အပိုင်း ၈၆၀
Viewers 53k

အခန်း ၈၆၀

ကင်းမြီးကောက်ကင်...


အဖြူအနက် ထောင်တျဲ လက်ပတ်မှ ပေးသော ဝိညာဉ် စွမ်းအားများကြောင့် ပုဖန်၏ စွမ်းအားက နောက်တစ်ဆင့်သို့ တက်နိုင်သွားခဲ့သည်။ထို့ကြောင့် သူ့၏ ခန္ဓာကိုယ်ထက် အဆများစွာ ကြီးသော မဟူရာလိပ်ခုံးဒယ်အိုးဖြင့် ကင်းမြီးကောက်ကို ရိုက်နှက်ပြီးသည့်တိုင်အောင် သူဒယ်အိုးကို ဆုပ်ကိုင်ထားနိုင်ဆဲပင်ဖြစ်သည်။


ထုထည်ကြီးမားသော အရာတစ်ခုဖြင့် သူ့၏ ခေါင်းကို အထုခံလိုက်ရပြီးနောက် ကင်းမြီးကောက်နတ်ဆိုး မြေပြင်ပေါ်သို့ ပျားခနဲ ပိကျသွားသည်။


ဒယ်အိုးလေးတစ်ခုမျှက သူတို့၏ ရဲဘော်ရဲဘက်ကို ထုနှက်လိုက်သည်အား မြင်ပြီးနောက် ကျန်သည့် ကင်းမြီးကောက်သုံးကောင်လုံး ဒေါသတကြီးဖြင့် ဟစ်အော်လိုက်ကာ စတင်၍ လှုပ်ရှားလိုက်ကြသည်။


ပုဖန်၏ မျက်နာ အေးစက်သွားသည် ။သူကင်းမြီးကောက်နတ်ဆိုး၏ ကျောကို အသာအယာထောက်ကန်လိုက်ပြီး လေထဲသို့ လွင့်မျောတက်လိုက်သည်။ထိုကင်းမြီးကောက် နတ်ဆိုးက မဟူရာလိပ်ခုံးဒယ်အိုးဖြင့် သေလုမျောပါးအခြေအနေထိ ထုနှက်ခံထားရလေသည်။


ပုဖန်၏ အေးစက်လှသော အကြည့်များက နောက်ထပ် တခြား ကင်းမြီးကောက် နတ်ဆိုး ၃ယောက်ဆီသို့ ကျရောက်သွားသည်။သူ့၏ လက်တစ်ဖက်တည်းတွင်ကိုင်ထားသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်သည်။ပုဖန် ဓားအတွင်းသို့ အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် ကျယ်လောင်သောနဂါးဟိန်းသံ ထွက်ပေါ်လာပြီး ကင်းမြီးကောက်များ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။


ထိုမီးဖိုချောင်သုံးဓားဆီမှ ကြောက်မက်ဖွယ်ကောင်းလှသော နဂါးစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ကင်းမြီးကောက် နတ်ဆိုး ၃ကောင်လုံး တုန်ယင်မှုကို ခံစားလိုက်ရပြီး သူတို့၏ လှုပ်ရှားမှုများက နှေးကွေးလေးလံသွားသည်။


သို့သော်လည်း ပုဖန်၏ အရှိန်နှုန်းက ကျဆင်းသွားခြင်းမရှိပေ။သူလေထဲ၌ ခြေတစ်လှမ်လှမ်းလိုက်ပြီး လျှပ်တစ်ပြတ်အတွင်းမှာပင် နတ်ဆိုးတစ်ကောင်၏။ ရှေ့၌ ပြန်ပေါ်လာသည်။


သူ့လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးကို မြင့်မြင့်မြောက်လိုက်ပြီးနောက် ထိုကင်းမြီးကောက်နတ်ဆိုးကို ရိုက်ချလ်ိုက်သည်။ကျယ်လောင်သောထိခတ်သံတစ်ခုထွက်ပေါ်လာပြီးနောက် ထိုကင်းမြီးကောက်နတ်ဆိုး မြေထဲသို့ နက်ရှိူင်းစွာ နစ်ကျွံသွားလေသည်။အဝေးမှ ကွမ်းရှောင်ယီနှင့် နီယန်တို့အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြလေသည်။


"ပိုင်ရှင်ပုကတော့ တကယ်ကို ပိုင်ရှင်ပု ဖြစ်နေတုန်းပဲ..."


 သူ့၏ဒယ်အိုးလွှဲချက်က အလွန်ပင် အံ့သြသင့်စရာကောင်းလောက်ပြီး အလွန်ကြမ်းတမ်းလှသည်။ပလ္လင်ပေါ်တွင် ထိုင်နေသော ရှဲ့ဟယ်က သူ့၏ မဟာစစ်သူကြီးလေးယောက် ထိုကဲ့သို့ ဖိနှိပ်ခံလိုက်ရမည်ဟု မတွေးထားခဲ့မိခဲ့ပေ။သူ့၏ နှလုံးသားထဲသို့ သတ်ိပေးချက်တစ်ချက် တိုးဝင်လာသလိုမျိုး ခံစားလိုက်ရသည်။


"ဒီလူသားက နည်းနည်းထူးဆန်းနေတယ် ဒယ်အိုးနဲ့ မီးဖိုချောင်သုံးဓားမနဲ့ သူက စားဖိုမှူးတစ်ယောက်လား ..အဲ့ဒီလ်ို ကြမ်းတမ်းရက်စက်တဲ့ စားဖိုမှူးရှိလို့လား..."


ရှဲ့ဟယ်၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ချက်လက်သွားသည်။


ဘန်း...


ပုဖန်ဒယ်အိုးကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ပြန်သည်။နောက်ဆုံး ကင်းမြီးကောက် နတ်ဆိုးတစ်ကောင် မြေပြင်ပေါ် ထပ်မံ နစ်ကျွံ့သွားသောကြောင့် ရှဲ့ဟယ်၏ နှလုံးသားထဲ၌ တုန်လှုပ်သွားသည်။


ထို့နောက် ထိုကင်းမြီးကောက်လေးကောင်လုံးကို ဒယ်အိုးဖြင့် စုဆောင်းသိမ်းဆည်းလိုက်လေသည်။အလွန်ကြီးမားလှသော ဒယ်အိုးထဲတွင် ရှဲ့ဟယ်၏ မဟာစစ်သူကြီးလေးယောက်နှင့် ပြည့်နှက်နေပေပြီ။


ရှဲ့ဟယ်၏ ခန္ဓာကိုယ်၌ ဒေါသမီးတောက်များ တောက်လောင်နေပေသည်။


"ဒီလူသားက သူရဲ့ မဟာစစ်သူကြီးလေးယောက်ကို ချက်ပြုတ်မလို့ ကြံစည်ရဲတယ်လား သူက ကင်းမြီးကောက် နတ်ဆ်ိုးမျိုးနွယ်ကို ဒီလို အရှက်ခွဲရဲတယ်လား ဒါက သေဖို့တောင်းဆိုလိုက်တာနဲ့ အတူတူပဲ..."


ဘန်း...


ကျယ်လောင်သော ရိုက်ခတ်သံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ယခုအချိန်၌ မဟူရာလိပ်ခုံးဒယ်အိုးထဲတွင်ရှိနေသော ကင်းမြီးကောက်လေးကောင်က လွတ်မြောက်ရန်အတွက် အပြင်းအထန် ရုန်းကန်နေကြလေသည်။


သို့သော်လည်း ပုဖန်၏ သန်မာလှသော စိတ်စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ထ်ိုကင်းမြီးကောက်များ ပြန်လည် တွယ်တက်လာနိုင်စရာအကြောင်းမရှိပေ။


ပုဖန် ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် ရွှေရောင်ရင့်ရင့်မီးလျှံတစ်ခု ထွက်ပေါ်လာပြီး ပုဖန်၏ခန္ဓာကိုယ်ပတ်လည်တွင် လှည့်လည်နေလေသည်။သူ့၏ အမှတ်အသားလေးမျိုး မီးထိန်းချုပ်ခြင်း နည်းလမ်းဖြင့် ကောင်းကင်ကမ္ဘာမြေမီးလျှံကို ထိန်းချုပ်လိုက်သည်နှင့် မီးအပူချိန်က အဆက်မပြတ် တက်လာပြီး ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိလာသည်။


ထိုမီးလျှံက နဂါးတစ်ကောင်အလား မယူရာလိပ်ခုံးဒယ်အိုးအောက်သို့ ပျံသန်းဝင်ရောက်သွားလေသည်။ချက်ချင်းဆိုသလိုပင် ဒယ်အိုးထဲရှ်ိ အပူချိန်ကလည်း ဒုံးပျံ တင်လွှတ်လိုက်သကဲ့သို့ တက်လာသည်။


ဒယ်အိုးထဲမှ ရုန်းကန်မှုများကလည်း ဗြောင်းဆန်လာသောကြောင့် မဟူရာလိပ်ခုံးဒယ်အိုးပင် ဘယ်ညာယိမ်းခါနေလေသည်။ကင်းမြီးကောက် နတ်ဆိုးအကြီးအကဲ ရှဲ့ဟယ်၏ ဒေါသက အထွဋ်အထိပ်အဆင့်သို့ ရောက်သွားလေပြီ။သူ့၏။ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာပြီး ဧက္ကရာဇ်ပလ္လင်ပင်ချက်ချင်း ပြိုကွဲသွားလေသည်။


သူ့၏ စွမ်းအင်များကလည်း အဆက်မပြတ် မြင့်တက်လာလေသည်။သူသည်လည်း မဟာလေဟာနယ်အဆင့်သို့ ခြေတစ်ဝက်လှမ်းပြီးသားသူဖြစ်သောကြောင့် တန်ခ်ိုးစွမ်းရည်က အားကောင်းသန်မာလှသည်။နန်းတော်ထဲရှိ လေထုက အေးခဲသွားသည်။ကွမ်းရှောင်ယီနှင့် တခြားသူတို့၏ အသက်ရှူနှုန်းများကလည်း တိုးဖျော့လာသည်။


ထိုအခ်ျိန်တွင် နီယန်က လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ကြယ်ရောင်ဖျော့ဖျော့လေးများ လင်းလက်လာပြီး သူတို့၏ ပတ်ပတ်လည်တွင် အကာအကွယ်တစ်ခု ဖြစ်တည်လာသည်။ထိုသို့ ပြုလုပ်ပြီးသည်နှင့် နီယန်၏ မျက်နာက အနည်းငယ် ဖြူဖျော့သွားသည်။သူမစွမ်းအားနည်းနည်းထုတ်သုံးလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နုံးချိလာကာ ငိုက်မြည်းလာလေသည်။


ရှဲ့ဟယ်က ဒေါသတကြီးဖြင့် လေထဲတွင် ရပ်တည်လိုက်သည်။ထိုခဏအတွင်းမှာပင် ဆူညံသံတစ်ခုနှင့်အတူ သူ့လက်ထဲသို့ တိုက်ပွဲဝင်ပုဆိန်တစ်လက်ရောက်လာသည်။ထိုပုဆိန်က သွေးနီရောင်အရောင်အဆင်းရှိပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေသည်။ရှဲ့ဟယ် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ပုဆိန်ကို ဖြေးညှင်းစွာ မြောက်လိုက်သည်။


"သေပေတော့..."


ဒေါသက ငယ်ထိပ်ရောက်နေပေပြီ။


"ဒါက လုံလောက်သွားပြီ သူ လုံးဝ သည်းမခံနိုင်တော့ဘူး..."


သူတိုက်ပွဲဝင် ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပုဖန်ရှိရာဆီသို့ ကြမ်းတမ်းရက်စက်စွာ ခုတ်ချလိုက်သည်။၎င်းက လေဟာနယ်နှင့် ကောင်းကင်ကိုပင် ထက်ခြမ်းခြမ်းပစ်တော့မည့် ပုံပေါ်လေသည်။


ဖြေးညှင်းစွာရွေ့လျားသွားသော ပုဆိန်အသွားအောက်၌ ထူထဲ သိပ်သည်းလှသော အက်ကြောင်းများပင် ဖြစ်ပေါ်လာစေသည်။သူက မဟာစစ်သူကြီးလေးယောက်နှင့် ယှဉ်လ်ိုက်လျှင် အဆပေါင်းများစွာ စွမ်းအားကြီးပေသည်။


ကြောက်မက်ဖွယ်ရာ လေပြင်းများ ဖြစ်ပေါ်လာပြီး ပုဖန်၏ အဝတ်အစားများ တဖျတ်ဖျတ်လွင့်ခါနေသည်။သူ့၏ ဆံပင်များလည်း ပြန့်လွင့်နေပြီး ခေါင်းစည်းကြိုးပင် ပြုတ်ထွက်သွားသည်။


ရှောင်ရှောင်လုံနှင့် ကျန်သည့်သူများ၏ မျက်နာကလည်း သေမတက်ဖြူဖျော့လာလေသည်။သူတို့ ရှဲ့ဟယ် ကိုယ်တိုင် လှုပ်ရှားလာသည်က်ို ပထမဦးဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်သည်။


"ရှဲ့ဟယ်က အဲ့ဒီလောက်ကြောက်စရာကောင်းနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."


ထိုကဲ့သို့သော စွမ်းရည်များက သူတို့ မျှော်လင့် တွေးထားနိုင်သည်ထက် အဆပေါင်းများစွာ ဝေးကွာနေပေသေးသည်။


"ပိုင်ရှင်ပုရဲ့ ပြိုင်ဘက်က အဲ့ဒီလောက်တောင် သန်မာတဲ့လူလား..."


ထိတ်လန့်နေကြသော ရှောင်ရန်ယုတို့ စတင်၍ စိုးရိမ်ပူပန်လာကြလေသည်။ပုဖန်က ထိုနတ်ဆ်ိုး၏ တ်ိုက်ခိုက်မှုကိုမခုခံနိုင်ပဲ နှစ်ပိုင်းဖြတ်ခံလိုက်ရမည်ကို ကြောက်ရွံ့နေကြသည်။သို့သော်လည်း ပုဖန်ကမူ တခြားသူ၏ ဖ်ိအားများ သက်ရောက်ခြင်းမခံရသကဲ့သို့ တည်ငြိမ်အေးချမ်းနေတုန်းပင်ဖြစ်သည်။


သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ နဂါးဟိန်းဟောက်သံတစ်ခုနှင့်အတူ ရွှေရောင်အလင်းတန်းများစွာထုတ်လွင့်လာသည်။ပုဖန်၏ တခြားလက်တစ်ဖက်က ကောင်းကင်ကမ္ဘာမြေမီးလျှံကြားမှ မဟူရာလိပ်ခုံးဒယ်အိုးကို ဆုပ်ကိုင်လိုက်သည်။


သူ ဓားကို ကြမ်းတမ်းစွာ လွှဲယမ်းလိုက်ပြီး ရှဲ့ဟယ်ကို ညွှန်လိုက်သည်။ထို့နောက် သူ့၏နှုတ်ခမ်းလေးများ အသာအယာပွင့်ဟသွားလေသည်။


"ဓားဆယ့်သုံးချက် အရှင်သခင် ...ဖြတ်..."


ထိုခဏအတွင်းမှာပင် ပုဖန်၏ ခန္ဓာကိုယ်မှ စွမ်းအားများ တမဟုတ်ချင်းမြင့်တက်လာပြီး ဓားဆယ့်သုံးချက်အရှင်သခင် ဓားချက်က ရှဲ့ဟယ်ဆီသို့ လွှဲကျသွားလေသည်။အခုချိန်အခါ၌ ပုဖန်၏ ဓားဆယ့်သုံးချက် အရှင်သခင် နည်းလမ်းက အံ့သြသင့်စရာအဆင့်တစ်ခုသို့ ရောက်ရှိနေပေပြီ။


သူက ဓားချက်၁၁ချက်ကို နစ်ပြိုင်နက်တည်း ထုတ်ဖော်နိုင်နေပေပြီ။ထိုဓားချက် ၁၁ချက်၏ စွမ်းအားက ကြီးမြတ်သော တန်ခိုးရှင်အဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်ပစ်ရန်လုံလောက်နေပေပြီ။


ဓားချက် ၁ချက် ၂ချက်ဓားချက်များ အဆက်မပြတ် ကျဆင်းလာနေပြီး ပုဖန်၏ နောက်၌ပင် စိတ်ဝိညာဉ် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသလ်ိုမျိုး ထင်ရသည်။


ထိုစိတ်ဝိညာဉ် ပုံရိပ်က ကြီးမားလှသော ဓားကြီးတစ်လက်ကို ဆုပ်ကိုင်ထားသည်။၎င်း၏ မျက်ဝန်းများ ဖြေးဖြေးချင်းဖွင့်လာသည့် အခါ၌ သူ့ရှေ့ရှိ အရာရာကို ဖြတ်တောက်လိုက်သကဲ့သို့ပင်။အရာရာအားလုံးက အရောင်အဝါများ မှေးမှိန်ဖျော့တော့သွားသည်။


ဓား၁၁ချက်၏ စွမ်းအားက ကောင်းကင်ကိုပင် ပြင်းထန်စွာ တုန်ခါစေသည်။ရှဲ့ဟယ် ကြောက်ရွံ့ထိတ်လန့်လာမိသည်။နှလုံးသားက လျင်မြန်စွာခုန်လှုပ်လာပြီး သူ့ကိုယ်သူ စက္ကူကျားလေးတစ်ကောင်လို ခံစားနေမိသည်။


သူ့၏ ပုဆိန်အရိပ်က ဓားစွမ်းအင်အျား၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ထိုဖြစ်ရပ်မျိုးကို မည်သူမှ ကြိုတင်မျှော်လင့်ထားမိလိမ့်မည်မဟုတ်ပေ။


ဆူညံသံတစ်ချက်မှပင် ထွက်မလာပဲ ပုဆိန်အရိပ်က ပြိုကွဲသွားလေသည်။ပုဖန်၏ နေက်မှ ဓားအရှင်သခင် ပုံရိပ်က ထူးခြားဆန်းကြယ်လာသည်။၎င်း၏ ဓားစွမ်းအင်များက အနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိပဲ ဆက်လက်ဖိနှိပ်လာသောကြောင့် ရှဲ့ဟယ် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။


ရုတ်တရက် ရှဲ့ဟယ်၏ ပုံရိပ်က တွန့်လိမ်သွားပြီး ကြီးမားလှသော ကင်းမြီးကောက် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက မဟာစစ်သူကြီးလေးယောက်နှင့် ယှဉ်လိုက်ပါက ပို၍ ကြီးမားပြီး သုံးမီတာမျှရှည်လျားသည်။


၎င်းက တောင်ကုန်းသေးသေလေးတစ်ခုနှင့်ပင် တူနေပြီး ထွက်ပေါ်လာသော ဖိအားကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ရှဲ့ဟယ် ကင်းမြီးကောက် ပုံစံအဖြစ်သို့ ပြောင်းလဲသွားသော်လည်း သူ့၏နှလုံးသားက တုန်ရီနေဆဲဖြစ်သည်။သူ သူ့၏ အနက်ရောင်အမြီးကို လျင်မြန်စွာ ယမ်းခါလိုက်ပြီး ထိုဓားစွမ်းအင်များကို ထိုးဖောက်ရန် ရည်ရွယ်လိုက်သည်။


၎င်းကသူ့၏ အပြင်းထန် အသန်မာဆုံး တ်ိုက်ခိုက်မှုဟု ယူဆနိုင်ပေသည်။သို့သော်လည်း သူ့၏ အမြီးက ကျိုးသွားလေသည်။ဓားချက်၏ ခုတ်ဖြတ်မှုအောက်တွင် သူ့၏ အမြီးက လုံးဝ ကျိူးပဲ့သွားပြီး ပြင်းထန်လှသော နာကျင်မှုက သူ့စိတ်အာရုံတစ်ခုလုံးကိုဖုံးလွှမ်းသွားလေသည်။၎င်းက သူ့ကို ပို၍ ကြမ်းတမ်းခတ်ထန်လာစေသည်။


အမြီးဖြတ်တောက်ခံရပြီးနောက် ဓားစွမ်းရည်က အနည်းငယ် လျော့ကျသွားသည်။ရှဲ့ဟယ် သူ့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ထိုဓားစွမ်းအင်ကို ခုခံတ်ိုက်ထုတ်လိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းများ ပြန့်နှံ့သွားသည်။


ရှဲ့ဟယ်၏ ခန္ဓာကိုယ်ပေါ်၌ နက်ရှိုင်းလှသော အက်ကြောင်းများ ဖြစ်ပေါ်လာပြီး အကြေးခွံများပဲ့ကြွေသွားသည်။အော်ဟစ် သံက လူတိုင်း၏ နားစည်ကိုပင် တုန်ခါသွားစေသည်။ရှဲ့ဟယ် အလွန်အမင်း နာကျင်နေပြီး အလွန်ဒေါသထွက်နေလေသည်။


ဘုန်း...


ကင်းမြီးကောက် အမြီးက အနည်းငယ် နိမ့်ကျသွားပြီးနောက် ရှဲ့ဟယ် လေထဲသို့ ခုန်တက်လိုက်ပြီးနန်းတော်ခေါင်မိုးပေါ်သို့ တက်လိုက်သည်။နန်းတော်ခေါင်မိုးက ချက်ချင်းပင် ပျက်စီးသွားပြီး ရွှေရောင်အမိုးခုံးများ ပြုတ်ကျလာသည်။


ရှဲ့ဟယ်၏ ကင်းမြီးကောက် မျက်လုံးများက ပုဖန်ကို ပြင်းထန်စူးရှစွာ စိုက်ကြည့်နေလေသည်။ပုဖန်က ကြောက်ရွံ့သည့်အရိပ်အယောင် တစ်စက်မှမရှိပဲ ပြန်လည်တုံ့ပြန်ကြည့်လိုက်၏။ထ်ို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကော့တက်သွားသည် ။


သူ့၏ စိတ်ဖြင့် စေညွှန်လိုက်သည်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်သည့် ခရားလေးတစ်ခု ပျံသန်းလာသည်။၎င်းက မဟူရာလိပ်ခုံးအပေါ်၌ အက်ကွဲသွားပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ ဒယ်အိုးထဲသို့ ပြန့်ကျဲသွားလေသည်။


ရွဲ ရွဲ...


ဒယ်အိုးအတွင်းမှ သင်းပျံ့ မွှေးကြိုင်လှသော ရနံ့များ ထွက်ပေါ်လာပြီး အင်ပါရီယာ နန်းတော်တစ်ခုလုံးကို ပြန့်နှံ့ဖုံးလွှမ်းသွားလေသည်။ရှဲ့ဟယ် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။သူ့၏ မီးပုံးကဲ့သို့ ကြီးမားလှသောမျက်လုံးထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပေသည်။သူရေခဲတမျှ အေးစက်လှသော အသံဖြင့် ပြောလိုက်သည်။


"ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်...မင်းက ငါတို့ ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်ကို ပါဝင်ပစ္စည်းအဖြစ် ပြောင်းလဲရဲတယ် မင်းသေရမယ်..."


ပုဖန် ရှဲ့ဟယ်ကို တစ်ချက်ကြည့်လိုက်သည်။သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက အစိမ်းရောင်မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး ပြန့်ကျဲသွားသည်။


ရုတ်တရက် သူမဟူရာလိပ်ခုံးဒယ်အိုးကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် ဒယ်အိုးကို ဝန်းရံနေသောမီးတောက်များကလည်း ပြိုကွဲပြန့်ကျဲသွားသည်။သူမဟူရာလိပ်ခုံးဒယ်အိုးကို လက်နှစ်ဖက်ဖြင့် သေချာစွာကိုင်လိုက်ပြီး ကောင်းကင်ယံဆီသို့ လွှဲပစ်လိုက်သည်။


ရွှစ်...ဘုန်း ဘုန်း ဘုန်း ဘုန်း...


ရွှေရောင်ပြောင်းလဲသွားသည်အထိ အကင်ခံထားရသောဧရာမကင်းမြီးကောက်ကြီးလေးကောင် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။အပူငွေ့များနှင့်အတူ သိပ်သည်းလှသော မွှေးရနံ့များ ဝေ့ဝဲထွက်ပေါ်လာနေသည်။


ရှဲ့ဟယ် ဒေါသများကြောင့် ရူးသွပ်တော့မလိုပင် ဖြစ်သွားသည်။သူ သူ့၏ ခြေချောင်းများကို လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်ကို တရွတ်ဆွဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။သို့သော်လည်း ပုဖန်က သူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်ရန်အစီအစဉ် မရှိပေ။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူ့၏ လက်မောင်းမှ ထောင်တျဲ ဝိညာဉ်၏ ဟစ်ကြွေးသံ ထွက်ပေါ်လာသည်။


 ထို့နောက် အငွေ့တထောင်းထောင်းထနေဆဲဖြစ်သော မဟူရာလိပ်ခုံးဒယ်အိုးကို ဆုပ်ကိုင်၍ ကြမ်းတမ်းစွာလွှဲပစ်လိုက်သည်။လေတိုးသံတစ်ချက်နှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးက လည်ပတ်ပျံသန်းသွားပြီး လေထဲတွင်ရှိနေဆဲဖြစ်သော ရှဲ့ဟယ်ကို ထုချလိုက်လေသည်။