အပိုင်း ၈၃၇
Viewers 53k

အပိုင်း ၈၃၇

ဒီဘုရင်ရဲ့အစပ်ချောင်းတွေက မင်းအပေါ်မူတည်သွားပြီ


မိုယဲ့၏ဒေါင်လိုက်မျက်လုံးများသည် ရုတ်ချည်းပင်ပင်တောက်လောင်နေသည့်အလင်းတန်းများကိုထုတ်လွှတ်နေသည်။ ၎င်းသည် စုတ်ပြဲသွားကာ လေဟာနယ်အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ခြေသည်းတစ်ခုက ထိုအက်ကွဲကြောင်းမှထွက်ပေါ်လာကာ အလွန်အမင်းကြောက်ဖို့ကောင်းသောတစ်စုံတစ်ကတွားထွက်လာတော့မလိုဖြစ်နေသည်။


မိုယဲ့၏ခန္ဓာကိုယ်စုတ်ပြဲသွားသည်နှင့်တပြိုက်နက် သူ၏ရူးသွပ်သည့်ရယ်မောသံသည် နာကျင်စွာဟိန်းဟောက်သည့်အသံတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။


အစားကြူးတောင်ကြားရှိလူများအားလုံး၏ နှလုံးသည်နောက်တစ်ကြိမ်ဆောင့်ခုန်သွားကာ လေအေးတစ်ချက်ရှူရှိုက်မိပြန်ကြသည်။


ထိုကြောက်မက်ဖွယ်ပုံရိပ်ကသူတို့၏ စိတ်ထဲတွင်ပြည့်နှက်နေကာ ထိုကဲ့သို့သောကြောက်စရာပုံရိပ်မျိုးကို တစ်ကြိမ်တစ်ခါမျှတွေ့ကြုံဖူးခြင်းမရှိကြချေ။


ထိုလူသည်စစီစုတ်ပြဲသွားကာ အာကသအက်ကွဲကြောင်းကိုဖြစ်ပေါ်လာစေရုံသာမက နောက်ထပ်ကြောက်မက်ဖွယ်ရာသတ္တဝါတစ်ကောင်က ထိုအက်ကွဲကြောင်းထဲမှတွားထွက်လာပေသည်။


ခွေးဘုရင်သည် သူ၏ဝမ်းဗိုက်ပိုင်းကိုမြေပြင်ပေါ်လဲလျောင်းလိုက်သည်။ ၎င်း၏မျက်လုံးများက အက်ကွဲကြောင်းမှ တွားထွက်လာသည့် မိုယဲ့၏ခန္ဓာကိုယ်မှဖန်တီးလိုက်သော ကြောက်မက်ဖွယ်ရာဖြစ်တည်မှုကြီးကို စိုက်ကြည့်လိုက်သည်။ထို့နောက် နှုတ်ခမ်းများပင်တွန့်လိမ်သွားကာ တစ်စုံတစ်ခုကိုရေရွတ်လိုက်သည်။


ခွေးဘုရင်သည် အာကသအက်ကွဲကြောင်းမှထွက်လာသော ကြောက်မက်ဖွယ်အရာကြီးကို ဂရုပင်မစိုက်သည့်ပုံပေါ်နေသည်။ သူ့မျက်နှာတွင် အထင်အမြင်သေးမှုများပင်ရှိနေသည်။


ငရဲဘုရင်အာဟ၏မျက်နှာသည် မဲမှောင်သထက်မဲမှောင်လာတော့သည်။ သူ၏ ပြောင်လက်နေသောအနက်ရောင်ဆံပင်များသည် လေယူရာအလိုင်း ယိမ်းနွဲ့နေပေသည်။


သူအသက်ဖွဖွရှူထုတ်လိုက်ပြီး နောက်ထပ်အစပ်ချောင်းတစ်ချောင်းကိုထုတ်ယူလိုက်ပြီး ပါးစပ်ဟ၍ကိုက်ချလိုက်သည်။ သူသည်လေထဲတွင်လက်ပိုက်၍မတ်တတ်ရပ်နေသည်။ အက်ကွဲကြောင်းသည် သူနှင့်မနီးမဝေးတွင်ရှိနေပြီး တဖြေးဖြေးချင်းစုတ်ပြဲလာတော့သည်။


ငရဲဘုရင်အာဟသည် မိုယဲ့ကသူ့ကိုလှည့်စားခဲ့ကာ အရှက်ရအောင်ကြုလုပ်ခဲ့သောကြောင့်အနည်းငယ်ဒေါသထွက်နေသည်။


သူသည် မိုယဲ့ဘာတွေဆက်ကစားနေဦးမလဲဆိုတာကိုသိချင်လေသည်။ ငရဲကမ္ဘာ၏အရှင်သခင်ဖြစ်သောကြောင့် ငရဲဘုရင်အာဟတွင်လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာရှိပေသည်။


အက်ကွဲကြောင်းထဲမှ မည်သည့်အကောင်ကြီးပဲထွက်လာပါစေ သူ့ထံမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရပေမည်။


ဘုန်း ဘုန်း


ယခုမှစ၍ ပုန်းကွယ်နဂါးတိုက်ကြီး၏ မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများ ပြိုလဲတော့မည်ဖြစ်သည်။ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပျက်ဆီးသွားသောကြောင့် နဂိုက ဟာကွက်မရှိသော မဟာနိယာမလမ်းကြောင်းတွင် အပေါက်တစ်ခုစတင်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ထို့နောက် အချို့သောကျင့်ကြံသူများသည် ပုန်းကွယ်နဂါးတိုက်ကြီး၏မဟာနိယာမလမ်းကြောင်းကို လုံးလုံးလျားလျားပျက်ဆီးစေလိုသောရည်ရွယ်ချက်ဖြင့် ထိုအပေါက်ကိုစတင်တိုက်ခိုက်၍တိုက်ခိုက်ကြပေလိမ့်မည်။


မူလက ပုန်းကွယ်နဂါးတိုက်ကြီး၏ မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများသည် အလွန်မသန်မာပေ။ ယခုတွင်အပေါက်တစ်ခုရှိနေပြီဖြစ်၍ ပို၍အားနည်းသွားပေတော့မည်။


ဝုန်း ဝုန်း


လေဟာနယ်သည် စုတ်ဖြဲခြင်းခံရကာ ထိုအက်ကွဲကြောင်းမှ ဧရာမသတ္တဝါတစ်ကောင်ထွက်ပေါ်လာသည်။


၎င်းသည် နက်ပြာရောင် ခြင်္သေ့ရိုင်းတစ်ကောင်နှင့်ဆင်တူသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လေသည်။ထိုခြင်္သေ့၏ခေါင်းအထက်တွင်ပါးစပ်တစ်ပေါက်ရှိနေကာ ထိုပါးစပ်ထဲတွင်လည်နေသောမျက်လုံးနှစ်လုံးရှိနေသည်။


မျက်လုံးသုံးလုံးနှင့် ခြင်္သေ့မကောင်းဆိုးဝါးက အက်ကွဲကြောင်းမှထွက်လာပြီးနောက်တွင် ကောင်းကင်ယံ၌ ဝင့်ကြွားစွာပျံဝဲနေလေသည်။ ၎င်း၏ခြေသည်းများနှင့် လေဟာနယ်ကိုရိုက်ချကာ လေဟာနယ်ကိုတုန်ရီ၍ကွဲအက်သွားစေသည်။


ဝေါင်း


ခြင်္သေ့ဟိန်းသံသည် နေရာအနှံ့သို့ပျံ့နှံ့သွားပေသည်။


လူတိုင်း နှလုံးများတုန်ရီနေသည်ကိုခံစားနေရသည်။


ထိုခြင်္သေ့၏ဟိန်းဟောက်သံသည် သူတို့၏စိတ်အတွင်းတွင်ပဲ့တင်ထပ်နေကာ ၎င်းတို့၏ပျော့ညံ့သောခန္ဓာကိုယ်များကို တသိမ့်သိမ့်တုန်ရီနေစေသည်။


၎င်းသည် လူတိုင်းကိုမွန်းကြပ်စေကာ ရင်ဘတ်ပေါ်တွင် တောင်တစ်လုံးမှတက်ဖိထားဟန်နှင့်တူသော ဖိအားတစ်ခုကိုခံစားရစေသည့် ခြင်္သေ့ဟိန်းသံတစ်ခုဖြစ်လေသည်။


"နတ်ဆိုးမျက်လုံးမျိုးနွယ်စုက မျက်လုံးသုံးလုံးခြင်္သေ့လား.... နတ်ဘုရားအာကာသအဆင့်ရှိတဲ့ စိတ်ဝိဉာဉ်သားရဲကောင်လားလို့လေ"


ငရဲဘုရင်အာဟသည် ထိုမျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကို အေးစက်စက်ကြည့်လိုက်သည်။ အစပ်ချောင်းကိုပါးစပ်ထဲတွင်ကိုက်ကာ သူ့မျက်နှာသည်းအေးစက်မာကျောနေပေသည်။


"မင်းက မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းမှန်မယ်ဆိုရင် မင်းက နတ်ဆိုးမျက်လုံးမျိုးနွယ်စုထဲက ကျွမ်းကျင်သူတစ်ယောက်နဲ့လိုက်လာရမှာမဟုတ်လား"


ငရဲဘုရင်၏မျက်လုံးမျာသည်အေးစက်နေသော်လည်း ၎င်းတို့သည် လောကဓံများစွာကိုကြုံတွေ့ခဲ့ရသည့်ပုံပေါ်နေသည်။ ငရဲဘုရင်သည် မိုယဲ့ကြောင့် နတ်ဆိုးမျက်လုံး မျိုးနွယ်စုတစ်ခုလုံးအပေါ် အမြင်ကောင်းမရှိပေ။


ပြောသည့်အတိုင်းပင် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်း၏အနောက်တွင် အာကာသအက်ကွဲကြောင်းထဲမှပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ သူ့သည် အနက်ရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ခေါင်းထက်တွင် ကွေးညွတ်နေသောဦးချိုများရှိလေသည်။


အင်အားကြီးမားကာ ကြောက်မက်ဖွယ်ကောင်းသည်.. ၎င်းသည် ထိုပုံရိပ်ကအခြားသူများကိုပေးစွမ်းသည့် ပထမဆုံးအထင်အမြင်ဖြစ်သည်။


သို့သော် ငရဲဘုရင်အာဟနှင့်ခွေးဘုရင်သည် ထိုပုံရိပ်ကိုစိတ်ထဲတွင်မရှိချေ။


ထိုပုံရိပ်သည် ထွက်ပေါ်လာပြီးသည်နှင့်တပြိုင်နက် မျက်လုံးသုံးလုံးခြင်္သေ့ပေါ်တက်စီးလိုက်သည်။ နက်ပြာရောင် ခြင်္သေ့ကြီးသည် ဒေသတစ်ခုလုံးကိုဖိနှိပ်နိုင်သော ကြောက်မက်ဖွယ်အော်ရာကိုပိုင်ဆိုင်ပေသည်။


"နောက်ဆုံးတော့.. ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပျက်ဆီးသွားခဲ့ပြီပဲ... မဟာနိယာမလမ်းကြောင်းရဲ့စည်းမျဉ်းတွေကလည်းအားနည်းသွားပြီဖြစ်လို့ ဘယ်သူမှငါတို့ရဲ့ပျက်သုဉ်းခြင်းအကျဉ်းထောင်ကိုတားလို့မရတော့ဘူးကွ...."


ခဏအကြာတွင်ထိုလူသည် ပတ်ပတ်လည်ကို သေသေချာချာကြည့်လိုက်သည်။ သူပထမဆုံးမြင်သည့်သူမှာ သူနှင့်အနီးဆုံးတွင်မတ်တတ်ရပ်နေသော ငရဲဘုရင်အာဟဖြစ်သည်။


မိုယဲ့ သေဆုံးသွားပြီဖြစ်သည်။ ထိုကျင့်ကြံသူလည်းသိပေသည်။ မိုယဲ့သည် နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ အင်အားကောင်းသော နောက်ပိုင်းမျိုးဆက်ဖြစ်သောကြောင့် သူအနည်းငယ်မျှနှမျောတသဖြစ်မိသည်။


"ဘယ်သူ ငါတို့နတ်ဆိုးမျက်လုံးမျိုးနွယ်စုရဲ့ ဉာဏ်ကြီးရှင်ကိုသတ်တာလဲ... ဒီကိုလာပြီး မင်းရဲ့သေခြင်းတရားကိုခံယူစမ်း"


ထိုကျင့်ကြံသူသည်မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကိုစီးနင်းကာ သူ၏အော်ရာကိုနေရာအနှံ့သို့ဖြန့်ကျက်ရင်း အေးစက်စွာပြောလိုက်သည်။


ငရဲဘုရင်အာဟ ထိုလူကိုပြုံးစိစိကြည့်လိုက်သည်။ သူ့ပါးစပ်ထဲရှိအစပ်ချောင်းမြင့်တက်သွားကာ ယုတ်မာဟန်ရှိသော်လည်းချောမောလှသော အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ ထိုအပြုံးက ကျင့်ကြံသူကိုကြက်သီးထသွားစေသည်။


ဝှီး


မိုယဲ့၏ဝိဉာဉ်သည် သူ့ခန္ဓာကိုယ်အပျက်အစီးများမှ ထွက်ပေါ်လာကာ ထိုကျင့်ကြံသူဘေးတွင် ပျံဝဲနေသည်။


ထိုကျင့်ကြံသူသည် မိုယဲ့၏စိတ်ဝိဉာဉ်အပိုင်းအစ မပျက်ပြယ်သေးသ၍အနည်းငယ်ပျော်ရွှင်သွားမိသည်။ မိုယဲ့သည် သူ၏နတ်ဆိုးအမှတ်အသားများကိုလောင်ကျွမ်းစေလိုက်သောကြောင့် သူ၏ဝိဉာဉ်သည်လည်း တစ်ပါတည်းလောင်ကျွမ်းသွားသင့်ပေသည်။


သူ၏ဝိဉာဉ်တည်ရှိနေသ၍ သူ့ကိုပြန်လည်အသက်သွင်းရန် အခွင့်အရေးရှိနေပေသည်။ ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ လုပ်နိုင်စွမ်းဖြင့် သူ့တွင်ထိုသို့လုပ်နိုင်ရန်အခွင့်ရှိသည်။


မိုယဲ့၏ဝိဉာဉ်သည် အနည်းငယ်ဝေဝါးနေလေသည်။ ရုတ်တရက် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းနှင့် နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှကျင့်ကြံသူကိုမြင်လိုက်သောအခါ မျက်လုံးပြူးသွားတော့သည်။


သို့သော် အဝေးမှ သတ်ဖြတ်လိုစိတ်တို့ပြည့်လျှံနေသော ငရဲဘုရင်အာဟ၏မျက်လုံးနှင့်အကြည့်စုံလိုက်သောအခါ မိုယဲ့အလွန်ကြောက်လန့်သွားခဲ့သည်။


သူသည် ငရဲဘုရင်ကိုလှည့်စားပြီး ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုဖျက်ဆီးရန်အခွင့်အရေးယူခဲ့သည်။ ထို့ကြောင့် ငရဲဘုရင်ကသေချာပေါက်စိတ်ဆိုးပေလိမ့်မည်။ ယခုရောက်ရှိလျာသော ကျင့်ကြံသူ၏အဆင့်သည်ပင် ပုန်းကွယ်နဂါးတိုက်ကြီးပေါ်တွင်အခြေချရန်ကြိုးစားနေသော ငရဲကမ္ဘာမှအရှင်အခင်တစ်ယောက်ကို ထိပါးနိုင်ရန်မလုံလောက်ချေ။


သူဒါကိုအထက်ပိုင်းအရာရှိများထံ သတင်းပို့ရပေမည်။


မိုယဲ့တစ်ယောက် မျက်နှာပေါ်တွင်အကြောက်တရားအပြည့်ဖြင့်ပါးစပ်ဖွင့်လိုက်သည်။ သူ နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ ကျင့်ကြံသူကိုကြည့်ပြီးတစ်စုံတစ်ခုပြောရန်ပြင်လိုက်သည်။


သို့သော် ပါးစပ်ထဲတွင်အစပ်ချောင်းကိုကိုက်ထားသော ငရဲဘုရင်အာဟသည် သူ့လက်ညှိုးကိုမြှောက်၍ မိုယဲ့၏ဝိဉာဉ်ကိုညွှန်လိုက်သည်။


မမြင်ရသောလှိုင်းတစ်ခုက ထွက်ပေါ်လာကာ မိုယဲ့၏ဝိဉာဉ်ကိုမလှုပ်နိုင်အောင်ပြုလုပ်လိုက်၍ သူဘာမှမပြောနိုင်တော့ပေ။ 


"မင်းက ဒီဘုရင်နဲ့ကစားချင်တယ်ပေါ့လေ... ဘာမှပြောဖို့မလိုအပ်ဘူး.. ငါမင်းကို ကမ္ဘာမြေအကျဉ်းထောင်ကိုပို့ပေးမယ် အဲ့တော့မင်းပြန်လည်ဝင်စားလို့တာပေါ့"

ငရဲဘုရင်အာဟ ပေါ့ပေါ့ဆဆပြောလိုက်သည်။


ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်လာသည်။


မိုယဲ့၏အနောက်ဘက်ရှိလေဟာနယ်စုတ်ပြဲသွားကာ ကြောက်မက်ဖွယ်စုတ်ယူမှုက မိုယဲ့၏ဝိဉာဉ်ကိုထိုထဲသို့စုတ်ယူနေသည်။


မိုယဲ့ ကြောက်လန့်တကြားရုန်းကန်နေသော်လည်း ခုခံရန်မည်သည့်အရာမှမလုပ်နိုင်ပေ။


လေဟာနယ်အက်ကွဲကြောင်းပြန်ပိတ်သွားခဲ့ကာ မိုယဲ့၏ဝိဉာဉ်အပြီးအပိုင်ပျောက်ကွယ်သွားခဲ့သည်။


လူများသည် ပြန်လည်ဝင်စားခြင်းဟုခေါ်သောအရာသည် မည်ကဲ့သို့သောညှင်းပန်းနှိပ်စက်ဖြစ်သည်မှန်းမသိကြပေ။ သူတို့သိသည်မှာ မိုယဲ့က၎င်းကိုအလွန်အမင်းကြောက်သည်ဟူ၍ဖြစ်သည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ ကျင့်ကြံသူသည် ငရဲဘုရင်အာဟကသူ့ရှေ့တွင် အော်ဟစ်ရဲမည်ဟု မထင်ထားမိပေ။


သူ မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကိုစီးနင်းနေသော်လည်း ထိုလူကလှုပ်ရှားဝံ့သေးသည်။ သူ့အနောက်ဘက်မှထွက်ပေါ်လာသော လေဟာနယ်အက်ကွဲကြောင်းသည်လည်း သူမထင်မှတ်ထားခဲ့သောအရာဖြစ်သည်။


ဝိဉာဉ်ဝါးမျိုခံလိုက်ရသည်ဖြစ်၍ မိုယဲ့သည်လုံးဝသေဆုံးသွားသည်ဟု အဓိပ္ပါယ်ရပေသည်။


မည်သူမှသူ့ကိုမကယ်နိုင်တော့ပေ။


နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ ဉာဏ်ကြီးရှင်သည် သူ့ရှေ့တွင်သေဆုံးခဲ့ရသည်။ နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ ကျင့်ကြံသူကပို၍ဒေါသထွက်လာသည်။


သူ့နှဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးနှစ်လုံး ပွင့်လာကာ တောက်ပသောအလင်းတန်းများကိုထုတ်လွှတ်လိုက်သည်။


"မင်း... သေသင့်တယ်"


မိုယဲ့သည် သူ့ကိုတစ်ခုခုပြောချင်နေခဲ့ပုံပေါ်သော်လည်း ထိုလူကြားဝင်နှောင့်ယှက်လိုက်၍ပြီးဆုံးအောင်မပြောလိုက်ရပေ။ နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ကျင့်ကြံသူ၏ဒေါသမီးတောက်များ မြင့်တက်လာတော့သည်။


"သေလိုက်စမ်း"


နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှကျင့်ကြံသူသည် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းပေါ်တွင်မတ်တတ်ရပ်လိုက်သည်။ ရုတ်ချည်းပင် ခြင်္သေ့ ရိုင်းသည် ဒေါသတကြီးဟိန်းဟောက်လေတော့သည်။ ၎င်း၏ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံကိုဖြတ်ကျော်ကာ ငရဲဘုရင်အာဟထံရောက်ရှိလာသည်။


၎င်း၏ပါးစပ်ကိုဖွင့်လိုက်ကာ ပြင်းထန်သောဟိန်းဟောက်သံတစ်ခုကိုထုတ်လွှတ်လိုက်ပြီး ထိုအသံသည် လူ၏စိတ်ကိုတုန်လှုပ်စေသော နားကန်းလုမတတ်ကျယ်လောင်သည့်အသံဖြစ်သည်။


ငရဲဘုရင်အာဟသည် အရာတိုင်းကိုမထူးမခြားနားသည့်ပုံစံဖြင့်ကြည့်နေလေသည်။ သူ၏မျက်လုံးများသည်အေးစက်နေကာ သူ့မျက်နှာတွင်လည်း ခံစားချက်မဲ့နေသည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စုဆိုပဲ...ဟမ့်


သူ့ခန္ဓာကိုယ်ရမ်းခါသွားသည်။


ဆယ်မီတာရှည်လျားသော ပုံရိပ်ကြီးသည် ငရဲဘုရင်၏အနောက်တွင်ထွက်ပေါ်လာသည်။ ၎င်းသည် အစစ်အမှန် ခေါင်းနှစ်လုံးမိစ္ဆာတစ်ယောက်၏ပုံရိပ်ဖြစ်ကာ ၎င်း၏ဖိအားသည် နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ကျင့်ကြံသူကို ကြောင်အမ်းသွားစေရန်လုံလောက်ပေသည်။ 


ရက်စက်ကြမ်းကြုတ်သော မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းသည် နူးညံ့သောကြောင်လေးတစ်ကောင်အသွင်ပြောင်းသွားကာ လေထုအလယ်တွင် ဝပ်ချလိုက်သည်။


ထိုဖိအား၏အောက်တွင် သားရဲများပင်မလှုပ်ရှားရဲပေ။


ဘာတွေဖြစ်သွားတာလဲ...


နတ်ဆိုးမျက်လုံး မျိုးနွယ်စုမှကျင့်ကြံသူ အံ့အားသင့်သွားသည်။


ဘာတွေဖြစ်သွားရတာလဲ...


သူက ပုန်းကွယ်နဂါးတိုက်ထဲမှာမဟုတ်ဘူးလား.. အခုလိုတည်ရှိမှုကြီးက ဒီနေရာမှာပေါ်လာတာလား....


ငရဲဘုရင်အာဟသည် သူ့ကိုအေးစက်သွာကြည့်နေပြီး ခဏအကြာတွင် လက်မြှောက်လိုက်ကာ ခပ်ဖြေးဖြေးပုတ်ချလိုက်သည်။


ငရဲစွမ်းအင်များ ကောင်းကင်ပေါ်တွင် မွှေနှောက်သွားသည်။ ခဏအတွင်းပင် ၎င်းသည်ဧရာမလက်ဖဝါးကြီးဖြစ်လာကာ နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှကျင့်ကြံသူကိုဖိနှိပ်လိုက်သည်။


ဘုန်း


နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ကျင့်ကြံသူသည် ကြောက်ရွံ့တုန်လှုပ်နေပေသည်။ ငရဲဘုရင်အာဟ၏ အမျက်ဒေါသနှင့်ရင်ဆိုင်ရသောအခါသူသည် ခုခံရန်ပင်မလှုပ်နိုင်တော့ပေ။


ဘုန်း


သူသည် ငရဲဘုရင်အာဟ၏လက်ဖဝါးအောက်တွင် ဖုန်မှုန့်ဖြစ်သွားတော့သည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းသည် မြေပြင်ပေါ်တွင်ဝပ်ချကာ တုန်ရီနေလေသည်။ ၎င်းသည် လှုပ်ပင်မလှုပ်ရဲချေ။ ၎င်း၏ ကြီးကျယ်ခမ်းနားသောအသွင်အပြင်ပျောက်ကွယ်သွားပြီဖြစ်သည်။


ထိုနတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ ကျင့်ကြံသူသည် မိုယဲ့၏အဖွဲ့ကျဆုံးခဲ့လျှင် နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ တမန်တော်ပြင်ဆင်ထားသောအစီအစဉ်ဖြစ်သည်။ မိုယဲ့၏အဖွဲ့ကျဆုံးခဲ့ပါက ထိုလူဆင့်ခေါ်ခံရကာ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုဖျက်ဆီးပေလိမ့်မည်။


မိုယဲ့အသတ်ခံလိုက်ရသည်နှင့် သူကချက်ချင်းပင်ဆင့်ခေါ်ခံလိုက်ရမည်ဖြစ်သည်။


တမန်တော်သည် သူ၏စီစဉ်မှုကြောင့် သူဘက်တော်သားနှစ်ယောက်စလုံး၏သေဆုံးမှုကိုဖြစ်ပေါ်လာစေလိမ့်မည်ဟု လုံးဝတွေးမိလိမ့်မည်မဟုတ်ပေ။


ငရဲဘုရင်အာဟသည် ဖြေးဖြေးချင်းလမ်းလျှောက်လာသည်။ သူ့ပါးစပ်ထဲတွင် အစပ်ချောင်းတစ်ချောင်းရှိပြီး မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းထံလျှောက်သွားလိုက်သည်။


လက်မြှောက်လိုက်ကာ သားရဲကြီးကိုပွတ်သပ်လိုက်သည်။ မျက်လုံးသုံးလုံးခြင်္သေ့ကြီးနှင့်မျက်လုံးချင်းဆုံကာ ပြုံးပြလိုက်သည်။


"ခြင်္သေ့လေးရေ ဒီဘုရင်အစပ်ချောင်းရဖို့မရဖို့က မင်းအပေါ်မူတည်သွားခဲ့ပြီကွယ်..."


မျက်လုံးသုံးလုံးခြင်္သေ့သည်အလွန်ကြောက်လန့်သွားကာ ၎င်း၏လည်ဆံမွှေးများသည်ပင်ထောင်ထသွားပေသည်။


လေတစ်ချက်တိုက်ခတ်လာပြီး ငရဲဘုရင်၏ဆံပင်များကိုလွင့်ပျံသွားစေသည်။ သူသည် ခပ်ဖွဖွပြုံးနေကာ ခြင်္သေ့ကိုပွတ်သပ်နေပေသည်။


မိုယဲ့သေဆုံးသွားခဲ့ပြီ။


အစားကြူးတောင်ကြား၏ ဘေးအန္တရာယ်သည်ယခုအချိန်တွင် ဤနေရာ၌အဆုံးသတ်သွားခဲ့သည်။ အစားကြူးတောင်ကြား ကာကွယ်ခြင်းခံခဲ့ရပြန်သည်။


လူတိုင်း ကောင်းကင်ယံတွင်ပျံ့ကြဲနေသောတိမ်မဲများကိုကြည့်လိုက်ကြကာ နေရောင်ခြည်ကထိုတိမ်ထုများထဲမှဖောက်ထွက်ကာထွန်းလင်းလာသည်ကိုတွေ့လိုက်သည်။ သူတို့ရင်တွင်းမှဝန်ထုတ်ဝန်ပိုးတို့ပြုတ်ကျသွားသည့်ဟန်ဖြင့် မျက်နှာပေါ်တွင်ပျော်ရွှင်မှုတို့ထင်ဟပ်လာသည်။ သို့သော် ကောင်းကင်တွင်တစ်ခုခုထူးခြားနေသည်ကိုခံစားနေရပေသည်။


ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။ နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှကျင့်ကြံသူကို ဒေါသထွက်နေသော ငရဲဘုရင်အာဟထံကတုံ့ဆိုင်းမှုမရှိပဲသတ်ပစ်ခဲ့သည်။ သို့သော် ပုဖန်သည် ထိုအကြောင်းကိုစိတ်မဝင်စားပေ။


သူ့မျက်လုံးသည် အဝေးရှိ အာကာသနတ်သမီးနီယန်ပေါ်တွင်ကျရောက်နေသည်။


သူသည် နီယန်အနားသို့လမ်းလျှောက်သွားလိုက်သည်။


ဝှိုက်တီ၏မျက်လုံးများတောက်ပလာကာ ပုဖန်နောက်သို့လိုက်လာသည်။


နီယန်၏မျက်နှာသည် ဖြူဖျော့နေကာ ပါးစပ်ထောင့်များသွေးများစီးကျနေသည်။ သူမ၏အော်ရာအားနည်းလာကာ အသက်စွမ်းအင်လည်းတဖြေးဖြေးရုတ်လျော့လာနေသူမ၏သူသူသည်။


သူမ၏ခန္ဓာကိုယ်ပေါ် ကြယ်ရောင်များဆက်တိုက်ကျဆင်းနေခြင်းကြောင့်သာမဟုတ်ပါက အာကာသနတ်သမီး သေဆုံးသွားသည်မှာကြာလှနေလောက်ပြီဖြစ်သည်။


"မင်းဖြစ်နေပြန်ပါလား..."


ပုဖန်၏မျက်လုံးများရှုပ်ထွေးသွားခဲ့သည်။ သူလေအလင်းအင်ပါယာကတည်းကသိခဲ့သောသူတစ်ယောက်နှင့်တွေ့ဆုံရမည်ဟုမထင်ထားခဲ့ပေ။


"စနစ်.. သူမကိုကယ်လို့ရသေးလား"

ပုဖန်မျက်မှောင်ကြုတ်ရင်း စိတ်ထဲတွင်စနစ်ကိုမေးနေသည်။


စနစ်သည် သူ့ကိုချက်ချင်းအဖြေမပေးခဲ့ပေ။ အချိန်အကြာကြီးကြာမှ ၎င်းက လေးနက်သောအသံဖြင့်ပြန်ဖြေခဲ့သည်။


"ဒီလိုအရာများကိုခန့်မှန်းလို့မရပါဘူး... သေခြင်းနဲ့ရှင်ခြင်းက ထိုလူရဲ့ဆန္ဒပေါ်မူတည်နေတာပါ.. သူတို့အသက်ဆက်ရှင်မယ်ဆိုရင် သူတို့မှာအဆုံးမရှိတဲ့အခွင့်အရေးတွေကိုပိုင်ဆိုင်လိမ့်မယ်... သူတို့သေသွားရင် အဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီးပြောစရာဘာမှမရှိပါဘူး"


ပုဖန်ဆွံ့အမိသွားသည်။ ဒါကဘာမှပြန်မပြောတာနဲ့တူမနေဘူးလား...


အချင်းချင်းအသိအကျွမ်းတွေဖြစ်နေ၍ ပုဖန်သည် နီယန်ကိုကယ်တင်ရန်နည်းလမ်းရှာချင်ပေသည်။ သို့သော် စနစ်က ကယ်တင်ရန်နည်းလမ်းကိုပေးချင်သည့်ပုံမပေါ်ပေ။


"ပုဖန်ရေ..."


တစ်စုံတစ်ယောက်က သူ့ကိုခေါ်လိုက်သည်။


ငရဲဘုရင်သည် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကြီးကိုစီးနင်းကာ ကောင်းကင်မှမြေပြင်သို့ဆင်းသက်လာသည်။


သူအတင်းပြုံးကာ ပုဖန်ကိုကြည့်လိုက်ပြီး မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကြီးကိုပွတ်သပ်လိုက်ရင်းပြောလိုက်သည်။

"ဘော်ဒါပုရေ.. ဒီဘုရင်မင်းအတွက်ဘာယူလာလည်းကြည့်ပါဦး.. အကောင်းဆုံး အရည်အသွေးမြင့် ဟင်းချက်ပါဝင်ပစ္စည်းလေ.."


ပုဖန်သည် ငရဲဘုရင်ကို မထူးခြားနားသောအကြည့်တို့ဖြင့်ကြည့်လိုက်သည်။ ထိုအကြည့်သည် ငရဲဘုရင်၏ အတွင်းစိတ်တစ်ခုလုံးတုန်ရီသွားစေသည်။