အပိုင်း ၈၅၆
Viewers 53k

အခန်း ၈၅၆

စွမ်းအားမဲ့သောရှောင်ရှောင်လုံ...


အနည်းငယ်ထူးဆန်းနေသော ခရမ်းရင့်ရောင် အဆိပ်များ ထုတ်လွင့်လ်ိုက်သည်နှင့် ငရဲကမ္ဘာမှ နတ်ဆိုး၏ မျက်နာပေါ်တွင်လည်းရူးသွပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ထိုလူသားက သူ့၏ အဆိပ်ကို ရှောင်နိုင်လိမ့်မည်ဖြစ်ကြောင်း သူသတိပြုမိလ်ိုက်သည်။ အဆိပ်ကို မရှောင်နိုင်သည်နှင့် သေချာပေါက် သေရပေမည်။


ကင်းမြီးကောက် နတ်ဆ်ိုးအဆိပ်က ငရဲကမ္ဘာတွင် အကောင်းဆုံးအဆိပ်မဟုတ်သော်လည်း ပုန်းကွယ်နဂါးတိုက်ကြီးတွက်မူ သေချာပေါက် ဆိုးရွားသည့် အဆိပ်တစ်ခု ဖြစ်ပေလိမ့်မည်။


သိပ်မကြာခင်မှာပင် ထိုလူသားသည် သူ့၏ အဆိပ်ဒဏ်ကြောင့် သနားစရာကောင်းလှစွာ ရုန်းကန်နေရမည်ကို မြင်ရပေတော့မည်။


"ဒီအရူးလိုလူသားက တောင်းဆိုးနေတာပဲလေ ..."


သူ့၏ အဆိပ်ကို သုံး၍ မသေမျိုးခန္ဓာအဆင့် ပညာရှင်တစ်ယောက်ကိုလည်း သတ်ခဲ့ဖူးလေသည်။ထိုလူက အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သော်လည်း သူ့၏ အဆိပ်ဒဏ်အောက်တွင် ချက်ချင်းပင်လဲကျသွားခဲ့ရသည်။


ထို့ကြောင့်ပင် နတ်ဆိုးကောင်၏ မျက်ဝန်းထဲ၌ ပျော်ရွှင်မှုများဖြင့် ရူးသွပ်သော အကြည့်များကြည့်လာခြင်းဖြစ်သည်။သို့သော်လည်း ထ်ိုခဏမှာပင် သူ အေးခဲသွား၏။


သူ့၏ ခရမ်းရောင်အဆိပ်များဖြင့် ပတ်ဖြန်းလိုက်သော်လည်း ပုဖန်က လုံးဝ မရှောင်ပေ။သူ့၏ မျက်နာပင် တစ်ချက်မတွန့်သွားပေ။သူ့၏ မျက်နာကို ရေစင်ဖြင့် ပတ်ဖြန်းလိုက်သကဲ့သ်ို့ပင် ။ပုဖန်၏ လက်မောင်းရှိ အဖြူအနက် လက်ပတ်က ပြေလျော့သွားပြီးနောက် ထိုလက်ပတ်ထဲမှ သားရဲတစ်ကောင်၏ ပုံရိပ်ပေါ်ထွက်လာသည်။


ဂါး...


သားရဲကြီးက နားကွဲလောက်ဖွယ် အသံမျိုးဖြင့် ဟိန်းဟောက်လိုက်၏။ထိုအသံက နေရာမှာပင် အေးခဲနေသော ကင်းမြီးကောက် နတ်ဆ်ိုးမ်ျိုးနွယ်၏ နားစည်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ပုဖန်၏ လက်မောင်းမှ ပေါ်လာသော သားရဲကြီးက သူပတ်ဖြန်းလိုက်သော အဆင့်များက်ို ဝေလငါးတစ်ကောင် ပင်လယ်ရေကို မျိုချလိုက်သကဲ့သို့ပင် ဝါးမ်ျိုလိုက်သည်။


ထို့အပြင် ထိုစိတ်ဝိညာဉ်သားရဲကြီးက ပြည့်အင့်သွားပုံမျိုးဖြင့် လေတစ်ချက်တက်လ်ိုက်လေသည်။လေထုအခြေအနေကကို့ယို့ကားယားဖြစ်သွားသည်။ကင်းမြီးကောက်နတ်ဆိုး၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး ပုဖန်ကို စိုက်ကြည့်နေသည်။သူ့ရှေ့မှ မြင်ကွင်းတစ်ခုလုံးကို လိုက်မမီတော့ပုံမျိုးဖြင့် လုံးဝမှင်သက်ငေးမောနေလေသည်။


"အခုဘာတွေ ဖြစ်သွားတာလဲ...ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာတဲ့ သားရဲကြီးက ဘယ်သူတုန်း သူက အဆိပ်တွေကို မျိုချပြီးတဲ့အချိန်မှာတောင် လေတက်လိုက်သေးတယ်..."


ပုဖန်က ခေါင်းအသာငှဲ့စောင်း၍ ထ်ိုနတ်ဆ်ိုးကင်းမြီးကောက်ကို အေးစက်စွာကြည့်လိုက်သည်။ဒီနတ်ဆိုးက သူ့ကိုပင် ချောင်းမြောင်းတိုက်ခိုက်လာရဲသေးသည်။ပုဖန်က နတ်ဆ်ိုးအမြီးအား ညင်သာစွာဖမ်းဆုပ်ထားသော သူ့လက်ဖဝါးသို့ အားအနည်းငယ် ပို့လွှတ်လိုက်သည်။ကျွတ်ခနဲ အသံနှင့်အတူ ထိုကင်းမြီးကောက် အမြီးက နှစ်ပိုင်းကျိုးသွားလေသည်။


ပုဖန်က သူလိုချင်သောသတင်းအချက်အလက်များကို ရရှိပြီဖြစ်သောကြောင့် သူ့ကို သတ်ရန်ပင် ကြံစည်ခဲ့သောထို ကင်းမြီးကောက် နတ်ဆိုးအပေါ်တွင် သနားညှာတာမှု မပြတော့ပေ။သူ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရွှေရောင်ရင့်ရင့် မီးလျှံတစ်ခု ပျံသန်းထွက်ပေါ်လာပြီး ထို ကင်းမြီးကောက်ကို ချက်ချင်း လောင်ကျွမ်းပြာချပစ်လိုက်သည်။


ပြာမှုန်များက ဆောင်းလေအေးနှင့်အတူ အဝေးသို့ လွင့်ပါးသွားလေပြီ။ပုဖန်၏ လက်ရှိကျင့်ကြံဆင့်အရ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်မျှကို အသာလေး ချေမွ ပစ်နိုင်ပေမည်။တံခါးဘောင်ကို မှီထားသောနီယန်ကလည်း ပုဖန်၏ လှုပ်ရှားမှုများကို အနည်းငယ် အံ့အားတသင့်ဖြင့် ကြည့်နေသည်။ယခု ယနေ့တွေ့မြင်ရသော ပိုင်ရှင်ပုက နဂိုအချိန်ကနှင့်အနည်းငယ်ကွာခြားသွားခဲ့လေပြီ။


သူမ၏ မျက်ဝန်းထဲ၌ အလင်းရောင်များတောက်ပနေလေသည်။ထိုအချိန်၌ ပုဖန်က သူမဘက်သို့ ခေါင်းငှဲ့စောင်းကြည့်၍ ပြောလာလေသည်။


"ကြည့်ရတာတော့ ငါတို့ ဖြေရှင်းရမယ့် ပြဿနာတစ်ချို့ရှိနေပုံပဲ ...အဲ့ဒီ ကိစ္စတွေကို အရင်ဆုံး ဖြေရှင်းပြီးတော့မှပဲ နင် ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကို ထိန်းချုပ်နိုင်ဖို့ ကူညီတော့မယ်..."


နီယန်က ငြင်းဆန်မှု မပြုပေ။သူမအနေနှင့်လည်းလေအလင်းအင်ပါယာကို ကူညီချင်ပေသည်။မည်သို့ပင်ဆိုစေသူမသည်လည်းဒီနေရာ၌ အချိန်ကုန်ဆုံးဖူးသော အမှတ်တရများ ရှိနေပေသည်။


ပုဖန်ဆိုင်တံခါးပ်ိတ်လိုက်ပြီးနောက် လက်ပိုက်၍ လမ်းကြားလေး၏ အဝဆီသို့ လျှောက်ထွက်သွားလိုက်သည်။ ယခုအချိန်၌ လေအလင်းအင်ပါယာက မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို သူသိချင်နေမိသည်။


နီယန်က သူ့နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသည်။သူမက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူမ၏ နှလုံးသားထဲတွင်လည်း မျှော်လင့်မှုတစ်ချို့ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။


သူတို့နှစ်ယောက်သား လမ်းကြားလေးထဲမှ ထွက်လာပြီးနောက် နှင်းများ အပြည့် ဖုံးလွှမ်းနေသောကျယ်ပြန့်သည့် လမ်းမကြီးထက်သို့ ရောက်လာခဲ့သည်။ပုဖန်နှင့် နီယန်တို့ ထိုလမ်းမထက်တွင် အံ့အားသင့်စွာရပ်နေမိကြသည်။ကျယ်ပြန့်သော လမ်းမကြီးတစ်လျှောက် ဗလာဖြစ်နေပြီး မြောက်များလှစွာသော ပျက်စီးနေသည့် အဆောက်အဦးများသာစုပြုံနေသည်။


အရင်က စည်းကားသိုက်မြိုက်ခဲ့သောလေအလင်း အင်ပါယာတစ်ခုလုံး မြေပြင်ပေါ် ပြားပြားဝပ်ပြိုလဲကျသွားလေသည်။ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့နှလုံးသားတစ်ခုလုံး နစ်မြှုပ်သွားလ်ိုက်ရသည်။ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်တွေက တကယ်ကိုပဲ လေအလင်းအင်ပါယာကို သိမ်းပိုက်လိုက်တာပဲ...


အိမ်များ အဆောက်အဦးကြီးများက ပြိုလဲကျနေပြီး လမ်းမထက်တွင် ခွေးတစ်ကောင် ကြောင်တမြီးမှ မမြင်ရပေ။


ဖလပ် ဖလပ် ဖလပ်...


ထိုအခိုက်အတန့်၌ အပျက်အစီးပုံများကြားထဲမှပုံရိပ်များစွာ ထွက်ပေါ်လာလေသည်။၎င်းတို့က ဓားရှည်များက်ို ကိုင်ဆောင်ထားကြသည်။၎င်းတို့၏ ပုံက ပုဖန်ရင်ဆိုင်ခဲ့သော ကင်းမြီးကောက် နတ်ဆိုးမျိူးနွယ်များနှင့် တူပေသည်။


ပုဖန်က ထိုသူများကို ဂရုမစိုက်ပေ။သူအရှေ့သို့ ခြေတစ်လှမ်းတ်ိုးလိုက်ပြီးနောက် သူဆီသို့ ဦးတည်လာနေသောနတ်ဆိုးမ်ျိုးနွယ်ကို လက်ညှ်ိုးညွှန်လိုက်သည်။သူလက်ချောင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုနတ်ဆိုးမျိုးနွယ်က ဘုန်းခနဲ ပေါက်ကွဲသွားကာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလေသည်။


အပျက်အစီးပုံများစွာထဲမှ နတ်ဆိုးမျိုးနွယ်စုများ ထပ်မံထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော ရက်စက်ကြမ်းကြုတ်သည့် အော်ရာများကို ထုတ်လွင့်လာကြသည်။

ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်များ၏ တောက်ပလင်းလက်နေသော မျက်ဝန်းများက လူများကို အေးစိမ့်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။


"ပုဖန် ဒီလူတွေက အရမ်း စိတ်ပျက်ရွံ ရှာစရာကောင်းတယ် ..."


ပုဖန်နောက်မှ လိုက်ပါလာသော နီယန်က နှင်းထုအပေါ် အသာအယာခြေချလိုက်ပြီး တီးတိုးပြောလိုက်သည်။သူတို့နှစ်ယောက်၏ စွမ်းအင်နှင့်ဆိုလျှင် ထိုနတ်ဆိုးမျိုးနွယ်များကို စက္ကန့်ပိုင်းအတွင်းမှာပင် ဖြေရှင်းနိုင်ပေသည်။


ဝီ...


နတ်ဆိုးမျိုးနွယ်များက ကျယ်လောင်စွာအော်ဟစ်၍ ပုဖန်ဆီသို့ အလျင်စလို တိုးဝင်လာကြ၏။သူတ်ို့၏ အရေအတွက်က များပြားလွန်းလှသောကြောင့် ကြည့်မိလိုက်လျှင်ပင် နှလုံးခုန်နှုန်းမြန်သွားစေနိုင်သည်။


သို့သော်လည်း ပုဖန်က ပုံမှန်အတ်ိုင်း အေးဆေးတည်ငြိမ်နေတုန်းပင်ဖြစ်သည်။တခြားတစ်ဖက်တွင်တော့ နီယန်က ရွံရှာ အထင်းသေးသော မျက်နာထားကို ဆင်မြန်းထားလေသည်။ရုတ်တရက် ပုဖန်က ခြေတစ်ဖက်စောင့်လိုက်သည်နှင့် ကောင်းကင်တစ်ပြင်လုံးကို ဖုံးလွှမ်းထားသော နှင်းမုန်တိုင်းက ချက်ချင်းကွဲထွက်သွာလေသည်။


သူ့ဆီသို့ တ်ိုးဝင်လာသော ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်များက နေရာတွင်ပင် အေးခဲ တောင့်တင်းသွားပြီး တစ်လက်မမှ မရွေ့နိုင်ကြတော့ပေ။


ပုဖန်က အေးဆေးစွာဖြင့်ပင် လက်ပိုက်၍ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။နီယန်ကလည်း သူ့နောက်မှ လိုက်ပါလာကာ သူတို့ကို ဝိုင်းထားသော ကင်းမြီးကောက်နတ်ဆိုးမ်ျိုးနွယ်များကြားထဲမှ ဖြတ်ကျော်သွားလိုက်လေသည်။


သူတို့ ဖြတ်ကျော်လျှောက်လာပြီးနောက် ပုဖန်က သူ့၏ နီရောင်စားဖိုမှုးဝတ်စုံက်ို ခါ၍ ရှင်းလင်းလိုက်လေသည်။ထို့နောက် လက်တစ်ဖက်ကိုမြောက်၍ လက်ဖျောက်တစ်ချက်တီးလိုက်သည်။


ချက်ချင်းဆိုသလိုပင် နှင်းလွှာထဲ ပိတ်မိနေကြသော နတ်ဆိုးများဆီမှ အော်သံများထွက်ပေါ်လာလေသည်။ထိုလူသားဖန်တီးလိုက်သောမီးတောက်က သူတို့၏ နတ်ဆိုးခန္ဓာကိုယ်များကို စတင်လောင်ကျွမ်းလာသည်။


အချိန်ခဏအတွင်းမှာပင် တရှဲရှဲ အသံများထွက်လာပြီး ၎င်းတို့အားလုံး ပြာအဖြစ် လောင်ကျွမ်းသွားလေသည်။နတ်ဆိုးများ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားသောကြောင့် နှင်းထုကလည်း အရည်ပျော်သွားသည်။


အမူအရာကင်းမဲ့လှသော ပုဖန်နှင့်ရွံရှာနေသော နီယန်တို့က လမ်းမကြီးတစ်လျှောက် ဆက်လျှောက်လာကာ အင်ပါရီယာနန်းတော်ဆီသို့ ဦးတည်လာလိုက်ကြလေသည်။


လမ်းမတစ်လျှောက်သည် သူတို့ ရင်းနီးနေသော မြင်ကွင်းများဖြစ်ခဲ့သော်လည်း သူတို့ မှတ်ဉာဏ်ထဲတွင်ရှိနေသော ပုံစံမျိုးမရှိတော့ပေ။အရာရာအားလုံးက ပျက်စီး ပြိုလဲနေပေသည်။သို့သော်လည်း အင်ပါရီယာနန်းတော်ကမူ ယခင်အတ်ိုင်း ကျန်ရှိနေသေးသည်။


အင်ပါရီယာမြို့တော်မှ လူသားများကို တည်ကြည်သွားသောလူများမှလွဲ၍ ကျန်ရှိသူ သူများအားလုံးအား နန်းတော်ကို ထောင်ကြီးတစ်ခုသဖွယ် ပိတ်ဆို့ထားလေသည်။


အင်ပါရီယာနန်းတော်၏ အဓိက ခန်းမကြီးအတွင်း မြင့်မားသောနေရာရှိ ဧကရာဇ် ပလ္လင်ထက်တွင် အရပ်ရှည်ရှည်နှင့် သန်မာပုံပေါ်သောပုံရိပ်တစ်ခု ထ်ိုင်နေလေသည်။


ထိုပုံရိပ်၏ ခေါင်းထက်တွင် ဂျိုနှစ်ချောင်းပါရှိပြီး သူ့၏ ကြွက်သာများကို အထင်းသားပေါ်လွင်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏ ရှဲ့ဟယ်ဖြစ်သည်။၎င်းက ကြောက်မက်ဖွယ်ကောင်းလှသော ငရဲကမ္ဘာသက်ရှိတစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံ လေဟာနယ်အဆင့်သို့ ခြေတစ်ဝက်လှမ်းထားပြီးသည်ဖြစ်သည်။


 ရှဲ့ဟယ်က ပထမဆုံးတာဝန်ကို ရရှိသည့် အချိန်က ငြင်းပယ်ခဲ့သည်။သို့သော်လည်း ပြင်းထန်လှသောဖိအားများအောက်၌ ရွေးချယ်စရာမရှိတော့ပဲ သူ့၏ တပ်ဖွဲ့ကို ခေါ်ကာ ကုန်းမြေတိုက်ကြီးဆီသို့လာခဲ့ရသည်။


အသားစားရသည်ကို ကြိုက်နှစ်သက်သည်။အထူးသဖြင့် လူသားဖြစ်သည်။ထိုထဲမှ နူးညံ့ပျော့ပျောင်းလှသောအမ်ျိုးသမီးများက ပို၍ ကောင်းမွန်ပေသည်။သူက အမျိုးသမီး၏ အသားကို အထူးစပါယ်ရှယ် ပြင်ဆင်ပေးရန်အတွက် ငရဲကမ္ဘာမှ စားဖိုမှူးတစ်ယောက်ကိုပင် ခေါ်ဆောင်လာသေးသည်။


မည်သည့် အမျိုးသမီးလူသားမဆို ထိုစားဖ်ိုမှူး၏ ဓားချက်အောက်တွင် အရသာကောင်းမွန်လှသော စားကောင်းသောက်ဖွယ်တစ်ခု အဖြစ် ပြောင်းလဲသွားပေလ်ိမ့်မည်။


ရှဲ့ဟယ်က ပလ္လင်ကိုမှီ၍ ထိုင်နေသည်။သူ့၏ နောက်၌ အနက်ရောင်စားဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားသော လူတစ်ယောက်ရှိနေသည်။ထိုသူသည် ငရဲကမ္ဘာမှ သူခေါ်ဆောင်လာသော ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏ စားဖိုမှူးဖြစ်သည်။


ထိုစားဖိုမှုး၏ မျက်လုံးများက တောက်ပနေပြီး ရက်စက်ကြမ်းတမ်းအကြင်နာမဲ့သော အကြည့်ကို ဆင်မြန်းထားသည်။ရုတ်တရင် ပင်မခန်းမဆောင်၏ တံခါးများပွင့်သွားပြီး သွယ်လျပြီး ချောမောသောလူတစ်ယောက်ကို ဖမ်းဆုပ်ထားပြီး ပုံရိပ်များစွာ ဝင်လာလေသည်။ပုဖန်သာ ဒီနေရာမှာရှိနေလျှင် ထိုသူကို ချက်ချင်းပင် မှတ်မိပေလိမ့်မည်။ထိုသူက ဖန်ဖန်ဆိုင်ငယ်လေး၏ ပထမဦးဆုံးဖောက်သည် ရှောင်မိသားစု၏ သခင်လေး ရှောင်ရှောင်လုံ ဖြစ်သည်။


သူက အဆင့်အတန်းမြင့်သော မျိုးဆက်တစ်ယောက်ဖြစ်ပြီး ပုဖန်၏ အလုပ်သင်လည်းဖြစ်သည်။ယခုအချိန်၌ သူ့၏ အသွင်ပြင်က အနည်းငယ် သနားစရာကောင်းနေသည်။


သူ့မျက်ဝန်းများက နီရဲနေပြီးဆံနွယ်များက ရှုပ်ထွေးနေကာ မျက်နာကလည်း ညစ်ပတ်ပေရေနေသည်။အင်ပါရီယာမြို့တော်၏ မြို့သူမြို့သားများ သတိမပြုမ်ိနိုင်ခင်မှာပင် ဘေးအန္တရာယ်ကျရောက်ခဲ့လေသည်။သူတို့ပြန်လည်ခုခံနိုင်သည့်အချိန်၌ ထိုကြောက်မက်ဖွယ်ကောင်းလှသော ကျူးကျော် ဝင်ရောက်လာသူများက မြို့ကို တိုက်ခိုက်နေပြီးဖြစ်သည်။


ရှောင်ရှောင်လုံ ပေါ်လာသည်နှင့် ရှဲ့ဟယ်၏ နောက်မှ စားဖိုမှူး၏ မျက်နာက မဲမှောင်သွားသည်။သူက ရှောင်ရှောင်လုံသည် သူ့ဆီမှ တန်ဖိုးရှိသော တစ်စုံတစ်ရာကို ခိုးယူသွားသကဲ့သို့ပင် စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


နတ်ဆိုး ခေါင်းဆောင်က ရှောင်ရှောင်လုံကို စိတ်လှုပ်ရှားစွာပင် ကြည့်လိုက်သည်။ရှောင်ရှောင်လုံ၏ ဟင်းပွဲလက်ရာများကို သူမြည်းစမ်းဖူးလေသည်။


သူ့ခန္ဓာကိုယ်ရှိ အကြောအဆစ်များပင် ပွင့်ထွက်သွားစေလောက်သော ကောင်းမွန်လှသောအရသာကို သူခံစားခဲ့ရသည်။ရှောင်ရှောင်လုံ ချက်ပြုတ်ထားသော ဟင်းပွဲများကို သူအလွန်ကြိုက်နှစ်သက်လေသည်။ထို့ကြောင့် လေအလင်းအင်ပါယာကို သိမ်းဆည်းပြီးသောအချိန်၌ ရှောင်ရှောင်လုံကို မသတ်ပဲ ချန်ထားခဲ့ခြင်းဖြစ်သည်။သူ့အတွက် အရသာရှိသော အစားအသောက်များ ချက်ပြုတ်ပေးစေရန်အတွက် ရှောင်ရှောင်လုံအား သူ့၏ စားဖိုမှူးအဖြစ် ထမ်းဆောင်ခိုင်းရန် စီစဉ်ခိုင်းလေသည်။


သဘာဝကျစွာပင် ရှောင်ရှောင်လုံက ထိုကိစ္စကို လက်မခံခဲ့ပေ။သူသည် ပိုင်ရှင်ပု၏ အလုပ်သင်စားဖ်ိုမှူး ဖန်ဖန်ဆိုင်ငယ်လေး၏ စားဖိုမှူးတစ်ယောက်ဖြစ်သည်။ထို့ကြောင့် ဒီနတ်ဆိုးကျူးကျော်သူ၏ ကိုယ်ပိုင်စားဖိုမှူးတစ်ယောက် ဖြစ်လာန်ိုင်လိမ့်မည်မဟုတ်ပေ။


သူ့ကို သေသည်အထိ ရိုက်နှက်ရင်တောင်မှ သူ လုပ်လိုက်မည်မဟုတ်ပေ။မူလက သူသည် ဖန်ဖန်ဆိုင်ငယ်လေးအတွင်းထဲသာ နေထိုင်ခဲ့သောကြောင့် ထ်ိုနတ်ဆိုးများအနေနှင့် ဖမ်းဆီးနိုင်သည့် အကြောင်းမရှိခဲ့ပေ။သို့သော်လည်း ထ်ိုသတ္တဝါများက ရှောင်ရန်ယုနှင့် အကြပ်ကိုင် ခြိမ်းခြောက်ပြီး ဆိုင်အတွင်းမှ ထွက်ခိုင်းခဲ့သည်။


ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ပဲ ထိုသူများ၏ အကျဉ်းသားဖြစ်လာရလေသည်။


"အခု ဘယ်လောက်တောင် ရှိနေပြီလဲ...မင်းက ဘာလို့ ငါရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ချင်နေသေးတာလဲ..."


ပလ္လင်ထက်တွင် ထိုင်နေသောရှဲ့ဟယ်က ပြဲ့ကားသောအပြုံးတစ်ခုကို မေးလိုက်သည်။သူ့၏ မျက်နာက ပြုံးနေသည်ဆိုသော်လည်း စိတ်ရှည်မှုများက ကုန်ခမ်းသွားပြီဖြစ်သည်။ဒီပုရွတ်ဆိတ်လိုလူက သူ့ကို များ ငြင်းနေသေးတယ် 


"သူ့ရှဲ့ဟယ်ရဲ့ ကိုယ်ပိုင်စားဖိုမှူးတစ်ဦး ဖြစ်ရခြင်းထက် စားသောက်ဆိုင်ငယ်လေးတစ်ခုရဲ့ ဖြစ်ရတာက ပိုများကောင်းနေလို့လား..."


ငြင်းပယ်မှုများကို ကြုံတွေ့ပြီးနောက် ရှဲ့ဟယ်၏ နှလုံးသားထဲတွင် ဒေါသများ ပြည့်နှက်နေပြီဖြစ်သည်။


"နတ်ဆိုးကောင် ငါသေသွားမယ်ဆိုရင်တောင်မှပဲ မင်းရဲ့ စားဖိုမှူးဖြစ်မလာနိုင်ဘူး..."


သူ့၏ အသွင်အပြင်က မိန်းမပျိုလေးတစ်ဦးနှင့် ဆင်တူလောက်အောင်ပင် နူးညံ့သော်လည်း တကယ်တမ်း သူဒေါသထွက်လာသည့် အခ်ျိန်၌ ရန်လိုမှုအပြည့် ဖြစ်နေလေသည်။ရှဲ့ဟယ် အေးစက်စွာ ရယ်မောလိုက်သည်။ရှောင်ရှောင်လုံ၏ အဖြေကို သူခန့်မှန်းထားပြီးသားဖြစ်သည်။ထို့ကြောင့် ဒီတစ်ကြိမ်တွင် သူတစ်ချို့ ပြုလုပ်ထားလေသည်။


"ကောင်းပြီလေ ဒီအကြီးအကဲက မင်းအပေါ် အများကြီး သဘောကောင်းထားတာတောင်မှ မင်းက ငါ့ကို မျက်နာသာမပေးချင်ဘူး...ဒီတော့လည်း ငါက ထပ်ပြီးတော့ စိတ်မရှည်နိုင်တော့ဘူး..."


ရှဲ့ဟယ် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် လက်ခုပ်တစ်ချက်တီးလိုက်သည်။အင်ပါရီယာ နန်းတော်၏ ရင်ပြင်သည် ကျယ်လောင်သော အသံများထွက်ပေါ်လာသည်။ရှောင်ရှောင်လုံ တောင့်တင်းသွားပြီးနောက် သူ့မျက်ဝန်းများက ကျဉ်းမြောင်းသွားကာ အသံများ ထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်သည်။မြေပြင်နေရာမှ လှောင်အိမ်ကြီးတစ်ခု တဖြေးဖြေးတက်လာနေသည်။လှောင်အိမ်ထဲမှ လူနှစ်ယောက်ကို မြင်လိုက်သည်နှင့် ရှောင်ရှောင်လုံ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။တစ်ယောက်က သူ့အတွက် အရေးပါသောသူအရှောင်ရန်ယုဖြစ်ပြီးနောက်တစ်ယောက်က သူနှင့် ဆက်ဆံရေးကောင်မွန်လှသော ကလေးမလေးကွမ်းရှောင်ယီဖြစ်သည်။


သူတို့နှစ်ယောက်လုံး၏ မျက်နာများက သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေပြီး လှောင်အိမ်ထဲတွင်စိတ်ပျက်လက်ပျက် လှဲလျောင်းနေကြသည်။ရှောင်ရှောင်လုံ၏ ထိတ်လန့်ခြောက်ခြားသွားသော မျက်နာကိုကြည့်၍ ရှဲ့ဟယ် အေးစက်စွာ ပြောလိုက်သည်။


"ကောင်းပြီ ငါမင်းကို နောက်တစ်ခါထပ်မေးမယ် မင်းငါရဲ့ စားဖိုမှူး လုပ်မလား...ငြင်းပယ် မယ်ဆိုရင်တော့ ငါစားဖိုမှူးက မင်းရှေ့မှာတင် မင်းမိသားစုက်ို ချက်ပြုတ်လိုက်မယ်..."


ရှဲ့ဟယ်၏ စကားများခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားသည်နှင့် သူ့နောက်မှ စားဖိုမှူး၏ မျက်ဝန်းမှလည်း အလင်းတန်းများ ထုတ်လွင့်လာသည်။ထိုနတ်ဆ်ိုးစားဖိုမှူးက လျှပ်တစ်ပြတ်အတွင်းမှာပင် လှောင်အိမ်ရှေ့သို့ ချက်ချင်းရောက်လာသည်။


သူက လှပပြီး ချစ်စရာကောင်းလှသော ကွမ်းရှောင်ယီကကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောလိုက်သည်။


"ဒါက တကယ်ကို ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းပဲ..."


လှောင်အိမ်ထဲမှ ကွမ်းရှောင်ယီက လည်း ထိုအသံကို ကြားလိုက်သည်နှင့် မျက်လုံးများဖွင့်ကြည့်လိုက်သည်။နတ်ဆိုးစားဖိုမှူးကို မြင်ပြီးနောက် သူမ၏ မျက်နာပေါ်တွင် ကြောက်ရွံ့မှုများပြည့်နှက်သွားလေသည်။


ရှောင်ရှောင်လုံ၏ စိတ်ထဲ၌ ဒေါသများ ဆူပွက်နေလေသည်။သူ အော်ဟစ်ပစ်လိုက်ချင်သော်လည်း ကူကယ်ရာမဲ့မှုများနှင့် ပြည့်နှက်နေသည်ကိုလည်း ခံစားမိလေသည်။


ဤနတ်ဆိုးများ၏ စွမ်းရည်က အစွမ်းထက်လွန်းသည်။ရိုးရှင်းလှစွာပင် သူက ၎င်းတို့နှင့် မယှဉ်ပြိုင်နိုင်ပေ။