ကနောက်တစ်ကြိမ်မြင့်တက်လာပြန်သည်။သူ နတ်ဘုရားသတ်တုတ်အားမိုချာထံသို့လွှဲယမ်းလိုက်ပြန်သည်။


မိုချာက သူ၏သုံးခွမှိန်းဖြင့်အလျင်အမြန်ခုခံလိုက်၏။


ရိုက်ချက်တစ်ချက်တည်းသာ..


သုံးခွမှိန်းကားတစစီကြေမွသွားပြီး မိုချာသည်အမြှောက်ဆံတစ်ခုခဲ့သို့ကြမ်းပြင်ထက်သို့ရိုက်ချခံလိုက်ရတော့သည်။


ဝှိုက်တီ၏မျက်လုံးများကအလင်းပြန်သွား၏။


တရားမျှတမှုသည် လူယုတ်မာများအားအလွတ်မပေးချေ။


ဝှိုက်တီက စစ်နတ်ဘုရားတုတ်ချောင်းအား စွမ်းအက်များဖြင့်လှည့်ပတ်ကာကောင်းကင်ထက်သို့မြှောက်တင်၍အားယူလိုက်သည်။


မိုချာသည် အပျက်အစီးပုံကြားမှတွားထွက်လာရုံမျှရှိသေး သူ့ထံသို့အရှိန်အဟုန်ဖြင့်နီးကပ်လာသော နတ်ဘုရားသတ်တုတ်အေားမြင်တွေ့လိုက်ရချေသည်။


သောက်ကျိုးနဲ...ဘယ်လိုတောင်အဓိပ္ပာယ်မရှိတာလဲကွာ...