အပိုင်း ၈၃၃
Viewers 53k

အခန်း ၈၃၃

ကမ္ဘာမြေအကျဉ်းထောင်မှခွေး...


"ဒီခွေးဘုရင်ကိုပဲ သူငိုတဲ့ထိ ရိုက်ဖို့ ခွင့်ပေးလိုက်စမ်းပါ..."


ယောက်ကျားပီသလှသော အသံထွက်ပေါ်လာသည်နှင့် အားလုံး အံ့သြသွားပြီး ဆိုင်ပေါက်ဝသို့လှည့်ကြည့်လိုက်ကြသည်။အဆီပြင်များတလှုပ်လှုပ်နှင့် တင့်တယ်စွာ လျှောက်လာသော ခွေးဘုရင်ကိုကြည့်၍ အားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


ထိုခွေးဝတုတ်၏ နောက်၌ နီရဲစိုစွတ်နေသော မျက်ဝန်းများဖြင့် ကလေးမလေးပါလာလေသည်။သူမက လေပေါ်တွင်ရှိနေသော မိုယဲ့ကိုလည်း ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။


ဒီလူက သူမကို ငိုကြွေးရအောင်ပင် ရိုက်ပစ်ခဲ့သည်။ပထမဦးဆုံးတုန်းက စိတ်ဝိညာဉ် သားရဲတစ်ကောင်၏ ဂုဏ်သိက္ခာကြောင့် သူမ မငိုခဲ့ပေ။သို့သော်လည်း သူမက ကလေးမလေးတစ်ယောက်သာဖြစ်သည်။


အရင်က ထိုကဲ့သို့သော အနိုင်ကျင့်မခံဖူးသောကြောင့် ငိုကြွေးရုံသာ တက်နိုင်ပြီး ခွေးဘုရင်ကို လက်စားချေဖို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ခွေးဘုရင်၏ စကားများကြောင့် ငရဲဘုရင်၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားသည်။


"သောက်က်ျိုးနဲ ဒီခွေးက ဘာအဓိပ္ပါယ်လဲဟ..."


သူတကယ်ကို မကျေမနပ်ဖြစ်သွားလေသည်။သူ အစပ်ချောင်းကို ဆုပ်နေရင်း ထိုးဖောက်မတက်အကြည့်စူးများဖြင့် ကြည့်လိုက်သည်။


"ခွေးစုတ် မင်းကဘာစကားပြောတာလဲ မင်းက တစ်စုံတစ်ယောက်ရဲ့ အကျိုးမြတ်တွေကို ခိုးယူချင်နေတာပဲ...ဟိုးအရင်ချိန်ထဲက မင်းကို ဝက်လှောင်အိမ်ထဲမှာ ပိတ်ပြီး ခန်းခြောက်သေသွားတဲ့အထိ ထားလိုက်ရမှာ..."


ငရဲဘုရင်က ခါးထောက်၌ မပျော်မရွှင်အော်ပြောလိုက်သည်။ပုဖန်က ဆုလာဘ်ပေးဖို့ သဘောတူတော့မည့်အခ်ျိန်မှာပင် ထိုခွေးက သူ့၏ အကျိုးမြတ်များကို ဖျက်စီးပစ်လိုက်လေပြီ။


ငရဲဘုရင်က အတည်ဒေါသထွက်နေသော်လည်း ခွေးဘုရင်ကမူ သူ့ကို ဂရုမစိုက်ပေ။ထိုခွေးစုတ်က သူ့၏ အကျိုးအမြတ်ကိုခိုးရုံသာမက သူ့ကိုလည်း အကြည့်တစ်ချက်ပင်မပေးပေ။ဟဲလို ငါကကျောက်ရုပ်လား...


ပန်းပွင့်လေးက မျက်ရည်များနှင့် နှပ်ချေးများကို သုတ်လိုက်ပြီး ခွေးဘုရင်နောက်က ခပ်မြန်မြန်လိုက်နေသည်။သူမက ခွေးဘုရင်ကို မကောင်းပြောနေသော ငရဲဘုရင်အား အကောင်းမမြင်နိုင်တော့ပေ။


ငရဲဘုရင်ကလည်း ထိုအကြည့်ကြောင့် မပျော်တော့ပေ။သူအစပ်ချောင်းကို တစ်ချက်စုပ်လိုက်ပြီး နှုတ်ခမ်းများမဲ့လိုက်ကာ အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။


ပုဖန်သည်လည်း ခွေးဘုရင် စေတနာ့ဝန်ထမ်း လုပ်ဖို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။သူခွေးဘုရင်ကိုကြည့်လိုက်သည့်အချိန်၌ သွေးများပေကျံနေသော ပန်းပွင့်လေးကို မြင်လိုက်ရပြီး သူ့မျက်နာတစ်ခုလုံး မဲမှောင်သွားလေသည်။


"ဘယ်သူကများ ပန်းပွင့်လေးကို ဒီသနားစရာကောင်းတဲ့ အခြေအနေဖြစ်အောင်လုပ်လိုက်တာလဲ..."


ယခုအခ်ျိန်၌ ပုဖန် တကယ်ကို ဒေါသထွက်သွားပေပြီ။သူ မိုယဲ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


"ဒီလူ သူက ချူချန်းရှန်နဲ့ ပန်းပွင့်လေးကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အပြင် ပိစိကိုလည်း သေအောင်သတ်ချင်နေသေးတယ်...ဒီကောင်က သေတွင်းတူးနေတာပဲ...ဘလက်ကီ သူ့ကို ငိုအောင်ရိုက်ပစ်လိုက် ပြီးရင် ငါမင်းအတွက် နဂါးနံရိုးချိုချဉ်ကြော်ကြော်ကျွေးမယ်..."


ပုဖန်အေးစက်စွာပြောလိုက်သည်နှင့် ခွေးဘုရင်၏ တုန်ခါနေသောအဆီများပင် ရပ်သွားသလိုထင်ရလေသည်။


"နဂါးနံရိုးတဲ့လား အရမ်းကို အရသာရှိတော့မှာပဲ..."


သူ ထိုဟင်းပွဲကို စားခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့လေပြီ လေအလင်းအင်ပါယာ၌ရှိနေစဉ်က နဂါးနံရိုးကြော်ကို အကြိမ်းအနည်းငယ်ခန့် စားဖူးခဲ့သည်။


၎င်းက အဆင့်မြင့်နဂါးမဟုတ်သော်လည်း နဂါးအသားဆိုထဲက စိတ်ကျေနပ်စရာကောင်းနေတုန်းဖြစ်သည်။


"ပုဖန်ကောင်လေး မင်း ပျော်ပျော်ကြီးသာ စောင့်ကြည့်နေလိုက်တော့..."


ခွေးဘုရင်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ပြန့်ကားသွားသည်။ငရဲဘုရင် သူ့ကိုမကျေနပ်ကြည့်၍ နှာခေါင်းရှုံ့လိုက်လေသည်။


"ဒီဘုရင်ရဲ့ အကျိုးစီးပွားကို လုယူသွားတဲ့ ခွေးစုတ် အဲ့ဒီနေရာမှာရပ်နေလိုက်စမ်း မင်းငါနဲ့ ပြိုင်ပွဲသုံးရာ အရင်ဆုံးပြိုင်ရမယ်..."


ဒီတစ်ကြိမ်၌ ခွေးဘုရင်က ငရဲ ဘုရင်ကို လှည့်ကြည့်လာလေသည်။သူတစ်စုံတစ်ရာစဉ်းစားမိပုံဖြင့် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


"မင်းက ဒီသခင်ခွေးကို ရိုက်နိုင်လို့လား..."


ငရဲဘုရင် ပို၍ ဒေါသထွက်သွားလေသည်။ကောင်းကင်ယံတွင်ရှိနေသော မိုယဲ့ကလည်း ထိုခွေးနှင့် လူစကားဖလှယ်နေသည်အားကြည့်ကာ ဒေါသမီးတောက်များပိုမို မြင့်တက်လာလေသည်။


"သူတို့ ဘာလုပ်နေကြတာလဲ သူတို့က သူ့ကို ဘယ်သူလို့များထင်နေတာလဲ...

အကျိုးအမြတ်ခိုးယူခံရတယ်ဟုတ်လား ဒါသူ့ကို အရှက်ခွဲတာပဲ..."


ပျက်သုဉ်းခြင်းအကျဉ်းထောင် နတ်ဆိုးမျက်လုံးမျိုးနွယ်မှ နတ်ဆိုးတစ်ယောက်အနေဖြင့် မိုယဲ့သည် ထိုကဲ့သို့ အရှက်ခွဲမှုမျိုးကို မခံစားရဖူးပေ။


"သူတို့နှစ်ယောက်လုံးသေရမယ်...မင်းတို့ နှစ်ယောက်လုံး ပိတ်စမ်း..."


မိုယဲ့ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းလှသော ငရဲစွမ်းအင်များ ပြန့်နှံ့ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။


သူ ထိုအရှက်ကွဲမှုကို ထပ်၍ တောင့်မခံနိုင်တော့ပေ။သူထိုနှစ်ယောက်လုံးကို အကြည့်ဖြင့် ထိုးသတ်ချင်သလိုမျိုးစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ထိုလူတစ်ယောက်နှင့် ခွေးတစ်ကောင်က သူ့ကို မကြောက်ကြပေ။သူတို့က မတုန်မလှုပ်ဖြင့်သာ သူ့ကို ပြန်ကြည့်လာကြသည်။


"မင်းသာ အပေါက်ပိတ်ထားလိုက် ..."


မိုယဲ့ ကြောင်အသွားလေသည်။ထို့နောက် သူ့၏ ဒေါသများက ပို၍ပင် ထိုးတက်လာတော့သည်။


"မင်းတို့..."


မိုယဲ့ ထ်ိုနှစ်ယောက်ကို ဂရုစိုက်နေသည့်အချိန်၌ ရုတ်တရက် သူ့လက်ထဲမှ တစ်စုံတစ်ရာ လျှောကျသွားသည်ကို ခံစားလိုက်မိသည်။ပုစွန်ပိစိက ထ်ိုအခွင့်အရေးကို အသုံးချကာ သူ့၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲထွက်ပြေးသွားလေသည်။


သူ့၏ အရှိန်က အလွန်ပင်မြန်ဆန်လွန်းလှသောကြောင့် လူအားလုံးက အလင်းတန်းလေးတစ်ခု ထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။


ပုဖန် သူ့ပခုံးပေါ်ကို စောင်းငဲ့ကြည့်လိုက်သည်နှင့် ရက်ရက်စက်စက် အနိုင်ကျင့်ခံထားရသော ပုစွန်ပိစိလေးကို မြင်လိုက်ရသည်။ထိုကောင်လေးက သူ့၏ သက်တောင့်သက်သာဖြစ်စွာဖြင့် ပူဖောင်းများမှုတ်ထုတ်နေလေသည်။


ပုဖန် ပုစွန်ပိစိကို ညင်သာစွာပွတ်ပေးလိုက်သည်။ထိုကောင်လေးက ပို၍ပင် မြန်လာပေပြီ။အချိန်များကုန်လွန်လာသည်နှင့် ကောင်စုတ်လေးက တဖြေးဖြေးကြီးထွားလာလေပြီ။


"ထွက်ပြေးသွားတယ်လား...ဟမ့် ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံးက သေရမှာပဲ..."


..


"ကောင်းပြီလေ ငါတို့ ဒီလ်ိုလုပ်ကြရအောင် ငါတို့နှစ်ယောက်လုံး တစ်ယောက်တစ်လှည့်စီ သူ့ကို ငိုအောင်ရိုက်ကြမယ်..."


ငရဲဘုရင်အာဟက ခွေးဘုရင်နှင့် ညှိနှိုင်းလိုက်သည်။သူ့၏ ဒေါသများက စိတ်လှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲသွားပေပြီ။သူ ခွေးဘုရင်နှင့် ညှိနှိုင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။


ပုဖန် အမူအရာမဲ့စွာဖြင့်သာ ထ်ိုနှစ်ယောက်ကိုကြည့်နေလိုက်သည်။ဟလေးဖြစ်စေခွေးဘုရင် ဖြစ်စေ ထိုနတ်ဆိုးကို ငိုအောင်ရိုက်နိုင်လိုက်မည်ဟု သူယုံကြည်သည်။


သို့သော်လည်း ထိုနည်းလမ်းကမူသူ့ကို ဆုံးရှုံးစေပေသည်။အဘယ့်ကြောင့်ဆိုသော် သူ ဟင်းပွဲနှစ်ပွဲပေးရပေတော့မည်။ခွေးဘုရင်အတွက် နဂါးနံရိုးချိုချဉ်ကြော် ငရဲဘုရင်အတွက် အစပ်ချောင်း ဒါက လှည့်ကွက်အကြီးစားပဲ...


ခွေးဘုရင် အသာပြုံးလိုက်သည်။


"ကောင်းပြီလေ ဒီခွေးဘုရင်ကို အရင်ရိုက်ခွင့်ပေးလိုက်...ကလေးမလေးရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် ငါအရင်ကူညီလိုက်မယ်..."


ပန်းပွင့်လေး၏ မျက်ဝန်းများတောက်ပသွားကာ လေဟာနယ်ထဲသို့ ခြေလှမ်းသွားသော ခွေးဘုရင်ကိုသာ မလွှဲတမ်းကြည့်နေလိုက်သည်။ညှိနှိုင်းပြောဆိုပြီးသည့်နောက် ငရဲဘုရင်က ဒေါသမထွက်နေတော့ပေ။ထိုအစားသူက မျှော်လင့်တက်ကြွနေဟန်ဖြင့် လက်ကို ပွတ်သပ်နေလေသည်။


မြေပြင်ပေါ်တွင် လဲနေဆဲဖြစ်သော ချူချန်းရှန်ကလည်း လေထဲရောက်လာသော ခွေးဘုရင်ကို မြင်လိုက်သည်နှင့် ကျယ်လောင်စွာအော်ဟစ်ရယ်မာလိုက်သည်။


"ဒီနတ်ဆိုးကောင်တော့ သေတော့မှာ သေချာတယ်..."


နတ်ဘုရားသတ်တုတ်ကို ကိုင်ထားသော ဝှိုက်တီ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကလည်း ပြန်လည်ပျောက်ကွယ်သွားပြီး ချစ်စဖွယ်ကောင်းသောပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက်သူက ပုဖန်၏ဘေးသို့ ပြန်ရောက်လာကာ နောက်နား၌ မတ်တပ်ရပ်နေလိုက်သည်။မိုယဲ့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ခွေးဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။


သူ့နဖူးပေါ်ရှ်ိဒေါင်လိုက်မျက်ဝန်းတစ်စုံကလည်း တောက်ပလာပြီး ငရဲစွမ်းအင်များ သူ့၏ ဘေးနားတွင် စုစည်းသိပ်သည်းလာသည်။


"မင်းက ခွေးတစ်ကောင်ပဲလေ...ဒါတောင်ငါရှေ့မှာဟိတ်ဟန်ထုတ်ရဲသေးတယ်လား..."


မိုယဲ့က လက်မြောက်၍ သူ့၏ ရှေ့တွင် ငရဲစွမ်းအင်များကို စုစည်းလိုက်ပြီးထပ်လောင်းပြောလိုက်သည်။


"မင်းက အဆီများ အသားပေါတာပဲ ငါထင်တာတော့အရမ်းအရသာရှိလိမ့်မယ်..."


ရုတ်တရက် ဆွစ်ခနဲ အသံနှင့်အတူ သူနေရာမှ ပျောက်ကွယ်သွားသည်။လေဟာနယ်ထဲ၌ မည်သည့်အရိပ်အယောင်မှ မကျန်ရစ်ခဲ့ပေ။ထို့နောက်ခွေးဘုရင်၏ နားတွင်ပြန်ပေါ်လာလေသည်။သူနှင့်အတူ ပြင်းထန်လှသော ဖိအားများနှင့် ကြမ်းတမ်းပြင်းထန်လှသော လေများကိုပါ သယ်ဆောင်လာလေသည်။


ထိုတိုးတိုက်လာသောလေပြင်းကြောင့် ခွေးဘုရင်၏ ခန္ဓာကိုယ်ရှိ အဆီပြင်များပင် အဆက်မပြတ် လှုပ်ခါနေလေသည်။နတ်ဆိုးက ငရဲစွမ်းအင်များသိပ်သည်းနေသောလက်ဝါးဖြင့်ခွေးဘုရင်၏ ခေါင်းကို လွှဲရိုက်ချလိုက်သည်။


ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြောင့် ကြည့်ရှုနေသူများအားလုံး လေအေးတစ်ချက်ရှိူက်လိုက်ကြသည်။မိုယဲ့၏ နောက်၌လည်းမဲမှောင်လှသော တိမ်ထုအစုအဝေးလည်ပတ်နေလေသည်။


၎င်းက မိုယဲ့အား အထွဋ်အထိပ်ကြီးကျယ်မြင့်မြတ်သော နတ်ဆိုးတစ်ပါးအဖြစ် ထင်မြင်စေသည်။အစားကြူးရင်ပြင်ကျယ်ရှိ လူတိုင်း တုန်လှုပ်နေကြသည်။သူက အရမ်းကြောက်ဖို့ကောင်းတယ်...


ဘုန်း...


သို့သော်လည်း ချစ်စဖွယ်ကောင်းလှသော ခွေးလက်ဖဝါးလေးမြောက်တက်လာပြီးနောက် သူ့ဆီကျရောက်လာသောလက်ကို ရိုက်ထုတ်လိုက်သည်။မိုယဲ့၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူ့၏ သိပ်သည်းလှသော ငရဲစွမ်းအင်များက လွင့်စင်ပပျောက်သွားလေသည်။သူ့၏ အရိုးအဆစ်များအားလုံး ပြန့်ကားထွက်သွားသလိုမျိုးကြောက်ရွံ့ထိတ်လန့်သွားလေသည်။


သူ့၏ ဒေါင်လိုက်မျက်ဝန်းက လင်းလက်သွားပြီး သူ့၏ ပုံရိပ်က ဖျက်ခနဲ လှုပ်ရှားသွားကာ ခွေးလက်ဖဝါးကို ရှောင်ရန် ကြိုးစားလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုယဲ့က ခွေးလက်ဖဝါးနှင့် မိုင်ချီကွာဝေးသော နေရာ၌ ပြန်လည်ထွက်ပေါ်လာသည်။သို့သော်လည်း ထိုလက်ဖဝါးက သူ့ခေါင်းပေါ်သို့ ကျရောက်လာဆဲဖြစ်ပြီး မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ်အသံထွက်ပေါ်လာသည်။


"သောက်ကျိုးနဲ..."


မိုယဲ့၏ ခေါင်းက တစ်ဖက်သို့ လည်ထွက်သွားသည်။ထိုလက်ဖဝါးက သူ့ကို မည်ကဲ့သို့ ထိမှန်လာမှန်း သူနားမလည်တော့ပေ။


ဝုန်း...


မိုယဲ့က အမြောက်ဆန်တစ်ခုအလား မြေပြင်ပေါ်သို့ ထိုးစိုက်ကျသွားသည်။မြေပြင်ပေါ်တွင်ရှိနေဆဲဖြစ်သောချူချန်းရှန်က သူနှင့် သိပ်မကွာဝေးသော နေရာတွင် ခေါင်းစိုက်နေသော မိုယဲ့ကို မြင်လိုက်ရသည်။


မြေပြင်၌ အက်ကြောင်းများဖြစ်ပေါ်သွားပြီး ကျောက်တုံးများကွဲကြေသွားသည်။ပြင်းထန်လာသောလေအရှိန်ကအပျက်အစီးများကို မြောက်တက်သွားစေသည်။


ဘတ် ...


လွင့်စင်လာသော ကျောက်ခဲတစ်လုံးက ချူချန်းရှန်၏ မျက်နာကို လာ၍ထိမှန်သောကြောင့် သူရှက်ရွံ့သွားမိသည်။


ရုတ်တရက် အပျက်အစီးပုံထဲမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။မိုယဲ့က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ထက်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။


သူ့၏ မျက်နာ၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။ထိုခွေးလက်ဖဝါးက သူ့ကို မြေပေါ်သို့ ပြုတ်ကျအောင် ရိုက်နိုင်လွန်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူ့၏ဒေါင်လိုက်မျက်ဝန်းက အလင်းများပို၍လက်ဖြာလာပြီး ခွေးဘုရင်ကို ဒေါသတကြီးဖြင့် စူးစူးရဲရဲကြည့်လိုက်သည်။သို့သော်လည်း သူနှင့် အကာအဝေးတစ်ခုတွင်ရှိနေသော ခွေးဘက်ဖဝါးလေး နောက်တစ်ဖန်မြောက်တက်လာသည်ကို တွေ့လိုက်ရလေသည်။


ဝုန်း...


ပဲ့တင်သံတစ်ခု ထွက်ပေါ်လာပြီးသူ့၏ ခေါင်းကို ထပ်မံရိုက်နှက်ခံလ်ိုက်ရပြန်သည်။မိုယဲ့ အနက်ရောင်သွေးတစ်လုတ်အန်လိုက်ရပြီး သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ထပ်မံ ရောက်ရှိသွားသည်။လွင့်စင်လာသော ကျောက်တုံးပြန်တစ်ခုက ချူချန်းရှန်မျက်နာကို ထပ်မံ ထိခိုက်လာပြန်သည်။ထ်ိုခဏ၌ ချူချန်းရှန် သူ့၏ ဘဝက နေထိုင်ချင်စရာမကောင်းတော့ဟုပင် ခံစားလိုက်မိသည်။


"ဒီလူတွေကတော့ သူ့ဘာသာသူ အေးအေးဆေးဆေးမြေပေါ်မှာ လှဲနေတာတောင် အလွတ်မပေးချင်ကြဘူး..."


အပျက်အစီးပုံမှ ပေါက်ကွဲသံတစ်ခုထပ်မံ ထွက်ပေါ်လာပြီးဒေါသချောင်းချောင်းထွက်နေသော မိုယဲ့ကောင်းကင်ပေါ်သို့ ရောက်ရှိသွားပြန်သည်။သို့သော်လည်း သူတည်ငြိမ်အောင် မရပ်တည်နိုင်သေးခင်မှာပင် ခွေးလက်ဖဝါးလေးထပ်မံ ကျရောက်လာပြန်သည်။မိုယဲ့ ဒေါသထွက်လွန်း၍ သွေးအန်ချင်သွားလေသည်။


"အရှက်မဲ့လိုက်တာ ဒီလူတွေက အသက်ကောင်းကောင်းရှူခွင့်တောင် မပေးနိုင်ကြတော့ဘူးလား..."


ဝုန်း...


ကျောက်တုံးကျောက်ခဲများလွင့်စင်သွားပြန်သည်။ကျောက်တုံးပျံတစ်ခုက ချူချန်းရှန်၏ မျက်နာအစား တင်ပါးကို ထိမှန်လေသည်။


ဒီတစ်ကြိမ်၌ မိုယဲ့က ကောင်းကင်ယံထက်ဆီသို့ ထပ်မံ ပြန်တက်မသွားတော့ပဲ အပျက်အစီးပုံများထဲမှ တဖြေးဖြေးချင်း တွားသွားထွက်လာလေသည်။


သူ့၏ နှုတ်ခမ်းထောင့်စွန်းမှလည်း အနက်ရောင်သွေးများစီးကျနေကာသူ့ကိုကြည့်ရသည်က စိတ်ဓာတ်ကျနေပုံပေါ်လေသည်။သူ ထိုခွေးကို ရှင်းရှင်းလင်းလင်းထိုးဖောက်မမြင်ရပေ။ထိုခွေးဆီမှ မည်သည့် ကြောက်မက်ဖွယ်ရာအော်ရာမျှ ထုတ်လွင့်မနေပေ။


"ဒါတွေအားလုံးက သူပဲ ထင်ယောင်ထင်မှားဖြစ်နေမိတာလား...ခွေးဝတုတ် သွားသေလိုက်တော့..."


ဝီ ...ဝေါ...


သူ့၏ ဒေါင်လိုက်မျက်ဝန်းတစ်စုံရှေ့တွင် ငရဲစွမ်းအင်များ အရူးအမူးလည်ပတ်စီးဆင်းလာပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပင် တွန့်လိမ်ပုံပျက်သွားစေသည်။


နတ်ဆိုးမျိုးနွယ်များ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်ဝန်းက သူတို့၏ အသန်မာဆုံးသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ပေသည်။ထ်ိုအလင်းတန်းများက ခွေးဘုရင်ဆီသို့ ဦးတည်သွားလေ၏။မိုယဲ့ အထင်အမြင်သေးစွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။


သူ ကောင်းကင်ယံတွင် လွင့်မျောနေသော ခွေးဘုရင်ကိုကြည့်လိုက်ပြီး သူ့၏ အလင်းတန်းများ တိုက်ခိုက်မှုကြောင့် အသားစအဖြစ် ပေါက်ကွဲသွားမည့်မြင်ကွင်းကို စောင့်နေလိုက်၏။


သူ့၏အလင်းတန်းတိုက်ခိုက်မှုကို မည်သူမှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။သို့သော် မကြာခင်မှာပင် သူ့မျက်နာ တောင့်တင်းသွားလေသည်။ထိုခွေးဝတုတ်က လက်ဖဝါးမြောက်ကာ သူ့၏ အလင်းတန်းကို အသာအယာထိလိုက်သည်နှင့် အလင်းတန်းတစ်ခုလုံး မုန့်မုန့်ညက်ညက်ကျေသွားလေသည်။


စွမ်းအင်များက ညင်သာစွာ ပြိုကွဲသွားလေသည်။


"သောက်က်ျိုးနဲ တကယ်ကို ညင်သာတာပဲ..."


မည်သည့်နေရာ၌မဆို အသုံးဝင်ခဲ့သော နတ်ဆိုးမျက်လုံးအလင်းတန်းက ခွေးလက်ဖဝါးဖြင့် ရပ်တန့်ခြင်းခံလိုက်ရလေပြီ။


"လခွမ်းငါက နတ်ဆိုး မျက်လုံးမျိုးနွယ်အတုများလား..."


ခွေးဘုရင်က ပါးစပ်အဟောင်းသားဖြစ်နေသော မိုယဲ့ကိုကြည့်၍ ယောက်ကျားပီသလှသော အသံဖြင့် ပြောလိုက်သည်။


"မင်း ငိုချင်လား..."


မိုယဲ့ တောင့်တင်းသွားသည်။


ငိုရမယ်...မင်းညီမပဲငို ...


သူက ကြီးမြတ်သောပုံရိပ်တစ်ခု ဖြစ်လေသည်။


သူက ဘယ်သူ...


ဘုန်း...


မိုယဲ့အတွေးမဆုံးခင်မှာပင် သူ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရလေသည်။မြေပြင်က ပြင်းထန်စွာလှုပ်ခါသွားပြီး ကြီးမားလှသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။


မြေပြင်ပေါ်တွင်လဲနေဆဲဖြစ်သော ချူချန်းရှန်က ဒီတစ်ကြိမ် ပြင်းပြင်းထန်ထန်တုန်ခါမှုကို ခံစားလိုက်ရပြီးနောက် အလျင်အမြန်ထရပ်ကာ အဝေးသို့ ပြေးထွက်သွားလေသည်။သူတိုက်ပွဲအတွင်း၌မသေခဲ့သော်လည်း ခွေးလက်ဖဝါးရိုက်ချက်ဖြင့် သေရွာသွားရမည်ကို ကြောက်မိလေသည်။


"မင်းအခု င်ိုချင်လာပြီလား..."


ခွေးဘုရင် နောက်ထပ်ထပ်မေးလိုက်သည်။မိုယဲ့ အပျက်အစီးပုံများထဲမှ တွားသွားထွက်လာသည်။သူ့၏ ခန္ဓာကိုယ်က သွေးများဖုံးလွှမ်းနေကာ ပြင်းပြင်းထန်ထန်တုန်ယင်နေလေသည်။သူခေါင်းမော့ကြည့်လိုက်သည်။သူ့၏ ဒေါင်လိုက်မျက်ဝန်းတစ်စုံကလည်း ပြူးကျယ်ဝိုင်းစက်နေသည်။


သူ ခွေးဘုရင်ကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို ပြန်လည်တွေးတောနေပုံပေါ်လေသည်။သူ့၏ အတိတ်ကို သတိရမိသွားသည်နှင့် သူ့မျက်နာပေါ်၌ ကြောက်ရွံ့ထိတ်လန့်သည့်အမူအရာတစ်ခု ပေါ်လာလေသည်။


"ဒီခွေးနက်ကြီး အရမ်းစွမ်းအားကြီးလွန်းတယ် ..."


မိုယဲ့ တုန်တုန်ရီရီဖြင့်ခွေးဘုရင်ကို လက်ညှိုးထိုးလိုက်သည်။သူ့ရှေ့မှ ခွေးနက်က စွမ်းအားကြီးလှသော တစ်စုံတစ်ယောက်ကို သတိရသွားစေသည်။


"မင်း မင်းက အဲ့ဒီခွေး အဲ့ဒီခွေး ကမ္ဘာမြေအကျဉ်းထောင်က..."