အပိုင်း ၈၃၀
Viewers 53k

အခန်း ၈၃၀

နတိဆိုးနှစ်ကောင်ကိုသတ်ဖြတ်ခြင်း...


နတ်ဘုရားသတ်တုတ်က ကြီးမားလာပြီး သူအာ့အပေါ်၌ အုပ်မိုးထားသော အနီရောင်လိုင်များက ရှင်းလင်းပြတ်သားလာသည်။ထို့နောက် ၎င်းက ကောင်းကင်ယံမှနေ၍ ကြမ်းတမ်းစွာ လွှဲချလာလေသည်။ထိုတိုက်ခိုက်မှုကြောင့် မိုချာ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။


သူ့၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များ ပြန့်လွင့်ထွက်လာပြီး တ်ိုက်ခိုက်မှုကို ကာကွယ်ရန်ကြိုးစားလိုက်သည်။သို့သော်လည်း အလွန်တရာ ကြီးမားလာခဲ့သော နတ်ဘုရားသတ်တုတ်ကြီးက ကြောက်မက်ဖွယ်ရာ စွမ်းအင်များနှင့် ပြည့်နှက်နေလေသည်။


ထိုတိုက်ခိုက်မှုကို ထိမှန်သွားပါက အလွန်သနားစရာကောင်းဖွယ် သေဆုံးသွားပေလိမ့်မည်။ထို့ကြောင့်သူ ရှောင်တိမ်းရန်သာ ဆုံးဖြတ်လိုက်သည်။သို့သော်လည်း နတ်ဘုရားသတ်တုတ်၏ ရည်ရွာ်ထားသည့် လမ်းကြောင်းက အလွန်တရာပင် ရှည်လျားနေခဲ့သည်။ကံမကောင်းစွာပင် သူ့၏ ဆုံးဖြတ်ချက်က နောက်ကျသွားခဲ့သည်။


ဘုန်း...


မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီးနောက် တတိယမြောက် အက်ကွဲကြောင်းကြီး ပေါ်ထွက်လာသည်။မိုချာ မရှောင်လိုက်နိုင်သောကြောင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ထိမှန်သွားလေသည်။


သူက မိုဆာလောက် မသန်မာပေ ထို့ကြောင့် ထိုတိုက်ခိုက်မှုက သူ့၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများ ဖြစ်ပေါ်သွားစေသည်။မိုချာ၏ စူးရှကျယ်လောင်သော အော်သံနှင့်အတူ အနက်ရောင်သွေးများစီးကျလာသည်။


ဝှိုက်တီက ပုစွန်ပိစိ၏ ကျောပေါ်တွင်ရပ်နေလေသည်။စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းတို့ နှစ်ဦးသား လေဟာနယ်ကိုဖြတ်၍ မိုချာ၏ ဘေးသို့ ရောက်သွားသည်။


ထိုနတ်ဘုရားသတ်တုတ်ပေါ်၌ သွေးစက် (သို့မဟုတ်) ဖုန်မှုန့်တစ်စက်မျှပင်ကပ်ညှိနေခြင်းမရှိပဲ လုံးဝ သန့်ရှင်းတောက်ပနေသည်။မိုချာ၏ ခန္ဓာကိုယ်တစ်ဝက်က ကွဲကြေသွားပြီဖြစ်သောကြောင့် ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းနေ၏။သူ့၏ မျက်ဝန်းများကလည်း ဒေါသမီးလျှံများ တောက်လောင်နေသည်။


မိုချာက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် သူ့၏ လက်တစ်ဖက်က ကြမ်းတမ်းစွာဖြင့် လွှဲယမ်းသွားလေသည်။သို့သော်လည်း သူဝှိုက်တီကို မဖမ်းဆုပ်နိုင်ခင်မှာပင် နတ်ဘုရားသတ်တုတ်၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


ထိုအခိုက်အတန့်လေးတွင် မိုချာအလွန်အမင်း ကြောက်ရွံ့ထိတ်လန့်လာပြီး တုန်ရီနေလေသည်။ပိစိ၏ ကျောပေါ်မှ ဝှိုက်တီက တည်ငြိမ်တိတ်ဆိတ်နေတုန်းပင်ဖြစ်သည်။သူ့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များ မြင့်တက်လာသည်။ထိုအော်ရာများကပင် မိုချာကို ပိုမို တုန်ယင်စေလာသည်။


"မင်း..."


ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပလာသည်။ရုတ်တရက် နတ်ဘုရားသတ်တုတ်က ရှည်လျားပြီး မိုချာကို ထုချေချလိုက်လေသည်။ထိုတိုက်ခိုက်မှုက သူ့ကို အဝေးသို့ လွင့်ထွက်သွားစေပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။နောက်တစ်ဖန် လေထဲ၌ ယိမ်းထိုးသွားပြန်သည်။


ဝှိုက်တီ၏ နတ်ဘုရားသတ်တုတ်က နတ်ဘုရားသတ်လက်နက်များစွာကို စားပြီးနောက် ဖြစ်တည်လာခြင်းဖြစ်သည်။ထ်ို့ကြောင့် ၎င်းက ငရဲကမ္ဘာသက်ရှိများအပေါ်တွင် အလွန်သက်ရောက်မှု ရှိလှသည်။နတ်ဘုရားသတ်တုတ်ကြောင့်သာမဟုတ်လျှင် မိုချာ၏ ခန္ဓာကိုယ် ယခုကဲ့သို့ အလွယ်တကူ ထုချေနိုင်လိုက်မည်မဟုတ်ပေ။


ထိုအချိန်အတွင်း မလှမ်းမကမ်း၌ ချူချန်းရှန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ပြန့်ထွက်လာပြီး သူ့၏ ခန္ဓာကိုယ်က လောင်ကျွမ်းလာသလ်ိုမျိုးထင်ရသည်။


ယခုအချိန်ဤ သူက ပို၍ပင် ဒေါသကြီးမားနေသည်။သူ့၏ လက်သီးတစ်ချက်တိူင်းက မိုဆာကို ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားစေခဲ့သည်၏


သူတို့က ပြင်းထန်ရက်စက်လှသော လက်သီးချက်များဖြင့် တစ်ယောက်ကို တစ်ယောက် ထိုးနှက်ရန်ကြိုးစားနေကြသည်။စွမ်းအင်လှ်ိုင်းများက ကောင်းကင်ယံဆီသို့ အဆက်မပြတ် မြင့်တက်နေပြီးမြေပြင်ကလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။


ချူချန်းရှန်၏ ဒေါသများက အမှောင်ထုကိုလောင်ကျွမ်းတော့မလိုမျိုး တောက်လောင်နေခဲ့သည်။ချူချန်းရှန်က သူ့၏ ပြိုင်ဘက်ထက် အဆပေါင်းများစွာ သေးငယ်နေသော်လည်းမိုဆာကို ဖိနှိပ်ထားနိုင်ခဲ့သည်။


သူအမြင့်တစ်နေရာဆီသို့ လွင့်မျောတက်လိုက်ပြီးနောက် သူ့၏ လက်သီးကို အားမာန်အပြည့် ဆုပ်ကိုင်လိုက်သည်။ထို့နောက် အောက်သို့ အားအပြည့်ဖြင့် ထ်ိုးချလိုက်သည်။မိုဆာက သူ့၏ လက်ကို မြောက်၍ ခုခံကာကွယ်ရန် ကြိုးစားလိုက်၏။သို့သော်လည်း ထိုလက်သီးချက်က သူ့ကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။မြေပြင်က နောက်တစ်ကြိမ် ထပ်မံ အက်ကွဲသွားပြန်သည်။


ဝုန်း...


မိုဆာ၏ကြီးမားလှသောလက်ကြီးတစ်ဖက်က အပျက်အစီးပုံများကြားထဲမှ ထိုးထွက်လာပြီး ချုချန်းရှန်၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်။သူတို့၏ တိုက်ပွဲက တကယ်ကို ကြမ်းတမ်းရက်စက်လှသော တိုက်ခိုက်မှုများနှင့် ပြည့်နှက်နေသည်။


ချူချန်းရှန်ကလည်း လေထဲမှာပင် တစ်ပတ်လည်လိုက်ပြီးနောက် မိုဆာ၏ဂျိုနှစ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းက်ို ခြေထောက်ဖြင့် နင်းချလိုက်သည်။


မိုဆာထိခိုက်နာကျင်သွားပြီး သူ့၏ မျက်ဝန်းများ ရဲရဲတောက်သွားသည်။ချူချန်းရှန်၏ ခန္ဓာကိုယ်က မီးလျှံတစ်ခုအလား စတင်လောင်ကျွမ်းလာသည်။မီးလျှံက ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီးနောက် ဧရာမ သားရဲကြီးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။


ထိုသားရဲကြီးက ချူချန်းရှန်၏ ပတ်လည်တွင် လွင့်မျောနေသည်။၎င်း၏ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံက မိုဆာကိုပင် ကြောက်လန့်တကြား ရပ်တန့်သွားစေ၏။


ချူချန်းရှန်က ထိုအခွင့်အရးကို အမိအရ ဖမ်းဆုပ်၍ မိုဆာ၏ ခေါင်းကို နောက်တစ်ကြိမ် ထိုးနှက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျစေလိုက်လေသည်။


ချူချန်းရှန် ကျယ်လောင်စွာ မာန်သွငိးလိုက်သကဲ့သို့ သူ့၏ ဆံပင်များကလည်း ကြမ်းတမ်းစွာ လွင့်ခါနေသည်။သူ့၏ အော်ရာများကလည်း မရပ်မနား တိုးမြင့်လာပြီး ခေါင်းအထက်၌ စိတ်ဝိညာဉ်လှေကား ကိုးဆင့်နှင့်အတူ နတ်ဘုရားရေးပလ္လင် ပေါ်လာသည်။


သူ့၏ ခန္ဓာကိုယ်မှ မီးလျှံများကလည်း စုစည်းလာပြီးနောက် နတ်ဘုရား မီးတောက် တစ်ခု ဖြစ်တည်လာသည်။ထိုမီးတောက်က ချူချန်းရှန်၏ ထိန်းချုပ်မှုကိုစောင့်ရန် နတ်ဘုရားရေးပလ္လင်ဆီသို့ သွားရန် ရေးဆွဲလိုက်သည်။


ချူချန်းရှန်က သူ့၏ နတ်ဘုရားမီးလျှံကို နတ်ဘုရားရေး ပလ္လင်ပေါ်၌ ထွန်းညှိလိုက်နိုင်သည်နှင့် တစ်ပြိုင်နက် သူ့၏ စွမ်းအင်အဆင့်ကလည်း တစ်ဆင့် တိုးမြင့်လာပေလိမ့်မည်။


၎င်းက မိုဆာကို လုံးဝ နင်းချေပစ်နိုင်ဖို့ လုံလောက်သွားပေလိမ့်မည်။ထောင်တျဲနှလုံးသား၏ အနှစ်သာရများနှင့်အတူ ချူချန်းရှန်၏ စွမ်းအင်ကျင့်ကြံမှုအခြေခံက တိုးမြင့်ပြီးရင်း တိုးမြင့်လာနေခဲ့သည်။သူ့၏ ခန္ဓာကိုယ်ပတ်လည်တွင် စုစည်းနေသော စွမ်းအင်များကလည်း ကြီးမားလှသော သားရဲကြီး ထောင်တျဲ တစ်ကိုယ်၏ ပုံရိပ်အဖြစ် ဖြစ်တည်လာလေပြီ။


သူ့၏ နတ်ဘုရားမီးလျှံကလည်း ပို၍ပင် တည်ငြိမ်လာကာ ဖြတ်ကျော်ဖြစ်တည်နိုင်တော့မည့်ပုံပေါ်သည်။မိုဆာ မြေပြင်ပေါ်မှ ကုန်းထလာသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်း၌လည်း အနက်ရောင်သွေးများကျနေ၏။


"နတ်ဘုရားမီးလျှံ ဖွဲ့တည်တာလား မင်းက ငါရဲ့ရှေ့မှာ နတ်ဘုရားမီးလျှံဖွဲ့တည်ချင်တယ်ပေါ့..."


မိုဆာ၏ မျက်ဝန်းများက ဒေါသဖြင့် ပြူးကျယ်လာပြီးနောက် သူလေထုထဲသို့ လက်သီးတစ်လုံးထိုးလွှတ်လိုက်သည်။၎င်းက လျှပ်စီးကဲ့သို့ အလျင်နှုန်းဖြင့် ချူချန်းရှန်ဆီသို့ ရောက်ရှ်ိလာသည်။


ဟစ်...


သို့သော်လည်းအနီရောင်တုတ်တစ်ချောင်းက မိုဆာကို အဝေးသို့ ရိုက်ထုတ်လိုက်လေသည်။မိုဆာ မြေပြင်ပေါ်သို့ ထုနှက်ချခံလိုက်ရသည်။သူထိုနတ်ဘုရားတုတ်ကို ဆုပ်ကိုင်၍ အဝေးသို့ ဖယ်ထုတ်လိုက်သည်။


ဝီ...


ရွှေရောင်အလင်းလှိုင်းများလေထဲ ပြန့်နှံ့သွားသည်။ပုစွန်ပိစိ၏ ကျောတက်တွင်ရပ်နေသောဝှ်ိုက်တီက ပျံလွင့်လာသောနတ်ဘုရားတုတ်ကို ဖမ်းဆုပ်လ်ိုက်သည်။ချူချန်းရှန်သည် အဆင့်တက်ရန် ကြိုးစားနေသောကြောင့် ဝှိုက်တီက တစ်ပြိုင်တည်း ပြိုင်ဘက်နှစ်ယောက် ရင်ဆိုင်လိုက်သည်။


ရွှေရောင်ပုစွန်ပ်ိစိနှင့် ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်တ်ို့၏ မြင့်တင်အားဖြည့်ပေးမှုကြောင့် ဝှိုက်တီ၏ တိုက်ခိုက်မှုစွမ်းရည်သည် ပို၍ပင် သိပ်သည်းတိုးမြင့်လာခဲ့သည်။မိုချာ၏ သနားစရာကောင်းလှသောအခြေအနေက မျက်မြင်သက်သေပင်ဖြစ်သည်။


မိုချာသည်လည်း မိုဆာ၏အခြေအနေကို မြင်ပြီးနောက် တုန်ယင်သွားမိလေသည်။ထိုကဲ့သို့ ဆိုးရွားလှသောအခြေအနေမျိုးကို သူပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


"တိုက် ...ဒီ သံလုံးကောင်ကြီးကို ဆုံးမကြစို့ ..."


မိုချာ ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီးနောက် အမြင့်တစ်နေရာသို့ ထိုးတက်လိုက်ကာ မိုဆာ၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။ထို့နောက် နတ်ဆိုးနှစ်ကောင်က တစ်ပြိုင်တည်း တ်ိုက်ခိုက်လာလေသည်။ဝှိုက်တီကလည်းနတ်ဘုရားသတ်တုတ်ကို ဆန့်ထုတ်လိုက်ပြီးသူ့ဆီ ချဉ်းကပ်လာသော ပြိုင်ဘက်နှစ်ခုဆီသို့ လွှဲယမ်းလိုက်သည်။သူတို့၏ တိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်ပြီး ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေလေသည်။


တောက်ပလှသော နတ်ဘုရားမီးတောက်က တဖြေးဖြေးချင်းနတ်ဘုရားရစ်ပလ္လင်ထက်သို့ သက်ဆင်းသွားသည်။နတ်ဘုရားရစ်ပလ္လင်၌ ထူးခြားဆန်းကြယ်လှသော အမှတ်အသား ပုံစံများပေါ်ထွက်လာသည်။သူတို့က အလွန်လျင်မြန်စွာပင် နတ်ဘုရားရစ်ပလ္လင်အပြည့်ဖြစ်သွားသည်။


ချူချန်းရှန်၏ လမ်းကြောင်းထိန်းချုပ်မှုဖြင့် နတ်ဘုရားမီးတောက်က ပလ္လင်ပေါ်တွင် အခြေကျသွားလေပြီ။


ဘုန်း...


ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ပြန့်ကားထွက်သွားသည်။ချူချန်းရှန် မျက်လုံးဖွင့်လိုက်ပြီး တိုးတိမ်သောပင့်သက်တစ်ချက်ရှိုက်လိုက်သည်။အော်ရာများကလည်း တမဟုတ်ချင်းထိုးတက်လာသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ခန္ဓာကိုယ်အတွင်းရှိ အသားအဆီကို ချိုးဖျက်လိုက်လေသည်။


သူ့၏ သုံးမီတာခန့်ခန္ဓာကိုယ်က တောက်ပလာပြီး ချက်ချင်းပင် ၆မီတာခန့် ထိ ကြီးမားလာသည်။ ၎င်း က သူ့ကို ပို၍ပင် ကြောက်စရာကောင်းလှစေသည်။


ဘုန်း...


သူပြီးပြည့်စုံစွာအဆင့်ချိုးဖောက်ပြီးသွာလေပြီ။သူ့၏နတ်ဘုရားမီးတောက်က ရစ်ပလ္လင်ထက်တွင် တောက်ပစွာ လောင်ကျွမ်းနေလေသည်။ချူချန်းရှန်၏ တ်ိုက်ခိုက်မှု စွမ်းရည်ကလည်း တဟုန်ထိုးတိုးမြင့်လာသည်။သူ ဝှိုက်တီနှင့် တိုက်ခိုက်နေသောမိုဆာဘက်သို့လှည့်လိုက်သည်။


သူက လေဟာနယ်ကို ချက်ချင်းပင် ဖြတ်သန်းသွားပြီးနောက် မိုဆာ၏ ခေါင်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်သ်ို့ ကိုင်ပေါက်ချလိုက်သည်။


ဘုန်း...


မြေပြင်က အပေါက်ကြီးဖြစ်သွားပြီး 


ဖုတ်..


ကျောက်အပိုင်းအစများ လွင့်စင်သွားသည်။ချူချန်းရှန်က သူ့၏ မျက်နာကို ပြင်းထန်လှသော လက်သီးချက်များ တရစပ် လွတ်ချလ်ိုက်သည်။


မိုဆာ လွတ်မြောက်ရန် ကြိုးစား ရုန်းကန်လိုက်သော်လည်း မကြာခင်မှာပင် ချူချန်းရှန် ပို၍သန်မာလာသည်ကို သတ်ိပြုမိလိုက်သည်။သူထိုတိုက်ခိုက်မှုများမှ မရှောင်တိမ်းနိုင်ပေ။


ချူချန်းရှန်၏ လက်သီးချက်က မိုဆာ၏ ခေါင်းပေါ်သို့ ကျရောက်လာပြီး သူ့၏ ဂျိုကို က်ျိုပဲ့ထွက်သွားစေသည်။အစားကြူးရင်ပြယ်ကျယ်ရှိ လူများက ချူချန်းရှန်၏ ကြမ်းတမ်းခတ်ထန်မှုများကို မြင်ရသောအခါတွင် မထိန်းနိုင်ပဲ တုန်ယင်နေမိသည်။


"သူတို့ရဲ့မဟာအကြီးအကဲ သူဘယ်လိုလုပ်ပြီး အဲ့ဒီလောက် ပြင်းထန်ရက်စက်တဲ့ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားရတာလဲ...အရမ်းကြောက်စရာကောင်းလွန်းတယ် အရမ်းကြမ်းတမ်းလွန်းတယ်..."


ဘုန်း...


ချူချန်းရှန်၏ လက်သီးချက်ပျံဝဲသွားပြီး နောက်ဆုံး၌ မိုဆာ၏ ခေါင်းကို ထုချေလိုက်နိုင်လေသည်။သို့သော်လည်းခေါင်းပြုတ်သွားသောမိုဆာက လက်သီးချက်တစ်ချက်ဖြင့် ချူချန်းရှန်ကို တွန်းထုတ်နေဆဲပင်ဖြစ်သည်။


ခေါင်းမဲ့နေသော ခန္ဓာကိုယ်ကြီးက လှုပ်ယမ်းနေပြီး သူ့၏ ခြေထောက်ပေါ်တွင်ရပ်တည်နိုင်ရန် ကြိုးစားနေသည်။၎င်း၏ ကြွက်သားများကလည်း ဖောင်းကားလာပြီး ချူချန်းရှန်ဆီသို့ ပြေးဝင်တိုက်ခိုက်လာသည်။


ချူချန်းရှန်၏ အဖြူရောင်ဆံပင်များက လေဟာနယ်ကို ထိုးဖောက်တော့မည့် သံမဏိအပ်များကဲ့သို့ ဖြာလွင့်သွားသည်။အသက်ပြင်းပြင်းတစ်ချင်ရှိုက်လိုက်ပြီး လက်သီးကို မြောက်လိုက်သည်။သူ့၏ အစစ်အမှန်စွမ်းအင်စီးကြောင်းများက ထိုလက်သီးဆီသို့ စီးဆင်း ဝင်ရောက်သွားပြီးနောက် ထောင်တျဲပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။


ချူချန်းရှန် မာန်သွင်းကျုံးဝါးလိုက်သည်။သူ့၏ အသံက တောင်များကိုပင် ကွဲကြေတော့မကဲ့ ကျယ်လောင်လာသည်။လက်သီး...ထိုလက်သီးချက်က ပုံရိပ်များစွာအဖြစ် တဖျတ်ဖျတ်ပြောင်းလဲသွားပြီးနောက် အဆုံးသတ်၌ ဟိန်းဟောက်နေသော ထောင်တျဲပုံရိပ်ကြီးဖြစ်လာသည်။


လေဟာနယ် အက်ကွဲသွားပြီးနောက် လေထဲ ဟောင်းလောင်းပေါက်ကြီးပင် ဖြစ်လာသည်။ထိုတိုက်ခိုက်မှုက မိုဆာ၏ ခန္ဓာကိုယ်ကို လုံးဝဆုတ်ဖြဲပစ်လ်ိုက်သည်။အကာအဝေးတစ်ခုတွင်လည်း ဝှိုက်တီက သူ့၏ နတ်ဘုရားသတ်တုတ်ကို နောက်တစ်ကြိမ်လွှဲယမ်းလိုက်သည်။


မိုချာ၏ မျက်ဝန်းများက ပြူးကျယ်လာပြီးနောက် သူ့၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားလေသည်။နောက်ဆုံး၌ နတ်ဆိုးနှစ်ကောင်လုံး သုတ်သင်ခံလိုက်ရလေပြီ။


နတ်ဆိုးနှစ်ကောင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသောအခါ ငရဲစွမ်းအင်စီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေသည်။


၆မီတာခန့် ရှည်လျားလှသော ချူချန်းရှန်ကလည်း ယခုမှသာ အသက်ရှူနိုင်သွားသည်။နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားသော ဝှိုက်တီက ပုစွန်ပိစ်ိ၏ ကျောပေါ်တွင်ရပ်နေတုန်းဖြစ်သည်။သူ့၏ နောက်ကျောဘက်ရှိ သတ္တုတောင်ပံနှစ်ခုက ဖြန့်ကားထားပြီး လေပြင်းများဖြစ်ပေါ်နေစေသည်။ကျယ်လောင်သော ပေါက်ကွဲသံများအပြီး၌ ဒဏ်ရာများနှင့် ခုနစ်ရောင်ခြယ်ကောင်းကင် စပါးအုံးမြွေကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။၎င်း၏ ရွှေရောင်အကြေးခွံများ ကွာသွားပြီး ဒဏ်ရာအကွက်များ ကျန်ခဲ့သည်။


ဆွစ်...


ထိုခုနစ်ရောင်ခြယ် ကောင်းကင်စပါးအုံမြွေကြီးက ပန်းပွင့်လေးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။မကြာခင်မှာပင် အပြီးအပြည့်စုံ ပြောင်းလဲသွားပြိးနောက် ထ်ိုကလေးမလေးက ရှောင်ယဆီသို့ ပြေးသွား၍ ငိုနေတော့သည်။


နတ်ဘုရားသားရဲကောင်းကင်စပါးအုံမြွေကြီးက အရိုက်ခံရသောကြောင့် မျက်ရည်ဖြိုင်ဖြိုင်ကျကာငိုကြွေးနေလေသည်။ပန်းပွင့်လေးက ထောင်တျဲ စားသောက်ဆိုင်ဆီသို့ ပြေးသွားလိုက်သည်။သူမ သိမြင်မှု သစ်သီးပင်ကို ကြည့်လိုက်ပြီးနောင် ထ်ိုသို့ပြေး၍ တင်းတင်းကျပ်ကျပ်ဖတ်ထားကာဆက်လက်၍ င်ိုကြွေးနေလေသည်။


မိုယဲ့က သူမကို လိုက်မဖမ်းခဲ့ပေ။သို့သော်လည်း သူ့၏ မျက်ဝန်းများထဲ၌ ဒေါသမီးလျှံများ တောက်လောင်နေသည်။


"မိုချာနဲ့ မိုဆာနှစ်ယောက်လုံး သတ်ခံလိုက်ရပြီ.."


ဘုန်း...


မိုချာနှင့် မိုဆာ၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်စီးကြောင်းနှစ်ခုထွက်ပေါ်လာသည်။၎င်းတို့က သူတို့၏ စိတ်ဝိညာဉ်များပင် ဖြစ်သည်။ထိုစိတ်ဝိညာဉ် နှစ်ခုက မိုယဲ့ဆီသို့ ဦးတည်၍ ပျံသန်းလာသည်။သူတို့၏ စိတ်ဝိညာဉ်ရှိနေသရွေ့ ပြန်လည် မွေးဖွားနိုင်ခွင့်ရှိပေသည်။


သူတို့၏နတ်ဘုရားစိတ်ဝိညာဉ် ရှိနေသရွေ့ ငရဲကမ္ဘာသ်ို့ပြန်လည်သွားရောက်ဖို့က ခက်ခဲလိမ့်မည်မဟုတ်ပေ။စိတ်သက်သာရာရနေသော မိုချာနှင့် မိုဆာ၏ စိတ်ဝိညာဉ် နှစ်ခုက ရုတ်တရက် ကြောက်လန့်သွားလေသည်။


ကောင်းကင်ယံထက်တွင် မေလွင့်နေသော မိုယဲ့၏ ထောင်လ်ိုက် မျက်လုံးနှစ်လုံးက ပွင့်ဟလာသည်။မျက်လုံးတစ်လုံးက အဆုံးမရှိသကဲ့သို့ မဲမှောင်နေ၏။ထိုမျက်လုံးက မိုချာနှင့် မိုဆာကို ဆုပ်ယူလိုက်၏။


"ဟမ်း...ပိုးမွှားကောင်တွေ မင်းတို့က မိုချာနဲ့ မိုဆာကို သတ်ရဲတယ်ဟုတ်လား ငါမင်းတို့ကို အဆုံးသတ်ပေးမယ်..."


ထိုဒေါင်လ်ိုက်မျက်လုံးနှစ်လုံးက စတင်လည်လာသည်။မျက်လုံးတစ်လုံးက နက်မှောင်နေဆဲတွင် တစ်လုံးက ရောင်စုံများဖြာထွက်နေသည်။၎င်းတို့နှစ်ခုလုံးကို ကြည့်ရသည်က ထူးခြားဆန်းကြယ်လှသည်။


ရုတ်တရက် မိုယဲ့က ချာခနဲလှည့်လိုက်သည်။သူ့၏ မျက်ဝန်းမှ အနက်ရောင်ပိုးချည်မျှင်နှင့်တူလှသော စွမ်းအင်များ ထွက်ပေါ်လာသည်။သူ့၏ လှုပ်ရှားမှုက လျင်မြန်လှသောကြောင့် ချူချန်းရှန် တုံ့ပြန်ချိန်မရလိုက်ပေ။


ဝှိုက်တီက လှုပ်ရှားချိန်ရလိုက်သော်လည်း သူ နတ်ဘုရားသတ်တုတ်ကို ဆုပ်ကိုင်ရုံသာ တက်နိုင်လိုက်သည်။သို့သော်လည်း ထိုအနက်ရောင်စွမ်းအင်က နတ်ဘုရားသတ်တုတ်ကို တွန်းထုတ်လိုက်သည်။ထို့နောက် ထိုစွမ်းအင်စီးကြောင်းက အာကာသနတ်သမီးဆီသို့ဆက်လက်ဦးတည်သွားလေသည်။


ရိုက်ခတ်သံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် အာကာသနတ်သမီး၏မျက်နာက ဖြူဖျော့သွားသည်။သူမ၏ မျက်နာကာ အဖြူလေးက သူမသွေးများဖြင့် စွန်းထင်းသွားလေသည်။ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်၏ အကာအကွယ်စက်ဝန်းက ချက်ချင်းပင် ပြိုကွဲသွားပြီး ချူချန်းရှန်နှင့် ဝှိုက်တီတို့ကို ထောက်ပံ့ပေးထားသော စွမ်းအင်များ ပျောက်ကွယ်သွားသည်။


"ကောင်းကင်ဘုံကြယ်တာယာဖမ်းကွန်ရက်ရဲ့အထောက်အကူသာမရှိဘူးဆိုရင် မင်းတို့ ဘာများတက်နိုင်သေးလဲ ..."


ကောင်းကင်ပေါ်တွင် လွင့်မျောနေသောမိုယဲ့ကကျေနပ်စွာပြုံးလိုက်သည်။သို့သော်လည်းငရဲစွမ်းအင်လှိုင်းများက ခြုံလွှာတစ်ခုအလား ကောင်းကင်ယံကို ဖုံးလွှမ်းလာလေသည်။