အခန်း ၈၅၄
ဖန်ဖန်ဆိုင်ငယ်လေးသို့ပြန်လာခြင်း...
နှင်းမုန်းတိုင်း အတွင်းမှ ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုကိုကြည့်၍ ကျောက်ခရမ်းအကြီးအကဲ၏ မျက်နာက အနည်းငယ် တင်းမာသွားသည်။
ငရဲဘုရင်သည် ကျေနပ်စွာဖြင့် လက်ပိုက်ထားပြီး အရှေ့သို့ ဖြေးညှင်းစွာ လျှောက်လာသည်။သူ့၏ အနက်ရောင်ဆံနွယ်များထက်တွင်လည်း နှင်းမုန်းတိုင်းများ ကပ်တွယ်နေ၏။
အစပ်ချောင်းနှင့် အရသာကောင်းမွန်လှသော ပါပီလီယွန် အသားကင်တို့ကို စားပြီးနောက် သူ အမှန်တကယ်ပင် စိတ်ကျေနပ်နေမိသည်။သူ့၏ နောက်သို့ လိုက်ပါလာသော သူတော်စင်သမီးတော် ဇီယွင်ကလည်း သူပျော်မြူးနေသည်ကို မြင်သောကြောင့် ဝမ်းသာပျော်ရွှင်သွားခဲ့သည်။
ရုတ်တရက် သူမ၏ ခြေထောက်များ တောင့်ခဲသွားပြီး မျက်ဝန်းများပြူးကျယ်သွားသည်။သူမတို့၏ ရှေ့၌ နှင်းမုန်းတိုင်းကြားထဲတွင် ရပ်နေသောခရမ်းရောင်ဆံပင်များနှင့် လူတစ်ယောက်ရှိနေသည်။
ရင်းနီးကျွမ်းဝင်နေသော ပုံရိပ်က သူမကို တုန်လှုပ်သွားစေပြီး မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
"အဖေ..."
သူက အစွမ်းထက်လှသော ကျောက်ခရမ်းအကြီးအကဲကို သေချာကြည့်ရန်ပင် ကြောက်ရွံ့တုန်လှုပ်နေလေသည်။
"နောက်ဆုံးတော့ ကျောက်ခရမ်းအကြီးအကဲ ကိုယ်တိုင် ရောက်လာတာလား..."
ကောင်းကင်ဘုံ နွေဦး သန့်စင်နယ်မြေမှ ထွက်ပြေးလာသော ဇီယွင်အနေဖြင့် ဇီယွင်၏ စိတ်ထဲတွင် ကမောက်ကမ အထြေအနေဖြစ်နေလေသည်။အဘယ့်ကြောင့်ဆိုသော် ကျောက်ခရမ်းအကြီးအကဲ ဒီနေရာ၌ ရှိနေပြီဖြစ်သောကြောင့် သူမတို့ သန့်စင်နယ်မြေသို့ ပြန်ရမည်ကို သိနေပေပြီ။
သူမ ပြန်မသွားချင်ပေ။အစားကြူးတောင်ကြားတွင် နေခဲ့ရသော အချိန်များက သူမအတွက် လွတ်လပ်ပြီး ပျော်ရွှင်မှုများရရှိခဲ့သည်။အထူးသဖြင့် ခန့်ညားချောမောလှသော အကိုဟနှင့် တွေ့ဆုံခဲ့ရခြင်းပင်ဖြစ်သည်။
သူမကောင်းကင်နွေဦး သန့်စင်နယ်မြေသို့ ပြန်သွားသည်နှင့် သူမအာဟနှင့် တွေ့ရတော့မည်မဟုတ်ပေ။ထ်ိုကဲ့သို့ ခက်ခဲသော အချိန်များကို သူမမခံစားနိုင်ပေ။
ကျောက်ခရမ်းအကြီးအကဲက လက်ပိုက်လိုက်ပြီး သူတော်စင်သမီးတော် ဇီယွင်ကို အေးစက်စွာကြည့်လိုက်သည်။သူ့၏ မျက်နာထားက တကယ့်ကို တင်းမာခတ်ထန်နေပေသည်။
"ငါက နင့်ရဲ့ မိဘဖြစ်တယ်ဆိုတာကိုတော့ သိသေးတယ်ပေါ့ အရူးမလေး အိမ်ကနေ ဒီလောက်အကြာကြီး ထွက်သွားပြီး ပြန်လာဖို့ သတိမရသေးဘူးလား..."
ကျောက်ခရမ်းအကြီးအကဲက အေးစက်စွာ မေးလိုက်သည်။ထိုမေးခွန်းကို ကြားလိုက်သည်နှင့် သူတော်စင်သမီးတော် ဇီယွင် ကြောက်ရွံ့ထိတ်လန့်မှုကို မထိန်းချုပ်နိုင်တော့ပေ။သို့သော်လည်း ကျောက်ခရမ်းအကြီးအကဲက သူမ၏ အဖြေကို စောင့်မနေပဲ ဘေးတွင်ရှိနေသောငရဲဘုရင်ကိုကြည့်လိုက်သည်။
သူမျက်ဝန်းများ မှေးစင်းလိုက်ပြီး ငရဲဘုရင်ကို ဖောက်ထွင်းမြင်ရမတက် စိုက်ကြည့်လိုက်သည်။
"ဒါ ငါရဲ့သမီးကို လုယူသွားတဲ့ ကောင်စုတ်လေးလား ..."
သူ့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသောဖိအားတစ်ရပ် ထွက်ပေါ်လာသည်။နှင်းမုန်းတ်ိုင်းများ ကျဆင်းနေသော ကောင်းကင်တစ်ပြင်လုံးပင် အေးခဲ ရပ်တန့်သွားသလို ထင်လိုက်ရသည်။
သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသောဖ်ိအားတစ်ရပ် ထွက်ပေါ်လာသည်။နှင်းမုန်းတိုင်းများ ကျဆင်းနေသော ကောင်းကင်တစ်ပြင်လုံးပင် အေးခဲ ရပ်တန့်သွားသလို ထင်လိုက်ရသည်။
ငရဲဘုရင်ကလည်း ထိုကဲ့သို့သော လူတစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူရှေ့မှလူသည်။ကပ်တွယ်တက်သော အင်းဆက်လေး၏ အဖေဖြစ်ပေလိမ့်မည်။
"ကမ္ဘာလောကကြီးကို ကျေးဇူးတင်ပါတယ် နောက်ဆုံးတော့ ဒီ ပလာစတာလိုလူကို ဖယ်ရှားပေးမယ့်လူ ရောက်လာပြီ...ကောင်မလေး ဇီယွင် မင်းအဖေက မင်းကို စားဖို့သောက်ဖို့ အတွက် အိမ်ပြန်ခိုင်းနေတယ်..."
ငရဲဘုရင် စိတ်လှုပ်ရှားစွာဖြင့် ဇီယွင်ဘက်သို့လှည့်ကြည့်ပြီး အော်ပြောလိုက်သည်။ဇီယွင်ငရဲဘုရင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"အကိုဟ ပါးစပ်ပိတ်ထား စကားမပြောနဲ့..."
ငရဲဘုရင် ပါးစပ်မြန်မြန်ပိတ်လိုက်သည်။ဒီကောင်မလေး ဇီယွင်က တကယ်ကို ဒေါသကြီးပေသည်။
"ထားလိုက်ပါတော့လေ...ဒီဘုရင်ကလည်း ဒီကောင်မလေးနဲ့ ပတ်သတ်စရာမရှိပါဘူး..."
ကျောက်ခရမ်းအကြီးအကဲ၏ နှာခေါင်းမှ အငွေ့များထွက်လာသည်ကိုပင် တွေ့မြင်နေရသည်။သူဒေါသထွက်လွန်းစွာဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
"ဒီကောင်မလေးက သူရှေ့မှာတောင်မှ ပရောပရီ လုပ်ရဲနေတာလား...ဒီအဖေက အလှပြ သပ်သပ် ရောက်လာတယ်လို့များ ထင်နေတာလား...သူတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့ အချိန်တိုလေးအတွင်းမှာ ဒီကောင်မလေးက ကောင်းကင်ဘုံကို တောင် တက်သွားသလိုမျိုးပဲ ..."
သူ့နှလုံးသားတွင် ဒေါသလှိုင်းများ ပြည့်နှက်နေသောကြောင့် ငရဲဘုရင်ကိုကြည့်နေသော မကြည့်များက ပို၍ပင် အေးစက်လာလေသည်။
"ဒီကောင် သူ့ရုပ်ရည်က ချောမောတယ်ဆိုတာနဲ့ ကောင်မလေးတွေကို ကြိုက်တဲ့အချိန် လှည့်စားနိုင်တယ်လို့ ထင်နေတာလား...ဇီယွင် ဒီကိုလာ အဖေနဲ့ အတူ သန့်စင်နယ်မြေကို ပြန်လိုက်ခဲ့ ...ကလေးရဲ့ အမေက ကလေးကို လွမ်းနေပြီ..."
ကျောက်ခရမ်းအကြီးအကဲ၏ စကားကို ကြားသည်နှင့် ဇီယွင်၏ နှုတ်ခမ်းပါးလေးများ လှုပ်ခတ်သွားပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ထို့နောက် အာဟ၏ အင်္ကျီစကို ဆွဲ၍ ခပ်တိုးတိုးပြောလိုက်၏။
"အကိုဟ ငါပြန်မသွားချင်ဘူး..."
ငရဲဘုရင် မျက်ခုံးပင့်လိုက်သည်။ထို့နောက် သူ ဇီယွင်က်ို စိတ်ရှည်လက်ရှည် နားချဖို့ ပြင်ဆင်ထားပုံမ်ျိုးနှင့် လှည့်ကြည့်လိုက်သည်။
"ကောင်မလေး ဇီယွင် မင်းမှားနေပြီ အခု မင်းအမေတောင်မှပဲ ထမင်းပြန်လာစားဖို့ ခေါ်နေပြီလေ...ဒီတော့ မင်းသူမကို ငြင်းပယ်လို့ မရဘူး..."
ယခုလက်ရှ်ိအချိန်၌ သူတော်စင်သမီးတော် ဇီယွင်သည် အုတ်ခဲ တစ်လုံးကိုကောက်ယူ၍ ငရဲဘုရင်၏ခေါင်းကို ရိုက်ခွဲချင်နေသည် ။
"ဒီလူရဲ့ ခေါင်းထဲမှာ အစပ်ချောင်းတွေပဲ ပြည့်နေတာလား..."
အာဟ၏ စကားကြောင့် ကျောက်ခရမ်းအကြီးအကဲ ပို၍ ဒေါသထွက်သွားသည်။
"ဒီကောင် ပါးစပ်ဟလိုက်တိုင်း ဇီယွင်ကို မကြိုက်သလိုပဲ ပြောနေတယ်...ဒီကောင်က သေချင်နေတာပဲ...ကျောက်ခရမ်းအကြီးအကဲရဲ့ သမီး ဇီယွင်ကိုဘယ်သူမှမကြိုက်ဘူးဆိုရင်တောင် မင်းလိုကောင်က သူမကို မကြိုက်ဖို့တောင် မထိုက်တန်ဘူး ...ဇီယွင် အဖေနဲ့အတူ ပြန်လိုက်ခဲ့..."
နှင်းမုန်းတိုင်းများပြည့်နေသော ကမ္ဘာကြီးပင် ပေါက်ကွဲသွားစေလောက်သော မိုးခြိမ်းသံမျိုးဖြင့် ကျောက်ခရမ်းအကြီးအကဲ အော်ပြောလိုက်သည်။
ဇီယွင်၏ နှုတ်ခမ်းပါးများ တုန်ယင်နေပြီး သူမ၏ မျက်နာပေါ်၌လည်း ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"သမီး ပြန်မလိုက်ဘူး..."
သူမအနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။သူမ၏ မျက်နာပေါ်တွင်လည်း ဆုံးဖြတ်ချက် တစ်ခုချထားသည့်ဟန် အထင်းသားပေါ်လွင်နေသည်။
ငရဲဘုရင်အနေဖြင့် ထိုကလေးမလေး၏ ယခုကဲ့သို့ ပြတ်သားသည့် အမူအရာမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။သူ ကျောက်ခရမ်းအကြီးအကဲဘက်သို့လှည့်၍ ပြောလိုက်သည်။
"ကောင်းပြီ ကလေးမလေး ဇီယွင်က ခင်ဗျားနဲ့ ပြန်မလိုက်ချင်ဘူးဆိုမှတော့ ခင်ဗျားသူ့ကို အတင်းဖိအားမပေးနဲ့ ဒါကိုစကားနဲ့ပဲ ဖြေရှင်းကြရအောင်..."
"မင်းက ဘယ်သူမို့လို့ လာဝင်ပြောနေတာလဲ မင်းနဲ့ ရန်ကြွေးကို နောက်မှရှင်းမယ် ငါ့သမီးက ကြုံရာလူ အနိုင်ကျင့်လို့ရတဲ့ သူမျိုးမဟုတ်ဘူး..."
ကျောက်ခရမ်းအကြီးအကဲက အေးစက်စွာပြောလိုက်ပြီး ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်များက ငရဲဘုရင်ဆီသို့ ဦးတည်၍ ပျံသန်းသွားလေသည်။
ကျဆင်းနေသောနှင်းမှုန်များက ပေါက်ကွဲလွင့်စင်သွားလေရာ ထ်ိုစွမ်းအားများမည်မျှသန်မာကြောင်းငရဲဘုရင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။ငရဲဘုရင်၏ မျက်ဝန်းများမှေးကျင်းသွားပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ထို့နောက် စွမ်းအင်လှိုင်းများကို လက်ညှ်ိုးနှင့် အသာအယာထိလ်ိုက်သည်နှင့် ချက်ချင်းပင်ပြိုကွဲသွားလေသည်။
"လူငယ်တွေက အရမ်းကို ဒေါသကြီးတာပဲ...ဒီဘုရင်က အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား...မင်းက ဘယ်တုန်းကများ ငါ့ကို သင်ပြပေးဖို့ အရည်အချင်းပြည့်မီလာရတာတုန်း..."
ငရဲဘုရင် အေးစက်စွာဖြင့် ပြောလိုက်ပြီးသူ့၏ အင်္ကျီလက်စကို ခါယမ်းလိုက်သည်။သူ့၏ မျက်ဝန်းအကြည့်များကလည်းအေးစက်လာလေသည်။
"မင်းကသာ ငါ့သမီးကို အန်ိုင်ကျင့်နေပြီးတော့ ဒီလိုပုံစံမျိုးစကားပြောရဲသေးတယ်ဟုတ်လား..."
ကျောက်ခရမ်းအကြီးအကဲ ဆံပင်များပင်လွင့်ပျံသွားမတက် ဒေါသထွက်စွာ အော်လိုက်သည်။ထို့နောက် မြေပြင်ကို ခြေတစ်ချက်စောင့်နင်းလိုက်သည်နှင့် မြေပြင်အကွာအဝေးကျုံ့သွားသလိုပင် ထင်လိုက်ရသည်။
သူ့၏ နေရာတွင် အလင်းတစ်ချက် ဖြတ်ခနဲ လက်သွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ငရဲဘုရင်၏ ရှေ့၌ ပြန်ပေါ်လာသည်။ထို့နောက် သူတို့ တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲ စ်ိုက်ကြည့်နေကြ၏။ကျောက်ခရမ်းအကြီးအကဲက လက်ကို လွှဲယမ်းလိုက်ပြီး ငရဲဘုရင်က်ို ရိုက်ရန် ရည်ရွယ်လိုက်သည်။
ကျောက်ခရမ်းအကြီးအကဲက ဂုဏ်သိက္ခာရှိသော လူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူ့၏ ရန်သူကို သမာသမတ်ကျကျသာ ရင်ဆိုင်လိုက်လေသည်။
ဒီကောင်စုတ်က မည်မျှ အားနည်းကြောင်း ဇီယွင် သိဖို့ လိုအပ်ပေသည်။ဒီလူက သူမအတွက် မှန်ကန်သည့် ရွေးချယ်မှုမဟုတ်ကြောင်း သိစေရပေမည်။
သို့သော်လည်းသူ့၏ ရိုက်ချက် မကျရောက်ခင်မှာပင် ငရဲဘုရင်က လက်ချောင်းလေးအသာမြှောက်လိုက်ပြီး သူ့လက်ကို ထိကာတွန်းဖယ်ပစ်လိုက်သည်။
ကျောက်ခရမ်းအကြီးအကဲ အေးခဲသွားပြီး မျက်ဝန်းများ စူးရှသွားလေသည်။ထိုကောင်စုတ်လေးက သူ့၏။ရိုက်ချက်က်ို အလွယ်တကူတားဆီးနေလေရာ သူ့၏ ကျင့်ကြံဆင့်မှာ မြင့်မားလှကြောင်း သံသဟရှိစရာမလိုတော့ပေ။
"ကျင့်ကြံစိတ်လေးမြင့်မားရုံနဲ့ သူ့ရဲ့ သမီးကို ခေါ်သွားနိုင်မယ်လို့ မထင်လိုက်နဲ့..."
သူ့၏ စွမ်းရည်များက ကြမ်းတမ်းစွာ လှည့်ပတ်လာပြန်သည်။ထို့နောက် ဒီတစ်ကြိမ်တွင် ငရဲဘုရင်ကို လက်သီးဖြင့်ထိုးလိုက်သည်။ဒီတစ်ကြိမ်၌ ငရဲဘုရင်ကလည်း ခုခံရုံသာ မတိုက်ခိုက်ပေ။သူ့၏ လက်မောင်း၌ စွမ်းအင်များရစ်ဝဲလာပြီးနောက် ကျောက်ခရမ်းအကြီးအကဲကို အဝေးသို့ လွင့်သွားအောင် ရိုက်ထုတ်လိုက်လေသည်။
ဇီယွင် နှုတ်ခမ်းပါးလေးကို အသာဖိကိုက်လ်ိုက်သည်။သူမ၏ မျက်ဝန်းများထဲတွင်လည်း ဝေခွဲမရဟန်များ ပေါ်လာလေသည်။ကျောက်ခရမ်းအကြီးအကဲ ဒေါသအပြည့်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
"ဒီကောင်စုတ်လေးက ငရဲကမ္ဘာသက်ရှိလား...ကျောက်ခရမ်းအကြီးအကဲတစ်ယောက်ရဲ့ သမီးက ငရဲကမ္ဘာသက်ရှိတစ်ယောက်ကို ချစ်ကျွမ်းဝင်သွားတယ်တဲ့လားဒါက လုံးဝ ခွင့်ပြုပေးလို့မရတဲ့အရာပဲ..."
သူမတ်တပ်ရပ်လိုက်သည်နှင့် သူ့လက်မောင်းမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ထိုစွမ်းအင်များက တဖြေးဖြေးချင်းပြန့်ကားထွက်သွားလေသည်။
ငရဲဘုရင် ကျောက်ခရမ်းအကြီးအကဲကို စူးစ်ိုက်ကြည့်ရင်း အံ့အားသင့်သွားသည်။
"ဟမ်...ဒီလူရဲ့ ခန္ဓာကိုယ်မှာ ငရဲစွမ်းအင်တွေ ရှိနေပါလား..."
သူအံ့အားတကြီး ရေရွတ်လိုက်မိသည်။
"မင်းက ငရဲကမ္ဘာက လာတာလား..."
ကျွီ...
၎င်းက အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့သော တံခါးရွက်ကို ဖွင့်လိုက်ရာမှ မြည်သံဖြစ်သည်။ထိုစူးရှသော အသံကို ကြားလိုက်ရသည့် သူများက သူတို့၏ နားများ နာကျင်သွားသလိုပင် ခံစားလိုက်ရသည်။
ထိုတံခါးပေါက်မှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။သူ့၏ နောက်တွင် အလွန်လှပပြီး ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ယောက်ပေါ်လာ၏။
ပြတင်းပေါက်...တခြားအရာများအားလုံးက အနည်းငယ်မျှပင် ပြောင်းလဲမှုမရှိပဲ နဂ်ိုအတိုင်းပင်ဖြစ်သည်။ပုဖန်နှင့် နီယန်က ထိုအခန်းထဲတွင် ရပ်နေသည်။လေထုက အနည်းငယ်ကသိကအောင့် ဖြစ်နေလေသည်။
"ပုဖန် ရှင်ကျွန်မကို လာနောက်နေတာလား...တံခါးကနေဖြတ်လာပြီးတော့လည်း တူညီတဲ့ နေရာကိုပဲ ရောက်လာတယ်..."
ပုဖန် စကားတစ်ခွန်းမှမဆိုပဲ သူမကို တစ်ချက်စောင်းကြည့်လိုက်သည်။ထ်ို့နောက် သူအခန်းတံခါးကို ဖြတ်၍ လျှောက်သွားလေသည်။သို့သော်လည်း နီယန်က နေရာမှာတင် တောင့်တင်းစွာရပ်နေပြီးအခန်းကို ကြည့်ရှုအကဲခတ်လိုက်သည်။
သူမ၏ မျက်ဝန်းများ ပြူးကျယ်သွား၏ အဘယ်ကြောင့်ဆိုသော် ၎င်းက သူမတို့ အရင်ရှိခဲ့သည့် အခန်းနှင့် အနည်းငယ်ကွဲပြားနေပေသည်။အဘယ်ကြောင့်ဆိုသော် အရင်ကအခန်းထဲ၌ အိပ်ယာပေါ်တွင် သူမအိပ်ခဲ့သောကြောင့် စောင်က ပြန့်နေလေသည်။ယခုအခန်းတွင်မူ အိပ်ယာက သေချာစွာ သိမ်းဆည်းထားပေသည်။
"ဒါ ဘာအဓိပ္ပါယ်လဲ ဆိုလိုတာက သူမတို့ တခြားအခန်းကို ရောက်လာတာပေါ့...ဒါပေမယ့် ဘာလ်ို့ အခန်းက တစ်ထပ်တည်း တူညီနေရတာလဲ..."
နီယန် လေအေးတစ်ချက်ရှိုက်လိုက်သည်။သူမ၏ အိပ်ချင်မူးတူးဖြစ်နေမှုများ ပြေပျောက်သွားလေသည်။
ရှပ်...
ထို့နောက် သူမ ပုဖန်နောက်မှ လျင်မြန်စွာ လိုက်လာလေသည်။သူမ အနည်းငယ်လှမ်းပြီးသည်နှင့် ရင်းနီးနေသည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။
"ဒါက အစားကြူးတောင်ကြားမှ မဟုတ်တာ..."
လေထဲတွင် ပြန့်နှံ့နေသော စိတ်ဝိညာဉ် စွမ်းအင်များက ရုတ်တရက် ကျဆင်းသွားသည်။၎င်းက အစားကြူးတောင်ကြား၏ လေထုနှင့် မတူညီပေ။
သ်ို့သော်လည်း နီယန်က ထ်ိုအကြောင်းကိုအများကြီးမတွေးနိုင်တော့ပဲ ပုဖန်နောက်မှ မြန်မြန်ဆန်ဆန်လိုက်လာကာ သူမီးဖိုချောင်ထဲဝင်သွားသည်ကို ကြည့်နေလိုက်သည်။
သူမ မီးဖိုချောင်ထဲသို့ ဝင်တော့မလို ဖြစ်သွားသော်လည်းအရင်က ဝင်ဖို့ ကြိုးစားခဲ့ချိန်တွင် ပေါ်လာသော ခရမ်းရောင် အလင်းတစ်ချက်က်ို ပြန်သတိရသွားမိသည်။
၎င်းက သူမကို အနည်းငယ်စိတ်မသက်မသာဖြစ်စေသည်။ထို့ကြောင့် သူနောက်ပြန်လှည့်လိုက်ပြီး စားသောက်ခန်းဘက်သို့သာ သွားလိုက်သည်။သူမပုဖန်နောက်မှလိုက်လာပြီး ရင်းနီးနေသော အပြင်အဆင်များကို မြင်ရသည့် အခါ၌ ဇဝေဇဝါ ဖြစ်နေမိသည်။
ဒီနေရာ၌ချူချန်းရှန်လည်းမရှိသလို သိမြင်မှု သစ်သီးပင်လည်းမရှ်ိပေ။ခွေးနက်ကြီးနှင့် ငရဲကမ္ဘာသင်္ဘောလည်းမရှိပေ။တကယ့်ကိုပင် ဒီနေရာက အစားကြူးတောင်ကြားထဲမှ ထောင်တျဲ စားသောက်ဆိုင်မဟုတ်ပေ။
ထို့နောက် သူမ နံရံပေါ်ရှိ မီနူးကို ကြည့်လိုက်သည့်အချိန်၌ မျက်ဝန်းများ ပြူးကျယ်သွားသည်။ရင်းနီးကျွမ်းဝင်နေသောခံစားမှုလှိုင်းတစ်ခုက သူမ၏ နှလုံးသားကို လာရောက်ရိုက်ခတ်လေသည်။
ထိုအချိန်အတောအတွင်း၌ မီးဖိုခန်းထဲသို့ ဝင်သွားသောပုဖန်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။သူလက်ပိုက်၍ မီးဖိုခန်းထဲကို ကြည့်လိုက်သည်။ထ်ိုနေရာတွင် ရှောင်ရှောင်လုံလည်း မရှိနေပေ။ထိုနေရာက သူ့ကို သ်ိချင်စိတ်ဖြစ်ပေါ်သွားစေသည်။
"ဒီလိုမျိုးမဖြစ်သင့်ဘူးလေ ဒီအချိန်က ဆိုင်ဖွင့်ချိန်လေ...ဘယ်လိုလုပ်ပြီး စားဖိုမှူးမရှိရတာလဲ..."
သူ့၏ အလုပ်သင် စားဖိုမှူးနှစ်ယောက်၌ ရှောင်ရှောင်လုံ တစ်ယောက်တည်းသာ စားသောက်ဆိုင်တွင်ကျန်ခဲ့မှန်း သူသတိရပေသည်။ယုဖူက သူမ၏ မဟာမြွေလူသားမြို့တော်သို့ ပြန်သွားပြီး နန်းတော်ထဲတွင် အချက်အပြုတ်စွမ်းရည်များကို တ်ိုးတက်လာရန် လေ့ကျင့်နေခဲ့ပေသည်။
အကယ်၍ ပုဖန်သာမမှားလျှင် ယခုအခ်ျိန်၌ ယုဖူက မြွေမျိူးနွယ်စု၏ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာပေတော့မည်။မီးဖိုချောင်၏ အပြင်အဆင်ကလည်း တခြားနေရာများနှင့် အတူတူသာဖြစ်သည်။သူမီးဖိုခန်းထဲ ဝင်လိုက်သည်နှင့် ရင်းနီးကျွမ်းဝင်နေသည့် လေထုကို ခံစားမိလေသည်။
သူအငွေ့အသက်များကို ပျော်ရွှင်စွာ ခံစားလိုက်ပြီးနောက် မီးဖိုခန်းထဲမှ ထွက်ကာ စားသောက်ခန်းထဲသို့ လျှောက်လာခဲ့သည်။သူထင်ထားသကဲ့သို့ပင် ဆိုင်တံခါးက တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားလေသည်။
နီယန်က ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး စားပွဲပေါ်ခေါင်းတင်ကာ အိပ်ပျော်နေပေသည်။ပုဖန်၏ ခြေသံက သူမကို မနိုးသွားစေပေ။သို့သော်လည်း ယခုအခ်ျိန်၌ ပုဖန် သူမကို အိပ်ခွင့်မပြုနိုင်သောကြောင့် ခေါင်းကိုအသာအယာပုတ်လိုက်သည်။
နီယန်န်ိုးလာပြီးနောက် ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ပုဖန် သူမကို စကားမဆိုပဲ ဆိုင်တံခါးကိုသာ တွန်းဖွင့်လိုက်သည်။အပြင်ဘက်ရှိ တောက်ပသော နေရောင်ခြည်နှင့် အေးစက်သော လေနုအေးများ တိုးဝင်တိုက်ခတ်လာလေသည်။ပုဖန်သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် အပြင်ဘက်ကို ကြည့်လိုက်သည့်အချိန်တွင် သူမြင်လိုက်ရသောတစ်စုံတစ်ရာက သူ့၏ မျက်ဝန်းများကို ပြူးကျယ်သွားစေသည်။