အပိုင်း ၈၅၀
Viewers 54k

အပိုင်း ၈၅၀

ဒီဟင်းပွဲကို.. ငါ့ဘာသာစားမယ်


ပါပီလီယွန်သားကင်ဖြစ်ပါက မကျက်တကျက်အနေအထားဖြစ်ရပေမည်။


၎င်းသည် စားဖိုမှူးတစ်ယောက်၏အပူချိန်ထိန်းချုပ်နိုင်စွမ်းကိုစမ်းသပ်သောအရာဖြစ်သည်။ သို့သော် ပုဖန်တွင် မီးတောက်ထိန်းချုပ်မှုနည်းစနစ်ရှိသောကြောင့် စိုးရိမ်စရာမရှိပေ။ ထိုနည်းစနစ်သည် သူ့ကိုမီးအပူချိန်ထိန်းချုပ်မှုအပေါ် အခြားသောစားဖိုမှူးများထက်သာနေစေသည်။


မဟူရာလိပ်ခုံးဒယ်အိုးသည် အချက်အပြုတ်နတ်ဘုရားပစ္စည်းများထဲမှတစ်ခုဖြစ်၍ ပုဖန်အလိုရှိသည့် ဒယ်အိုးပုံစံကိုပြောင်းလဲနိုင်လေသည်။


ပါပီလီယွန်သားကင်အတွက် လိုအပ်သောဒယ်အိုးသည် ပုံမှန်သုံးနေကြဒယ်အိုးများနှင့်မတူညီပေ။ မဟူရာလိပ်ခုံးဒယ်အိုးသည် ပုဖန်အလိုရှိသည့်ပုံစံအဖြစ်သို့တဖြေးဖြေးပြောင်းလဲသွားကာ ၎င်းအပေါ်တွင် ထောင့်စွန်းများစွာထွက်ပေါ်လာသည်။


၎င်းသည် အသားကင်ဒယ်အိုးဖြစ်ပြီး မိုးခိုသားကင်ပြုလုပ်ရာတွင် ပို၍အဆင်ပြေလွယ်ကူစေသော ဒယ်အိုးပုံစံဖြစ်သည်။


သူ လက်တစ်ချောင်းနှင့်တစ်ဝက်မျှထူသောနဂါးအသားကိုယူလိုက်သည်။ နဂါး၏ခါးသည် လှုပ်ရှားရန်ခက်ခဲသဖြင့် ထိုအပိုင်းရှိအသားထဲတွင်ကြွက်သားပါဝင်မှုနည်းပါးလေသည်။ ထို့အပြင် ထိုအသားတွင် အရည်ရွှမ်းသောအဆီအများစုပါဝင်ပြီး ထိုအဆီအမျိုးအစားသည် အီခြင်းမရှိပေ။


နဂါးအသားတစ်ကိုလှီးဖြတ်လိုက်သော်ခါ အလွန်ကြည့်ကောင်းသော အဆီလိုင်းများကိုမြင်ရပေသည်။


ပုဖန် ထိုလိုင်းများကိုဆေးကျောရန် နွေဦးစမ်းရေကိုအသုံးပြုလိုက်ပြီး ထိုအသားတစ်ကို ကြိုတင်ပြင်ဆင်ထားသော ဖြူပြာရောင်ကြွေပန်းကန်ပြားပေါ်တင်လိုက်သည်။


ထို့နောက် ပါပီလီယွန်သားကင်ကိုချက်ပြုတ်ရန် ပြင်ဆင်လိုက်တော့သည်။


ပုဖန် ရွှေရောင်ရင့်ရင့်မီးတောက်ကို မဟူရာလိပ်ခုံးဒယ်အိုးအောက်သို့မှုတ်ထုတ်လိုက်သည်။


ဘုန်း


မီးတောက်သည် ချက်ခြင်းပင် တောက်လောင်လာပြီး အပူချိန်ချက်ခြင်းမြင့်တက်လာတော့သည်။ ခဏချင်းပင် မဟူရာလိပ်ခုံးဒယ်အိုး၏ မျက်နှာပြင်ပူပြင်းလာသည်။


ဆီထည့်လိုက်သောအခါ ဒယ်အိုးအတွင်းပိုင်းကိုဆီများဖြင့်ဖုံးလွှမ်းသွားကာ ဆူပွက်လာလေသည်။


ရွဲ ရွဲ


အိုးထဲသို့ရောက်ရှိလာသောဆီများ ပူပြင်းလာသည်နှင့်အမျှ အငွေ့များထွက်လာတော့သည်။ အငွေ့များက ဒယ်အိုးထဲမှ လွင့်ပျံလာပေသည်။


ဆီရွေးချယ်မှုသည်လည်းအလွန်အရေးကြီးပေသည်။ ပုဖန်မျက်ခုံးပင့်လိုက်ကာ ဆီပြောင်းသုံးရန်တွေးလိုက်သည်။ သူ့တွင်အချိန်ရှိပါက ဆီအနည်းငယ်လုပ်မည်ဖြစ်သည်။


ကောင်းမွန်သောဆီသည် ဟင်းပွဲ၏ရနံ့ကိုနောက်တစ်ဆင့်မြင့်သွားစေသောကြောင့် ထိုအချက်ကိုသတိထားရပေမည်။


ဒယ်အိုးပေါ်တွင် အဖြူရောင်မီးခိုးငွေ့ခပ်ပါးပါးမြင့်တက်လာသည်။ ပုဖန်လက်ဆန့်ထုတ်လိုက်ပြီး ဒယ်မိုးပေါ်ကိုဝေ့ယမ်းလိုက်သည်။ အပူချိန်ကိုစမ်းပြီးနောက်တွင် သူခပ်သာသာခေါင်းငြိမ့်လိုက်သည်။


ကောင်းမွန်စွာပြင်ဆင်ထားသောနဂါးအသားကိုယူ၍ ရေစုပ်စက္ကူဖြင့် အသားမျက်နှာပြင်ပေါ်ရှိရေစက်များကိုခပ်မြန်မြန်သုတ်လိုက်သည်။


ထိုအရာအားလုံးလုပ်ပြီးသောအခါတွင် ပုဖန် ထိုနဂါးအသားတုံးကို ဒယ်အိုးထဲသို့ဂရုတစိုက်ထည့်လိုက်တော့သည်။


ရွဲ ရွဲ


ထိုအသားတုံး ဒယ်အိုးထဲရောက်သွားသောအခါ ဒယ်အိုးထဲတွင် ဆီပေါက်မြည်သံများထွက်ပေါ်လာကာ တဖြေးဖြေးနှင့် 

 မီးခိုးငွေ့များထူထပ်လာတော့သည်။


အသားရနံ့သည်လည်းပျံ့လွင့်လာတော့သည်။ ထိုရနံ့သည် ပုဖန်၏ အနံ့အာရုံတစ်ခုလုံးကို ညှို့ငင်သွားလေသည်။


ဤနဂါးအသားတစ်တွင် ကြွက်သားနည်းသဖြင့် ဒယ်အိုးထဲသို့ရောက်သွားသည်နှင့် ရွှေအဝါရောင်ပြောင်းသွားကာ မွှေးရနံ့များထွက်ပေါ်လာခြင်းဖြစ်ပေသည်။ လူများ၏ အနံ့ခံအာရုံကို ကလူကျီဆယ်ကာ ထိုရနံ့များကြားဖြေးဖြေးချင်း နစ်မြုပ်သွားစေသည်။


"မဆိုးပါဘူး..."

ပုဖန်ဒယ်အိုးထဲကိုကြည့်၍ ချီးကျူးလိုက်သည်။


သူဤနတ်ဆိုးနဂါးကိုပထမဆုံးမြင်ချိန်တွင် ၎င်း၏အသားက ပါဝင်ပစ္စည်းတစ်ခုဖြစ်လာရန်မကောင်းလောက်ဟုတွေးထင်မိခဲ့သည်။ နဂါးအသားကိုကြော်လိုက်သည်နှင့် အလွန်မွှေးကြိုင်သောရနံ့ရှိမည်ဟု မထင်ခဲ့မိပေ။


နဂါးအသား ဒယ်အိုးထဲဝင်ရောက်သွားသည်နှင့် ပုဖန်တစ်ယောက် တန်းမလှန်လိုက်ပေ။ အဘယ့်ကြောင့်ဆိုသော်မလိုအပ်သေးသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ဒယ်အိုး၏အပူချိန်သည် သင့်တင့်ကောင်းမွန်နေလေသည်။ ဆီပွက်သံတဖောက်ဖောက်နှင့်အတူ နဂါးအသား၏အစိုဓာတ်သည်လည်း လုံးလုံးလျားလျားကုန်ဆုံးသွားချေသည်။


ထိုကဲ့သို့ကြော်ထားသော နဂါးအသားကြော်သည် လတ်ဆတ်နူးညံ့ကာအရည်ရွှမ်းနေမည်ဖြစ်သည်။


ထို့အပြင် ထိုအချိန်သည် အသားကင်အမှတ်များဖြစ်ပေါ်လာချိန်ဖြစ်၍ အနည်းငယ်မျှသောလှုပ်ရှားမှုလေးသည် ပုံစံကွက်များကိုပျက်သွားစေမည်ဖြစ်သည်။


ပုဖန်၏ စိတ်ဝိဉာဉ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များစွာထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးကိုလှည့်ပတ်နေလေသည်။


သူ ပါပီလီယွန်သားကင်ကိုကြော်လှော်နေချိန်တွင် ကောင်းကင်ကမ္ဘာမြေမီးတောက်၏အပူချိန်ကို အတွေးတစ်ချက်ဖြင့်လျော့နည်းသွားစေကာ အပူချိန်နိမ့်နိမ့်နှင့်သာ ခပ်ဖြေးဖြေးကြော်နေပေသည်။


ရွဲ ရွဲ


ဒယ်အိုးအတွင်းရှိဆီများ နေရာအနှံ့သို့လွင့်စင်သွားပြီး နဂါးအသားသည်လည်း ညင်သာစွာတုန်ခါနေသည်။


ဒယ်အိုးအတွင်းရှိနဂါးအသားသည် တဖြေးဖြေးအရောင်ပြောင်းလာတော့သည်။ အသား၏အောက်ဘက်နှင့် အပေါ်ဘက်ရှိအရောင်ကွာခြားမှု သိသာစွာကွာဟလာသည်။


ထို့နောက် ပုဖန်လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓားမပေါ်ထွက်လာသည်။ နဂါးဟိန်းသံတစ်သံဖြင့် နဂါးအရိုးမီးဖိုချောင်သုံးဓားသည် သေးငယ်သောဓားလေးတစ်ချောင်းအဖြစ်ပြောင်းလဲသွားသည်။


ပါပီလီယွန်အသားကိုလှန်လိုက်ကာ ခုနစ်ဆယ်ဒီဂရီခန့်လှည့်လိုက်ပြီး အနည်းငယ်ရွှေ့လိုက်သည်။


နောက်ထပ်တစ်ကြိမ် မီးခိုးများထွက်လာပြီး ဆီပေါက်သံများထွက်ပေါ်လာသည်။


ပုဖန် အသားတုံးကိုလှန်လိုက်ပြီးဆက်ကြော်လိုက်သည်။ ထိုပုံစံဖြင့် အသားပေါ်တွင်အကွက် ပုံသဏ္ဍာန်ပေါ်လာအောင်ကြော်နိုင်ပေသည်။


ပုဖန်သည် သူ၏ စိတ်စွမ်းအင်ဖြင့် ဒယ်အိုးအတွင်းရှိအသား၏အပူချိန်ကိုအာရုံခံလိုက်သည်။ အဆုံးတွင် သူသည် အလယ်အလတ်ခန့်ကျက်သောအသားကင်ဖြစ်စေချင်ပေသည်။ အချိန်ကြာကြာကြော်လိုက်ပါ နဂါးအသားသည်မာကျောသွားကာ အသား၏အရသာအပေါ်ထိခိုက်သွားစေမည်ဖြစ်သည်။


ပုဖန်သည် လက်ကိုအသာလှုပ်၍ မီးတောက်၏ အပူချိန်များကို အဆက်မပြတ် အပြောင်းအလဲလုပ်နေလိုက်သည်။


ခဏအကြာတွင် နဂါးအသား၏မျက်နှာပြင်မှ အသားရည်များထွက်ပေါ်လာသည်။ လေထဲရှိရနံ့သည် ပို၍သိပ်သည်းလာကာ လူတိုင်း၏အစာစားချင်စိတ်ကိုမြင့်တက်လာစေသည်။ ၎င်းသည် လွန်စွာမွှေးကြိုင်နေပေသည်။


ထို့နောက် သူပြင်ဆင်ထားသော ဟင်းခတ်အမွှေးအကြိုင်များကို တစ်ခုချင်းထည့်လိုက်သည်။ အမွှေးအကြိုင်များကိုထည့်လိုက်သောအခါတွင် အသား၏ရနံ့သည် ပိုမိုမွှေးပျံ့လာတော့သည်။


ထိုအချိန် မီးဖိုချောင်အပြင်ဘက်ရှိလူတိုင်းကို မွှေးရနံ့လှိုင်းလုံးများဖြင့်ဝန်းရံနေပေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင် ဂိုဏ်းချုပ်သည် လက်ပိုက်နေ၍လေထဲတွင် လွင့်မျောနေသည်။


လွန်ခဲ့သည့်ရက်များအတွင်းတွင် သူသည်ထောင်တျဲစားသောက်ဆိုင်သို့အမြဲလာလေ့ရှိသည်။ အဆုံးတွင် အာကာသနတ်သမီးသည်ဤဆိုင်ထဲတွင်ရှိနေသောကြောင့် သူအနည်းငယ်မျှပင် လျစ်လျူရှုရဲခြင်းမရှိချေ။


ယခုနေ့များတွင်တော့ ပုန်းကွယ်နဂါးတိုက်ကြီးသည် ကြောက်မက်ဖွယ်အခြေအနေထဲတွင် ရောက်ရှိနေသည်ဟူ၍သတ်မှတ်နိုင်ပေသည်။ ထိုငရဲကမ္ဘာသက်ရှိများသည် ၎င်းတို့၏စစ်သည်များကို အထူးနည်းစနစ်များကိုအသုံးပြုနေကြသည်။ ထိုစစ်သည်များ တိုက်ကြီးပေါ်ရောက်ရှိလာသည်နှင့် မြို့တော်များထံဦးတည်၍ တိုက်ခိုက်ကြလေသည်။


ထို့ကြောင့် ပုန်းကွယ်နဂါးတိုက်ကြီးမှ လူများနှင့် ငရဲကမ္ဘာမှသက်ရှိများကြားတွင် စစ်ပွဲကြီးတစ်ခုဖြစ်ပေါ်လာခြင်းဖြစ်သည်။


စစ်ပွဲမီးတောက်များသည် ကုန်းမြေတစ်လျှောက်တွင် တစ်ဟုန်းဟုန်းတောက်နေပေတော့သည်။


ယနေ့အချိန်အထိ စစ်ပွဲထဲသို့ပါဝင်လာခြင်းမရှိသော အဆုံးမဲ့ပင်လယ်မှလွဲ၍ တိုက်ကြီးပေါ်ရှိအခြားနေရာများတွင် မကောင်းဆိုးဝါးနတ်ဆိုးများ ပေါ်လာနေလေသည်။


ကျေးလက်ဒေသများတွင်သာမက မည်သည့်နေရာတွင်မဆို ထိုငရဲကမ္ဘာသက်ရှိများရှိနေပြီဖြစ်သည်။


ယင်းကို ကပ်ဆိုးကြီးတစ်ခုဟုပြောရပေလိမ့်မည်။


၎င်းကို ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပျက်ဆီးသွားသောကြောင့်ဖြစ်သည်ဟုလည်းဆိုရပေမည်။ မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများ အားနည်းလာသောအခါ အပေါက်တစ်ခုပေါ်ထွက်လာသည်။ ထိုအပေါက်လေးတစ်ခုကပင် ငရဲကမ္ဘာသက်ရှိများစွာကိုဝင်ရောက်လာစေခဲ့သည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နှင့်ချိတ်ဆက်ထားသော နီယန်သာသေဆုံးသွားမည်ဆိုပါက ပုန်းကွယ်နဂါးတိုက်ကြီး၏ မဟာနိယာမလမ်းကြောင်းစည်းမျဉ်းတွင် နောက်ထပ်အပေါက်များစွာထွက်ပေါ်လာမည်ဖြစ်သည်။


ထိုအချိန်သည် ပုန်းကွယ်နဂါးတိုက်ကြီး၏ အစစ်အမှန်အဆုံးသတ်ဖြစ်သွားပေလိမ့်မည်။


ထို့ကြောင့် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်က နီယန်ကို အလွန်အမင်းဂရုစိုက်နေရခြင်းဖြစ်သည်။ သူမတွင် မည်သည့်အမှားအယွင်းကိုမှ ရှိခွင့်မပြုနိုင်ပေ။


သူ၏ ထင်မြင်ချက်အရ နီယန်ကို ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကိုပြန်ခေါ်သွားပြီး ကောင်းကင်မဟာအခင်းအကျင်းကိုအသုံးပြု၍ သူမကိုကာကွယ်ပေးခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။ ၎င်းသည် အလုံခြုံဆုံးသောနည်းလမ်းဖြစ်သည်။


ဤစားသောက်ဆိုင်ကိုသန်မာသော ကျင့်ကြံသူများက ကာကွယ်ပေးနေသော်လည်း ထိုကျင့်ကြံသူများသည် ငရဲကမ္ဘာသက်ရှိများဖြစ်နေသည်။


သူ နီယန်ကိုပြန်ခေါ်သွားချင်သည်။ သို့သော် သူသည် ရူးကြောင်ကြောင်လူသာမက သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော အနက်ရောင်ခွေးဝတုတ်ကိုလည်း မနိုင် နိုင်ကြောင်းသိနေပေသည်။ 


ထို့ကြောင့် သူ ဤစားသောက်ဆိုင်ကိုနေ့တိုင်းလာနေရခြင်းဖြစ်သည်။


ကံကောင်းစွာဖြင့် ဤစားသောက်ဆိုင်ရှိဟင်းပွဲများက အလွန်အရသာရှိနေလေသည်။ သူသည် တိုက်ကြီးတစ်ခုလုံးကိုသွားဖူးပြီး စားကောင်းသောက်ဖွယ်ရာများကို မရေမတွက်နိုင်အောင်စားခဲ့ဖူးသော်လည်း ပုဖန်၏ဟင်းပွဲများကသာ သူ၏မှတ်ဉာဏ်များထဲတွင် စွဲကျန်ရစ်နေစေသည်။


ယနေ့ သူစားသောက်ဆိုင်ထဲခြေတစ်လှမ်းလှမ်းပြီးသည်နှင့် လေထုထဲတွင်ပျံ့နှံ့နေသောအသားရနံ့များကို ရှူရှိုက်မိလိုက်သည်။


ထိုအသားနံ့သည် သူ့ခန္ဓာကိုယ်ရှိမွှေးညှင်းပေါက်များကိုပင် ပွင့်ထွက်သွားစေသည်။ 


"ဒါဘာနံ့လဲ... ဘာလို့ဒီလောက်တောင်မွှေးနေရတာလဲ..."


မိုထျန်းကျီ၏ စိတ်နှလုံးတုန်လှုပ်သွားပြီး မျှော်လင့်စောင့်စားနေသောပုံစံများဖြင့် ထမင်းစားပွဲတွင်ထိုင်နေကြသော လူအုပ်ကြီးကိုကြည့်လိုက်မိသည်။


"လူအိုကြီးမို မင်းရောက်လာပြီပေါ့... ဒီဘုရင်က ဆိုင်ရှင်ပုအတွက် ပါဝင်ပစ္စည်းအသစ်တစ်ခုကောက်လာတာလေ... ဆိုင်ရှင်ပုကပြောတယ် သူစမ်းသပ်စရာတစ်ခုရှိတယ်တဲ့ အဲ့တော့ငါတို့ကဒီမှာထိုင်စောင့်နေကြတာလေ..."


ငရဲဘုရင်အာဟ သူ၏ဆံပင်ကိုရမ်းခါလိုက်ပြီးမိုထျန်းကျီကိုပြောလိုက်သည်။


လွန်ခဲ့သည့်ရက်များအတွင်း မိုထျန်းကျီက စားသောက်ဆိုင်ကိုအပြေးလာလေ့ရှိသဖြင့် ငရဲဘုရင်အာဟသည် သူနှင့်အနည်းငယ်ရင်းနှီးနေပြီဖြစ်သည်။


သို့သော် မိုထျန်းကျီသည် ငရဲဘုရင်အာဟကိုအနည်းငယ်မှုန်းတီးနေဆဲဖြစ်သည်။ အဆုံးတွင် ထိုလူသည် သူ၏အဝတ်များကိုဆုတ်ဖြဲခဲ့သောသူဖြစ်လေသည်။ ထိုကဲ့သို့သောမုန်းတီးမှုသည် လွယ်လွယ်ကူကူချေဖျက်နိုင်သောအရာမဟုတ်ပေ။


သို့သော် မိုထျန်းကျီသည် ပုဖန်၏ဟင်းပွဲအသစ်ပေါ်အနည်းငယ်မျှော်လင့်မိပေသည်။ သူ့မျက်လုံးများတောက်ပလာကာ ထမင်းစားပွဲရှိထိုင်ခုံတစ်ခုံကိုဆွဲထိုင်လိုက်သည်။ သူတို့အကုန်လုံး ပုဖန်၏ဟင်းပွဲအသစ်ကိုမြည်းစမ်းရန် စိတ်လှုပ်ရှားနေကြသည်။


လေထုထဲရှိသားနံ့သည် သိပ်သည်းသထက်သိပ်သည်းလာကာ လူတိုင်း၏မျက်လုံးများကိုကျဉ်းမြောင်းသွားစေသည်။


….


မီးဖိုချောင်ထဲတွင် အသားနံ့များသိပ်သည်းနေကာ အစိုင်အခဲဖြစ်လုနီးပါးပင်ဖြစ်နေသည်။


မဟူရာလိပ်ခုံးဒယ်အိုးအတွင်းရှိ ပါပီလီယွန်သားကင်၏အရောင်သည် အလွန်အမင်းတောက်ပနေကာ ကောင်းကင်ယံသို့ပင်ရောက်ရှိသွားမတတ်ဖြစ်နေသောအလင်းတန်းများဖြစ်ပေါ်နေသည်။ စွမ်းအင်အတက်အကျသည် အလွန်အမင်းပြင်းထန်လာတော့သည်။


ပုဖန်မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏စိတ်စွမ်းအင်များသည် အသား၏မျက်နှာပြင်ကို လက်ဖြင့်အုပ်ထားသကဲ့ ဖုံးအုပ်ထားပေသည်။


ထို့နောက်သူသည် ပါပီလီယွန်သားကင်ကို လှန်လိုက်သည်။ ကြော်ပြီးသောမျက်နှာပြင်ပိုင်း၏အရောင်သည် အနီရင့်ရင့်ဖြစ်နေကာ ၎င်းပေါ်တွင် ကြက်ခြေခတ်ပုံစံ ပုံစံကွက်များရှိနေသည်။


မွှေးရနံ့များထွက်ပေါ်လာသည်နှင့်အမျှ ဆီငွေ့များသည်ပင် ပျောက်ကွယ်သွားလေသည်။


ယခင်နည်းအတိုင်း နောက်တစ်ဘက်ကိုကြော်လိုက်ပြန်သည်။


ပုဖန် ပါပီလီယွန်သားကင်၏ဘေးသားကိုသေချာကြည့်လိုက်သည်။ ဘေးသားတွင် ပန်းရင့်ရောင်ဖြစ်နေသဖြင့် ပါပီလီယွန်သားကင်သည် မကျက်တကျက်အနေအထားတွင်ရှိနေပြီဖြစ်သည်။ ၎င်းသည် ပုဖန်လိုချင်သော ကောင်းစွာကျက်လုနီးပါးဖြစ်နေသော မကျက်တကျက်အသားဖြစ်မနေပေ။ 


အချိန်ကြာလာသည်နှင့်အမျှ ပါပီလီယွန်သားကင်ပေါ်ရှိ ဆီများဖိတ်ဆင်သွားသည်။ ဘေးသားကိုကြည့်လိုက်ပါက ပါပီလီယွန်သားကင်၏အရောင်သည် ပန်းနုရောင်ဖြစ်လာတော့သည်။


ပုဖန် ပြုံးလိုက်ကာ ဒယ်အိုးကိုဆွဲယူလိုက်သည်။ လက်တစ်ချက်လှုပ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်ရှိ အသားကင်ကို လေပေါ်ပျံသွားစေသည်။


ပါပီလီယွန်သားကင် လေပေါ်ပျံတက်သွားသည်နှင့် လိမ္မော်ဝါရောင်ဆီများသည် နေရာအနှံ့သို့ပျံ့ကြဲသွားသည်။


အလင်းရောင်အောက်တွင် မိုခိုသားကင်သည်အလင်းရောင်များကိုထုတ်လွှတ်နေကာ ခမ်းနားထည်ဝါသောအရောင်ဖြင့်ရှိနေပြီး တောက်ပနေသကဲ့သို့ဖြစ်နေသည်။


သူ့လက်ထဲတွင် ဖြူပြာရောင် ကြွေပန်းကန်ကိုကိုင်ထားပြီး အသားကင်သည် ဖြန်းကနဲမြည်သံဖြင့် ပန်းကန်ထဲကျလာပေသည်။


အသားကင် ကြွေပန်းကန်ပြားထဲသို့ကျရောက်သွားချိန်တွင် အနည်းငယ်မျှပြန်ခုန်ထွက်လာပြီး တုန်ခါသွားလေသည်။ ထိုသည်ကိုပုဖန်မြင်လိုက်သောအခါ စားချင်စိတ်တို့ပေါက်ကွဲထွက်လာတော့သည်။


ရွဲ ရွဲ


ထို့နောက်လျှင်မြန်စွာကြော်လှော်လိုက်ပြီး အရံဟင်းပွဲများကို ပါပီလီယွန်သားကင်ဘေးတွင်ဝန်းရံလိုက်သဖြင့် ဟင်းပွဲကိုပို၍ ပြည့်စုံသွားစေသည်။


အုပ်ဆောင်းဖြင့်အုပ်လိုက်သောအခါ မွှေးရနံ့များချက်ချင်းပျောက်ကွယ်သွားလေသည်။


စနစ်ထဲမှ ခက်ရင်းနှင့်ဓားကိုတောင်းယူကာ ကြွေပန်းကန်ပြားပေါ်တွင်နေရာချပြီးသောအခါမှ ပုဖန်သက်ပြင်းချလိုက်မိသည်။ 


အနီရောင်ဝတ်ရုံကိုခါလိုက်ပြီး ပုဖန်၏နှုတ်ခမ်းတွင် စိတ်ကျေနပ်နေသောအပြုံးတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် မီးဖိုချောင်အပြင်ဘက်သို့ဦးတည်လိုက်တော့သည်။


တံခါးဆီသို့လျှောက်လိုက်ပြီး ထိုနေရာတွင်ရပ်နေသော ဝှိုက်တီ၏ ဗိုက်ကိုပွတ်သပ်လိုက်သည်။


ဝှိုက်တီသည် ၎င်း၏ခေါင်းကိုပွတ်ပြပြီး ပြန်လည်တုံပြန်လေသည်။


စားသောက်ဆိုင်ထဲတွင် မီးဖိုချောင်ဘက်ကို ခဏခဏလှည့်ကြည့်ရင စိတ်လှုပ်ရှားနေကြသည်။


ခွေးဘုရင်သည် နဂါးနံရိုးချိုချဉ်ကြော်စားပြီးသော်လည်း အိပ်စက်ရန်အတွက် သိမြင်မှုသစ်သီးပင်အောက်သို့ပြန်မသွားပေ။


အခြားသော ပရိတ်သတ်များကဲ့သို့ ထမင်းစားပွဲပေါ်သို့ သူ၏ရှေ့ခြေနှစ်ချောင်းကိုတင်ကာ မီးဖိုချောင်ကို မျှော်လင့်တကြီးကြည့်နေသည်။


လေထုထဲတွင်ပျံ့လွင့်နေသော အသားနံ့သည် ခွေးဘုရင်၏ စားချင်စိတ်ကိုနှိုးဆွနေချေသည်။


ပန်းပွင့်လေး၊နယ်သာရီ၊ငရဲဘုရင်အာဟ၊ စားပွဲထိုးဝတ်စုံဝတ်ထားသောချူချန်းရှန်နှင့် ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းပါဝင်လာသော ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်ကပါ စိတ်အားထက်သန်နေသောမျက်နှာများဖြင့် ထမင်းစားပွဲတွင်ဝန်းရံ၍ထိုင်နေသည်။


ရုတ်တရက်


သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများပြည့်သွားလေသည်။


မီးဖိုချောင်ထဲမှ ပိန်ပါးသောပုံရိပ်တစ်ခုထွက်ပေါ်လာသည်။


ပုဖန်သည် အုပ်ဆောင်းအုပ်ထားသော ကြွေပန်းကန်ပြားကိုလက်တစ်ဖက်ဖြင့်ကိုင်ထားသည်။ မီးဖိုခန်းထဲမှထွက်လာသောအခါ သူမှင်သက်မိသွားတော့သည်။


အဘယ့်ကြောင့်ဆိုသော် အကြည့်ပေါင်းများစွာက သူ့ခန္ဓာကိုယ်ပေါ်ကျရောက်လာသောကြောင့်ဖြစ်သည်။


ပုဖန် အနည်းငယ်သံသယဝင်မိသွားပြီး မျက်ခုံးပင့်လိုက်ကာ ထမင်းစားပွဲကိုဦးတည်လိုက်သည်။


ဟင်းပွဲကိုစားပွဲပေါ်တင်လိုက်ပြီး လက်တစ်ဖက်ကို အုပ်ဆောင်းပေါ်တင်ကာ ကျန်လက်တစ်ဖက်က ထိုင်ခုံကိုဆွဲယူပြီးထိုင်လိုက်သည်။


လူတိုင်း၏ အကြည့်သည် ပန်းကန်ပြားပေါ်ကျရောက်နေပြီး တံတွေး မျိုချသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။


သူတို့အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။


ပုဖန်ချက်သည့် အလွန်မွှေးသောဟင်းပွဲသည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။


သူတို့ အဲ့ဟင်းပွဲကိုအများကြီးမျှော်လင့်နေတယ်....


ခွေးဘုရင် မျက်လုံးမှေးကြည့်လိုက်ကာ လျှာထုတ်လိုက်သည်။


သို့သော် ပုဖန်သည် အုပ်ဆောင်းကိုမဖွင့်သေးပေ။ သူသည် သလင်းကျောက်နှင့်တူသော ဝိုင်ခွက်ကိုထုတ်ယူကာ သိမြင်မှုရေခဲမီးလျှံဝိုင်ကိုလောင်းထည့်လိုက်သည်။


သိမြင်မှုရေခဲမီးလျှံဝိုင်သည် အကန့်အသတ်ရှိသောကြောင့် ပုဖန်သည်အလွန်အကန့်အသတ်ထားကာရောင်းချခဲ့ပြီး သူကိုယ်တိုင်လည်းအနည်းငယ်သာသောက်ခဲ့သည်။


သို့သော် ယနေ့တွင် ဤဟင်းပွဲနှင့်တွဲစပ်၍သောက်ရန် ထိုဝိုင်ကိုထုတ်ခဲ့ပေသည်။


မိုးခိုသားကင်ကို ဝိုင်မပါပဲစားရမယ်တဲ့လား... ဒါဆိုဆားနယ်ထားတဲ့ငါးနဲ့ဘာကွာတော့မှာလဲ...


လူတိုင်း၏အကြည့်အောက်တွင် ပုဖန်အုပ်ဆောင်းကိုမလိုက်သည်။ 


အတွင်းမှစူးရှစွာတောက်ပနေသောအလင်းတန်းများသည် လူတိုင်း၏မျက်လုံးကိုစူးရှသွားစေသည်။


ဆီများက နေရာအနှံ့သို့လွင့်စင်နေသဖြင့် တရှဲရှဲမြည်သံများထွက်ပေါ်နေပြီး အသားနံ့သည် လူတိုင်း၏နှာခေါင်းကို ကျီဆယ်နေပေသည်။


"အရမ်းမွှေးတာပဲ... ဘော်ဒါပု ဒီဘုရင်ကိုပေးမြည်းလိုက်စမ်းပါ..."


"ကောင်လေးပုဖန် ခွေးဘုရင်လဲမြည်းချင်တယ်..."


"ပုဖန် ငါဗိုက်ဆာနေပြီ..."


"ဝူး...."


မျှော်လင့်ချက်ရောင်ခြည်သန်းနေသောအကြည့်ပေါင်းများစွာက ပုဖန်ပေါ်ကျရောက်လာသည်။


‌တစ်ယောက်စာပဲပြင်ထားတယ်... ဘယ်သူစားရမလဲ...


ဒါကပြဿနာပင်ဖြစ်သည်။


သို့သော် အားလုံး၏ မျှော်လင့်ချက်ပြည့်နေသောအကြည့်များအောက်တွင် ပုဖန်ခေါင်းမော့လိုက်ပြီး လူတိုင်းကိုအကြည့်တစ်ချက်သာပေးလိုက်သည်။


"စိတ်မကောင်းပါဘူး... ဒါပေမယ့် ဒီဟင်းပွဲကို ငါ့ဘာသာစားမှာပါ..."