အပိုင်း ၈၆၅
Viewers 53k

အခန်း ၈၆၅

သိချင်နေသောပုဖန်...


မြွေလူသား မျိုးနွယ်များအတွက် သမုဒ္ဒရာမျိုးစိတ်များ၏ ကျူးကျော်မှုက နတ်ဆိုးမျိုးစိတ်များ၏ ကျူးကျော်မှုထက် ပို၍ ကြောက်စရာကောင်းသည်။


"သမုဒ္ဒရာမျိုးစိတ်တွေက ကြီးမားတဲ့ ကျူးကျော်မှု တစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေကြပြီ သူတို့တွေက တွင်းနက်ပိုင်းဆီကို ဦးတည်ပြီးလာနေကြပြီ..."


သူသည် အဆင့် ၇ တ်ိုက်ပွဲ သူတော်စင်တစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။သူ့၏ ကြောက်ရွံ့မှုက ခန်းမထဲရှိ လူများအပေါ်ကိုပါ သက်ရောက်သွားပြီး အားလုံးထိတ်လန့်တကြားဖြစ်ကုန်၏။


သမုဒ္ဒရာမျိုးစိတ်များ လာရောက်တိုက်ခိုက်လိုက်တိုင်း မြွေလူသားများအတွက် ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရယ်များကိုပါ ဆောင်ကျဉ်းလာခဲ့လေသည်။ယုဖူ၏ မျက်ဝန်းများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။


"သမုဒ္ဒရာမျိုးစိတ်တွေက ဘာကြောင့် ထပ်တိုက်ခိုက်ရတာလဲ...မြွေမျိုးနွယ်စု အာဏာပိုင် အဲ့ဒီကို သွားတဲ့အချိန်ကတည်းက သူတို့တ်ိတ်ဆိတ်နေခဲ့တာ ကြာပြီမဟုတ်လား...ဘာကြောင့် အခုမှ ထပ်ပြီး တိုက်ခိုက်လာရတာလဲ..."


ယုဖူက အံ့အားသင့်နေသော်လည်း စိုးရိမ်ပူပန်မှုမရှိပေ။မြွေလူသားများ သလင်းကျောက် တွင်းကြီးမှ တူးဖော်ရရှ်ိခဲ့သော သလင်းကျောက်များစွာဖြင့် ပညာရှင်များစွာကို မြေတောင်မြှောက်ပေးနိုင်ခဲ့သည်။


ထိုလူများက တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သင့်ပေသည်။ယုဖူက စိတ်ငြိမ်သက်နေပြီးနောက် ခဏအကြာ၌ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။


"ခုဏတုန်းက ဒီသမုဒ္ဒရာမျိုးစိတ်တွေ ဘယ်နေရာကို ကျူးကျော်လာနေတယ်လို့ ပြောလိုက်တာလဲ ..."


တိုက်ပွဲသူတော်စင်က ခဏမျှ အံ့သြသွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်သည်။


"ကျူးကျော်သူတွေက သလင်းကျောက်မိုင်းတွင်းကြီးကို ဦးတည်နေတာပါ..."


"သလင်းကျောက်မိုင်းတွင်းကြီး ထပ်ပြီးတော့ သလင်းကျောက်မိုင်းတွင်းကြီးပဲလား..."


သူတို့အားလုံး အံ့အားသင့် တုန်လှုပ်သွားကြပြီး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။အရင်က သမုဒ္ဒရာမျိုးစိတ်များ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းက ထိုသလင်းကျောက်မိုင်းတွင်းကြောင့်ပဲ ဖြစ်သည်။ယခုလည်း နောက်တစ်ဖန် ထပ်မံ ဖြစ်ပွားလာပြန်သည်။


သမုဒ္ဒရာမျိုးစိတ်များ၏ ကျင့်ကြံသူပညာရှင်များကိုပင် ဆွဲဆောင်နိုင်ခဲ့သော ထိုသလင်းကျောက်မိုင်းတွင်းကြီးထဲ၌ မည်သည့်အရာများရှိနေသနည်း။ပုဖန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


သလင်းကျောက်တွင်းကို သမုဒ္ဒရာမျိုးစိတ်များ ကျူးကျော်ခဲ့သည့် နောက်ဆံးအချိန်က ပုစွန်ပိစိကို ထိုမိုင်းတွင်းထဲမှ သူရရှ်ိခဲ့ခြင်းဖြစ်သည်။ယခုလည်း သူတို့ ထပ်မံ တိုက်ခိုက်လာခဲ့ပြန်ပြီ။


"ဒါတွေအားလုံးက ဘာကြောင့်များလဲ..."


ပုဖန်က သမုဒ္ဒရာမျိုးစိတ်များ၏ ဘိုးဘေး ပုစွန်ပိစိကို သလင်းကျောက်အနှစ်သာရများအတွင်းမှ ဖမ်းယူရရှိထားခြင်းဖြစ်သည်။ထိုသမုဒ္ဒရုမျိုးစိတ်များက ပုစွန်ပိစိအတွက် ဒီနေရာသို့ လာခြင်းမဟုတ်သည်မှာ သေချာပေသည်။


"ဒီတစ်ခါ သူတို့ရဲ့ ပစ်မှတ်က လုံးဝကို ထူးဆန်းနေတယ်..."


ပုဖန် မေးပွတ်သပ်၍ စဉ်းစားနေမိသည်။ယုဖူသည်လည်း ယခုတွင် အခြေအနေများ ရှုပ်ထွေးနေသောကြောင့် ပုဖန်နှင့် စကာစပ်မြည်ဆက်ပြောမနေတော့ပဲ ပုဖန်ကို အနားယူဖို့ခေါ်သွားရန် သူ့လူများကို အမိန့်ပေးစေခိုင်းလိုက်သည်။


ထို့နောက် ယုဖူသည် သူမတို့၏ ကျွမ်းကျင်ပညာရှင်များ၏ နောက်မှလိုက်ကာ သလင်းကျောက်တွင်းကြီးဆီသို့ ဦးတည်လိုက်သည်။ထို သလင်းကျောက်တွင်းက ကြောက်မက်ဖွယ်ရာ ကောင်းလောက်သော နေရာတစ်ခုဖြစ်ပေသည်။သူမတို့ မျိုးနွယ်၏ စီနီယာနှစ်ယောက်လည်း ထိုနေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။


ထိုစီနီယာများက မြွေလူသားမျိုးနွယ်စုထဲတွင် အကောင်းဆုံးသူများဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက တန်ရိုးရှိ အဖိုးတန်ထိုက်တန်လှသည်။ယခုတော့ ထ်ိုနှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရသည်။၎င်းသည် မြွေလူသားမ်ျိုးနွယ်အတွက် ကြီးမားလှသော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။


ပုဖန်က ယုဖူထွက်သွားသည်ကို ကြည့်နေပြီးနောက် မြွေလူသားအမျိုးသမီးငယ်တစ်ယောက်နောက်မှလိုက်လာခဲ့လိုက်သည်။မကြာခင်ပင် သူ့အတွက်ပြင်ဆင်ပေးထားသောအခန်းသို့ ရောက်ရှိလာ၏။


"လူကြီးမင်း တစ်ခုခု လိုအပ်တာများရှိရင်ကျေးဇူးပြုပြီး ကျွန်မကို ပြောပါ ..."


ထိုအမျိုးသမီးငယ်က ပုဖန်ကို အရိုအသေပေးလိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။နီယန်က အလွန်ပင် အိပ်ချင်နေပြီဖြစ်သည်။သုမအခန်းရသည်နှင့် ငိုက်မြည်းနေသော မျက်လုံးများဖြင့်အိပ်ယာဆီသ်ို့ သွားလိုက်သည်။


ပုဖန် သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ခဏအတွင်းမှာပင် အခန်းတစ်ခုလုံး နီယန်၏ ဟောက်သံများ ပြည့်နှက်သွားလေသည်။ပုဖန်ထိုသလင်းကျောက်တွင်းအကြောင်းကို အမှန်တကယ်သိချင်နေမိသည်။ပို၍ သိချင်စိတ်ဖြစ်သည်မှာ သလင်းကျောက်တွင်းထဲမှ စိမ့်ထွက်လာသော မွှေးရနံ့များအကြောင်းက်ိုဖြစ်သည်။


"အဲ့ဒီ သလင်းကျောက်တွင်းထဲကနေ မွှေးရနံ့တွေ ထွက်နေတာလား...အဲ့ဒီမှာ စားဖိုမှူးမရှိပေမယ့်လည်း မွှေးရနံ့တွေက လူတွေကို ဆွဲဆောင်ဖို့ လုံလောက်နေပြီ...အမေ့လျော့ခံ ဟင်းတစ်ခွက်က သရဲတစ္ဆေဖြစ်လာတယ်လို့ဆိုလိုတာလား..."


ပုဖန် အလွန်ပင်သိချင်နေသောကြောင့် သူကိုယ်တိုင်ပင် သွားရောက်၍ စစ်ဆေးကြည့်လိုလှသည်။


"အဲ့ဒီသလင်းကျောက်တွင်းထဲမှာ မယုံနိုင်လောက်အောင် အရသာရှိတဲ့ ဟင်းတစ်ခွက်ရှိနေရင်ကော..."


ပုဖန်တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင်ရပ်နေသော မြွေအမျိုးသမီးကို တွေ့လိုက်ရသည်။


"အခန်းထဲမှာ အိပ်နေတဲ့ အမျိုးသမီးကို ဂရုစိုက်ပေးပါ..."


ပုဖန် သူမကို လှမ်းပြောလိုက်ပြီးနောက် လျင်မြန်စွာလှုပ်ရှားလိုက်ပြီး အပြင်ဘက်သို့ ထွက်သွားလိုက်သည်။သူလေထဲသို့ ခုန်ပျံတက်လိုက်သည်။သူ့၏ မှတ်ဉာဏ်များကို အသုံးပြု၍ ရှာလိုက်လျှင် ထိုသလင်းကျောက်တွင်းကြီးကို အလွယ်တကူ ရှာတွေ့နိုင်ပေလိမ့်မည်။


သို့သော် သူတစ်ချက်လောက်ကြည့်လိုက်သည့်အချိန်မှာပင် အံ့အားသင့်ထိတ်လန့်သွားလေသည်။အကွာအဝေးတစ်ခုဆီ၌ ကြီးမားလှသော လှိုင်းလုံးကြီးများက ကောင်းကင်ယံထိအောင်ပင်ရိုက်ခတ်နေသည်။


ပင်လယ်ပြင်က ကြမ်းတမ်းစွာလှုပ်ခါနေကြီးလက်နက်များကို ကိုင်ဆောင်လာသည့် သမုဒ္ဒရာမျိုးစိတ်များကို တွေ့နေရလေသည်။သို့သော် ပုဖန်၏ အာရုံများကို ဆွဲဆောင်သွားသည်မှာ ထိုသမုဒ္ဒရာမျိုးစိတ်ကို ဦးဆောင်လာသော ရွှေရောင်တောက်ပနေသည့် ရွှေရောင်ပုစွန်တစ်ကောင်ဖြစ်လေသည်။


"ဘာတွေ ဖြစ်နေတာလဲ အဲ့ဒီတစ်ယောက်က ပုစွန်ပ်ိစိလား..."


မျက်ဝန်းများမှေးစင်း၍ သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။ထိုပုစွန်က ပုစွန်ပိစိနှင့် မတူပေ။ထိုရွှေရောင်ပုစွန်က အနည်းငယ်ကြီးမားပြန့်ကားပေသည်။


၎င်းဆီမှ ဖုံးလွှမ်းနိုင်စွမ်းရှိသော အော်ရာများ အဆက်မပြတ် ထုတ်လွင့်နေပေသည်။သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာမှလည်း အနုစိတ်လိုင်းများ ရေးထွင်းထားပေသည်။ထ်ို ရွှေရောင်ပုစွန်ကလည်း ကြီးမြတ်သောတန်ခိုးအဆင့်ဖြစ်လေသည်။သို့သော်လည်း ပုစွန်ပိစိကဲ့သို့ ပုစွန်မျိုးစိတ်မဟုတ်ပေ။


ထိုရွှေရောင်ပုစွန်အပြင် ပုဖန်၏ အာရုံကို ဖမ်းစားခဲ့သော နောက်တစ်ခုက မြွေလူသားမ်ျိုးနွယ်တို့နှင့် မိုင်သုံးရာအကွာတွင်ရှိနေသော ကြီးမားလှသည့် တွင်းပေါက်ကြီးတစ်ခုဖြစ်သည်။


ထိုတွင်းပေါက်ကြီးက ပုံရိပ်ယောင်စိတ်ဝိညာဉ် နယ်မြေကို ဖြတ်သန်းထားပြီး အောက်ခြေမရှိသကဲ့သို့ ထင်ရသည်။မျိုးစိတ်များက ကြီးမားမြင့်းလှသော လှိုင်းလုံးကြီးများကိုစီး၍ သူတို့တက်နိုင်သလောက် အမြန်ဆုံး ခရီးနှင်နေကြသည်။လှိုင်းလုံးကြီးများ ပြိုကျသွားသည်နှင့် နောက်ထပ်ကြီးမားလှသော လှိုင်းလုံးကြီးများကို ထပ်ခါတလဲလဲ ဖန်တီးနေကြလေသည်။


မြွေမ်ျိုးနွယ်ပညာရှင်များ၏ အကာအကွယ်ဖြင့် ယုဖူသည် တွင်းပေါက်ကြီးနှင့် မိုင်အနည်းငယ်ကွာဝေးသော နေရာသို့ ရောက်လာခဲ့လေသည်။သူရပ်နေသော နေရာမှာပင် သောင်းနဲ့ချီသော သမုဒ္ဒရာမျိုးစိတ်များကို သယ်ဆောင်လာသည့် လှ်ိုင်းလုံးကြီးများကို တွေ့မြင်နေရပေသည်။


၎င်းက ကြီးမားလှသော ဘေးအန္တရာယ်ကြီးတစ်ခုပင်ဖြစ်သည်။မြွေလူသားမျိုးနွယ်ကျင့်ကြံသူများလည်း ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် အေးခဲ တောင့်တင်းသွားကြသည်။


ဖ်ိအားမျိုးကို သူတို့ တခါမှ မခံစားခဲ့ဖူးပေ။သမုဒ္ဒရာမ်ျိုးစိတ်များ၏ အရှေ့တွင် မြွေလူသားမျိုးနွယ်တို့သည် အသက်ပင်ရဲရဲမရှုရဲကြပေ။သူတို့သွားလိုက်သည်နှင့် အသက်စတေးရမည်ကိုပင် သဘောပေါက်မိကြလေသည်။သမုဒ္ဒရာမျိုးစိတ်များကို ဦးဆောင်လာသောရွှေရောင်ပုစွန်ကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။၎င်းက သမုဒ္ဒရာကြမ်းပြင်မှ တွားသွားတက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။


ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ယခုတစ်ကြိမ် ကျူးကျော်လာသူများက သမုဒ္ဒရာမ်ျိုးစိတ်များဖြစ်သောကြောင့် မြွေလူသားမျိုးနွယ်တို့ ရှင်သန်နိုင်ရန် မသေချာတော့ပေ။


ကောင်းကင်ယံထိတိုင်အောင်ပင် လိမ့်တက်လာသော လှိုင်းလုံးကြီးများက မြွေလူသားမြို့တော်ကို ဖျက်စီးပစ်နိုင်လောက်ပေသည်။သို့သော်လည်း ထိုလှိုင်းလုံးကြီးများက မြွေလူသားမြို့တော်ကို ဦးတည်နေခြင်းမဟုတ်ပေ။


ဘန်း ဘန်း...


လှိုင်းလုံးများရိုက်ခတ်မှုကြောင့်ပတ်ဝန်းကျင်တစ်ခွင်လုံး တုန်ခါနေလေသည်။ထိုလှိုင်းများက အောက်ခြေမရှိဟုထင်ရသော တွင်းနက်ကြီးကဲ့သို့ ရေတံခွန်အလား စီးဆင်းဝင်ရောက်သွားလေသည်။


သမုဒ္ဒရာမျိုးစိတ်များက မြွေလူသားမျိုးနွယ်များကို အထင်အမြင်သေးစွာဖြင့် ရှုံ့ချကြည့်လိုက်ပြီးနောက် ပင်လယ်ရေလှိုင်းများ၏ အရှိန်အတ်ိုင်း တွင်းနက်ထဲသို့ လိုက်ပါ စီးမျောသွားကြလေသည်။


သူတို့ အောက်ခြေသ်ို့ ရောက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့်ကျယ်လောင်စွာဟအော်ဟစ်နေကြလေသည်။


ဘန်း ဘုန်း...


နားကွဲမတက် ကျယ်လောင်သော အသံများက မြွေလူသားမျိုးနွယ်တို့ကို အံ့အားသင့် စိတ်ရှုပ်ထွေးသွားစေသည်။


"အပြုအမူကလည်း စိတ်ခြောက်ခြားစရာကောင်းလိုက်တာ သူတို့က တကယ်ပဲ ကျင့်ကြံသူ ပညာရှင်တွေလား..."


မြွေလူသားမျိုးနွယ်ပညာရှင်များက ထိုသမုဒ္ဒရာမ်ျိုးစိတ်များ၏ ကျင့်ကြံမှုအခြေခံကို မပြောနိုင်ပေ။သို့သော်လည်း ထိုသမုဒ္ဒရာမျိုးစိတ်များက မသေမျိုးဝိညာဉ် အဆင့်ထက် သန်မာသည်ကိုတော့ သေချာပေါက် ပြောနိုင်ပေသည်။သူတို့က အနည်းဆုံး နတ်ဘုရားစိတ်ဝိညာဉ်အဆင့် နယ်ပယ် သို့ ရောက်နေပြီဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။


တောင်ပိုင်းဒေသကြီးတစ်ခုလုံးတွင် နတ်ဘုရားစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်မှမရှိခဲ့ပေ။ထိုနေရာ၌ နတ်ဘုရားစိတ်ဝိညာဉ် အဆင့် များစွာ ရှိနေပေသည်။


အဆုံးမဲ့ပင်လယ်က ကျယ်ပြောလှပြီး ကျင့်ကြံသူပညာရှင်များစွာရှိသောကြောင့် သီးခြားရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။သူတို့တွင် နတ်ဘုရားစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူရှိသည်က မထူးဆန်းပေ။


အရင်က လာရောက်ကျူးကျော်သူများသည် အဆုံးမဲ့ပင်လယ်၏ အသန်မာဆုံး ပညာရှင်များ မဟုတ်ကြပေ။သို့သော်လည်း ယခု သမုဒ္ဒရာမျိုးစိတ်များကို မြင်လိုက်ရချိန်၌ မြွေလူသားမျိုးနွယ်များ၏ အမူအရာက ပြောင်းလဲသွားလေသည်။သူတို့သာ မြွေလူသားမျိုးနွယ်ကို လုံးဝ ဖျက်စီးလိုလျှင် လက်ဖျောက်တစ်ချက် တီးရန်သာ လုံလောက်နေပေသည်။


"အဲ့ဒီ သမုဒ္ဒရာမျိုးစိတ်တွေက ဒီနေရာကို ဘာကြောင့်လာတာလဲ သလင်းကျောက်တွင်းထဲမှာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ တစ်စုံတစ်ရာရှိနေလို့လား..."


သူတို့၏ အကြည့်များကလည်း ထက်မြက်စူးရှလှသောကြောင့် တွင်းပေါက်ထဲ ခုန်ဆင်းသွားသော သမုဒ္ဒရာမျိုးစိတ်များ၏ အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ရပေသည်။သူတို့က မွှေးရနံ့များ၏ ဆွဲဆောင်မှုကို ခံလိုက်ရပုံပေါ်သည်။ယုဖူ၏ ပြောစကားများအရ ထိုသမုဒ္ဒရာမ်ျိုးစိတ်များက သလင်းကျောက်တွင်းထဲမှ ထွက်လာသော မြွေလူသားကို အလွန်နှစ်သက်သည်ဟု ဆိုလေသည်။


"တကယ်ပဲ အဲ့ဒီ မွှေးရနံ့က ဘာလဲ..."


ပုဖန် လက်နှစ်ဖက်နောက်ပစ်၍ စဉ်းစားတွေးတောနေမိသည်။အစောပိုင်းက သူ ထိုမွှေးရနံ့အကြောင်း စနစ်ကို မေးထားခဲ့သည်။သို့သော်လည်း စနစ်က ပြန်လည် ဖြေကြားခြင်းမပြုသေးပေ။


၎င်းက ပုဖန်ကို ပို၍ပင် သိချင်စိတ် ပြင်းပြသွားစေသည်။မြွေလူသားမျိုးနွယ်များကလည်းသမုဒ္ဒရာမ်ျိုးစိတ်များ၏ လောဘတကြီး ဟန်ပန်အမူအရာများကြောင့် သူတို့ကိုယ်တိုင်ပင် တွင်းထဲသို့ ဆင်း၍ သွားကြည့်ချင်နေမ်ိကြသည်။


သို့သော်လည်း ထိုအနက်ရောင်တွင်းပေါက်ကြီးက အလွန်ပင် ကြောက်စရာကောင်းလှသောကြောင့် သူတို့ မခုန်ချရဲပေ။


ဝေါ ဝေါ ...


ပင်လယ်ရေများက ဆူနာမီလှိုင်းလုံးကြီးများအလား တွင်းပေါက်ကြီးထဲသို့ အဆက်အပြတ် စီးဝင်နေသည်။၄င်းရေများ ရပ်သွားသည့် အခါ၌ သမုဒ္ဒရာမျိုးစိတ်ကျင့်ကြံသူအချို့က သူတို့၏ လက်နက်များကို ဆွဲကိုင်၍ တွင်းပေါက်၏။ ဘေးတွင် ရပ်လိုက်ကြသည်။တခြားသူများ ဝင်ရောက်လာသည်ကို တားမြစ်မည့်ပုံပေါ်သည်။


လေထုကိုပင် ထွင်းဖောက်သွားသော စူးရှသည့်အသံနှင့်အတူ ငရဲစွမ်းအင်များ ပြန့်နှံ့လာ၏။ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူအများအပြားက ပုံရိပ်ယောင် စိတ်ဝိညာဉ် ရွှံ့နွံမြေထက်တွင် ပြေးလွှားနေကြသည်။


ထိုအချင်းအရာကို မြင်လိုက်သော မြွေလူသားမျိုးနွယ်များ လေအေးတစ်ချက်ရှိုက်လိုက်မိကြပြန်သည်။


"နတ်ဆိုးမျိုးနွယ်တွေကကော ဒီနေရာကို ဘာကြောင့် ရောက်လာရတာလဲ..."


ထိုနတ်ဆိုးမျိုးနွယ်များက သူတို့ကို တ်ိုက်ခိုက်ရန် အခွင့်အရေးကို မိမိရရဆုပ်ကိုင်လိုက်သည်ဟု သူတို့ဟုံကြည်လိုက်ကြပြီး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။


မကြာမီတွင် မြွေလူသားများ ထပ်မံ အံ့အားသင့်သွားကြပြန်သည်။အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးများ၏ ပစ်မှတ်က သူတို့မဟုတ်ပေ။ထိုမလိုလားမကြိုဆိုသောဧည့်သည်များက သလင်းကျောက်တွင်းပေါက်ထဲသို့ ဦးတည်သွားကြလေသည်။


တွင်းပေါက်ကို စောင့်ကြပ်နေကြသော သမုဒ္ဒရာမျိုးစိတ်များကလည်း မာန်သွင်း၍ စွမ်းအင်များထုတ်ဖော်လိုက်ပြီး ထိုနတ်ဆ်ိုးများကို တိုက်ခိုက်လိုက်သည်။သို့သော်လည်းပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးများ၏ အရေအတွက်မှာ များပြားလှလေသည်။နတ်ဆိုးအုပ်စုလေးတစ်စုက သမုဒ္ဒရာအစောင့်များကို တိုက်ခိုက်ရန် ခွဲထွက်သွားလိုက်ပြီး ကျန်သူများက တွင်းပေါက်ထဲသို့ တ်ိုက်ရိုက်ခုန်ဆင်းကျသွားကြသည်။


ဤနတ်ဆိုးအုပ်စုသည် ကင်းမြီးကောက်နတ်ဆိုးမျိုးနွယ်မှ သူများဖြစ်သည်။ပုဖန်သည် သူတို့၏ စစ်သူကြီးလေးဦးကို ကင်စားထားသောကြောင့် သဘာဝကျစွာပင် သူတို့ကို မြင်သည်နှင့် မှတ်မိပေသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ တောင်ပိုင်းဒေသသို့ ရောက်လာသောနတ်ဆိုးတိုင်းက ကင်းမြီးကောက်နတ်ဆိုးမျိုးနွယ်မှ သူများဖြစ်သည်။


အောက်ခြေမရှိသကဲ့သို့ ဖြစ်နေသောတွင်းပေါက်ကြီးက သမုဒ္ဒရာမ်ျိုးစိတ်အများအပြားကို လက်ခံခဲ့ရုံသာမက နတ်ဆိုးမျိုးနွယ်များကိုလည်း ကြိုဆိုလိုက်ပြန်သည်။မြွေလူသားမျိုးနွယ်တို့ ထိတ်လန့်တုန်လှုပ်နေကြသည်။


"အဲ့ဒီ တွင်းပေါက်ကြီးက တကယ်ပဲ အောက်ခြေမရှ်ိတဲ့ တွင်းပေါက်လား..."


မြွေလူသားမ်ျိုးနွယ်တစ်ချို့က အလွန်ပင် သိချင်လာသောကြောင့် စူးစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။သို့သော်လည်း အကြီးအကဲ တစ်ယောက်က သူတို့ကို ရပ်တန့်ရန် အမိန့်ပေးလိုက်လေသည်။


"နောက်ဆုတ်ကြစမ်း ..."


မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြောင့် မြွေလူသားများ၏ မျက်နာက ဖြူဖျော့သွားကြသည်။သို့သော်လည်း နောက်ခဏအတွင်း၌ ထိုစီနီယာအကြီးအကဲက သက်ပြင်းအသာချပြီး လှည့်ထွက်သွားလိုက်သည်။


"သမုဒ္ဒရာမျိုးစိတ်တွေ ပြီးတော့ အခု ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်တွေ သူတို့ကို ဆွဲဆောင်ထားတဲ့ အရာက ဘာဖြစ်မလဲ...ပြီးတော့ အဲ့ဒီဟာက သင်းပျံ့ မွှေးကြိုင်တဲ့ ရနံ့ကိုလည်း ထုတ်လွင့်နိုင်သေးတယ်...တော်တော်လေးတော့ ထူးခြားဆန်းကြယ်တယ်..."


ပုဖန်တီးတိုးရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ တောက်ပလာသည်။ထို့နောက် သူတွင်းပေါက်ကြီးဆီသို့ ဦးတည်ပျံသန်းလိုက်သည်။မြွေလူသားကျွမ်းကျင်ပညာရှင်တစ်ချို့ကလည်း ပုဖန်ကို မြင်လိူက်ပြီး မျက်လုံးများပြူးကျယ်သွားကြသည်။


နန်းတော်ထဲ၌ သူတ်ို့၏ အရှင်သခင်နှင့် စကားပြောနေသော လူသားကို သူတို့ မှတ်မိကြပေသည်။


"ဒီကောင်က ဘာလာလုပ်တာလဲ...သမုဒ္ဒရာမျိုးစိတ်များ နတ်ဆိုးမျိုးနွယ်များ ဝိုင်းရံထားတဲ့ အဲ့ဒီတွင်းပေါက်ထဲကို သူက ဘာသွားလုပ်တာလဲ..."


မည်သို့ပင်ဆိုစေကာမူ သူတို့က ပုဖန်လိုက်သွားပြီးနောက် ဖြစ်ပေါ်လာမည့် အဖြစ်အပျက်များကို ဝမ်းသာအားရ စောင့်ကြည့်ပုံပေါ်လေသည်။ယုဖူ ပုဖန်ကို မြင်လိုက်သည့်ခဏ၌ သူမ၏ မျက်နာအရောင်အသွေးပင် ပျောက်ကွယ်သွားလေသည်။


တွင်းပေါက်နားတွင်ရှိနေသော သမုဒ္ဒရာမျိုးစိတ်များနှင့် နတ်ဆိုးမျိုးနွယ်များကလည်း ပုဖန်ချဉ်းကပ်လာသည်နှင့် အော်ဟစ်တားဆီးလိုက်ကြသည်။ပုဖန် အဖြူအနက် လက်ပတ်ပတ်ထားသော လက်ကို တားဆီးလိုက်ကြသည်။


ဝီ...


အစိမ်းရောင်အခိုးအငွေ့များလှည့်ပတ်ထွက်လာပြီးနောက် ကြီးမားလှသော အနက်ရောင် မီးခိုးလုံးကြီး ပေါ်လာသည်။ပုဖန်က ထိုအခွင့်အရေးကို မိမိရ ရဆုပ်ကိုင်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ကာ ကြွေဆင်းကျလာသော ကြယ်တစ်စင်းကဲ့သို့ တွင်းပေါက်ထဲသ်ို့ ဦးတည်လိုက်လေသည်။