အပိုင်း ၈၆၈
Viewers 53k

အခန်း ၈၆၈


ဘန်း...


တံတားပေါ်၌ ကျောက်ချွှန်များက အဆက်မပြတ် ထွက်ပေါ်လာနေသည်။သူတို့၏ အသားများကို ထိုးဖောက်သွားပြီး သွေးများကလည်း နေရာအနှံ့ ပြန့်ကျဲနေပေပြီ။


အေးစိမ့်လှသော အော်သံများ အဆက်မပြတ် ထွက်ပေါ်လာနေ၏။သမုဒ္ဒရာမျိုးစိတ်များက ဖြတ်သန်းရန် ကြိုးစားနေကြသည်။ကျောက်ချွှန်များတွင် ထူးဆန်းလှသောသွေးများကို စုပ်ယူနိုင်စွမ်းရှိနေသည်။သူတို့ ထ်ိုးဖောက်လိုက်မိသော ကျင့်ကြံသူ၏ ဝိညာဉ်ကိုပါ မြိုချပစ်လိုက်နိုင်သောကြောင့် ထ်ိုသူများမှာ ထွက်ပြေးခွင့်မသာတော့ပေ။


ကုန်းမြေနှစ်ခုကို ဆက်သွယ်ထားသော ကျောက်တံတားက လောဘကြီးလှသော သားရဲကောင်ကြီးနှင့် တူနေလေသည်။၎င်းက သမုဒ္ဒရာမ်ျိုးစိတ်ကျင့်ကြံသူများ၏ အသွေးအသားများ ဝိညာဉ်များကိုပါ စုပ်ယူဝါးမြိုပစ်လိုက်သည်။


တစ်ဖက်ကမ်းတွင် ပုဖန်က နဂါးသွေးထမင်းနှင့် မွှေးကြိူင်လှသော ပင်လယ်စာကြော်ကို ဆက်လက်၍ စားသောက်နေသည်။သူက နှင်းခါးမီးတောက်ဝိုင်ကိုပင် တစ်ငုံ သောက်လိုက်သည်။၎င်းက သူ့ကို ပို၍ပင် စိတ်ကျေနပ်သွားစေ၏။


ပုဖန် ကျောက်တံတားပေါ်မှ အလောင်းများကို ကြည့်လိုက်သည်။၎င်းတို့၏ စိတ်ဝိညာဉ်များနှင့် အစစ်အမှန် စွမ်းအင်များပင် ပျောက်ကွယ်သွားပေသည်။အရိုးသားဆုံးပြောရမည်ဆိုလျှင် ထ်ိုပညာရှင်များ၏ ခန္ဓာကိုယ်က အကောင်းမွန်ဆုံးသော ပါဝင်ပစ္စည်းများဖြစ်လာနိုင်သော်လည်း စိတ်ဝိညာဉ်နှင့် စွမ်းအင်များ မရှိတော့ပါက အမှိုက်သရိုက်သာသာ သာ ဖြစ်သွားပေမည်။


ပုဖန်က ခွန်အားပြည့်သွားသည်နှင့် ပြန်လည် ထရပ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးနှင့် မီးဖ်ိုချောင်သုံးဓားတို့က်ို ပြန်လည်သိမ်းဆည်းကာ ရှေ့ဆက်ရန် ပြင်လိုက်သည်။


......


ကျောက်ခရမ်းအကြီးအကဲသည် ကြွေဆင်းကျလာသော ကြယ်ကဲ့သို့ ကောင်းကင်ယံတွင် လျင်မြန်စွာ ဖြတ်သန်းနေသည်။သူ့၏။ အရှိန်ကြောင့် လေတိုးသံများပင် အဆက်မပြတ် ထွက်ပေါ်နေသည်။မြစ်ပေါင်းတစ်သောင်းခန့်ကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံး လေအလင်းအင်ပါယာသို့ ရောက်ရှိလာပေပြီ။မြင့်မားလှသော လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။


ကျောက်ခရမ်းအကြီးအကဲ၏ ဆံဖျားများကအပ်များကဲ့သို့ ချွှန်မြေ့နေသည်။သူလက်နှစ်ဖက်ကို နောက်ပစ်ရပ်နေပြီး မျက်ဝန်းများထဲတွင်လည်း လျှပ်စီးတန်းကဲ့သို့ အလင်းများတဖျတ်ဖျတ် တောက်လောင်နေသည်။


မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေအလင်းအင်ပါယာဆီသို့ ဆင်းသက်လိုက်သည်။ထိုနေရာတွင် ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်၏ အော်ရာများကို ခံစားမိလေသည်။သူ ရှည်လျားလှသော လမ်းမကြီးများကို ဖြတ်၍ လမ်းချိုးများစွာက်ို ခ်ျိုးဖျက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သော လမ်းကြားလေးတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။


ထိုလမ်းကြားလေးထဲကို ဝင်ရောက်လိုက်သည်နှင့် တစ်ဆိုင်ထဲသော စားသောက်ဆိုင်ကို တွေ့လိုက်ရသည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး လေအေးတစ်ချက် ရှိုက်လိုက်မိသည်။အဘယ့်ကြောင့်ဆိုသော် ထိုစားသောက်ဆိုင်သည်။အစားကြူးတောင်ကြားထဲတွင် မြင်ခဲ့ရသော စားသောက်ဆိုင်နှင့် တစ်ထပ်တည်းတူညီနေလေသည်။


"စားသောက်ဆိုင်နှစ်ခုလုံးက ဘာလို့ တစ်ထပ်တည်း တူညီနေရတာလဲ..."


စားသောက်ဆိုင်သည် ဖွင့်လှစ်ထားပြီး လူများ ဝင်ထွက်သွားလာနေသည်ကို တွေ့မြင်နေရသည်။ထိုနေရာရှိလေထုက အလွန်အမင်း အသက်ဝင်နေလေသည်။ကျောက်ခရမ်းအကြီးအကဲ သိချင်စိတ်ဖြင့် မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်ပြီးနောက် ဆိုင်ထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။


သူဆိုင်ထဲသို့ ဝင်ပြီး ခုံပေါ်ထိုင်လိုက်သည်နှင့် ချောမောလှပသော မိန်းကလေးတစ်ယောက် သူ့၏ အမှာစာကိုယူရန်အတွက် လျှောက်လာလေသည်။သူ စားပွဲမှာပြီးသည်နှင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။


တကယ်တမ်းပြောရမည်ဆိုလျှင် ဒီစားသောက်ဆိုင်က ရိုးရှင်းပြီး မထူးဆန်းပေ။သို့သော်လည်း သူ့၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်သည့်အခါ၌ မီးဖိုခန်းဘက်သို့စိမ့်မဝင်နိုင်သည်ကို တွေ့လိုက်ရပြီး ထိတ်လန့်သွားမိသည်။


"ဒါ ဘယ်လိုဖြစ်ရတာလဲ..."


 ကျောက်ခရမ်းအကြီးအကဲ၏ စွမ်းအင်အဆင့်သည် ရှင်းမပြနိုင်သော အဆင့်တစ်ခုသို့ပင် ရောက်ရှ်ိနေပေပြီ။သူနတ်ဆိုးမျက်လုံးမျိုးနွယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူ့၏ ကျင့်ကြံမှုအခြေခံသည် ကြောက်မက်ဖွယ်ကောင်းလှသော နှုန်းဖြင့် တိုးတက်လာခဲ့သည်။


သို့သော်လည်း သူ့၏ လက်ရှိ ကျင့်ကြံမှုစွမ်းအင်နှင့်ပင် မီးဖိုချောင်ထဲသို့ ထွင်းဖောက်၍ မမြင်နိုင်ပေ။၎င်းက သူ့ကို အံ့သြထိတ်လန့်တုန်လှုပ်သွားစေသည်။ခဏအကြာ၌ မီးဖိုခန်းထဲမှ မွှေးရနံ့များ ထွက်ပေါ်လာလေသည်။


ကွမ်းရှောင်ယီက သူ့၏ ဟင်းပွဲကို သယ်ဆောင်၍ လျှောက်လာခဲ့သည်။ကျောက်ခရမ်းအကြီးအကဲ ကွမ်းရှောင်ယီကိုခဏမျှအကဲခတ်ကြည့်လိုက်ပြီးနောက် စားသောက်ရန်အတွက် တူတစ်စုံကို ကောက်ယူလိုက်သည်။


သူ့အတွက်မူ ဟင်းပွဲနှင့်ပတ်သတ်၍ မည်သည့်ထူးဆန်းမှုကိုမှ မခံစားမိပေ။သူက အစားကြုးတောင်ကြားရှိ စားသောက်ပွဲတော်တွင် ဒီထက်ကောင်းမွန်သော အရသာများကိုပင် စားသောက်ခဲ့ဖူးလေသည်။


ကွမ်းရှောင်ယီက ထ်ိုခရမ်းရောင်ဆံပင်နှင့် အမျိုးသား၏ အကြောင်းကို သိချင်စိတ်ဖြင့် စဉ်းစားနေမိသည်။ခဏအကြာတွင် သူမ အတွေးထဲမှ ရုန်းထွက်လိုက်သည့်အချိန်မှ ထိုစားပွဲက လှစ်လပ်နေပြီး သလင်းကျောက်အနည်းငယ်သာရှိနေသည်ကို တွေ့လိုက်ရသည်။


ကျောက်ခရမ်းအကြီးအကဲ၏ ဝတ်ရုံက လေအရှိန်ဖြင့် တဖျတ်ဖျတ်လွင့်ခါနေသည်။သူကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်၏ ငွေ့အသက်များခံစားမိသည့်နေရာကို ဦးတည်သွားလိုက်သည်။အစောပိုင်းက ထိုစားသောက်ဆ်ိုင်အကြောင်း သိချင်စိတ်ဖြင့်သာ ခဏမျှဝင်ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ယခုသူ့၏အလုပ်ကို ဆက်လက် လုပ်ဆောင်ရပေမည်။


.....


သလင်းကျောက်တွင်းကြီးထဲ၌ 


ပုဖန် လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။မြေပြင်မှ ထွက်ပေါ်လာသော ချော်ရည်ပူများကလည် တပွက်ပွက် ဆူပွက်နေသည်။


ထူးခြားဆန်းကြယ်လှသော မွှေးရနံ့များကိုလည်း ဆက်လက်ရနေလေသည် ။ထိုရနံ့က အလွန်ပင် ကောင်းမွန်လှသောကြောင့် အချိန်အကြာကြီး ရှုရှိုက်နေရလျှင်ပင် သူဒေါသထွက်လိမ့်မည်မဟုတ်ပေ။ပုဖန် အရှေ့သို့ ရောက်လေလေပို၍ အံ့အားသင့်လေလေပင် အဘယ်ကြောင့်ဆိုသော်သူ ဝေးဝေးလျှောက်မိသည်နှင့် စွမ်းအင်များ ပ်ိုမို သိပ်သည်းလာသည်ကို ခံစားမိလိုက်သည်။


ဤနေရာသည် တောင်ပိုင်းဒေသကြီး၏ ပိုင်နက်အတွင်း၌ သာ ရှိသေးသည်။သို့သော်လည်း ဒီနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များက သူထင်ထားသည်ထက်ပင် ပို၍ သိပ်သည်းနေသည်။


ဘန်း ဝေါ ဝေါ...


အဝေးတစ်နေရာဆီမှ ကျယ်လောင်သော အသံများထွက်ပေါ်လာလေသည်။သူ့လက်ထဲမှ ကမာကောင် အသားကြော်လေးများကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ထို့နောက် ဆီကွက်နေသော ပါးစပ်အတိုင်းပင် တိုက်ပွဲဖြစ်နေသည်ဟု ထင်နေရသော နေရာသို့ အလျင်စလို ပြေးသွားလိုက်သည်။


ခဏအကြာတွင် တိုက်ပွဲတစ်ခု အမှန်တကယ်ဖြစ်ပွားနေသည့် နေရာသို့ သူရောက်သွားလေသည်။သမုဒ္ဒရာမ်ျိုးစိတ်များနှင့် ကင်းမြီးကောက် နတ်ဆိုးမျိုးနွယ်တို့ကြားမှ တိုက်ပွဲဖြစ်သည်။၎င်းတ်ို့၏ အစစ်အမှန် ပုံစံနှင့် ကျယ်ပြန့်သော မြေကွက်လပ်တွင် တိုက်ခိုက်နေကြလေသည်။


ကွဲကြေနေသော ကျောက်တုံးကျောက်စများ ဖုန်မှုန့်များလည်း လေထဲ လွင့်ပျံနေသည်။ထိုကဲ့သို့ အရှုပ်အထွေးများကြားထဲတွင် စွဲမက်ဖွယ်ကောင်းလှသော ပုံသဏ္ဍာနှင့် တောက်ပနေသော အရာတစ်ခုရှိနေသည်။


ပုဖန်က သူ့ပါးစပ်ထဲမှ အစားများက်ို ဝါးရင်း ထိုတိုက်ပွဲကို ကြည့်နေလိုက်သည်။ထိုတောက်ပလှသော အရာသည် အရည်အသွေးကောင်းလှသော သလင်းကျောက်ဖြစ် ပြုလုပ်ထားသည့် အမှတ်အသားတစ်ခု ဖြစ်နေသည်ကို သိလိုက်ရသည် 


သမုဒ္ဒရာမျိုးစိတ်များနှင့် နတ်ဆိုးမျိုးနွယ်တို့သည် ထ်ိုအမှတ်အသားအတွက် ပြိုင်ဆိုင်နေကြပုံရလေသည်။ဧရာမ ကင်းမြီးကောက်ကြီးနှင့် ဧရာမဂဏန်းကြီးတစ်ကောင်၏ တိုက်ပွဲ သူတ်ို့၏ သေခြင်းတရားအတွက် သို့မဟုတ် သူတို့၏ အသက်အတွက် တိုက်ခိုက်နေသောတိုက်ပွဲသည် ရယ်စရာကောင်းသည်ဟု ထင်မိလေသည်။


ပုဖန်က အဝေးမှသာလှမ်းကြည့်နေပြီး တိုက်ပွဲထဲသို့ အလျင်စလို ဝင်မပါပေ။၎င်းတို့ နှစ်ဦးသည် ကြီးမြတ်သော တန်ခိုးအဆင့်သို့ ရောက်ခါနီးအခြေအနေဖြစ်သည်။


ပုဖန် ရိုက်နှက်ခဲ့သော ကင်းမြီးကောက် နတ်ဆိုးခေါင်းဆောင်ထက် အားနည်းလိမ့််မည်မဟုတ်ပေ။တ်ိုက်ပွဲအခြေအနေက အလွန်ပင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်။သမုဒ္ဒရာမ်ျိုးစိတ်ဂဏာန်းက တကယ်တမ်းတွင် ကင်းမြီးကောက် နတ်ဆိုးထက် မကြီးမားပေ။ကင်းမြီးကောက် နတ်ဆိုးက သုံးမီတာမျှ ရှိပြီးသမုဒ္ဒရာမ်ျိုးစိတ်ဂဏာန်းက တစ်မီတာမျှသာရှိသည်။သို့သော်လည်း ၎င်းထဲတွင် ကြီးမားလှသော လက်မကြီးနှစ်ချောင်းကို ထည့်မတွက်ထားပေ။ထိုလက်မကြီးနှစ်ချောင်းကြောင့် သမုဒ္ဒရာမျိုးစိတ်ဂဏာန်းသည် နတ်ဆိုးမျိုးစိတ်ထက် ပို၍ ကြောက်စရာကောင်းနေသည်။


ပုဖန်သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်။သူတို့၏ တိုက်ပွဲက မျှချေညီနေလေသည်။သူတို့၏ တိုက်ပွဲထဲတွင် အရင်ဝင်မပါပဲ တိုက်ခိုက်ခွင့် ပြုထားလေသည်။သူ့၏ စားဖိုမှူး ဝတ်စုံကလည်း လေအရှိန်ဖြင့် တဖျတ်ဖျတ်လွင့်ခါနေလေသည်။


ခဏအကြာ၌ သူထ်ိုတိုက်ပွဲအနားသို့ အေးဆေးစွာ လျှောက်လာလိုက်သည်။မျက်ဝန်းများ နီရဲနေပြီး ဒေါသတကြီး တိုက်ခိုက်နေကြသောဂဏာန်းနှင့် ကင်းမြီးကောက်တို့သည် ပုဖန်ကို သတ်ိမပြုမိကြပေ။ပုဖန်က သူတို့ကို လျစ်လျူရှုလိုက်ပြီး တောက်ပနေသော အမှတ်အသားဆီသို့ ဦးတည်သွားလိုက်သည်။ထိုအမှတ်အသားပေါ်တွင် ရွေ့လျားနေသော သင်္ကေတတစ်ချို့ရှိနေပုံရသည်။


ပုဖန် မျက်ခုံးပင့်လိုက်သည်။ဤတွင်းနက်ကြီးထဲရှိ အရာရာအားလုံးသည် ထူးခြားဆန်းကြယ်နေလေသည်။သူ အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်လေရာ ကင်းမြီးကောက်နှင့် ဂဏာန်းက ဆက်လက် တိုက်ခိုက်နေသည်ကိုသာ တွေ့လိုက်ရသောကြောင့် အမှတ်အသားပေါ်သို့ လက်တင်လိုက်သည်။


သူထိုအမှတ်အသားကို ထိလိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်လှသော အချက်အလက်များ သူ့ခေါင်းထဲသို့ စီးဝင်လာလေသည်။ပုဖန်၏ မျက်ဝန်းများချက်ချင်းတောက်ပသွားသည်။ထို့နောက်သူ့စိတ်ထဲတွင် မြေပုံတစ်ခုပေါ်လာလေသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့စ်ိတ်က မိုင်ပေါင်းသောင်းချီ ခရီးနှင်လိုက်သလို ခံစားလိုက်ရသည်။


သူအဝေးတစ်နေရာမှ ရေကန်ကြီးတစ်ခုကို မြင်လိုက်ရသည်။ထိုရေကန်တွင် သွေးနီရောင်ရဲရဲတောက်နေသော ရေများလှိုင်းထန်နေပြီး အလယ်၌ ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။


ထိုနန်းတော်ကြီးရှေ့၌ ကြီးမားလှသော ရှေးဟောင်းအနက်ရောင်လှေနှစ်စင်းကျောက်ချထားသည်။


ရွှစ်...


ထ်ို့နောက် အရာရာအားလုံး ပျောက်ကွယ်သွားလေသည်။ပုဖန် မှိန်းမောတွေဝေနေသော ခံစားချက်ထဲမှ သူ့ကိုယ်သူ နှိုးထလိုက်ရသည်။ထိုအမှတ်အသားသည် သော့ချက်ဖြစ်ပုံရသည်။သူ မြင်ခဲ့ရသော နန်းတော်ကြီးက ဒီဧရာမတွင်းကြီးထဲရှိ ကမ္ဘာထဲတွင် တည်ရှိနေလိမ့်မည်ဟု သူယုံကြည်ပေသည်။


သို့သော် ထ်ိုနန်းတော်ရှေ့တွင် ဆ်ိုက်ကပ်ထားသော ရှေးဟောင်းအနက်ရောင်လှေနှစ်စင်းကို အဘယ်ကြောင့် ရင်းနီးကျွမ်းဝင်နေရသနည်း။


ပုဖန် ၎င်းတို့ကို မြင်ခဲ့ဖူးသည့် နေရာအား ချက်ချင်းသတ်ိရသွားမိသည်။ထိုအချိန်၌ ရုတ်တရက် ဆူညံသံများ ရပ်တန့်သွားသောကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။


သူ အံ့အားသင့်သွားသည့် အချိန်မှာပင် ကြီးမားလှသောအရိပ်များ သူ့အပေါ်သို့ လွှမ်းမိုးလာသည်။


ဆွစ်...


ကင်းမြီးကောက် အမြီးက လေထဲသို့ ဖြတ်သန်းသွားပြီး ပုဖန်ဆီသို့ တိုးဝင်လာလေသည်။


"နိမ့်ကျတဲ့ ပိုးမွှားလိုလူသားက ငါတို့ကို လှည့်စားရဲတယ်ပေါ့ သေပေတော့..."


ဧရာမကင်းမြီးကောက်ကြီး၏ ဂဏာန်းတို့၏ တိုက်ပွဲက ရပ်တန့်သွားပြီး အေးစက်လှသော အကြည့်များက ပုဖန်ဆီသ်ို့ ကျရောက်လာပေပြီ။တကယ်ကိုပဲ သူတို့က ထိုအမှတ်အသားအတွက် တ်ိုက်ခိုက်နေကြသည့်အခ်ျိန်တွင် တစ်ယောက်ယောက်က ခိုးကြောင်ခ်ိုးဝှက်ဖြင့် ခိုးယူရန် ကြံနေလေသည်။လုံးဝ ခွင့်မလွှတ်နိုင်ပေ။


"တကယ်ကိုပဲ လူသားအားလုံးက ကောက်ကျစ်စဉ်းလဲတဲ့ နတ်ဆိုးတွေပဲ သူတို့ကို သတ်ပစ်ရမယ်...


ဘန်း..."


ပုဖန်၏ ပုံရိပ်က တဖျတ်ဖျတ်လွင့်ခါသွားပြီးနောက် ပုံရိပ်ယောင်အဖြစ်တစ်ခုသာ ကျန်ခဲ့ပြီး ပျောက်ကွယ်သွားလေသည်။ကင်းမြီးကောက်နတ်ဆိုး၏ အမြီးက ထိုပုံရိပ်ကို ထိုးဖောက်သွားပြီးနောက် မြေပြင်ပေါ်တွင်ပင် နက်ရှ်ိုင်းလှသော တွင်းပေါက်ကြီးတစ်ခု အဖြစ်ကျန်နေခဲ့သည်။


ပုဖန် သူတ်ို့နှင့် ဝေးကွာသော နေရာတွင် ထွက်ပေါ်လာသည်။ထို့နောက် သလင်းကျောက် အမှတ်အသားကို ကိုင်ဆောင်ထားပြီးကင်းမြီးကောက် နတ်ဆိုးနှင့် ဂဏာန်းကို အမူအရာမဲ့စွာဖြင့် စိုက်ကြည့်လိုက်သည်။


"သူတို့က တိုက်ခိုက်နေကြတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးရပ်တန့်သွားတာလဲ...ဧရာမကင်းမြီးကောက်ကြီးနှင့် ဂဏာန်းကောင်တို့က သူ့ဆီသို့ တိုးဝင်လာကြပြန်သည်။


"မင်းကပြေးရဲတယ်လား..."


ကင်းမြီးကောက်နတ်ဆိုးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။


"ညီအကိုဂဏာန်းမင်းရဲ့လက်မကိုသုံးပြီး အဲ့ဒီလူသားကို ထုချေပစ်လိုက်..."


"ညီအကို ကင်းမြီးကောက် ပြောတာမှန်တယ် ...ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ လူသားတွေကို ငါတို့ ရှင်းပစ်ရမယ်..."


သမုဒ္ဒရာမျိုးစိတ်ဂဏာန်းက လျင်မြန်စွာတွားသွားလိုက်ပြီးနောက် ရုတ်တရက် ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်သည်။ထို့နောက် သူ့၏ လက်မများကို ကျယ်ကျယ်ဖွင့်ဟလိုက်ပြီး ပုဖန်က်ို ထိုးနှက်ရန်ပြင်ဆင်ထားလိုက်သည်။


ကင်းမြီးကောက်နှင့် ဂဏာန်းတို့က ယခုအခ်ျိန်တွင် ရည်ရွယ်ချက်တူညီနေကြလေသည်။ပုဖန အနည်းငယ် ပြောစရာစကားပျောက်ရှသွားသည်။


"ဒီနှစ်ကောင်က ဟာသလာလုပ်နေကြတာလား..."


ပုဖန် အချိန်ဖြုန်းမနေချင်တော့သောကြောင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တန်းထုတ်လိုက်သည်။သူ့၏ အစစ်အမှန် စွမ်းအင်များကို ဖြည့်သွင်းလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး နဂါးဟိန်းဟောက်သံများဖြင့် တုန်ဟီးသွားသည်။လျင်မြန်စွာပင် အရွယ်အစားကြီးမားလှသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓာကို ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။ရွှေနဂါးအရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှိုက်လိုက်သည်။ထို့နောက် ဂဏာန်းကြီးနှင့် ကင်းမြီးကောက် နတ်ဆိုးထံသို့ အလျင်စလို တိုးဝင်သွားလိုက်သည်။


ရွှေနဂါးကြီး၏ကျယ်လောင်လှသော ဟိန်းဟောက်သံက ကောင်းကင်ကို ထ်ိုးဖောက်ဖြတ်သန်းသွားလေသည်။ဧရာမဂဏာန်းကြီး တုန်လှုပ်သွားပြီး ကင်းမြီးကောက်နတ်ဆိုး၏ အမြီးသည်လည်း လေထဲတွင် ရပ်တန့်သွားလေသည်။


သူတို့၏ မီးပုံးကဲ့သို့ ကြီးမားလှသော မျက်လုံးများက ပို၍ ပြူးကျယ်သွားကာပုဖန်ကိုမယုံကြည်နိုင်စွာ စိုက်ကြည့်နေလေသည်။တဟုန်ထိုးထိုးတက်လာသော ဓားစွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ဓားတစ်ချောင်းအဖြစ်သို့ ပေါင်းစည်းသွားလေသည်။


ဝှစ်...


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ဓားဆယ့်သုံးကွက် မးအရှင်သခင် ဓားချက်ကိုမခုခံန်ိုင်သော ကင်းမြီးကောက်သည် ထက်ပိုင်းပြတ်သွားလေသည်။နေရာမှာပင် ကြောင်အနေသောဂဏာန်းကြီးက ထိုကင်းမြီးကောက်နတ်ဆိုးကို ကြည့်၍ ထိတ်လန့်တုန်လှုပ်သွားလေသည်။


"အခုခေတ် လူသားတွေက အရမ်းရက်စက်ကြတယ်...အရမ်းကြောက်စရာကောင်းတယ်...ဝမ် ဝမ် ဝမ်..."


သူအနည်းငယ်မျှပင်တုံ့ဆိုင်းမနေတော့ပဲ ခြေလက်များကို ရွေ့လျားကာအလျင်အမြန်ထွက်ပြေးလေတော့သည်။ထိုလူသားသည်ကင်းမြီးကောက်နတ်ဆိုးကိုပင်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်သောကြောင့် သူ့ကို လည်းထိုသို့ လုပ်နိုင်မှာ သေချာပေသည်။


"အခုချိန်မှ မပြေးဘူးဆိုရင် ဘယ်အချိန်ပြေးရတော့မလဲ ညီအကို ကင်းမြီးကောက်ရေ နှုတ်ဆက်ပါတယ် ငါတို့ ပြန်မဆုံနိုင်တော့ဘူး..."


ပုဖန် အသဲအသန်ပြေးနေသော ဂဏာန်းကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။ 


"ဒီဂဏာန်းက ဘယ်လောက်တောင်မှ အသက်ဝင်လိုက်လဲ ...ကောင်းတယ် တကယ်ကောင်းတယ် ဒါက ပါဝင်ပစ္စည်းကောင်းတစ်ခုပဲဖြစ်ရမယ်..."


ပုဖန်ကျေနပ်စွာပြုံးလိုက်ပြီးနောက် သလင်းကျောက် အမှတ်အသားကို စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်လိုက်သည်။သူ မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ပြီးနောက် ဂဏာန်းနောက်သို့ ပြေးလိုက်သွားလေသည်။


"အမွေးထူဂဏာန်း မပြေးနဲ့..."


အမွေးထူဂဏာန်းပေါင်းက အကောင်းဆုံးပင်ဖြစ်သည်။