အပိုင်း ၈၆၇
Viewers 52k

အခန်း ၈၆၇

ဒီစားဖိုမှူးကို အကြိမ်တစ်ထောင်လောက်ရိုက်သင့်တယ်...


ပုဖန် အနက်ရောင် တွင်းနက်ကြီးထဲ ဆက်လက် ကျဆင်းနေဆဲပင်ဖြစ်သည်။နေရာတစ်ခုလုံးက မှောင်မဲနေပြီး အောက်ခြေကိုပင် မြင်နိုင်စွမ်းမရှိပေ။၎င်းက အလွန်ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။


တဖျတ်ဖျတ်လွင့်ခါနေသော သူ့၏ စားဖိုမှူးဝတ်စုံက စတင်၍ တောက်ပလာသည်။ခဏအကြာ၌ သူ့၏ ပတ်ဝန်းကျင်တွင် လေထုအလွှာတစ်ခုဖြစ်ပေါ်လာပြီး ကျဆင်းနေသော အရှိန်က နှေးကွေးသွားသည်။


အသံခပ်အုပ်အုပ်တစ်ချက်နှင့်အတူ သူ့ခြေထောက်က မြေပြင်ကို ထိခတ်သွားသည်။မြေပြင်မှ ထုတ်လွင့်နေသော အပူငွေ့များက သူ့ကို ရှုပ်ထွေးသွားစေ၏။သူ မျက်နာသေဖြင့်ပင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ထိုခဏ၌သူ့၏ မျက်နာက အံ့သြတုန်လှုပ်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားလေသည်။


သလင်းကျောက်တွင်းက သူအရင်တခါ ရောက်ခဲ့သော တွင်းနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။မြေအောက်တွင် တစ်စုံတစ်ယောက် တူးထုတ်ထားပုံရသော လှိုဏ်ခေါင်းတစ်ခုရှိနေသည်။ထိုလှိုဏ်းခေါင်းထဲ၌ တောက်ပလှသော သလင်းကျောက်များ ပြည့်နှက်နေပြီး စွမ်းအင်များလည်း ပြည့်ဝနေ၏။


ပုဖန် နံရံမှ အပေါက်ကြီး၏ ကျဉ်မြောင်းလှသောအစွန်းတစ်ခုတွင် ခြေချလိုက်သည်။ထိုကျဉ်းမြောင်းသောလမ်းကြောင်းလေးသည် လူတစ်ယောက်စာလုံလောက်ရုံသာရှိပြီး လှိုဏ်ဂူ၏ ကျောက်သားနံရံတစ်လျှောက် ကွေးကောက်စွာတည်ရှိနေသည်။


လမ်းသေးလေး၏ အဆုံးသတ်၌ အသူရာကျောက်ကဲ့သို့ နက်စောက်လှသော တွင်းနက်ကြီးတစ်ခုက နတ်ဆိုးတစ်ကောင်၏ ပါးစပ်အလား ကျလာသူများကို ဝါးမြိုဖို့ စောင့်ဆိုင်းနေလေသည်။ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။အစောပိုင်းက ဝင်သွားသော သမုဒ္ဒရာမျိုးစိတ်သို့မဟုတ် ကင်းမြီးကောက်နတ်ဆိုးမျိုးနွယ်တို့၏ အရိပ်အယောင်တို့ကို မမြင်ရပေ။၎င်းက တော်တော်လေးထူးဆန်းပေသည်။


သိူ့သော်လည်း ပုဖန်က ထိုအကြောင်းကို ဂရုစိုက်မနေပေ။လေထဲ၌ သင်းပျံ့နေသော မွှေးရနံ့များကိုသာ နှာခေါင်းတစ်ချက်ရှုံ့၍ အနံ့ရှူလိုက်သည်။ထိုအနံ့များက သူ့ကို သိချင်စိတ်ပို၍ ပြင်းပြစေသော်လည်း ယခုအချိန်၌ သက်ပြင်းချရုံသာ တက်နိုင်သေးသည်။


"အသူရာကျောက်လို နက်စောက်တဲ့ တွင်းထဲမှာ ဘယ်လိုလုပ် မွှေးရနံ့တွေ ရှိနေတာလဲ ဒီထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေများ ဖုံးကွယ်ထားတာလဲ..."


ပုဖန် လက်နှစ်ဖက်နောက်ပစ်၍ လမ်းကျဉ်းလေးတစ်လျှောက် မနှေးမမြန် လျှောက်သွားလိုက်သည်။၎င်းက အဆုံးမရှိသလို ထင်ရ၏။အချိန်တော်တော်ကြာ လျှောက်ပြီးတိုင်အောင် အဆုံးသတ်ကို မမြင်ရသေးပေ။၎င်းက ပုဖန်ကို အနည်းငယ် စိတ်ရှုပ်စေ၏။သူ စက်ဝိုင်းပုံ ပတ်လမ်းထဲ ပိတ်မိနေသလိုမျိုး ခံစားရလေသည်။


ဝေါ ဝေါ ဝေါ ဝုန်း...


ပုဖန် ရပ်တန့်လိုက်သည်။ကျောက်စိမ်းအချွှန်များက လမ်းကြောင်းလေး တစ်လျှောက် လိမ့်ဆင်းကျလာပြီးနောက် အဆုံးမဲ့သော အမှောင်ထုထဲသို့ တိုးဝင်သွားလေသည်။ခဏအကြာ၌ ပဲ့တင်သံများ ပျောက်ကွယ်တိတ်ဆိတ်သွား၏။


ထိုအချင်းအရာက ဤတွင်းသည် အမှန်တကယ်ကို အောက်ခြေမဲ့ကြောင်း သတိပြုမိဖို့ လုံလောက်နေပေပြီ။တကယ်ကို ထူးဆန်းလှသည်။ပုဖန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း အမှောင်ထုကိုသာ မြင်ရလေသည်။


သူ့၏ စိတ်စွမ်းအင်များ စတင်ထုတ်လွင့်လာပြီး သူ့၏ စိတ်ဝ်ိညာဉ် ပင်လယ်ထဲတွင် စွမ်းအင်လှိုင်းများ ရိုက်ခတ်လာလေသည်။သို့သော်လည်း အမြဲတမ်း အကျိုးသက်ရောက်မှု ရှိခဲ့သော သူ့၏ စိတ်စွမ်းအင်များက ယခုအခါတွင် ရှုံးနိမ့်သွားရလေပြီ။


လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသော စွမ်းအားများက သူ့၏ စွမ်းအင်ကို ပြန်လည် ဖိနှိပ်နေသလိုမျိုး သူစိတ်စွမ်းအင်များ ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ကျက်နိုင်ပေ။


ပုဖန်၏ စိတ်ထဲ၌ တင်းကျပ်သွားသည်။သူ မှောင်မဲလှသော အကြည့်ဖြင့် သူလျှောက်လှမ်းလာသော လမ်းကျဉ်းလေးကို ကြည့်လိုက်သည်။ထို့နောက် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး သူ့၏ စိတ်စွမ်းအင်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။ထို့နောက် သူလမ်းကျဉ်းလေးပေါ်၌ ထပ်မံ၍ ခြေတစ်လှမ်းတိုးလိုက်သည်။အဆုံးသတ်ရှိရှိမရှိမရှိ ဂရုစိုက်မနေတော့ပေ။


တစ်လှမ်း....သူ့၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။အမှောင်ထုက ပျောက်ကွယ်သွားပြီး သူ့၏ မျက်ဝန်းထဲ၌ သလင်းကျောက်များမှ ထုတ်လွင့်သော အလင်းရောင်များဖြင့် ပြည့်နှက်နေလေသည်။


ဧရိယာတစ်ခွင်လုံးက လင်းထိန်နေပြီး မယုံနိုင်စရာကောင်းလောက်အောင်ပင် လှပလှသည်။၎င်းက တကယ်ကို လှိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်နေခြင်းဖြစ်သည်။


ထို့အပြင် ပုဖန် အရှေ့မှ ဆင်းသွားသော သမုဒ္ဒရာမျိုးစိတ်များနှင့် ကင်းမြီးကောက်နတ်ဆိုးမျိုးနွယ်တ်ို့အားလုံးက မြေပြင်ပေါ်၌ မျက်ဝန်းများပိတ်၍ လဲလျှောင်းနေကြလေသည်။


၎င်းတို့အားလုံးက ပုံရိပ်ယောင်ထဲ ပိတ်မိနေပုံပေါ်လေသည်။သူတို့၏ ရဲစွမ်းသတ္တိအပြည့်ဖြင့် တွင်းနက်ကြီး၏ အထက် လေဟာနယ်ကို ခြေမချမချင်း ထိုနေရာမှ ပြန်လည်ထွက်လာနိုင်လိမ့်မည်မဟုတ်ပေ။


သို့သော်လည်း ဒီနေရာတွင်ရှိသော အရေအတွက်က တွင်းပေါက်ဝကို ကာကွယ်နေသော သူများထက် နည်းပေသည်။သူတို့အားလုံး အလွန်အမင်းသန်မာသူများမဟုတ်ကြပေ။တစ်ချို့က မသေမျိုး ခန္ဓာကျင့်ကြံဆင့်သာရှိနေသော ကျန်သည့်သူများကတော့ နတ်ဘုရားစိတ်ဝ်ိညာဉ်အဆင့်များဖြစ်လေသည်။


ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူများက ပုံရိပ်ယောင်ထဲမှ ထွက်လာနိုင်ပြီး ဒီနေရာမှ ထွက်သွားကြပုံပေါ်လေသည်။လေထုထဲ၌ ဆန်းကြယ်လှသော မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။ပုဖန် ထိုကျင့်ကြံသူများကို ဂရုစိုက်မနေတော့ပဲ လှိုဏ်ခေါင်းထဲမှ ထွက်ရန်ပြင်လိုက်သည်။ဂူ၏ အပြင်ဘက်တွင် တခြားကမ္ဘာတစ်ခုတည်ရှိနေလေသည်။


သူ့၏ အထက်၌ ချော်ရည်များစီးကျနေပြီး ရံဖန်ရံခါ မိုးခြိမ်းသံများကိုလည်း ကြားနေရသည်။ထိုချော်ရည်များက နေရာတစ်ခုလုံးကို လင်းထိန်နေစေသည်။ပုဖန် လက်နှစ်ဖက်နောက်ပစ်၍ အရှေ့သို့ လျှောက်သွားလိုက်သည်။မြေပြင်က ခြောက်သွေ့နေ၏။ဒီနေရာသည် ခြောက်သွေ့သော ရာသီဥတုနှင့် မြင့်မားသော အပူချိန်ရှိသည်။


သူ လှိုဏ်ဂူထဲမှ ထွက်လာပြီးသည်နှင့် သိပ်မဝေးသော နေရာ၌ ကျောက်တုံးတံတားတစ်ခုရှိသည်ကို တွေ့လိုက်ရသည်။ထိုကျောက်တုံးတံတားက ကျောက်တိုင်မှ သဘာဝအတိုင်းဖြစ်ပေါ်နေပုံပေါ်လေသည်။


တံတားထက်၌ ချွှန်မြသော ကျောက်စများဖြင့် ထိုးဖောက် ထားခြင်းခံရသော အလောင်းတစ်ချို့ရှိနေသည်။တစ်ချို့ ရုပ်အလောင်းများက ခြောက်သွေ့နေပြီး တစ်ချို့ရုပ်အလောင်းများက အရိုးဖြူများပင်ပေါ်နေလေသည်။


လေထုအခြေအနေတစ်ခုလုံးက သေးကျင်းအငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။ပုဖန် သတိအပြည့်ဖြစ်သွားသည်။ထူးခြားဆန်းကြယ်သော မွှေးရနံ့များက ပို၍ သိပ်သည်းနေသည်။ပုဖန်ပင် ဗိုက်ဆာလာသလို ခံစားလိုက်ရပြီး နှုတ်ခမ်းတစ်ချက်သပ်လိုက်မိသည်။


ယခုချက်ချင်းသူ ချက်ပြုတ်ဖို့ အစီအစဉ်မရှ်ိပေ။သူက ကျောက်တံတားက်ို အရင်ဆုံးဖြတ်ကျော်ချင်ပေသည်။ကျောက်တုံးတံတားပေါ်တွင်ရှိနေသော သမုဒ္ဒရာမျိုးစ်ိတ်များနှင့် ကင်းမြီးကောက်နတ်ဆိုးများ၏ ရုပ်အလောင်းများက အချိန်ကြာမြင့်လှစွာကတည်းက သေဆုံးခဲ့သော ရုပ်အလောင်းများဖြစ်ပေမည်။


"ဒီနေရာမှာ ဘယ်လ်ိုလုပ်ပြီး လူသားတစ်ယောက်ရှိနေတာလဲ ..."


ပုံရိပ်ယောင်ထဲမှ နိုးထလာပြီးနောက် လှိုဏ်ဂူထဲမှ ထွက်လာသော ပညာရှင်တစ်ယောက်က လှမ်းမြင်သွားလေသည်။သူတို့က ဖြေကြားခြင်းကို စောင့်မနေပဲ ဒေါသတကြီးအော်ဟစ်လိုက်သည်။


ပုဖန်သူတို့ကို လှည့်ကြည့်လိုက်သည်။


"ဘာကြောင့် ဒီနေရာမှာ လူသားမရှိရမှာလဲ ..."


ထိုလူများကို ထပ်မံလျစ်လျူရှုလိုက်ပြီး တံတားကို စတင်ဖြတ်လိုက်သည်။ကျောက်တုံးတံတားပေါ်သို့ ခြေချလိုက်သည့်ခဏ၌ ကြီးမားလေးလံလှသော ဖိအားတစ်ခု သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာလေသည်။


ဆွစ်...


ကျောက်တံတား၏ မျက်နာပြင်က တုန်ခါလာပြီး အောက်ခြေမှ ကျောက်ချွှန်များ ထွက်ပေါ်လာကာ သူ့က်ို ရုတ်ချည်းထိုးစိုက်လာလေသည်။ပုဖန်၏ စိတ်ထဲ၌ ဖြတ်ခနဲ တစ်ချက်လက်သွားကာ သူ ဘေးဘက်သို့ နင်း၍ ရှောင်လိုက်သည်။


အောက်ခြေမှ ကျောက်ချွှန်များက ချက်ချင်းပင် ပို၍ များပြားစွာ ထွက်ပေါ်လာသည်။ပုဖန် အသက်ရှူချိန်ပင်မရတော့ပဲ အလျင်အမြန် ရှောင်နေရသောကြောင့် သူ့၏ပုံရိပ်ပင် မှုန်ဝါးနေလေသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူများအားလုံး ပါးစပ်အဟောင်းသားမှင်သက်သွားကြသည်။


"ဒီလူသားက ကြောက်စရာကောင်းအောင် မြန်ဆန်နေတာပဲ..."


ပို၍ အရေးကြီးဆုံးမှာ စိတ်စွမ်းအင်ကောင်းမွန်လှသော ကျင့်ကြံသူများပင်လျှင် ပုံရိပ်ယောင်မှ ယခုမှ န်ိုးထလာခြင်းဖြစ်လေသည်။ထိုသူများပင်လျှင် ပုဖန်၏ အရှိန်နှုန်းကို အံ့အားသင့်မိရလေ၏။


"ဒီလူသားက အဲ့ဒီလောက်တောင် သန်မာတာလား...ကြည့်လိုက်ကြ အဲ့ဒီကျောက်ချွှန်တွေက မင်းရဲ့ အရှိန်လေး နည်းနည်း နှေးသွားတာနဲ့ ထိုးဖောက်ပြီးသားဖြစ်သွားလိမ့်မယ်...ဒီကျောက်တုံးတံတားက ပထမဆုံးစိန်ခေါ်မှုပဲ ...တကယ်ကြောက်စရာပဲ..."


သူတို့ အံ့အားတသင့် ပြောဆိုနေကြချိန်မှာပင် ထပ်မံ၍ ပါးစပ်အဟောင်းသားဖြစ်သွားပြီး လေအေးတစ်ချက်ရှုရှ်ိက်လိုက်မိကြသည်။ပုဖန်က သန်မာသော စိတ်စွမ်းအင်ကို ထုတ်လွင့်လိုက်သည်။ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်က ပျံသန်းနေသော လိပ်ပြာလေးအလား ကျောက်ချွှန်များကြား၌ စည်းချက်ကျကျ ရွေ့လျားနေလေသည်။


သူ့၏ ခြေဖဝါးက ကျောက်ချွှန်ထိပ်ဖျားသို့ အသာအယာ ထိလိုက်သည်။ထို့နောက် ရေလွှာလျှောစီးဘုတ်ပြားအသုံးပြုလိုက်သလိုမျိုး စိတ်စွမ်းအင်ကို အသုံးပြု၍ လျှောခနဲ ဖြတ်ကျော်သွားလေသည်။


တကယ်တမ်းတွင် ကျောက်တုံးတံတားကို ဖြတ်ရသည်က ထိုမျှလောက် ခက်ခဲခြင်းမဟုတ်ပေ။သူ့၏ စိတ်စွမ်းအင်များကိုသာ အာရုံစူးစိုက်ထားဖို့ လိုအပ်ပေသည်။သို့သော်လည်း အကယ်၍ စိတ်စွမ်းအင်ကသာ လုံလောက်အောင် သန်မာမှု မရှိလျှင် ထို ကျောက်ချွှန်များက ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက် တံစို့ ထိုးသွားပေလိမ့်မည်။


ထိုကျောက်ချွှန်များက သူတို့ သားကောင်များ၏ ဝိညာဉ်ကိုပင် သိမ်းပိုက်နိုင်စွမ်းရှိကြသည်။နတ်ဘုရားစိတ်ဝိညာဉ် အဆင့် ပညာရှင်ပင်လျှင် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။ထို့ကြောင့် ပုဖန်၏ စွမ်းဆောင်နိုင်စွမ်းက ထို ကျင့်ကြံသူများကို များစွာ အံ့အားသင့်သွားစေပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။


ထို သန်မာပုံ မပေါ်သော လူသားပင်လျှင် တံတားက်ို ဖြတ်ကျော်နိုင်စွမ်းရှိပါက သူတို့လည်း ဖြတ်ကျော်နိုင်ပေလိမ့်မည်။သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများက သူတို့၏ စွမ်းဆောင်ရည်အပေါ် လုံးဝယုံကြည်မှုရှိပေသည်။


သူတို့၏ အာရုံကြောများတင်းကျပ်နေပြီဖြစ်သော်လည်းတံတာပေါ် ခြေချလိုက်သည့်အခ်ျိန်၌ စိတ်စွမ်းအင်များပါ ပို၍ တင်းကျပ်သွားသည်။


အား ...


ထို သမုဒ္ဒရာမျိုးစိတ်ပညာရှင်များ၏ မျက်ဝန်းများ ရဲရဲနီသွားသည်။ထို့နောက် ကျောက်ချွှန်များမှ လွတ်မြောက်ရန်အလ်ို့ငှာ မြန်နိုင်သမျှ အမြန်ဆုံးတိမ်းရှောင်လိုက်သည်။ပုဖန်တောင်လုပ်နိုင်လျှင် သူတို့လည်း လုပ်နိုင်ရပေမည်။


ပုဖန်လည်း အနည်းငယ် အံ့အားသင့်သွားသည်။သူ့၏ စိတ်စွမ်းအင်က အစစ်အမှန်စွမ်းအင်ထက် ပို၍ သန်မာသော်လည်း တံတားကို ဖြတ်ကျော်သည့် အချိန်၌ စွမ်းအင်တစ်ချို့ကို အသုံးပြုခဲ့ရသည်။


ယခုတံတားပေါ်၌ ရှိနေသော သမုဒ္ဒရာမျိုးစိတ်များကမူ မသေဆုံးကြသေးပဲ ရှောင်နိုင်နေကြသေးပေသည်။ထိုခဏမှာပင် လေထဲ၌ မွှေးရနံ့များ ထပ်မံ သင်းပျံ့လာပြန်သောကြောင့် ပုဖန် ထပ်မံဆာလောင်မှုကို ခံစားလိုက်ရပြန်သည်။


သူထိုနေရာမှရွေ့ရန် အလွန်ပျင်းရိနေသောကြောင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်သည်။


တံတားပေါ်မှ သမုဒ္ဒရာမ်ျိုးစိတ်များကလည်း စိုးရိမ်ပူပန်မှုကို စတင်ခံစားလာရကြသည်။သူတို့ အလွန်မောပန်းနွမ်းနယ်စဖြင့် လျှာတစ်လစ် ထွက်နေပေသည်။ဒယ်အိုးရိုက်ချက်ကြောင့် မြေပြင်က တုန်ခါသွားပြီး ထိုကျင့်ကြံသူများ ပုဖန်ကို ကြည့်လိုက်ကြသည်။


"အဲ့ဒီလူသားက ဒယ်အိုးထုတ်ပြီး ဘာလုပ်နေတာလဲ ..."


သို့သော်လည်း သူတို့ ထိုအကြောင်းကို စဉ်းစားနေချိန်မရှိပေ။သူတို့၏ စိတ်အာရုံအားလုံးကို တံတားဖြတ်ကျော်ခြင်း၌သာ အာရုံစူးစိုက်ထားရပေသည်။


ပုဖန် သူတွင်းပေါက်မှကောက်ယူလာသော ကမာကောင်ကြီးကို ထုတ်လ်ိုက်သည်။ထိုကမာကောင်၏ အခွံက ကျိုးပဲ့နေပြီဖြစ်သောကြောင့် အထဲမှ ဖြူဖွေးနေသော အသားများကို မြင်နေရသည်။ပုဖန် ကမာသား၏ နူးညံ့မှုကြောင့် ကျေနပ်သွားမိသည်။


ရွှေရောင်အလင်းတစ်ချက်နှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။ကွဲအက်နေသော အခွံက်ို ခွဲချလိုက်ပြီးနောက် အတွင်းမှအသားကို ဓားနှင့် ထိုးကလော်လိုက်သည်။


ကြီးမားလှသော အသားတုံးကြောင့် ပုဖန်ပင် အံ့အားသင့်သွားရသည်။ထို့နောက် သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်လိုက်ပြီး ကမာအသားတုံးကြီးကို အသားတုံးလေးများဖြစ်အောင် လှီးဖြတ်လိုက်သည်။


ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ၏ ကြယ်ကြွေသလို လှုပ်ရှားမှုများအောက်၌ ခဏအတွငိးမှာပင် အသားတုံးလေးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ပုဖန် ကောင်းကင်ကမ္ဘာမြေမီးတောက်ကို ထုတ်ဖော်လိုက်ပြီးနောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်သည်။


ရွဲ ရွဲ ..


အပူချိန်မြင့်မားလာသည့်အချိန်၌ သူ့၏ လက်များကို သန့်စင်လိုက်ပြီး စတင်၍ ချက်ပြုတ်လိုက်သည်။သူပြင်ဆင်ထားပြီးသည့် ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲ လောင်းထည့်လိုက်ပြီးနောက် ရောမွှေလိုက်၏။တရှဲရှဲ မြည်သံနှင့်အတူ မွှေးရနံ့များ ပြန့်လွှင့်ထွက်ပေါ်လာလေသည်။


တံတားပေါ်တွင် အလုအယက် ဖြတ်ကျော်နေကြသော သမုဒ္ဒရာမျိုးစိတ်များ အံ့အားသင့်နေကြသည်။


"ဒီလူကတော့တစ်ခုခုပဲ...သူတို့ သေရေးရှင်ရေးတမျှ အရေးကြီးနေချိန်၌ ထိုသူက အေးအေးဆေးဆေးချက်ပြုတ်နေသည်တဲ့လား ..."


ထိုလူသား အသုံးပြုသော ပါဝင်ပစ္စည်းကလည်း သမုဒ္ဒရာမျိုးစိတ်တစ်မျိုးဖြစ်နေသည်။သူ့၏ ပါးကို အကြိမ်တစ်ထောင်မျှ ရိုက်ဖို့ ထိုက်တန်နေပေပြီ။


ပုဖန်၏ ဟင်းပွဲမှ ရနံ့များက အစောပိုင်းက ရရှိခဲ့သော ဆန်းကြယ်သည့် မွှေးရနံ့များထက် မသန်မာပေ။အမွှေးအကြိုင်များထည့်လိုက်ပြီးနောက် ဒယ်အိုးထဲမှ ပင်လယ်စာရနံ့က ပို၍ သိပ်သည်းစွာ ထွက်ပေါ်လာပေပြီ။ထိုရနံ့က အလွန်ကောင်းမွန်လှသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး တခြားတစ်ဖက်မှ ယောက်ချို ဇွန်းကို ကိုင်ထားလိုက်သည်။ပြီးသည်နှင့် ဒယ်အိုးကို အကြိမ်အနည်းငယ်လှုပ်ခါလိုက်ပြီးနောက် ပါဝင်ပစ္စည်းများအားလုံးကို လေထဲသို့ မြောက်တင်လိုက်သည်။


ထို့နောက် ကျောက်စိမ်းခရားအိုးတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ဒယ်အိုးထဲသို့ ဝ်ိုင်များလောင်းထည့်လိုက်သည်။ဝိုင်ရနံ့နှင့် ကမာကောင်၏ ရနံ့တို့ ပေါင်းစပ်သွားပြီး လေထဲမှ မွှေးရနံ့များက ပို၍ သိပ်သည်း လာသည်။


ထို့အပြင် ပူစပ်စပ်ငရုတ်နှစ် ဇွန်းတစ်ဝက်မျှ ထည့်ပေါင်းလိုက်သောအခါ ဟင်းပွဲ၏ အရောင်အဆင်းက ပို၍ပင် ဆွဲဆောင်မှုရှိလှသည်။သူလေထဲမှ ပျံကျလာသော ပါဝင်ပစ္စည်းများကို ဒယ်အိုးဖြင့် ဖမ်းခံလိုက်ပြီးနောက် အကြိမ်အနည်းငယ်မျှ ထပ်မံ၍ လှုပ်ခါလိုက်သည်။ပါဝင်ပစ္စည်းများအားလုံး သမမျှတပြီးနောက် ဟင်းပွဲချက်ပြုတ်ခြင်း ပြီးစီးသွားလေပြီ။ပုဖန် လှပလှသော ဖြူပြာရောင်ကြွေပန်းကန်ပြားတစ်ချပ်ကို ယူလိုက်သည်။တလှုပ်လှုပ်တုန်အိနေသော ကမာသားတုံးလေးများနှင့် နီရဲနေသည့် ငရုတ်ရည်တို့ ပေါင်းစပ်ထားမှုနှင့် သိပ်သည်းလှသော မွှေးရနံ့များက ရှုရှိုက်လိုက်သူများအားလုံးကို ချက်ချင်းစားချင်လာအောင် ဆွဲဆောင်နိုင်ပေသည်။


သမုဒ္ဒရာမျိုးစိတ်ပညာရှင်များအားလုံး ကြောင်အမှင်သက်နေကြသည်။ငရုတ်နှစ် ထည့်ပေါင်းလိုက်သည့်အခ်ျိန်၌ ထွက်ပေါ်လာသော ရနံ့ပြင်းပြင်းက သူတို့၏ နှာခေါင်းများကိုပင် ယားယံသွားစေသည်။


ပို၍ အရေးကြီးဆုံးမှာ ထ်ိုဆွဲဆောင်မှုရှိလှသော ရနံ့ထဲ၌ သူတို့၏ သမုဒ္ဒရာမ်ျိုးစိတ် ကမာကောင်၏ မွှေးရနံ့ပါ ပါဝင်နေပေသည်။


"သောက်က်ျိုးနဲ လခွမ်း..."


ဒီလူသားကို သေချာပေါက် အကြိမ်တစ်ထောင် ရိုက်ပြစ်သင့်နေပြီ။ပုဖန် တကယ်ကို ဗိုက်ဆာနေပေပြီ သူ နဂါးသွေးထမင်းအနည်းငယ် ပြင်လိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်ကာ တံတားကို ကျော်ဖြတ်နေကြသော သမုဒ္ဒရာမ်ျိုးစိတ်များကို ကြည့်ရင်း စားသောက်နေလိုက်သည်။


တူကို အသုံးပြု၍ တုန်အိနေသော ကမာသားတုံးလေးကို ညှပ်ယူလိုက်သည်။ထို့နောက် မျက်နာများနီရဲနေသော သမုဒ္ဒရာမ်ျိုးစိတ်များကိုကြည့်၍ အသားတုံးလေးကို ပါးစပ်ထဲ ထည့်လိုက်သည်။


အသားကို ဖိကိုက်လိုက်သည်နှင့် ချိုမြသာ အချိုရည်လေးများ စိမ့်ထွက်လာလေသည်။


သမုဒ္ဒရာမျိုးစိတ်များက ပုဖန်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြည့်နေပေသည်။ ထို့နောက် ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး စတင်၍ ယိမ်းထ်ိုးလာလေသည်။