အခန်း ၈၃၂
ဒီခွေးဘုရင်က သူငိုတဲ့ထိရိုက်ချင်တယ်...
မိုယဲ့ ရုတ်တရက် အေးခဲ တောင့်တင်းသွားသည်။သူ မျက်ဝန်းများမှေးစင်း၍ သူနှင့် သိပ်မဝေးသော စားသောက်ဆိုင်ကို ကြည့်လိုက်သည်။ကြည့်ရှုနေသူများ၏ အကြည့်ကလည်း အလင်းစက်ကလေးများက ဆန်းကြယ်သော အစီအရင်ပုံစံ ဖြစ်ပေါ်လာသည့်နေရာသို့ ရောက်ရှိသွားသည်။
အစီအရင်က လျင်မြန်စွာဖြင့် လည်ပတ်လာပြီး သိပ်သည်းလှသောစွမ်းအင်များကို ထုတ်လွင့်လာသည်။နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ လေများ ပြင်းထန်စွာတိုက်ခတ်လာပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများသဲများကိုပင် လွင့်ပါသွားစေသည်။
ထိုသဲမုန်တိုင်းလေထဲမှ ပုံရိပ်လေးခု ထွက်ပေါ်လာလေသည်။လေပြင်းတိုက်ခတ်မှုက တဖြေးဖြေးငြိမ်သက်သွားပြီး လေများက ထင်ရှားလာသည်။ပုဖန်၏ ဆံနွယ်များက စည်းနှောင်ထားခြင်းမရှိသောကြောင့် လေအရှိန်ဖြင့် လွင့်ခါနေသည်။
နယ်သာရီ၏ဆံနွယ်နက်များကလည်း သူမ၏ခါးအထက်၌ လွင့်ဝဲနေသည်။လှပသွယ်လျသော ခြေထောက်လေးကို လှုပ်ရှားလိုက်ချိန်၌ ကြည့်ရှုနေသူများ၏ အကြည့်များကို ဆွဲဆောင်သွားပြီး အသက်ရှုမှားသွားစေသည်။
တတိယလူကို ကြည့်ရသည်မှာ အနည်းငယ်ထူးဆန်းနေသည်။သူ့၏ မျက်နာက အမျိုးသမီးတစ်ယောက်ကဲ့သို့ အပြစ်အနာဆာကင်းကာ ချောမောလှပပြီး ဆွဲဆောင်မှုရှိလှသည်ဆိုသော်လည်း အစပ်ချောင်းကို အားပါးတရဖြင့် ပျော်ပျော်ကြီးစုပ်နေလေသည်။
ထိုသူက အစပ်ချောင်းချစ်သူ ငရဲဘုရင်အာဟ ပင်ဖြစ်သည်။နောက်ဆုံးပုံရိပ်က ခွေးဘုရင်ပင်ဖြစ်၏။သူ့၏ အဆီပြင်များ ယမ်းခါ၍ လျှောက်လာပြီး ကျယ်လောင်စွာပင် သန်းဝေလိုက်သည်။
ထို့နောက် ကြောင်တစ်ကောင်ကဲ့သို့ တင့်တယ်လှသော ခြေလှမ်းမျိုးဖြင့် စားသောက်ဆိုင်ဆီသို့လှမ်းလိုက်သည်။သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း တင်ပဆုံကလည်း လှုပ်ခါယမ်းနေလေသည်။
ခရီးသွားလိုက်ရခြင်းက ခွေးဘုရင်ကို ပင်ပန်းနွမ်းနယ်သွားစေသည်။ယခုတွင် သူလဲလျောင်း၍ ကောင်းကောင်းအိပ်စက်ချင်နေပေပြီ။ဒါပေါ့...သူမအိပ်ခင် နံရိုးချိုချဉ်ကြော်လေး စားလိုက်ရမယ်ဆိုရင်တော့ အရာရာက ပို၍ကောင်းသွားလိမ့်မယ်...
ခွေးဘုရင်က လျင်မြန်စွာပင်ဖြတ်ကျော်လျှောက်သွားလေသည်။ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများက နှေးကွေးသည်ဟု ထင်ရစေသော်လည်း မျက်တောင်တစ်ချက်မခတ်ရသေးခင်မှာပင် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။
ဆိုင်ထဲ ရောက်သည်နှင့်သူ့၏ ငိုက်မြည်းနေသော အကြည့်များက သိမြင်မှု သစ်သီးပင်ဆီသို့ ကျရောက်သွားပြီး ချက်ချင်းမျက်လုံးပြူးသွားလေသည်။အဘယ်ကြောင့်ဆိုသော် သိမြင်မှုသစ်သီးပင်အောက် သူအိပ်နေကြနေရာ၌ တစ်စုံတစ်ယောက်ရှိနေသောကြောင့်ဖြစ်သည်။
ထိုကလေးမလေး ပန်းပွင့်လေးက သစ်ပင်ကို ကျစ်ကျစ်ပါအောင်ဖတ်ကာ အဆက်မပြတ် ငိုကြွေးနေလေသည်။သူမ၏ မျက်နာ၌ မျက်ရည်များ နှပ်များ ပေပွနေပုံမှာ သနားစရာပင်ကောင်းလှသည်။ခွေးဘုရင် အံ့အားသင့်စ်ိတ်ရှုပ်ထွေးသွားသည်။
"ဘာတွေများဖြစ်သွားတာလဲ..."
သဘာဝကျစွာပင် သူ့၏ ဘေးနား၌ အမြဲထိုင်ကာ စွမ်းအင်ကျင့်ကြံလေ့ရှိသည့် ပန်းပွင့်လေးကို သူကလည်း ကောင်းစွာသိထားပေသည်။ထိုကလေးမလေး သူ့ဘေးနား၌ လာရောက်မှီသည့် တစ်ချိန်လုံး သူ မည်သည့်အာရုံစိုက်မှုကိုမှ မပေးခဲ့ဖူးပေ။
ကလေးမလေးက သူ့၏ အမွှေးများကို ညှင်ညှင်သာသာ ပွတ်သပ်ပေးလာသည့်အချိန်၌ပင် နှာခေါင်းရှုံ့ရုံသာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ယခုမူ ထိုကလေးမလေးက အလွန်အမင်း သနားစရာကောင်းနေလေသည်။သူမ၏ ခန္ဓာကိုယ်၌ သွေးများပေစွန်းနေရုံသာမက သိမြင်မှုသစ်သီးပင်ကိုဖတ်၍ နှလုံးကွဲကြေမတတ်ငိုကြွေးနေလေသည်။
"သူမ ဘယ်လောက်တောင်များ ဝမ်းနည်းနေတာလဲ ..."
ခွေးဘုရင် ပန်းပွင့်လေးဆီသို့ လျှောက်သွားလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ပန်းပွင့်လေးကလည်း ခွေးဘုရင်၏ အော်ရာများကို ခံစားမိလိုက်ရုံဖြင့် ငိုကြွေးခြင်းကို ရပ်တန့်သွားပြီး သူ့ဘက်သို့ လှည့်ကြည့်လာလေသည်။
မျက်လုံးသေးသေးလေးများထဲ၌ မျက်ရည်များပြည့်လျှံ ဝိုင်းနေပုံမှာ ပို၍ပင် သနားစရာကောင်းနေပေသည်။ပန်းပွင့်လေး၏ နှုတ်ခမ်းများက တဆတ်ဆတ်တုန်ခါနေပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်နေပေသည်။ရုတ်တရက် သူမထပ်မံ ငိုကြွေးလာပြန်သည်။
ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံအနေဖြင့် သူမ ဘယ်တုန်းကမှ အရှက်မကွဲခဲ့ဖူးပေ။ထိုသူက သူမကို ဆိုးရွားစွာရိုက်နှက်ခဲ့သောကြောင့် အကြေးခွံများအားလုံးပင် ကွာကျလုနီးပါးဖြစ်ခဲ့ရသည်။ကြောက်စရာကောင်းလှသောကြောင့် ပန်းပွင့်လေး ထပ်မံ၍ ငိုကြွေးချင်နေမိသည်။
ယခုလက်ရှိ၌ ငိုတာထက် ပိုပြီးလည်း သူမဘာမှမလုပ်နိုင်ပေ။ခွေးဘုရင်ကို မြင်လိုက်ရသည့်အခ်ျိန်၌ မျက်ရည်များထပ်မံ စီးကျလာပြီး သူမကိုယ်သူမ သူ့ဆီသို့ ပစ်ဝင်လိုက်လေသည်။
ခွေးဘုရင်၏ ဝဝတုတ်တုတ်ခြေထောက်ကို လက်သေးသေးလေးများဖြင့် ဖတ်တွယ်လိုက်ပြီး ဆက်လက်၍ ငိုကြွေးတော့သည်။ခွေးဘုရင် ကြောင်အမှင်သက်သွားသည်။
သူ အငွေ့အဖြစ် ပျံသွားသလိုပင် ထင်လိုက်သော်လည်း ငြိမ်သက်တိတ်ဆိတ်နေတုန်းပင်ဖြစ်သည်။သူနှုတ်ခမ်းတွန့်ကွေးရုံလောက်သာ တုံ့ပြန်လ်ိုက်၏။မည်သို့ပင်ဆိုစေ သူမက ကလေးအရွယ်သာရှိသေးသည်။ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမြို စပါးအုံမြွေအဖြစ်လည်း အရွယ်မရောက်သေးပေ။
ခွေးဘုရင်၏ နားရွက်များ ကုပ်ကျသွားကာ နှာခေါင်းထပ်ရှုံ့လိုက်မိသည်။
"ဒီကလေးသေးသေးလေးကို ဘယ်သူကများ ငိုကြွေးတဲ့အထိ ရိုက်ရဲတာလဲ...တကယ်လို့ အဲ့ဒီလူကို သူပြန်မရိုက်ဘူးဆိုရင် ကလေးမလေးအတွက် တရားမျှတမှုရှိမှာမဟုတ်ဘူး..."
ခွေးဘုရင်က ကလေးမလေးကို ခွေးလက်ဖဝါးလေးဖြင့် ညှင်သာစွာ ပွတ်ပေးလိုက်သည်။ထို့နောက် ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ဆ်ိုင်အပြင်သို့ လျှောက်သွားလေသည်။
ထိုအချိန်၌ ပန်းပွင့်လေးအငိုတိတ်သွားသည်။သူမ တုန်တုန်ရီရီဖြင့်ထရပ်လိုက်သည်။ထို့နောက် သွေးများပေနေသည့် ရွှေရောင်ဝတ်စုံကို ဆွဲ၍ ခွေးဘုရင်နောက်မှ လျင်မြန်စွာလိုက်သွားလေသည်။
.....
ပုဖန် လေထဲမှ ပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။စားသောက်ဆိုင်ပတ်ဝန်းကျင်ဧရိယာက ပျက်စီးနေပေသည်။သူတို့ အဝေးသို့ ထွက်သွားသည့် အချိန်ခဏအတွင်း အများကြီးပြောင်းလဲသွားခဲ့သည်။
ပုဖန်လှည့်ကြည့်လိုက်သည်နှင့် နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားသော အမြစ်ဖြတ်သုတ်သင်ခြင်း အခြေအနေထဲသို့ ဝင်ရောက်နေသော ဝှိုက်တီကို တွေ့လိုက်ရသည်။
ဝှိုက်တီ၏ နောက်တွင် အာကာသ နတ်သမီးရှိနေသည်။သူမ၏ မျက်နာကို ကာထားသော အဖြူရောင်ပုဝါစကလည်း သွေးများစွန်းထင်းနေသည်။
သူမ၏ ခေါင်းပေါ်၌ အလင်းရောင်များထုတ်လွင့်နေသော ကြယ်သံလိုက်အိမ်မြှောင်ကလွင့်မျောနေသည်။ထိုနေရာနှင့် ဝေးကွာသောနေရာတွင် အပျက်အစီးပုံများကြားထဲမှ တုန်တုန်ရီရီဖြင့် တွားသွားထွက်လာသော ချူချန်းရှန်ကို မြင်လိုက်သည်။
သူ့၏ ဆံပင်ဖြူများနှင့် မျက်နာတွင် ဖုန်မှုန့်များပေလူးနေသည်။သူ တွားသွားထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် ပုဖန်ကို မြင်လိုက်ရပြီးနောက် နှုတ်ခမ်းတွန့်ရုံပြုံးပြလိုက်သည်။
ထို့နောက် သူမြေပြင်ပေါ်တွင် လဲလျောင်းလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ပိုင်ရှင်ပုလည်း ပြန်လာပြီ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း အလွန်မောပန်းနွမ်းနယ်နေပြီ...
ထို့အပြင်ကောင်းကင်ဘုံကြယ်တာယာဖမ်းကွန်ရက်၏ အထောက်အပံ့လည်းမရှိလေရာ သူက အစွမ်းထက်လွန်းသော နတ်ဆိုးကို ရင်မဆ်ိုင်နိုင်ပေ။ချူချန်းရှန် အနေဖြင့် ထိုနတ်ဆိုးကို ရင်မဆိုင်နိုင်ကြောင်း သေချာပေသည်။ထိုနတ်ဆိုးက သူအဖော်နှစ်ယောက်၏ နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကိုပါ စားသုံးထားလေရာ၎င်း၏ အော်ရာများက ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုသို့ တိုးတက်သွားခဲ့လေပြီ။
ထိုနတ်ဆိုးက နတ်ဘုရားအာကာသ အဆင့်၂မှ အဆင့် ၃သို့ ချိူးဖျက်တော့မည်ဟု ခံစားမိသည်။၎င်းက နတ်ဘုရားမီးတောက်သုံးခု ဖွဲ့တည်ပြီးသော နတ်ဘုရားဝိညာဉ်အဆင့် ကျင့်ကြံသူနှင့် အဆင့်တူသည်။
ထိုကဲ့သို့သော အဆင့်က ဂိုဏ်းချုပ်အဆင့် တည်ရှိမှုမျိုးဖြစ်သည်။ချူချန်းရှန်ဆိုသည်က ယခုမှသာ နတ်ဘုရားဝိညာဉ်အဆင့်သို့ တက်လှမ်းလာသောသူဖြစ်သည် ။
ရန်သူကို အနိုင်မတိုက်ခိုက်နေခြင်းက အံ့သြစရာမရှိပေ။သူတို့ကြားထဲ၌ နတ်ဘုရားမီးတောက် နှစ်ခုစာမျှ ကွာခြားနေလေသည်။ချူချန်းရှန်က ဂိုဏ်းချုပ်အဆင့် နီးပါးလောက် သန်မာသည်ဟုဆိုသော်လည်း သူ့၏ အရှေ့မှ နတ်ဆိုးထက် အားနည်းနေသည်က စိတ်မကောင်းစရာပင်။
နတ်ဘုရားမီးတောက်တစ်ခုဖွဲ့တည်ဖို့ဆိုသည်က အလွန်ပင်ခက်ခဲလှသည်။အဘယ်ကြောင့်ဆိုသော် ၎င်းက အားကောင်းလှသော စိတ်စွမ်းအင်ပမာဏ အများအပြားလိုအပ်ပေသည်။ထို့ကြောင့် နတ်ဘုရားမီးတောက်တစ်ခု ကွာခြင်းဆိုသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေလောက် ကွာခြားသွားပေသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံ ကြယ်တာယာကွန်ရက်သည် အသုံးပြုအား အဆင့်ကြီးတစ်ဆင့်လုံး တိုးမြင့်ပေးနိုင်သောကြောင့် အလွန်ပင် အံ့သြစရာကောင်းကြောင်း သိနိုင်ပေသည်။
ကောင်းကင်ယံတွင်ရှိနေသော မ်ိုယဲ့၏ မျက်နာပေါ်ရှိ ဒဏ်ရာက ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး အမာရွတ်သည်လည်း အရှင်းပျောက်ကွယ်သွားပေသည်။
နတ်ဘုရားဝိညာဉ် အဆင့် ကျင့်ကြံသူများအားလုံးသည် သာမန်သူများထက် အထင်ကြီးအံ့သြစရာကောင်းလှသည်။မိုယဲ့က ပုစွန်ပ်ိစိကို ဆုပ်ကိုင်ထားသည်။ပုစွန်ပိစိက မျက်လုံးလေးကလယ်ကလယ်ဖြင့် အမြှုပ်များ တစီစီမှုတ်ထုတ်နေလေသည်။
ထိုအပြုအမူကိုမြင်၍ မိုယဲ့ပို၍ပင် ဒေါသထွက်လာလေသည်။ထိုလက်တောက်လောက်ပုစွန်က သူ့၏ မျက်နာကို ဒဏ်ရာရအောင်လုပ်ရဲပြီးနောက် ချစ်စရာကောင်းအောင်ပြုမူနေပေသေးသည်။
ခွင့်မလွှတ်နိုင်စရာကောင်းလှသည်။သူ သေအောင်ဖျစ်ညှစ်တော့မည့်အခိုက်မှာပင် မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။လေဟာနယ်ထဲတွင် အစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ထိုမျှသာမက အစီအရင်ထဲမှ လူများလျှောက်ထွက်လာခြင်းက ပို၍ အံ့အားသင့်သွားစေခဲ့သည်။သို့သော်လည်း မိုယဲ့ သူ့၏ အံ့အားသင့််မှုများကို ဘေးခ်ျိတ်ထားလိုက်ပြီး ပုစွန်ပိစိကိုသာ အာရုံစိုက်လိုက်သည်။
သူ့၏ လက်ဖဝါး၌ ပို၍အားထည့်လိုက်ပြီး သေအောင်ဖျစ်ညှစ်လိုက်သည်။အစားကြူးရင်ပြင်ကျယ်တွင် နံရံကို မှီ၍ ရပ်နေသော မဟာအဖြူ၏ မျက်လုံးများက ပြူးကျယ်လာပြီး ဒေါသဖြင့် အံတင်းတင်းကြိတ်လိုက်သည်။
"ဒီခွေးသားက ပုစွန်ဘိုးဘေးကြီးကို သေအောင်ညှစ်ရဲတယ်ဟုတ်လား..."
အမှိုက်လိုကောင်တစ်ကောင်က သူတို့ရဲ့ ပုစွန်ဘိုးဘေးကြီးကို အနိုင်ကျင့်ရဲနေသည်။ပုစွန်ဘိုးဘေးကြီး အဆုံးမဲ့ပင်လယ်တွင်နေခဲ့စဉ်အချိန်က သူသည် အဆုံးမဲ့ပင်လယ်တစ်ခုလုံး၏ အရှင်သခင်သာဖြစ်သည်။
မဟူရာ နဂါးဘုရင်ပင် သူ့ကိုမြင်သည့်အခါ၌ပင် လေးစားသမှု ပြုရလေသည်။ထိုကဲ့သို့ လူတိုင်း သိထားခဲ့သော ပုစွန်ဘိုးဘေးကြီးက ယခုမူ ပုစွန်စိတ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေပြီ။
လက်ရှိ၌ သူက ချစ်စဖွယ်ကောင်းအောင်ပင် ဟန်ဆောင်နေသေးသည်။ထို့အပြင် တစ်စုံတစ်ယောက်က သူ့ကို သေအောင်ဖျစ်ညှစ်ရန်ပင် ကြိုးစားနေ၏။
ပုစွန်ဘိုးဘေးကြီးအတွက် ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရပြီး မဟာအဖြူ၏ မျက်ဝန်းများထဲတွင် မျက်ရည်ဝိုင်းသွားလေသည်။
....
ပုဖန်၏ အကြည့်များက ပိစိကို ဆုပ်ကိုင်ထားသော မိုယဲ့ဆီသို့ ရွေ့သွားသည်။
တင်းတင်းကျပ်ကျပ် ဖိညှစ်ခံထားရသောကြောင့် ပုဖန်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းနေသည်။
"ဒီကောင်က ဘာလုပ်နေတာလဲ ပိစိလေးကို ဘယ်လိုကြောင့်များ ဒီလိုဆက်ဆံနိုင်ရတာလဲ..."
ပုစွန်ပိစိလေး သူ့နောက်သို့ လိုက်ခဲ့သည်မှာ အချိန်ကြာညောင်းခဲ့လေပြီ ပုဖန်က ပိစိကို အရသာအတွက်သာအသုံးပြုသည်ဆိုသော်လည်း သူ့စိတ်ထဲ၌ အလွန်အရေးကြီးသည့်သူအဖြစ် သတ်မှတ်ထားဆဲပင်ဖြစ်သည်။
ထို့ကြောင့် တခြားသူတစ်ယောက်က ပိစိကို ဆိုးဆိုးရွားရွားဆက်ဆံနိုင်မည်အား ခွင့်ပြုမည်မဟုတ်ပေ။ပုဖန်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်။
"ပိစိကို အခုလွှတ်လိုက်စမ်း..."
သူ့၏အသံက ပတ်ဝန်းကျင်ဧရိယာတစ်ခွင်လုံးကို ပဲ့တင်ထပ်ရိုက်ခတ်သွားလေသည်။ထိုအသံကိုကြားလိုက်ရသည်နှင့် လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားကြ၏။ဝှိုက်တီက သူ့၏ နတ်ဘုရားသတ်တုတ်ကို အသုံးပြု၍ မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
ဘုန်း...
ထိုရိုက်ချက်က လေထဲတွင်လွင့်မျောနေသော မိုယဲ့ကို ရုတ်တရက် တွန်းကန်လိုက်ပေသည်။မိုယဲ့က ဝှိုက်တီကို အေးစက်စွာလှည့်ကြည့်လိုက်သော်လည်း တည်ငြိမ်နေတုန်းပင်ဖြစ်သည်။
သူ့၏ နေရာမှ ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် နတ်ဘုရားသတ်တုတ်ရှေ့၌ ပေါ်လာသည်။သူက နတ်ဘုရားသတ်တုတ်ပေါ်သို့ ညှင်သာစွာ ခြေချလိုက်သည်။ပြင်းထန်လှသော ဖိအားကြောင့် နတ်ဘုရားတုတ်က လျင်မြန်စွာပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ နိမ့်ဆင်းသွားသည်။
ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို တုန်ယင်စွာဖြင့်ထိန်းကိုင်ထားသည်။
"ပိုးမွှားကောင်လေး ငါ ပြီးရင် မင်းနဲ့ရှင်းမယ်..."
မိုယဲ့အေးစက်စွာပြောလိုက်ပြီးသည်နှင့် သူ့နဖူးပေါ်ရှိ ဒေါင်လိုက် မျက်ဝန်းများမှ အလင်းရောင်များတောက်ပလာသည်။နယ်သာရီ မျက်မှောင်ကြုတ်လိုက်၏။အစပ်ချောင်းကိုသာ စားနေသော ငရဲဘုရင်လည်း စိတ်ဝင်စားစွာဖြင့် ကြည့်လာလေသည်။
"အဲ့ဒါက ပျက်သုဉ်းခြင်းအကျဉ်းထောင်က နတ်ဆိုးမျက်လုံးမျိုးနွယ် မဟုတ်လား...နတ်ဆိုးမျက်လုံးမျိုးနွယ်က ဘယ်လိုလုပ်ပြီး ပုန်းကွယ်နဂါးတိုက်ကြီးပေါ် မှာ ပေါ်လာတာလဲ..."
ငရဲဘုရင် သိချင်စိတ်ဖြင့် မေးလိုက်သည်။သူကောင်းကင်ယံထက်သို့ တစ်ချက်ကြည့်လိုက်သည်။မဟာနိယာမလမ်းကြောင်း အုပ်စိုးသူ၏ အရှိန်အဝါကို ခံစားမိနေတုန်းဖြစ်၏။
စည်းမျဉ်းများအားဖြင့် နတ်ဆိုးမျက်လုံးမ်ျိုးနွယ်မှသူများက ပုန်းကွယ်နဂါးတိုက်ကြီးတွင် ပေါ်မလာသင့်ပေ။မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံ ဖြတ်ကျော်ခြင်းက မပျက်စီးသေးသလို မဟာနိယာမလမ်းကြောင်းလည်း တည်ရှိနေပေသေးသည်။
ဝှိုက်တီကို ကြည့်နေသော မိုယဲ့၏ မျက်ဝန်းများက ပုဖန်ဆီသို့ ပြောင်းရွှေ့လာလေသည်။ဒီကောင်လေးပြောလိုက်တာက သူ့ကို စိတ်ကသိကအောင့်ဖြစ်စေတယ် .မိုယဲ့က ပုဖန်၏ အော်ရာများကို ရှင်းရှင်းလင်းလင်းမြင်နေရပေသည်။
"မသေမျိုးဝိညာဉ် လှေကားတစ်ဆင့်လား...ဒီလိုအမှ်ိုက်ကောင်လေးက သူ့ကို အော်ရဲတယ်ပေါ့...မင်းကဘယ်သူလဲ ငါဒီပုစွန်ပိစိကို ဖိညှစ်လိုက်ရင်ကော မင်းကဘာလုပ်နိုင်လဲ..."
မိုယဲ့က အေးစက်စွာဖြင့် လှောင်ရယ်လိုက်သည်။သူ့စိတ်ထဲ၌ ဆုံးဖြတ်ချက်ချပြင်ဆင်ထားပြီးသားဖြစ်သောကြောင့် ထိတ်လန့်မှုများလည်းရှိမနေပေ။သူကကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်ကို ဖျက်စီးချင်ရုံသာမက ပုန်းကွယ်နဂါးတိုက်ကြီးကိုလည်း ဖျက်စီးချင်ပေသည်။ဒီမှာရှ်ိသောသူများအားလုံး သေရပေမည်။
မိုချာနှင့် မိုဆာတို့က ဒီမြို့တွင် သေဆုံးခဲ့ရသည်။ထို့ကြောင့် တစ်မြို့လုံးကို သူတို့နှင့်အတူ မြှုပ်နှံပစ်လိုသည်။မိုယဲ့က ရေခဲတမျှအေးစက်နေသော အကြည့်များဖြင့် ပုဖန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ထိုကောင်လေးက သူနှင့် ရင်ဆိုင်နေရသော်လည်း ကြောက်ရွံ့သည့်အမူအရာမရှိပေ။
မသေမျိုးဝိညာဉ်အဆင့်လေးက သူ့ကို မကြောက်ဘူးလား...သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ အော်ရာတွေက အလှပြသက်သက်လို့ထင်နေတာလား...
သူ့နှလုံးသားထဲမှ ဒေါသများမြင့်တက်လာပြီးနောက် လက်ကို မြောက်လိုက်သည်။ထို့နောက် လက်ချောင်းထိပ်တွင် ငရဲစွမ်းအင်များစုစည်းလာလေသည်။သူပုဖန်ကို လက်ညှ်ိုးညွှန်လိုက်၏။
ဝီ...
ထ်ိုငရဲစွမ်းအင်အလင်းက ပိုးမျှင်ကဲ့သို့ ပါးလွှားနေလေသည်။ဝှိုက်တီက ပုဖန်၏ ရှေ့တွင်ရုတ်တရက်ပေါ်လာပြီး သူ့ကို ကာကွယ်လိုက်သည်။သူ့၏ နတ်ဘုရားသတ်တုတ်ကို လေပွေလို ဝှေ့ယမ်းကာ ထိုငရဲစွမ်းအင်များကို ရိုက်ထုတ်လိုက်သည်။
ထိပ်တိုက်တွေ့မှုများကြောင့် ဝှ်ိုက်တီ အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။သူ့၏ နတ်ဘုရားသတ်တုတ်မှလည်း စိမ်းပြာရောင်အခိုးအငွေ့များထုတ်လွင့်နေလေသည်။
"ငါ့ကို တားချင်တာလား...ကောင်းပြီလေ ဒီရုပ်သေးရုပ်က ငါ့ရဲ့တိုက်ခိုက်မှု ဘယ်လောက်များများကို ခုခံနိုင်မလဲဆိုတာကြည့်ရတာပေါ့..."
မိုယဲ့နှာခေါင်းရှုံ့လိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ငရဲစွမ်းအင်များ ထပ်မံ ထွက်ပေါ်လာပြန်သည်။ပါးစပ်ထဲ၌ အစပ်ချောင်းငုံထားသော ငရဲဘုရင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီပျက်သုဉ်းခြင်း အကျဉ်းထောင်က နတ်ဆိုးတွေက အမြဲတမ်း ကြမ်းတမ်းနေတာပဲ...ပုဖန်ကောင်လေး...ဒီဘုရင်ကို အစပ်ချောင်း ငါးချောင်းပဲပေး ဒါဆိုရင် အဲ့ဒီနတ်ဆိုးကောင်ကို ရင်ဆိုင်ပေးမယ်...
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သက်ပြင်းအသာချလိုက်ပြီး ငရဲဘုရင်ဘက်သို့လှည့်လိုက်သည်။
"အိုေ..."
သို့သော်လည်း ပုဖန် ပြီးဆုံးအောင်မပြောရသေးခင်မှာပင် ခန့်ညားသောအသံတစ်သံက ဝင်ရောက်တားဆီးလိုက်လေသည်။ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် တင့်တယ်စွာလျှောက်လာသော ခွေးဘုရင်၏ နောက်တွင်သွေးများ ဖုံးလွှမ်းနေသော ပန်းပွင့်လေးလိုက်ပါလာလေသည်။
"အဲ့ဒီကောင်စုတ်လေးကို ဒီခွေးဘုရင်အတွက်ထားလိုက် ငါက သူငိုတဲ့အထိ မရိုက်နိုင်ဘူးဆိုရင် နံရိုးချိုချဉ်ကြော် သုံးရက်မစားဘူး..."