အပိုင်း ၈၄၈
Viewers 53k

အခန်း ၈၄၈

အစပ်ချောင်းဘယ်နှစ်ချောင်းနဲ့လဲလို့ရမလဲ....


သူတော်စင် အုပ်ချုပ်သူ ထွက်ခွာသွားခဲ့ပြီ။ရုတ်ရုတ်သဲသဲဖြစ်ရပ်များလည်း နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့လေပြီ။စားသောက်ဆိုင်ရှေ့မှ သွေးနှင်းများပေါ်တွင် အဝတ်အစားအပိုင်းပစများလည်း ပြန့်ကျဲနေသည်။


အစပ်ချောင်းများရပြီးနောက် ငရဲဘုရင်က စားသောက်ခန်းထဲမှ ပျော်ရွှင်စွာ ထွက်လာသည်။သူတော်စင်သမီးတော် ဇီယွင်ကလည်း သူ့၏ နောက်မှ လိုက်ပါလာ၏။


စားသောက်ပြီးသည့်နောက် နီယန်က အိပ်ပျော်သွားခဲ့သည်။ယခု သူမက ကောင်းကသ်ဘုံကြယ်ဖမ်းကွန်ရက်နှင့် ပေါင်းစပ်လိုက်ပြီဖြစ်သောဆကြာင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် သန့်စင်သော စွမ်းအားများနှင့် ပြည့်နှက်နေခဲ့သည်။


နီယန်၏ အစစ်အမှန်စွမ်းအင်သည် ထိုကြီးမားလှသော စွမ်းအားများကို မထိန်းချုပ်နိူင်ခဲ့ပေ။၎င်းက သူမမှတ်ဉာဏ်များ မေ့သွားရသည့် အကြောင်းဖြစ်ပြီး အမြဲတစေ အိပ်ငိုက်နေခြင်း၏ အကြောင်းအရပ်လည်းဖြစ်သည်။


ပုဖန်သည် မူလက နီယန်ကို တည်းခိုခန်းတစ်ခုခုတွင် နေထိုင်စေလိုခဲ့သည်။သို့သော်လည်း နီယန်က သူ့၏အခန်းကို ကြိုက်နှစ်သက်သည့်ပုံ ရလေသည်။စားသောက်ပြီးသည့်နောက် သူမက မျက်လုံးများမှိတ်ထားသော်လည်း အခန်းရှိရာဆီသို့ တည့်တည့်ကြီး လျှောက်သွားလေသည်။


ပုဖန် မည်သို့မှ မတတ်နိုင်တော့ပေ။သူမ အိပ်ပျော်နေသည့် အချိန်၌ မောင်းလည်းမထုတ်နိုင်ပေ။ထို့အပြင် နီယန်က ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်၏ စွမ်းအားများကို ထိန်းချုပ်ရန်နှင် သူ့၏ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင် ပြုလုပ်ရန်အတွက် ကူညီရန်လည်း လိုအပ်နေပေသေးသည်။


အရာရာအားလုံးက ပုံမှန်အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ကောင်းကင်ပေါ်မှ ထူထဲစွာကျဆင်းလာသော နှင်းစက်ကလေးများက သွေးစွန်းထင်းနေသောနှင်းများကို ပြန်လည် ဆင်းသက်သွား၏။


လမ်းမများပေါ်တွင် နှင်းများ ထူထဲစွာဖုံးလွှမ်းနေပြီး လမ်းလျှောက်လိုက်တိုင်း ပဲ့တင်သံများ ထွက်ပေါ်နေလသည်။


.....


ကျောက်ဝါမြို့သည် ပုန်းကွယ်နဂါးတ်ိုက်ကြီး၏ နယ်နိမိတ်အတွင်းရှိ ကြီးမားသော မြို့ကြီးတစ်မြို့လည်းဖြစ်သည်။


ဤမြို့ကို အဝါရောင်ကျောက်တုံးများဖြင့် ဖွဲ့စည်းထားပြီး ရှေးကျလှသော အသွင်အပြင်နှင့် အထပ်နိမ့်အဆောက်အဦးများသာ ရှိသည်။နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သော စစ်ပွဲများကြောင့် မြို့သည် တိုးတက်စည်ပင်မလာခဲ့ပေ။သို့သော်လည်း ကျောက်ဝါမြို့သည် ပုန်းကွယ်နဂါးတိုက်ကြီး၏ ကောင်းကင်ဘုံ ဝင်ပေါက်နှင့် အလွန်နီးကပ်စွာ တည်ရှိသောကြောင့် အရေးကြီးသည့် နေရာတစ်ခုဖြစ်သည်။


မြို့တွင် နေထိုင်ကြသော ကျင့်ကြံသူအများအပြားက မြို့၏ ကာကွယ်ရေးကို အလျင်စလို လုပ်ဆောင်ကြခြင်းမရှိပဲ လျို့ဝှက်စွာသာ နေထိုင်၍ သူတို့၏ အင်အားများ ကြီးမားခိုင်မာလာအောင် တည်ဆောက်ထားကြသည်။


ထ်ိုလူများထဲတွင် အဂ္ဂိရတ်ပညာရှင်များ ဆေးဆရာများနှင့် လက်နက်ပြုလုပ်သူများပါဝင်သည်။အဂ္ဂိရတ်ပညာရှင်များက ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်ကို တိုးမြင့်ပေးနိုင်သော ဆေးလုံးများနှင့် အစစ်အမှန် စွမ်းအင်များ ပြန်လည် ဖြည့်တင်းနိုင်သည့် ဆေးလုံးများကိုဖော်စပ်ပေးနိုင်ကြသည်။


ဆေးဆရာများကမူ အရေးပေါ်လိုအပ်သည့် ကူသမှုများကို ပြုလုပ်ပြီး၌ လက်နက်ပညာရှင်များက တိုက်ပွဲအတွက် လိုအပ်သော လက်နက်များကို သွန်းလုပ်ပေးနိုင်ခဲ့သည်။


စိတ်ဝိညာဉ် အရင်းအမြစ်များရှိနေသရွေ့ အဖျက်လက်နက်များကို ဖန်တီးနိုင်ကြသည်။၎င်းတို့က ငရဲကမ္ဘာသက်ရှိများနှင့် ရင်ဆိုင်ရာတွင် ပါဝင်ကြသည့် အဓိက အုပ်စုများဖြစ်သည်။


ကျောက်ဝါမြို့နှင့် သိပ်မဝေးကွာသောနေရာတစ်ခုတွင် ကောင်းကင်ယံထက်၌ ကြီးမားလှသောအက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။၎င်းအက်ကွဲကြောင်းကို ကြည့်လိုက်ရုံဖြင့်ပင် စိတ်မသက်မသာဖြစ်မှုကို ခံစားရစေနိုင်သည်။ထိုနားတစ်ဝိုက်၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများတောက်ပလှသော လျှပ်စီးတန်းများနှင့် စွမ်းအင်များ ပြန့်နှံ့နေသည်။


၎င်းသည် ပုန်းကွယ်နဂါးတ်ိုက်ကြီး၏ ကောင်းကင်ဘုံ ဝင်ပေါက်ဖြစ်လေသည်။


ညအခ်ျိန်ကျရောက်လာခဲ့ပေပြီ။


ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်းနေသော နှင်းထုက မြို့တစ်ခွင်လုံးကို ဖုံးအုပ်ထား၏။ရုတ်တရက် မြို့၏ ထောင့်တစ်နေရာမှ သိပ်သည်းလှသော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။မကြာခင်တွင် ကောင်းကင်ကြီးတစ်ခုလုံး ရပ်တန့်သွားသလို ထင်ရသည်။


ထိုနေရာတွင် စွမ်းအင်များ လှည့်ပတ်နေသည့် အစီအရင်တစ်ခု ထွက်ပေါ်လာသည်။နောက်ခဏအတွင်း၌ ထိုအစီအရင်အတွင်းမှ ပုံရိပ်များစွာ ပေါ်လာလေ၏။


ထိုအရိပ်များက မှောင်မဲ သိပ်သည်းလှသော ငရဲစွမ်းအင်ကို သယ်ဆောင်လာလေသည်။ထိုအရိပ်များက တခစ်ခစ်ရယ်သံများကို ထုတ်လွင့်၍ မြို့အတွင်းသို့ ဝင်လာကြသည်။


ထိုအစီအရင်ကို သေချာ စိုက်ကြည့်မည်ဆိုပါက ထိုအနက်ရောင်အရိပ်များသည် လူသားများမဟုတ်ကြောင်း သိနိုင်ပေလိမ့်မည်။ထို အရိပ်များထဲတွင် တစ်ချို့က မြွေလျှာပုံစံနှင့် အနက်ရောင်ဦးခေါင်းရှိသည်။တစ်ချို့သူများက အိမ်မြှောင်ကဲ့သို့ ကွဲထွက်နေသော ခေါင်းများရှိကြသည်။တခြားသူများက ခရမ်းရောင် အသားအရည်နှင့် ၎င်းတို့၏ ကိုယ်၌ ချွှန်ထက်သော စူးများပေါက်နေကြသည်။


အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောထိုအရိပ်များ၏ မျက်နာတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ဆင်မြန်းထားကြသည်။ထိုအဖွဲ့၏ခေါင်းဆောင်က လူနှင့်တူသော ပုံစံရှိသည်။သို့သော်လည်း သူ့၏ နဖူးထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသောဒေါင်လိုက်မျက်ဝန်းများရှိနေလေသည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်၏ စွမ်းအားများသည် လက်ပေါင်းလို၏ မျက်လုံးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။နဖူးပေါ်ရှိ မျက်လုံးအရေအတွက်များလေလေ ၎င်းတို့၏ စွမ်းအားက ပို၍ ကြီးမားလေလေပင်။


နဖူးပေါ်တွင် မျက်လုံးတစ်စုံသာရှိသောမိုယဲ့နင့် နှ်ိုင်းယှဉ်ပါက ထ်ိုခေါင်းဆောင်သည် လုံးဝ ခြားနားသောအဆင့်တစ်ခုတွင် ရှိနေခြင်းဖြစ်သည်။


"ကျောက်ဝါမြို့ ...ဒီည ငါတို့ရဲ့ ရည်ရွယ်ချက်က ဒီမြို့ကို ဖျက်စီးဖို့ပဲ..."


ခေါင်းဆောင်က အေးစက်စွာဖြင့် ကြေငြာလိုက်သည်။သူ့နောက်မှ အဖွဲ့ဆီမှ ငရဲစွမ်းအင်များ ပို၍ သိပ်သည်းလျင်မြန်စွာ ထွက်ပေါ်လာလေသည်။


ဘုန်းဘုန်း...


ကောင်းကင်ယံသည် မှောင်သထက် မဲမှောင်လာသည်။လေထဲတွင် ပဲ့တင်ထပ်နေသောပေါက်ကွဲသံများ တိုက်ခတ်သံများ အော်ဟစ်သံများ ပွက်လောရိုက်နေလေသည်။


ကျောက်ဝါမြို့၏ အစောင့်တပ်ဖွဲ့နှင့် ငရဲကမ္ဘာသက်ရှိများ ထိပ်တိုက် တိုက်ခိုက်ကြလေပြီ။ထိုတိုက်ပွဲက ကျောက်ဝါမြို့ တစ်ခုလုံးနှင့် ကောင်းကင်ယံတစ်ခွင်လုံးကို အနီရောင်သွေးများဖြင့် စွန်းထင်းသွားစေသည်။ကျောက်ဝါမြို့၏ အစောင့်တပ်သားများက မျှော်လင့်ထားသလောက် မသန်မာပေ။ရိုးရှင်းစွာပင် သူတို့က ငရဲကမ္ဘာသက်ရှိများ၏။ ပြိုင်ဘက်များမဟုတ်ခဲ့ပေ။အကြိမ်အနည်းငယ်အပြန်အလှန်တိုက်ခိုက်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရလေသည်။


ပျက်သုဉ်းခြင်း အကျဉ်းထောင်မှသတ္တဝါများက လောဘတရားများဖြင့် ပြည့်နှက်နေလေသည်။၎င်းတို့က သူတို့ သတ်ပြစ်လိုက်သော ကျင့်ကြံသူတို့၏ အသွေးအသားများကို ဝါးမြိုပစ်လိုက်ကြသည်။


လတ်ဆတ်လှသော သွေးစီးကြောင်းများကလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။


ဝုန်း...


ဝေးကွာသောအရပ်ဆီမှ နားကွဲလောက်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။ခဏအကြာတွင် ကြီးမားလှပြီး မီတာ၁၀၀မျှ ရှည်လျားလှသော အရိပ်ကြီးများက အက်ကွဲကြောင်းကို ဖြတ်သန်း၍ ပျံသန်းလာလေသည်။၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံများဖုံးလွှမ်းနေသည့် နတ်ဆိုးနဂါးဖြစ်သည်။


၎င်း၏အော်ရာများက ကြောက်မက်ဖွယ်ရာကောင်းလှသည်။သူ့၏ မျက်ဝန်းများက မီးပုံးကဲ့သို့ တောက်ပနေပြီး ရှည်လျားချွှန်မြသည့် သွားစွယ်များရှိလေသည်။ထိုနဂါးများက အက်ကွဲကြောင်းထဲမှ ပျံသန်းထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ အရှိန်နှုန်းဖြင့်အရပ်ရှစ်မျက်နာသို့ ခွဲထွက်ပျံသန်းသွားလေသည်။


ထိုနဂါးများ မည်သည့်အရပ်သို့ ဦးတည်နေသည်ကို မည်သူမှမသိပေ။အက်ကွဲကြောင်းအတွင်း၌မူ ပုန်းကွယ်နဂါးတိုက်ကြီး၏ ကြောက်မက်ဖွယ်ရာအင်အားတစ်ရပ်နှင့် အလင်းတန်းများထွက်ပေါ်လာလေသည်။


နဂါးများပျံသန်းထွက်လာသောအက်ကွဲကြောင်းထဲမှ ကြီးမားလှသောလက်တစ်ဖက် ထွက်ပေါ်လာ၏။ထိုလက်က နဂါးများကို ရိုက်ချလိုက်၏။ထိုရိုက်ချက်တစ်ချက်ဖြင့်ပင် နဂါးအများစု ထုချေခံလိုက်ရပြီး အပိုင်းအစများက ကောင်းကင်ပေါ်မှနေ၍ မိုးရွာသကဲ့သို့ ကျဆင်းလာပေသည်။


သို့သော်လည်းထိုလက်ပေါ်လာပြီး ခဏမှာပင် ပတ်ဝန်းကျင်၌ ငရဲစွမ်းအင်များ ရစ်ဝဲလာကာ လက်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားနေလေသည်။ခဏချင်းမှာပင် ထိုလက်၏စွမ်းအင်များက အေးခဲလာပြီး ကွဲကြေသွားလေသည်။ကျန်ရှိနေသေးသောနဂါးများကသူတို့၏ တောင်ပံများကို ဖွင့်၍ ဦးတည်ရာအရပ်ဆီသို့ ပျံသန်းသွားကြလေသည်။


ဆွစ် ဆွစ်...


နတ်ဆိုးနဂါးများ ပျံသန်းသွားသည့် အချိန်တွင် ရုတ်တရက် ကောင်းကင်မှနေ၍ နဂါးဥတစ်လုံး ပြုတ်ကျလာလေသည်။ထိုဥက ကျောက်ဝါမြို့အလယ်ခေါင်သို့ ကျရောက်လာပြီး မြေပြင်နှင့် ပြင်းထန်စွာရိုက်ခတ်ကာ အစိတ်စိတ်ကွဲကြေသွား၏။


ကွဲကြေသွားသော ဥထဲတွင် ပါသောအရာများက မြေကြီးထဲသို့ တိတ်တဆိတ်စိမ့်ဝင်သွားသည်။ရုတ်တရက် မြေပြင်က ကြမ်းတမ်းစွာ စတင်တုန်ခါလာသည်။မြေပြင်ထက်၌ နက်မှောင်လှသော ခရမ်းရောင်က ကြီးမားပြန့်ကားလာသည်။ချက်ချင်းဆိုသလိုပင် ထ်ိုခရမ်းရောင်အလင်းတန်းက အပေါ်သို့ မြင့်တက်လာပြီးရှုပ်ထွေးပွေလီလှသောသစ်ပင်တစ်ပင်ဖြစ်လာသည်။


ထိုသစ်ပင်၏ အလင်းများက တောက်ပနေပြီး လေယူရာအတိုင်း အကြမ်းပတမ်းယိမ်းခါနေသည်။၎င်း၏ ဘေးတွင်လည်း ခရမ်းရောင်အလင်းစက်များဝဲလည်နေသည်။ထိုအရာကို မြင်လိုက်ရသောကျင့်ကြံသူများအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။


"ဒါ ဘယ်လိုအရာမျိုးလဲ..."


အခြားတစ်ဖက်တွင်မူ ငရဲကမ္ဘာသက်ရှ်ိများက ပျော်ရွှင်မြူးတူးသွားသည်။ထ်ိုသစ်ပင်ပင်စည်က ဆက်လက်၍ ခါယမ်းနေပြီးနောက်ပင်စည်ထက်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။


ထိုအပေါက်ထဲမှ ပုံရိပ်များစွာ ထွက်ပေါ်လာလေ၏။အနက်ရောင်ပုံရိပ်များနှင့် အတူ ကြောက်မက်ဖွယ်ရာ အင်အားများ ပြန့်နှံ့ထွက်ပေါ်လာသည်။ပုန်းကွယ်နဂါးတိုက်ကြီး၏ ကျင့်ကြံသူများအားလုံး ကြောင်အမှင်သက်နေကြလေသည်။ထ်ိုအနက်ရောင်အရိပ်များက ငရဲကမ္ဘာစစ်တပ်ဖြစ်ကြောင်း သတ်ိပြုမိလိုက်ကြသည်။


ကျောက်ဝါမြို့မှ ကျင့်ကြံသူများအားလုံး သူတို့၏ နှလုံးသားအောက်ခြေကို ကျောက်တုံးဖြင့် ဝင်ဆောင့်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။


ထိုကဲ့သို့ များပြားလှသောငရဲကမ္ဘာသက်ရှိများကို ရင်ဆိုင်ရန်အတွက် သူတို့တွင် စွမ်းအားမဲ့လှသည်။အချိန်ခဏမျှ ကြမ်းတမ်းစွာ တိုက်ခိုက်ကြပြီးနောက် ငရဲကမ္ဘာသက်ရှ်ိများသည် ကျောင်ဝါမြို့ကို အနိုင်ယူလိုက်လေသည်။မြို့တစ်ခွင်လုံး သွေးများ ပြန့်ကျဲနေသည်။မြို့တစ်မြို့လုံး သွေးနံ့များနှင့် ကြိုင်လှ်ိုင်နေ၏။ညက လျင်မြန်စွာပင် ကုန်ဆုံးလာလေပြီ။တိမ်မဲများ၏ နောက်ကွယ်မှ ကြယ်ရောင်များပျောက်ကွယ်သွားပြီးနောက် နေ့တစ်နေ့၏ အလင်းရောင်စတင်ထွန်းလင်းလာလေသည်။


တောက်ပနွေးထွေးလှသောနေရောင်ခြည်အောက်တွင် နေ့သစ်တစ်နေ့ကို စတင်လေပြီ။သို့သော်လည်း ကျောက်ဝါမြို့ကတော့ လုံးဝ ဖျက်စီးခံလိုက်ရသော မြို့ပျက်ကြီး ဖြစ်သွားလေပြီ။


နတ်ဆိုးနဂါးများက မောပန်းပင်ပန်းခြင်းမရှိပဲ အတောင်ပံများ တဖျတ်ဖျတ်ခတ်ကာဦးတည်ရာ အရပ်များဆီသို့ ပျံသန်းနေကြသည်။နီးကပ်လှသော အဓ်ိကမြို့တော်ကြီးများကို ဖြတ်သန်းသည့်အခါတိုင်းဥများ ဥချခဲ့သည်။ထိုဥက မြေပြင်နှင့် ရိုက်ခတ် ကွဲကြေသွားသည်နှင့် နတ်ဆိုးသစ်ပင်တစ်ပင် ပေါ်ထွက်လာလေသည်။နတ်ဆိုးသစ်ပင်ပေါ်ထွက်လာခြင်းက ဂိတ်ပေါက်ဝဖွင့်လိုက်သကဲ့သို့ပင် ပျက်သုဉ်းခြင်း အကျဉ်းထောင်မှ ငရဲစစ်တပ် ထွက်ပေါ်လာပေလိမ့်မည်။


နဂါးများ၏ မြို့တော်များက ပထမဆုံးအကြိမ်အဖြစ်ငရဲကမ္ဘာစစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံကြလေသည်။မြို့တံခါးဖွင့်သွားသည်နှင့် ကျင့်ကြံသူအများအပြားက မာန်သွင်းဟစ်ကြွေးကာ ငရဲကမ္ဘာစစ်တပ်နှင့် ထိပ်တိုက် တွေ့ဆုံတိုက်ခိုက်ကြပေသည်။


နတ်ဆ်ိုးနဂါးများကလည်း ဦးတည်ရာအရပ်များဆီသို့ ဆက်လက် ပျံသန်းကာ သူတို့၏ ခရီးစဉ်းတစ်လျှောက် မြောက်များလှစွာသော နတ်ဆိုးသစ်ပင်များ ကြီးထွားစေခဲ့သည်။


ယခုအချိန်တွင် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခွင်လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေလေပြီ ။ငရဲကမ္ဘာသက်ရှိများက ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တွေဝေ တုံ့ဆိုင်းခြင်းမရှိပဲ မြင်မြင်သမျှ ဖျက်စီးကြလေသည်။


အဓိကဂိုဏ်းကြီးများကလည်း သူတို့၏ အသန်မာဆုံးသောတပည့်များကို ဦးဆောင်ကာ ငရဲကမ္ဘာသက်ရှိများကို ဆန့်ကျင် တိုက်ခိုက်ကြသည်။ဆေးနန်းတော်နှင့် မဟာဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများ၏ တပည့်များကလည်း ငရဲကမ္ဘာသက်ရှိများကို အစွမ်းရှိသမျှ ခုခံနေကြလေသည်။


ရက်အနည်းငယ် ကုန်လွန်ပြီးနောက် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ဝက်ကို စစ်မီးဖုံးလွှမ်းသွားလေပြီ။သို့သော်လည်း စွမ်းအားဆိုသည်က အကန့်အသတ်ရှိပေသည်။ငရဲကမ္ဘာသက်ရှိများကို အပြီးသတ်ချေမှုန်းနိုင်ရန်က အလွန်ပင်ခက်ခဲလှသည်။


ငရဲ ကမ္ဘာ၏ ထိပ်တန်းစစ်သည်တော်များက အနောက်၌ နေပြီး အားနည်းလှသော သက်ရှိများကသာ စစ်မြေပြင်တွင် တိုက်ခိုက်နေသည်ဆိုသော်လည်း ၎င်းတို့က ကြောက်ရွံ့ခြင်း ကင်းမဲ့လှသည်။


၎င်းတို့က အစွမ်းရှိသမျှ သေသေကြေကြေတိုက်ခိုက်နေပေသည်။နဂါးများ ပျံသန်းသွားသည့် တစ်လျှောက်တွင်လည်း အနက်ရောင်စွမ်းအင်လှိုင်းများက ကုန်းမြေတိုက်ကြီးကို တဖြေးဖြေးဖုံးလွှမ်းလာလေသည်။တောင်ပိုင်းဒေသကြီးသို့လည်း ထိုအနက်ရောင်နဂါးများ ပျံသန်းရောက်ရှိလာလေပြီ။နဂါးတစ်ကောင်က ကောင်းကင်ယံထက်တွင် ပျံသန်းသွားရင်း တောင်စဉ်တစ်ထောင် တောင်တန်းများထက်တွင် ဥတစ်လုံးဥချခဲ့လိုက်သည်။


.....


အစားကြူးတောင်ကြားနှင့် ဆယ်မိုင်အကွာအဝေး ပြင်းထန်ကြမ်းတမ်းလှသော လေပြင်းများနှင့်အတူ နတ်ဆ်ိုးနဂါးများပျံသန်းလာနေလေသည်။ထိုနတ်ဆိုးနဂါးများက သူတို့၏။ မြင်ကွင်းရှေ့မှ အစားကြူးနတ်ဘုရားမြို့တော်ကြီးကို မြင်လိုက်လေသည်။


ထိုနေရာသည် လူသားများ၏ ကျော်ကြားသောနေရာတစ်ခုဖြစ်သည်။နတ်ဆိုးနဂါးတစ်ကောင်က ထိုနေရာကိုဖြတ်သန်းရင်း ဥပစ်ချရန် ပြင်ဆင်ထားလိုက်သည်။ရုတ်တရက် နတ်ဆိုးနဂါး၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။နှင်းများကို ဖြတ်သန်းလျှောက်လာသော အရိပ်တစ်ခုကို မြင်လိုက်ရလေသည်။


ထိုအရိပ်ကလည်း ခေါင်းမော့၍ သူ့ကို စူးစူးရဲရဲစ်ိုက်ကြည့်လာလေသည်။ထိုအကြည့်က နတ်ဆိုးနဂါးကိုတုန်လှုပ်ကြောက်ရွံ့သွားစေသည်။အဘယ့်ကြောင့်ဆိုသော်ထိုနဂါးက ဥပစ်ချရန်ပြင်ဆင်ထားခြင်းကြောင့်ပင် 


သူတော်စင် သမီးတော် ဇီယွင်က နှင်းထူးထူးကြားထဲတွင် အပြေးအလွှားလာခဲ့ရသောကြောင့် အသက်ရှူသံများ ပြင်းထန်နေလေသည်။


သူမက ငရဲဘုရင် ရပ်တန့်သွားသည်ကို ချက်ချင်းသတိပြုမိလိုက်သည်။သူမ မော့ကြည့်လိုက်လေရာ ကောင်းကင်ယံထက်တွင် နဂါးတစ်ကောင်ကို မြင်လိုက်ရသောကြောင့် အံ့အားတသင့်ဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ကာလိုက်မိသည်။


ဝူး...


ထိုနဂါးက ကျယ်လောင်စူးရှစွာ ဟိန်းဟောက်လိုက်သည်။ထိုအော်သံကြောင့် နှင်းများကြားထဲမှ သစ်ပင်အိုများပင် ယိမ်းထိုးသွားပြီး လဲပြိုကျသွားသည်။


"ဟဲဟဲဟဲ...ဒီနဂါးက ပျက်သုဉ်းခြင်း အကျဉ်းထောင်ကပဲ အဲ့ဒီဥကို ပုံပြောင်းလိုက်မယ်ဆိုရင် အဲ့ဒါ ဘယ်လိုအရသာမျိုးဖြစ်မလဲလို့ ငါသိချင်တယ်...အဲ့ဒါရဲ့ သန်မာမှုကတော့ တော်တော်လေး ကောင်းတယ် ငရဲကမ္ဘာသက်ရှိတွေက ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းလို့ ပြောနိုင်တယ်..."


ငရဲဘုရင်က ထ်ိုနဂါးကိုမော့ကြည့်ရင်း မေးပွတ်၍ တွေးတောစဉ်းစားနေလေသည်။နတ်ဆိုးနဂါးက ထိုအကြည့်များကြောင့် ကြောက်ရွံ့နေသော်လည်း သူ့၏ မူလရည်ရွယ်ချက်ကို မမေ့ပေ။သူ ဥကို ပစ်ချလိုက်သည်နှင့် ကောင်းကင်ယံကို ထိုးဖောက်ပျံသန်းသွားလေသည်။


ငရဲဘုရင် အသာအယာစောင်းငှဲ့၍ ကြည့်လိုက်သည်။ထို နတ်ဆိုးနဂါးနှင့် ဥကို ကြည့်နေရင်း သူ့၏ မျက်နာပေါ်တွင် ကောက်ကျစ်စဉ်းလဲသော အပြုံးလေးတစ်ခု ပေါ်လာလေသည်။


.,..


ထောင်တျဲ စားသောက်ဆိုင်...


 ပုဖန် ဆိုင်တံခါးဖွင့်လိုက်သည်နှင့် အေးစက်လှသောနှင်းလေငွေ့များကသူ့ကို ပွေ့ဖတ် စီးကြိုလေသည်။ဆောင်းရာသီသို့ရောက်လာပြီဖြစ်သောကြောင့် အေးသထက် အေးမြလာလေပြီ။ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသောကြောင့် မီးဖိုခန်းထဲသို့ လှည့်ဝင်တော့မည့် ပုဖန်ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


"ပုဖန် ကောင်လေး ဒီကိုမြန်မြန်လေးထွက်လာလိုက် ငါ မင်းအတွက် ဘာယူလာတယ်ဆိုတာ လာကြည့်..."


ထိုခေါ်သံကြောင့် ပုဖန် တံခါးဝမှထွက်လာခဲ့သည်။လမ်းမပေါ်တွင် စုပုံနေသော နှင်းများက တစ်ဖက်တစ်ချပ်ဆီသို့ တွန်းဖယ်ခံထားရပြီး လျှောက်လှမ်းလေးတစ်ခုပြုလုပ်ထားကြပေသည်။


ငရဲဘုရင်က လက်တစ်ဖက်တွင်နတ်ဆိုးနဂါးကို ဆွဲလာပြီး တခြားတစ်ဖက်တွင် သူ့ခေါင်းထက်ပင် ကြီးသော နတ်ဆိုးနဂါးဥကို သယ်ဆောင်ကာ ပျော်ရွှင်မြူးတူးစွာဖြင့် ပုဖန်ဆီသို့ လျှောက်လာသည်။


ပုဖန် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပွတ်သပ်၍ကြည့်လိုက်မိသည်။


ဒီလူက တခြားတစ်ယောက်ရဲ့ ပါဝင်ပစ္စည်းတွေကို ခိုးလာပြန်တာလား...


ငရဲဘုရင်ကနတ်ဆိုးနဂါးကို မြေပြင်ပေါ် ပစ်ချလိုက်သောကြောင့် မြေပြင်ပင် ပြင်းထန်စွာတုန်ခါသွားသည်။ထို့နောက် မျက်နာပေါ်ကျနေသောဆံပင်များကို သပ်တင်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် နဂါးဥကို ပင့်မြောက်လိုက်သည်။ထို့နောက် ပုဖန်ကို စိုက်ကြည့်လိုက်ပြီး စ်ိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


"ကောင်လေး ငါ့ကို ကျယ်ကျယ်လေးပြောစမ်းပါ ဒီပါဝင်ပစ္စည်းတွေကို အစပ်ချောင်းဘယ်လောက်နဲ့ လဲလို့ရမလဲ..."