အပိုင်း ၈၅၅
Viewers 53k

အခန်း ၈၅၅

စားခံရတော့မယ် ကွမ်းရှောင်ယီ...


တံခါးဖွင့်လိုက်သည်နှင့် ဝင်ရောက်လာသည့်အအေးဓာတ်က အနည်းငယ် တုန်ယင်သွားစေသည်။ပုဖန် လေးနက် လှသောမျက်နာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အချိန်၌ သူ့အပေါ်တွင် ကျရောက်နေသော အကြည့်များစွာကို သတိပြုမိလိုက်သည်။


ထိုအကြည့်များက ထိတ်လန့်အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသောကြောင့် ပုဖန် မျက်လုံးဖွင့်လိုက်မိ၏။သူတံခါးဖွင့်လိုက်ပြီး အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် သူခြေချလိုက်သည်နှင့် နှင်းထုများက သူ့ခြေချင်းဝတ်ကို မြှုပ်သွားသည်ကို ခံစားလိုက်မိသည်။


အအေးဓာတ်က သူ့ပေါင်မှ တစ်ဆင့် တစ်ကိုယ်လုံးသ်ို့ ပြန့်နှံ့သွားသည်။ဖန်ဖန်ဆိုင်ငယ်လေး၏ ရှေ့တွင် နှင်းများစွာ စုပုံနေခဲ့သည်။၎င်းက အချိန်အတော်ကြာ မည်သူမှ ခြေမချသကဲ့သို့ပင် ။


ထိုအချက်က ပုဖန်ကို သံသယအပြည့်ဖြင့် ဖြစ်သွားစေသည်။


"လေအလင်းအင်ပါယာမှာ လူကြိုက်အများဆုံးဖြစ်တဲ့ ဖန်ဖန်ဆိုင်ငယ်လေးကို ဘယ်သူမှ မလာရောက်ကြဘူးလား..."


ပုဖန် ဆိုင်မှ မထွက်သွားခင်က ဖန်ဖန်ဆ်ိုင်ငယ်လေး၏ ဂုဏ်သတင်းသည် မြို့တစ်ခွင်လုံး ပြန့်နှံ့နေပြီးသားဖြစ်သည်။ဆိုင်ရှေ့တွင် တန်းစီနေသော သူများက လေအလင်းအင်ပါယာတစ်မြို့လုံးကိုပင် ဖြန့်ကျက်နိုင်သည်။


ထိုကဲ့သို့သော ကျော်ကြားမှုမျိုးက စားသောက်ဆိုင်များယှဉ်နိုင်ခြင်းမရှိသည်မှာ သေချာလှပေသည်။လေအလင်းအင်ပါယာရှိ ဖန်ဖန်ဆိုင်ငယ်လေး၏ နေရာတွင် တခြားအစားထိုး၍ မရပေ။


"တစ်ခုခုဖြစ်သွားတာများလား ..."


ပုဖန် မျက်ခုံးပင့်လိုက်မိပြီး လမ်းမပေါ်ထွက်လိုက်သည်နှင့် အကြည့်များက သူ့အပေါ်ကျရောက်လာသည်။ခဏတာမျှသာ တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နေပြီးနောက် စိတ်လှုပ်ရှားမှုများ ဖြင့် ပြောင်းလဲသွားသည်။


ဘန်း ဘန်း...


ထိုအကြည့်ပိုင်ရှင်များကြောင့် ပုဖန်ဆီသို့ လျင်မြန်စွာ တိုးဝင်လာသောကြောင့် နှင်းများပင် ကျဆင်းသွားသည်။


"ငါတို့ တခါမှ မဝင်ဖူးတဲ့ ဒီစားသောက်ဆိုင်က နောက်ဆုံးတော့ တံခါးဖွင့်သွားပြီ..."


ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။အနက်ရောင် ငရဲစွမ်းအင်လှိုင်းလုံးကြီး ထွက်ပေါ်လာပြီးအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်များက နှင်းများကိုဖြတ်၍ ဆိုင်ဆီသို့ ပြေးလွှားလာနေကြသည်။


ပုဖန်အေးခဲသွားပြီး ထိုသူများကို ကြည့်လိုက်မိသည်။မကြာခင်မှာပင် သူ့မျက်ခုံးများပင့်လိုက်မိသည်။ထိုသူများက သူလေအလင်းအင်ပါယာတွင် နေထိုင်ခဲ့စဉ်က သိခဲ့သော သူများမဟုတ်ပေ။ထိုသူများကို သူလုံးဝ မသိပေ။


သူတို့အားလုံးက ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားရုံသာမက ရက်စက်ကြမ်းကြုတ်သောအမူအရာများကိုလည်း ဆင်မြန်းထားသည်။သူတို့၏ အရေအပြားများက စိမ်းပြာရောင် သန်းနေပြီး အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွင့်နေသည်။


နောက်ဆုံးတော့ ထ်ိုသူများသည် တန်ခိုးရှင်အဆင့်သို့ ရောက်ရှိနေကြပေပြီ။


"တန်ခိုးရှင်အဆင့် လူအများကြီး..."


ဤနေရာသည် အစားကြူးတောင်ကြားမဟုတ်သလို သန့်စင်နယ်မြေများလည်း သိထားရပေမည်၏လေအလင်းအင်ပါယာတွင် အထွဋ်အထိပ်တည်ရှိမှုဖြစ်သော တန်ခိုးရှင်အဆင့်များကို မြင်တွေ့ရခဲသည်။သို့သော်လည်း ယခုမူ တန်ခိုးရှင်အဆင့် အမြောက်အများသို့ ချဉ်းကပ်လာနေသည်။


သူ့၏ ခေါင်းမသုံးပဲ ခြေထောက်များဖြင့် သုံးလျှင်ဆိုလျှင်တောင်မှ လေအလင်းအင်ပါယာတွင် ပြောင်းလဲကြီးတစ်ခု ဖြစ်သွားမည်မှန်း တည်ရှိနိုင်ပေသည်။ပုန်းကွယ်နဂါးတိုက်ကြီး၏ အထက်ကောင်းကင် ပြောင်းလဲသွားမည့် ဖြစ်စဉ်ကို သူပြန်လည် တွေးမိသည်။


"ကောင်းကင်ပြောင်းလဲသွားတာက လေအလင်းအင်ပါယာကိုကော သက်ရောက်မှုရှိသွားတာလား...ဒီအိမ်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ မထင်ထားဘူး သူ့ကို ဖမ်းကြ ငါတို့ရဲ့ အရှင်သခင်ကို ဆက်သရမယ်..."


နှင်းများကလည်း ကောင်းကင်ယံမှ တဖွဲဖွဲ ကျဆင်းနေသည်။ထိုတန်ခိုးရှင်ဟု သိထားသော သူများ၏ ဓားရောင်များကလည်း တဖျတ်ဖျတ် လက်ခါနေသည်။တကယ်တမ်းတွင်လည်း ထိုတန်ခိုးရှင်အဆင့်များက ပုဖန်ကို မျက်လုံးထဲ မထည့်ထားကြပေ။


အဘယ်ကြောင့်ဆိုသော် လေအလင်းအင်ပါယာသည် များစွာ ခေတ်နောက်ကျကျန်ခဲ့လေပြီ ။သူတို့၌ ရှိသော တိုက်ခိုက်သူက တန်ခိုးရှင်အဆင့် ဖြစ်သောကြောင့် ပုဖန်ကို သူတို့ လုံးဝ ဂရုမစိုက်ပေ။


ဒီမြို့ကို သိမ်းပိုက်ဖို့အတွက် သူတို့ အားထုတ်ကြိုးပမ်းခဲ့ရခြင်းမရှိပေ။ထ်ို့ကြောင့် ပုဖန်ကဲ့သို့ ငယ်ရွယ်သော သူများအပေါ်တွင် အာရုံမထားခြင်းဖြစ်သည်။ဖန်ဖန်ဆိုင်ငယ်လေးအတွင်းတွင်ကျန်ခဲ့သော နီယန်ကလည်း မျက်ဝန်းများ ပွတ်သပ်လိုက်ပြီး တံခါးဝသို့ ထွက်လာခဲ့သည်။


သူမထွက်လာသည်နှင့် ထိုတန်ခိုးရှင်အဆင့်များကို တွေ့လိုက်ရသည်။ထ်ိုသူများကလည်း သူမကို သတ်ိပြုမိလိုက်ပြီး မျက်လုံးများနီရဲလာလေသည်။


"ကြည့်စမ်း ဒီနေရာမှာ အလှလေး တစ်ယောက်ရှိနေသေးတယ်...ငါတို့သူ့ကို ဖမ်းပြီး အရှင်သခင် လက်ထဲ ထည့်လိုက်မယ်...အရင်ကလူထက် ပိုလှတာကြောင့် သူမက တော်တော်လေးအရသာရှိလိမ့်မယ်..."


သူတို့၏ ပါးစပ်များပွင့်ဟသွားပြီး ချွန်ထက်သော သွားစွယ်များ ထွက်လာကြသည်။သူတို့ မျက်လုံးထဲမှ စ်ိတ်လှုပ်ရှားမှုများကလည်း ပို၍ ပြင်းထန်လာသည်။သူတို့က အရသာရှိသော ဟင်းပွဲတစ်ပွဲကို စိုက်ကြည့်နေရသလိုမျိုး မျက်ရည်များပင် ဝဲလာကြလေသည်။


ပုဖန် ထိုစကားအားလုံးကို ကြားလိုက်ရပြီးနောက် ပို၍ပင် မျက်မှောင်ကြုတ်လ်ိုက်သည်။ထိုသူများက ကြောက်စရာကောင်းသော အရာများစွာကို လုပ်ခဲ့ပုံပေါ်လေသည်။သူတို့ကို သေသေချာချာ မေးခွန်းထုတ်ရပေမည်။


ရွှပ်...


လွှသွားသဏ္ဍာန်ရှိသော ဓားတစ်စင်းက ပုဖန်၏ ခေါင်းပေါ် ဖြတ်သန်းသွားလေသည်။၎င်းက ပုဖန်ကို နှစ်ခြမ်းပိုင်းဖြတ်ရန် ရည်ရွယ်ထားပုံပေါ်လေသည်။ထ်ိုမျှကြီးမားလှသော ဓားနှင့် အခုတ်ခံလိုက်ရပါက မသေလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။


သို့သော်လည်း ပုဖန်က ထ်ိုသူများ၏ တ်ိုက်ခ်ိုက်မှုကို ဂရုမစိုက်ပေ။သူ လက်ပိုက်၍ အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် သေးငယ်သော လှိုင်းကလေးတစ်ခု လှုပ်ခတ်သွားသည်။ရုတ်တရက် သူ့ခေါင်းကို ချိန်ရွယ်ထားသော ဓားက လေထဲတွင် ရပ်တန့်သွားသည်။အစစ်အမှန် စွမ်းအင်ကျင့်ကြံမှုအဆင့်သည် မသေမျိုး ဝိညာဉ်အဆင့် လှေကားတစ်ဆင့်ဖြစ်သည်။


သူ့၏ စိတ်စွမ်းအင်မှာမူ စွမ်းအင်အဆင့်ကို မည်မျှကျော်လွန်နေသည်မှန်း တိတိကျကျမသိပေ။သူပိုင်ဆိုင်ထားသော စိတ်စွမ်းအင်ပမာဏက အလွန်ပင် အရှိန်အဟုန်ကြီးမားလေသည်။


သူထံမှ စွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်လာသည်နှင့် တိုက်ခိုက်လာသူများအားလုံးအေးခဲသွားပြီး နေရာမှာတင် မလှုပ်နိုင်တော့ပေ။ထိုသူများက ရက်စက်ကြမ်းကြုတ်လှသော အမူအရာများဖြင့် တိုက်ခိုက်လာသော်လည်း အေးခဲသွားသည့် ခဏတွင် အမူအရာများပြောင်းလဲသွားလေသည်။


တစ်ချို့က ပုဖန်၏ ဗိုက်ကို ဓားနှင့် ထိုးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လာကြသည်။သို့သော်လည်း ၎င်းတို့အားလုံးက မြေပြင်၌ ရှိနေသော နှင်းများနှင့်အတူ အေးခဲ တောင့်တင်းနေကြလေသည်။အရာရာအားလုံးက အေးခဲ သွားပုံရလေသည်။တံခါးဝတွင်ရှိနေသော နီယန်က ပုဖန်၏ တိုက်ခ်ိုက်မှုက်ို တွေ့လ်ိုက်ရသောအခါ၌ တုန်လှုပ်သွားမိသည်။


"ပိုင်ရှင်ပုရဲ့ စွမ်းအင်အဆင့်က အရမ်းအားကောင်းနေပြီလား..."


ထ်ိုကဲ့သို့သော စွမ်းဆောင်မှုများသည် စိတ်စွမ်းအင် အလွန်အားကောင်းသူမှသာလျှင် ပြုလုပ်နိုင်ပေသည်။လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး တောင့်တင်းနေသော လူတစ်ဦးဆီသို့ လျှောက်သွားလိုက်သည်။


ထိုသူ၏ အရေပြားက စိမ်းနေ၏။သူ့မျက်ဝန်းများက ည်ိုနေပြီး မျက်လုံးများက ဝါနေသည်။သူ့နဖူးပေါ်တွင် ဦးချိုတစ်ခုရှိနေပြီးသူ့၏ အမူအရာက ဆိုးရွားလှသည်။သူက ကြည့်ကောင်းလှသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း ယခုအချိန်တွင်မူလှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။


ပုဖန်က ထိုသူကို တည်ငြိမ်စွာ ကြည့်လ်ိုက်ပြီးနောက် လက်တစ်ဖက်မြောက်လိုက်သည်နှင့် ရွှေရောင်မီးတုတ်တစ်ခု ထွက်ပေါ်လာသည်။အမှတ်အသားလေးမျိုး မီးတောက်ထိန်းချုပ်နည်း နည်းပညာက်ို လေ့ကျင့်ပြီးသည့်နောက် ပုဖန်၏ ကောင်းကင်ကမ္ဘာမြေမီးတောက်ကို ထိန်းချုပ်နိုင်စွမ်းသည် တိုးတက်လာခဲ့ပေပြီ။


ယခု သူမီးတောက်လိုချင်လျှင် ပါးစပ်ထဲမှ ထွေးထုတ်နေစရာမလိုတော့ပေ။သို့သော်လည်းကောင်းကင်ကမ္ဘာမြေမီးလျှံကို ထွေးထုတ်လိုက်သည့်အခါမျိုးမှသာလျှင် အပူခ်ျိန်အမြင့်ဆုံးဖြစ်ပေလိမ့်မည်။ယခုအချိန်၌ သူ့လက်ဖဝါးပေါ်တွင် ရွှေရောင်ရင့်ရင့်မီးတောက်လေး တောက်လောင်နေသောကြောင့် ပတ်ဝန်းကျင်ရှိ အပူချိန်က မြင့်တက်လာလေသည်။အေးခဲ တောင့်တင်းနေသော သူသည်လည်း စကားပြောန်ိုင်စွမ်းပြန်လည်ရရှိလာသည်။


"ငါ့ကိုပြောမင်းတို့ကို ဘယ်သူစေလွှတ်လ်ိုက်တာလဲ..."


တောက်ပနေသော ရွှေရောင်ရင့်ရင့်မီးလျှံကြောင့် အေးစက်လှသော ပုဖန်၏ မျက်နာထားသည် အခါတိုင်းထက် ပို၍ တင်းမာနေသလိုပင် ထင်ရစေသည်။


"နိမ့်ကျတဲ့ ပုရွတ်ဆိတ်လိုကောင် ငါတို့က ကင်းမီးကောက် နတ်ဆိုးမျိုးနွယ်ကပဲ အခုမင်းသိသွားပြီဆိုရင် ငါကို မြန်မြန်ပြန်လွှတ်သင့်တယ်...ဒီလ်ိုမှမဟုတ်ရင်တော့ ငါတို့ရဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင် လေးယောက်နဲ့ အရှင်သခင်က တစ်စစီ ဆွဲဖြဲပစ်လိုက်မယ်..."


ထိုသူက ပုဖန်ကို ခြိမ်းခြောက်လာလေသည်။သူတို့က ငရဲကမ္ဘာက ကျူးကျော်သူတွေလား...


မိုယဲ့နှင့် မိုဆာတို့သည်လည်း ငရဲကမ္ဘာမှ ကျူးကျော်သူများဖြစ်ကြသော်လည်း သူ့ရှေ့မှ သူက ထိုသူများနှင့် ယှဉ်လျှင် အလွန်ပင် အားနည်းနေပေသည်။


"ဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးကော ဘယ်မှာလဲ စားပွဲထ်ိုးကော ဘယ်ရောက်သွားလဲ..."


ရှောင်ရှောင်လုံနှင့် ကွမ်းရှောင်ယီတို့ကို မတွေ့တာ ကြာပြီဖြစ်သောကြောင့် ကလေးမလေး ကွမ်းရှောင်ယီသည် သွယ်လျပြေပြစ်သောအရွယ်တစ်ခုသို့ ရောက်လာလောက်ပေပြီ။


"ဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးလား ကိကိ...သူလုပ်တဲ့ ဟင်းပွဲတွေက အရသာမဆိုးဘူးလို့ ပြောရမယ်...ဒါ့ကြောင့် ငါတို့ရဲ့ ခေါင်းဆောင်က သူ့ကို တော်ဝင်စားဖ်ိုမှုးအဖြစ် ခန့်အပ်ဖို့ ခေါ်သွားတယ်..."


ငရဲကမ္ဘာမှနတ်ဆိုးက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ပုဖန်မျက်ခုံးများ ပ်ိုမို တွန့်က်ျိုးသွားပြီး ပြင်းထန်သော စိတ်စွမ်းအင်လှိုင်း ထွက်ပေါ်လာသောကြောင့် ထိုနတ်ဆိုးပို၍ တောင့်တင်းသွား၏။


စနစ်က ရှောင်ရှောင်လုံကို ဖမ်းဆီးခွင့်ပြုလ်ိုက်မည်မဟုတ်ပေ။သို့သော်လည်း ယခုတွင် ရှောင်ရှောင်လုံက ရှိမနေတော့ပေ။၎င်းအတွက် က်ျိုးကြောင်းသင့်သော အကြောင်းပြချက်မှာ ရှောင်ရှောင်လုံသည် စားသောက်ဆိုင်ထဲမှ ထွက်သွားသောကြောင့် အဖမ်းခံရခြင်းဖြစ်ပေလိမ့်မည်။


ထိုသူက ရှောင်ရှောင်လုံ စားးသောက်ဆိုင်ထဲမှ ထွက်လာရန်အတွက် အတင်းအကျပ် ခိုင်းစေလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် ရှောင်ရှောင်လုံသည် ရှောင်မိသားစု၏ သခင်ငယ်လေးဖြစ်မည်ကို သိပေသည်။


ငရဲကမ္ဘာမှ နတ်ဆိုးများက စားသောက်ဆ်ိုင်ထဲသို့ အနင်ူအကျပ်မဝင်ရောက်နိုင်သောကြောင့် မိသားစုနှင့် ခြိမ်းခြောက်၍ ဆိုင်ထဲမှ ထွက်သွားခြင်းဖြစ်နိုင်ပေသည်။


ဟင်း...


ပုဖန် ညင်သာစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။သူ့၏ မျက်လုံးများက ပိုမို အေးစက်လာ၏။


"ဒါဆိုရင် စားပွဲထ်ိုးကကော..."


"စားပွဲထိုးလား ခစ်ခစ်...နူးညံ့ သိမ်မွေ့တဲ့ အရုပ်မလေး အရှင်သခင်က သူမကို ခေါ်သွားပြီ...အရှင်သခင်က ဒီလ်ို နူးညံ့သိမ်မွေ့တဲ့ လူတွေကို နှစ်သက်တယ်...သူတို့က အရမ်းကို နူးညံ့တယ်...အရမ်းအရသာကောင်းမှာ သေချာတယ်...ငရဲ ကမ္ဘာက စားဖိုမှူးတွေက ဒီလို နူးညံ့တဲ့ သူတွေကိုပဲ ချက်ပြုတ်နေကြ..."


နတ်ဆိုးက ပုဖန်ကို လှောင်ပြောင်ရယ်မောနေရင်းနှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ပုဖန်၏ ဒေါသများကို ခံစားမိပုံရလေသည်။ထို့ကြောင့်သူက ပ်ို၍ပင် သဘောကျနေလေသည်။


ပုဖန်၏ လပ်ဖဝါးပေါ်ရှိ ရွှေရောင်ရင့်ရင့်မီးတောက်က ပို၍ပင် တောက်လောင်လာသည်။ထ်ိုအချိန်၌ နတ်ဆိုးသည် တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ပ်ို၍ အရူးအမူးဆန်လာသည်။


"အဲ့ဒီ အရုပ်မလေးကို ရှာဖို့စိတ်ကူးနေတာလား...သူမကို အရှင်သခင်ရဲ့ စားတော်ပွဲအဖြစ် ဆက်သလိုက်ပြီးမှာကိုပဲ ငါစိုးရွံ့မိပါတယ်...ဟီးဟီး ရူးနှမ်းတဲ့ လူသား...သွားသေလ်ိုက်တော့..."


နတ်ဆိုးကျင့်ကြံသူထံမှ စွမ်းအင်လှ်ိုင်းတစ်လှိုင်းထွက်ပေါ်လာပြီး သူ့၏ နောက်ကျောဘက်မှနေ၍ ချွန်မြေ့လှသော ကင်းမြီးကောက် အမြီး ထွက်ပေါ်လာကာ ပုဖန်၏ ခေါင်းဆီသို့ တိုက်ခိုက်လာသည်။


ထိုအမြီး၏ လှုပ်ရှားမှုသည် အလွန်ပင် လျင်မြန်လှသောကြောင့် သာမန်မျက်စ်ိဖြင့်ပင် ကြည့်နိုင်လိမ့်မည်မဟုတ်ပေ။ထိုသည်မှာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်သည့် ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏အသေသတ်နည်းလမ်းဖြစ်သည်။


ထိုတိုက်ခိုက်မှုက မသေမျိုးခန္ဓာအဆင့် တစ်ဆင့် ချိုးဖျက်ပြီးသော သူများပင်လျှင် အခတ်ကြုံစေလ်ိုက်မည်။ချွှန်ထက်သော အမြီးနှင့် အထ်ိုးခံရသောတ်ိုက်ခိုက်မှုကြောင့် မဟုတ်ပဲ ၎င်းအမြီးတွင် ပါဝင်နေသောကင်းမြီးကောက် အဆိပ်ကြောင့် ဖြစ်သည်။


ထိုအမြီးနှင့် ထိမိလိုက်သည်သရွေ့ သူ့၏ ရန်သူသည်သေသွားလိုက်မည်ဖြစ်ကြောင်း သံသယရှိစရာ မလ်ိုပေ။ပုဖန်ဆီမှ ထွက်ပေါ်လာသောဖိအားများကို ခံစားမိသည့်အချိန်၌ပင် နတ်ဆိုးကျင့်ကြံသူက ပုဖန်ကို တရားသော နည်းလမ်းဖြင့် အန်ိုင်ယူနိုင်မည်မဟုတ်ကြောင်း သိလ်ိုက်ပေသည်။


ထို့ကြောင့်ပင် သူက ပုဖန်၏ စိတ်ကို နှိုးဆွစေနိုင်သော စကားများ ပြောဆ်ိုနေခဲ့ပြီး သူတို့ မျိုးနွယ်၏ နည်းလမ်းဖြင့် သတ်ဖြတ်ရန် ပြင်ဆင်နေခဲ့သည်။သူသည် သူ့ထက် အဆပေါင်းများစွာ သန်မာသည့် လူသားကျင့်ကြံသူ များစွာကိုပင် ထိုနည်းလမ်းဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။


ဝက်များကဲ့သို့ပင် မိုက်မဲ နုံအသော ထိုလူသားများက ဤနည်းလမ်းဖြင့် အမြဲ ကျဆုံးခဲ့ရသည်။ထိုသူ၏ ကင်းမြီးကောက် အမြီးသည် အလွန်လျင်မြန်စွာလှုပ်ရှားသွားပြီဆိုသော်လည်း ပုဖန်၏ အမြင်၌မူ နှေးကွေးလွန်းလှသည်။


ပုဖန်က ထောင်တျဲ လက်ပတ်ရှိသောလက်က်ို ဆန့်ထုတ်၍ ကင်းမြီးကောက် အမြီးကို ချက်ချင်းဖမ်းဆုပ်ကိုင်လိုက်သည်။


"ဟီးဟီးသေခြင်းတရားကို မသိတဲ့ ငတုံးကောင်..."


ကင်းမြီးကောက် နတ်ဆိုးက ဟိန်းဟောက်လိုက်ပြီးနောက် ရုတ်တရက် သူ့၏ အမြီးဖျားသည် ပုဖန်၏ လက်ဖဝါးဆီသို့ လှည့်သွားပြီး ထိုးနှက်လိုက်သည်။နက်မှောင်နေသောခရမ်းရောင်အဆိပ်တစ်ခု ထွက်ပေါ်လာလေသည်။