အပိုင်း ၈၄၅
Viewers 62k

အခန်း ၈၄၅ 

သူမက အာကာသနတ်သမီးအတု...


"ပုဖန် ကျွန်မဗိုက်ဆာပြီ..."


နီယန်၏ ပျော့ပြောင်းနူးညံ့သော အသံများက လူတိုင်း၏ နားထဲသို့ စီးဝင်သွားပြီး ကြက်သီးမွှေးညှင်းများပင် ထသွားစေသည်။သို့သော်လည်း လူတိုင်းက ချက်ချင်းပင် အာရုံပြန်ထိန်းလိုက်သည်။


"ဘာတွေ ဖြစ်နေတာလဲ...အာကာသနတ်သမီးက ဗိုက်ဆာနေပြီ...မီးဖိုခန်းထဲက ထွက်လာပြီး ပထမဆုံးပြောတဲ့စကားက ဗိုက်ဆာနေပြီတဲ့လား..."


သူတို့ အာကာသနတ်သမီးကို ရှာဖွေဖို့အတွက် အင်အားများစွာ စိုက်ထုတ်ထားခဲ့သော်လည်း ပထမဆုံးကြားလိုက်ရသည့်စကားက ဗိုက်ဆာနေသည်တဲ့...သူတို့ဘာကြောင့်များ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လက်ထဲကနေပြီး အာကာသနတ်သမီးကို ပြန်ခေါ်ဖို့ အလွန်အမင်း ကြိုးစားမိကြတာလဲ..."


လူများစွာက အဝတ်ချွတ်နတ်ဆိုး၏ လက်ထဲတွင် အမိခံပြီး အာကာသနတ်သမီးကို ကယ်ဆယ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။သူတို့ ဘာကြောင့်များ အသုံးမဝင်တာတွေကို အားထုတ်မိပါလိမ့်...


ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ လူများအားလုံး မတရားခံလိုက်ရသလိုမျိုးခံစားမိလ်ိုက်သည်။ပုဖန်နှင့် သူတော်စင်ဂိုဏ်းချုပ် ထျန်းကျီတို့ နှစ်ယောက်လုံး အံ့အားသင့်သွားပြီး နီယန်ကို သ်ိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။


မိုထျန်းကျီ၏ မျက်နာပေါ်တွင် ကို့ယို့ကားယား အမူအရာတစ်ခုရှိနေသည်။အာကာသနတ်သမီး အချိန်အတိုအတွင်း နိုးမလာနိုင်ဟု ကျိန်းသေပေါက်ထင်ထားခဲ့သော်လည်း ထို့အပြင် သတိပြန်လည်လာပြီးနောက် သူမ ပထမဆုံးပြောသည့် စကားကလည်း သူ့အတွက် နှုတ်ဆတ်စကားမဟုတ်ပေ။


အခြားတစ်ဖက်တွင်မူ ပုဖန်က ပထမဆုံးစကားအပေါ် ဂရုတစိုက်မရှိပေ။နီယန် ပြန်နိုးလာသောကြောင့် သူ့၏ မျက်ဝန်းများတောက်ပသွားသည်။


"သူနိုးလာပြီဆိုတော့ ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရန်ကို ပြန်ပြင်နိုင်တော့မှာလား..."


ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်က ပျက်စီးသွားခဲ့သော်လည်း သူ့၏ ဝိညာဉ်နှင့် ချိတ်ဆတ်ထားသော နီယန်က မသေသေးပေ။ထိုအဓိပ္ပါယ်က ပြန်ပြင်၍ ရနိုင်သည်လား...


ပုဖန် မေးစေ့ပွတ်၍ နီယန်ကို သေချာစွာကြည့်လိုက်သည်။ထို့နောက် ထျန်းကျီကို ဂရုမစိုက်တော့ပဲ မီးဖိုခန်းဘက်သို့ လှည့်လျှောက်သွားလိုက်၏။


"ဒီနေရာမှာ ထိုင်ပြီး စောင့်နေ..."


ပုဖန် အာကာသနတ်သမီးကို ပြောလိုက်သည်။မီးဖိုခန်းထဲ ရောက်သည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာပြီး မီးတောက်ကို ထုတ်ဖော်လိုက်ကာ စတင်ထုတ်ဖော်လိုက်သည်။မကြာခင်မှာပင် မီးဖိုခန်းထဲမှ မွှေးကြိုင်သင်းပျံ့သောရနံ့များထွက်လာသည်။


ဥနှင့် ဆန်တို့၏ မွှေးရနံ့များ ပေါင်းစပ်သွားကာ သိပ်သည်းကြွယ်ဝလှသည့် နတ်ဘုရားမွှေးရနံ့များ ဖြစ်လာလေသည်။ပုဖန်က ထမင်းကြော်များကို ပန်းကန်ပြားထဲ သေချာစွာထည့်ပြီးနောက် မီးဖိုခန်းထဲမှ ထွက်လာလိုက်သည်။


"ဒီမှာမင်းရဲ့ ထမင်းကြော် ပူနေတုန်းလေးစားလိုက်..."


နီယန်ရှေ့တွင် ထမင်းကြော်ပွဲ ချလိုက်သောကြောင့် စိတ်ကူးယာဉ်ဆန်သည့် မြင်ကွင်းမျိုးမဟုတ်သော်လည်း ရင်းနီးနေသည့် မျက်နာထားကြောင့် အောက်မေ့လွမ်းဆွတ်မှုမျိုးကိုတော့ ခံစားရလေသည်။


လေအလင်းအင်ပါယာတွင် သိကျွမ်းခဲ့သော တစ်စုံတစ်ယောက်ကို ပြန်တွေ့လိုက်ရမည်ဟု မထင်ထားခဲ့မိပေ။လေအလင်းအင်ပါယာမှ ထွက်လာသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အတိတ်ကို လွမ်းဆွတ်သတိရမိလေသည်။


နီယန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်သည်။ရင်းနီးကျွမ်းဝင်နေသော မွှေးရနံ့ကြောင့် ပျော်ရွှင်လာပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားကာ မျက်နာသည်လည်း ပိုမိုကြည်လင်လာသည်။


"ပိုင်ရှင်ပုရဲ့ ဟင်းပွဲကလေ အမြဲတမ်း အထင်ကြီးစရာကောင်းတယ်..."


 နီယန် ကြွေဇွန်းကို ကောက်ကိုင်လိုက်ပြီးနောက် ပုဖန်၏ မျက်နာကိုကြည့်ကာ ပြောလိုက်သည်။ထမင်းကြော်တစ်ဇွန်းခပ်ယူလိုက်သည်နှင့် မွှေးရနံ့များက ပို၍ သိပ်သည်းလာသည်။ဇွန်းကို လှုပ်ရှားလိုက်သည်နှင့် ရွှေရောင်ထမင်းစေ့လေးများက ပန်းကန်ထဲသို့ ပြန်လည် ကျရောက်သွားပြီး ကြက်ဥ အနှစ်အမျှင်တန်းပါးပါးလေး ကျဆင်းသွားစေသည်။


ဆိုင်တစ်ခုလုံး ထမင်းကြော်ရနံ့များဖြင့်သာဖုံးလွှမ်းနေလေသည်။နီယန် ပါးစပ်ကို အသာဖွင့်၍ ထမင်းကြော်ကို အသာအယာဝါးလိုက်သည်။ထို့နောက် အာကသနတ်သမီးသည် ရန်သူတစ်ယောက်ကို တိုက်ခိုက်သည့်အလား ထမင်းကြော်ကို မြန်မြန်ဆန်ဆန်စားလိုက်သေးသည်။အချိန်အတ်ိုအတွင်း ကုန်သွားသောကြောင့် သူမ တကယ်ဗိုက်ဆာနေခြင်းဖြစ်ပေလိမ့်မည်။


သူမက ပန်းကန်ပြားတွင် ကပ်နေသော ထမင်းစေ့လေးများကိုပင် နှမြောတသစွာဖြင့် လျှာကိုထုတ်၍ စက်ဝိုင်းပုံသဏ္ဍာန်လျက်ကာ သန့်ရှင်းရေးလုပ်လိုက်သည်။


ပူဖောင်းဖောင်းလေးဖြစ်လာသော သူမ၏ ဗိုက်လေးကို အသာအယာ ပွတ်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ထိုင်ခုံကျောမှီကို မှီထိုင်ချလိုက်သည်။ထိုမြင်ကွင်းကိုကြည့်နေသော ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်အားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။သူတို့ မျက်လုံးများ ပြူးကျယ်လာပြီး တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။


အာကာသနတ်သမီး၏ မျက်နာကာမပါသော ပင်ကိုယ်မျက်နာသည် တကယ်ကို လှပလှသည်။သို့သော်လည်း ပုံမှန်အားဖြင့် အာကာသနတ်သမီးက ထိုသို့ ပြူမူတက်သူမျိုးမဟုတ်ပေ။


သူမ၏လှုပ်ရှားမှုများက အလွန်ပင် သိမ်မွေ့နူးညံ့ပြီး သူတို့၏ မျက်လုံးလေးများထဲ၌ နတ်သမီးတစ်ပါးအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ယခုမူ


"ဒါက ဘာတုန်းဒါက ငတ်ပျက်ပြီး သေသွားတဲ့ သရဲတစ္ဆေလား...ဒါ သူတို့ရဲ့ အာကာသနတ်သမီးကောဟုတ်ရဲ့လား..."


မိုထျန်းကျီလည်း သံသယဝင်သွားပြီး နီယန်၏ဘေးတွင် ဝင် ထိုင်လ်ိုက်ကာ သူမအစစ်အမှန်ဖြစ်ကြောင်း သေချာစေရန် စစ်ဆေးကြည့်လိုက်သည်။


"အာကသနတ်သမီးမှာ ဒဏ်ရာရထားတာမရှိတာက တကယ်ကို ကောင်းတဲ့အရာပါပဲ...အခု အာကာသနတ်သမီးလည်း နိုးလာပြီဆိုတော့ ငါနဲ့အတူ လျှို့ဝှက်ကောင်းကင်ဘုံ သန့်စင်နယ်မြေကို ပြန်လိုက်ခဲ့ချင်လား..."


မိုထျန်းကျီ မေးလိုက်သည်။ပုဖန်က သူတို့၏ မျက်နာချင်းဆိုင်တွင်ထိုင်ကာ အေးဆေး ကြည့်နေခဲ့သည်။ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များကလည်း နီယန်၏ အဖြေကို မျှော်လင့်စောင့်ဆိုင်းနေကြ၏။သို့သော်လည်း နီယန်၏ နောက်ထပ်တုံ့ပြန်မှုက လူတိုင်းကို အံ့အားသင့် ထိတ် လန့်သွားစေသည်။သူမက ခေါင်းကုတ်လိုက်ပြီး မိုထျန်းကျီကို မျက်မှောင်ကြုတ်၍ကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ထို့နောက် သူမမေးခွန်းထုတ်လိုက်၏။


"ရှင်ကဘယ်သူလဲ ဘာလို့ ရှင်ပိုင်တဲ့ နေရာကို ကျွန်မကလိုက်ရမှာလဲ..."


"အာကာသနတ်သမီးကဘာပြောလိုက်တာလဲ သူက သူတော်စင်ဂိုဏ်းချုပ်ကိုတောင် အသိအမှတ်မပြုဘူးလား ဒါက အာကာသနတ်သမီး အတုပဲဖြစ်ရမယ်..."


မိုထျန်းကျီ၏ မျက်နာထားက မဲမှောင်သွားသည်။သူ မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းခတ်ထန်သောမျက်ဝန်းကြီးများဖြင့် နီယန်ကို ကြည့်လိုက်သည်။ထို့နောက် သူ့၏ မျက်နာထားက ပြန်ပြေလျော့သွားသည်။နီယန်၏ မျက်လုံးများအရ သူမ လိမ်ညာနေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။သူမက သူ့ကို တကယ်မမှတ်မိတော့ပေ။


"မင်းကိုမင်းကောဘယ်သူလဲဆိုတာသိလား..."


မိုထျန်းကျီက စားပွဲကို လက်ညှိုးဖြင့် တတောက်တောက်ခေါက်လိုက်ရင်း မေးလိုက်သည်။နီယန်ထ်ိုသူကို စိုက်ကြည့်ရင်း စဉ်းစားလိုက်မိ၏။ရုတ်တရက် ကြယ်အလင်းတန်းများက သူမမျက်ဝန်းထဲ ထ်ိုးဖောက်လာပြီး နာကျင်ကိုက်ခဲမှုတစ်ခု ခံစားလိုက်ရလေသည်။


နီယန်ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။သူမ၏ မျက်နာက စက္ကူတစ်ရွက်အလား ဖြူဖျော့သွားသည်။ထိုနာကျင်မှုကြောင့် ခေါင်းကို တင်းတင်းဆုပ်ကိုင်လိုက်ရ၏။အချိန်ပတော်ကြာမှ သူမခေါင်းမော့ကာ မိုထျန်းကျီကို ပြန်စိုက်ကြည့်လိုက်သည်။


သူမ၏ မျက်ဝန်းထဲများ၌ ပင်ပန်းနွမ်းနယ်မှုများ အထင်းသားပေါ်လွင်နေသည်။


"ကျွန်မက အာကာသအာနမ်ဂိုဏ်းရဲ့ သတ္တမမြောက် အကြီးအကဲ နီယန်ပါ... ရှင့်ကို ကျွန်မတကယ်ကို မမှတ်မိဘူး...ဘာလဲ... ဒီအဖွားကြီးက လှလှပပလေးမလို့ နီးစပ်ဖို့ ကြိုးစားနေတာလား..."


နီယန်က မိုထျန်းကျီကို စွပ်စွပ်စွဲစွဲ ပြောလိုက်ပြီးနောက် သူမ၏ မျက်ခုံးနှစ်ခုအလယ်အား လက်ကလေးဖြင့် ဖိနှိပ်လိုက်သည်။


တစ်ဖက်တွင်ထိုင်နေသော ပုဖန်လည်း အံ့အားသင့်သွားသည်။


အာကာသအာနမ်ဂိုဏ်းရဲ့ သတ္တမမြောက် အကြီးအကဲ...


 ၎င်းသည် နီယန်၏ အရင်က ဖြစ်တည်မှုဖြစ်သည်။နီယန် ပုဖန်ကိုမော့ကြည့်လိုက်ပြီးနောက် လက်ညှိုးထိုး၍ ညွှန်လိုက်သည်။


"ဒါက ပိုင်ရှင်ပုပဲ ..."


ထို့နောက် သူမ တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ထပ်မံပြောဆိုလ်ိုက်၏။


"ငါက ဒီစားသောက်ဆိုင်မှာ မကြာခဏ လာစားလေ့ရှ်ိတာကြောင့် သူ ငါရဲ့အထောက်အထားကို သက်သေပြုပေးနိုင်မှာပါ..."


သူမ လက်မြောက်လိုက်သည့်အချိန်၌ လက်ညှိုးထိပ်မှ ကြယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြယ်ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ပုဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။နီယန်မသေသွားခြင်းက ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။ယခု ကောင်းကင်ဘုံ ကြယ်တာယဖမ်းကွန်ရက်က ပျက်စီးသွားခဲ့သော်လည်း နီယန်ဖြင့် ပေါင်းစပ်သွားခဲ့သည်။၎င်းက ပုန်းကွယ်နဂါးတ်ိုက်ကြီး၏ စွမ်းအားတစ်ခုဖြစ်ပြီး အလွန်လည်းကြောက်စရာကောင်းလှသည်။


ပေါင်းစပ်လိုက်သည့်အချိန်၌ နီယန်၏ လက်ရှိ စွမ်းအားများက ထိုအင်အားကို တောင့်မခံနိုင်ခဲ့ပေ။ထို့ကြောင့် ၎င်းက သူ့ပါသာသူ စည်းခတ်လိုက်ခြင်းဖြစ်ပေမည်။


ထိုကဲ့သို့ စည်းခတ်လိုက်ခြင်းက နီယန်၏ မှတ်ဉာဏ်တစ်ဝက်ကို ဆုံးရှုံးသွားစေခဲ့သည်။ယခုအဖြစ်အရ သူမသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသို့ ရောက်ခဲ့သည့် အမှတ်တရများကို မေ့လျော့သွားခဲ့ပြီး မတိုင်ခင်က ဖြစ်ရပ်များကိုသာ သတိရတော့သည်။


ယခုလိုမျိုးဖြစ်လာမည်ဟု မည်သူမှ မထင်ထားခဲ့မိကြပေ။မိုထျန်းကျီပင်လျှင် ဤအခြေအနေမျိုး မတွေးထားခဲ့မိပေ။သို့သော်လည်း ၎င်းရလဒ်က ဖြစ်နိုင်ချေများစွာထဲမှ အကောင်းဆုံးရလဒ်ဟု ဆိုနိုင်ပေသည်။


နီယန်က မသေသွားသည့်အပြင် ကြယ်တာယာဖမ်းကွန်ရက်နှင့်လည်း ပေါင်းစပ်သွားခဲ့သည်။တစ်နည်းအားဖြင့်ဆိုရသော် နီယန်နှင့် ကြယ်တာယာဖမ်းကွန်ရက် အတူတူပင်ဖြစ်လေသည်။


ကြယ်တာယာဖမ်းကွန်ရက်၏ စွမ်းအားများကို သူမနားလည်နိုင်ပြီး ထိန်းချုပ်နိုင်သရွေ့၎င်းကို ဘေးအန္တရာယ်မှ ရရှိလာသော အက်ျိုးကျေးဇူးတစ်ရပ်ဟု ဆိုရပေမည်။ပုဖန်နီယန်ကို ကြည့်၍ နှုတ်ခမ်းများတွန့်လိုက်မိသည်။ထိုအမျိုးသမီးက အစားအသောက်ချစ်သူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ အဖွားကြီးဟု သုံးနှုန်းရသည်ကိုလည်း ကြိုက်နှစ်သက်သူလည်းဖြစ်သည်။


ရုတ်တရက် ပုဖန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်တစ်ခုပေါ်လာပြီး သူ့၏ မျက်နာထားက ပြောင်းလဲသွားသည်။


"ဒီအမျိုးသမီးက ကောင်းကင်ဘုံကြယ်တာယာဖမ်းကွန်ရက်လို့ ပြောလို့ရသွားပြီလား...ဒါဆိုရင် တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို ချက်ဖို့သူ့အပေါ် မှီခိုရတော့မှာလား..."


"ပိုင်ရှင်ပု လွန်ခဲ့တဲ့ ရက်အနည်းငယ်က အာကာသနတ်သမီးကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်...အခု သူနိုးလာပြီဆိုတော့ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကို ပြန်ခေါ်သွားတော့မယ်..."


မိုထျန်းကျီက ထိုင်ခုံမှ ထရပ်လိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ပုဖန်အံ့အားသင့်သွားသည်။


သူက ဒီတိုင်းပဲ ထွက်သွားတော့မှာလား...သူတွယ်ရာမဲ့ ဝိုင်ကို ပြုလုပ်ဖို့အတွက် နီယန်ရဲ့ အကူအညီကို လိုနေသေးတယ်လေ...


နီယန်၏ မျက်နာထားကလည်း ပြောင်းလဲသွားပြီး ပုဖန်၏။နောက်၌ ချက်ချင်းဝင်ပုန်းလိုက်သည်။


"ဒီအဖွားကြီးက မင်းရဲ့ ကောင်းကင်ဘုံလျှို့ဝှက် သန့်စင်နယ်မြေကို သေချာပေါက်လိုက်မှာမဟုတ်ဘူး..."


"အာကာသနတ်သမီး ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ ပေါင်းစပ်သွားပြီးတဲ့နောက်မှာ မင်းရဲ့ခန္ဓာကိုယ်က ပြောင်းလဲသွားပြီ မင်းရဲ့ ခန္ဓာကိုယ်က အရင်လိုမဟုတ်တော့ဘူး..."


မိုထျန်းကျီက လေးနက်တည်ကြည်စွာဖြင့် ထပ်မံ ပြောဆိုလိုက်သည်။


"ငါ့ခန္ဓာကိုယ်ဘာပဲဖြစ်ဖြစ် ငါဒီမှာနေရင် ပိုင်ရှင်ပုက ငါစားချင်ဘာမဆို ပေးနိုင်တယ် ငါနင်တို့ရဲ့ သန့်စင်နယ်မြေကိုလိုက်မယ်ဆိုရင် နင်တို့က ငါကိုဘာပေးနိုင်လဲပြော..."


နီယန် နှာခေါင်းတွန့်၍ ပြောလိုက်သည်။သူမ၏ စကားများကြောင့် မိုထျန်းကျီ ပါးစပ်အဟောင်းသားပွင့်၍ အံ့သြသွားလေသည်။


"သူတို့ သန့်စင်နယ်မြေက စားသောက်ဆိုင်တစ်ခုမဟုတ်ဘူးလေ .. "


အာကာသနတ်သမီးက တကယ်ကို ပြောင်းလဲသွားလေသည်။သူမက အစားကြူးသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။အရင်က သူမ၏ အမူအကျင့်က ဒီလိုမဟုတ်ပေ။


သန့်စင်နယ်မြေ၏ တပည့်များအားလုံးလည်း အံ့အားသင့်နေကြသည်။သူတို့ရှေ့၌ ဘာတွေဖြစ်ပျက်နေသည်ကိုပင် မသိနိုင်တော့ပေ။သူတို့ အံ့အားသင့်ကြောင်အစွာသာ အာကာသနတ်သမီးကိုကြည့်နေကြသည်။


"အာကာသနတ်သမီး ဒီမှာ ရုန်းရင်း ဆန်ခတ်ဖြစ်အောင်မလုပ်ပါနဲ့...အသင့်ရဲ့ လက်ရှိအမူအကျင့်နဲ့ဆိုရင် သင့်ကို မြင့်မြင့်မှန်းထားခဲ့တဲ့ အဖွားမိုကို ဘယ်လိုမျက်နာပြမလဲ...သန့်စင်နယ်မြေကို ကျွန်တော်တို့နှင့်အတူ ပြန်လ်ိုက်ခဲ့ပါ..."


တပည့်တစ်ယောက်က နီယန်ကို လေးလေးစားစားဖြင့် တောင်းပန်လိုက်သည်။


"အဖြားမို ..."


နီယန်၏ မျက်နာပေါ်တွင် မှတ်မိသွားသောအရိပ်အယောင်တစ်ခုပေါ်လာသည်။သို့သော်လည်း နောက်ခဏမှာပင် သူမ၏ မျက်ဝန်းထဲမှ ကြယ်ရောင်အလင်းတန်းများဖြာထွက်လာပြီး သူမ၏ ခေါင်းက စူးရှနာကျင်လာလေသည်။


"ငါ ဒီစားသောက်ဆိုင်မှာပဲနေမယ် ငါမင်းတို့ထဲက တစ်ယောက်ကိုမှ မမှတ်မိဘူးဘာလို့ ငါနင်တို့ နောက်ကို လိုက်ရမှာလဲ...ငါနဲ့ နီးစပ်ဖို့ မကြိုးစားကြနဲ့..."


နီယန်သူမ၏ ခေါင်းကို နှိပ်နယ်ရင်း အော်ပြောလိုက်သည်။


"အာကသနတ်သမီးကို ဒီမှာထားခဲ့လို့မရဘူး..."


နီယန်၏ မဆီလျော်သော အပြုအမူကြောင့် မိုထျန်းကျီ၏ စိတ်ထဲတွင် ဒေါသများ တလိမ့်လိမ့်ထွက်ပေါ်လာပြီး သူ့၏ မျက်နာထားက မဲမှောင်လာပေသည်။


သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာဖိအားတစ်ရပ်ထွက်ပေါ်လာပြီး အနားတွင်ရှိသောတပည့်များအားလုံးကို ချွေးအေးများ စီးကျသွားစေသည်။


"ဒီနေ့ကစပြီး မင်းက ကောင်းကင်ဘုံကြယ်တာယာဖမ်းကွန်ရက်ဖြစ်သွားပြီ လျှို့ဝှက်ကောင်းကင်ဘုံ သန့်စင်နယ်မြေရဲ့ အာကသနတ်သမီးတစ်ယောက်ပဲ မဟုတ်တော့ဘူး...ငါနဲ့အတူ သန့်စင်နယ်မြေကို ပြန်လိုက်ခဲ့ရမယ်...တကယ်လို့ မင်းသာနတ်ဆိုးတွေရဲ့ လုပ်ကြံ သတ်ဖြတ်မှုကို ခံလိုက်ရမယ်ဆိုရင် မင်းနဲ့အတူ ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးပါ ငရဲကမ္ဘာလက်ထဲ ကျရောက်သွားလိမ့်မယ်...ဒီစားသောက်ဆိုင်သေးသေးလေးက မင်းကို မကာကွယ်နိုင်ဘူး...ဒီတော့ မင်း ငါနဲ့ လိုက်မှာလား မလိုက်ဘူးလား..."


မိုထျန်းကျီ၏ အသံက အေးစက်ပြင်းထန်နေသည်။ထိုအခြေအနေတွင် ကျန်သည့်သူများအားလုံး အသက်ပင်ရဲရဲမရှူရဲကြပေ။နီယန် မိုထျန်းကျီ၏ စကားကြောင့် တုန်လှုပ်ခြောက်ခြားသွားကာ သူ့ကိုစိုက်ကြည့်လိုက်မိသည်။


ပုဖန်က သူ့နေရာမှ ထရပ်လိုက်သည်။သူမိုထျန်းကျီနှင့် နီယန်၏ ကြားတွင် ပိတ်ရပ်လိုက်ပြီး မိုထျန်းကျီ၏ မြင်ကွင်းမှ နီယန်ကို ကွယ်ထားလိုက်သည်။


"မင်းတ်ို့ရဲ့ စကားဝိုင်းကို ဖြတ်တောက်မိလို့ တောင်းပန်ပါတယ်...ဒါပေမယ့် ငါ့ရဲ့ စားသောက်ဆိုင်က နီယန်ကိုမကာကွယ်နိုင်ဘူးလို့ ဘယ်သူကပြောတာလဲ..."


ပုဖန် မိုထျန်းကျီအား ခံစားချက်မဲ့လှသော မျက်နာထားဖြင့် စိုက်ကြည့်လိုက်သည်။