အပိုင်း ၈၆၆
Viewers 53k

အခန်း ၈၆၆

တွင်းထဲဝင်ခြင်း...


ကမ္ဘာမြေ၏ အလင်းရောင်ကဲ့သို့ လင်းလက်တောက်ပနေသော မဟူရာလိပ်ခုံးဒယ်အိုးနှင့်အတူ ပုဖန်သည် ကြွေကျလာသော ကြယ်တစ်စင်းအလား တွင်းပောက်ဝသို့ တိုးဝင်လာလေသည်။သူပြုတ်ကျနေသော အရှိန်က အလွန်ပင် လျင်မြန်လှသောကြောင့် သူ့၏ နီရောင် စားဖိုမှုးဝတ်စုံကလည်း ကြမ်းတမ်းစွာယမ်းခါနေသည်။


သူတို့ထဲမှ ကြီးမြတ်သော တန်ခိုးအဆင့် အားကြီးသူများက တွင်းထဲတွင်ဝင်၍ အဖိုးတန်အရာများကို ရှာဖွေနေသည့်အချိန်၌ ကျန်သည့်သူများက တွင်းနက်ကြီး၏ အပေါက်ဝတွင် စောင့်နေပြီး နှောက်ယှက်လာသူများကို ဖျက်စီးရန်ဖြစ်လေသည်။


ထိုနတ်ဆိုးမျိုးနွယ်နှင့် သမုဒ္ဒရာမ်ျိုးစိတ်များအတွက် ပုဖန်သည် ပြဿနာကောင်ပင်ဖြစ်သည်။ထို့ကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တားဆီးရန်ကြိုးစားလိုက်ကြသည်။


သမုဒ္ဒရာမျိုးစိတ်၏ ခေါင်းဆောင်က ပုဖန် တဖြေးဖြေးနီးကပ်လာသည်နှင့်အမျှ ဟိန်းဟောက်လိုက်ပြီး လျင်မြန်စွာတိုးဝင်သွားလိုက်သည်။သူ့၏ အော်ရာများကလည်း ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည်။


သမုဒ္ဒရာမျိုးစိတ်ဆိုသည်က ပုန်းကွယ်နဂါးတိုက်ကြီး၏ သက်ရှိတစ်မျိုးပင်ဖြစ်သည်။


ထို့ကြောင့် သူတို့သုံးသော စွမ်းအင်များက လူသားများသုံးသော ကျင့်ကြံဆင့် စွမ်းအင်များနှင့် အတူတူပင်ဖြစ်သည်။ပျက်သုဉ်းခြင်းအကျဉ်းထောင်မှကင်းမြီးကောက် နတ်ဆိုးများကမူ ငရဲကမ္ဘာသက်ရှိများဖြစ်နေသည်။ထို့ကြောင့် သူတို့၏ ကျင့်ကြံဆင့် စွမ်းအင်များကလည်း မတူညီစွာ ကွဲပြားနေခြင်းဖြစ်၏။


ပုဖန်၏ မျက်နာက တည်ငြိမ်နေပြီး သူ့၏ အရှိန်နှုန်းကလည်း အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိပေ။


မြွေလူသားမျိုးနွယ်များက ပုဖန်အရူးကဲ့သို့ လုပ်နေခြင်းအား ကြည့်ရှုရန် အဆင်သင့်စောင့်ဆိုင်းနေပေသည်။


ပုဖန်က နတ်ဘုရားစိတ်ဝိညာဉ် အဆင့်များဖြင့် ရင်ဆ်ိုင်ရန် ကြိုးစားနေခြင်းက သူ့၏ သေခြင်းတရားကို စိန်ခေါ်ခြင်းနှင့်ပင် အတူတူပင်ဖြစ်သည်။ထို ကျွမ်းကျင်ပညာရှင်များဆီမှ သိပ်သည်းလှသော ကြောက်မက်ဖွယ်ရာ အော်ရာများ ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။


မြွေလူသားမျိုးနွယ်မှ သူများအားလုံး ထိုဖိအား၏ဒဏ်ကို ခံလိုက်ကြရသည်။သို့သော် ပုဖန်က အားနည်းသည်ဆ်ိုသော်လည်း ကမ္ဘာမြေအကျဉ်းထောင်မှ သွေးရောင်ခြယ်နဂါးကိုပင် တွေ့ကြုံထားဖူးသူအဖို့ ယခုအော်ရာများက ဟာသတစ်ခုထက်မပိုပေ။


ထို့ကြောင့် သူ့၏ အရှိန်က ရပ်တန့်သွားခြင်းမရှ်ိပေ။သူ တင်းတင်းဆုပ်ကိုင်ထားသော မဟူရာလိပ်ခုံးဒယ်အိုးအား အနည်းငယ်ယမ်းခါသွားသည်။သူ့၏ အဖြူအနက်လက်ပတ်က ပြေလျော့သွားပြီး အောက်သို့ လျှောကျသွားသည်။


လေထဲတွင် ပြင်းထန်လှသော ဖိအားရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး ကမာကောင် ကျင့်ကြံသူက တိုးဝင်လာသော ဖိအားကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီး ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သူက တိုးဝင်လာသော ဒယ်အိုးဆီသို့ ပုလဲလုံးများဖြင့် ပစ်လွှတ်လိုက်သည်။


ထိုပုလဲလုံးများက ကမာကောင်ကျင့်ကြံသူ၏ တ်ိုက်ခိုက်မှုပင်ဖြစ်သည်။၎င်းသည် မသေမျိုးခန္ဓာပညာရှင်တစ်ယောက်ကိုပင် ထိုးဖောက်သွားလောက်အောင် သန်မာသည်။


ပုလဲလုံးများက ဒယ်အိုးကို ထိမှန်သွားပြီး ချက်ချင်းပင် ကွဲကြေသွားလေသည်။ကမာကောင်ပညာရှင်ရဲ့ မျက်ဝန်းများ ကြောက်ရွံ့ပြူးကျယ်သွားသည်။


"ဒီလူသားက ဘယ်လောက်တောင် သန်မာနေတာလဲ..."


ထိုကမာကောင် ကျင့်ကြံသူလည်း မဟူရာလိပ်ခုံးဒယ်အိုးကို မရှောင်နိုင်တော့သောကြောင့် သူ့၏ ခန္ဓာကိုယ်ကို ဧရာမကြီးအဖြစ်သို့ အသွင်ပြောင်းလိုက်သည်။


ဘန်း...


မဟူရာလိပ်ခုံးဒယ်အိုးက ပြင်းထန်စွာ ထိုးနှက်လာပြီး ကမာကောင်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ အခွံမှာ ထုချေခံလိုက်ရလေသည်။ပုဖန်က တွင်းနက်ကြီးဆီသို့ ဆက်လက် ကျဆင်းလာနေတုန်းဖြစ်သည်။နီးကပ်လာသည်နှင့်အမျှ မွှေးပျံ့သော ရနံ့များ သူ့၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်လာကြလေသည်။


"ဒီအနံ့က ..."


ပုဖန် မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်သည်။ခဏအကြာ၌ သူ့မျက်ဝန်းများ ပြူးကျယ်သွားလေသည်။၎င်းရနံ့က စမ်းချောင်းဝါ မြက်၏ ရနံ့နှင့် တူနေပေသည်။


"စမ်းချောင်းဝါမြက်... စမ်းချောင်းဝါမြက်ဆိုတာက စမ်းချောင်းဝါမြစ်နားမှာပဲ ပေါက်တာ မဟုတ်ဘူးလား..."


ပုဖန် ဆံပင်မွှေးများပင် ထောင်ထသည်အထိ လန့်ဖြန့်သွားမိသည်။


"ပုန်းကွယ်နဂါးတိုက်ကြီးမှာ ဘယ်လိုလုပ်ပြီး စမ်းချောင်းဝါမြက်ရဲ့ ရနံ့ပေါ်လာရတာလဲ ..."


သူတွင်းပေါက်နဲ့ နီးကပ်လာလေလေ ရနံ့များက ပို၍ ပြင်းထန်လာလေလေပင်။ထိုကဲ့သို့သော ရနံ့မျိုး ပေါ်ထွက်လာအောင် သူမချက်နိုင်သောကြောင့် ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။၎င်းက ဘာအဓိပ္ပါယ်နည်း။


ထိုအဓိပ္ပါယ်က ထ်ိုဟင်းပွဲကို ချက်နေသည့်မည်သူဖြစ်ပစေ သူချက်ပြုတ်သည့် ရနံ့ထက် သာအောင်ချက်နိုင်သည်ဆိုသည့် သဘောပင်။


"ပုန်းကွယ်နဂါးတိုက်ကြီးမှာ သူ့ထက်ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်တကယ်ပဲရှိနေသေးတာလား..."


ပုဖန်က ငရဲကမ္ဘာမှ အကျဉ်းထောင်သုံးခုအကြောင်းကို သေသေချာချာမသိသော်လည်း ပုန်းကွယ်နဂါးတိုက်ကြီးတွင်မူ အစားကြူးတောင်ကြားကို ထည့်မပြောလျှင်တောင်မှ သူသည်သာ ပထမတန်းစားဖိုမှူးဖြစ်မည်ဖြစ်ကြောင်းသေချာပေသည်။


သို့သော်လည်း ယခုမူ သူ့ထက်သာလွန်သည့် တစ်ယောက်ကို တွေ့လိုက်ရပုံပေါ်သည်။ပုဖန် နှလုံးသားထဲမှ ဖိအားကို ခံစားလိုက်ရပြီး သက်ပြင်းအသာမှုတ်ထုတ်လိုက်ရသည်။ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်တည်နေပြီး အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ဆ်ိုသည်မှာ လွယ်ကူသည့် လမ်းကြောင်းတစ်ခုမဟုတ်မှန်း သူသိထားခဲ့ပြီးပေပြီ။


"စနစ် ဒီဟင်းပွဲနဲ့ ပတ်သတ်ပြီး မင်းဘာတွေများ သိထားသေးလဲ..."


ပုဖန်၏ နှလုံးသားက နစ်မြှုပ်နေပြီး သူကူကယ်ရာမဲ့စွာဖြင့်မေးလိုက်သည်။သို့သော်လည်း စနစ်က တိတ်ဆိတ်နေမြဲဖြစ်ပြီး အချိန်အတော်အကြာ စောင့်ဆိုင်းပြီးသည်အထိ ပြန်မဖြေခဲ့ပေ။


၎င်းက သူ ထိုဟင်းပွဲအကြောင်းကိုမပြောချင်၍ သို့မဟုတ် ထိုဟင်းပွဲအကြောင်းဘာမှမသိထား၍ မပြောနိုင်ခြင်း တစ်ခုခုဖြစ်ပေလိမ့်မည်။ပုဖန်၏ သိချင်စိတ်များ ပို၍ပင် တိုးပွားလာပြီး သူ့၏တည်ငြိမ်မှုကိုပင် ပျောက်ဆုံးလာပေပြီ။


ပြောရမည်ဆိုလျှင် ဒီကမ္ဘာကြီးပေါ်၌ ပါရမီရှင် ပညာရှင်များ အကန့်အသတ်မရှိ ရှိနေပြီး သူတစ်ယောက်တည်းမဟုတ်ပေ။ပုဖန်၏ မျက်ဝန်းများတောက်ပသွားပြီး မဟူရာလိပ်ခုံးဒယ်အိုးကို ခပ်တင်းတင်းဆုပ်က်ိုင်လ်ိုက်ကာ အရှိန်ကို ပိုမြင့်လိုက်သည်။


ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်မှ ကျင့်ကြံသူများက ပုဖန်ကိုကြည်ံ၍ ဟိန်းဟောက်အော်လိုက်သည်။သို့သော်လည်းပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးဖြင့် ရိုက်ထုတ်လိုက်လေသည်။မဟူရာလိပ်ခုံးဒယ်အိုး၏ အလေးချိန်က ထိုနတ်ဆိုးများ ခုခံ နိုင်သည့်အရာမဟုတ်ပေ။


ရုတ်တရက်ပုဖန်ရပ်တန့်သွားပြီး သူထုခဲ့သော ကမာကောင်ကို လှည့်ကြည့်လိုက်သည်။ထိုအကြည့်များက သမုဒ္ဒရာမ်ျိုးစိတ် ကျင့်ကြံသူများကို တုန်ရီသွားစေသည်။


"ဒီကမာကောင်ကို ကြည့်ရတာ မဆိုးဘူး..."


ပုဖန် ချက်ချင်းလှုပ်ရှားလိုက်ပြီး ထိုကမာကောင်က်ို သူ့၏ သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်သည်။ပတ်ဝန်းကျင်တွင်ကြည့်ရှုနေကြသော သူများ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။


"ဒီလူက ကြောက်စရာကောင်းလိုက်တာ...ကမာကောင်ကို ထုပြီးထွက်သွားပြီးတော့မှ ပါဝင်ပစ္စည်းအဖြစ် သုံးဖို့တောင် ပြန်လှည့်လာသေးတယ်လား..."


တွင်းပေါက်ကြီးနှင့် အကွာအဝေးတစ်ခုတွင်ရှိနေကြသော မြွေလူသားမ်ျိုးနွယ်မှ သူများအားလုံး ကြောင်အမှင်သက်နေကြသည်။မယုံကြည်နိုင်မှုကြောင့် မျက်ဝန်းများကိုပင် ပွတ်သပ်၍ ကြည့်မိကြသည်။


"ဘာတွေဖြစ်နေတာလဲ သူတို့ရဲ့ အမြင်တွေများ မှုန်ဝါးနေတာလား...သမုဒ္ဒရာမျိုးစိတ်ကျင့်ကြံသူတွေက ဒီလူက်ို ဘာလို့ မဖျက်စီးပစ်နိုင်ကြတာလဲ ...ဘုရားရေ ဒီလူသားက အရမ်းကို သန်မာတာပဲ..."


ယုဖူလည်း အံ့သြထိတ်လန့်နေမိသည်။သူမ ပိုင်ရှင်ပု ထိုမျှထိ သန်မာလာနိုင်လိမ့်မည်ဟု မတွေးမိခဲ့ဖူးပေ။သူမတို့ လေအလင်းအင်ပါယာ၌ ရှိစဉ်က ပိုင်ရှင်ပုသည် တကယ်မသန်မာသေးပေ။


ယခုပိုင်ရှင်ပုသည်မူ နတ်ဘုရားစိတ်ဝ်ိညာဉ်အဆင့် ပညာရှင်တစ်ယောက်ကိုပင် ဒယ်အိုးနှင့် ထုသတ်လိုက်နိုင်ပေသည်။


"ထိုအဓိပ္ပါယ်က ပိုင်ရှင်ပုကိုယ်တိုင်သည်လည်းနတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်သ်ို့ ရောက်နေခြင်းဖြစ်နိုင်သည်လား...ဘယ်လောက်များကြာသေးလို့လဲ...ဟစ်..."


မြွေလူသားမျိုးနွယ်မှ ကျင့်ကြံသူများအားလုံး တူညီသည့် အတွေးကိုတွေးလိုက်မိကြပုံပေါ်သည်။


ပုဖန် ကမာကောင်ကို ထုနှက်လိုက်သည်ကို မြင်လိုက်ရသော သမုဒ္ဒရာမျိုးစိတ်များအားလုံး မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။


ထိုကမာကောင်ကျင့်ကြံသူက တွင်းပေါက်ကြီး၏ ဝင်ပေါက်ကို ကာကွယ်နေသော သူတို့၏ ခေါင်းဆောင်ဖြစ်သည်။ယခုသူက ဒယ်အိုးနှင့် ထိခတ်ခံလိုက်ရသည့်အပြင် တခြားတစ်ယောက်၏ ပါဝင်ပစ္စည်းပင်ဖြစ်လာလေသည်။


ပုဖန် ကမာကောင်ကို ကောက်သိမ်းပြီးသည်နှင့် သူအစောပိုင်းက ထုနှက်ခဲ့သော ကင်းမြီးကောက်များဆီသို့ အကြည့်ရောက်သွားသည်။ထို့နောက် နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးရုံ လှုပ်ရှားလိုက်ပြီး လျစ်လျူရှုလိုက်လေသည်။


"ကင်းမြီးကောက်ကို စားရတာက ဘာအဓိပ္ပါယ်မှမရှိဘူး..."


ထို့နောက် သူ့အကြည့်များက အောက်ခြေမှ တွင်းနက်ကြီးဆီသို့ ကျရောက်သွားသည်။ထိုသလင်းကျောက်တွင်းနက်ကြီးက ပုစွန်ပိစိကို ရခဲ့သည့် နေရာဖြစ်မှန်းသူသိပေသည်။သို့သော်လည်း ထိုနေရာက ယခုလုံးဝ ပြောင်းလဲသွားပြီး ထွက်ပေါ်နေသောအော်ရာများကလည်း ထူးဆန်းလှပေသည်။


သို့သော်လည်း သူစိတ်ဝင်တစားဖြစ်နေခြင်းမှာ ထိုသလင်းကျောက်တွင်း၏ ပြောင်းလဲမှုမဟုတ်ပဲ ထိုတွင်းထဲမှ ထွက်ပေါ်နေသောမွှေးကြိုင်သင်းပျံ့လှသည့် ရနံ့များဖြစ်သည်။


ပုဖန်က ကင်းမြီးကောက်နတ်ဆိုးများ သမုဒ္ဒရာမ်ျိုးစိတ်များအားလုံးကို လျစ်လျူရှုလိုက်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ပြီး တွင်းနက်ကြီးထဲသို့ ခုန်ချလိုက်သည်။

ကင်းမြီးကောက် နတ်ဆ်ိုးများ ကြောင်အ စိတ်ရှုပ်ထွေးသွားကြသည်။


"ဒီလူက ကမာကောင်ကိုတော့ ယူသွားပြီးတော့ ဘာလို့ သူတို့ရဲ့ ကင်းမြီးကောက်နတ်ဆိုးကိုတော့ ထားခဲ့တာလဲ...ဘာလဲ ဒီလူသားက သူတို့မျိုးနွယ်ကို အထင်သေးနေတာလား..."


အကယ်၍ ပုဖန်သာ ကင်းမြီးကောက်အမြောက်အများစားပြီးသောကြောင့် ယခုကောက်ယူရန် ပျင်းနေသည့် အကြောင်းကိုသာသိသွားခဲ့လျှင် သူတို့၏ အတွေးများ ပြောင်းလဲသွားပေလိမ့်မည်။


ဝေါ ဝေါ ...


ပုဖန်၏ အရှိန်က အလွန်ပင် လျင်မြန်လွန်းလှသောကြောင့် သူ့ဘေးနားပတ်လည်တွင် အနက်ရောင်စီးကြောင်းများပင် ဖြစ်ပေါ်နေသည်။သူ့၏ အနီရောင်စားဖိုမှူးဝတ်စုံက ကြမ်းတမ်းစွာ လွင့်ခါနေသည်။လက်ထဲတွင်ရှိနေသောမဟူရာလိပ်ခုံးဒယ်အိုးက အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။


ပုဖန် ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။သူအောက်ခြေကိုပင် မမြင်ရသေးပေ။၎င်းကတကယ့်က်ို အောက်ခြေမဲ့လှသည်။


အစားကြူးတောင်ကြား ထောင်တျဲစားသောက်ဆိုင်...


ထောင်တျဲ စားသောက်ဆိုင် ပိတ်ထားပေသည်။မနက်စောစောတွင် ချူချန်းရှန် နိုးထလာပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်၍ ဆိုင်အတွင်းမှ ထွက်လာခဲ့သည်။သူ ဘေးချင်းကပ်ရပ်ဆိုင်ကို ဦးတည်လိုက်သည်။ထိုဆိုင်ပိုင်ရှင်၏ အချက်အပြုတ်စွမ်းရည်ကို သွားရောက်စစ်ဆေးရပေမည်။


ပိုင်ရှင်ပု မရှိလေရာ သူ့အတွက် ချက်ပြုတ်ပေးမည့်သူ မရှိသောကြောင့် သူ့၏ ဝမ်းရေးကို သူ့ဘာသာသူ ဖြေရှင်းရပေမည်။ခွေးဘုရင်က သိမြင်မှု သစ်သီးပင်အောက်တွင် အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသည်။သူ့၏ ဘေးနား၌ ထိုင်၍ကျင့်ကြံနေသောပန်းပွင့်လေး၏ ခန္ဓာကိုယ်မှလည်းအစစ်အမှန် စွမ်းအင်များ ဖြာထွက်နေသည်။


ပန်းပွင့်လေး၏ ရွှေရောင်ဝတ်စုံက အနည်းငယ် ပြောင်းလဲသွားသည်။၎င်းတွင် အနီရောင်အချို့ စွန်းထင်းလာပြီး မကြာခင်မှာပင် ဒုတိယအရောင်ကို ရရှိတော့မည့် ပုံပေါ်သည်။


ပန်းပွင့်လေး၏ အရောင်ပြောင်းလဲသွားခြင်းဆိုသည်မှာ သူမ၏ စွမ်းအင်များ ပ်ိုမို မြင့်မားလာခြင်းဖြစ်သည်။ခုနစ်ရောင်ခြယ် ကောင်းကင်စပါးအုံ မြွေဆိုသည့်အတိုင်း သူမ၏အရောင်များ ခုနစ်ခါ ပြောင်းလဲသွားပြီးနောက် ၎င်း၏ စွမ်းအင်များက သာမန်လူတစ်ယောက် မတွေးတောနိုင်သော ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုအထိ ရောက်သွားပေလိမ့်မည်။


အရောင်ငါးရောင်ရှိပါက အရွယ်ရောက်လာသည့် သားရဲဖြစ်လာပြီး အရောင်ခုနစ်ရောင်ပြည့်စုံသွားပါက အစစ်အမှန် နတ်ဘုရားသားရဲဟု ဆိုန်ိုင်ပေသည်။ပန်းပွင့်လေး၏ ခေါင်းပေါ်တွင်ရှိနေသော ပုစွန်ပိစိက သူမ၏ အော်ရာများ ပြောင်းလဲသွားသောအခါ၌ သူမထုတ်လွင့်နေသော စွမ်းအင်စီးကြောင်းများကို စုပ်ယူနေပုံပေါ်လေသည်။


ခွေးဘုရင်၏ဘေးနားတွင် ငရဲကမ္ဘာသင်္ဘောရှိနေပေသည်။နယ်သာရီက တကယ့်ကို ပျင်းရိနေပုံဖြင့် ခြေထောက်တွဲလောင်းချ၍ လွှဲကာထိုင်နေပေသည်။ရုတ်တရက် ပုစွန်ပ်ိစိ ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီးမျက်ဝန်းများပွင့်လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌ နတ်ဘုရားအလင်းရောင်ကဲ့သို့ အလင်းရောင်တစ်ချက်လက်ဖြာသွားလေသည်။


ထို့နောက် သူ အလွန်ပင် မြင့်မားလှသော အရှိန်ဖြင့် လေထဲသို့ ထ်ိုးတက်လိုက်သည်။နယ်သာရီ ပုစွန်ပိစိ၏ အပြုအမူကြောင့် အံ့အားသင့်သွားပြီး လှမ်းမေးလိုက်သည်။


"ဟေး အသေးလေး နင်အဆင်ပြေရဲ့လား..."


ပုစွန်ပိစိက သူ့၏ ခြေထောက်များကို ယပ်ခါကာ စားသောက်ဆိုင်၏ လေထဲတွင် ကူးခတ်နေသောကြောင့် ရွှေရောင်အလင်းတန်းများလွှမ်းခြုံနေလေသည်။


နယ်သာရီက ထိုအပြုအမူကို နားမလည်နိုင်သောကြောင့် မျက်ဝန်းများ မှေးကျင်းလိုက်မိ၏။ပိစိက မျက်လုံးများ လှည့်လိုက်ပြီးနောက် ခဏမျှအကြာ၌ နယ်သာရီ၏ ပခုံးထက်သ်ို့ သက်ဆင်းလိုက်သည်။


ရုတ်တရက် နယ်သာရီ၏ စိတ်ထဲသို့ ထူးဆန်းသောအတွေးစီးကြောင်းတစ်ခု ဖြတ်သန်းဝင်ရောက်လာသည်။ပုစွန်ပိစိ၏ ပေးပို့ချက်က်ိုရပြီးနောက် နယ်သာရီ၏ မျက်ဝန်းများ တောက်ပသွားသည်။သူပိစိကို စောင်းငဲ့ကြည့်၍ ပြောလိုက်သည်။


"အလျင်မလိုနဲ့ ငါနင့်ကို အဲ့ဒီကို ခေါ်သွားမယ်..."


သူ ပိစိ၏ ခေါင်းလေးက်ို အသာဖွဖွပုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီးနောက် ငရဲကမ္ဘာသင်္ဘောက မရှိန်အဟုန်ဖြင့် ချက်ချင်းပျောက်ကွယ်သွားလေသည်။


ထိုခဏမှာပင်ခွေးဘုရင်၏ မျက်ဝန်းများ ပွင့်လာပြီး အားပါးတရ သန်းဝေလိုက်သောကြောင့် သူ့၏ အဆီပြင်များက တုန်ရီလှုပ်ခါသွား၏။


"တောင်ပိုင်းဒေသရဲ့ မြို့သေးသေသေးလေးကို သွားနေကြတာလား...အိုးနောက်ဆုံးတော့လည်းတောင်ပိုင်းဒေသရဲ့ လျှို့ဝှက်ချက်ပေါ်ထွက်လာပြီပေါ့ ဘာပဲဖြစ်ဖြစ်လေ အဲ့ဒါက ဒီခွေးဘုရင်အတွက်တော့ အရေးမပါဘူး...အဲ့ဒီအရာက ငါမြင်နိုင်ပြီး ငါမစားနိုင်တဲ့အရာက ပိုင်ရှင်ပုရဲ့ အစစ်အမှန် နဂါးချိုချဉ်ကြော်နဲ့ ယှဉ်လို့မရဘူး..."


သူ ထိုသို့ ပြောပြီးသည်နှင့် အသွင်ပြောင်းလဲတော့မည်ဖြစ်သော ပန်းပွင့်လေးကိုကြည့်လိုက်သည်။ထို့နောက် တီးတိုးရေရွတ်လိုက်ပြီး သူ့၏ ခန္ဓာကိုယ်ကို အသာအယာလှုပ်ခါလိုက်၏။


သူ့ခန္ဓာကိုယ်မှ အမွှေးတစ်ပင် ကျွတ်ကျသွားပြီးနောက် သန့်စင်လှသော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ ပန်းပွင့်လေး၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ဝဲနေလေသည်။ထို့နောက် သူမခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားသည်။ခွေးဘုရင် ထိုအချင်းအရာကို ကြည့်လိုက်ပြီးနောက် တစ်ချက်သန်းဝေလိုက်ကာ ပြန်လည်အိပ်စက်လိုက်သည်။