အပိုင်း ၈၅၁
Viewers 53k

အပိုင်း ၈၅၁

မင်းတို့တွေ ငါစားတာကိုအရင်ကြည့်နေပေါ့


"စိတ်မကောင်းပါဘူး... ဒါပေမယ့် ဒီဟင်းပွဲကို ငါ့ဘာသာငါစားမှာပါ..."


ပုဖန် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။


သူထိုအကြေါင်းကိုပြောလိုက်သောအခါ သူ့မျက်နှာသည် အနည်းငယ်မျှပင်ပြောင်းလဲသွားခြင်းမရှိပေ။ စိတ်လှုပ်ရှားမှုရှိမနေသလို အသက်ရှူသံပင်မြန်မလာပေ။


မူလက စိတ်လှုပ်တရှားဖြစ်နေသော ပွဲကြည့်ပရိသတ်များသည် သူ၏စကားတစ်ခွန်းကြောင့် အံ့ဩသွားကြသည်။


ဒီလူဘာပြောလိုက်တာလဲ...


ဘာပြောလိုက်တာ...


"ဘော်ဒါပုဖန်.. ဒါမဟုတ်သေးဘူးဆိုတာမင်းသိပါတယ်... ကောင်းတဲ့အရာဆိုတာလူတိုင်းနဲ့ဝေမျှသင့်တယ်လေ..."


"ကောင်လေးပုဖန် ခွေးဘုရင်ရဲ့ နူးညံ့တဲ့ခြေထောက်လေးတွေက ဆာလောင်မွတ်သိပ်နေတာကြာလှပြီ... သည်းခံဖို့ခက်ခဲတယ်ကွ"


"ပုဖန် ငါဗိုက်တာတယ် .. ငါစားချင်နေပြီ"


"ဝူး....."


ငရဲဘုရင်အာဟအပါအဝင်အခြားသူများက ပေါက်ကွဲသွားကြပြီး မျက်လုံးများပြူးကာ ပုဖန်ကို အော်ဟစ်နေကြသည်။ 


ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ ဟင်းပွဲ၏ ပုံသဏ္ဍာန်တဖြေးဖြေးပေါ်ထွက်လာသည်။


ရွဲ


လေပူများပျံတက်လာကာ ဆီများကတဖောက်ဖောက်မြည်နေသေးသဖြင့် အနီရင့်ရောင် ပါပီလီယွန်အသားကင်သည် မွှေးရနံ့လှိုင်းများကိုထုတ်ဖော်နေပေသည်။ ၎င်းက လူတိုင်း၏အနံ့ခံအာရုံကို ကျီဆယ်နေကာ သတိမမူမိပဲတံတွေးမြိုချသွားမိစေသည်။


ဟင်းပွဲကိုကြည့်မိရုံဖြင့်ပင် လူတစ်ယောက်၏အစာစားချင်စိတ်ကိုမြင့်တက်စေသည်။


ပုဖန်သည် ဆာလောင်ငတ်မွတ်နေသောလူများကိုဂရုပင်မစိုက်ပဲ ခေါင်းငြိမ့်လိုက်သည်။


သူတို့ကိုဒါမစားခိုင်းလိုက်တာ... ပွစိပွစိလုပ်နေကြတယ်ပေါ့လေ...


သူကစားဖိုမွူးလား သူတို့ကစားဖိုမွူးလား....


သူတို့ကများ ခြိမ်းလားခြောက်လားလုပ်ရဲတယ်ပေါ့လေ....


ပုဖန် အလွန်တည်ငြိမ်နေကာ ထိုနေရာတွင်သာ စိမ်ပြေနပြေထိုင်နေလိုက်သည်။


အဖြူရောင်အဝတ်စကိုယူပြီး စားပွဲထိပ်တွင်ဖြန့်ခင်းလိုက်ကာ နူးညံ့နေသော ပါပီလီယွန်အသားကင်ကိုကြည့်လိုက်သည်။


ကောင်းစွာကျက်လုနီးပါးဖြစ်သော မကျက်တကျက်ဖြစ်နေသည့် ပါပီလီယွန်အသားကင်၏ အသားရည်များစီးကျနေသည်ကို သာမန်မျက်စိဖြင့်မြင်နေရပေသည်။


လက်ရာမြောက်သောဝိုင်ခွက်ကိုကိုင်ထားပြီး ဝိုင်ခွက်အတွင်းမှ သိမြင်မှုရေခဲမီးလျှံဝိုင်၏ အစိမ်းရောင်အလင်းများကရောင်ပြန်ဟပ်နေသည်။


ဝိုင်ရနံ့သည်လည်း လူတိုင်း၏နှာခေါင်းကိုကျီစယ်နေကာ အသားကင်နံ့ပြင်ပြင်းဖြင့်ပေါင်းစပ်သွားသည်။ ထိုပေါင်းစပ်မှုသည် လူတိုင်းကိုသင်းပျံ့မွှေးကြိုင်သောရနံ့များထဲတွင်နစ်မြုပ်သွားစေပြီး ထိုသို့နစ်မျောနေမှုမှ ပြန်အသိဝင်လာစေရန် ခက်ခဲပေသည်။


ငရဲဘုရင်အာဟ မခံစားနိုင်တော့ပေ။


ဒီအနံ့က အစပ်ချောင်းနဲ့ယှဉ်ရင်နည်းနည်းလိုနေသေးပေမယ့် ဒီလို စားကောင်းသောက်ဖွယ်တစ်ခုသူ့ရှေ့နှာရှိနေတာလေ.. ဘယ်လိုလုပ်တောင့်ခံနိုင်တော့မှာလဲ....


"ဘော်ဒါပု ဒီဘုရင်ပထမဆုံးမြည်းကြည့်ခိုင်းလိုက်စမ်းပါ..."


ငရဲဘုရင်အာဟ၏ မျက်လုံးများတောက်ပလကာ ပါပီလီယွန်အသားကင်နားသို့ရောက်သွားသည်။


သို့သော် သူ့လက် အသားကင်ထံသို့မရောက်မှီပင် ပုဖန်ရိုက်ချခြင်းကိုခံလိုက်ရသည်။


"မနှောင့်ယှက်နဲ့... ပါပီလီယွန်အသားကင်က စားကြည့်ရုံတင်မရဘူး... အရသာ၊ အထိအတွေ့နဲ့ ခံစားချက်တို့ကိုပါ ခံစားရမှာ... မင်းလိုလူကတော့ဒါကိုဒီတိုင်းမြိုချလိုက်မှာလေ.. အဲ့တော့ ဒီအသားကင်က အလကားဖြစ်သွားမှာမှပေါ့..."


ပုဖန် စကားပြောတာရပ်လိုက်ပြီး ထိပ်ပြောလိုက်ပြန်သည်။


"မင်းတို့တွေ ငါစားနေတာကိုထိုင်ကြည့်ကြပေါ့..."


မင်းစားတာထိုင်ကြည့်ရမယ်...


ဘာလို့ကိုယ့်ကိုကိုယ်သတ်မသေလိုက်တာလဲ...


ဘေးကကြည့်နေသောလူတိုင်း ဆွံ့အသွားကြတော့သည်။ ငရဲဘုရင်အာဟသည် သူ့ကိုယ်သူအရှက်မဲ့သည့်သူဟုတွေးနေမိသော်လည်း ပုဖန်ကသူ့ထက်ပို၍ အရှက်မဲ့နေပေသည်။


ခွေးဘုရင် နှာခေါင်း ရှုပ်လိုက်သည်။


နယ်သာရီသည် သူမ၏နှုတ်ခမ်းနီနီများကိုသပ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် အလင်းရောင်များတောက်ပလာသည်။


ဟမ်..


ပုဖန် သူ့ရှေ့ရှိ ပါပီလီယွန်အသားကင်ကိုကြည့်လိုက်ပြီး တစ်ခုခုကိုသတိရမိသွားတော့သည်။


အငွေ့တလူလူထွက်နေသော ပါပီလီယွန်အသားကင်ကိုကြည့်ရင်း မေးစေ့ကိုပွတ်လိုက်ပြီး ပွဲကြည့်ပရိတ်သတ်များကိုကြည့်၍ပြောလိုက်သည်။


"ဒီဟင်းပွဲမှာ ပါဝင်ပစ္စည်းတစ်ခုလိုနေသေးတာပဲ... ငါမီးဖိုချောင်ထဲကိုသွားလိုက်ဦးမယ် ပြီးမှပြန်လာခဲ့မယ်... မင်းတို့တွေငါ့နောက်မှာခိုးမစားကြနဲ့..."


လူတိုင်း အချင်းချင်းပြန်ကြည့်လိုက်ပြီး တညီတညွတ်တည်း ခေါင်းငြိမ့်လိုက်သည်။


ငါတို့ ဒီအသားကင်ကိုစားရင်တောင် မင်းကိုပြောမှာမဟုတ်ဘူးလေ....


ပန်းပွင့်လေး သူမ၏ဆံပင်များ ရှုပ်ပွသွားအောင်ပင် ခေါင်းငြိမ့်နေသည်။


ထိူလူများ၏ အမူအယာကိုကြည့်ပြီး ပုဖန်မတ်တတ်ထရပ်လိုက်ကာ မီးဖိုချောင်ထဲသို့လမ်းလျှောက်သွားလေသည်။


သူ ဆော့စ်လုပ်ဖို့လိုအပ်နေသေးတာပဲ။ သူကြော်ထားတဲ့ ပါပီလီယွန်အသားကင်ကအရသာအပြည့်အဝရှိနေပေမယ့် ပြီးပြည့်စုံတဲ့အရသာကိုရဖို့ ဆော့စ်ကိုလိုနေသေးသည်။ ဆော့စ်လုပ်ဖို့ လိုကိုလိုအပ်နေပေသည်။


သိမြင်မှုရေခဲမီးလျှံဝိုင်ကို ခွက်အသေးလေးတစ်ခုနှင့်ယူလာကာ မဟူရာလိပ်ခုံးဒယ်အိုးထဲသို့လောင်းထည့်လိုက်သည်။ ထို့နောက် ပါဝင်ပစ္စည်းများကိုလှီးဖြတ်ကာ ဒယ်အိုးကိုအပူချိန်မြင့်မြင့်ထားပြီး ၎င်းတို့ကိုချက်လိုက်သည်။ ထို့နောက် အသူတရာငရုပ်အနှစ်(ပူစပ်စပ်ငရုပ်အနှစ်)ကိုထုတ်ယူကာ ဇွန်းတစ်ဝက်ခန့်ထည့်လိုက်သည်။


ဖောက် ဖောက်


ခဏချင်းပင် ဆော့စ်ချက်လုပ်၍ပြီးစီးချေပြီဖြစ်သည်။ ပုဖန်သည် ဆူပွက်နေသော ဆော့စ်တစ်ဇွန်းကိုယူလိုက်သည်။


ဆော့စ်က အေးသွားရန်လိုအပ်နေသေးသော်လည်း ဆော့အပူတွင်လည်း ၎င်း၏ကိုယ်ပိုင်ထူးခြားသောအရသာရှိလေသည်။



ထိုအချိန်တွင် ထမင်းစားပွဲပတ်ပတ်လည်နေရာရှိလေထုသည် ချက်ချင်းပင် ကမောက်ကမဖြစ်လာတော့သည်။


အလွန်အမင်းတိတ်ဆိတ်နေကာ ပါပီလီယွန်အသားကင်ထဲမှ ဆီပေါက်သံတဖျောက်ဖျောက်ကိုသာကြားနေရလေသည်။


ငရဲဘုရင်အာဟက ဘေးပတ်ပတ်လည်ကိုမျက်လုံးပြူးပြီးကြည့်လိုက်သည်။ သူ၏အကြည့်သည် လူတိုင်း၏အကြည့်နှင့်တစ်ကြိမ်စီ ဆုံသွားခဲ့သည်။ သူ့မျက်လုံးများထဲတွင် စကားလုံးများရှိနေသည်။


ခွေးဘုရင် မျက်လုံးမှေးကျဉ်းလိုက်ကာ သူ၏ခွေးလက်များဖြင့် ထမင်းစားပွဲပေါ်တတောက်တောက်ခေါက်နေသည်။ သူ့မျက်လုံးများသည် ငရဲဘုရင်အာဟ၏မျက်လုံးများနှင့်ဆုံသွားသည်။


၎င်းသည် အချင်းချင်းမျက်လုံးများဖြင့်ဆက်သွယ်နေသည့်ပုံနှင့်တူနေသည်။


"ခွေးငပျင်း... မင်းဒါကိုစားမှာလား မစားဘူးလား..."


"မင်းသာစားရဲရင် ငါလဲစားရဲတယ်..."


"တစ်ဝက်ကိုမင်းစား တစ်ဝက်ကိုဒီဘုရင်စားမယ် အဆင်ပြေလား.."


"ပါးစပ်ပိတ်စမ်း.. မင်းဖို့သုံးဆယ်ရာခိုင်နှုန်း ခွေးဘုရင်ဖို့က ခုနစ်ဆယ်ရာခိုင်နှုန်းကွ..."


"သေလိုက်လေ... ဒီရူးနေတဲ့ခွေးဘုရင်ကအရှက်ကိုမရှိတာပဲ... ဒီဘုရင်အတွက်ကိုးဆယ်ရာခိုင်နှုန်း.. မင်းဖို့ကတစ်ဆယ်ရာခိုင်နှုန်းပဲရမယ်ကွ..."


"မင်း ငါ့လိုခွေးဘုရင်နဲ့ချချင်တာလား..."


"ရန်ဖြစ်ချင်မနေနဲ့... ငါတို့ကအဆင့်အတန်းရှိတဲ့လူတွေလေ... ငါတို့ယဉ်ယဉ်ကျေးကျေးပဲဖြေရှင်းကြမလား... ဒီဘုရင်အတွက်ရှစ်ဆယ်ရာခိုင်နှုန်း မင်းအတွက်နှစ်ဆယ်...."


"မေ့လိုက်စမ်း... တိုက်ခိုက်ကြမယ်..."


လူနှင့်ခွေးသည် အကြည့်များဖြင့်တိုက်ခိုက်နေကြပြီး နေရာအနှံ့သို့ မီးပွားများလွင့်စင်နေသလိုဖြစ်နေသည်။


ကောင်းကင်ဘုံ လျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်သည် ဆွံ့အနေသောမျက်နှာထားဖြင့်ကြည့်နေကြသည်။


နယ်သာရီ မျက်ဆန်လှန်လိုက်သည်။


ပါပီလီယွန်အသားကင်ထွက်လာကတည်းက ပန်းပွင့်လေး၏မျက်လုံးများက အသားကင်ပေါ်တွင် ကော်လိုကပ်နေပေသည်။ သို့သော် ခွေးဘုရင်မစားသဖြင့် သူမလည်းမစားရဲပေ။


လေထုထဲရှိ ကိုးယိုးကားယားဆန်နေမှုသည် သူတော်စင်ဂိုဏ်းချုပ်ကို မသက်မသာဖြစ်နေစေသည်။ ဘေးရှိလူများအားလုံးကိုလိုက်ကြည့်လိုက်ပြီး စကားစပြောလိုက်သည်။


"မင်းတို့ကောင်တွေဘာလို့ ငြိမ်နေရတာလဲ... စားချင်တယ်မလား ဒါဆိုစားလိုက်လေ.. မင်းတို့မလှုပ်ရှားဘူးဆိုမှတော့ ဒီလူအိုကြီးပဲလှုပ်ရှားလိုက်တော့မယ်..."


ခဏချင်းပင် မတ်တတ်ရပ်လိုက်ပြီး တူတစ်စုံကောက်ကိုင်ကာ ပါပီလီယွမ်အသားကင်ကိုစားရန် ရွယ်လိုက်သည်။


အသားကင်နားသို့ နီးသည်ထက်နီးလာချိန်တွင်...


ငရဲဘုရင်အာဟ၏ ခွေးဘုရင်၏မျက်လုံးများပြူးကျယ်လာတော့သည်။


နယ်သာရီ သူမ၏နှုတ်ခမ်းနီနီနှစ်လွှာကိုဖွင့်ဟလိုက်ပြီး ထိုမြင်ကွင်းကိုမျှော်လင့်တကြီးဖြင့်ကြည့်နေလိုက်သည်။


"ဝူး....."


ပန်းပွင့်လေး မနေနိုင်တော့ပဲ နည်းနည်းငိုလိုက်မိသည်။


"အဲ့ဒီ့ ပါပီလီယွန်အသားကင်ကိုထိရဲရင် ဆိုင်ရဲ့နာမည်ပျက်စာရင်းထဲရောက်သွားပြီး နောက်တစ်ခါဆိုင်ထဲဝင်တာနဲ့ အဝတ်တွေဆုတ်ဖြဲခံရဖို့ပြင်ဆင်ထားပေတော့..."


မိုထျန်းကျီ၏ တူတစ်စုံ အသားကင်ကိုထိခါနီးတွင် ရုတ်တရက် တည်ငြိမ်သောအသံတစ်ခုထွက်ပေါ်လာသည်။


ပုဖန်သည် ဆော့ပန်းကန်လုံးအသေးလေးတစ်ခုကိုကိုင်ပြီး မီးဖိုချောင်ထဲမှဖြေးဖြေးချင်းထွက်သည်။


မိုထျန်းကျီ ပုဖန်၏စကားများကိုကြားလိုက်သောအခါ တောင့်ခဲသွားတော့သည်။


သူ့အဝတ်တွေကိုဆုတ်ဖြဲပစ်မယ်တဲ့လား...


သူ့စိတ်နှလုံးအတွင်းမှ မကောင်းသောမှတ်ဉာဏ်များထွက်ပေါ်လာသည်။ ထိုကြေကွဲစရာမြင်ကွင်းသည် သူ၏လက်များကိုတုန်ရီသွားစေပြီး သူကိုင်ထားသောတူများကိုရှေ့သို့ဆက်မရွှေ့ရဲတော့ပေ။


လူတိုင်းသူ့အတွက် အနည်းငယ်မျှစိတ်မကောင်းဖြစ်မိသွားကြသည်။


ပုဖန်ပြန်လာလေပြီ။


ထိုင်ခုံကိုဆွဲယူပြီး ထိုင်ချလိုက်ပြီး မဲ့ပြုံးတစ်ခုဖြင့် ဘေးရှိပွဲကြည့်ပရိတ်သတ်များကို ရွှတ်နောက်နောက်ကြည့်နေလိုက်သည်။


ထို့နောက် ဆော့စ်ပန်းကန်လုံးအသေးလေးကို နီရဲနေအောင်ကြော်ထားသော ပါပီလီယွန်အသားကင်ပေါ်လောင်းချလိုက်သည်။


ရွဲ ရွဲ


ဆော့စ်ကိုလောင်းချလိုက်သည်နှင့် ရုတ်ချည်းပင် မီးခိုးငွေ့များထွက်ပေါ်လာပြီး မွှေးရနံ့များပိုမိုပြင်းထန်လာသည်။ ထိုရနံ့၏ကြားတွင် ဆော့စ်၏ပြင်းထန်သောရနံ့နှင့် အသား၏ရနံ့များပူးပေါင်းပါဝင်နေသည်။


ငရဲဘုရင်၏မျက်လုံးများ ကျွတ်ထွက်လာမလိုပြူးကျယ်လာသည်။ နှာခေါင်းရှုံ့၍အနံ့ခံလိုက်သောအခါ အသူရာ အနံ့ဖျော့ဖျော့ကိုရလိုက်သည်။


၎င်းသည် အစပ်ချောင်း၏ရနံ့နှင့်တူညီပေသည်။


"အား... ငါသေတော့မယ်.. ဒါအစပ်ချောင်းရဲ့အနံ့ကြီးလေကွာ..."


ငရဲဘုရင်၏မျက်နှာ လုံးလုံးလျားလျားပြောင်းလဲသွားပြီး မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ အော်ဟစ်လိုက်သည်။


ပါပီလီယွန်အသားကင်သည် ကြော်ပြီးကတည်းက ထိုနေရာတွင်တင်ထားခြင်းခံရသောကြောင့် အနည်းငယ်အေးသွားပြီဖြစ်သည်။ အသားသည် နူးညံ့သွားပြီဖြစ်ကာ အရသာသည်လည်း ပို၍ကောင်းသွားပေသည်။ ဆော့စ်နှင့်တွဲဖက်လိုက်သောအခါ ၎င်းအနံ့သည် လူတိုင်း၏ အနံ့ခံအာရုံကိုလာရောက်ကျီစယ်နေတော့သည်။


ပုဖန် ထပ်မစောင့်နိုင်တော့ပေ။


"ဝုတ်... ကောင်လေးပုဖန် ခွေးဘုရင်စားချင်တယ်လို့ကွ..."


ခွေးဘုရင်၎င်း၏ အစွယ်ထုတ်၍ ပြောလိုက်သည်။


ပုဖန် ခွေးဘုရင်ကို ဆွေးကြည့်လိုက်ပြီး မဲ့ပြုံးတစ်ခုကိုပြုံးလိုက်သည်။


"ပါပီလီယွန်အသားကင်ကိုစားတဲ့နေရာမှာ အရေးကြီးတာကဘယ်လိုစားတယ်ဆိုတာပဲ... အသားကင်ကိုကျက်သရေရှိရှိစားတာက နှလုံးသားကိုနွေးထွေးစေပြီး မျက်စိပဒေသာဖြစ်စေတယ်..."


ပုဖန် ပန်းကန်ပြားပေါ်ရှိ ဇွန်းနှင့်ခက်ရင်းကိုကိုင်ထားပြီး မေးလိုက်သည်။


"ဘလက်ကီ ငါ့ကိုကျယ်ကျယ်ဖြေစမ်းပါ... မင်းကခက်ရင်းနဲ့ ဓားကိုဘယ်လိုကိုင်မှာတဲ့လဲ..."


ခွေးဘုရင်တောင့်ခဲသွားသည်။


လူတိုင်း တောင့်ခဲသွားသည်။


ဒါကိုစားဖို့ဓားနဲ့ခက်ရင်းကလိုသေးတာလား... ဘာလို့တူနဲ့ပဲ တိုက်ရိုက်နှိုက်မစားရတာလဲ...


ဒီလောက်ကြီးတဲ့ အသားတုံးကြီးကို လက်နဲ့ဒီတိုင်းပဲကိုင်ပြီး ကိုက်ချလိုက်ရင် ဘယ်လောက်တောင် စိတ်ကျေနပ်စရာကောင်းလိုက်မလဲ....


ဘေးရှိလူများကို ဂရုမစိုက်တော့ပဲ ပုဖန်တစ်ယောက် ဓားကိုဘယ်လက်တွင်ကိုင်ပြီး ခက်ရင်းကိုညာလက်တွင်ကိုင်လိုက်သည်။ ခါးကိုလည်း စုတ်တံတစ်ချောင်းလိုဖြောင့်မတ်စွာထိုင်လိုက်သည်။


ပထမဆုံး ဓားကိုအသုံးပြုကာ အသားကင်ပေါ်ရှိဆောစ်များကိုဖြန့်လိုက်သည်။ ထို့နောက် အသားပေါ်ရှိ အမှတ်များကိုရှာလိုက်သည်။ နဂိုကတည်းက နဂါးအသားပေါ်တွင် အသားလိုင်းများရှိပေသည်။


မှန်ကန်သည့် လားရာဘက်နှင့်ဆိုပါက ဖြတ်တောက်ရန်မခက်ခဲတော့ပေ။ ထို့အပြင် စားသည့်အခါတွင်လည်း အသားသည်ပို၍အရသာရှိပေသည်။


လူတိုင်း၏ စူးရှသောအကြည့်များအောက်တွင်


ပုဖန် ခက်ရင်းကိုသုံး၍ ပါပီလီယွန်အသားကင်ကိုဖိထားပြီး ညာဘက်လက်တွင်ဓားကိုကိုင်ထားသည်။ ထို့နောက် မျဉ်းကြောင်းတစ်လျှောက်ကို သုံးဆယ်ဒီဂရီကျကျ လှီးဖြတ်လိုက်သည်။


ပုဖန် လှီးဖြတ်လိုက်သောအခါ ဘေးရှိပွဲကြည့်ပရိတ်သတ်များ၏ပါးစပ်များသည် အသားကိုဓားဖြင့်လှီးလိုက်သံပီပီသသကြားလိုက်ရသလိုပုံစံဖြင့် ပွင့်ဟသွားလေသည်။


အသားတစ်ပိုင်းကိုလှီးဖြတ်လိုက်ပြီးသည်နှင့် ပုဖန်သည် ခက်ရင်းဖြင့်ထိုးယူကာ သူ့ပါးစပ်ထဲကိုထည့်လိုက်သည်။


သူ့ပါးစပ်ထဲအသားပိုင်းဝင်သွားသောအခါ မျက်ခုံးပင့်မိသွားသည်။


စည်းစနစ်ကျကျဝါးလိုက်ပြီး ဝါးနေချိန်တွင် သူ့ပါးစပ်ထဲ၌ အသားရည်များ ထွက်ပေါ်သည်။


နဂါးအသားအတွင်းရှိ အသားရည်များသည် ပုဖန်ကို လုံးဝဖမ်းစားသွားခဲ့သည်။ ကောင်းစွာကျက်လုနီးပါးဖြစ်သော မကျက်တကျက် ပါပီလီလွန်အသားကင်တွင် အချိုဓာတ်အနည်းငယ်ပါနေကာ ၎င်း၏ ပြိုင်ဘက်ကင်းနူးညံ့သောအရာသာကိုထိန်းသိမ်းထားပေသည်။


အသားကင်သည် တုနှိုင်းမဲ့နူးညံ့ကာ သူဝါးလိုက်သောအခါတွင် ထောပတ်နှင့်တူသောအရသာကချက်ချင်းပေါက်ကွဲထွက်လာပြီး မျက်လုံးများကိုပင် မှေးစင်းသွားပေသည်။ 


ဂလုကနဲမြည်သံဖြင့် ပုဖန်နဂါးအသားကိုမြိုချလိုက်သည်။ အသားသည် သူ၏လည်ချောင်းမှတစ်ဆင့် အစာအိမ်ထိတိုင်အောင်ကျဆင်းသွားလေသည်။


အသူရာငရုတ်အနှစ်သည် ပြိုင်ဘက်ကင်းအစပ်အရသာကိုဆောင်ကျဉ်းပေးပြီး ပုဖန်၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်ရှိ ချွေးပေါက်များကိုပွင့်သွားစေသည်။ 


အစပ်အရသာသည် အသား၏ရနံ့ကိုပိုမိုသိပ်သည်းသွားစေကာ ပို၍သန့်စင်ပြီးလတ်ဆတ်သောအရသာကိုရစေသည်။ ၎င်းသည် အသားကင်ကိုထပ်ကာထပ်ကာစားချင်စိတ်ဖြစ်ပေါ်စေသည်။


သိမြင်မှုရေခဲမီးလျှံဝိုင်ကိုကိုင်ပြီး ရေခဲသလင်းကျောက်ဝိုင်ခွက်ကို ဖြေးဖြေးချင်းဝှေ့ယမ်းလိုက်သည်။ ခွက်အတွင်းရှိဝိုင်သည် ဝဝီဝီမြည်သွားပေသည်။


အသားကင်တစ်ကိုက်စား ပြီးရင်ဝိုင်တစ်ငုံသောက်.... လုံးဝနိဗ္ဗာန်ပဲ..


ဝိုင်သည် အေးစက်နေကာ ပါးစပ်ထဲရောက်သွားသည်နှင့် လည်ချောင်းတစ်လျှောက်ပူဆင်းသွားသည်။ သိမြင်မှုရေခဲမီးလျှံသည် အလွန်အမင်း ခံစားလို့ကောင်းပေသည်။ ပါပီလီယွန်အသားကင်နှင့်တွဲဖက်လိုက်သောအခါ ပုဖန်တစ်ယောက် မျက်လုံးများမှိတ်သွားအောင်ပျော်မွေ့နေပြီး သက်ပြင်းဖွဖွပင်ချလိုက်သေးသည်။


ထို့နောက်သူ မျက်လုံးဖွင့်လိုက်ပြီး အသားကိုဆက်လှီးလိုက်သည်။


ငရဲဘုရင်အာဟနှင့် ကျန်သူများသည် ပုဖန်၏စားသောက်နည်းက အလွန်ပြိုင်ဘက်ကင်းကာ ထူးခြားသည်ဟုခံစားနေရသည်။


အသားစားရန်ဓားနှင့်ခက်ရင်းကိုအသုံးပြု၍ရသည်ဟု မည်သူမျှမတွေးဖူးကြပေ။ ထို့အပြင် ပို၍ထူးခြားသည်မှာ ပုဖန်စားနေသည်မှာအလွန်ကြည့်ကောင်းနေခြင်းဖြစ်သည်။


ပုဖန်စားသည့်နည်းလမ်းနှင့်ယှဉ်ကြည့်လျှင် လက်ဗလာဖြင့် အသားကိုကိုင်၍ကိုက်စားခြင်းသည် အတော်လေးသာမန်ဖြစ်နေသည်။ 


ဒါပေမယ့် အသားကိုအတုံးသေးသေးလေးလှီးလိုက်တာနဲ့ အဲ့အတုံးလေးထဲကဘယ်လိုအရသာများထွက်လာမလဲ...


ပုဖန်ဓားနှင့်လှီးဖြတ်နေသောကြောင့် ဆီနှင့်အသားရည်များထွက်ပေါ်လာသည်ကိုကြည့်ကြီး ငရဲဘုရင်အာဟနှင့်အခြားသူများတံတွေးမြိုချမိလိုက်သည်။


အခြားသူများ သူတို့ရှေ့တွင် စားသောက်ဖွယ်ရာများစားပြနေခြင်းသည် အမှန်စင်စစ်နှိပ်စက်ခြင်းတစ်မျိုးဖြစ်ပေသည်။


ဂြီ


ငရဲဘုရင်အာဟ၏အစာအိမ် အော်မြည်လာသည်။ ဗိုက်ကိုပွတ်ပြီးအစပ်ချောင်းတစ်ချောင်းကိုထုတ်ယူလိုက်တော့သည်။ ထိုအချိန်တွင် အစပ်ချောင်းသည်ပင် သူ၏ထိခိုက်ပျက်စီးသွားသော နှလုံးသားလေးကိုနှစ်သိမ့်မပေးနိုင်တော့ပေ။


အစပ်ချောင်းကိုကိုင်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်ချိန်တွင် ခံစားရသည့်ခံစားချက်လေးသည် ငရဲဘုရင်အာဟကို ပါပီလီယွန်အသားကင်မှပေးသည့်နာကျင်မှုကိုခဏမျှမေ့သွားစေသည်။


အခြားသူများက ကံမကောင်းကြချေ။ သူတို့သည် ပုဖန်စားနေသည်ကို မျက်လုံးပြူးလေးဖြင့်ကြည့်နေကြရုံသာတတ်နိုင်သည်။


ခဏအတွင်းတွင် ပါပီလီယွန်အသားကင်တစ်ခုလုံး ကုန်ဆုံးသွားတော့သည်။


ပုဖန်သည် သိမြင်မှုရေခဲမီးလျှံဝိုင်ကိုဖြေးဖြေးချင်း အရသာခံ၍သောက်နေလိုက်သည်။ ဝိုင်သည်ပါးစပ်ထဲသို့ဝင်ရောက်လာပြီး အစာအိမ်ထိတိုင်အောင် ပြည့်သွားစေကာ သူ့ကိုဗိုက်ပြည့်သွားသည်ဟုခံစားရစေသည်။


အသားစား၍ပြီးသွားပြီး ဝိုင်လည်းသောက်၍ပြီးလေပြီ။


ပုဖန် ဓားနှင့်ခက်ရင်းကိုဘေးတွင်ချလိုက်ပြီး အဝတ်စဖြူကိုယူကာ ပါးစပ်သုတ်လိုက်သည်။


ထို ကျက်သရေရှိလှသောလှုပ်ရှားမှုသည် စီးဆင်းနေသောရေနှင့်လွင့်မျောနေသောတိမ်များကဲ့သို့ ချောမွေ့ပြေပျစ်နေလေရာ ဘေးရှိလူများ၏ပင် မှင်သက်သွားမိလေတော့သည်။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်သည် ထူးဆန်းသောအကြည့်ဖြင့်ကြည့်နေသည်။ 


အဲ့တော့ အစားတစ်လုပ်စားဖို့ အဲ့လောက် အာရုံစိုက်ထားဖို့လိုတယ်ပေါ့လေ...


ဂေ့


ပုဖန် လေချဉ်တက်လိုက်ပြီး အသားနံ့အနည်းငယ် ထွက်ပေါ်လာသည်။


ပွဲကြည့်ပရိတ်သတ်များသည် အရိုက်ခံချင်နေသည့်ပုံစံဖြစ်နေသော ပုဖန်၏လှုပ်ရှားမှုကိုကြည့်နေကြသည်။


သူတို့တစ်ယောက်ယောက်ကို တကယ်ကြီးရိုက်ပစ်ချင်နေပါပြီနော်....


"ကောင်လေးပုဖန် မင်းကို ခွေးဘုရင်က တစ်ချက်လောက်ရိုက်ပြီးကောင်းကင်ကိုပို့ပစ်ချင်နေပြီ..."


ခွေးဘုရင်၏ နူးညံ့၍ဆွဲဆောင်မှုရှိသောအသံသည် ဒေါသအနည်းငယ်စွက်နေပေသည်။


ပန်းပွင့်လေးသည်ပင် ပုဖန်ကိုစိုက်ကြည့်နေလေသည်။ သူမ၏လက်များကိုတင်ပါးပေါ်တင်ကာ ပုဖန်ကိုအပေါက်ဖောက်ချင်နေသလိုကြည့်နေသည်။


နယ်သာရီ၏မျက်နှာသည် ရေခဲတုံးလိုအေးစက်နေသည်။အနက်ရောင် ဆံနွယ်များသည် သူ့အလိုလိုရွေ့လျားနေကာ မျက်လုံးများသည်လည်း ပို၍နက်မှောင်လာတော့သည်။ 


"နတ်ဆိုးနဂါးဆီက ပါပီလီယွန်အသားခြောက်ခုကိုဖြတ်ထုတ်နိုင်ခဲ့တယ်... ငါတစ်ခုစားပြီးပြီ မင်းတို့အတွက်လုံလုံလောက်လောက်ကျန်နေသေးတယ်... စားချင်ရင် နတ်ဆိုးနဂါးတွေထပ်ဖမ်းခဲ့ပေါ့...."


ပုဖန်ပြောလိုက်သည်။


လူတိုင်း အေးခဲသွားပြီး ခဏအကြာတွင်းစိတ်လှုပ်ရှားလာကြတော့သည်။


ပုဖန်သူတို့ကို ပါပီလီယွန်အသားကင်လုပ်ပေးမှာလား...


အာ... မဟုတ်သေးပါဘူး....


ငရဲဘုရင်အာဟသည် ပါးစပ်ထဲတွင်အစပ်ချောင်းကိုထည့်ထားကာ ဂရုတစိုက်ရေတွက်လိုက်သည်။


ဒီမှာခွေးဘုရင်အပါအဝင် ခြောက်ယောက်ရှိတယ်... ပါပီလီယွန်အသားကင်ကငါးခုစာကျန်တယ်ဆိုတော့ မင်းဘယ်လိုရေနေနေ မလောက်ဘူးလေ...


ထို့နောက် ငရဲဘုရင်အာဟသည် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်ကို သနားသလိုကြည့်လိုက်သည်။


"လူအိုကြီးမို.. ဒီဘုရင်ဖြင့်မင်းကိုသနားလိုက်တာ... အဆုံးမှာတော့ မင်းကငါတို့ထဲကလူမဟုတ်ဘူးလေ... ကံကောင်းစွာဖြင့် မင်းရဲ့သူတော်စင်သမီးတော်ကအိပ်ပျော်နေလို့ပေါ့ .. မဟုတ်ရင် ဒီဘုရင်ရဲ့အသားပိုင်းကသူ့ဆီပါသွားဦးမှာ...."


ငရဲဘုရင်အာဟသည် ပါးစပ်ကိုလက်တစ်ဖက်ဖြင့်အုပ်၍ ရယ်မောနေပေသည်။


မိုထျိန်းကျီ၏မျက်နှာ မဲမှောင်သွားသည်။


သို့သော် ပုဖန်သည် အာဟကိုကြည့်၍ပြောလိုက်သည်။


"မင်းကအစပ်ချောင်းစားနေတာမဟုတ်ဘူးလား... ပါပီလီယွန်အသားကင်ကိုဘာကိစ္စကြောင့်စားချင်နေရသေးတာလဲ..."


ရယ်မောသံချက်ချင်းပင်ရပ်သွားတော့သည်။