အပိုင်း ၈၅၉
Viewers 53k

အခန်း ၈၅၉...


ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်၏ မဟာစစ်သူကြီးလေးဦးဆိုသည်မှာ ရှဲ့ဟယ်၏ လက်အောက်တွင်ရှိသော ရဲရင့်သော နတ်ဆိုးလေးဦးဖြစ်သည်။


၎င်းတို့ တစ်ဦးစီတိုင်းက အနည်းဆုံး မသေမျိုးဝိညာဉ် အဆင့်သို့ ရောက်ရှိနေကြပြီး ပြင်းထန်သော အသေသတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။


ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်သည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကြီးမားသော မျိုးနွယ်စုကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းတို့တွင် အကြီးအကဲအဆင့် ကျင့်ကြံသူ များစွာရှိသည်။


ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်တွင်လည်း နတ်ဆိုးမျက်လုံးမျိုးနွယ်ကဲ့သို့ပင် နတ်ဆိုးဘုရင် အဆင့် အထွဋ်အထိပ်ကျင့်ကြံသူရှိလေသည်။ပျက်သုဉ်ခြင်းအကျဉ်းထောင်တွင် နတ်ဆိုးအရှင်သခင် ရှစ်ယောက်ရှိပြီး တစ်ယောက်စီတိုင်းက ကြီးမားသောမ်ျိုးနွယ်စုကြီးကို ကိုယ်စားပြုလေသည်။


သူတို့အားလုံးက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ရှဲ့ဟယ်က ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်စု၏ ဦးဆောင်သူတစ်ယောက်မဟုတ်သော်လည်း အထွဋ်အထိပ်အဆင့်တွင် တည်ရှိသူဖြစ်လေသည်။သူ့၏ ခွန်အားသက်သက်ဖြင့် တောင်ပိုင်းဒေသတစ်ခုလုံးကို ထိန်းချူပ်နိုင်စွမ်းရှ်ိ၏။သူ့၏ မဟာစစ်သည်တော်ကြီးလေးယောက်ပါပါလျှင် ပုန်းကွယ်နဂါးတိုက်ကြီး၏ အလယ်ပိုင်းသို့ ဝင်ရောက်ကျူးကျော်ဖို့ပင် ပြဿနာမရှ်ိပင်။သို့သော်လည်း ယခုတောင်ပိုင်းတွင် သူမတူးဖော်ရသေးသောကိစ္စရပ်များစွာ ရှိနေသေးသောကြောင့် စောင့်ဆိုင်းထားရခြင်းဖြစ်သည်။


ထိုပဟေဋိလျှို့ဝှက်ချက်များကြောင့်ပင် ကင်းမြီးကောက် နတ်ဆိုးမ်ျိုးနွယ်များက သူ့၏ တပ်ကို ဒီတောင်ပိုင်းနေရာသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ဒီတာဝန်အောက်တွင် ခက်ခဲနက်နဲသော အကြောင်းအရာများစွာရှိနေသော်လည်း ရှဲ့ဟယ်က ၎င်းကို ဂရုမစိုက်ခဲ့ပေ။မည်သို့ပင်ဆိုစေ တစ်မိုးတစ်အောက် အနိုင်မယူမလွှမ်းမိုးနိုင်သူ ဖြစ်ရခြင်းကလည်းကျေနပ်စရာပင်။


တကယ်တမ်းပြောရမည်ဆ်ိုလျှင် ပုန်းကွယ်နဂါးတ်ိုက်ကြီးက စွမ်းအင်နိမ့်ကျနေသည်ဟု ဆိုသော်လည်း သူတော်စင်အုပ်ချုပ်သူအဆင့် ကျင့်ကြံသူများစွာရှိနေပေသေးသည်။


အကယ်၍သူသာထိုကဲ့သို့သော ကျင့်ကြံသူနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပါက အသတ်ခံရပေလိမ့်မည်။ထို့ကြောင့်ပင် ရေကန်အကြီးကြီးထဲက ငါးသေးသေးလေးလုပ်ရခြင်းထက် ရေကန်လေးထဲက ငါးအကြီးကြီးတစ်ကောင်လုပ်ရခြင်းကို သူပိုမိုနှစ်သက်ပေသည်။


ရှဲ့ဟယ်၏ ဆန္ဒက အုပ်ချုပ်ရလွယ်သော နေရာတစ်ခုလေးကိုသာ ထိန်းချုပ်ရန်ဖြစ်သည်။ယခုသူကျူးကျော်ဝင်ရောက်ခဲ့သော တောင်ပိုင်းဒေသကြီးက အလွန်ပင် အုပ်စိုးရလွယ်ကူသောကြောင့် သူ ကျေနပ်ခဲ့ရသည်။ယခုပုဖန်၏ ဖြစ်ရပ်ကို မတော်တဆဖြစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။သို့သော်လည်း လေ့လာကြည့်ပြီးနောက် ပုဖန်က အလွန်သန်မာပုံမရသောကြောင့် သူ စိုးရိမ်စိတ်လျော့နည်းသွားသည် ။


သူ့လက်အောက်ရှိ မဟာစစ်သူကြီးလေးယောက်၏ ခွန်အားဖြင့်ပင် ထိုသတ္တိကောင်းနေသော လူသားကို ရှင်းပစ်ရန် လုံလောက်နေပေသည်။သူ့ကို တ်ိုက်ခိုက်လာသောနတ်ဆိုးလေးယောက်ကို ဂရုမစိုက်ဟန်ဖြင့် လက်ပိုက်၍ ရပ်နေသည်။


စစ်သူကြီးလေးယောက်၏ အသွင်အပြင်များက မတူညီကြပေ။တစ်ယောက်က ကြမ်းတမ်းဟန်ပေါက်ပြီး တစ်ယောက်က နူးညံ့ဟန်ပေါက်သည်။တစ်ယောက်က မကြင်မနာရက်စက်တက်သောပုံပေါက်ပြီး တစ်ယောက်က နှိုင်းယှဉ်၍မရအောင် ထက်မြက်ပုံပေါက်လေသည်။စစ်သူကြီးလေးယောက်မှာအမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။


"ဒီလိုလူသားလေးတစ်ယောက်က ဘာကြောင့် သေခြင်းတရားကို နားမလည်ရတာလဲ..."


ကြမ်းတမ်းပုံပေါက်သော နတ်ဆိုးတစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ့၏ ဓားကို လွှဲယမ်းလိုက်သည့်အချိန်၌ ဘေးပတ်ရှိ ကျောက်ခဲများပင် လွင့်စင်သွားသည်။သူ့၏ ဓားပေါ်၌ ထူထပ်သိပ်သည်းလှသော သွေးကြောမျှင်ပုံစံများရှိနေသည်။ထိုသူက ပုဖန်ကို သတ်ဖြတ်ရန်ရည်ရွယ်၍ ဓားကို လွှဲခုတ်ချလာလေသည်။


တခြားတစ်ဖက်တွင်ရှိသော စစ်သူကြီးသုံးဦးက တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။သူတို့က လေထဲတွင်ပျံဝဲ၍ ပုဖန်ကို စိတ်ဝင်စားစွာဖြင့် အကဲခတ်ကြည့်ရှုနေကြသည်။သူတို့၏ အမြင်အရ မသေမျိုး စိတ်ဝ်ိညာဉ် လှေကားတစ်ဆင့်သာရှိသေးသော လူသားသည် စစ်သူကြီးတစ်ယောက်ကိုပင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။တိုက်ခိုက်မှုတစ်ခုတည်းကပင် သူ့အတွက်လုံလောက်နေပေပြီ။


ဓားကိုလွှဲယမ်းလိုက်သည်နှင့် ၎င်း၏ စွမ်းအင်များက ပြန့်နှံ့သွားပြီး မြေပြင်ကိုပင် ကွဲအက်သွားစေသည်။ပုဖန်၏ နီရောင်စားဖိုမှူးဝတ်ရုံက လွင့်ခါသွားသည်။သူ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့ခေါင်းဆီသို့ လွှဲလာသော ပုံရိပ်ကြီးကို ကြည့်လိုက်၏။


သူ့၏ စိတ်ဝညာဉ် ပင်လယ်အတွင်းမှ စိတ်စွမ်းအားများ တဟုန်ထိုး တိုးမြင့်လာသည်။စိတ်ဝိညာဉ် ပင်လယ်အတွင်းတွင် နေထိုင်နေသော နဂါး၏ ဝိညာဉ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။


ဘုန်း...


ပုဖန်၏ စိတ်စွမ်းအင်များက အရှိန်အဟုန်ဖြင့် နေရာအနှံ့သို့ ပြန့်နှံ့သွားသည်။ဓားလွှဲလိုက်သော စစ်သူကြီး၏ပုံရိပ်က နေရာမှာပင် အေးခဲသွားပြီး ဓားသည်လည်းရပ်တန့်သွားသည်။


ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး ခဏအကြာတွင် လေထဲတွင် အနက်ရောင် လေဝဲတစ်ခု ဖြစ်ပေါ်လာလေသည်။


ဝီ...


ထို့နောက် ရွှေဝါရောင် အလင်းတန်းများ ထုတ်လွင့်နေသော မဟူရာလိပ်ခုံးဒယ်အိုး ထွက်ပေါ်လာလေသည်။ပုဖန် စိတ်စွမ်းအင်များဖြင့် ထိန်းချုပ်၍ ဒယ်အိုးကို လွှဲယမ်းလိုက်ပြီးထိုသားခုတ်ဓားမကြီးကို ထုနှက်လိုက်သည်။


သတ္တုချင်းထိခိုက်သံ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာလေသည်။မဟာစစ်သူကြီး၏။ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။သူ့၏ လက်မှ ထုံကျင်မှုကိုခံစားလိုက်ရ၏။ထိုဒယ်အိုးရိုက်ချက်ကြောင့် သူ့လက်အရေးပြားပင် ဆုတ်ပြဲတော့မတက် ဖြစ်သွားလေသည်။


မဟာစစ်သူကြီး လုံးဝ ဒေါသထွက်သွားလေသည်။စိတ်စွမ်းအင်များ၏ ချုပ်နှောင်မှုကြောင့်သူ လက်ပင် မလှုပ်နိုင်အောင် ဖြစ်နေလေသည်။သူကို ပို၍ ကြမ်းတမ်းခတ်ထန်လာစေသည်။


ထို့နောက်သူ့၏ မျက်လုံးနှစ်လုံးက မီးပုံးကဲ့သို့ တောက်ပလင်းလက်လာပြီး သားခုတ်ဓားမကြီး၏ စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။ထို့နောက် မဟာစစ်သူကြီး၏ နောက်ဘက်တွင် ကြီးမားလှသော နတ်ဆိုး ကင်းမြီးကောက် ပုံရိပ်ကြီး ပေါ်ထွက်လာလေသည်။


ထိုကင်းမြီးကောက်ကြီး၏ အမြီးက လေထဲတွင် လွှဲယမ်းနေသည်။၎င်းက ပါးစပ်ကို ဟ၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးနောက် ပုဖန်ဆီသို့ တဟုန်ထိုးတိုးဝင်လာသည်။


မဟူလိပ်ခုံးဒယ်အိုးက လေထဲတွင် လည်ပတ်လာပြီးနောက် ပုဖန်၏ ခေါင်းအထက်သို့ ရောက်ရှိလာသည်။ပုဖန် အစစ်အမှန် စွမ်းအင်များက အလွန်သန်မာမှု မရှိသော်လည်း သူ့တွင် မဟူရာလိပ်ခုံးဒယ်အိုးရှိနေပေသည်။


၎င်းဒယ်အိုးသည် သဘာဝ၏ ဖိအားများကို သယ်ဆောင်ထားလေသည်။ထို့ကြောင့် သူ့၏ စိတ်စွမ်းအင်ကို ထိန်းချုပ်လိုက်သည်နှင့် ထိုမဟာစစ်သူကြီးလောက်ကို ရင်ဆ်ိုင်ရန်မှာ ပမွှားဖြစ်သွားလေပြီ။


သူမဟူရာလိပ်ခုံးဒယ်အိုးကို လက်ချောင်းကလေးဖြင့် အသာအယာပုတ်လိုက်သည်နှင့် လေတိုးသံတစ်ချက်ထွက်ပေါ်လာပြီး ၎င်းက မဟာစစ်သူကြီးကို ထုနှက်ရန် အရှိန်ဖြင့် ပြေးဝင်သွားလေသည်။


ဘန်း...


ကင်းမြီးကောက် နတ်ဆိုးပုံရိပ်က အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။သို့သော်လည်း စစ်သူကြီး၏ ပုံရိပ်ကမူ ပုဖန်ဆီသို့ ဆက်လက်တိုးဝင်လာနေသေးသည်။သူ့၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီးနောက် ချွှန်မြေ့လှသော အချွှန်တစ်ခု ထွက်ပေါ်လာ၏။


၎င်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် နှစ်မီတာခန့်ရှည်လျားသော ကြီးမားသည့် ကင်းမြီးကောက်နတ်ဆိုးဖြစ်လာလေသည်။


ထပ် ထပ်.. 


ထိုကင်းမြီးကောက်ကြီး၏ ခြေထောက်များက လျင်မြန်စွာပင် လှုပ်ရှားပြီး ပုဖန်ဆီသို့ ဆက်လက်၍ တိုးဝင်လာလေသည်။ချွှန်မြေ့လှသော ကင်းမြီးကောက်အမြီး ထိပ်ဖျားကလည်း ပုဖန်ကို ထ်ိုးဖောက်ရန် အခ်ျိန်အခါကောင်းကို ရွေးချယ်နေသကဲ့သို့ လှုပ်ရှားယိမ်းထိုးနေလေသည်။


ထိုမဟာစစ်သူကြီးက ကင်းမြီးကောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်ဟု မထင်ထားသောကြောင့် ပုဖန် အနည်းငယ်မျက်ခုံးပင့်လိုက်သည်။


"ငါ ဒီလို ကင်းမြီးကောက်မျိုးကို ပါဝင်ပစ္စည်းအဖြစ် မတွေးခဲ့ဖူးဘူး ဒါပေမယ့်လည်း ငါ့မှာ အခွင့်အရေးရှိမယ်ဆိုရင်တော့လည်း ကြိုးစားကြည့်ဖို့ စိတ်မရှိပါဘူး..."


ပုဖန် အေးဆေးစွာ ပြောလိုက်သည်။သူ့စကားကို ကြားသည်နှင့် ပင်မခန်းမဆောင်ထဲတွင်ရှိနေသော ကင်းမြီးကောက်နတ်ဆိုးမျိုးနွယ်များ၏ မျက်နာက ပြောင်းလဲသွားလေသည်။ကင်းမြီးကောက် နတ်ဆိုးခေါင်းဆောင် ရှဲ့ဟယ် အလွန်ပင် ဒေါ သထွက်သွားလေသည်။


"မင်းတို့ လူသားတွေကသာ ငါတို့ အတွက် ပါဝင်ပစ္စည်းတွေ ဘယ်လောက်တောင် မထီလေးစားနိုင်တဲ့ လူသားလဲ...သွားကြ အဲ့ဒီလူသားကောင်ကို ငါ့အတွက် တစ်စစီဆုတ်ဖြဲ ပေးခဲ့ ငါသူ့ကို တစ်ပိုင်းစီ စားပစ်မယ်..."


လေထဲတွင်ပျံဝဲနေသော မဟာစစ်သူကြီးသုံးယောက်၏ အကြည့်များကလည်း တင်းအာခတ်ထန်သွားသည်။ပုဖန်က အနည်းငယ် မောက်မာ ဝင့်ကြွားသည်ဟု ခံစားမိလေသည်။ထိုသုံးယောက်ဆီမှ ပြင်းထန်လှသော အင်အားတစ်ခု ပေါက်ကွဲလာပြီးနောက် ကင်းမြီးကောက်ကြီးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။


မြေပေါ်ဆင်းသက်လိုက်သည်နှင့် ပင်မခန်းမဆောင်တစ်ခုလုံး ပြည့်လုမတက်ပင် ဖြစ်သွားလေသည်။


ထပ် ထပ် ထပ်...


ကင်းမြီးကောက်ခြေထောက်များ မရပ်မနား လှုပ်ရှားလိုက်သည့်ခဏ၌ မြေပြင်ပင် အက်ကွဲတော့မလို ထင်ရသည်။နီယန်က ကွမ်းရှောင်ယီနှင့် တခြားသူများကို ခေါ်၍ အကွာအဝေးတစ်ခုဆီသို့ ဆုတ်ခွာသွားလိုက်သည်။သူတို့ ဒီတိုက်ပွဲကြားထဲတွင် မနေလိုပေ။


ပြောရမည်ဆိုလျှင် နီယန်၏ အခြေအနေက မတည်ငြိမ်နေသေးပေ။ထို့ကြောင့် သူမ ဘယ်နေရာတွင်မှ ဝင်မပါရဲပေ။သူမ၏ စိတ်အာရုံအတွင်းမှ ကြယ်ကွန်ရက်၏ စွမ်းရည်က အလွန်ပင် ပြင်းထန်လှပြီး သူမကလည်း ၎င်းကို ကောင်းစွာ မထိန်းချုပ်နိုင်သေးပေ။


ပုဖန်က ထိုဧရာမကင်းမြီးကောက်ကြီးများကို အားစိုက်ထုတ်မှုမရှိပဲ ရင်ဆိုင်နိုင်လိုက်မည်ဟု သူမ ယုံကြညိပေသည်။ပိုင်ရှင်ပု၏ အံ့အားသင့်စရာကောင်းသော စွမ်းအင်များကို ယုံကြည်ယုံသာမက ထိုကင်းမြီးကောက်ကြီးများ ပါဝင်ပစ္စည်းဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်ပေသည်။


ဧရာမကင်းမြီးကောက်ကြီးလေးကောင်ဝိုင်းရံထားသည့် နေရာတွင် ငရဲစွမ်းအင်များကလည်း သိပ်သည်းစွာ ပြန့်နှံ့နေသည်။သို့သော် ပုဖန်က တည်ငြိမ်အေးဆေးနေတုန်းပင်ဖြစ်သည်။သူသည် ငရဲကမ္ဘာရှိ ဧရာမကြီးမားလှသော သွေးရောင်ခြယ်နဂါးကိုပင် မြင်ဖူးထားသူဖြစ်သည်။ထို့ကြောင့် ဒီကင်းမြီးကောက်လေးများ၏ ဖိအားကို အဘယ်ကြောင့် ကြောက်ရမည်နည်း။


သူက အဝိုင်းခံထားရသော်လည်း သူ့၏လှုပ်ရှားမှုများက အေးအေးဆေးဆေးဖြစ်နေတုန်းပင်။သူ့၏ ခေါင်းထက်တွင် လွင့်မျောနေသောမဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်၏။ထို့နောက် သူ့ကို ဝ်ိုင်းထားသော ကင်းမြီးကောက်ကြီး လေးကောင်ကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက် ကော့တက်သွားသည်။


သူ့၏ လက်ကို မြောက်လိုက်ပြီး လက်မောင်းပေါ်တွင် ပတါစည်းထားသော အဖြူအနက် လက်ပတ်ကို တဖြေးဖြေးချင်း ဖြေလျော့လိုက်သည်။ထိုလက်ပတ် ပြေလျော့သွားသည်နှင့် လက်မောင်းတစ်လျှောက် ရေးထွင်းထားသောထောင်တျဲ နှစ်ကောင်ကို မြင်နိုင်ပေသည်။


ဂါး...


ရုတ်တရက် လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားပြင်းသည့် ဟိန်းဟောက်သံက အားလုံး၏ နားထဲ ပဲ့တင်ထပ် ဖြတ်သန်းစီးဆင်းသွားလေသည်။ကင်းမြီးကောက်နတ်ဆိုးလေးကောင်လုံး အနည်းငယ်ကြောက်ရွံ့သွားလေသည်။ဆိုးရွားသည့် အန္တရာယ်ကို ခံစားလိုက်မိပြီး သူတို့ ပုဖန်ကိုဆက်လက်တိုက်ခိုက်ရဲခြင်းမရှိတော့ပေ။


ခဏ၌ ကြီးမားသော ကင်းမြီးကောက်ကြီးတစ်ကောင်က သူ့၏ ပါးစပ်ကိုဖွင့်ဟ၍ အရှေ့သို့ တရှိန်ထိုးပြေးဝင်လာသည်။၎င်း၏ ကတ်ကြေးနှင့်တူသော ပါးစပ်ကိုဖွင့်ဟ၍ ပုဖန်ကို ကိုက်ရန်ပြင်လိုက်သည်။


ဂလောင်...


သို့သော် ထိုချွှန်မြေ့သော အစွယ်က ပုဖန်ကို မကိုက်မိလိုက်ခင်မှာပင် မဟူရာလိပ်ခုံးဒယ်အိုးဖြင့် လွှဲရိုက်ခြင်းခံလိုက်ရလေသည်။မဟူရာလိပ်ခုံးဒယ်အိုး၏ မာကြောသော ထုနှက်မှုကြောင့် သူ့၏ ပါးစပ်ပင် ပျော့အိသွားသလို ခံစားလိုက်ရသည်။ထိုကတ်ကြေးနှင့်တူသော ပါးစပ်က ကျိုးသွားလေသည်။


ရုတ်တရက် အဖြူအနက် ထောင်တျဲ စွမ်းအင်များ အားပြည့်စွာ ထွက်ပေါ်လာသည်။ပုဖန် သူ့၏ ခန္ဓာကိုယ်ထဲမှ တလှိမ်လှိမ့်တိုးတက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ခံစားမိလိုက်သည်။သို့သော်လည်း သူ့၏ ခန္ဓာကိုယ်က ချူချန်းရှန်ကဲ့သို့ ဧရာမကြီးအဖြစ် ပြောင်းလဲမသွားပေ။


ထိုအခိုက်အတန့်တွင် ပုဖန်၏ ခန္ဓာကိုယ်သည် မသေမျိုးဝိညာဉ် လှေကားတစ်ဆင့်မှနေ၍ ကြောက်မက်ဖွယ်ရာကောင်းလောက်သော အဆင့်တစ်ခုထိ တိုးမြင့်သွားသည်။


သူမဟူရာလိပ်ခုံးဒယ်အိုးကို လွှဲယမ်းလိုက်သည်နှင့် ထ်ိုကင်းမြီးကောက်ကြီး အနောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားလိုက်ရပြီး ကျယ်လောင်သော အသံများပင် ထွက်ပေါ်လာသည်။ပထမဦးဆုံးအကြိမ်အဖြစ် ပုဖန်၏ ပုံရိပ်က ရွေ့လျားသွားသည်။သူ့၏ ဝတ်ရုံက တဖျတ်ဖျတ်လွင့်ခါသွား၏။သူဧရာမကင်းမြီးကောက်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။


သို့သော်လည်း ထိုလုပ်ရပ်ကြောင့် ကင်းမြီးကောက်ကြီးက ပျော်ရွှင်သွားလေသည်။ကင်းမြီးကောက်၏ ကျောပေါ်ဆ်ိုသည်မှာ တစ်စုံတစ်ယောက်ရပ်သင့်သောနေရာမဟုတ်ပေ။ကင်းမြီးကောက်နတ်ဆိုး၏ အနက်ရောင်အမြီးက ကြမ်းတမ်းစွာ လှုပ်ခါလာသည်။၎င်းက ပုဖန်၏ ခေါင်းကို ချက်ချင်းပင် ထိုးဖောက်တော့ပေမည်။


ထိုအချိန်၌ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ကြည့်ရှုနေသူများအားလုံး မှင်သက်သွားလေသည်။ထိုခဏအတွင်းမှာပင် ပုဖန်လက်ထဲ၌ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာသည်။ပုဖန် မီးဖိုချောင်သုံးဓားကို လက်တစ်ဖက်ဖြင့် ကိုင်၍ တစ်ခြားတစ်ဖက်က မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ထားသည်။


ကင်းမြီးကောက်ကျောပေါ်တွင်ရပ်နေသော ပုဖန်၏ ပုံရိပ်သည် နှ်ိုင်းယှဉ်ပြ၍ မရနိုင်လောက်အောင်ပင် လွှမ်းမိုးနိုင်စွမ်းရှိနေသည်။သူ့ကို တိုက်ခိုက်ရန်ကြံရွယ်နေသော ကင်းမြီးကောက် အမြီးကို လှည့်၍ပင် မကြည့်ပဲ သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားကို အနောက်သို့ ဝှေ့ယမ်းလိုက်သည်။


ကင်းမြီးကောက် အမြီးပျက်သွားပြီး စိမ်းပုပ်ရောင်အရည်များထွက်လာလေသည်။ကင်းမြီးကောက်က ပို၍ပင် ကြမ်းတမ်းစွာယမ်းခါလာသည်။အမြီးဖြတ်လိုက်ခြင်းက သူ့၏ အသက်သွေးကြောကို ဖြတ်လိုက်ခြင်းနှင့် တူညီနေသည်။သူ ပြင်းပြင်းထန်ထန်ပင် ဘယ်ညာယိမ်း၍ ရုန်းကန်နေသည်။ပုဖန်က မျက်နာတစ်ချက်ပင် မပြောင်းပဲ အေးဆေးစွာပြောလိုက်သည်။


"ခဏလောက် ငြိမ်ငြိမ်နေစမ်းပါ..."


နောက်ခဏအတွင်းမှာပင် သူ့လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးက ပြန့်ကာကြီးမားလာပြီး သူ့ခြေထောက်အောက်မှ ကင်းမြီးကောက်ကို ထုချလိုက်လေသည်။