အပိုင်း ၈၃၁
Viewers 53k

အခန်း ၈၃၁

ပုစွန်တစ်ကောင်က ငါ့ကို တိုက်ခိုက်ရဲတယ်လား...


အာကာသနတ်သမီး၏ မျက်နာက ဖြူဖျော့သွားပြီး သွေးချောင်ဆိုးလိုက်သည်။သူမ၏ မျက်နာကာသည်လည်း သွေးစွန်းထင်းသွားလေသည်။သူမက ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်ကို ပြီးပြည့်စုံစွာ မထိန်းချုပ်နိုင်ခဲ့ပေ။တိုက်ခိုက်မှု ခံယူပြီးနောက် အလင်းအကာကွယ်က ပျက်စီးသွားခဲ့ပေပြီ။


 ထိုသက်ရောက်မှုက သူမကို မောပန်းနွမ်းနယ်သွားပြီး သွေးအန်သွားစေသည်။အစားကြူးတောင်ကြားက အနိုင်ရတော့မည်ဟု တွေးထင်ခဲ့သည် သူများအားလုံးလည်း တိတ်ဆိတ်သွားခဲ့သည်။


သူတို့၏ လည်ချောင်းဝတွင် တစ်ဆို့နေပြီး စကားလုံးတစ်လုံးမျှသာ ထုတ်မပြောနိုင်တော့ပေ။သူတို့ ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုကို ထပ်တူ ခံစားနေရလေသည်။


မိုချာနှင့် မိုဆာ၏ ဝိညာဉ် ကို ဝါးမြိုပြီးနောက် မိုယဲ့၏ အော်ရာက ပို၍ လွှမ်းမိုးနိုင်စွမ်းရှိလာသည်။သူ့၏ ပတ်ပတ်လည်တွင် သိပ်သည်းလှသော အနက်ရောင်တိမ်များ မျောလွင့်နေပြီး အောက်ဘက်ရှိအရာရာကို ပြင်းထန်စွာ ဖိနှိပ်လာလေသည်။ထိုဖိအားကြောင့်တစ်ချို့ကြည့်ရှုနေသူများ အသက်ပင်မရှုနိုင်ကြတော့ပေ။


မိုယဲ့၏ နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွားသည်။သူ့နဖူးပေါ်ရှိ မျက်ဝန်းတစ်စုံက ပွင့်နေပေသည်။မျက်လုံးတစ်လုံးကအောက်ခြေမရှိတော့သကဲ့သို့ နက်မှောင်နေပြီး ဆုပ်ယူအားပြင်းထန်လှသည်။


တခြားမျက်လုံးတစ်လုံးကမူ ရောင်စုံ အလင်းများ လှည့်ပတ်နေပြီး လူအိုကြီးများ၏ စိတ်ဝိညာဉ်ကို ဆွဲယူနေပေသည်။ဒီနတ်ဆိုးကောင်က မိုယဲ့နှင့် မိုချာထက်သန်မာပေသည်။သူက ခုနစ်ရောင်ခြယ် ကောင်းကင်စပါးအုံမြွေကြီးကိုပင် ရိုက်နှက်ပြီး ငိုအောင်လုပ်ခဲ့လေသည်။


၎င်းကပင် သူ့၏ အင်အားကို သက်သေပြဖို့ လုံလောက်နေပေပြီ။ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်၏ ထောက်ပံ့မှုမရှိတော့သောကြောင့် ချူချန်းရှန်နှင့် ဝှိုက်တီတို့၏ အော်ရာများကလျင်မြန်စွာ ပြန်လည်ကျဆင်းလာသည်။


သူတို့၏ စွမ်းအင်အဆင့်ကလည်း အဆင့်ကြီးတစ်ဆင့် ကျဆင်းသွားသည်။ထိုအချက်ပင် ကြယ်တာယာဖမ်း ကွန်ရက် မည်မျှ စွမ်းအားပြင်းသည်ကို သက်သေပြနေခဲ့သည်။ချူချန်းရှန်၏ ကြွက်သားများက ဖောင်းကားနေသည်။သူ့၏ ဆံနွယ်ဖြူများကလည်း ထက်မြေ့လှသော သွားများအလား လေအ ရှိန်ဖြင့် လွင့်ခါနေသည်။


ကျား...


မျက်တောင်တစ်ခတ်အတွင်းမှာပင် အာကာသနတ်သမီး ထိခိုက်သွားလေသည်။၎င်းက ချူချန်းရှန်ကို ဒေါသတကြီး မာန်သွင်းလိုက်စေသည်။သို့သော်လည်း မိုယဲ့ကဲ့သို့ နတ်ဆိုးနှင့်ရင်ဆိုင်ရသည့်အခါ၌ ချူချန်းရှန်ပင်လျှင်ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။


ချူချန်းရှန်က မြေပြင်ပေါ်လက်သီးနှင့် ထိုးချလိုက်ပြီး ဟစ်ကြွေးလိုက်သည်။မြေပြင်က အက်ကွဲသွားသည်။ထိုအခိုက်အတန့်၌ လူများသည် ထိုနေရာနှင့် ၆မီတာခန့်ရှည်လျားသော ဧရာမပုံရိပ်ကြီးရပ်နးနေသည်ကို တွေ့လိုက်ရသည်။


ဧရာမ ချူချန်းရှန်၏ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းသော အော်ရာများထွက်ပေါ်နေသည်။သူ့၏ နတ်ဘုရားမီးတောက်ကို ဖွဲ့တည်ပြီးနောက် နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိသွားခဲ့လေပြီ။


ချူချန်းရှန် ပိုသန်မာလာသည်ကို ခံစားမိသည်။သို့သော်လည်း ထောင်တျဲနှလုံးသား၏ စွမ်းအင်များက အချိန်အတိုအတွင်း တိုးမြင့်လာလိမ့်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ချူချန်းရှန်၏ ခန္ဓာကိုယ်က ၎င်းစွမ်းအင်များကို ပိုလွန်၍ ဆုပ်ယူထားမိသောကြောင့်ဖြစ်သည်။


ကောင်းကင်ထက်တွင်ရှိသော မိုယဲ့က ခံစားချက်မဲ့လှသော အမူအရာဖြင့် ရပ်တည်နေသည်။သူက မိုဆာကို သတ်ခဲ့သောလူနှင့်ရင်ဆိုင်နေရသော်လည်း စိုးရိမ်မှုမရှိပေ။


သူက သားရဲတစ်ကောင်နှင့်တူနေသော ချူချန်းရှန်ကိုကြည့်၍ ဖြေးညှင်းစွာဖြင့် လက်မြောက်လိုက်သည်။သူ့လက်မောင်းတစ်လျှောက် လိုင်းများဖြင့် ပြည့်နှက်နေပြီး မြောက်များလှစွာသော စွမ်းအင်လှိုင်းများ စုစည်းနေလေသည်။


ချူချန်းရှန် ဟိန်းဟောက်လိုက်ပြီး မိုယဲ့ဆီသို့ လက်တစ်ဖက် လွှဲယမ်းလိုက်သည်။သူ့၏ အော်သံက လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။သို့သော်လည်း 


ဘုန်း...


ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။သို့သော်လည်း တိုက်ခိုက်မှုက ပစ်မှုကို မထိလိုက်ပေ။သူ့၏ လက်ဝါးချက်မရောက်ခင်မှာပင် မိုယဲ့၏ ရှေ့၌ အနက်ရောင် အကာအကွယ်တစ်ခုပေါ်လာပြီး တိုက်ခိုက်မှုကို ခုခံလိုက်လေသည်။


"ကောင်းကင်ဘုံ ကြယ်တာယာဖမ်း ကွန်ရက်ရဲ့ ထောက်ပံ့မှုမရှိတော့တာတောင်မှ မင်းက တိုက်ချင်နေသေးတယ်လား ..."


မိုယဲ့ အေးစက်စွာ မေးလိုက်သည်။ချူချန်းရှန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ ကျယ်လောင်စွာ ထပ်မဲ ဟစ်ကြွေးလိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်လေသည်။


ထန်း...


အနက်ရောင်စွမ်းအင်များ၏ တွန်းကန်မှုကို ထပ်မံ ခံလိုက်ရသော်လည်း မိုယဲ့ကမူ တစ်ဖဝါးမှ မရွေ့သွားပေ။ချူချန်းရှန် လုံးဝ ဒေါသထွက်သွားလေသည်။သူ့၏ လက်သီးကို အဆက်မပြတ်လွှဲယမ်းလိုက်ပြီး ထိုအကာအကွယ်ကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။


သို့သော်လည်း သူတစ်ကြိမ်ပြီးတစ်ကြိမ် ကျဆုံးသွားသည်။သူအကြိမ်ပေါင်းများစွာ ထိုးနှက်နေသော်လည်း ထိုအကာအကွယ်က အနည်းငယ်မျှ လှုပ်ရှားသွားမှုမရှိပေ။


"အရမ်းအားနည်းလွန်းတယ် အားနည်းတဲ့ ကြက်ပေါက်လေးပဲ ..."


မိုယဲ့က ခပ်ဖြေးဖြေးခေါင်းခါလိုက်ပြီး သက်ပြင်းအသာချလိုက်သည်။ထို့နောက် သူ့၏ လက်ကို မြောက်လိုက်သည်နှင့် ငရဲစွမ်းအင်များက ထိပ်၌ စုစည်းလာလေသည်။


ခဏအတွင်းမှာပင် သိပ်သည်းလှသောငရဲ စွမ်းအင်များကို ပစ်လွှတ်လိုက်လေ၏။ထိုငရဲစွမ်းအင်များက ချူချန်းရှန်ကို တည့်မတ်စွာတိုက်ခိုက်လိုက်လေသည်။


ချူချန်းရှန်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူနေရာ၌ ရပ်တည်မနေနိုင်တော့ပဲ ယိမ်းထိုးသွားကာ လေထဲ လွင့်တက်သွားလေသည်။လေထဲရှိ မိုယဲ့၏ ခန္ဓာကိုယ်က လျှပ်တစ်ပြတ် အတွင်းမှာပင် ပျောက်ကွယ်သွားပြီး ချူချန်းရှန်၏ နောက်၌ ပေါ်ထွက်လာလေသည်။


သူချူချန်းရှန်ကို စောင့်ကန်လိုက်ပြီး သွေးများ ဖြာဆင်းကျသွားစေသည်။မိုယဲ့၏ ခြေထောက်က ထက်မြက်လှသော ဓားတစ်စင်းလိုပင် ချူချန်းရှန်၏ ကြွက်သားများကို ထိုးခွဲသွားသည်။


ချူချန်းရှန်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။အက်ကွဲပြီးသားမြေပြင်က နောက်တစ်ဖန် ပေါက်ကွဲသွားပြန်သည်။ကြည့်နေသူများအားလုံး လေအေးတစ်ရှိုက် ရှိုက်လိုက်မိကြသည်။


ကြည့်နေသူများအားလုံး လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။လေထဲ၌ရပ်တည်နေသောမိုယဲ့၏ ဝတ်ရုံရှည်က တဖျတ်ဖျတ်လွင့်ခါနေသည်။ချူချန်းရှန် ပြုတ်ကျသွားသော နေရာထက်၌ မျောလွင့်နေ၏။


ငရဲစွမ်းအင်များက သူ့လက်ဖဝါးထက်၌ စွမ်းအင်လုံးတစ်လုံးအဖြစ်သို့ စုစည်းလာလေသည်။ထိုစွမ်းအင်လုံးက ပစ်မှတ်ကို ထိမှန်သွားပြီး ပေါက်ကွဲထွက်သွားလေသည်။ပြင်းထန်လှသော ဖိအားတစ်ရပ်ကြောင့် လေပြင်းလှိုင်းများ ပြန့်ကားသွားစေသည်။၎င်းက လမ်းမရှည်တစ်လျှောက် ရှိရှိသမျှအရာရာအားလုံးကို ဖျက်စီးပစ်တော့မလို ထင်ရသည်။


ထိုစွမ်းအင်များကြောင့် မြောက်များလှစွာသော အဆောက်အဦးများ ကွဲအက်သွားကြသည်။သို့သော်လည်း ပုဖန်၏ ထောင်တျဲ စားသောက်ဆိုင်ကမူ မည်သည့်အရာနှင့်မှ ထ်ိခတ်ခြင်းမရှိသကဲ့သို့ တည်ငြိမ်စွာ ကျန်ရှိနေတုန်းပင်ဖြစ်သည်။


စားသောက်ဆိုင်အတွင်း၌ ပန်းပွင့်လေးသည် သိမြင်မှုသစ်သီးပင်က်ိုဖတ်၍ ရှိုက်ငိုနေဆဲဖြစ်သည်။သူမအလွန်တရာ ဝမ်းနည်းကြေကွဲနေပုံပေါ်သည်။


"အခုတော့ မင်းရဲ့အလှည့်ပဲ ..."


ချူချန်းရှန် ရင်ဆိုင်ပြီးသည်နှင့် အနောက်ဘက်သို့ လှည့်လိုက်သည်။ဝှိုက်တီက ပုစွန်ပိစိ၏ ကျောပေါ်တွင် ရပ်နေဆဲဖြစ်သည်။သူ့၏ စက်ရုပ်မျက်ဝန်းများထဲတွင် ခံစားချက်တစ်စုံတစ်ရာမှ ထင်ဟပ်မနေပေ။


သူ့၏ သစ်ရွက်ပုံလက်မှ ဆုပ်ယူအားတစ်ခုပေါ်လာပြီး နတ်ဘုရားသတ်တုတ်က သူ့လက်ထဲ ပြန်ရောက်လာသည်။ထို့နောက်ဆူညံသော လေတိုးသံများနှင့်အတူ ဝှိုက်တီ၏ နေုက်ကျောဘက်ရှိ တောင်ပံတစ်စုံက ပြန့်ကားလာသည်။


ဝီ...


ဝှိုက်တီ တောင်ပံတစ်ချက်ခတ်လိုက်သည်။ပုစွန်ပိစ်ိကို စီးနင်း၍ လျှပ်စီးတန်းအလား လှုပ်ရှားလိုက်လေသည်။၎င်း၏ အရှိန်က လေထုဖိအားကိုပင် တိုးပွားလာစေသည်။


သူနတ်ဘုရားသတ်တုတ်ကို လွှဲယမ်းလိုက်သည်။၎င်းက လွှမ်းမိုးနိုင်စွမ်းသော အော်ရာများက်ို သယ်ဆောင်သွားသည်။သူ မိုယဲ့ ရပ်နေရာနေရာသို့ ချိန်ရွယ်၍တိုက်ခိုက်လိုက်၏။


လက်တစ်ဖက်ကို နောက်ပစ်၍ ရပ်နေသော မိုယဲ့ကခပ်ဟဟလှောင်ရယ်ရယ်လ်ိုက်သည်။သူ သူ့ဆီသ်ို့ နီးကပ်လာသော ဝှိုက်တီ၏ တ်ိုက်ခိုက်မှုကို မတုန်မလှုပ်ကြည့်နေလေသည်။


"ဒီသံလုံးကောင်က တော်တော်လေးစိတ်ဝင်စားစရာကောင်းတာပဲ.. "


ဘုန်း...


ရုတ်တရက် မိုယဲ့၏ မျက်ဝန်းများကျဉ်းမြောင်းသွားသည်။သူ့၏ ငရဲစွမ်းအင်အကာအကွယ်က နတ်ဘုရားသတ်တုတ်၏ ထိုးနှက်ခြင်းကို ခံလိုက်ရလေသည်။


ထို့အပြင် ၎င်းက ရပ်တန့်မသွားသေးပဲ သူ့ဆီသို့ ဆက်လက်ကျဆင်းလာသည်။မိုယဲ့ လက်တစ်ဖက်ကို ဆန့်ထုတ်၍ နတ်ဘုရားသတ်တုတ်ကို တားဆီးလိုက်သည်။ထိုအခိုက်အတန့်၌ အချိန်များပင် အေးခဲ ရပ်တန့်သွားသလိုမ်ျိုးထင်ရသည်။


ကောင်းကင်ပေါ်၌ ရပ်တန့်နေသော ပုံရိပ်သုံးရိပ်ကိုကြည့်၍ ကြည့်ရှုနေသူများအားလုံး အသက်မရှုရဲကြပေ။ဝှိုက်တီက ပိုင်ရှင်ပု ပိုင်ဆိုင်သော စားသောက်ဆိုင်၏ အစောင့် ရုပ်သေးရုပ်ဖြစ်သည်။


အစားကြူးတောင်ကြားရှိ လူများစွာက သူ့ကို မှတ်မိကြလေသည်။တစ်ချို့ဆိုလျှင် သူ့၏ တိုးတက်မှုဖြစ်စဉ်ကိုပင် မျက်မြင်တွေ့ဖူးကြသည်။ဝှိုကိတီ အစားကြူးတောင်ကြားထဲသို့ ပထမဆုံးရောက်ရှိလာစဉ်က ထိုမျှမသန်မာမ်ိပေ။သို့သော်လည်း ယခုမူ သူ့၏ စွမ်းအားက အားလုံးနားလည်နိုင်သည်ထက် ကျော်လွန်နေပေပြီ။


လူများစွာက ဝှိုက်တီ မည်မျှထိ သန်မာသည်ကို သိချင်စိတ်ပြင်းပြနေကြသည်။မည်သို့ပင်ဆိုစေ ဝှိုက်တီက နတ်ဘုရားသတိတုတ်ကိုသာ ဆွဲကိုင်၍ သန့်စင်နယ်မြေမှ သူတော်စင်အများအပြား ကို ဖိနှိပ်ခဲ့သည်ဖြစ်သည်။


"ပိုင်ရှင်ပုက သန့်စင်နယ်မြေက ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ ဒီရုပ်သေးရုပ်ကို အထူးတာဝန်ပေးထားတာလား...သူတို့က သန့်စင်နယ်မြေတွေက်ိုများ ဝါးမြိုဖို့ ကြံစည်နေတာလား..."


ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူ့၏ မျက်ဝန်းထဲမှ အနက်ရောင်အလင်းစက်လေးတစ်ခု ရွေ့လျားသွားပြီးနောက် တုတ်ကို အနောက်သို့ ပြန်ဆွဲယူလိုက်သည်။နတ်ဘုရားသတ်တုတ်က မိုယဲ့၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားပြီး ဝှိုက်တီဆီသို့ ပြန်ရောက်လာခဲ့သည်။ထ်ို့နောက် သူ မိုယဲ့၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်၍ ထပ်မံ တိုက်ခိုက်လိုက်သည်။


မိုယဲ့က ကောင်းကင်ယံဆီသို့ ထွက်ပြေးပျံသန်းလိုက်သည်။သို့သော်လည်း နတ်ဘုရားသတ်တုတ်က သူ့ကိုသာ ခြေရာခံထားသလ်ို ထပ်ကြပ်မကွာလိုက်ပါလာလေသည်။


အခြေအနေက တကယ်ကို ပြင်းထန်နေသည်။မိုယဲ့က သူ့လက်တစ်ဖက်ကို မြောက်လိုက်ပြီး ပျံသန်းလာနေသော နတ်ဘုရားသတ်တုတ်ဆီသ်ို့ လက်ညှိုးညွှန်လိုက်သည်။


ရုတ်တရက် ထ်ိုနတ်ဘုရားသတ်တုတ်က အနောက်ဘက်သို့ ပြန်လည်ယိမ်းထိုးသွားလေသည်။ဝှိုက်တီ သူ့၏ တောင်ပံကိုတစ်ချက်ခတ်လ်ိုက်ပြီး ပုစွန်ပိစိနှင့်အတူ ကောင်းကင်ယံဆီသို့ ထ်ိုးတက်လိုက်သည်။


သူအနောက်ဘက်သို့ လွင့်လာသော နတ်ဘုရားသတ်တုတ်ကို ဆုပ်ကိုင်လိုက်ပြီး ၃၆၀ ဒီဂရီ လွှဲယမ်းကာ မိုယဲ့ကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။


ဖျောက်...


လေဟာနယ်ထိုးဖောက်ခံလိုက်ရပြီး မြင်သာသော အပေါက်များဖြစ်ပေါ်လာသည်။သို့သော်လည်း မိုယဲ့က ထ်ိုနေရာမှ ပျောက်ကွယ်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်းကင်ယံ၏ တစ်နေရာ၌ ပြန်လည်ထွက်ပေါ်လာသည်။


ဝေါ ဝေါ ဝေါ...


တစ်ချိန်တည်းမှာပင် မိုယဲ့က ဆက်တိုက်လှုပ်ရှားလိုက်သည် ။သူ့၏ အရှိန်က လျင်မြန်လွန်းလှသောကြောင့် ဒီတစ်ကြိမ် ဝှိုက်တီ မတုံ့ပြန်နိုင်ဖြစ်သွားလေသည်။


ဝှိုက်တီလွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ဝှိုက်တီ၏ သတ္တုတောင်ပံက ခေါက်သွားပြီး မြေပြင်၌ အပျက်အစီးများဖြစ်ပေါ်သွားသည် ။


ကောင်းကင်ယံထက်၌ မိုယဲ့၏ ဒေါင်လိုက်မျက်ဝန်းများမှလည်း အနက်ရောင် စွမ်းအင်လှိုင်းများ ပစ်လွှတ်လိုက်ပြန်သည်။ထိုစွမ်းအင်များက မြေပြင်ပေါ်သို့ ကျသွားပြီး ဝှိုက်တီကို သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။လေထဲတွင် ကျန်ရစ်ခဲ့သော ပုစွန်ပိစိက သေးငယ်သောပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။


၎င်း၏ အရှိန်က ရွှေလွန်းပျံယာဉ်ကဲ့သ်ို့ပင် လျင်မြန်လှသောကြောင့် လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်း ရည်ရွယ်ရာနေရာသို့ ရောက်ရှိလာလေသည်။


ဆွစ်...


မိုယဲ့၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူ့၏ တိုက်ခိုက်မှုများ ရပ်တန့်သွားလေသည်။ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို မြေကြီးထဲထိုးစိုက်လိုက်ပြီးနောက် မော့ကြည့်လိုက်သည်။မိုယဲ့၏ ကိုယ်ပွားများက ပျောက်ကွယ်သွားပြီးနောက်အစစ်အမှန်ခန္ဓာကိုယ်တစ်ခုသာ ကျန်ရှိနေလေသည်။


မိုယဲ့ လက်မြောက်၍ သူ့၏ပါးပြင်ကို စမ်းလိုက်သည်။သူ့၏မျက်နာ၌ ပျက်ရှရာတစ်ခုရှိနေလေသည်။သူ ဒီမတိုင်ခင်က တိုးညှင်းသော ဆွစ်ခနဲ အသံလေးကို ကြားလိုက်ရပြီးနောက် ဒဏ်ရာမှ သွေးများစီးဆင်းလာသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။


"မင်း မင်းက ငါ့ကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့..."


မိုယဲ့သူ့လက်၌ သွေးများ ပေလာသည်ကို တွေ့လိုက်ပြီးနောက် ဒေါသများပေါက်ကွဲကာ ရွှေရောင်ပုစွန်ပိစိကို ကြည့်လ်ိုက်လေသည်။


"မင်းက သေချင်နေတာပဲ..."


သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလာလေသည်။မိုယဲ့ နဖူးထက်ရှိ ဒေါင်လိုက်မျက်ဝန်းဆီမှ အဖြူအနက် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။


ထိုအလင်းတန်းက လျင်မြန်လှသော အရှိန်နှုန်းဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် ပုစွန်ပ်ိစိဆီသ်ို့ ရောက်ရှိလာသည်။ပုစွန်ပိစိက ရွှေရောင်အလင်းတန်းသဖွယ်ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။


၎င်းက အလွန်ပင်မြန်ဆန်လှသည်။ကြည့်ရှုနေသူများက ရွှေရောင်အလင်းတန်းလေးတစ်ခုကိုသာ မြင်လိုက်ရသည်။မိုယဲ့၏ တိုက်ခိုက်မှုက ကျဆုံးသွားလေသည်။


စွမ်းအင်တစ်မျှင်မှ ပုစွန်ပ်ိစိကို မထိလိုက်ပေ။သူ့၏ တိုက်ခ်ိုက်မှုက လွဲချော်သွားသည်ဆိုသော်လည်း ထ်ိုစွမ်းအင်ကြောင့် မြေပြင်ပေါ်၌ အပျက်အစီးများ ပိုမို ဖြစ်ပေါ်လာသည်။


ပျက်စီးပြီးသားကမ္ဘာမြေက ပို၍ ပျက်စီးသွားလေသည်။ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်၍ အားနည်းနေသောအာကာသနတ်သမီး၏ ရှေ့တွင် ကာကွယ်ရပ်လိုက်သည်။


ထို့နောက် လက်နှစ်ဖက်ဖြင့် နတ်ဘုရားသတ်တုတ်ကို လှည့်လ်ိုက်ခါ ကြီးမားလှသော လေပွေတစ်ခု ဖြစ်ပေါ်လာစေလိုက်သည်။ကြောက်ကာမက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းများက ထိပ်တိုက်တွေ့ဆုံကာပေါက်ကွဲသံများထွက်ပေါ်လာလေသည်။


ဘန်း ဘန်း ဘန်း...


စွမ်းအင်များအားလုံးက ဝှိုက်တီ နတ်ဘုရားသတ်တုတ်လှည့်ဖြင့် ဖယ်ရှားခံလိုက်ရသည်။ထိုစွမ်းအင်တစ်ခုမှ ဝှိုက်တီကို မထိသော်လည်း အကြိမ်တိုင်း သူအနောက်သို့ ဆုတ်သွားခဲ့ရသည်။


ကောင်းကင်ယံထက်၌ စွမ်းအင်လှိုင်းများ ရုတ်တရက် ပြန့်ကျဲသွားသည်။မိုယဲ့က ရွှေ့ပြောင်းအစီအရင် သုံးလိုက်သလိုမျိုး လျင်မြန်စွာ ရွေ့လျားသွားပြီးနောက် ထွက်ပြေးသွားသော ပုစွန်ပိစိကို ဖမ်းချုပ်လိုက်သည်။


ပုစွန်ပိစိက ဖမ်းမိခံလိုက်ရသည်နှင့် သူ့၏ မျက်ဝန်းများကို လှည့်လိုက်ပြီး ပါးစပ်မှ အမြှုပ်တစီစီ မှုတ်ထုတ်ကာ အပြစ်ကင်းဟန်ဖြင့် ကြည့်လိုက်သည်။


"လက်တောက်လောက် ပုစွန်တစ်ကောင်က ငါ့ကို နာကျင်အောင်လုပ်ရဲတယ်..."


မိုယဲ့က ချစ်စရာကောင်းဟန် ဟန်ဆောင်ထားသော ပုစွန်ပိစိကို ကြည့်လိုက်သည်။သူ့၏ ပါးပေါ်မှ ဒဏ်ရာကပျောက်ကွယ်သွားပြီး အမာရွတ်သာကျန်ခဲ့သော်လည်း သူ့၏ ဒေါသများကို မဖြေဖျောက်နိုင်သေးပေ။


သူ့၏ လက်ဖဝါး၌ အားထည့်၍ ပုစွန်ပိစိကို သေအောက်ဖျစ်ညှစ်ရန် ကြိုးစားလိုက်သည်။ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ကြည့်ရှုနေသူများအားလုံးလည်း တွေဝေငေးမောသွားကြသည်။


ထောင်တျဲစားသောက်ဆိုင်နှင့်အနီးလေဟာနယ်ထဲတွင် အဖြူရောင်အလင်းစက်ငယ်များ ပေါ်ထွက်လာကာ ဆန်းကြယ်သော အစီအရင်တစ်ခု ဖြစ်တည်လာလေသည်။


လေများပြင်းထန်စွာ တိုက်ခတ်လာသည်။ခဏအကြာ၌ အရူးအမူးတိုက်ခိုက်နေသော လေကြမ်းထဲမှ ပုံရိပ်လေးခု ထွက်ပေါ်လာလေသည်။