အပိုင်း ၈၄၇
Viewers 62k

အခန်း ၈၄၇

ကြင်နာနူးညံ့မှုတွေက ဘာဖြစ်သွားတာလဲ...


လူအားလုံး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြင့် နေရာမှာတင် ထိတ်လန့်ကြောင်အစွာ တောင့်ခဲနေကြသည်။


"ဘာတွေဖြစ်သွားတာလဲ..."


သူတို့ရှေ့၌ ကြောက်စရာကောင်းလှသော မယုံနိုင်စရာ အဖြစ်အပျက်များ ဖြစ်ပွားသွားလေသည်။ငရဲဘုရင်က မိုထျန်းကျီ၏ ပခုံးကို ပုတ်လိုက်ပြီး နဖူးကို တောက်လိုက်သည်နှင့် လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားတစ်ခုက မိုထျန်းကျီ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဝင်သွားသည်။ထိုအင်အားက သူ့၏ အရေပြားတစ်လျှောက် ဖြတ်သန်းသွားပြီးနောက် အဝတ်အစားများအားလုံးကို ပေါက်ကွဲထွက်သွားစေသည်။


ဗြိ ဗြိ ဖျတ် ဖျတ်...


ဆုတ်ပြဲသွားသော အဝတ်အစားအပိုင်းအစများက မိုးရွာကျသလို ပြန်လည် ကျရောက်လာလေသည်။မိုထျန်းကျီ၏ ခန္ဓာကိုယ်ကို လေအေးတစ်ချက်ဖြတ်တိုက်သွားလေသည်။အဝတ်အစားများ ဆုတ်ပြဲသွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ၌ မိုထျန်းကျီ ထိတ်လန့်ကြောင်အနေမိသည်။


"မင်း ..."


မိုထျန်းကျီ၏ ဒေါသများ ပွက်ပွက်ဆူလာပြီး ငရဲဘုရင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။တစ်ဖတ်လူက သူ့အဝတ်အစားများကို အလွယ်တကူ ချွတ်လိုက်နိုင်မည်ဟုမထင်ထားမိပေ။ထိုသူက သူ့၏ နဖူးကို တစ်ချက်သာကုတ်ဖဲ့လေသည်။


"တကယ်ကို အဝတ်ချွတ်လက်ချောင်းပဲ...သူကအဝတ်ချွတ်တဲ့ နေရာမှာ အဲ့ဒီလောက်တောင် ကျွမ်းကျင်တယ်လား...


ဘန်း..."


အဝတ်အစားများဆုတ်ပြဲသွားသည်နှင့် တစ်ပြိုင်နက် မိုထျန်းကျီက သူ့၏ခန္ဓာကိုယ်ကို တခြားသူများ၏ အကြည့်ထံမှ ကာကွယ်ထားရန်အတွက် အစစ်အမှန်စွမ်းအားများကိုထုတ်လွင့်လိုက်သည်။သို့သော်လည်း သူ့၏ လှုပ်ရှားမှုများက နောက်ကျသွားခဲ့သည်။လူများစွာက သူ့၏ ခန္ဓာကိုယ်ကို မြင်ပြီးသွားလေပြီ။လူအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။


"ဘာ ဘာကို မြင်ခဲ့ရတာလဲ...တကယ်ပဲ သူက ဖင်ပြောင်ကြီးလား မဟုတ်သေးပါဘူး ငါတို့ရဲ့ သူတော်စင်အုပ်ချုပ်သူက တကယ်ပဲ ကိုယ်တီးလုံး အချွတ်ခံလိုက်ရတာလား..."


ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များအားလုံး ဆူညံ ပွက်လောရိုက်သွားပြီး ဒေါသတရားလွှမ်းမိုးသွားလေသည်။သူတို့ အလွန်လေးစားရသော သူတော်စင်ဂိုဏ်းချုပ်က ကောင်စုတ်လေးတစ်ယောက်၏ လက်ညှိုးသိုင်းဖြင့် အဝတ်များဆုတ်ဖြဲခံလိုက်ရသည်။


"သူတော်စင်အရှင်က ကိုယ်တီးလုံး ဖြစ်သွားခဲ့တယ်..."


အဝတ်အစားများကိုချွတ်ပစ်လိုက်သည်က အလွန် အကြမ်းမဖက် ခဲ့သော်လည်း ၎င်းက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ...


မိုထျန်းကျီ၏ မျက်ဝန်းများ ရဲရဲနီလာကာ ငရဲဘုရင်ကို မီးတောက်တော့မတက် စိုက်ကြည့်လိုက်လေသည်။


ငရဲဘုရင် မျက်ဝန်းများမှေးစင်း၍ ကြည့်လ်ိုက်ပြီး ရယ်မောလိုက်သည်။


သူက အဝတ်ချွတ်လက်ညှိုးသိုင်းကို အချိန်အတော်ကြာ မသုံးခဲ့သော်လည်း ယခုထိကျွမ်းကျင်နေဦးမည်ဟု မထင်မှတ်ထားခဲ့ပေ။အဝတ်အစားများချွတ်ပြီးနောက်... နောက်တစ်ဆင့်က ထ်ိုမိုထျန်းကျီကို ဆိုင်ထဲမှ ပစ်ထုတ်ပစ်ရန်ဖြစ်သည်။


"ကောင်လေး သက်တောင့်သက်သာသာ နေပါ ငါမင်းကို အရမ်းကြင်ကြင်နာနာဆက်ဆံမှာပါ..."


ငရဲဘုရင် ရယ်မောလိုက်၏။ထို့နောက် သူ့၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။


မိုထျန်းကျီအလွန်ဒေါသထွက်သွားသည်။သူ့၏ လက်များကို ကာကွယ်ရန် စွမ်းအင်လးလှိုင်းတစ်ခုကို ထုတ်ခါလိုက်သည်။သို့သော် နောက်ခဏမှာပင် လက်ခုပ်တီးသံကဲ့သို့ အသံများထွက်ပေါ်လာလေသည်။


ငရဲဘုရင်က မိုထျန်းကျီ၏ လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်ပြီး အနောက်သို့ ကြမ်းတမ်းစွာ လွင့်ပစ်လိုက်သည်။ဖိအားသက်ရောက်မှုများကြောင့် အစစ်အမှန်စွမ်းအင်များက အရပ်လေးမျက်နာသို့ ပြန့်နှံစီးဆင်းသွားလေသည်။မိုထျန်းကျီကလည်း ငရဲဘုရင်၏ လက်များကို ပြန်လည်ချုပ်ကိုင်ပြီး တစ်ယောက်နှင့် တစ်ယောက်အသာစီးရရန် ချုပ်ကိုင်နေကြသည်။


"ဟား ဟား မင်းက တော်တော်လေး မြန်တာပဲ..."


ငရဲဘုရင်ပင် မိုထျန်းကျီကိုကြည့်၍ အံ့သြသွားမိသည်။မိုထျန်းကျီ၏ မျက်ဝန်းများက ရေခဲတမျှ အေးခဲနေသည်။သူသည် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခွင်အကြိမ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး အဆုံးမဲ့ပင်လယ်ရှိ မဟူရာနဂါးဘုရင်နှင့်ပင် တွေ့ဆုံခဲ့ဖူးသည်။


သူ့ဘဝတစ်သက်တာတွင် ဖြစ်နိုင်သမျှ အရာရာအားလုံးကို သူမြင်ခဲ့ဖူးလေပြီ။


အဝတ်ချွတ်ခံလိုက်ရရုံနဲ့သူ့နှလုံးသားက ယိမ်းယိုင်သွားမှာလား...ဒီကောင်လေးက ငယ်ရွယ်လွန်းပြီး အတွေ့အကြုံမရှိဘူးပဲ...


ဖတ် ဖတ် ဖတ်...


လက်နှစ်ဖက်ထိရိုက်သံများက ပိုမို ပြင်းထန်လာသည်။ငရဲဘုရင်၏ တိုက်ခိုက်မှုများက အရှိန်ပြင်းထန်လှသောကြောင့် ကြည့်ရှုနေသူများ လှုပ်ရှားမှုများကို မြင်နိုင်ရန်ပင် ခဲယဉ်းလှလေသည်။


မသိလိုက်မိခင်မှာပင် မိုထျန်းကျီ၏ နဖူးပေါ်၌ ချွေးများသီးလာလေသည်။သူက ငရဲဘုရင်၏အရှိန်ကို လိုက်မမီနိုင်ဟု ခံစားလာရသည်။


"လခွမ်း ဒီကောင်က ဘယ်ကရောက်လာတဲ့ကောင်လဲ..


.ဖြန်း..."


ရုတ်တရက် စားသောက်ဆိုင်ထဲတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များအားလုံး အံ့သြတုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြပြန်သည်။


ငရဲဘုရင်နှင့် မိုထျန်းကျီတို့ လက်အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေသည့်အချိန်တွင် ရုတ်တရက် လက်တစ်ဖက်က မိုထျန်းကျီ၏ ခေါင်းကို ရိုက်ပုတ်လ်ိုက်သည်။


မိုထျန်းကျီ၏ နှလုံးသားထဲတွင် မီးတောက်များ တောက်လောင်ကျွမ်းလာလေသည်။သူ မတရားခံလိုက်ရသလို ခံစားမိလေသည်။


သူတို့ သဘောတူညီထားတဲ့ ကြင်နာမှုဆိုတာကကော ဘယ်မှာလဲ...


 သူတို့နှစ်ယောက်က လက်အချင်းချင်းတိုက်ခိုက်ရန် သဘောတူထားသည့် ပုံဖြစ်နေခဲ့လေရာ ခေါင်းက်ို တိုက်ခိုက်မှုက ဘယ်ကရောက်လာတာလဲ...


မိုထျန်းကျီ၏ စိတ်ထဲတွင် ဂယောက်ဂယက်ဖြစ်နေသည့်အချိန်၌ပင် ငရဲဘုရင်က နောက်ထပ်တစ်ချက်ထပ်မံ တိုက်ခိုက်လိုက်လေသည်။စိတ်ရှုပ်ထွေးနေသော မိုထျန်းကျီက ငရဲဘုရင်၏ အရှိန်ကို အမှီမတိုက်ခိုက်နိုင်ပေ။သူတိုက်ခိုက်မှုကို ကာကွယ်လိုက်သော်လည်း နောက်ဆုံး၌ မခုခံနိုင်တော့ပေ။


သူ့ခန္ဓာကိုယ်ကို ဆက်ခနဲ ဖမ်းမိသွားပြီးနောက် သူ့၏လက်မှ ကြီးမားလှစွာသောစွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။နောက်ခဏ၌ လူများအားလုံး မျက်လုံးများ ကျွတ်ထွက်မတက် ပြူးကျယ်လာလေသည်။


သူတော်စင်အရှင် မိုထျန်းကျီ၏ ခန္ဓာကိုယ်က တံခါးဝမှ တစ်ဆင့် ပျံထွက်သွားသည်။သူ့ခန္ဓာကိုယ်ကို ဖုံးကာထားသော အစစ်အမှန် စွမ်းအင်များကလည်း အလိုလိုပြန်ကျဲသွား၏။လူအားလုံး မိုထျန်းကျီ၏ နူးညံ့ချောမောလှသော အသားအရည်နှင့် ဖြူဖွေးတောင့်တင်းလှသော တင်ပါးများကို မြင်လိုက်ကြရသည်။


"သူတော်စင်ဂိုဏ်းချုပ်ရဲ့ တင်ပါးတွေက ထင်ထားတဲ့အတိုင်းပဲ...


ခရက်ရှ်..."


ရိုက်ခတ်မှုက မိုထျန်းကျီ၏ ခန္ဓာကိုယ်ကို အလွန်အမင်း နာကျင်သွားစေသည်။ကြည့်ရှုနေသူများအားလုံးလည်း လေအေးတစ်ချက်ရှူရှိုက်လိုက်ပြီးနောက် သတိပြန်ဝင်လာကြသည်။ငရဲဘုရင်က ရွှင်မြူးစွာဖြင့် သူ့၏ လက်နှစ်ဖက်ကို ရိုက်ခါလိုက်သည်။ယခုတိုက်ပွဲအတွက် သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်နေမိသည်။


ယခု တိုက်ပွဲတွင် သူ့၏ စိုးမိုးခြယ်လှယ်နိုင်မှုကို ပြသနိုင်ခဲ့ပြီး သူတော်စင်ဂိုဏ်းချုပ်ကို မြေပြင်ပေါ်သို့ ပစ်ချနိုင်ခဲ့သည်။


"တခြားသူတစ်ယောက်ရဲ့ အဝတ်အစားတွေကို ချွတ်ပစ်တာက သူရဲ့ အမှားကင်းတဲ့ပြစ်ဒဏ်ချမှတ်မှုပဲ...ငယ်ရွယ်ပြီး သုံးစားမရတဲ့ သူက ဒီဘုရင်ရဲ့ရှေ့မှာ မောက်မောက်မာမာ လာလုပ်ရဲသေးတယ်...မင်းကိုယ်မင်း ခွေးဝဲစားတစ်ကောင်လို့ မထင်မိဘူးလား...မင်းရဲ့ မျက်လုံးတွေ ဖွင့်ပြီးတော့ သေချာကြည့် ဒီဘုရင်က သန်မာလား မသန်မာဘူးလား..."


ငရဲဘုရင်က ရွှင်မြူးစွာ ရယ်မောလိုက်ပြီးနောက် သူ့၏ မျက်နာတစ်ခြမ်းကို လက်ဖဝါးဖြင့် အုပ်ကာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များအားလုံး ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လ်ိုက်ရသည်။


"ဒီလူက တကယ်ကို ရက်စက်ကြမ်းတမ်းလွန်းတယ် သူက သူတော်စင်အရှင်ကိုတောင် တကယ်ဖယ်ရှားနိုင်ခဲ့တယ်...သူတော်စင်ဂိုဏ်းချုပ်က အမျက်ဒေါသထွက်ပြီး ပြန်လက်တုံ့ပြန်မှာသေချာတယ်...မကြာခင်မှာပဲ ဒီစားသောက်ဆိုင်လေးက အပျက်အစီးပုံကြီး ဖြစ်သွားလိမ့်မယ်..."


ကောင်းကင်ဘုံလျှ်ို့ဝှက်သန့်စင်နယ်မြေ၏ အထွဋ်အထိပ်တည်ရှိမှုတစ်ယောက်ကို ဒေါသထွက်စေခြင်းက ကောင်းမွန်သော အပြုအမူမဟုတ်ပေ။


ခလက် ခလက်....


မိုထျန်းကျီ မြေပြင်ပေါ်မှ ထလာသည်။ထို့နောက် အဝတ်အထည်များ လေထဲသို့ လွင့်ပျံသွားပြီးနောက် သူခန္ဓာကိုယ်တွင် ဝတ်ဆင်ပြီးသားဖြစ်သွားလေသည်။


ငရဲဘုရင်အာဟကို စိုက်ကြည့်လိုက်သော သူ့၏ အကြည့်များက နက်ရှ်ိုင်းလှသောအမုန်းတရားများ ပြည့်နှက်နေလေသည်။သူ့၏ အော်ရာများကို စုစည်းထိန်းချုပ်လိုက်သော်လည်း အရင်ကကဲ့သို့ ကြောက်စရာကောင်းသည့်ပုံမပေါ်ပေ။သူ့၏ မျက်ဝန်းများက စူးရှအေးစက်နေတုန်းပင်ဖြစ်သည်။


"ပိုင်ရှင်ပု...မင်းက အာကာသနတ်သမီးကို ဒီနေရာမှာပဲ ကာကွယ်စောင့်ရှောက်ထားဖို့ ရည်ရွယ်ထားတာလား..."


မိုထျန်းကျီ အေးစက်စွာမေးလိုက်သည်။ပုဖန် ဆိုင်ပေါက်ဝသို့ လျှောက်လာခဲ့သည်။အပြင်ဘက်၌ ကျဆင်းနေသောနေများက ထူထပ်သည့် အလွှာတစ်ခု ဖြစ်နေပေသည်။


"ကျုပ်က နီယန်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်...သူဒီမှာနေချင်တယ်ဆိုမှတော့ ဒီမှာပဲ ထားခဲ့လိုက်ပါ..."


ပုဖန် အေးဆေးစွာ ပြောလိုက်၏။မိုထျန်းကျီ ရယ်မောလိုက်ပြီး ပုဖန်ကို ဝေ့ခနဲ တစ်ချက်ကြည့်လိုက်သည်။


"ကောင်းပြီလေဒါဆိုလည်း ငါအခု ထွက်သွားလိုက်တော့မယ်...ပိုင်ရှင်ပုရဲ့ စားသောက်ဆိုင်က အနာဂတ်မှာလည်းဆက်လက်အောင်မြင်နေဖ်ို့ ငါမျှော်လင့်ပါတယ်...ဒီနေ့လုပ်ရပ်အတွက် မင်းနောင်တမရမိပါစေနဲ့ ..."


မိုထျန်းကျီ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်ပြီးနောက် ထူထဲလှသော နှင်းလွှာထဲသို့ ချာခနဲလှည့်ထွက်သွားလိုက်သည်။သူက အစစ်အမှန်စွမ်းအားကို ကောင်းစွာထိန်းချုပ်နိုင်သည့် စွမ်းအားတစ်ခုသို့ ရောက်နေပြီဖြစ်သောကြောင့် နှင်းထုထဲတွင်ပင် ခြေရာမကျန်ခဲ့ပေ။


နှင်းများက လှိုင်းလုံးများကဲ့သို့ ကောင်းကင်ယံမှ ပြိုဆင်းကျလာနေသည်။မိုထျန်းကျီ၏ ခန္ဓာကိုယ်က ကျောက်ဆောင်ကဲ့သို့ ခိုင်မြဲနေပြီး လေတိုက်ခိုက်မှုကို မမှုပေ။

။ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှ တပည့်များသည်လည်း သူတို့၏ သူတော်စင်ဂိုဏ်းချုပ်နောက်သို့ လိုက်ပါ၍ အစားကြူးတောင်ကြားမှ ထွက်သွားကြသည်။


သို့သော်လည်း လူအားလုံး ထွက်သွားခြင်းမဟုတ်ပေ။သူတို့ ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှုအောက်၌ တစ်ချို့သောသူများက တခြားတည်းခိုခန်းများတွင် ကျန်ရစ်ခဲ့လေသည်။အာကာသနတ်သမီးကို တခုခုလုပ်မည်ဆိုး၍ ပုဖန်ကို အနီးကပ်စောင့်ကြည့်ရန် ကျန်ရစ်ခဲ့ကြလေသည်။


တခြားသူများကို အဝတ်ချွတ်လွင့်ပစ်လေ့ရှိသော အလေ့အထအရ ထိုကဲ့သို့ အန္တာရယ်မျိုးဖြစ်ပွားလာရန်အခြေအနေ အလွန်မြင့်မားလေသည်။မိုထျန်းကျီက ရုတ်တရက်ထွက်ခွာသွားသော်လည်း တပည့်များအတွက် ပြီးပြည့်စုံသောအစီအရင်များ စီမံထားခဲ့လေသည်။


အာကာသနတ်သမီးကို ပြန်လည်မခေါ်ဆောင်နိုင်ခဲ့သော်လည်း ထောင်တျဲ စားသောက်ဆ်ိုင်အနီးရှ်ိ တည်းခိုခန်းများအားလုံးတွင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်မှ တပည့်များနှင့်သာ ပြည့်နေခဲ့လေသည်။


နီယန်သည် ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်နှင့် ပေါင်းစပ်လိုက်ပြီဖြစ်သောကြောင့် သူမ၏ အဆင့်အတန်းက ပို၍ မြင့်မားလာခဲ့ပြီ။


....


အစားကြူးတောင်ကြား ထောင်တျဲ စားသောက်ဆိုင်...


နီယန်၏ ဘေးနားရှ်ိလူများက သူမ ဆာလောင်မွတ်သိပ်နေသော ခွေးတစ်ကောင်ကဲ့သို့ အငမ်းမရစားနေသည်အား တိတ်တဆိတ်ကြည့်နေခဲ့သည်။အချိန်ခဏမျှ ကြာသွားပြီးသည့်နောက်နီယန်သူမပါးစပ်တွင် ပေကျံနေသည်များကို သုတ်လိုက်သည်။


သူမအနည်းငယ် သန်းဝေလိုက်ပြီးအေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်ကို ခွက်ပြောင်သည်အထိမော့သောက်လိုက်သည်။နွေးထွေးလှသော ဝိုင်က သူမ၏ ပါးစပ်မှတစ်ဆင့် လည်ချောင်းထဲသို့ ညင်သာချောမွေ့စွာစီးဝင်သွားလေသည်။


"တကယ်ကို ရင်းနီးကျွမ်းဝင်နေတဲ့ အရသာပဲ...ဒါပေမယ့်လည်း ပိုင်ရှင်ပုရဲ့ စွမ်းအင်တွေက အရင်ကထက်ကို အများကြီးတိုးတက်လာပြီထင်တယ်..."


နီယန် ပုဖန်ကို အပြုံးလေးဖြင့် ကြည့်လ်ိုက်သည်။သူမ ခဏမျှ ရပ်တန့်နေပြီးနောက် ထပ်ပေါင်း၍ ပြောလိုက်သည်။


"အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်ထက်ကောင်းတဲ့ဝိုင်ရှိတယ်လို့ ငါပြောခဲ့တယ်...ဒါပေမယ့် အဆုံးမှာတော့ပိုင်ရှင်ပုက သူကိုယ်တိုင်ပဲ ကြိုးစားပြီးတော့ နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို ထပ်မံ ပြုလုပ်ခဲ့တယ်...ပိုင်ရှင်ပုက တကယ်ကို အံ့သြသင့်စရာကောင်းတဲ့သူပဲ..."


ကောင်းကင်ဘုံ ကြယ်ဖမ်းကွန် ရက်ကြောင့် နီယန်၏လေအလင်းအင်ပါယာနှင့် ပတ်သတ်သောမှတ်ဉာဏ်များက ပို၍ပင် ကြည်လင်ပြတ်သားလာခဲ့သည်။ပုဖန် ခုံတစ်ခုံကို ဆွဲယူ၍ နီယန်နှင့် မျက်နာချင်းဆိုင်တွင် ထ်ိုင်ချလိုက်ပြီး အလေးအနက်မေးလိုက်သည်။


"တကယ်ပဲမှတ်ဉာဏ်ပျောက်ဆုံးသွားတာလား..."


နီယန်က ခံစားချက်ကင်းမဲ့လှသောမျက်နာဖြင့် ပုဖန်ကိုကြည့်၍ ပြောလ်ိုက်သည်။


"လေအလင်းအင်ပါယာက ထွက်ခွာလာပြီးနောက် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မှတ်မိဖို့ ကြိုးစားလိုက်တိုင်း ငါ့ခေါင်းက မခံမရပ်နိုင်အောင် နာကျင်လာတယ် ငါ ငါခေါင်းကြီး ပေါက်ကွဲထွက်တော့မလိုပဲ ခံစားမိတယ်.... အဲ့ဒီတော့ ငါဘယ်လိုလုပ် ဆက်တွေးရဲတော့မှာလဲ ...ငါခေါင်းထဲမှာတောင် ရှုပ်ထွေးနေပြီ ... ငါနင့်ကို မလိမ်ဘူး...အခု ဒါ တကယ်ဖြစ်နေတာ ဟုတ်ပြီလား..."


နီယန်က အလေးအနက်ပြောလိုက်သည်။သူမ နာကျင်မှုကို အစစ်အမှန်ခံစားနေရခြင်းဖြစ်သည်။၎င်းက ပုဖန်၏ နှလုံးသားကို နာကျင်သွားစေသည်။


နီယန်၏ မှတ်ဉာဏ်းများက စည်းပိတ်ခံထားရသည်။အကယ်၍ သူသာ ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကို အသုံးပြုလိုလျှင် နီယန်၏ မှတ်ဉာဏ်များကို ပြန်ဖွင့်ပေးရပေမည်။


"သူမရဲ့ မှတ်ဉာဏ်တွေကို ဘယ်လိုပြန်ရအောင်လုပ်ရမှာလဲ..."


ပုဖန်တွင် အကြံမရှိပေ။ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်၏ အထောက်အပံ့မပါပဲ သူ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ပုဖန် မေးစေ့ကို ပွတ်သပ်ရင်း နီယန်ကို စိုက်ကြည့်နေမိသည်။သူ့၏ အကြည့်များက လုံးဝ ဗလာသက်သက်ဖြစ်လေသည်။


.....


ကောင်းကင်နွေဦးသန့်စင်နယ်မြေ ...ကောင်းကင်ယံထက်တွင် စုစည်းနေသောတိမ်မဲများက တရွေ့ရွေ့ရွေ့လျားနေသည်။နောက်ခဏ၌ ရောင်စုံ အလင်းတန်းများနှင့် ယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာသည်။


ယခင်က ဤယဇ်ပလ္လင်သည် ရိုးရှင်းပြီး လုံးဝ ပြီးပြည့်စုံနေသော်လည်း ယခုအခါတွင် အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။"


"ဘယ်လ်ိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားသွားတာလဲ ..."


ယဇ်ပလ္လင်ထက်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် လူတစ်ယောက် လဲလျောင်းနေသည်။ခရမ်းရောင်ဆံပင်များနှင့် ထ်ိုလူငယ်က ဖြေးညှင်းစွာ ထလာသည်။သူ့၏ မျက်ဝန်းအကြည့်များကလည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။


"ဒါက မင်းရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲလေ..."


ရုတ်တရက် စူးရှကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားသည်။သူ့၏ လက်ကို မြောက်ကြည့်လိုက်သည်နှင့် နတ်ဆိုးအမှတ်အသားများစွာ ထွက်ပေါ်လာလေသည်။


သူ့၏ လက်ဖဝါးအလယ်ခေါင်က ကွဲအက်နေပြီး ထိုနေရာမှ ထွက်ပေါ်လာသော အနက်ရောင် ပုလဲလုံးတစ်လုံးက လက်ဖဝါးထက်တွင် လှည့်လည်နေလေသည်။


ထိုပုလဲလုံးထက်တွင် သိပ်သည်းလှသောအမှောင်စွမ်းအင်များ ထွက်ပေါ်နေ၏။


"ဒါက ငါတို့ နတ်ဆိုးမျိုးနွယ်စု ရဲ့ နတ်ဆိုးမျက်လုံးပဲ...ငါ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်မယ် နောင်အနာဂတ်မှာ မင်း ငါ့စကားကို နားထောင်မယ်ဆိုရင် ပုန်းကွယ်နဂါးတ်ိုက်ကြီးပေါ်မှာ မင်းအလ်ိုရှိသမျှ အရာအားလုံးရလာန်ိုင်လိမ့်မယ်..."


ထိုနတ်ဆိုးမျက်လုံးမှ စူးရှလှသော အသံထွက်ပေါ်နေ၏။


"အခု မင်းကို ငရဲကမ္ဘာသက်ရှိတစ်ပိုင်းလို သတ်မှတ်လ်ို့ ရသွားပြီ..."


"ငါ ငါမလိုချင်ဘူး..."


ကျောက်ခရမ်းအကြီးအကဲ ပြန်လည် ငြင်းဆန်လိုက်သည်။


"ဟီး ဟီး ဟီးဟီး အဲ့ဒါက မင်းနဲ့ မဆိုင်ဘူး...အဲ့ဒါက မင်းဆုံးဖြတ်လို့ ရတာမဟုတ်ဘူး..."


ထို့နောက် နတ်ဆိုးမျက်လုံးက ဆက်လက်ပြောဆိုလိုက်သည်။


"ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ပျက်စီးသွားပြီးတော့ ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ စွမ်းအားတွေကလည်း အားပျော့သွားတယ်...ဒါပေမယ့် စွမ်းအင်တွေက တဖြေးဖြေးပြန်လည်ကောင်းမွန်လာနေပုံရတယ် အဲ့ဒါက ကောင်းကင်ဘုံကြယ်တာယာဖမ်းကွန်ရက် လုံးဝ ပျောက်ကွယ်မသွားသေးဘူးလို့ ဆိုလိုတာပဲ...ဒါကြောင့် အခု မင်းရဲ့ တာဝန်က ဘယ်လိုကိစ္စတွေ ဖြစ်ပွားသွားတာလဲဆိုတာကို စုံစမ်းရမယ် ပြီးတော့ ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကို လုံးဝ ဖျက်စီးပစ်ရမယ်...ဒါက ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့ တပ်မဟာ ပုန်းကွယ်နဂါးတ်ိုက်ကြီးထဲ စိမ့်ဝင်လာနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ..."


ငယ်ရွယ်သောကျောက်ခရမ်းအကြီးအကဲက သူ့လက်ထဲမှ ပုလဲလုံးကိုကြည့်၍ သက်ပြင်းလေးလေးတစ်ချက်ချလိုက်သည်။


"မင်းငါ့ကို ကတိပေးထားတာကို သတိရပါ...ဒီလ်ိုမှမဟုတ်ဘူးဆိုရင် မင်းအတွက် အလုပ်လုပ်ခိုင်းဖို့ မစဉ်းစားနဲ့ ..."


"ဟီးဟီး... ဟီးဟီး ...ဒါပေါ့ သေချာတာပေါ့..."


နတ်ဆိုးက ကျယ်လောင်စွာရယ်မောလိုက်သည်။ကျောက်ခရမ်းအကြီးအကဲ၏ ခရမ်းရောင်စွမ်းအင်များက လေဟာနယ်ထဲ လှုပ်ခါသွားသည်။လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာပြီး သူ့၏ စိတ်ပင် တဆတ်ဆတ်တုန်ခါလာသည်။ထို့နောက် သူခေါင်းမော့ကာ အစားကြူးတောင်ကြားဘက်ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းလေးလေးတစ်ချက်ထပ်ချလိုက်သည်။


ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ရဲ့အော်ရာတွေက အဲ့ဒီဘက်မှာရှိနေတယ်...အဲ့ဒီနေရာက မကြာသေးခင်ကမှ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ အစားကြူးတောင်ကြားပဲ ကလေးမလေး ဇီယွင်လည်းအဲ့ဒီမှာ ရှိနေပုံရတယ်..."