အပိုင်း ၈၅၇
Viewers 52k

အခန်း ၈၅၇

ပုဖန်ပြန်လာပြီ...


ရှဲ့ဟယ်က စားသောက်ရခြင်းကို အလွန်ပင် ကြိုက်နှစ်သက်သောကြောင့် နတ်ဆိုးမျိုးနွယ်ထဲမှ ကိုယ်ပိုင် စားဖိုမှူးတစ်ယောက်က်ို ရှာထားခြင်းဖြစ်သည်။


တကယ်တမ်းပြောရမည်ဆိုလျှင် နတ်ဆိုးမျိုးနွယ် စားဖိုမှူးများက ချက်ပြုတ်ရာတွင် အထူးကျွမ်းကျင်မှုများရှိထားသည်။တိတ်ိကျကျပြောရမည်ဆိုလျှင် ၎င်းတို့က ဟင်းခတ်အမွှေးအကြိုင်များသုံး၍ ဟင်းပွဲတစ်ပွဲ၏အကောင်းဆုံးအရသာကို ဖော်ထုတ်နိုင်ပေသည်။


နတ်ဆိုးစားဖိုမှူး အားမိုက သားကောင်ကို တွေ့လိုက်သော မုဆိုးတစ်ယောက်ကဲ့သို့ပင် သူ့၏ မျက်ဝန်းများ လက်လက်တောက်လာသည်။သူ့၏ ချွှန်ထက်သော လက်ညှ်ိုးများဖြင့် လှောင်အိမ်ကို ထိလိုက်ရာ ဆူညံသံများပင် ထွက်ပေါ်လာလေသည်။


"ဒါက တကယ်ကို ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းပဲ..."


အားမိုက စိတ်လှုပ်ရှားနေသော မျက်နာဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။သူ့စ်ိတ်ထဲ၌ ထိုပါဝင်ပစ္စည်းကို မည်ကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုရမည်အား စတင် စဉ်းစားနေပေပြီ။


သူက ထိုပါဝင်ပစ္စည်းကို တကယ်ကို ကောင်းမွန်လှသော အရသာ ဖြစ်လာအောင်ပြုလုပ်ချင်သည်။လှောင်အိမ်ထဲ၌ ရှိသော ကွမ်းရှောင်ယီ တစ်ကိုယ်လုံး တုန်ယင်နေပေသည်။သူမက အတော်လေးကြီးပြင်းလာခဲ့လေပြီ။သူမ၏ မျက်နာလေးက ရင့်ကျက်မှုများ မရှိသေးသော်လည်း ယခင်ကကဲ့သို့ ကလေးမလေးမဟုတ်တော့ပေ။


ယခုအချိန်၌ သူမသည် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှု ရှိသော ပြေပျစ်သော အသွင်အပြင်ကို ရရှိနေပေပြီ။ကျော့ရှင်းလှသော အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေသော ရှောင်ရန်ယု၏ အလှများကလည်း နောက်ကျမကျန်ခဲ့ပေ။သို့သော်လည်း ယခုအချိန်တွင် သူမက အလွန်ပင် တည်ငြိမ်နေ၏။


သူမသည် ပညာတက်သော တွေးခေါ်တက်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။သို့သော် သူမက အမြဲတမ်းတိတ်တဆိတ်သာ နေတက်သောကြောင့် သူမ၏ နောက်ခံအကြောင်းအရာများပင် မှိန်ဖျော့သွားရသည်။သေခြင်းတရားနှင့် တွေ့ဆုံရသည့် အချိန်၌ပင် သူမက အသဲအသန် ကြောက်ရွံ့မနေပေ။သူမ၏ မျက်ဝန်းများထဲ၌ တုန်လှုပ်မှု အနည်းငယ်နှင့် သူမ၏ နှလုံးသားထဲမှ စိတ်မသက်မသာဖြစ်မှုများ ရှိနေသော်လည်း ကွမ်ရှောင်ယီနှင့် ယှဉ်လ်ိုက်လျှင် များစွာ တည်ငြိမ်နေပေသည်။


ထိုကဲ့သို့ တည်ငြိမ်နေမှုက နတ်ဆိုးစားဖိုမှူး အားမိုကို မပျော်မရွှင်ဖြစ်သွားစေသည်။


ဂလန်း...


ရုတ်တရက် အားမိုက လှောင်အိမ်၏ သံမဏိချောင်းကို ဆုပ်ကိုင်၍ ဆွဲထုတ်လိုက်သည်။အားမိုသည် စားဖိုမှူးတစ်ယောက်ဖြစ်သော်လည်းသူ့၏ ကျင့်ကြံဆင့်မှာ အားမနည်းပေ။သူက မသေမျိုး ခန္ဓာ အဆင့် စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားလေသည်။


စားဖိုမှူးတစ်ဦးအတွက် သူ့၏ ကျင့်ကြံစိတ်သာ မမြင့်မားပါက တစ်ချို့သော ပါဝင်ပစ္စည်းများကို ပိုင်ဆိုင်နိုင်ရန် ခက်ခဲပေလိမ့်မည်။


"သူတို့ကို လွှတ်လိုက်..."


ရှောင်ရှောင်လုံ ဒေါသတကြီး အော်ဟစ်လိုက်သည်။ဆူပွက်လာသော ဒေါသတရားကြောင့် ဖြူနုသော သူ့မျက်နာသည် ရဲရဲနီနေပေသည်။သူ့၏ ခေါင်းမှာ အဖြူငွေ့များ ထွက်လာသလိုပင် ထင်ရသည်။


"သူတို့ကို လွှတ်ပေးဖို့က လွယ်ပါတယ် မင်း ငါ့ရဲ့ စားဖိုမှူးဖြစ်လာပြီး ငါ့အတွက် အစားအသောက် ချက်ပေးလိုက် ဒါဆိုရင်တော့ ငါသူတို့နှစ်ယောက်ကို အသက်ရှည်ရှည် နေခွင့်ပေးနိုင်တယ်..."


ရှဲ့ဟယ်က ပြုံး၍ ပြောလိုက်သည်။ရှောင်ရှောင်လုံ ဒေါသတကြီးဖြင့် မော့ကြည့်လိုက်သည်။


"အိပ်မက်မက်နေလိုက်..."


ပုဖန်သည်လည်း လက်ပိုက်၍ ကောင်းကင်ဘုံ လျှို့ဝှက်ဆန်းကြယ်ဝင်ပေါက်မှ အင်ပါရီယာ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ထိုဝင်ပေါက်သည် သူနှင့် မရင်းနီးသော နေရာမဟုတ်ပေ။မိသားစုတစ်ရာ ပွဲတော်အတွက် ဒီနေရာတွင်လာ၍ ချက်ပြုတ်ခဲ့စဉ်က ထိုဝင်ပေါက်မှပင် ဖြတ်လာခဲ့ခြင်းဖြစ်သည်။


ပုဖန် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူနင်းမ်ိသော နေရာရှိ နှင်းပုံများက ပြိုကွဲသွားသည်။သူ့အနောက်မှ နီးကပ်စွာ လိုက်ပါလာ၏။ရုတ်တရုက် သူခြေလှမ်းများရပ်တန့်သွားသည်။ပုဖန်၏ ခန္ဓာကိုယ်ပေါ်ရှ်ိ နီရောင်စားဖိုမှူးဝတ်စုံက နှင်းမုန်တိုင်းများကြောင့် တဖျတ်ဖျတ် လွင့်ခါနေသည်။


မြေပြင်ပေါ်ရှိ ထူထပ်သော နှင်းအလွှာက ရုတ်တရုက် ပြိုကွဲသွားသည်။ထ်ိုနှင်းပုံများကြားထဲမှရအနက်ရောင်ပုံရိပ်များစွာ ထွက်ပေါ်လာ၏။၎င်းတို့အားလုံးက ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်မှ တိုက်ခ်ိုက်သူများဖြစ်ကြသည်။


လေထဲသို့ ခုန်တက်လိုက်ကြပြီး သူတို့မျိုးနွယ်၏ သေကွင်းသေကွက်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ကင်းမြီးကောက်အမြီးက်ို ပစ်လိုက်သည်နှင့် တောက်ပလှသော နေရောင်အောက်တွင် ခရမ်းရောင်အဆိပ်တန်းက ထွက်ပေါ်လာလေသည်။


"သေလိုက်တော့..."


ထိုကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်က ပုဖန်အစောပိုင်းက တွေ့ခဲ့သူများထက် ပို၍ သန်မာလေသည်။တစ်ချို့ဆိုလျှင် မသေမျိုးခန္ဓာအဆင့် စွမ်းအင်များကိုပင် ပိုင်ဆိုင်ထားကြသည်။သူတို့ ပို၍ သန်မာလေလေ သူတို့ အမြီးမှ ပစ်လွှတ်လိုက်သော အဆိပ်အရှိန်ကလည်း ပို၍ လျင်မြန်လေလေပင်။


၎င်းတို့က သူ့ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိူင်ရန် ရည်ရွယ်ထားလေသည်။သို့သော်လည်း ပုဖန်၏ မျက်နာအမူအရာက အနည်းငယ်မှ ပြောင်းလဲသွားမှု မရှိပေ။


သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ စွမ်းအင်လှိုင်းများ လှုပ်ခတ်လာပြီး စိတ်စွမ်းအင်များ စတင်ပြန့်နှံ့ထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်ရာ စိတ်စွမ်းအင်များက ပတ်ဝန်းကျင်တစ်ခွင်လုံးကို အေးခဲသွားစေပြီး လေထဲရှိ နတ်ဆိုးများပါ အေးခဲသွားသည်။


ကြမ်းတမ်းရက်စက်မှုများနှင့် ပြည့်နေသော ထိုကင်းမြီးကောက် နတ်ဆိုးများသည် အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့ပေ။တည်ငြိမ်စွာပင် ကြည့်နေလိုက်ပြီး လက်အသာ မြောက်ကာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။


ရွှေရောင်ရင့်ရင့်မီးလျှံတစ်ခု တောက်လောင်လာပြီးနောက် ထိုနတ်ဆိုးမ်ျိုးနွယ်တိုင်းကို ဖြတ်သန်းသွားလေသည်။မီးလျှံက သူတို့၏ ကိုယ်အတွင်းမှစတင်၍ လောင်ကျွမ်းလာကာ အရင်က နတ်ဆိုးမျိုးနွယ်များကဲ့သို့ပင် ပြာအဖြစ် ပြောင်းလဲသွားလေသည်။


သူတို့က မသေမျိုးခန္ဓာအဆင့် စွမ်းအင်ရှိသော်လည်း ကောင်းကင်ကမ္ဘာမြေမီးလျှံနှင့် ရင်ဆိုင်နိုင်ဖို့တော့ အားနည်းနေပေသေးသည်။


ဆွစ်...


ပြာမှုန်များက အဖြူရောင်နှင်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး အသားညှော်နံ့များကလည်းဆောင်းလေအေးနှင့်အတူ လွင့်ပါသွားလေသည်။ပုဖန်၏ စိတ်စွမ်းအင်က တစ်ဖန်ပြန်လည်၍ ပြိုကွဲလာပြီးနောက် နန်းတော်ပြီးတစ်ခုလုံးကို ပြန့်နှံ့သွားလေသည်။


ရုတ်တရက် သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ့၏ စိတ်စွမ်းအင်မှတစ်ဆင့် ရင်းနီးနေသော သူကို တွေ့လိုက်ရသောကြောင့် သူ့မျက်နာအမူအရာ ပြောင်းလဲသွား၏။


ပုဖန်နောက်မှ လိုက်လာသော နီယန်လည်း သူ့၏ အမူအရာကို တွေ့လ်ိုက်ပြီးနောက် အနည်းငယ်မျှတောင့်တင်းသွားလေသည်။ပုဖန်၏ မျက်နာထားအရ သူဒေါသထွက်နေပြီဖြစ်ကြောင်း ခံစားမိလေသည်။


အင်ပါရီယာနန်းတော် ပင်မခန်းမဆောင်အတွင်းတွင် နတ်ဆိုးစားဖိုမှူး၏ မျက်နာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဂိတ်ပေါက်ဝဆီသို့ လှမ်းကြည့်လိုက်သည်။


သူ့၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးထွင်းဖောက်ခံလိုက်ရသလိုမျိူးခံစားလိုက်ရ၏။


"ဘယ်သူကများ သူ့ကို ချောင်းကြည့်ရဲတာလဲ...ဒီလို နောက်ကျကျန်ခဲ့တဲ့ လူသားအင်ပါယာမှာ စွမ်းအားကြီးတဲ့ လူတွေရှိနေတယ်ဆိုတာ အမှန်ပဲလား...မဖြစ်နိူင်လိုက်တာ...ဒါက မှားယွင်းတဲ့ သတင်းအချက်အလက်ပဲ ဖြစ်ပါလိမ့်မယ်..."


ရှဲ့ဟယ်၏ မျက်ဝန်းများက စူးရှကျဉ်းမြောင်းသွားပြီးပို၍ ကြမ်းတမ်းရက်စက်လာသည်။ရှောင်ရှောင်လုံက သေသည်အထိတိုင်အောင်သူ့ကို သဘောမတူဟု ဆိုလိုက်သောကြောင့် သူ့၏ စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားလေသည်။


"အားမို ငါမင်းကို စပြီး ချက်ဖို့ ခွင့်ပြုပေးလိုက်မယ်...ငါကို စိတ်မပျက်စေနဲ့ ..."


ရှဲ့ဟယ်ပြောလိုက်သည်။ထိုစကားကို ကြားလိုက်သည်နှင့် အားမို၏ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များ ပြောင်းလဲသွားသလိုမျိုးခံစားလိုက်ရသည်။ဝတ်ရုံအောက်မှ ကောက်ကျစ်သော မျက်နာက ခံစားမှုများနှင့် ပြည့်နှက်လာသည်။


"ခွင့်ပြုချက် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်သခင်...ဒီလိုမ်ျိုး ထ်ိပ်တန်း ပါဝင်ပစ္စည်းမျိုး အားမိုက အရှင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."


သူလက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သံမဏိ လှောင်အိမ်၏ တန်းများက ပြုတ်ကျသွားသည်။ကွမ်းရှောင်ယီနှင့် ရှောင်ရန်ယုတို့၏ သိမ်မွေ့နူးညံ့လှသော ခန္ဓာကိုာ်လေးများက တုန်ယင်နေကြလေသည်။


"ငါတို့နဲ့ ဝေးဝေးနေ..."


ရှောင်ရန်ယု မည်မျှပင် တည်ငြိမ်ပါစေ ယခုအချိန်၌ သူမ ထိတ်လန့်စ ပြုလာသည်။ဒီနေ့ ဒီမှာပဲ သေရတော့မှာလား...


ရုတ်တရက် ရောက်ရှိလာသော ဘေးအန္တရာယ်ဆိုးကို လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းလှသည်။ရှောင်ရှောင်လုံက ဒေါသတကြီးအော်ဟစ်ကာ ရုန်းကန်ပြီး ပြန်လည် တိုက်ခိုက်ရန် ကြိုးစားချင်သည်။သို့သော်လည်း သူ့၏ အားနည်းလှသော စွမ်းအင်အဆင့်ဖြင့် နတ်ဆိုးမ်ျိုးနွယ်များ၏ ချုပ်ကိုင်မှုမှ လွတ်မြောက်အောင်ပင် မရုန်းနိုင်ခဲ့ပေ။


ရွံရှာဖွယ်ကောင်းလှသောနတ်ဆိုးစားဖိုမှူး ကွမ်းရှောင်ယီနှင့် ရှောင်ရန်ယုတို့အနား နီးကပ်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရလေသည်။


"အို ငါရဲ့ အချစ်လေးတွေ မကြောက်ကြပါနဲ့...မင်းတို့ ကြောက်လိုက်ပြီဆိုတာနဲ့ အသားအရည်အသွေးက ကျဆင်းသွားတယ် လာပါ ဒီစားဖိုမှူးကို ပြုံးပြကြပါဦး..."


အားမိုက ပြောလိုက်ပြီးနောက် တစ်လှမ်းချင်းတစ်လှမ်းနီးကပ်လာလေသည်။သူလက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် မီးဖိုချောင်သုံးဓားတစ်လက်ထွက်ပေါ်လာ၏။


ထိုမီးဖိုချောင်သုံးဓား၏ အသွင်အပြင်က ထူးဆန်းလှသည်။တကယ်တမ်းတွင် ထ်ိုဓားက မီးဖိုချောင်သုံးဓားဆိုသည်ထက် စိတ်ဝိညာဉ် သားရဲတစ်ကောင်၏ အရိုးမှထွင်းထုထားသောအရိုးဓားတစ်လက်ဖြစ်လေသည်။


အဖြူရောင်အရိုးများအပေါ်တွင်လည်း ရှေးဟောင်းသင်္ကေတများကို ရေးထိုးထားသောကြောင့် ထိုဓားထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။


ထိုဆန်းကြယ်သော စွမ်းအင်များက အရိုးဓားကို ပို၍ပင် ထက်မြေ့စေသည်။


ဆွစ် ဆွစ် ...


အားမို၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက ဝှေ့ယမ်းလည်ပတ်နေသည်။ဓားသွားမှ အလင်းတန်းများဖြစ်ပေါ်လာပြီးပြင်းထန်လှသော လေဝဲတစ်ခု ဖြစ်ပေါ်လာစေသည်။


သူလျှာကိုထုတ်၍ လှုပ်ရှားနေကာကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ထိုအပြုံးက ကွမ်းရှောင်ယီနှင့် ရှောင်ရန်ယုက်ို ပို၍ပင် တုန်လှုပ်ကြောက်ရွံ့သွားစေသည်။နန်းတော်ထက်ရှိ ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏ အကြီးအကဲကလည်း မျှော်လင့်စောင်းဆိုင်းနေသော အကြည့်များဖြင့် ကြည့်နေလေသည်။


ရှောင်ရှောင်လုံ၏ မျက်ဝန်းများက ဒေါသတရားကြောင့် နီရဲတောက်လောင်နေသည်။သ်ို့သော်လည်း သူက ဘာမှမလုပ်နိုင်ပဲ ကွမ်းရှောင်ယီနှင့် ရှောင်ရန်ယုတို့၏ ဘေးအန္တ ယ်ကိုဒီတိုင်းကြည့်နေရလေသည်။အင်ပါရီယာ နန်းတော်တစ်ခွင်လုံးတွင်လည်း ကင်းမြီးကောက် နတ်ဆိုးမ်ျိုးနွယ်များ၏ အေးစက်ကျယ်လောင်သောရယ်သံများဖုံးလွှမ်းနေသည်။


အေးစက်သော အလင်းများ ဖြာထွက်နေသည့် မီးဖိုချောင်သုံးဓားက ကွမ်းရှောင်ယီနားသို့ ရောက်ရှိလာလေသည်။အားမိုတွင် ကောင်းမွန်သော ပါဝင်ပစ္စည်းများကို ကိုင်တွယ်သည့်အချိန်၌ အသုံးပြုသော နည်းလမ်းများရှိလေသည်။၎င်းက အချက်အပြုတ် အထူးအပြု နတ်ဆိုးမျိုးနွယ်တို့ အသုံးပြုသည့် နည်းလမ်းဖြစ်သည်။


မွှေးရနံ့များပြည့်နေသော အရိုးဖြူရောင် အိုးတစ်လုံးက သူ့ခန္ဓာကိုယ်ဘေးပတ်လည်တွင် လွင့်မျောနေလေသည်။အားမို ဓားရိုးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီးနောက်ကွမ်းရှောင်ယီ၏ လည်ပင်းသို့ ရည်ရွယ်၍ ဓားချက်တစ်ချက်ထုတ်ဖော်ရန် ပြင်လိုက်သည်။ယခုကဲ့သို့သော ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာ၌ သွေးစက်များ အရင်ကျဆင်းစေရပေမည်။အားမိုက သူ့၏လျှာကို ရှည်ရှည်ထုတ်လိုက်ပြီး စိတ်လှုပ်ရှားမှုဖြင့် ယမ်းခါလိုက်သည်။သူ့၏ မျက်နာတွင်လည်း မျှော်လင့်ရန်ခုန်မှုများပြည့်နှက်နေသည်။


မွှေးကြိုင်လှသော သွေးများ စိမ့်ထွက်လာမည့် အချိန်ကို ရင်ခုန်စောင့်စားရင်းဖြင့် သူတစ်ကိုယ်လုံးကို စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လာသည်။ကွမ်းရှောင်ယီ မျက်ဝန်းများတင်းတင်းစေ့ပိတ်လိုက်သည်။သူမ၏ စိတ်အာရုံတစ်ခုလုံးကိုလည်း စိတ်ပျက်မှုကသာ ဖုံးလွှမ်းသွားလေသည်။သူမ၏ နောက်ဆုံးသောမျှော်လင့်ချက်ကို လက်လွှတ်လိုက်ပေပြီ။


သို့သော် သူမ သေတော့မည်ဟု တွေးထားခဲ့သော်လည်း မျှော်လင့်ထားသကဲ့သို့သော နာကျင်မှုမျိူးဖြစ်ပေါ်မလာပေ။တစ်ခ်ျိန်တည်းမှာပင် ပင်မ ခန်းမဆောင်တစ်ခုလုံး အလွန်အမင်း တ်ိတ်ဆိတ်သွားလေသည်။ကွမ်းရှောင်ယီ မျက်ဝန်းများ ဖြေးညှင်းစွာ ဖွင့်လိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။


မီးဖိုချောင်သုံး ဓားတစ်လက်သည် သူမလည်ပင်းနှင့် တစ်လက်မခန့်သာ ကွာဝေးသော်လည်း ရှေ့သို့ ဆက်မတိုးလာပေ။အားမို၏ ခန္ဓာကိုယ်က အေးခဲ တောင့်တင်းနေပြီး သူ့၏ မျက်နာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။


ရှပ် ရှပ် ရှပ် ...


တဖြေးဖြေးဖြတ်လျှောက်လာသော ခြေသံများကို လူတိုင်းရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ကွမ်းရှောင်ယီနှင့် ရှောင်ရန်ယုတို့နှစ်ယောက်လုံးလည်း အေးခဲသွားပြီး သူတို့ ခေါင်းမော့ကြည့်လိုက်ကြသည်။


ထိုနေရာတွင် ရင်းနီးကျွမ်းဝင်နေသော ပိန်ပါးသွယ်လျသော ပုံရိပ်လေးတစ်ခု တဖြေးဖြေးချင်းထွက်ပေါ်လာလေသည်။ပုဖန် လက်ပိုက်ထားသည်။သူ့၏ ခန္ဓာကိုယ်ပေါ်ရှိ နီရောင်စားဖိုမှူးဝတ်စုံကလည်း တဖျတ်ဖျတ်ယိမ်းခါနေသည်။


သူ့၏ တည်ငြိမ်လှသော စိတ်စွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်သွားပြီးနောက် ခန်းမဆောင်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေးလိုက်သည်။ထို့နောက် သူ အသာအယာ သက်ပြင်းတစ်ချက်ချလိုက်၏


"ငါ ပြန်လာပြီ..."