အခန်း ၈၅၈
ပိုင်ရှင်ပုက တတ်နိုင်လို့လား...
အေးဆေးတည်ငြိမ်သော အသံက အင်ပါရီယာ နန်းတော်တစ်ခုလုံးကို ပြန့်နှံ့သွားပြီး လူများ၏ နားထဲသို့ ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။ကွမ်းရှောင်ယီ မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် အဝေးမှနေ၍ လှမ်းလျှောက်လာသော ရင်းနီးနေသည့် ပုံရိပ်ကို တွေ့မြင်လိုက်ရပြီး သူမအေးခဲတောင့်တင်းသွားသည်။
သူမ၏ နှလုံးခုန်သံများပင် မြန်ဆန်လာကာ မျက်ရည်များဝဲလာပြီး ချက်ချင်းပင် မျက်ရည်များစီးပျလာလေသည်။
"သူပဲ အဲ့ဒါ တကယ်သူပဲ..."
ကွမ်းရှောင်ယီက သူမမသေခင် ထိုလူကို ပြန်တွေ့လိုက်ရမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ဒီလူ ဒီနေရာမှာရှိနေသရွေ့ အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။နောက်ဆုံးတော့ ထိုသူသည် ပတ်ဝန်းကျင်ရှိ သူများအားလုံးကို လုံခြုံသည့် စိတ်ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
ယခုအခိုက်အတန့်၌ မီးဖိုချောင်သုံးဓားနှင့် နီးကပ်လာစဉ်က သေလုမျောပါးခံစားခဲ့ရသော ခံစားချက်သည်လည်း ပျောက်ကွယ်သွားလေပြီ။သူမ၏ ရှေ့မှ နတ်ဆိုးစားဖိုမှူး အားမိုသည် နေရာမှာပင် အေးခဲ ရပ်တန့်နေသည်။သူ့၌ တစ်ခုတည်းသော လှုပ်ရှားနေသည့်အရာမှာ ဆန့်ထုတ်ထားသော လျှာမှ အဆက်မပြတ် စီးကျနေသော တံတွေးများပင်ဖြစ်သည်။
အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ကွမ်းရှောင်ီာ သူမနှင့် နီးကပ်နေသော ဓားကိုကြည့်၍ ဒေါသထွက်လာသည်။တစ်ဖက်လူက လုံးဝ မလှုပ်ရှားနိုင်သည်ကို မြင်လိုက်သည့်အခါ၌ မည်သည့်နေရာမှ ရလာမှန်းမသိသော သတ္တိများကို စုစည်းလိုက်ပြီး ထ်ိုနတ်ဆိုးစားဖိုမှူး၏ ပေါင်ခြံခွကြားကို အားအပြည့်ဖြင့် ကန်လိုက်သည်။
အားမို၏ တောင့်တင်းနေသော ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ပုဖန်၏ စိတ်စွမ်းအင်များကြောင့် လှုပ်မရနိုင်သော်လည်း နာကျင်မှုကိုမူ တားမရနိုင်ပေ။
သူ့အောက်ပိုင်းမှ ကွဲအက်သွားသကဲ့သ်ို့ ပြင်းထန်လှသော နာကျင်မှုက သူ့ကို တုန်ယင်သွားစေသည်။မူလက စိမ်းဖန့်နေသော သူ့၏ မျက်နာသည် ချက်ချင်းပင် နီရဲလာကာ ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
"ရွံစရာကောင်းတဲ့လူ နင့်ရဲ့ အန်တီလေးကို ဓားနဲ့ ခြိမ်းခြောက်ဖို့ ဘယ်သူက နင့်ကို ခွင့်ပြုလို့လဲ..."
ကွမ်းရှောင်ယီ ကန်ချက်တစ်ချစ်တည်းဖြင့်ပင် မလုံလောက်ဟု ခံစားရပြီး နောက်ထပ်ထပ်ကန်လိုက်သည်။အားမို၏ မျက်ဝန်းများက သွေးကြောများ ဖောင်းကြွလာသလိုမ်ျိုး နီရဲပြူးကျယ်လာသည်။သူမလှုပ်ရှားနိုင်စဉ်မှာပင် သူ့၏ အောက်ပိုင်းက ပေါက်ကွဲသွားတော့မတက် အကန်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ပင် လဲကျသွားလေသည်။
"အရမ်းမိုက်တယ်..."
ကွမ်းရှောင်ယီ၏ မျက်နာလေးက စိတ်လှုပ်ရှားမှုဖြင့် နီရဲစိုပြေလာသည်။သူမ အော်ဟစ်လိုက်ပြီး ရှောင်ရန်ယုကို လှုပ်ခါလိုက်သည်။ရှောင်ရန်ယုက အပြင်ဘက်တွင်ငြိမ်သက်နေသော်လည်း သူမ မျက်လုံးများမှိတ်ထားဆဲဖြစ်သည်။သူမ၏ စိတ်အတွင်း နက်နက်ရှိုင်းရှိုင်းထဲမှ မသေချင်သော ဆန္ဒသာ ကြီးထွားနေလေသည်။
"အမရန်ယု မျက်လုံးတွေကို မြန်မြန်ဖွင့်လိုက်...အဲ့ဒီ စိတ်ပုပ်သူဌေးက ကျွန်မတို့ကို ကယ်ဖို့ လာနေပြီ...အဲ့ဒီစိတ်ပုပ်သူဌေးပြန်လာပြီ..."
ကွမ်းရှောင်ယီက ရန်ယု၏ ပခုံးများကို လှုပ်ခါ၍ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုနေလေသည်။သူမ အကျဉ်းသားအဖြစ် ရှိနေဆဲကိုပင် မေ့သွားလေသည်။
ရှောင်ရန်ယု၏ ရှည်လျားလှသော မျက်တောင်လေးများလှုပ်ခါသွားသည်။ကွမ်းရှောင်ယီ သေခါနီး ကြောက်လန့်စိတ်ဖြင့် မြင်ယောင်နေသည်ဟု ထင်မိခဲ့သော်လည်း သူမ မျက်လုံးဖွင့်လိုက်သည့်အခ်ျိန်၌ ပထမဦးဆုံးမြင်လိုက်ရသည်က ရင်းနီးကျွမ်းဝင်နေသောပုံရိပ်လေးပင်ဖြစ်လေသည်။ထိုသူက မတွေ့တာကြာပြီဖြစ်သော ပိုင်ရှင်ပုမှလွဲ၍ တခြားဘယ်သူမှ မဟုတ်ပေ။
"အဲ့ဒီလူ တကယ်ပဲ သူပြန်လာပြီလား ..."
ရုတ်တရက် လွန်ခဲ့သောရက်အနည်းငယ်က သူမခံစားခဲ့ရသည့် ငြင်းပန်းနှိပ်စက်မှုဝေဒနာများကို သတိရသွားပြီး မျက်ဝန်းများ နီရဲလာလေသည်။ယခုအချိန်တွင် မြေပြင်ပေါ်၌ ဖိထားခံရသော ရှောင်ရှောင်လုံကလည်း သူအမ၏ သွေးများ ကြမ်းပြင်ပေါ် စီးဆင်းလာမည်ကို မမြင်ချင်တော့ကြောင့် မျက်လုံးများ မှိတ်ထားခဲ့သည်။
သူ ကွမ်းရှောင်ယီ အသတ်ခံရမည့် မြင်ကွင်းကိုလည်း မမြင် ချင်ခဲ့ပေ။သို့သော်လည်း ရင်းနီးနေသော အသံတစ်သံကို ကြားလိုက်ရပြီးနောက် ပတ်ဝန်းကျင်လေထုက အေးခဲသွားသည်။သူလှည့်ကြည့်လိုက်သောအခါတွင် ပိုင်ရှင်ပုကို တွေ့လိုက်ရလေ၏။
အဓိက ခန်းမထဲတွင်ရှိနေသော ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏ ပညာရှင်များအနေဖြင့် အားနည်းလွန်းလှသောကြောင့် မျက်လုံးထဲပင် မထည့်ထားခဲ့သော လေအလင်းအင်ပါယာ၌ ထိုကဲ့သို့ ပညာရှင်တစ်ယောက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်က မျက်ဝန်းများကို မှေးကျင်းလိုက်သည်။လေထုထဲတွင် တုံ့ဆိုင်းသွားစေသော စွမ်းအင်လှိုင်းတစ်ခုက သူတို့၏ နှလုံးသားများကို လှုပ်ခါသွားစေသည်။
သူတို့ရှေ့မှ ထိုကောင်လေး၏ စိတ်စွမ်းအင်က အနည်းငယ်ကြောက်စရာကောင်းပုံပေါ်လေသည်။
"မင်း ဘယ်သူလဲ..."
ဧက္ကရာဇ် ပလ္လင်ပေါ်တွင်ထိုင်နေသော ရှဲ့ဟယ်က အလွန်ပင် တည်ငြိမ်နေသည်။ပုဖန်၏ စွမ်းရည်များကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည့် ပုံမပေါ်ပေ။
ပုဖန်က ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်အကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။ထိုလူ၏ စကားကို လုံးလုံးဂရုမစိုက်ပုံမ်ျိုးဖြင့် ပြန်လည် ဖြေကြားခြင်းမပြုပေ။သူလက်ပိုက်၍ အရှေ့သို့ ဖြေးညှင်းစွာ ဆက်လျှောက်လာသည်။ကြည်လင်ပြတ်သားလှသော ခြေသံများသာ ခန်းမဆောင်အတွင်း ပဲ့တင်ထပ်နေလေသည်။
သူ့၏ နှလုံးသားများ တင်းကျပ်သွားသည်ကို ခံစားနေရသည်။ပုဖန်က ရှောင်ရှောင်လုံကို ဖိချုပ်ထားသော နတ်ဆိုးမျိုးနွယ်များနားသို့ ရောက်လာခဲ့သည်။
"ငါဘယ်သူလဲ ဟုတ်လား..."
ပုဖန်က ထိုနတ်ဆိုးမျိုးနွယ်နှစ်ယောက်၏ ခန္ဓာကိုယ်ကို ပုတ်လိုက်သည်။ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်နှစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြတ်သန်းစီးဆင်းသွားသည်။သူတို့ထွက်ပြေးလွတ်မြောက်ချင်သော်လည်း စိတ်စွမ်းအင်များက ပိတ်ဆို့ထားသောကြောင့် လှုပ်မရပေ။
ရွှစ်...
ထို့ကြောင့် သူတို့က ပုဖန်ကို တိုက်ခိူက်ရန် ရည်ရွယ်ချက်ဖြင့် အမြီးများ ထုတ်လိုက်လေသည်။သို့သော်လည်း ပုဖန်က ထိုကဲ့သို့ တ်ိုက်ခိုက်မှုမျိုးကို တွေ့ကြုံခဲ့ပြီးသားဖြစ်သည်။
သူတို့၏ အမြီးများမလှုပ်ရှားနိုင်ခင်မှာပင် ရွှေရောင်ရင့်ရင့် မီးလျှံနှစ်ခု တောက်လောင်နေပေပြီ။
"ငါက ငါက စားဖိုမှူး တစ်ယောက် မင်းတို့ ဖမ်းထားတဲ့ ဒီလူက ငါ့ရဲ့အလုပ်သင်ပဲ..."
ပုဖန်ပြောလိုက်ပြီးသည်နှင့် ကောင်းကင် ကမ္ဘာမြေမီးတောက်က လျင်မြန်စွာပင် အရှိန်ပြင်းလာပြီးဟိန်းဟောက်နေသော မီးတောက်နဂါးကြီးတစ်ကောင်ကဲ့သို့ နတ်ဆိုးမျိုးနွယ်နှစ်ယောက်ကို ဝါးမြိုကာ လောင်ကျွမ်းပစ်လိုက်သည်။
အမှတ်အသားလေးမျိုး မီးတောက် ထိန်းချုပ်မှု နည်းပညာသည် ပုဖန်၏ မီးတောက်ထိန်းချုပ်မှု စွမ်းရည်ကို အဆင့်မြင့်လာရုံသာမက ရန်သူများကို တိုက်ခိုက်နိုင်သည့် နည်းလမ်းတစ်ခုပါ ဖြစ်လာလေသည်။
သူ့ထက် စွမ်းအင်နိမ့်ကျသော သူများကိုဆိုလျှင် ချက်ချင်းပင် လောင်ကျွမ်းပြာချပစ်လိုက်နိုင်၏။ရှောင်ရှောင်လုံက သူ့ခန္ဓာကိုယ်မှ ချုပ်ကိုင်ထားမှုများ ပြေလျော့သွားသည်ကို ခံစားမိသည်နှင့် မြေပြင်မှ လူးလဲ ထလိုက်သည်။သူ ပုဖန်ကိုကြည့်လိုက်ရင်း မျက်ရည်များ ပြည့်လျှံလာလေသည်။
"ပိုင်ရှင်ပု..."
ကွမ်းရှောင်ယီနှင့် ရှောင်ရန်ယုတို့လည်း လက်ချင်းတွဲ၍ ပုဖန်ဆီသို့ ပြေးသွားလိုက်ကြသည်။သူတို့ ယခုအချိန်ထိ အသက်ရှင်နေနိုင်ဦးမည်ဟု မထင်ထားမိပေ။တုန်လှုပ်ခြောက်ခြားခဲ့ရသော်လည်း အနည်းငယ် ပျော်ရွှင်နေမိပေသည်။ပုဖန် ပို၍ လှပကျော့ရှင်းလာသောကွမ်းရှောင်ယီကို မြင်လိုက်ရသည်။သူမ၏ အရပ်က သူ့၏ လည်ပင်းနားထိ ရှိနေပြီကို တွေ့လိုက်ရသောကြောင့် သူ့နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားသည်။
သူထုံးစံအတိုင်း လက်ကို ဆန့်ထုတ်၍ ကွမ်းရှောင်ယီ၏ ခေါင်းလေးကို အသာအယာ ပွတ်လိုက်ပြီးနောက် ဧက္ကရာဇ် ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်ဆိုး မျိုးနွယ်အကြီးအကဲကို ကြည့်လိုက်သည်။
ရုတ်တရက် သူ့၏ စိတ်စွမ်းအင်ကို ဆုတ်ခွာရုတ်သိမ်းလိုက်သည်နှင့် ခန်းမထဲတွင် အူသံအော်သံများ ပြည့်နှက်သွားသည်။၎င်းတို့က ဝက်သတ်ဖြတ်နေသည့်အတိုင်းပင်။
သူတို့နှင့် မလှမ်းမကမ်းတွင်ရှိသော နတ်ဆိုးစားဖိုမှူးအားမိုက မြေပြင်ပေါ်တွင် လူးလိမ့်၍ တစ်ခုခု ကွဲကြေ ဆုတ်ပြဲသွားသလိုမ်ျိုးအော်ဟစ်နေလေသည်။ထိုအော်သံက ကြားလိုက်ရသူ အပေါင်းကိုပင် အေးစိမ့်မတက်ခံစားလိုက်ရစေသည်။
"ကြည့်ရတာ တကယ့်ကို နာကျင်နေပုံပဲ..."
သနားစရာကောင်းလှသော အသွင်အပြင်ကြောင့် ကွမ်းရှောင်ယီ အနည်းငယ် စိတ်မကောင်းဖြစ်မိသလို ခံစားလိုက်ရသည်။သို့သော် ခဏအတွင်းမှာပင် သူမ ခေါင်းကို မတ်မတ်မော့လိုက်သည်။
"ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပဲ ဒီရွံရှာဖို့ကောင်းတဲ့ နတ်ဆိုးက ဒါနဲ့ ထ်ိုက်တန်တယ်...သူသာ ပါဝင်ပစ္စည်းဖြစ်ရမှာ သူတို့ တစ်မိသားစုလုံးပဲ ပါဝင်ပစ္စည်းဖြစ်ရမှာ..."
အားမို သူ့၏။ အောက်ပိုင်းကို လက်ဖြင့် အုပ်ကိုင်ထားပြီး မတ်တပ်ထရပ်လိုက်ကာ မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။သူ့၏ မျက်နာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်မှုများပြည့်နှက်နေသည်။သူ့အောက်ပိုင်းဆီမှ ကွဲကြေထွက်သွားသလို နာကျင်မှုမျိုးကြောင့် သူ့မျက်ဝန်းထဲတွင် လူသတ်ချင်စိတ်များ ပြည့်နေပေသည်။ယခုသူက သူချက်ပြုတ်ရန်ပါဝင်ပစ္စည်းများကို တစ်စစီ ဆွဲဖြဲချင်နေပေပြီ။
ဘန်း...
ရှဲ့ဟယ် ဒေါသတကြီးဖြင့် ပလ္လင်လက်တန်းကို ရိုက်လိုက်သောကြောင့် ခံနိုင်ရည်မရှိသော ဧက္ကရာဇ် ပလ္လင်က ကွဲကြေသွားလေသည်။သူ့၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်စွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်လာကာ အမြင့်မှနေ၍ ပုဖန်ကို အေးစက်စွာ ငုံ့ကြည့်နေလေသည်။
"မင်းက မြင့်မြတ်တန်ခိုးရှင်အဆင့်တောင်မဟုတ်သေးဘူး...လူသား ဒါတောင်မှ မင်းက လူလာကယ်ရဲသေးတယ်ပေါ့..."
ရှဲ့ဟယ် အေးစက်စွာ ရယ်မောလိုက်သည်။ပုဖန်၏ စိတ်စွမ်းအင်က အားကောင်းသန်မာလှသော်လည်း သူ့၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်က မသေမျိုးဝိညာဉ် အဆင့် တစ်သာရှိသေးသည် ။
ရှဲ့ဟယ်က မသေမျိုးဝိညာဉ် လှေကားခုနစ်ဆင့် နှင့် စွမ်းအင်တူသော မဟာလေဟာနယ်အဆင့်သို့ ခြေတစ်ဝက်လှမ်းပြီးသူဖြစ်သည်။တောင်ပ်ိုင်းဒေသတစ်ခုလုံးတွင် သူ့၏ စွမ်းအင်အဆင့်က အနိုင်ယူ၍ မရနိုင်တော့သော တည်ရှိမှုမျိုးဖြစ်သည်။
သူက အရာရာအားလုံးကို အပေါ်စီးမှနေ၍ အထင်အမြင်သေးစွာ ကြည့်နိုင်လောက်အောင်ပင် အားကောင်းသန်မာလှသည်။ယခုမူ စိတ်ဝိညာဉ် လှေကားတစ်ဆင့်သာ တက်လှမ်းထားသည့် ပုရွတ်ဆိတ်လိုလူက သူ့ကို လာရောက်၍ ခြိမ်းခြောက်နေရဲပေသေးသည်။
"စိတ်ပုပ်သူဌေးခွေးဘုရင်ဘယ်မှာလဲ...ခွေးဘုရင်သာဆိုရင် ဒီနတ်ဆိုးကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်..."
ပုဖန် ပြန်ရောက်လာပြီးနောက် ကွမ်းရှောင်ယီသည် ပို၍ ရဲတင်းလာပုံရလေသည်။သူက ရှဲ့ဟယ်ကို မကျေမနပ်ဖြစ်စွာဖြင့်ပင် သူ့၏ စိတ်အတွေးကို ကျယ်လောင်စွာ ထုတ်ပြောလိုက်သည်။
ကလေးမလေးက ခွေးဘုရင်ကို မျက်စိမှိတ်ယုံကြည်ပုံရလေသည်။ပြောရမည်ဆိုလျှင်လည်း သူမ၏ နှလုံးသားထဲက ခွေးဘုရင်သည် ရှုံးပွဲမရှိ အောင်နိုင်သူဖြစ်သည်။ပုဖန် မျက်ခုံးပင့်၍ ကွမ်းရှောင်ယီကိုကြည့်လိုက်သည်။
"ဒီတစ်ကြိမ်တော့ ငါနဲ့ နီယန်ပဲပြန်လာတာ...ခွေးဘုရင်က နည်းနည်းအလုပ်များနေတယ်..."
သူပြောလိုက်သည်က အမှန်တရားတစ်ခုသာဖြစ်သည်။
"အိပ်နေတယ်ဆိုတာကလည်း အလုပ်များတာပဲလေ..."
ခွေးဘုရင် ပြန်မလာသည်က်ို ကြားပြီးနောက် ကွမ်းရှောင်ယီ အလွန်အားလျော့သွားသည်။ပုဖန်ကို မော့ကြည့်လိုက်သော သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
"ဒါဆိုလည်း စိတ်ပုပ် သူဌေးက အဲ့ဒီလိုမျိူးလုပ်နိုင်လား..."
ပုဖန် သူမပါးစပ်ထဲသို့ တစ်စုံတစ်ခုထည့်ဆို့၍ ပိတ်ထားလိုက်ချင်သည်။ထိုကလေးမလေးက အရပ်ရှည်လာရုံသာမက လျှာစောင်းလည်း ထက်လာပေသည်။
"နီယန်နားမှာ သွားနေ..."
ပုဖန် ထ်ိုကလေးမလေးနှင့် စကားစပ်မြည်ပြောရန် အလွန်ပျင်းရိနေပေသည်။ခပ်လှမ်းလှမ်း၌ အဖြူရောင်ဝတ်စုံ ဝတ်ထားပြီး ရပ်နေသောနီယန်က ကွမ်းရှောင်ယီနှင့် တခြားသူများကို လက်ဝှေ့ယမ်းပြရင်း နီယန်က ပြုံးပြနေသည်။
အလွန်လှပလှသောအပြုံးသည် ကြည့်မိလိုက်သူများကိုပင် အသက်ရှူမှားသွားစေနိုင်သည်။ရှောင်ရှောင်လုံ တက်ကြွစွာဖြင့်ပင် ထ်ိုနေရာသို့သွားလိုက်သည်။
"အမနီယန် ..."
ကွမ်းရှောင်ယီကလည်း ချိုသာစွာဖြင့် ခေါ်လ်ိုက်၏။
"ပိုင်ရှင်ပု သတိထားပါ ..."
ရှောင်ရန်ယုက ပုဖန်ကို အသာအယာကြည့်လိုက်ပြီး တီးတိုးပြောလိုက်၏။နောက်ဆုံး၌ သူ့ကို ဂရုစိုက်သည့်သူ တစ်ယောက်ရှိသေးသောကြောင့် ပုဖန်၏ စိတ်အခြေအနေ ကောင်းသွားလေသည်။ပုဖန် သူမကို အသာအယာခေါင်းညိတ်ပြလိုက်ပြီးကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်အကြီးအကဲကို ကြည့်လိုက်သည်။
ဘန်း ဘန်းဘန်း...
ရုတ်တရက် ရှဲ့ဟယ် မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးခင်မှာပင် ပင်မ ခန်းမဆောင်၏ ထောင့်လေးထောင့်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ပြင်းထန်လှသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ရာ လေပြင်းများ ဖြစ်ပေါ်လာသည်။၎င်းတို့က ပုဖန်ကို သတ်ဖြတ်ရန် တည့်တည့်တ်ိုးဝင်သွားလေသည်။ရှဲ့ဟယ် ပုဖန်ကို အေးစက်စွာစိုက်ကြည့်ရင်း ပြောလိုက်သည် ။
"မင်းရဲ့ လူတွေကို ကယ်တင်ချင်တယ်ဆိုရင်တော့ ငါတို့ ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်ရဲ့ မဟာစစ်သူကြီးလေးယောက်ကို အရင်ကျော်ဖြတ်ရမယ်..."