အပိုင်း ၈၃၄
Viewers 62k

အခန်း ၈၃၄...


"မင်းက ကမ္ဘာမြေအကျဉ်းထောင်က အဲ့ဒီခွေး..."


မိုယဲ့ ထိတ်လန့်ကြောက်ရွံ့စွာပင် ခွေးနက်ကိုကြည့်လိုက်သည်။ခွေးလက်ဖဝါးဖြင့် အကြိမ်ပေါင်းများစွာ အဆော်ခံရပြီးနောက် သူ သတိရသွားမိလေသည်။သူက ပျက်သုဉ်းခြင်းအကျဉ်းထောင် နတ်ဆိုးမျက်လုံး မ်ျိုးနွယ်စုမှ လူဖြစ်သော်လည်း ကမ္ဘာမြေအကျဉ်းထောင်ရှိ အရာများစွာကိုလည်း သိထားပေသည်။


ငရဲကမ္ဘာ၌ ငရဲ အကျဉ်းထောင်က အဆန်းကြယ်ဆုံးဟုသာ သူများသိထားကြသော်လည်း ကမ္ဘာမြေအကျဉ်းထောင်ကမူ ကွဲပြားခြားနားပေသည်။


၎င်းက ပျက်သုဉ်းခြင်းအကျဉ်းထောင်ထက် ခြိမ်းခြောက် နိုင်စွမ်းရှိသည်။ထိုနေရာတွင် မရေမတွက်နိုင်လောက်သော တည်ရှိမှု အထွဋ်အထိပ်များစွာရှိလေသည်။


အကယ်၍ သူမှတ်မိတာသာ မမှားလျှင် ထိုခွေးသည် ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးခွေးဖြစ်ပေလိမ့်မည်။


ဒီလိုတည်ရှိမှုမျိုးက ပုန်းကွယ်နဂါးတိုက်ကြီးမှာ ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ...ပြီးတော့ အစားကြူးတောင်ကြားကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ...သူ့ကို လာနောက်နေတာလား...မိုယဲ့ တကယ်ကို တုန်ယင်နေသည်။နောက်ခဏအတွင်း သူ့ဘဝလေးပျောက်ဆုံးသွားတော့မလိုမျိုး ငိုချင်နေပေသည်။


သူ့အနေဖြင့် ဘာမှထပ်ပြောနေစရာမရှိတော့ပေ။သူ့၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များ ထွက်ပေါ်လာသည်။မြေပြင်ကို ခြေထောက်နှင့် စောင့်နင်းလိုက်ပြီးနောက် အလင်းတန်းတစ်ခုအလား လေဟာနယ်ကို ထိုးဖောက်သွားကာ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားလိုက်သည်။သူဒီနေရာ၌ မသေချင်ပေ။ထိုခွေးနှင့် မျက်နာချင်းဆိုင် တွေ့ရသောအခါ ထွက်ပြေးလွတ်မြောက်ပြီး ပုန်းကွယ်နေချင်ပေသည်။


သူအသက်စွန့်ကြိုးစားမည်ဆိုလျှင်တောင်မှ ထိုခွေးကို ဆန့်ကျင်နိုင်ဖို့ အခွင့်အရေးမရှိပေ။ငရဲဘုရင်ကလည်း မိုယဲ့ထွက်ပြေးမည်ကို ကြိုတင်တွက်ချက်မိထားပုံပေါ်လေသည်။သူမျက်လုံးလှန်လိုက်ပြီး အရှေ့သို့ လျှောက်လိုက်သည်။


ထိုခဏ၌ ခွေးဘုရင်၏ နေရာမှ ပျောက်ကွယ်သွားပြီးနောက် ထွက်ပြေးသွားသော မိုယဲ့၏ရှေ့တွင် ပြန်ပေါ်လာလေသည်။မိုယဲ့၏ မျက်လုံးလေးလုံး လုံး ပြူးကျယ်သွားသည်။သူ့၏ ဆံစမှ ခြေဖျားထိတိုင်အောင် အေးစိမ့်လှသော ခံစားချက်တစ်ခု ဖြန့်ကျက်သွားလေသည်။


လခွမ်း...


သူကျိန်စာအောက် ကျရောက်သွားသလိုမျိုး ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းနေသော အနက်ရောင် စွမ်းအင်ခွေးလက်ဖဝါးလေး သူ့ကို စီးကြိုနေလေသည်။


လက်ဖဝါးလေး၏ ပတ်လည်တွင် စီးဆင်းနေသော စွမ်းအင်များက သူနှင့် အရမ်းရင်းနီးပေသည်။၎င်းက ကမ္ဘာမြေ အကျဉ်းထောင်မှ ငရဲစွမ်းအင်များဖြစ်သည်။ထိုစွမ်းအင်ကပင် ခွေး၏ ပုံရိပ်ကို အတည်ပြုပေးလိုက်လေသည်။


ဘန်း....


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မိုယဲ့ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြန်သည်။မြေပြင်ပေါ်၌ ခွေးလက်ဖဝါးရာ အခ်ျိုင့်ကြီး အထင်းသားပေါ်လွင်နေသည်။ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများကလည်း နေရာတော်တော်ဝေးဝေးထိရောက်အောင် ဖြန့်ကျက်သွားလသည်။


ခပ်ဝေးဝေးတွင် ငရဲဘုရင်က အစပ်ချောင်းကိုစုပ်ရင်း ဟာသပြဇာတ်တစ်ခုကို ကြည့်နေသလိုမျိုး စောင့်ကြည့်နေလေသည် ။


"ကြည့်ရတာတော့ ဒီကောင်က ခွေးဝဲစားကို မှတ်မိသွားပြီထင်တယ်...အို သူကတော့ လူတွေကို လိုက်ခြောက်နေတော့တာပဲ..."


ငရဲဘုရင်က အစပ်ချောင်းကို ပါးစပ်ထဲထည့်ထားရင်း အသာအယာ ခေါင်းခါယမ်းလိုက်သည်။


"ခွေးဘုရင် ဘယ်သူဆိုတာကို သတိပြုမိသွားပြီဟုတ်လား ..."


ပုဖန်၏ မျက်ဝန်းများလည်း တောက်ပသွားလေသည်။သူသည်လည်း ခွေးဘုရင်၏ ပုံရိပ်အစစ်အမှန်ကို သိချင်နေမိသည်။သူ လေအလင်းအင်ပါယာကို ရောက်စတည်းက ထိုခွေးပေါ်လာပြီး ယခုထိတိုင်အောင် နေထ်ိုင်နေခြင်းဖြစ်သည်။


ဒါပေါ့...ထိုခွေးဘုရင်၏ အကြောင်းကို မသိချင်ဘူးဟု ပြောလျှင် သူလိမ်နေတာသာဖြစ်ပေလိမ့်မည်။သူက ဒီခွေးသည် ကြီးမြတ်သောတည်ရှိမှု ဟုတ်မဟုတ်ဆိုတာကိုသာ မယုံကြည်ခဲ့ခြင်းဖြစ်သည်။ထိုခွေး၌ ဇာတ်လမ်းဟောင်းများစွာရှိပုံပေါ်လေသည်။


ပုဖန် ခွေးဘုရင်၏ နောက်ခံကို ငရဲဘုရင် သို့မဟုတ် ခွေးဘုရင်ဆီမှ တိုက်ရိုက်ပင်မေးမြန်မည်ဟု တွေးတောနေမိသည်။မည်သို့ပင်ဆိုစေ သူ့၌ အစပ်ချောင်းနှင့် နံရိုးချိုချဉ်ကြော်သာ ရှိနေပါက ထိုနှစ်ယောက် စကားမပြောလာမှာကို စိုးရိမ်နေစရာမလိုပေ။


"ဘာပဲဖြစ်ဖြစ်လေ ငါတို့က အဲ့ဒီကောင်ငိုအောင်လုပ်မယ်လို့ ပြောထားခဲ့တာမဟုတ်ဘူးလား ဘာလို့ သူအခုထိ မငိုသေးတာလဲ..."


ပန်းပွင့်လေးက စိတ်လှုပ်ရှားတောက်ပနေသော မျက်ဝန်းများဖြင့် ခွေးဘုရင်ကို မော့ကြည့်နေလေသည်။သူမ၏ သုံးပန်လှ မြွေမျက်လုံးလေးများထဲတွင် စွမ်းအင်များရစ်ဝဲနေသည်။အကြိမ်တိုင်းလက်သီးဆုပ်လေး တယမ်းယမ်းဖြင့်စိတ်လှုပ်ရှားတကြီးဖြစ်နေသည်။


ပုဖန် ပန်းပွင့်လေးကို တစ်ချက်ကြည့်လိုက်သည်။သူမက သာမန်ကလေးတစ်ယောက်မဟုတ်ပေ။သူမ၏ အသွေးအသားအရိုးထဲမှာပင် အာဏာရှင် သွေးမျိုးဆက် ပါရှိနေပြီဖြစ်သည်။


သူမအရိုက်ခံလိုက်ရသည့်အချိန်၌ အလျင်အမြန်ပင် ခွေးဘုရင်ကို ကာဗာယူလိုက်သည်။ဒီနေ့ခေတ်ကလေးများက သွားမစသင့်ပေ။


မိုယဲ့ အပျက်အစီးပုံများထဲမှ တွားသွားထွက်လာသည်။သူသွေးတစ်လုတ်အန်လိုက်ရပြီးသူ့မျက်နာဖြူဖျော့သွားလေသည်။ထို့နောက် စကားတစ်ခွန်းမှမဆိုတော့ပဲ ထပ်မံ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။


သူထိုခွေး၏ ပုံရိပ်အစစ်အမှန်ကို တွေးလိုက်မိရုံဖြင့် ခြေထောက်များပင် ဂျယ်လီလို ပျော့ခွေသွားသည်ဟုခံစားမိသည်။


"မုန်းစရာကောင်းလိုက်တာ ဒီခွေးက ပြည့်အင့်တဲ့အထိ စားပြီးတော့ ဘာမှလုပ်စရာမရှိလို့ ဒီနေရာကို ပြေးလာတာလား...ဒီတောင်ကြားထဲက စားသောက်ဆိုင်နဲ့ ဒီခွေးနဲ့ ဘယ်လိုလုပ်ပြီးတော့ ဆက်စပ်မိမှာလဲ..."


မိုယဲ့ လက်နှစ်ဖက်လုံးမြေမှာထောက်၍ အားပြုထလိုက်သည်။ခပ်လှမ်းလှမ်းတွင်ရှိနေသော ခွေးဘုရင်ကိုကြည့်၍ သူ့၏ နှုတ်ခမ်းများတွန့်လိမ့်ရှုံ့မဲ့သွားသည်။သူ့၏ ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်နေသည်။


ခွေးဘုရင်က ခေါင်းအသာငှဲ့စောင်း၍ မိုယဲ့ကို အေးဆေးစွာ ကြည့်နေသည်။ထို့နောက် တည်ငြိမ်လှသော အသံဖြင့်ပြောလိုက်၏။


"ငါ့ကိုပြောမင်း ငိုချင်လား..."


"မင်းညီမပဲငိုလိုက်..."


မိုယဲ့ ဒေါသထွက်လွန်း၍ သွေးတစ်လုတ်အန်လိုက်မိသည်။ထိုခွေးက စွမ်းအားကြီးနေသည်ဆ်ိုလျှင်တောင်မှ သူ့ကို ဒီလို အရှက်မခွဲသင့်ပေ။


"မင်းကို မိုးကြိုးအတုံးလိုက် ပစ်ချပါစေ ..."


မိုယဲ့ ကျိန်စာတိုက်လိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များထွက်ပေါ်လာကာ ထပ်မံ ပြေးထွက်ရန် ပြင်ဆင်လိုက်သည်။


ဝုန်း...


သို့သော်လည်း သူခြေလှမ်းနှစ်လှမ်းမျှလှမ်းအပြီး၌ ခွေးလက်ဖဝါးဖြင့် မြေပြင်ပေါ်သို့ ထပ်မံကျရောက်သွားပြန်သည်။


ဘန်း ဘန်း...


ထို့နောက် မြေပြင်က အကြိမ်ပေါင်းများစွာ ထိခတ်မှုကိုခံလိုက်ရပြီး အက်ကြောင်းများပြည့်နှက်နေပေပြီ။အစားကြူးရင်ပြင်ကျယ်ရှိ ကြည့်ရှုနေသူများအားလုံး တောင့်တင်းစွံ့အနေကြလေသည်။


"မယုံနိုင်စရာပဲ ဒီနတ်ဆိုးက ပြန်ပြီးတော့တောင် မခုခံနိုင်ဘူး သူတို့ အိပ်မက်မက်နေတာလား..."


"ဘယ်လိုလုပ်ပြီး ဒီလ်ို ကြောက်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်လာတာလဲ..."


ပုဖန်နှင့် ငရဲဘုရင်က ခြေချိတ်ထိုင်နေပြီး မိုယဲ့၏ သနားစရာအခြေအနေကို ကြည့်ရှုနေလေသည်။


"ဒီကောင်က တော်တော်ပေကပ်ကပ်နိုင်တာပဲ ခွေးဘုရင် ဒီလောက်ရိုက်နေတာတောင်မှပဲ မငိုသေးဘူး နည်းနည်းလောက်ငိုလိုက်လေ... ပြီးသွားပြီပဲ ဟုတ်တယ်မဟုတ်လား တကယ်ပဲ တကယ်ကို ဆိုးလိုက်တာ..."


ငရဲဘုရင် မုန်းတီးစွာဖြင့် ရေရွတ်လိုက်ပြီး သူ့၏ အစပ်ချောင်းကို ကျွတ်ခနဲမြည်အောင် ကိုက်လိုက်သည်။ခွေးလက်ဖဝါးတစ်ချက်လွှဲယမ်းလိုက်တိုင်း ငရဲဘုရင်၏ နှလုံးသားထဲတွင် တွန့်ခနဲ တစ်ချက်ဖြစ်သွားလေသည်။ထိုခွေးဝဲစားက သူ့၏ အားကို မထိန်းနိုင်ပဲ မိုယဲ့ကို သတ်လိုက်မိမည်ကို စိုးရိမ်နေမ်ိသည်။


အကယ်၍ ထိုလူသေသွားပြီဆိုသည်နှင့် ပုဖန်ဆီမှ သူအစပ်ချောင်းရနိုင်စရာနည်းလမ်းမရှိတော့ပေ။ဒါက လက်မခံနိုင်စရာကောင်းလှသည်။


"မင်းအခု ငိုသင့်နေပြီ..."


ငရဲဘုရင် ဒေါသတကြီးဖြင့် အော်လ်ိုက်သည်။တကယ်တမ်းတွင် မိုယဲ့ကလည်း ငိုချင်နေပေသည်။သူဒီလိုအရှက်ကွဲရသည့် အခြေအနေမျိုးတစ်ခါမှ မကြုံးဖူးပေ။ဒီခွေးက သူ့ကို ကြွက်ကလေးလို လာဆော့နေပေသည်။ဒီခွေးက သာမန်ခွေးတစ်ကောင်မဟုတ်သော်လည်း တကယ်ကို ခွေးစုတ်ခွေးပျက်ဖြစ်နေတုန်းပင်။


အဟွတ် အဟွတ်...


သူချောင်းခြောက်တစ်ချက်ဆိုးလိုက်သည်နှင့် ပါးစပ်ထဲမှ ဖုန်လုံးများပင် ထွက်ပေါ်လာသည်။အပျက်အစီးပုံများထဲမှ နောက်တစ်ဖန် တွားသွားထွက်လာသည်။ဒီတစ်ကြိမ်၌ သူထွက်မပြေးတော့ပေ။


လေထဲတွင်မျောလွင့်နေသော ခွေးဘုရင်ကို လှည့်ကြည့်လိုက်၏။သူ့၏ မျက်ဝန်းထဲတွင်လည်း ဒေါသမီးလျှံများတောက်လောင်နေပေပြီ။


ဝီ...


သူ့၏ ဒေါင်လိုက်မျက်ဝန်းများ ပွင့်လာပြီး ထောင်သောင်းများစွာသော စွမ်းအင်စီးကြောင်းများ လျင်မြန်စွာ စုစည်းလာလေသည်။မိုယဲ့၏ စွမ်းအင်များကလည်း လျင်မြန်စွာထွက်ပေါ်လာသည်။သူက ပို၍ပင် ကြောက်စရာကောင်းလှ၏။မျက်ဝန်းရှေ့မှ ငရဲစွမ်းအင်များကလည်း လေဟာနယ်ကို ဆုတ်ဖြဲပစ်တော့မလို ဖြစ်နေသည်။


"ငါ လုံးဝ ရှောင်ပုန်းမနေတော့ဘူး မင်းနဲ့ သေသေကြေကြေ တိုက်ခိုက်မယ်..."


မိုယဲ့ နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို ပွတ်သုတ်လိုက်ပြီး ဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။သူ့၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များအားလုံးကို စုစည်းလိုက်ပြီး အသေခံ တိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်လိုက်သည်။


ဘယ်လိုလုပ်လုပ် သူမလွတ်မြောက်နိုင်ဘူးဆိုမှတော့ သေရင်တောင် ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်၍ သေရပေမည်။ပြောရမည်ဆိုလျှင် ကမ္ဘာမြေအကျဉ်းထောင်၏ ဒဏ္ဍာရီလာ တည်ရှိမှုနှင့် ရင်ဆိုင်သည်ဆိုထဲက သူသေဖို့ လုံလောက်နေပေပြီ။


"လာလေ ကမ္ဘာမြေအကျဉ်းထောင်ကခွေး ငါမင်းကို ဉာဏ်ပွင့်အောင်လုပ်ပေးလိုက်မယ်..."


ဘန်း...


မိုယဲ့၏ ငရဲစွမ်းအင်များက အချိန်တိုအတွင်းမှာပင် စုစည်းလာပြီးနောက် သူ့၏ အော်ရာများ မြင့်တက်လာသည်။သို့သော်လည်း သူ့၏ စွမ်းအင်များအားလုံး လေဟာနယ်ကို ထိုးဖောက်တော့မည့်အချိန်မှာပင် ခွေးလက်ဖဝါးလေး တစ်ဖန်မြောက်တက်လာလေသည်။


သူမြေပြင်ပေါ် ထပ်မံ ရိုက်ချခံလိုက်ရပြီး စုစည်းထားသော ငရဲစွမ်းအင်များအားလုံး က်ျိုးပျက်သွားလေသည်။မိုယဲ့ ပါးစပ်အပြည့် သွေးတစ်လုတ်အန်လိုက်ရပြီး ဆက်၍ အသက်မရှင်ချင်တော့သလို ခံစားလိုက်ရသည်။သူတစ်စက်မှမလှုပ်တော့ပဲ မြေပြင်ပေါ်မှာသာ လဲလျောင်းနေလ်ိုက်သည်။


"ဘာကြောင့် သူဒီလ်ိုမ်ျိုးဖြစ်ရတာလဲ ဒီလို ညင်းပန်းနှိပ်စက်မှုတွေက ဘယ်ကနေရောက်လာတာလဲ..."


မည်သို့ပင်ဆိုစေ မိုယဲ့က သေမသွားသေးပေ။ထို့ကြောင့်သူ အပျက်အစီးပုံများထဲမှ နောက်တစ်ကြိမ်ထလာပြန်သည်။မိုယဲ့ ထိုခွေးဝတုတ်ကို မျက်နာသေဖြင့် ကြည့်လိုက်သည်။သူ့၏ စိတ်ထဲ၌ အမည်မသိ ဝမ်းနည်းမှုများ လှိုက်တက်လာပြီး နှာခေါင်းတရှုံ့ရှုံ့ဖြစ်လာလေသည်။


ခွေးဘုရင်က သူ့ကို တည်ငြိမ်စွာကြည့်ပြီးနောက် ယောက်ကျားပီသလှသော အသံတစ်သံထွက်ပေါ်လာသည်။


"ဘယ်လိုလဲ မင်းအခု ငိုတော့မှာလား..."


မိုယဲ့ မျက်လုံးလန်၍ ကြည့်လိုက်သည်။


"အကိုကြီးခွေး ခင်ဗျားနိုင်ပါတယ်...နောက်ဆုံးငါ့ဆန္ဒအတိုင်းလုပ်ပေးနိုင်မလား...ခင်ဗျားကျုပ်ကို သတ်နိုင်တယ် ကျူပ်ကို အရှက်ခွဲလို့မရဘူး..."


မိုယဲ့၏ မျက်ဝန်းများနီရဲလာသော်လည်း သူမျက်ရည်မကျအောင် ထိန်းထားလေသည်။


"ကြည့်ရတာတော့ မလုံလောက်သေးပုံပဲ ဒါဆိုလည်း ဒီမှာ နောက်တစ်ချက်လာပြီ..."


ခွေးဘုရင် ပြောပြီးသည်နှင့် ခွေးလက်ဖဝါးလေးကို နောက်တစ်ဖန်ထပ်မြောက်လိုက်သည်။စွမ်းအင်များ လျင်မြန်စွာစုစည်းလာပြီး ကြီးမားလှသော ခွေးဘးလက်ဖဝါးပုံရိပ်ပေါ်လာသည်။


ထိုခွေးလက်ဝါးပုံရိပ်က မိုယဲ့၏ ခေါင်းအထက်၌ ရစ်ဝဲနေပြီး ဘဝကြီးက ဘာမှ အဓိပ္ပါယ်မရှိတော့သလိုမျိုးခံစားလိုက်ရသည်။


ဖျတ် ဖျတ်...


သူ မြေပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်ပြီး ပဲစေ့လောက် မျက်ရည်များစီးကျလာကာ ကျယ်လောင်စွာငိုကြွေးလိုက်လေသည်။လွတ်မြောက်ရန်အတွက် ကျယ်လောင်စွာ င်ိုရပေမည်။အခြေအနေကို ဖြေရှင်းစရာမရှိတော့သောကြောင့် သူ့၏အသက်လေးအတွက် ငိုကြွေးရပေမည်။


သို့သော်လည်းသူ့၏ နှလုံးသားထဲမှ သိမ်ငယ်မှုများကို ဆေးကြောပစ်ရန်အတွက် အချိန်အတော်ကြာ ယူရပေလိမ့်မည်။ဘဝက နှစ်သုံးဆယ်နိမ့်ကျပြီး နှစ်သုံးဆယ်မြင့်သည် ဟူသည့် ဆိုရိုးအတိုင်းပင်။(နိမ်တလှည့်မြင့်တလှည့်)


မူလက မိုယဲ့ ဟန်ဆောင်ငိုကြွေးဖို့ စီစဉ်လိုက်ခြင်းဖြစ်သည်။သို့သော်လည်း သူစတင်ငိုလိုက်သည်နှင့် ထိုခွေး၏ အရုပ်တစ်ရုပ်လို စော်ကားခံရမှုက သူ့၏ စိတ်အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေပြီး ဝမ်းနည်းမှုဖြင့် ကျယ်လောင်စွာ င်ိုကြွေးလာတော့သည်။


သူငိုကြွေးနေပုံမှာ အလွန်ပင် သနားစရာကောင်းလှသည်။ခွေးဘုရင်ပင် အနည်းငယ် ကို့ယို့ကားယား ခံစားလိုက်ရပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။


ပန်းပွင့်လေးက မိုယဲ့ ငိုနေသည်ကို တွေ့လိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကလေးကို လွှဲယမ်းနေလေသည်။ဒီလူက သူမကို အန်ိုင်ကျင့်ပြီး ငိုအောင်လုပ်ခဲ့တာ အခုတော့ သူလည်း ငိုတဲ့အထိအရိုက်ခံရတာကို တွေ့ကြုံခံစားလိုက်ရပြီ။


လူများအားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။သူတို့အားလုံးလည်း ကို့ယို့ကားယား အခြေအနေကို ခံစားမိပြီး မည်သို့ စကားဆိုရမည်မသိ ဖြစ်နေကြသည်။


အစွမ်းရှိသော နတ်ဆိုးတစ်ကောင်က မြေပြင်ပေါ်တွင် နှလုံးကွဲကြေမတတ် ငိုကြွေးနေပြီး မူးမေ့လဲကျတော့မည့်ပုံပင်ပေါက်နေသည်။ပုဖန်လည်းထိုမြင်ကွင်းကိုကြည့်၍ ငိုမရလို ရယ်ရမလို ဖြစ်နေလေသည်။ပုဖန်ဘေးတွင် ထ်ိုင်နေသော ငရဲဘုရင်က ထရပ်လိုက်၏။သူ့၏ မျက်ဝန်းများက တောက်ပလက်ဖြာနေလေသည်။သူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။


"နောက်ဆုံးတော့ ငါတောက်ပရမယ့် အချိန်ရောက်လာပြီ ...ပုဖန်ကောင်လေး ဒီဘုရင်ကိုလည်း အစပ်ချောင်းပေးဖို့ မမေ့နဲ့နော် ငါကလည်းသူ့ကို င်ိုအောင်ရိုက်မယ်..."


မိုယဲ့ ငိုကြွေးလိုက်သောကြောင့် ခွေးလက်ဖဝါး၏ဖိနှ်ိပ်မှုမှ လွတ်မြောက်သွားလေသည်။ခွေးဘုရင်က သူ့ကို စိတ်မဝင်စားစွာ တစ်ချက်ကြည့်၍ မဲ့လ်ိုက်ပြီးနောက် စားသောက်ဆိုင်ဘက်သို့ အဆီတလှုပ်လှုပ်ဖြင့် ပြန်လျှောက်လာလေသည်။


"သူ့ကို ငိုအောင်ရိုက်လိုက်ပြီအခု စိတ်ကျေနပ်သွားပြီလား..."


ခွေးဘုရင် ပန်းပွင့်လေးကိုကြည့်၍ မေးလိုက်သည်။ပန်းပွင့်လေး၏ သုံးပန်လှ မြွေမျက်လုံးများထဲတွင်ပင် အပြုံးရိပ်များ ထင်ဟပ်နေလေသည်။


ထိုကြောက်စရာကောင်းလှသော ခွေးက သူ့၏ အသက်လေးကို ချမ်းသာပေးပြီး ဒီတိုင်းလျှောက်ထွက်သွားလိမ့်မည်ဟုမိုယဲ့ မထင်ထားခဲ့ပေ။သူ့မျက်နာပေါ်မှ မျက်ရည်များကို ပွတ်သုတ်လိုက်သည်။သူ့နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်များ မြင့်တက်လာသည်။သူ အသတ်မခံရဘူးဆိုမှတော့ ထွက်ပြေးရပေမည်။


သူမြေပြင်မှ လျင်မြန်စွာထရပ်လိုက်သည်။သူ့၏ ပတ်ဝန်းကျင်တွင်လည်း သိပ်သည်းလှသော ငရဲစွမ်းအင်များ စုစည်းလာသည်။


သူလေဟာနယ်ကို ဆုတ်ဖြဲ၍ အဝေးကြီးသို့ ထွက်ပြေးလွတ်မြောက်ရန် ရည်ရွယ်လိုက်သည်။သို့သော်လည်း သူအနည်းငယ် ပျံသန်းလိုက်သည့်အချိန်မှာပင်သူ့၏ ရှေ့၌ ပုံရိပ်တစ်ခုထွက်ပေါ်လာလေသည်။


ထိုသူက အမျိုးသမီးများပင် မနာလိုဖြစ်ရလောက်အောင်ချောမောလှပေသည်။ပါးစပ်ထဲတွင် စားစရာတစ်ခုကို ထည့်ထားသော သူ့၏ ပုံစံက ဝမ်းနည်းနေသည့် ပုံစံပင် ပေါက်နေသည်။မိုယဲ့ ခဏမျှ တွေဝေသွားပြီးနောက် သူ့၏ မျက်ဝန်းထဲ၌ ဒေါသများ ပြည့်နှက်လာသည်။


သူ့ လမ်းကို လာပိတ်တဲ့သူ ရှိပြန်ပြီလား...


"ငါလမ်းမှာ လာမရှုပ်နဲ့ ထွက်သွားစမ်း..."


သူ ခွေးဘုရင်လက်မှလွတ်မြောက်ပြီးနောက် သူတို့၏ အရှင်သခင်ကို ထ်ိုအကြောင်း သွားရောက်သတင်းပို့ရပေမည်။ကမ္ဘာမြေအကျဉ်းထောင်မှ ကြောက်မက်ဖွယ်ရာ တည်ရှ်ိမှုတစ်ခုက ပုန်းကွယ်နဂါးတိုက်ထဲတွင် နေထိုင်နေသည့်သတင်းကို သိလိုက်သည်နှင့် လူများအားလုံး တုန်လှုပ်သွားပေလိမ့်မည်။


ငရဲဘုရင်အာဟက သူ့မျက်နာတစ်ဝက်ကို လက်ဖြင့်ကာထားသည်။သူ အစပ်ချောင်းကို စုပ်၍ မိုယဲ့ကို အေးဆေးစွာကြည့်နေလိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီး မသဲမကွဲ အသဲဖြင့် ပြောလိုက်သည်။


"ဘယ်သူက မင်းကို ထွက်သွားလို့ ရပြီလို့ပြောလို့လဲ...ဟိုခွေဝဲစားက မင်းကိုင်ိုအောင်ရိုက်လိုက်ပြီးပြီဆိုတော့ အခုငါအလှည့်ပဲ..."


မိုယဲ့ ထိတ်လန့်ကြောင်အသွားသည်။ငရဲဘုရင် မိုယဲ့ကို လက်ညှိုးညွှန်လိုက်သည်။သူ့ပါးစပ်ထဲမှ အစပ်ချောင်းက နှုတ်ခမ်းထောင့်သို့ ပြေးကပ်သွားလေသည်။


"နောက်တစ်ကြိမ် ငိုတဲ့အထိ ရိုက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား..."