အခန်း ၈၄၉
နဂါးအသားကင်...
"ဝ်ိုး အရမ်းကြီးတဲ့ နဂါးပဲ...အဲ့ဒီလိုအရာမျိုးကလည်း ပါဝင်ပစ္စည်းဖြစ်နိုင်တယ်လား..."
"ဒါပေမယ့် ကြည့်ရတာ တော်တော်လေး မကောင်းတဲ့ပုံ ပေါက်နေရတာလဲ..."
"အဲ့ဒါက ငရဲကမ္ဘာသက်ရှိဖြစ်နိုင်တယ်... ကြည့်ပါလား အဲ့ဒီ နဂါးရဲ့ ခန္ဓာကိုယ်မှာ ငရဲစွမ်းအင်တွေ ထွက်နေတယ်..."
အစားကြူးမြို့တော်က သူများသည် ကြီးမားလှသောနဂါးကို မြင်သည်နှင့် ပတ်ဝန်းကျင်၌ ဝိုင်းအုံလာကြလေသည်။သူတို့၏ မျက်နာများပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်လျက် နတ်ဆိုးနဂါးကို လက်ညှိုးထိုးကာ ပြောဆိုနေကြလေသည်။ငရဲဘုရင် သူ့ကိုယ်သူ ကျေနပ်နေမိသည်။
ဒါက ငရဲကမ္ဘာသက်ရှိဆိုတော့ ပုဖန်ဆီကနေ အစပ်ချောင်း နည်းနည်းလောက်နဲ့ လဲလို့ရမယ်ဟုတ်တယ်မဟုတ်လား...
သူ့၏လက်ထဲတွင် ကိုင်ထားသောနဂါးဥက ပ်ို၍ပင် ထူးခြားသေးသည်။ထိုဥကို သုံး၍ ဥထမင်းကြော်လိုက်မည်ဆိုလျှင် အရသာက သေချာပေါက် ကောင်းမွန်ပေလိမ့်မည်။
ငရဲဘုရင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်ပြီးနောက်...ပုဖန်ကို 'မင်းသဘောပေါက်လား' ဆိုသည့် ပုံစံမ်ျိုးဖြင့် မျက်ခုံးပင့်ပြလိုက်သည်။
ပုဖန်နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူငရဲဘုရင်၏ အကြည့်များကို လျစ်လျူရှုထားလိုက်ပြီး ဆိုင်ထဲမှ ထွက်လာကာ နဂါးဉ်ီးခေါင်းရှေ့တွင် လက်ပိုက်၍ ရပ်လိုက်သည်။
ထို နတ်ဆိုးနဂါးက ငရဲဘုရင်၏ ရိုက်ချက်ဖြင့် သေသွားခဲ့ပြီဆိုသော်လည်း သူ့ဆီမှ ထုတ်လွင့်နေသောအော်ရာများက ပုဖန်ကို မျက်ခုံးကျုံ့သွားစေသည်။
"ဒီနဂါးရဲ့ အဆင့်က မနိမ့်ဘူး ဒါပေမယ့်လည်း ပထမဆုံးအကြည့်တစ်ချက်နဲ့တင် ပါဝင်ပစ္စည်းကောင်းတစ်ခုမဟုတ်မှန်းပြောနိုင်တယ် ..."ပုဖန်ပြောလိုက်သည်။
"ပုဖန် ကောင်လေး..အနီးကပ်ကြည့်...ဟုတ်ပြီလားသေချာလေး ဂရုတစိုက်ကြည့်ကြည့်.. ဒါက သေချာပေါက်ကို အရမ်းကောင်းတဲ့ ပါဝင်ပစ္စည်းပဲ...ဒီနတ်ဆိုးနဂါးကို ပါပီလီယွန်လို့ ခေါ်တယ် ပါပီလီယွန် မင်းသိလားအဲ့ဒါက ငရဲကမ္ဘာမှာ အရမ်းကို ထင်ရှားကျော်ကြားတဲ့ စိတ်ဝိညာဉ် သားရဲတစ်မျိုးပဲ ပြီးတော့..သူ့ကို ဖမ်းဖို့အတွက် ငါအများကြီး အားစိုက်ထုတ်ထားရတာ..."
ငရဲဘုရင်က အနည်းငယ်မျှပင် အမူအရာပြောင်းလဲမှုမရှိပဲ အေးဆေးစွာဖြင့် ပြောလိုက်သည်။
"ပါပီလီယွန် ဟုတ်လား..."
ပုဖန် ထိုနဂါးကို တဖြေးဖြေးချင်း ပတ်လျှောက်၍ ကြည့်လိုက်သည်။ထို့နောက် နဂါး၏ နောက်ကျောပိုင်းနှင့် နီးသည့် တစ်နေရာသို့ လက်ဖြင့် ဖိကြည့်လိုက်သည်။ထိုနေရာက နဂါးတစ်ကောင်လုံးတွင် အရသာအရှိဆုံး အသားပိုင်းဟု ဆိုနိုင်ပေသည်။
နဂါးနံရိုးချိုချဉ်ကြော် ပြုလုပ်မည်ဆိုလျှင် ကျောရိုးနားမှ အသားများအားလုံးကို လိုအပ်ပေသည်။အသား၏ နူးညံ့မှု မာကြောမှုကို စမ်းသပ်ကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်၏။
အမှန်တိုင်းပြောရမည်ဆိုလျှင် ယခုနဂါးအသေကောင်က သူမြင်ဖူးသမျှထဲတွင် အကောင်းဆုံးဟု ဆိုရပေမည်။ငရဲကမ္ဘာမှ တွေ့ခဲ့ရသော သွေးရောင်ခြယ်နဂါးကိုတော့ ထည့်မတွက်ထားခဲ့ပေ။
"ဟာ ဘယ်လိုပြောရမလဲ ဒီနဂါးက တော်တော်ကြီး ကြီးတယ် ဒါပေမယ့်လို့တော့ အသားအကုန်လုံးကို အသုံးပြုလို့မရဘူး ...သူ့မှာ အကောင်းဆုံးပါဝင်ပစ္စည်းအဖြစ် သုံးနိုင်တဲ့ နေရာဆိုလို့ သုံးနေရာပဲရှိတယ် တနေရာကို အစပ်ချောင်း ၁ခုနှုန်းနဲ့ အစပ်ချောင်း ၃ချောင်းပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ..."
ငရဲဘုရင်၏ မျက်နာက ခဏမျှအေးခဲသွားပြီးနောက် ချက်ချင်းပင်ပျော်ရွှင်မှုများဟပြည့်နှက်လာသည်။
"အစပ်ချောင်း သုံးချောင်းတောင်လား..."
သူယူလာခဲ့သော ပါပီလီယွန်က အစပ်ချောင်း သုံးချောင်းနှင့် လဲနိုင်မည်ဆိုလေရာ ဒါက တကယ်ကိုကောင်းမွန်လှသည်။ငရဲဘုရင်၏ စိတ်ထဲ၌ အလွန်ပင် ပျော်ရွှင်နေသော်လည်းသူ့မျက်နာက တည်ငြိမ်နေတုန်းပင်ဖြစ်သည်။
"ပုဖန် ကောင်လေး.... ကောင်းပြီလေ ဒါဆိုလည်း နဂါးအသားအတွက်ကို အစပ်ချောင်း သုံးချောင်းပဲ ထားလိုက်တာပေါ့...ဒီနဂါးဥအတွက်ကော..."
ငရဲဘုရင်က သူ့လက်ထဲမှနဂါးဥကို ထပ်မံမြောက်ပြ၍ ပြောလိုက်သည်။ထိုနဂါးဥကို ကြည့်ရသည်မှာ အလွန်ပင် ကောင်းလှသည်။ပုဖန်က ငရဲဘုရင်လက်ထဲမှ နဂါးဥကို သေချာစွာယူလိုက်ပြီး ကြည့်လိုက်၏။
သို့သော်လည်း ထိုနဂါးဥကို ထိလိုက်သည့်ခဏမှာပင် သူထူးဆန်းမှုကို ခံစားလိုက်ရသည်။အဘယ့်ကြောင့်ဆိုသော် ၎င်းက အရည်အသွေးမြင့်မားနေခြင်းကြောင့် မဟုတ်ပဲအသက်မဲ့နေသောကြောင့်ဖြစ်သည်။
ထိုဥ၌ အသက်စွမ်းအင်များ ကင်းမဲ့နေသော်လည်း ပြင်းထန်သိပ်သည်းသည့် စွမ်းအားများကို ခံစားမ်ိလေသည်။ပုဖန်အနေနှင့် ထ်ိုကဲ့သို့သော ဥကို မစားရဲပေ။ထိုဥက အရသာကောင်းမွန်လိမ့်မည်ဟုလည်း အာမမခံရဲပေ။
ထိုသို့ဆိုလေရာဘာကြောင့်များ သူနဂါးဥကို ယူထားရဦးမည်နည်း။ပုဖန် ငရဲဘုရင်ဆီသို့ ပြန်လည်ပေးအပ်လိုက်သည်။
"ငါ ဒီဥကို ဘာနဲ့မှလဲမှာမဟုတ်ဘူး..."
သူပြောပြီးသည်နှင့် သူ့၏လက်က နဂါးအလောင်းပေါ် ဝေ့သွားပြီ နဂါးတစ်ကောင်လုံးပျောက်သွားလေသည်။ငရဲဘုရင် ကြောင်အနေမိသည်။
"ဒါက နဂါးဥလေအဲ့ဒါကို ဘာလို့ အစပ်ချောင်းနဲ့ မလဲရတာလဲ..."
ငရဲဘုရင်၏ ခေါင်းထဲ၌ အတွေးများရှုပ်ထွေးနေပြီး နှလုံးသားထဲ၌လည်း နာကျင်နေလေသည်။
"ဒီနဂါးဥက အစပ်ချောင်းလေးတစ်ချောင်းနဲ့တောင်မှ မလဲနိုင်ဘူးလား..."
သူကျောက်စိမ်းကဲ့သို့ ကြည်လင်လှသောနဂါးဥကို စိုက်ကြည့်ရင်းဒေါသထွက်လာလေ၏။ထို့ကြောင့် နဂါးဥကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။မြေပြင်နှင့် ထိသည်နှင့် ဥက ချက်ချင်းပင် ကွဲအက်သွားလေသည်။
ဥထဲမှ အရည်များက မြေပြင်ကို စိုရွှဲသွားစေသည်။ငရဲဘုရင် အလျင်အမြန် ခြေလှမ်းဆုတ်လိုက်ပြီးနောက်မြေကြီးထဲသို့ စိမ့်ဝင်သွားသောဥအနှစ်များကို အံ့အားတကြီး ကြည့်လိုက်သည်။
"ဒီဥက ဘာလို့ အလွယ်တကူကွဲအက်သွားတာလဲ...ဒါ နဂါးဥကောဟုတ်ရဲ့လား...နဂါးဥဆိုရင် အဲ့ဒီလောက် လွယ်လွယ်မကွဲသင့်ဘူး...ဒီနဂါးဥက အတုကြီးပဲ ..."
ရုတ်တရက် ကြည့်ရှူနေသူမျာထံမှ အံ့အားတသင့် ထွက်ပေါ်လာသောအာမေဋိတ်သံများဆူညံသွားသည်။ဥအနှစ်များက မြေကြီးထဲသို့ စိမ့်ဝင်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်ကို သူတို့ သတိပြုမိလ်ိုက်ကြ၏။
မြေပြင်က အက်ကွဲလာပြီး ထ်ိုထဲမှ အနက်ရောင်အဆို့လေးတစ်ခု ထွက်ပေါ်လာသည်။၎င်းက သန့်ရှင်းသောလေကို ရှူရှ်ိုက်လိုက်ရသလိုမျိူး လျင်မြန်စွာ ကြီးထွားလာလေသည်။
ငရဲဘုရင် နောက်သို့ ခြေလှမ်းထပ်ဆုတ်လိုက်ပြီးမျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"ဒါက နတ်ဆိုးမျက်လုံးမျိူးနွယ်ရဲ့ နတ်ဆိုးအမှတ်အသားသစ်ပင်ပဲ ဒါက နတ်ဆိုးသစ်ပင်ရဲ့ ကိုင်းပွားတစ်ခုဆိုပေမယ့် သူ့မှာရွှေ့ပြောင်းစွမ်းရည်ရှိတယ်..."
ငရဲကမ္ဘာ၏အရှင်ဘုရားတစ်ပါးဖြစ်သော ငရဲဘုရင်အနေနှင့် နတ်ဆိုးသစ်ပင်၏ မူလအရင်းအမြစ်ကိုလည်းတွေ့ဖူးပေသည်။ငရဲဘုရင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလိုမျိုး ပုဖန် ထိုဥကို ဘာကြောင့် မရွေးချယ်သည်ကို သိသွားလေသည် ။
"အဲ့ဒီတော့ တကယ်တမ်းဒီဥထဲမှာနတ်ဆိုး အမှတ်အသားသစ်ပင်ရဲ့ မျိုးစေ့ ပုန်းအောင်းနေတာပေါ့..."
ပါပီလီယွန်နဂါးဥတွင် ပြင်းထန်သော စွမ်းရည်များနှင့် တခြားတစ်ခုနှင့် ဓာတ်ပြုနိုင်သော စွမ်းရည်တို့ ပါဝင်သည်။ပါပီလီယွန် နဂါးဥကို သုံးရခြင်းမှာ နတ်ဆိုးအမှတ်အသားသစ်ပင်ကို အထောက်အကူပြုနိုင်ရန် ဖြစ်သည်။အရေးကြီးဆုံးက ဥအတွင်းမှ သစ်စေ့လည်းဖြစ်သည့်အပြင် နဂါးဥအသေလည်းဖြစ်ရပေမည်။
သူ့၏ အလုပ်တွင် အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်သော ပုဖန်က ထိုအရာအားလုံးကို တွက်ချက်ပြီးသကဲ့သို့ပင်။ပုဖန်က စားသောက်ဆိုင်အပေါက်ဝတွင် ရပ်နေပြီးထ်ိုခရမ်းနက်ရောင် သစ်ပင်ကြီးမီတာအနည်းငယ်မျှခန့် ကြီးထွားလာသည်ကို ကြည့်နေလိုက်သည်။
ထိုဧရာမသစ်ပင်ကြီးဆီမှ ချွဲပစ်သောအရည်များလည်း ကျဆင်းနေသည်။ပုဖန်လက်ပိုက်လိုက်ပြီး တည်ငြိမ်လှသော အကြည့်များဖြင့် ငရဲဘုရင်ကို ကြည့်၍ ပြောလိုက်သည်။
"ဒီလ်ို အရာကို ဘယ်သူပဲလုပ်လုပ် မင်းဖြေရှင်းရမယ်တကယ်လို မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ အစပ်ချောင်း သုံးချောင်း မရတော့ဘူးမှတ်..."
ထ်ိုကြီးမားလှသောသစ်ပင်ကြီးက ဒီနေရာ၌ ဆက်လက် ကြီးထွားနေပြီဆိုပါက သူ့၏။ထောင်တျဲ စားသောက်ဆိုင်က်ို ဖုံးကွယ်သွားပေလိမ့်မည်။ထိုကဲ့သို့သောအရာမျိုးက်ို သူခွင့်ပြုမထားနိုင်ပေ။
ငရဲဘုရင် အေးခဲ တောင့်တင်းသွားပြီး လေအေးတစ်ချက်ရှိုက်လိုက်မိသည်။သူဆန့်ကျင်သည့် အရိပ်အယောင် အနည်းငယ်မျှ မပြဝံ့ပေ။ပုဖန်သာ သူ့၏ အစပ်ချောင်းများကို မပေးတော့လျှင်...
ရွှစ် ...
နတ်ဆိုးအမှတ်အသားသစ်ပင်က ဥအတွင်းတွင် ပါဝင်သော စွမ်းအားများကိုအသုံးပြုပြီးနောက် ကြီးထွားမှုရပ်တန့်သွားလေသည်။သစ်ကိုင်းများက စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ယမ်းနေပြီးနောက် ဝင်ပေါက်ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။
အပေါက်ထဲ၌ စွမ်းအင်များဟလှည့်ပတ်စီးဆင်းနေသည်။ထ်ို့နောက် ထိုတွင်းပေါက်ထဲမှ အနက်ရောင်အရိပ်များ ပျံသန်းထွက်ပေါ်လာခဲ့လေသည်။မျှော်လင့်ထားသည့်အတိုင်းပင်ထိုနတ်ဆိုးအမှတ်အသားသစ်ပင်ကို ငရဲကမ္ဘာမှ စစ်သည်တော်များ ကူးပြောင်းလာရန်အတွက် အသုံးပြုခြင်းဖြစ်သည်။
ငရဲဘုရင်က ထိုဝင်ပေါက်၏အပြင်ဘက် လေထဲတွင် လွင့်မျောနေလေသည်။ထို့နောက် သူ့လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် သိပ်သည်းလှသောငရဲစွမ်းအင်များထွက်ပေါ်လာပြီးအနက်ရောင် လက်ဖဝါးကြီးပုံစံ တစ်ခု ဖြစ်ပေါ်လာကာကောင်းကင်ပြင်ကို ဖုံးအုပ်ထားလေသည်။
သူ့၏လက်ဖဝါးကို ကြမ်းတမ်းစွာလွှဲယမ်းလိုက်ပြီး ထိုဝင်ပေါက်ကို ရိုက်ချလိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုနတ်ဆိုးအမှတ်အသားသစ်ပင်က တစ်လက်မချင်းစီ အက်ကွဲလာလေသည်။ထိုအပေါက်ထဲမှ တဖြေးဖြေးချင်း ထွက်လာပြီဖြစ်သောငရဲကမ္ဘာသက်ရှိများစွာလည်းအနက်ရောင် လက်ဖဝါး၏ ရိုက်နှက်ခြင်းကိုခံလိုက်ရလေသည်။ထိုမြင်ကွင်းက ကြောက်ရွံ့ဖွယ်ခံစားချက်မျိုး ပေးစွမ်းလေသည်။
"အစပ်ချောင်းနဲ့ လဲလို့မရဘူးဆိုမှတော့ မင်းမှာ ဘာများ အသုံးဝင်တာ ရှိသေးလဲ ဟမ်..."
ငရဲဘုရင် စိတ်ဆိုးစွာ ရေရွတ်လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြေပြင်ပေါ်ရှိ အပျက်အစီးများအားလုံး ရှင်းလင်းသွားသည်။ငရဲဘုရင်က အရာအားလုံး ဖြေရှင်းပြီးသည်နှင့် ပျော်ပျော်ရွှင်ရွှင်ပင် စားသောက်ဆိုင်ဆီသို့ လှမ်းသွားလိုက်ပြီးစားပွဲတစ်ခုတွင် ထိုင်လိုက်သည်။
ထိုအချိန်တွင် ပုဖန်ကလည်း မီးဖိုခန်းထဲသို့ ဝင်ရောက်သွားပြီး ချက်ပြုတ်နေပြီဖြစ်သည်။အချိန်အတိုအတွင်းမှာပင် သင်းပျံ့မွှေးကြိုင်သောရနံ့များ ပြန့်လွင့်လာလေသည်။
ဒီတစ်ကြိမ်၌ သူက နယ်သာရီအတွက် နဂါးသွေးထမင်းကြော်ကို အရင်ဆုံးပြုလုပ်လိုက်သည်။ခွေးဘုရင်အတွက် နဂါးနံရိုးချိုချဉ်ကြော် ပြုလုပ်ရန်မူ အချိန်အနည်းငယ် လိုအပ်ပေသည်။
ပုဖန် သိုလှောင်နယ်မြေထဲမှ နတ်ဆိုးနဂါးကို ထုတ်လိုက်ပြီးနောက် နံရိုးသားကို ပိုင်းဖြတ်လိုက်ကာ စဉ့်နှီးတုံးပေါ် တင်ထားလိုက်သည်။ငရဲကမ္ဘာ၏ အစစ်အမှန် ပါဝင်ပစ္စည်းဖြစ်နေသောကြောင့် ပုဖန်အလွန်စိတ်ဝင်စားနေမိသည်။
အချိန်ခဏမျှကြာသွားပြီးနောက် မီးဖိုချောင်ဘက်ဆီမှ ပြိုင်ဘက်ကင်းအတုမဲ့လှသောမွှေးရနံ့များလွင့်ထွက်လာလေသည်။၎င်းရနံ့များက အလွန်အမင်းမွှေးကြိုင်လှသည်ဟု ဆိုရပေမည်။သိမြင်မှူ သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ဘလက်ကီပင် မျက်လုံးများဖွင့်လိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်သည်။
၎င်းရနံ့များက အလွန်အမင်း မွှေးကြိုင်လှသည်ဟု ဆိုရပေမည်။သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ဘလက်ကီပင်မျက်လုံးများဖွင့်လ်ိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်သည်။
ထို့နောက် ခဏအတွင်းမှာပင် သူ လေအလျင်ကဲ့သို့ ရွေ့လျားသွားပြီး စားပွဲပေါ်တွင် ထိုင်လိုက်သည်။သူ့၏ မျက်နာတွင်လည်း စ်ိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး လျှာတန်းလန်းထုတ်ထားလေသည်။
သူက မျှော်လင့် စောင့်ဆိုင်းနေသောအကြည့်များဖြင့် မီးဖ်ိုခန်းအပေါက်ဝကို ကြည့်နေလေသည်။
"ဒါက နံရိုးချိုချဉ်ကြော်အနံ့ပဲ တိတိကျကျပြောရမယ်ဆိုရင် နဂါးနံရိုးချိုချဉ်ကြော်အနံ့ အစစ်ပဲ..."
အဝါရောင်အနှစ်များ ဖုံးလွှမ်းနေပြီး အငွေ့တထောင်းထောင်းထနေသောနံရိုးကြော်၏ အသွင်အပြင်က စားချင်စိတ်များကို လှုံ့ဆော်လ်ိုက်လေသည်။
ခွေးဘုရင် နံရိုးချိုချဉ်ကြော်က်ို ကြိုက်နှစ်သက်သည်က တခြားသူများ တွေးနိုင်သည်ထက်က်ို ပိုပေသည်။ဥပမာ ပြောရမည်ဆိုလျှင် ငရဲဘုရင် အစပ်ချောင်းကို အရူးအမူးကြိုက်နှစ်သက်သကဲ့သို့ပင်။
သူနံရိုးချိုချဉ်ကြော် စားရသည့်အချိန်တိုင်း အဆီများက တလှုပ်လှုပ်ခါနေပြီး စိတ်အခြေအနေကောင်းမွန်စွာဖြင့် အမြီးလေးလည်းတရမ်းရမ်းဖြစ်နေပေလိမ့်မည်။
သာမန်လူများက ထိုခံစားချက်ကို နားလည်နိုင်မည်မဟုတ်ပေ။နံရိုးချိုချဉ်ကြော်ပန်းကန်ကို စားပွဲပေါ်သို့ ချလိုက်သည်နှင့် ခွေးဘုရင် အနားတိုးကပ်ကာတဝကြီး အနံ့ခံလိုက်သည်။
နံရိုးချိုချဉ်ကြော်ကို အသံမြည်အောင်ပင် ကိုက်ဝါးလိုက်သည်။
"ဟမ်... ဒါက ပါပီလီယွန် နဂါးအသားအရသာပဲ..."
နံရိုးချိုချဉ်ကြော်ကို ကိုက်ဝါးလိုက်သည့်ခဏ၌ခွေးဘုရင် အံ့အားတသင့်ရေရွတ်လိုက်မိသည်။မျက်နာချင်းဆိုင်တွင် ထိုင်၍ အစပ်ချောင်းလျက်နေသောငရဲဘုရင်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် စကားဆိုလာလေသည်။
"ဒီခွေးငပျင်းက အရသာခံပြီးတော့ ပြောနိုင်တာပဲ ...မဆိုးဘူး မဆိုးဘူး ...ဟုတ်တယ် မင်းအခုစားနေတဲ့ နဂါးနံရိုးချိုချဉ်ကြော်က ဒီဘုရင်ကိုယ်တိုင် အားစိုက်ထုတ်ပြီး ဖမ်းထားတဲ့ ပါပီလီယွန် နဂါးနံရိုးပဲ..."
ခဏမျှရပ်ပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။
"အခုဒီဘုရင်ကို ကျယ်ကျယ်လေးပြောလိုက်စမ်း ...မင်းဘယ်လို မ်ျိုးကျေးဇူးတင်သင့်လဲ ..."
"ဟာသပဲ..."
ခွေးဘုရင် ငရဲဘုရင်ကို တစ်ချက်စောင်းကြည့်လိုက်ပြီးနောက် အေးဆေးတည်ငြိမ်သောအသံဖြင့်သာ တုံ့ပြန်လိုက်သည်။ခွေးဘုရင်က လူတစ်ယောက်၏ ခန့်ညားသောအသံမျိုးဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး ငရဲဘုရင်ကိုတစ်ချက်ကြည့်လိုက်သည်။
ထိုအပြုအမူမ်ျိုးနှင့် သူ ရင်းနီးကျွမ်းဝင်နေပေပြီ။ထ်ိုခွေးငပျင်းဘလက်ကီက သစ်ပင်အောက်တွင်အိပ်နေပြီး နိုးလာလျှင် နံရိုးချိုချဉ်ကြော်ကို စားသောက်ခါ ငရဲဘုရင်နှင့် အငြင်းခုန်ပြုပေလိမ့်မည်။
ထို့နောက် ဆက်လက်၍ အိပ်ပေလိမ့်မည်။သူ့၏ အမူအကျင့်များထဲမှ ကွဲထွက်သွားသည်အရာမရှိပေ။ပုဖန်နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ရုံ ပြုံးလိုက်ပြီးနောက် မီးဖိုခန်းဘက်သို့ပြန်လည်လှည့်ထွက်သွားလိုက်သည်။
နောက်တစ်ဆင့်အနေဖြင့် သူဟင်းပွဲအသစ် ပြုလုပ်ရပေမည်။ပုဖန် မီးဖိုခုံရှေ့သို့ လျှောက်သွားလိုက်ပြီးနောက် သူ့၏လက်၌ အလင်းတစ်ချက်လက်သွားသည်။
သူလေးထောင့်ပုံသဏ္ဍာန် လှီးဖြတ်ထားသော ပါပီလီယွန် နဂါးအသားကို ထုတ်ယူလိုက်သည်။ထိုအသားတုံးတွင် သိပ်သည်းလှသောစွမ်းအင်များ လှည့်လည်နေသည်။ထိုပါပီလီယွန်နဂါးအသားကို နဂါး၏ ခါးနားမှ ထုတ်ယူထားခြင်းဖြစ်သည် ။
ထ်ိုနေရာက နဂါး၏အနှစ်သာရများစုစည်းဆုံးနေရာဖြစ်သည်။၎င်းက ကျောရိုးနှင့် နီးကပ်နေသော်လည်း ကျောရိုးသားတော့မဟုတ်ပေ။၎င်းတွင်အဆီနှင့််အသား ညီညွှတ်မျှတစွာပါဝင်နေလေသည်။
ပုဖန် ချက်ပြုတ်ရန်ရည်ရွယ်ထားသော နောက်ထပ်ဟင်းပွဲက ၇၀% ကျက်သော ပါပီလီယွန်အသားကင်ဖြစ်သည်။