အပိုင်း ၈၄၆
Viewers 53k

အခန်း ၈၄၆

ငရဲဘုရင်၏ အဝတ်ချွတ်လက်ညှိုး..


"ခင်ဗျားတို့ရဲ့ စကားဝိုင်းကို ဖျက်လိုက်ရတဲ့အတွက်စိတ်မရှိပါနဲ့ ဒါပေမယ့် ဒီစားသောက်ဆိုင်က နီယန်ကို မကာကွယ်နိုင်ဘူးလို့ ပြောဖို့ ခင်ဗျားကို ဘယ်သူသတ္တိတွေပေးလိုက်တာလဲ ..."


ပုဖန်က ခံစားချက်မဲ့လှသော မျက်နာထားဖြင့် မိုထျန်းကျီကို မေးခွန်းထုတ်လိုက်သည်။ပုဖန်က ရုတ်တရက် မိုထျန်းကျီကို ဆန့်ကျင်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။


"မိုထျန်းကျီပြောလိုက်တာများ မှားသွားလို့လား..."


မိုထျန်းကျီနှင့် ဘေးရှိ တပည့်များအားလုံး အံ့သြသင့်သွားကြသည်။မိုထျန်းကျီ လက်နှစ်ဖက်ကို နောက်ပစ်၍ မျက်ဝန်းများမှေးကျင်းကာ ပုဖန်ကို စူးစိုက်ကြည့်လိုက်၏။


"အစောပိုင်းကတော့ အဖွားမိုက ဒီစားသောက်ဆိုင်သေးသေးလေးက အာကာသနတ်သမီးကို ကာကွယ်နိုင်လိမ့် မယ်လို ထင်ထားခဲ့တယ် ဒါပေမယ့် အခုဘာတွေဖြစ်လာလဲ ကောင်းကင်ဘုံ ကြယ်တာယာဖမ်း ကွန်ရက်က ပျက်စီးသွားတဲ့အပြင် အာကာသနတ်သမီးလည်းဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားတယ်...ပိုင်ရှင်ပု အဲ့ဒါက ငါမင်းကို မယုံကြည်တော့တာမျိုးမဟုတ်ဘူး ...အဲ့ဒါက အာကာသနတ်သမီးက နောက်ထပ် ဘယ်လိုဒဏ်ရာအည်းငယ်ကိုမှ ခံနိုင်ရည်မရှိတော့တာပဲ..."


မိုထျန်းကျီ ပြောပြီးသည်နှင့်ပုဖန် လက်ကိုသာ အကြမ်းပတမ်းခါယမ်းလိုက်သည်။ထိုလူ၏ အဖြူရောင်မုသားများကို သူယုံကြည်လိမ့်မည်မဟုတ်ပေ။


"ကျုပ်အခိုင်အမာ တစ်ခုပြောလိမ့်မယ် ကိုယ့်လူ ဒီစားသောက်ဆိုင်ထက် လုံခြုံတဲ့နေရာ ဘယ်မှာမှမရှိဘူး...ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေဆိုရင်တောင် ကျုပ်ရဲ့ စားသောက်ဆိုင်ထက် မလုံခြုံနိုင်ဘူး...ခင်ဗျားမယုံကြည်ဘူးဆိုရင် စမ်းကြည့်နိုင်တယ် ပြီးတော့ နီယန်ကလည်း ဒီကနေရမသွားချင်ဘူးလေ သူက ဒီမှာပဲ နေချင်နေတာ..."


ပုဖန်၏ စကားများကို ကြားသည်နှင့် နီယန်ရယ်မောလိုက်သည်။ပိုင်ရှင်ပုက တကယ်ကို သူမကို ပံ့ပိုးပေးနေ၏။သူမ ရွှင်မြူးစွာဖြင့် ပုဖန်၏ ပခုံးကို ရိုက်ပုတ်လိုက်သည်။ထိုရိုက်ချက်က ပုဖန်တစ်ကိုယ်လုံးကို စူးရှနာကျင်သွားစေသည်။ပုဖန်နီယန်ကို ဆက်ခနဲ လှည့်ကြည့်လိုက်သည်။


ဒီအမျိုးသမီး သူ့မှာ ဘာပြဿနာရှိနေတာလဲ ဒီရိုက်ချက်နဲ့ သူ့ကို သေအောင်သတ်မလို့လား...


"အာ...တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါနည်းနည်း အားပြင်းသွားတယ် ..."


နီယန်၏ မျက်နာက ရှက်ရွံ့မှုဖြင့် နီရဲသွားလေသည်။သူမ၏ ခွန်အားများ ထိုမျှတိုးပွားလာသည်ကိုသတ်ိမပြုမိလိုက်မိပေ။


"ငါပြောခဲ့ပြီးသလိုပဲ နီယန်က ပုံမှန်လူတစ်ယောက်မဟုတ်တော့ဘူး သူက ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်နဲ့ အပြည့်အဝပေါင်းစပ်သွားပြီးပြီ...အဲ့ဒီ ကြယ်ဖမ်းကွန်ရက်က ဘယ်လို စွမ်းအားမျိုးကို ဆုပ်ကိုင်ထားတယ်ဆိုတာနင်သိလား...အဲ့ဒီ စွမ်းအားက ပုန်းကွယ်နဂါးတိုက်ကြီးနဲ့ ကောင်းကင်ဘုံကို ဆက်သွယ်ပေးနိုင်တယ် ကောင်းကင်ဘုံ ဝက်ပေါက်ကို ထိန်းချုပ်နိုင်တယ်...သူက အခုလောလောဆယ်မှာ အဲ့ဒီ စွမ်းအားတွေကို မထိန်းချုပ်နိုင်သေးဘူး..."


မိုထျန်းကျီ၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာပြီး တောက်ပစွာဖြင့် ရှင်းပြလိုက်သည်။


"အဲ့ဒီတော့ ဘာဖြစ်လဲ ငါက နီယန်ကို မကာကွယ်နိုင်ဘူးလို့ မင်းက ဘယ်လိုလုပ် ပြောရဲတာလဲ..."


မိုထျန်းကျီ၏ ရှည်လျားထွေပြားသော ရှင်းပြချက်ကို ကြားပြီးသော်လည်း ပုဖန်က အဓိက အချက်ကိုသာ အာရုံစိုက်ထားတုန်းဖြစ်သည်။သူက မိုထျန်းကျီ၏ ထောင်လွှားဟန် စကားပြောသည့် ပုံစံကြောင့် စိတ်မပျော်ပိုက်တော့ပေ။


မိုထျန်းကျီက ပုဖန်၏ စားသောက်ဆိုင်မှ ဆန်းကြယ်သော စွမ်းရည်များကို သတိပြုမိလေသည်။သစ်ပင်အောက်၌ အိပ်ပျော်နေသော ခွေးနက်ကြီးဆိုလျှင် သူ ထွင်းဖောက်၍ပင် မမြင်ရပေ။ထိုခွေးနှင့် စားသောက်ဆိုင်က နီယန်ကို ကာကွယ်ထားပေသည်။


သို့သော်လည်း ထိုခွေးက ငရဲကမ္ဘာသက်ရှိဖြစ်နေပေသည်။ငရဲကမ္ဘာသတ္တဝါများက ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကို ဖျက်စီးချင်နေကြလေရာနီယန်အား ငရဲကမ္ဘာသက်ရှိတစ်ကောင် စောင့်ရှောက်မည်ကို မည်ကဲ့သို့ သက်တောင့်သက်သာ နေနိုင်ပါမည်နည်း။


ဒါက ကမ္ဘာကြီးပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုဖြစ်ပေလိမ့်မည်။သူထိုကဲ့သို့ မစွန့်စားရဲချေ။


"ပိုင်ရှင်ပု နီယန်ကိုပြန်ခေါ်သွားမယ့်ကိစ္စမှာ ဆက်တားနေမယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာကို မင်းသိလား...ပုန်းကွယ်နဂါးတိုက်ကြီးကို ဝင်ရောက်လာတဲ့ ငရဲကမ္ဘာသက်ရှိတွေအားလုံးက နီယန်ကို သတ်ဖို့ ပစ်မှတ်ထားနေကြတယ် ဒီတော့ မင်းရဲ့ စားသောက်ဆိုင်က အဲ့ဒီလုပ်ကြံ သတ်ဖြတ်မှုတွေရဲ့ အဆုံးမရှိ ကြိုးပမ်းမှုတွေကို ခံရမှာဖြစ်တယ် အဲ့ဒါက မင်းဆိုင်ရဲ့ အနာဂတ်ကိုတောင် ထိခိုက်လာလိမ့်မယ်..."


မိုထျန်းကျီက ပုဖန်ကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။


"အဲ့ဒီတော့ကော ဘာဖြစ်လဲ ...ဘယ်အချက်ကိုကြည့်ပြီးတော့ ငါနီယန်ကို မကာကွယ်နိုင်ဘူးလို့ပြောရတာလဲ..."


ပုဖန်က အေးစက်လှသော မျက်နာထားဖြင့် ထပ်မံ မေးခွန်းထုတ်လိုက်သည်။မိုထျန်းကျီ စိတ်မွန်းကျပ်သွားသလိုပင် ခံစားလိုက်မိသည်။


ဒီကောင်လေးက ဘာလို့ အဲ့ဒီလောက်တောင် လက်ပေါက်ကပ်နေရတာလဲ...သူက ဘာကြောင့် ငါပြောတာကို နားမလည်ရတာလဲ..


".ကောင်းပြီ မင်းဆိုင်က နီယန်ကို ကာကွယ်ဖို့ ဘယ်အပေါ်မှာ မှီခိုအားထားတာလဲ ဒီခွေးလား...အဲ့ဒီခွေးက ငရဲကမ္ဘာသက်ရှိဆိုတာကိုကော မင်းသိလား..."


မိုထျန်းကျီ အေးစက်စွာပင်ပြောလိုက်သည်။ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူနီယန်ကို ရအောင်ပြန်ခေါ်သွားရပေမည်။သူအင်အားသုံး၍ ခေါ်ရမည်ဆိုလျှင်တောင်မှ ရအောင်ခေါ်သွားရပေမည်။သူက ထိုခွေး၏ စွမ်းဆောင်ရည်များကိုလည်း မြင်ချင်ပေသည်။


ငရဲဘုရင် ချက်ချင်းပင်လှည့်ကြည့်လာလေသည်။


သူက လျစ်လျူရှူခံရတာလား ဒီလူက ဘာလို့ ဒီခွေးဘုရင်ကိုပဲ မြင်ပြီးတော့ သူ့ကို မမြင်တာလဲ...သူကလည်း အစပ်ချောင်းတွေ ရဖို့အတွက် ဒီအမျိုးသမီးကို ကာကွယ်တယ်လေ...သူ့ရဲ့ အဲ့ဒီ ကာကွယ်မှုကလည်း ဒီစားသောက်ဆိုင်သေးသေးလေးပဲလေ..


".ကောင်စုတ်လေး မင်းက တကယ်ကိုနားမလည်ဘူး ဟုတ်တယ်မဟုတ်လား...ဒီအမျိုးသမီးက သူပြန်မလိုက်ချင်ပါဘူးလို့ ပြောပြီးပြီလေ ...အဲ့ဒါကို ဘာကိုလာပြီး ငြင်းခုန်နေတာလဲ...ပြီးတော့ ငရဲကမ္ဘာသက်ရှိတွေကကော ဘာဖြစ်လဲငရဲကမ္ဘာသက်ရှိတိုင်းက ကောင်းကင်ဘုံ ကြယ်တာယာဖမ်းကွန်ရက်ကို ဖျက်စီးပစ်ချင်နေတယ်လို့ မင်းထင်နေတာလား..."


ငရဲဘုရင်အာဟက မိုထျန်းကျီကို အေးစက်စွာစိုက်ကြည့်၍ ဝင်ပြောလိုက်သည်။ဇီယွင်၏ လှပလှသော မျက်ဝန်းလေးများက ပြူးကျယ်ဝိုင်းစက်သွားလေသည်။သူမ၏ အကိုကြီး အာဟက သူမ၏ အဖေပင်လေးစားရသော ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ သူတော်စင်ဂိုဏ်းချုပ်ကို ယဉ်ကျေးမှုမရှိသော ပုံစံဖြင့်စကားပြောရဲလေသည်။


သူကအခုလေးတင် ကောင်စုတ်လေးလို့ ခေါ်လိုက်တာမဟုတ်ဘူးလား...


"ပြီးတော့ ငါထပ်ပြောပါဦးမယ် ငရဲကမ္ဘာက ဘယ်လောက်ကြီးတယ်ဆိုတာကိုကောမင်းသိရဲ့လား..."


ငရဲဘုရင်၏လေးနက်လှသော အသံကြောင့် မိုထျန်းကျီ မျက်ခုံးပင့်လ်ိုက်မိသည်။လူမြောက်များစွာက ငရဲကမ္ဘာမည်မျှကြီးသည်ကို မသိကြပေ။၎င်းက အမှန်တရားပင်ဖြစ်သည်။သူတော်စင်အရှင်တစ်ယောက်ဖြစ်သော သူသည်လည်း ရှေးဟောင်းမှတ်တမ်းများထဲတွင်သာ ဖတ်ဖူးခြင်းဖြစ်ပြီး လူကိုယ်တိုင် မြင်ဖူးခြင်းမဟုတ်ပေ။


သို့သော်လည်း ကောင်းကင်ဘုံကြယ်တာယာဖမ်းကွန်ရက်ဆိုသည်က ပုန်းကွယ်နဂါးတိုက်ကြီး၏ ကံကြမ္မာနှင့် ချိတ်ဆတ်နေပေသည်။တစ်စုံတစ်ရာ ခြိမ်းခြောက်မှုအနေအထားရှိနေသော နေရာတွင် သူမည်ကဲ့သို့ ချန်ထားရစ်ခဲ့နိုင်ပါမည်နည်း။


"ဘယ်လိုပဲဖြစ်ဖြစ် ငါဒီနေ့ အာကာသနတ်သမီးကို ပြန်ခေါ်သွားမယ် ဘယ်သူငါကိုတားရဲလဲ..."


မိုထျန်းကျီက စကားဆက်၍ မပြောတော့ပေ။ဒီစားသောက်ဆိုင်မှ သူများက ကျိုးကြောင်းရှင်းပြ၍ မရလေရာလက်သီးဖြင့်သာဖြေရှင်းရပေတော့မည်။


"ဘယ်သူကပိုသန်မာလဲ ဘယ်သူက ကျိုးကြောင်း ပိုဆီလျော်လဲ..."


မိုထျန်းကျီ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်လာသည်။ထိုဖိအားတစ်ရပ်ကြောင့် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များအားလုံးတုန်ယင်နေကြသည်။


တစ်ချို့သူများဆိုလျှင် ထ်ိုဖိအားဒဏ်ကို တောင့်မခံနိုင်ပဲ စားသောက်ဆိုင်အပြင်ဘက်သို့ ပြေးထွက်သွားကြသည်။ပုဖန်က ယခုအချိန်တွင် ကြောက်မက်ဖွယ်ရာ လှိုင်းများလွှမ်းခြုံထားပြီဖြစ်သောမိုထျန်းကျီကို မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။


"ကြည့်ရတာတော့ သူတော်စင်အရှင်က တိုက်ခိုက်တောမယ့်ပုံပဲ ...ဒီလိုဆိုမှတော့ စားသောက်ဆိုင်ကို တစ်စုံတစ်ဟောက်က ကာကွယ်ပေးထားတယ်ဆိုတာ သူကို သိခွင့်ပြုလိုက်မယ်..."


"ဟလေး သူ့ကို အဝတ်ချွတ်ပြီးလွင့်ပစ်လိုက်မယ်ဆိုရင်အစပ်ချောင်းသုံးချောင်းပေးမယ်..."


ပုဖန် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးသည်နှင့် လှောင်ပြုံးပြုံးနေသော ငရဲဘုရင်ကို လှည့်ပြောလိုက်သည်။ငရဲဘုရင်၏ မျက်ဝန်းများတလှပ်လှပ်တောက်ပသွားလေသည်။


အစပ်ချောင်း သုံးချောင်း... ဟီးဟီး ဒီကောင်စုတ်လေးက အစပ်ချောင်းသုံးချောင်းတောင်တန်မယ်လို့ ဘယ်သူက ထင်လိမ့်မလဲ အလကားရတဲ့ အစပ်ချောင်းတွေကိုဘာလို့ လက်လွတ်ခံရမှာလဲ...


ငရဲဘုရင်က အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ ပုဖန်ဘက်သို့လှည့်၍ လက်မထောင်ပြကာ နှုတ်ခမ်းများ တစ်ချက်သပ်လိုက်သည်။


"ပုဖန် ကောင်လေး မင်းပြောလိုက်တာ အတည်လား..."


လူအားလုံးက ငရဲဘုရင်၏ လက်ရှိအမူအရာများကို သတိပင်မပြုကြပဲ ပုဖန်၏ တုံ့ပြန်စကားကိုသာ စောင့်မျှော်နေကြလေသည်။


"သူက သူတော်စင်အရှင်ကို အဝတ်ချွတ်ပြီးလွင့်ပစ်ချင်တယ်ဟုတ်လား...အဲ့ဒါက သူတော်စင်ဂိုဏ်းချုပ်လေ ဒီလမ်းဘေးခွေးတွေ ကြောင်တွေ မဟုတ်ဘူး...ဒီပိုင်ရှင်က အဲ့ဒီလို သတ္တိတွေ ဘယ်ကရောက်လာတာလဲ...သူက ဒီရူးသွပ်တဲ့လူကို သူတော်စင်ဂိုဏ်းချုပ်ရဲ့ အဝတ်အစားတွေ ချွတ်ခွင့်ပေးလိုက်တော့မယ်ပေါ့...သူတော်စင်ဂိုဏ်းချုပ်က အရမ်းပဲ အားနည်းတယ်လို့ တကယ်ကြီးထင်နေတာလား..."


မိုထျန်းကျီ ပုဖန်၏ အမူအရာကြောင့် အမျက်ဒေါသ ထွက်သွားလေသည်။သူမိုထျန်းကျီကို မည်သူမှ အရှက်မခွဲရဲပေ။


သူကို အဝတ်ချွတ်ပြီးလွင့်ပစ်မယ်..ဒီလူက ရူးများရူးနေတာလား...


ဘုန်း...


ချက်ချင်းပင် မိုထျန်းကျီက သူ့၏ အော်ရများကို ထိန်းချုပ်မထားတော့ပဲ လွှတ်လိုက်သည်။ကြောက်မက်ဖွယ်ရာ အော်ရာများ ပေါက်ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


ပုဖန် မျက်ဝန်းများမှေးကျင်းလိုက်ပြီး သက်ပြင်းလေးလေးတစ်ချက်ချလိုက်သည်။မိုထျန်းကျီ၏ အော်ရာများက တကယ်ကို ပြင်းထန်လာပြီး အနည်းငယ်လည်းကြောက်စရာကောင်းသည်။သို့သော်လည်း သူ ငရဲဘုရင်ကို ယုံကြည်ပေသည်။သစ်ပင်အောက်တွင်အိပ်ပျော်နေသော ငရဲဘုရင်က မျက်လုံးများ အသာဖွင့်၍ ထိုမြင်ကွင်းကို ပျော်ရွှင်ဝမ်းမြောက်စွာကြည့်နေလေသည်။


နယ်သာရီကလည်း ဇီးစိမ်းဖျော်ရည်ခွက်ကိုကိုင်၍ အရသာခံကာ တဖြေးဖြေးချင်း စုပ်သောက်နေလေသည်။ငရဲဘုရင်က တဖြေးဖြေးချင်းခေါင်းပြန်လှည့်လိုက်သည်။ပုဖန်၏ အတည်ပြုချက်ကို ကြားသည်နှင့် သူ့၏ နှလုံးသားက တဒိန်းဒိန်းခုပ်လှုပ်နေပေသည်။


"အစပ်ချောင်း သုံးချောင်းတဲ့ ဟီးဟီး ဘယ်လောက်တောင်ကောင်းတဲ့ အပေးအယူကြီးလဲ...ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ သူ့ကို အထင်အမြင်သေးနေတဲ့ ကောင်စုတ်လေးကို ကိုယ်တီလုံးချွတ်ပြီး လွင့်ပစ်လိုက်မယ်...ကောင်စုတ်လေး သေချာကြည့်ထားစမ်း ဒီလှုပ်ရှားမှုက ငရဲဘုရင်အာဟရဲ့ အဝတ်ချွတ်လက်ညှိုးသိုင်းလို့ခေါ်တယ်..."


ငရဲဘုရင်က ရွှင်မြူးစွာဖြင့်ပြောလိုက်သည်။ထို့နောက် သူခုံနောက်ကျောမှီကို သက်တောင့်သက်သာမှီထိုင်နေရင်းမှ မိုထျန်းကျီကို လက်ညှိုးညွှန်လိုက်သည်။


မိုထျန်းကျီ၏ အော်ရာများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစူးရှလာကာ သူ့၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အစက်ပြောက်ကလေးများ ပေါ်လာလေသည်။


ထို့နောက် သူ့၏ လက်ထဲတွင် အနက်ရောင်အလင်းများလည်ပတ်နေသည့် ကြယ်အိမ်မြှောင် တစ်ခုပေါ်လာသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အလင်းစက်ကလေးများက တောက်ပလင်းလက်လာသည်။


အာကာသစွမ်းရည်နတ်ဆိုးနှင်ထုတ်ခြင်း...


မိုထျန်းကျီ လေထဲသို့ လွင့်တက်လိုက်သည်နှင့် သူ့၏ ဝတ်ရုံရှည်က တဖျတ်ဖျတ်လွင့်ခါနေပြီး စွမ်းအင်များ အဆက်မပြတ်စီးဆင်းနေလေသည်။


သူ့လက်ကို အနည်းငယ်မြောက်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ထောင်ပေါင်းများစွာသော ကျောက်တုံးကြီးများလွင့်ပျံလာနေသလိုမျိူး ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဖိအားကျဆင်းလာလေသည်။


ထိုင်ခုံပေါ်တွင် အေးအေးလူလူအနားယူနေသော ငရဲဘုရင်၏ အမူအရာက လေးနက်သွားပြီး သူ့မျက်နာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။


ခွပ် ခွပ် ခွပ်...


မိုထျန်းကျီ၏ တိုက်ခိုက်မှုက သူ့နံဘေးရှိ လေဟာနယ်ကိုပင်ပြိုကွဲသွားစေသည်။ငရဲဘုရင်ဆီမှအနက်ရောင်စွမ်းအင်များထွက်ပေါ်လာကာ တဖြေးဖြေးစုစည်းသိပ်သည်းလာပြီး အဝေးသို့ ညွှန်ထားသော လက်ညှိုးတစ်ချောင်းဖြစ်ပေါ်လာသည်။


ဘုန်း...


ထို့နောက် ကြယ်အိမ်မြှောင်၏ စွမ်းအင်နှင့် ငရဲဘုရင်၏ လက်ညှိုးတို့ ထိပ်တိုက်တွေ့ဆုံသွားပြီးကြောက်မက်ဖွယ်ရာပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။


"မင်းက ရူးနေတာပဲ ဒီ သူတော်စင်အုပ်ချုပ်သူက မင်းထက်အများကြီးပိုသန်မာတယ် မင်းက အဝတ်ချွတ်မယ်လို့ပြောလိုက်ရုံနဲ့ပဲ လုပ်နိုင်သွားပြီလို့ ထင်နေတာလား..."


."မင်းကများ... သူတော်စင်ဂိုဏ်းချုပ်ကို အဝတ်ချွတ်ချင်နေတယ်ဟုတ်လား အဲ့ဒါက သူတော်စင်ဂိုဏ်းချုပ်ကွ..."


"သူတော်စင်အရှင်က အဲ့ဒီကောင်ကို ဘယ်လို ထုချေမလဲဆိုတာကိုကြည့်ကြစို့..."


ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များက ဒေါသများ တောက်လောင်စွာဖြင့် သူတို့ရှေ့မှ မြင်ကွင်းကို သေချာစွာကြည့်နေကြသည်။သူတော်စင်ဂိုဏ်းချုပ်က ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေထဲတွင် အသန်မာဆုံး ဖြစ်သည်။


သူကအရှင်သခင်ထက် အနည်းငယ်အားနည်းသည်ဆိုသော်လည်းတခြားသူများအားလုံးထက် သန်မာပေသည်။ကြယ်အိမ်မြှောင်နှင့် လက်ညှ်ိုးတို့၏ ထိတွေ့မှုက အသံမဲ့နေသည်။


ထိပ်တိုက်တွေ့ဆုံမှုက အသံမဲ့လှသည်။သူတော်စင်ဂိုဏ်းချုပ်၏ ကြယ်အိမ်မြှောင်ကို ငရဲဘုရင်အာဟ ၏ အနက်ရောင်အလင်းများက ဖုံးလွှမ်းသွားခဲ့သည်။


ကြယ်ရောင်အလင်းများပြိုပျက်သွားပြီးနောက် ကြယ်အိမ်မြှောင်တွင် အက်ကွဲကြောင်းများပေါ်လာကာ ထို့နောက် ပေါက်ကွဲသံများထွက်ပေါ်လာသည်။ငရဲဘုရင်အာဟ၏ လက်ညှိုးလိုလို မည်သည့်အရာမှ မတားဆီးနိုင်ပေ။မိုထျန်းကျီ၏ မျက်ဝန်းများ မှေးကျင်းသွားသည်။


သူ့၏ ကြယ်အိမ်မြှောင်က ထ်ိုကဲ့သို့ အလွယ်တကူ ပြိုပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။သူရှေ့မှလူကို ခေါင်းမော့ကြည့်လိုက်သည်။ထ်ိုလူ၏ မျက်ဝန်းက စကြဝဋ္ဌာတစ်ခုလို နက်မှောင်နေပြီး သူ့ခန္ဓာကိုယ်မှ ခြိမ်းခြောက်နိုင်သော အော်ရာများ ထွက်ပေါ်နေသည်။


ထိုကဲ့သို ထူးခြားဆန်းကြယ်သော အသွင်အပြင်က မိုထျန်းကျီ၏နှလုံးသားကို တင်းကျပ်သွားစေသည်။


"ဒီလူက တကယ်ကြောက်စရာကောင်းတာပဲ..."


ဘန်း...


ကြယ်အိမ်မြှောင်ကို ဖျက်စီးပြီးနောက်အနက်ရောင်စွမ်းအင်စီးကြောင်းက မိုထျန်းကျီကို လာရောက်ထိမှန်လေသည်။ထ်ိုဖိအားကြောင့် မိုထျန်းကျီ အနောက်သို ဆုတ်ခိုက်ရသည်။သူတည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ထိုလက်ညှိုးကို စူးစိုက်ကြည့်လိုက်သည်။


ရုတ်တရက် မိုထျန်းကျီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။လူအားလုံလည်း အမြင်အာရုံများဝေဝါးသွားပြီး သူတို့၏ရှေ့၌ အရိပ်ပေါင်းထောင်ချီ ဖြတ်ပြေးသွားသလိုမျိုးခံစားလိုက်ရသည်။


ငရဲဘုရင်က မိုထျန်းကျီ အနားသို့ ဖြတ်ခနဲ သူ့၏ ရောက်လာပြီး ပခုံးပေါ်သို့ လက်တင်လိုက်သည်။


"အခုခေတ်လူငယ်တွေကတော့ အရမ်းကို စိတ်အားထက်သန်ကြတာပဲ...မင်းကို ဖမ်းမိသွားတဲ့အခါတောင်မှ ခုခံချင်သေးတာလား..."


ထို့နောက် ငရဲဘုရင်၏ လက်ညှိုးလေးက မိုထျန်းကျီ၏ နဖူးကိုထိလိုက်သည်။စားသောက်ဆိုင်ထဲတွင် တုန်ခါသံလှိုင်းများ ထွက်ပေါ်လာလေသည်။အားလုံး အံ့အားသင့်စွာဖြင့် မျက်ဝန်းများပြူးကျယ်သွားပြီး သူတို့ရှေ့မှ မြင်ကွင်းကို ပါးစပ်အဟောင်းသားကြည့်နေကြလေသည်။