အပိုင်း ၈၆၁
Viewers 53k

အခန်း ၈၆၁

ကျောက်ခရမ်းအကြီးအကဲ...


အစားကြူးတောင်ကြား အစားပုတ်နတ်ဘုရားမြို့တော်၏ လမ်းမရှည်တစ်လျှောက် ကောင်းကင်ယံတစ်ခုလုံး သွေးနီရောင်နှင်းများနှင့် ပြည့်နက်နေသည်။၎င်းတို့က တဖွဲဖွဲအဆက်မပြတ် ကျဆင်းနေပြီး လမ်းမပေါ်တွင်ထူထဲသော နှင်းတောင်ပို့လေးများ ဖြစ်လာနေလေရာ လူများကို နမိတ်မကောင်းသော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။


သူတော်စင်အရှင်၏ သေဆုံးခြင်းအခမ်းအနား မပြီးဆုံးသေးသောကြောင့် ကောင်းကင်ကမ္ဘာမြေတစ်ခွင်လုံး ဝမ်းနည်းခြင်းထဲ နစ်မြှုပ်နေသလိုထင်ရသည်။


ထိုနှင်းမုန်တိုင်းထဲမှ ပုံရိပ်သုံးခု ရှေ့ဆင့် နောက်ဆင့် ထွက်ပေါ်လာသည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက အရာအားလုံးကို ဆုတ်ဖြဲ ပစ်ချင်ပုံဖြင့် စူးရှထက်မြက်နေသည်။သူ့၏ အကြည့်များက သူ့၏ သမီး ဇီယွင်ဘေးတွင်ရပ်နေသော ချောမောသော်လည်း ပေါ့တိပေါ့ပျက်ပုံစံဖြင့် လူဆီသို့ ကျရောက်နေသည်။


အဖေတစ်ယောက်ဖြစ်သော သူက သူ့သမီး၏ ခံစားချက်များ ထိုလူငယ်ဆီသို့ ကျဆင်းနေသည်ကို မြင်နိုင်ပေသည်။သူ့နှလုံးသားက လေထဲတွင် တွဲလောင်းဆွဲခံထားရလုနီးပါးဖြစ်နေလေသည်။အကြီးအကဲ တစ်ယောက်၏ သမီးဖြစ်သည်ကို ထည့်မတွက်လျှင်တောင်မှ သူတော်စင်သမီးတော်ဆိုသည်က သန့်စင်နယ်မြေတစ်ခု၏ ဂုဏ်ပုဒ်ပင်ဖြစ်သည်။


သူ ယခုကဲ့သ်ို့ ပြုမူနေခြင်းက သန့်စင်နယ်မြေကို အရှက်ကွဲစေလိမ့်မည်။ထိုကလေးမက ထ်ိုကောင်စုတ်လေးကို တကယ်ကို စွဲစွဲလမ်းလမ်းသဘောကျနေပုံပေါ်လေသည်။ကျောက်ခရမ်းအကြီးအကဲ လေအေးများတစ်ချက်ရှ်ိုက်လိုက်မိပြီး စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


"အဲ့ဒါက ငရဲကမ္ဘာသတ္တဝါလေ...သူက တကယ်ကြီး ငရဲကမ္ဘာသက်ရှိတစ်ယောက်ကို သဘောကျနေတာလား..."


သူဒါကို လုံးဝခွင့်မပြုနိုင်ပေ။သူကိုယ်တိုင်ကလည်း ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးမျက်လုံးမျိုးနွယ် အဖြစ် လက်ခံထားခဲ့ရပြီး ငရဲကမ္ဘာ၏ သက်ရှ်ိတစ်ဝက်ဖြစ်လာခဲ့လေသည်။


ထို့ကြောင့်ပင် သူ့သမီးကို ငရဲကမ္ဘာသက်ရှိများနှင့် လုံးဝ ပတ်သတ်ခွင့်မပြုန်ိုင်တော့ပေ။မည်သည့် နည်းလမ်းကိုသုံးရပါစေ ထိုကိစ္စကို တားဆီးရပေမည်။


"အဲ့ဒီတော့ ဘာဖြစ်လဲ ငရဲကမ္ဘာသက်ရှိဖြစ်တော့ကော ငါက မင်းကို ရန်စနေလို့လား..."


ငရဲဘုရင်က မကျေမနပ်ဖြစ်နေသောကျောက်ခရမ်းအကြီးအကဲကို ပြောလိုက်သည်။


"သူ့ရှေ့ကလူက ငရဲကမ္ဘာသက်ရှိတွေက်ို အထင်သေးနှိမ့်ချကြည့်ဖို့အတွက် ဘယ်ကနေဘယ်လိုယုံကြည်မှုတွေရလာတာလဲ..."


ငရဲကမ္ဘာသက်ရှိများ၏ မျက်လုံးထဲတွင်တော့ ပုန်းကွယ်နဂါးတ်ိုက်ဆိုသည်မှာ သေးငယ်သော နေရာလေးတစ်ခုမျှသာဖြစ်သည်။၎င်းက ငရဲကမ္ဘာ၏ အဆုံးမရှိကျယ်ပြန့်လှသော ထူးခြားဆန်းကြယ်သည့် နယ်မြေနှင့် အဘယ်သို့ ယှဉ်နိုင်ပါမည်နည်း။ထို့အပြင်သူ ငရဲဘုရင် အာဟက ငရဲကမ္ဘာ၏ အရှင်သခင်ဖြစ်သည်။


ထိုသို့သော အဆင့်အတန်းမျိုးက သူ့ရှေ့မှ ခရမ်းရောင်ဆံပင်နှင့်သူသာ နားလည်နိုင်သည့် အရာမဟုတ်လောက်ပေ။ငရဲဘုရင်၏ စကားများက ကျောက်ခရမ်းအကြီးအကဲကို ပို၍ ဒေါသထွက်သွားစေသည်။


ဟစ် ဟစ်...


ကျောက်ခရမ်းအကြီးအကဲ၏ လက်မောင်းပေါ်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။


ခိ ခိ ခိ...


သူ သူ့၏ လက်မောင်းမှ ထွက်ပေါ်လာသော ရယ်သံတစ်ချို့ကိုကြားလိုက်ရသည်။ကျောက်ခရမ်းအကြီးအကဲ သူ့၏ လက်ဖဝါးကို မြောက်လိုက်သည်။ချက်ချင်းပင် ထိုလက်ဖဝါးအလယ်၌ မျက်လုံးတစ်လုံး ပွင့်လာလေသည်။ထိုမျက်လုံးက ထူးခြားဆန်းကြယ်သောအလင်းများဖြင့် ပြည့်နှက်နေသည်။


"ကျောက်ခရမ်းအကြီးအကဲ အာ ကျောက်ခရမ်းအကြီးအကဲ...ဘာလို့များ စကားတွေအများကြီးပြောနေတာလဲ မင်းသာ မကျေနပ်ဘူးဆိုရင် အဲ့ဒီကောင်လေးကို အခုပဲ သတ်ပစ်လိုက်လေ...."


ထိုနတ်ဆိုးမျက်လုံးက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေပြီးကြမ်းရှသော အသံမျိုးဖြင့် ပြောလာလေသည်။


"ပိတ်ထား..."


ကျောက်ခရမ်းအကြီးအကဲ ဒေါသထွက်စွာဖြင့် အော်လိုက်သည်။တခြားတစ်ဖက်တွင် သူတော်စင်သမီးတော် ဇီယွင်က ထိတ်လန့်အံ့သြသွားပြီး ကြောက်ရွံ့မှုအနည်းငယ်ဖြင့် သူမ၏ ဖခင်ကိုကြည့်နေသည်။သူမအဖေ၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များ ပေါက်ကွဲထွက်လာလိမ့်မည်ဟု လုံးဝမတွေးမိခဲ့ဖူးပေ။သူမ၏အဖေသည် ပုန်းကွယ်နဂါးတိုက်ကြီးမှ လူသားအစစ်အမှန်ဖြစ်သည်။


ငရဲဘုရင်၏ မျက်လုံးများက ကျောက်ခရမ်းအကြီးအကဲ လက်မောင်းကို စူးရှပြင်းထန်စွာကြည့်နေရင်းသူ့၏ အကြည့်များ အေးစက်လာလေသည်။တစ်ချက်ကြည့်ရုံဖြင့် သူအရာအားလုံးက်ို ထွင်းဖောက်မြင်နိုင်လေသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးရုံ တစ်ချက်မဲ့လိုက်သည်။


"မင်း အထဲ ပြန်ဝင်နေစမ်း ..."


ကျောက်ခရမ်းအကြီးအကဲ၏ ဒေါသများ အထွဋ်အထိပ်သို့ ရောက်ရှိလာလေသည်။ယနေ့အချိန်ထိ သူသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးများနှင့် ဆက်သွယ်မှုရှိသည်ဆိုသည်ကို ထုတ်ဖော်ထားခြင်းမရှိပေ။ထိုသတင်းသာ ထွက်ပေါ်လာပါက သူသည် လူသားအားလုံး၏ ဘုံရန်သူ ဖြစ်လာပေလိမ့်မည်။


"ဒီနတ်ဆိုးမျက်လုံး သူက ဒီအကြောင်းကို မသိဘူးလား..."


ကံကောင်းထောက်မစွာဖြင့် ယခုအခ်ျိန်၌ သူ့၏ သမီးဇီယွင်နှင့် ထိုကောင်စုတ်လေးနှစ်ယောက်တည်းသာရှိနေသည်။ကြည့်ရသည်မှာ သူထိုကောင်စုတ်လေးကို သတ်ပစ်ရန်သာလိုလေသည်။


"ဟဲ ဟဲ ဒီဘုရင်က ဘယ်လိုပြောသင့်လဲ...မင်းမှာ ငရဲကမ္ဘာ သက်ရှိတွေကို အထင်သေးဖို့ အခွင့်အရေးရှိရဲ့လား..."


ငရဲဘုရင် ပြုံး၍ ဆိုလိုက်သည်။


"ပျက်သုဉ်းခြင်းအကျဉ်းထောင်နတ်ဆိုးနှင့် ပေါင်းစပ်ထားတဲ့သူက ဘယ်လိုလုပ်များ ငရဲကမ္ဘာသက်ရှိတွေကို အထင်သေးရဲသေးတာလဲ ...ဟာသပဲ ..."


"ကျောက်ခရမ်းအကြီးအကဲ ကျောက်ခရမ်းအကြီးအကဲ ဒီလူက ခင်ဗျားကို ဒီလောက်ပြောဆိုနေတာတောင် ဘာလို့ တွန့်ဆုတ်နေသေးတာလဲ ကောင်းပြီ ဒီနတ်ဆိုးကပဲ ခင်ဗျားကို ကူညီပါရစေ..."


နတ်ဆိုး၏ စကားဆုံးသွားသည့် ခဏ၌ ကျောက်ခရမ်းအကြီးအကဲ၏ တစ်ကိုယ်လုံးတုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။နတ်ဆိုးမျက်လုံးမှ စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ မျက်လုံးမှ နတ်ဘုရားအလင်းစွမ်းအင်အလင်းများ ဖြာထွက်လာသည်။ထို့နောက် နတ်ဆိုး မျက်လုံး၏ အသွင်အပြင် ပေါ်လာလေသည်။


"ကျွတ် ကျွတ် ကျွတ်...ဒီခန္ဓာကိုယ်က တော်တော်လေး အားနည်းနေပေမယ့်လည်း ပုန်းကွယ်နဂါးတိုက်ကြီးမှာတော့ တော်တော်လးကောင်းနေပြီလို့ ဆိုနိုင်ပါတယ်..."


ကျောက်ခရမ်းအကြီးအကဲ ပြုံး၍ ပြောလိုက်သည်။ထို့နောက် သူက ဇီယွင်နှင့် ငရဲဘုရင်တို့ကို မော့ကြည့်လိုက်သည်။သူတော်စင်သမီးတော် ဇီယွင်၏။ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲကန်ထဲ ကျသွားသလိုမျိုး အေးစိမ့်သွားကာမလှုပ်ရှားနိုင်တော့ပေ။ဒါက သူမအဖေမဟုတ်တာသေချာပေသည်။


"မရင်းနီးတဲ့ အကြည့် မရင်းနီးတဲ့ စွမ်းအင်တွေ...သူမဖခင်က ဘယ်ရောက်သွားတာလဲ..."


တခြားတစ်ဖက်တွင် ငရဲဘုရင်က အေဆေးစွာသာစောင့်ကြည့်နေလေသည်။ရုတ်တရက် ကျောက်ခရမ်းအကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်တွင် လှည့်လည်နေသော နတ်ဆိုးအမှတ်အသားများက ရွေ့လျားသွားပြီးနောက်သူ့၏ ပုံရိပ်က ရှေ့သို့တိုးလာသည်။လှုပ်ရှားမှုက ကောင်းကင်ကိုပင် တုန်ခါသွာစေပြီး ကျဆင်းနေသော နှင်းမုန်တိုင်းများကိုပင် အေးခဲသွားစေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ ခန္ဓာကိုယ်နောက်မှ သွေးနီရောင်ရဲရဲတောက်နေသော နတ်ဆိုးမျက်လုံးထွက်ပေါ်လာသည်။၎င်းက အရာရာအားလုံးကို အဆုံးသတ်ပစ်ချင်သည့်ပုံ ပေါ်နေလေသည်။


"ကျောက်ခရမ်အကြီးအကဲရဲ့ ဆန္ဒတွေကို ပြီးပြတ်သွားအောင် ကူညီပေးပါရစေ...ရွှစ်..."


နတ်ဆိုး၏ အသံ ထွက်ပေါ်လာပြီးနောက် အလင်းတန်းတစ်ခုက ငရဲဘုရင်အာဟဆီသို့ တိုးဝင်လာလေသည်။ငရဲဘုရင် မျက်ဝန်းများမှေးစင်း၍ ခတ်ထေ့ထေ့ပြုံးကာ ပြောလိုက်သည်။


"ဟဲ ဟဲ ဒီစွမ်းအင်တွေကို ငါတော်တော်လေးရင်းနီးနေပုံရတယ်...ဒါ ပျက်သုဉ်ခြင်းအကျဉ်းထောင်က နတ်ဆိုးဘုရင် ရှစ်ပါးထဲက တစ်ယောက်ပဲ...သေမင်းနတ်ဆိုး...ဒါက မင်းရဲ့ သေဆုံးခြင်းအလင်းတန်းလား..."


ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ရာ စွမ်းအင်များနှင့် ဖုံးလွှမ်းနေသော်လည်း ငရဲဘုရင်က ပေါ့ပေါ့ပါးပါးသာ စကားပြောဆိုလိုက်သည်။ကျောက်ခရမ်းအကြီးအကဲ၏ အမူအရာက အေးခဲ တောင့်တင်းသွားလေသည်။


ထို့နောက် မယုံနိုင်စရာတစ်ခုခုကို တွေ့ကြုံလိုက်ရသလိုမျိုး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။သူ့ရှေ့မှ လူက သူ့၏ အထောက်အထားကို သိနေလိမ့်မည်ဟု မထင်ထားမိပေ။ကျောက်ခရမ်းအကြီးအကဲ၏ ပုံရိပ်က တစ်စုံတစ်ရာ တွေး တောနေစဉ်မှာပင် ငရဲဘုရင်၏ နောက်ကျော၌ သေဆုံးခြင်းအလင်းတန်းကို ဆန့်ကျင်နေသော ကြောက်မက်ဖွယ်ရာပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။


ထ်ိုပုံရိပ်၏ မျက်ဝန်းများ ပွင့်ဟလာသည်နှင့် နီးကပ်လာသော သေဆုံးခြင်းအလင်းတန်းက ပြိုကွဲပျက်စီးသွားလေသည်။ကျောက်ခရမ်းအကြီးအကဲဆီမှ အော်သံတစ်ခု ထွက်ပေါ်လာပြီ သူ့၏ မျက်ဝန်းများထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။


"မင်းပဲ တကယ်ကို မင်းပဲ...မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာမှာပေါ်လာနိုင်ရတာလဲ..."


ကျောက်ခရမ်းအကြီးအကဲ အော်ဟစ်ပြောဆိုလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသော နတ်ဆိုးအမှတ်အသားများကလည်း ကြောက်ရွံ့ထိတ်လန့်ရသည့် တစ်စုံတစ်ရာကို တွေ့လိုက်ရသလိုမျိုး လျင်မြန်စွာပင် ပြန်လည်ဆုတ်ခွာသွားသည်။


နတ်ဆိုးအမှတ်အသားများက သူ့၏ လက်ဖဝါးထဲသို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နတ်ဆိုးမျက်လုံးက မျက်လုံးများကို တင်းတင်းကျပ်ကျပ်စေ့ပိတ်လိုက်သည်။


ထို့နောက် ကျောက်ခရမ်းအကြီးအကဲ သူ့၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွားသည်။သူတော်စင်သမီးတော်ဇီယွင်လည်း သက်ပြင်းလေးလေးတစ်ချက်ချလိုက်၏။ကျောက်ခရမ်းအကြီးအကဲ၏ မျက်နာက မဲပြာသွားလေသည်။


"သေစမ်း ဒီနတ်ဆိုးမျက်လုံးက သူ့၏ခန္ဓာကိုယ်ကို ထိန်းချုပ်သွားတာလား..."


ထို့နောက် သူခေါင်းမော့၍ ငရဲဘုရင်ကိုကြည့်လိုက်သည်။


"ဒီကောင်လေး သူကကောဘယ်သူလဲ သူကိုတွေ့တာနဲ့ ငရဲကမ္ဘာသက်ရှိတောင် ကြောက်ရွံ့ထိတ်လန့်သွားတယ်..."


ကျောက်ခရမ်းအကြီးအကဲသည် ငရဲဘုရင်၏ စွမ်းအားနှင့် သြဇာအာဏာကိုနားလည်သွားပုံပေါက်လေသည်။


"ယဉ်ကျေးမှု မရှ်ိတဲ့ကောင် ဒီဘုရင်ကို တွေ့တာတောင် စကားစပ်မြည်မပြောပဲနဲ့ ထွက်ပြေးသွားပြီ အရင်ကအတိုင်းအဲ ကြောက်သွေးပါနေတုန်း..."


ငရဲဘုရင် မကျေမနပ်ဖြင့် ပြောလိုက်သည်။ကျောက်ခရမ်းအကြီးအကဲက စကားတစ်ခွန်းမှဆိုမလာတော့ပဲ ငရဲဘုရင်ဆီမှ အကြည့် လွှဲလိုက်ပြီး ဇီယွင်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ ချာခနဲလှည့်ထွက်သွားလေသည်။


ငရဲကမ္ဘာ၏ အဆင့်အတန်းမြင့်သော နတ်ဆိုးတစ်ကောင်ကိုပင် အကြည့်တစ်ချက်ဖြင့် တုန်လှုပ်သွားအောင် လုပ်နိုင်သွားသူက သူစိန်ခေါ်သင့်သော သူမဟုတ်ပေ။ဇီယွင်နှင့် ငရဲဘုရင်တို့က လှည့်ထွက်သွားသော ကျောက်ခရမ်းအကြီးအကဲကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်ရင်းကျန်ခဲ့လေသည်။


အစားကြူးတောင်ကြားမှ ထွက်လာပြီးသည့်နောက် ကျောက်ခရမ်းအကြီးအကဲက တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။သူ့၏ နဖူးတွင်လည်း ချွေးများသီးနေလေသည်။လက်ဖဝါဖြန့်လိုက်သည်နှင့် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နေသော နတ်ဆိုးမျက်လုံး ပေါ်လာသည်။


"မင်း ဘာကိုကြောက်နေတာလဲ .."


ကျောက်ခရမ်းအကြီးအကဲမေးလိုက်၏။


"မင်းမသိပါဘူး အဲ့ဒီလူက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းမသိဘူး သူ့ကို သွားမနှောက်ယှက်နဲ့တော့ ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကိုပဲ ရှာပြီး ဖျက်စီးကြမယ်...ကံကောင်းထောက်မစွာနဲ့ ကြယ်ဖမ်းကွန်ရက်ကလည်း အစားကြူးတောင်ကြားထဲမှာ မရှိတော့ဘူး ဒီလိုမှမဟုတ်ရင်..."


နတ်ဆိုးမျက်လုံး၏ စူးရှသောအသံတွင် ကြောက်ရွံ့မှုက အထင်းသားကပ်ညှိနေသေးသည်။ကျောက်ခရမ်းအကြီးအကဲက သူ့၏ အပြုအမူကို နားမလည်နိုင်ပေ။သို့သော်လည်း သူအတည်ပြုနိုင်သည်က ထိုကောင်လေးသည် အလွန်ကြောက်စရာကောင်းသောတည်ရှ်ိမှုတစ်ခုဖြစ်ပေလိမ့်မည်။


"အဲ့ဒီကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်က တောင်ပိုင်းဒေသမှာရှ်ိနေတယ် ဒီနေရာနဲ့ အရမ်းဝေးနေတယ်ဆ်ိုပေမယ့် ငါတို့သွားရမယ်...မင်း အဲ့ဒီ ကြယ်ဖမ်းကွန်ရက်ကို ဖျက်စီးပြီးပြီဆိုရင်တော့ ဒီနတ်ဆိုးက မင်းတောင်းဆိုသမျှကို သဘောတူပေးမယ်..."


နတ်ဆိုးမျက်လုံး၏ စူးရှသော အသံက ကျောက်ခရမ်းအကြီးအကဲကို ဆွဲဆောင်သွားလေသည်။ကျောက်ခရမ်းအကြီးအကဲ တောင်ထိပ်ပေါ်တွင် မားမားမတ်မတ်ရပ်နေလေသည်။ထို့နောက်မြေပြင်သို့ ခြေတစ်ချက်စောင့်ကန်၍ လေထဲသို့ ပျံတက်လိုက်သည်။သူ့၏ ခြေထောက်အောက်ခြေတွင်ပေါ်လာသော စိတ်ဝိညာဉ်လှေငယ်ပေါ်သို့ တက်လိုက်ပြီးနောက် ကုန်းမြေတိုက်ကြီး၏ တောင်ပိုင်းအရပ်ဆီသို့ ရွက်လွှင့်လိုက်လေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက လေတိုးသံတစ်ချက်နှင့်အတူ ဝဲလှည့်သွားသောကြောင့် လေဟာနယ်ပင် တုန်ခါသွားစေသည်။ထိုဒယ်အိုးထဲမှထွက်ပေါ်နေဆဲဖြစ်သောကင်းမြီးကောက်ကင်၏ မွှေးရနံ့ကကင်းမြီးကောက်နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်ရှဲ့ဟယ်၏ ဒေါသကို မီးထိုးပေးနေလေသည်။


သို့သော်လည်း သူလုံးဝ နောက်လှည့်မကြည့်ရဲပေ။ယခုအခိုက်အတန့်၌ သူပုဖန်၏ ဖမ်းဆီးခြင်းကို ခံရလိုက်မည်အား အလွန်အမင်း ကြောက်ရွံ့နေမိသည်။


လေတိုးသံနီးကပ်လာသည်နှင့် ရှဲ့ဟယ် စိုးရိမ်ပူပန်မှုကိုခံစားလိုက်ရသည်။ထိုဒယ်အိုဖြင့် ရိုက်ခတ်မိပါက သူမြေပြင်ပေါ် ပြုတ်ကျသွားပေလိမ့်မည်။ထိုလူသားက မသေမျိုးဝိညာဉ် လှေကား၁ဆင့်မျှသာရှိသေးသော်လည်းသူ့၏ လက်နက်များကမူ အလွန်အမင်းကောင်းမွန်းလွန်းလှသည်။


ဒီဒယ်အိုးတင်သာမက ထိုကောင်လေးလက်ထဲတွင်ကိုင်ထားသော မီးဖိုချောင်သုံးဓားကလည်းတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့ကို အပိုင်းပိုင်းဖြတ်နိုင်လိမ့်မည်ဟုခံစားမိလေသည်။


ရှည်လျားသော လေတိုးသံနှင့်အတူ ရှဲ့ဟယ် ခန္ဓာကိုယ်ကို ချက်ချင်းလှည့်လိုက်သည်။ထို့နောက် သူ့၏ ပုံရိပ်ဆီမှ ဧရာမကင်းမြီးကောက်ကြီးနှစ်ကောင်ထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ ပစ်လွှတ်လ်ိုက်လေသည်။


မဟူရာလိပ်ခုံးဒယ်အိုးနှင့် ကင်းမြီးကောက် နှစ်ကောင်တို့ ချက်ချင်းပင် ထိပ်တိုက် တွေ့ဆုံသွားလေသည်။ကင်းမြီးကောက်နှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများဖုံးလွှမ်းသွားသည်။


တိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သော်လည်းသူတို့၏ ခိုင်ခံမာကြောလှသော အခွံကိုအစိတ်စိတ်ကွဲကြေသွားစေသည်။ရှဲ့ဟယ်၏ နှလုံးခုန်နှုန်းများ အလွန်မြန်ဆန်နေလေသည်။ထိုကင်းမြီးကောက်ကြီးနှစ်ကောင် ဒယ်အိုးအား တားလိုက်နိုင်သည့်အချိန်ကို အခွင့်ကောင်းယူ၍ သူအလင်းတန်းတစ်ခုအလား ထွက်ပြေးပျောက်ကွယ်သွားလေသည်။


ပုဖန် စိတ်ထဲမှ ညွှန်ကြားလိုက်သည်နှင့်မဟူရာလ်ိပ်ခုံးဒယ်အိုးက ကင်းမြီးကောက်နှစ်ကောင်ကို သယ်ဆောင်၍ သူ့ဆီသို့ ပျံသန်းလာလေသည်။အင်ပါရီယာနန်းတော်တစ်ခုလုံးက လုံးဝ အပျက်အစီးပုံကြီး ဖြစ်သွားလေပြီနန်းတော်ခေါင်မိုးများက တစ်စစီ ပြုတ်ကျနေပြီး ဧက္ကရာဇ် ပလ္လင်ကလည်းလုံးဝ ကွဲအက်နေပေပြီ။


သို့သော်လည်း နန်းတော်ထဲတွင် ထူးခြားလှသောအသားရနံ့များသိပ်သည်းပြန့်လွင့်နေပေသည်။ကွမ်းရှောင်ယီနှင့် ကျန်သည့်သူများ၏ အကြည့်က အနီရောင်သန်းနေသောကင်းမြီးကောက်ကင်များပေါ်သို့ကျရောက်နေလေသည်။


ပြဿနာများအားလုံး ဖြေရှင်းပြီးနောက် သူတို့ သရေတများများဖြင့် ကင်းမြီးကောက်ကင်နားသ်ို့ ကပ်လာကြလေသည်။ရှောင်ရှောင်လုံ၏ မျက်ဝန်များက တောက်ပလင်းလက်နေသည်။သူက ပုဖန်၏ အလွန်အမင်းယုံကြည်မှုအပြည့် ရှိသောအချက်အပြုတ်စွမ်းရည်ကို နောက်တစ်ကြိမ်မျက်မြင်တွေ့ခဲ့ရလေပြီ။


ကင်းမြီးကောက်ကင်များ၏။ရနံ့က မခုခံနိုင်လောက်အောင်ပင် အလွန်အမင်း မွှေးကြိုင်လွန်းလှသည်။


"ပိုင်ရှင်ပုကတော့ ပိုင်ရှင်ပုပါပဲ ..."


သူတို့နှင့် အဝေးတွင်ရှိနေသောနတ်ဆိုးစားဖိုမှုး အားမို၏ ခြေထောက်များက ပြင်းထန်စွာတုန်ရီနေလေသည်။


"နတ်ဆိုးမျိုးနွယ်ရဲ့ မဟာစစ်သူကြီးလေးဦးလုံးက ကင်းမြီးကောက်ကင်အဖြစ် ပြောင်းလဲခံလိုက်ပြီး ဟင်းပွဲတစ်ပွဲ ဖြစ်သွားခဲ့ပြီလား...ဒီလူသားက တကယ်ကို ရဲတင်းလွန်းတယ် ..."


အခြေအနေများက ပြောင်းပြန်လှန်ခံလိုက်ရပြီး သူတို့က ပါဝင်ပစ္စည်းဖြစ်လာခဲ့ပေသည်။နီယန်၏ နှုတ်ခမ်းပါးထောင့်စွန်းမှ သရေများစီးကျနေလေသည်။ထိုလူစုက တံတွေးအနိုင်နိုင်မျိုချရင်း ကင်းမြီးကောက်ကင်ရှိရာဆီသို့ တိုးကပ်လာနေကြသည်။


ပုဖန် လက်ပိုက်လိုက်ပြီး ခပ်လှမ်းလှမ်းရှိ အားမိုကို တစ်ချက်စောင်း၍ ကြည့်လိုက်သည်။ထိုသူက ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ စားဖိုမှူးတစ်ယောက်သာဖြစ်ပေါ်ပုံလေသည်။သို့သော်လည်း လူသားများကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုသော ထိုကဲ့သို့သော စားဖိုမှူးမျိုး တည်ရှိနေစရာမလိုပေ။


ပုဖန်အမူအရာကင်းမဲ့စွာဖြင့်ပင် လက်ညှိုးညွှန်လိုက်သည်ဖြင့် ရွှေရောင်ရင့်ရင့် မီးလျှံတစ်ခု ပြေးထွက်သွားလေသည်။ထိုမီးလျှံက အားမို၏ ခန္ဓာကိုယ်ကို ကျရောက်ပြီးနောက် ချက်ချင်းတောက်လောင်လာလေသည်။ခဏအတွင်းမှာပင် ပြာအဖြစ်ပြောင်းလဲသွားပြီး ဆောင်းလေအေးများနှင့်အတူ လွင့်ပါသွားလေသည်။


ပုဖန် အားလုံး လုပ်ဆောင်ပြီးသည်နှင့် ပြန်လှည့်ကြည့်လိုက်သည်။လေထုထဲတွင် မွှေးရနံ့များ ပို၍ သိပ်သည်းကြွယ်ဝလာသည်ကို သူသတိပြုမိလိုက်၏။နီယန်က ကင်ထားသောကင်းမြီးကောက်အခွံကို ဆွဲခွာလိုက်ပြီး အထဲမှ ဖြူဖွေးနူးညံ့နေသောကင်းမြီးကောက် အသားလေးများကို ထုတ်ဖော်ထားလေသည်။သင်းပျံ့လှသောအစားအသောက်၏ ရနံ့က လေထဲတွင် တလှိမ့်လှိမ့်တက်လာလေ၏။