အပိုင်း ၈၆၉
Viewers 53k

အခန်း ၈၆၉

အသွင်ပြောင်းရွှေပုစွန်...


တလိမ့်လိမ့် စီးကျနေသော ချော်ရည်ပူများ၏ မျက်နာပြင်တွင် ပူဖောင်းများပင် ဖြစ်ပေါ်နေသည်။ညိုညိုညစ်ညစ် မြေကြီးပေါ်၌ ဖုန်လုံးများ တသောသော ထနေပြီး အရှေ့မှ ဂဏာန်းကောင်က အသဲအသန်ပြေးလွှားနေသည်။


အလွန်လျင်မြန်စွာ ပြေးလွှာနေသောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးကြီးသို့ ရောက်သွားသည်။သူ့၏ နောက်၌ ရွှေရောင်မီးဖိုချောင်သုံးဓားတစ်လက်ကို ပခုံးပေါ်ထမ်းတင်ထားသော လူငယ်တစ်ယောက်ပြေးလိုက်နေသည်။


သူ့၏ အသက်လေးအတွက် ရုန်းကန်နေရသော ဂဏာန်းကြီးက လျှပ်စီးကြောင်းကဲ့သို့ပင် လျင်မြန်စွာ ပြေးနေသည်။ပုဖန်သည်လည်း တတ်နိုင်သမျှ အမြန်ဆုံးပြေးလိုက်နေသော်လည်း သူ့၏ အစစ်အမှန်စွမ်းအင်အဆင့်က မသေမျိုးဝိညာဉ် လှေကားတစ်ဆင့်သာရှိသေးသည်။ထို့ကြောင့် သူမြင်ရသမျှက ဂဏာန်းကြီးနောက်မှ တလိမ့်လိမ့်တက်လာသော ဖုန်လုံးများပင် ဖြစ်လေသည်။


ပုဖန် ထိုမြင်ကွင်းကိုကြည့်၍ နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။သူ ထိုအမွေးထူဂဏာန်းကို စားချင်သော်လည်း လွတ်သွားပေပြီ။ထိုဂဏာန်းကောင်အား ဘယ်သူမှမရဖူးသည့် အခွင့်အရေးတစ်ခု ပေးရန်သာဆုံးဖြတ်လိုက်လေသည်။


သူရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သိမ်းလိုက်ပြီးသည်နှင့်အေးစက်သော အလင်းရောင်တစ်ချက်နှင့်အတူ သလင်းကျောက် အမှတ်အသားပေါ်လာလေသည်။၎င်း၏ မျက်နာပြင်ပေါ်တွင် ထူးဆန်းလှသော သင်္ကေတများကိုလည်း ရေးဆွဲထားသည်။ပုဖန်က သူ့၏ စိတ်ထဲတွင် ပေါ်လာသောနန်းတော်ကြီးကို ရင်းနီးနေပြီးသားဖြစ်သည်။သူ့၏ မှတ်ဉာဏ်များသာ မမှားယွင်းပါက ၎င်းသည် စမ်းချောင်းဝါမြစ်အတွင်း၌ မြင်ခဲ့ရသော နန်းတော်ဖြစ်ပေမည်။


ထိုအချိန်က သွေးနီရောင်မြူများကြားထဲတွင် အနက်ရောင်လှေနှစ်စင်းသည် နန်းတော်ကြီးကို စမ်းချောင်းဝါမြစ်တစ်လျှောက်ဆွဲယူနေသည်။ထိုလှေနှစ်စင်းက သူ့၏ အတွေးပုံရိပ်ထဲတွင် မြင်ခဲ့ရသော အနက်ရောင်လှေနှစ်စင်းနှင့် တူညီနေပေ၏။


ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။အကယ်၍ သူခန့်မှန်းမှုသာ မမှားလျှင် ဒီသလင်းကျောက်အမှတ်အသားက ဒီတွင်းပေါက်ကြီး၏ လျှို့ဝှက်ချက်ကို ဖွင့်မည့် သော့ချက်ပင်ဖြစ်ပေသည်။


ဒီသလင်းကျောက် အမှတ်အသားမျိုးနောက်ထပ်အနည်းငယ်ရှိသင့်သေးသည်ဟု သူခံစားမိသည်။ထို့ကြောင့် ပုဖန် အာရုံစုစည်းလိုက်ကာ မြေရိုင်းလွင်ပြင်ကို ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံးက ခြောက်သွေ့နေပြီး အပူချိန်ကလည်း မြင့်မားလာသည်။တိုက်ခိုက်လာသော လေများကပင် ခြောက်သွေ့ကြမ်းတမ်းနေသည်ဟု ခံစားရသည်။


မြေပြင်ပေါ်ရှိ ကျောက်တုံးလေးများကို နင်းလိုက်သည့်အချိန်၌ ထွက်ပေါ်လာသော ဆူညံသံများကလည်းဦးရေပြားများပင် ကျိမ်းသွားစေသည်။သို့သော်လည်း ဤနေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များက တောင်ပိုင်းဒေသကြီးနှင့် မတူပဲ အလွန်ပင် ထူထပ်သိပ်သည်းလာသည်။


သလင်းကျောက်အမှတ်အသားထဲတွင် ပါရှိနေသော အချက်အလက်များအရ သူမြင်လိုက်ရသော ရေကန်သည် ဒီနေရာ၏ အဆုံးသတ်တွင် တည်ရှိနေပေလိမ့်မည်။ပုဖန်၏ ရည်ရွယ်ချက်က ထိုရေကန်ကို ရှာရန်ဖြစ်သည်။


သူဆက်လက်လျှောက်လှမ်းလာရင်းမှ ကမ္ဘာထဲတွင် တခြားသော သက်ရှိများလည်း ရှိနေသည်ကို သိလိုက်ရ၏။ရှည်လျားလှသော မြွေကြီးများက မြေရိုင်းလွင်ပြင်ကို ဖြတ်သန်းနေကြသည်။


ထ်ိုမြွေများအပြင် လျင်မြန်လှသောစိတ်ဝိညာဉ် သားရဲတစ်ချို့ကလည်း သူ့၏ရှေ့မှ မြှားတစ်စင်းအလား ဖြတ်သန်းသွားကာ ဖုန်လုံးများ ဖြစ်ပေါ်စေလေသည်။


ပုဖန် သိုလှောင်နယ်မြေထဲမှ ဝတ်ရုံတစ်ထည်ကို ထုတ်လိုက်ပြီး မြင့်တက်လာသော သဲမုန်တိုင်းများထံမှ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။


အချိန်ခဏကြာပြီးနောက်။


ပုဖန် အညိုရောင်မြေပြင်ပေါ်တွင် ပေါက်နေသော ပန်းပွင့်အဖြူလေးတစ်ပွင့်ကို ငုံ့ကြည့်နေခဲ့သည်။သူ ထိုပန်းပွင့်ကို ခူးလိုက်သည်နှင့် မြေပြင်က ချက်ချင်း ဆိုသလို အက်ကွဲသွားလေသည်။


ထိုအောက်ခြေမှ ကြီးမားလှသော သွေးနီရောင် တွားသွားသတ္တဝါတစ်ကောင် ထွက်ပေါ်လာပြီး ပုဖန်ကို တစ်လုတ်တည်းဖြင့် ဝါးမြိုချရန် ကြိုးစားလေသည်။ထိုပန်းကလေးသည် ထောင်ချောက်တစ်ခု ဖြစ်နေပုံရလေသည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် လေထဲသို့ ခုန်တက်လိုက်ကာ မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်သည်။ထို့နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိပဲ အောက်သို့ အရှိန်ဖြင့် လွှဲချလိုက်သည်။


ဘန်း...


ထိုသတ္တဝါကလည်း ပုဖန်နှင့်အတူ ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်သည်။၎င်းက စပရိန်တစ်ခု တွန်းကန်ထွက်လာကဲ့သို့ပင် ထင်ရသည်။၎င်းက သင်းခွေချပ် စိတ်ဝိညာဉ် သားရဲပင်ဖြစ်သည်။သို့သော်လည်း သူ့၏ ပုံစံက တကယ့်အစစ်အမှန် သင်းခွေချပ်နဲ့တော့များစွာ ကွာခြားပေသည်။


ဥပမာတစ်ချက်အနေဖြင့် သူ့၏ ပါးစပ်ထဲ၌ ချွှန်ထက်သော သွားများဖြင့် ပြည့်နှက်နေလေသည်။မဟူရာလိပ်ခုံးဒယ်အိုးနှင့် ရိုက်ခတ်မိလိုက်သောကြောင့် စိတ်ဝိညာဉ်သားရဲက ထိတ်လန့်ကြောက်ရွံ့သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။


ပုဖန် ထိုသားရဲကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။ထို့နောက် သူလက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းများနှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာလေသည်။


အေးစက်သော အလင်းတန်းတစ်ချက်နှင့်အတူ မီးဖိုချောင်သုံးဓားမှ နဂါးတစ်ကောင်၏ ပုံရိပ်ထွက်လာလေသည်။ထိုနဂါး၏ အရှိန်အဝါက်ို ခံစားမိလိုက်သည်နှင့် သင်းခွေချပ်သားရဲသည် မြေပြင်ပေါ်တွင် ဝပ်နေပြီး မလှုပ်ရဲတော့ပေ။


"ပန်းတစ်ပွင့်ကို ထောင်ချောက်အဖြစ် သုံးပြီး အမဲလိုက်တာ... မင်းက တော်တော်လေး ဉာဏ်ကောင်းပေမယ့်... ငါ့ရဲ့ ပါဝင်ပစ္စည်းဖြစ်ဖို့ မထိုက်တန်သေးဘူး...ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ ငါကလည်း စီးတော်ယာဉ် လိုနေတာဆိုတော့ မင်းကို သုံးလို့ရမယ်ထင်တယ် ..."


ပုဖန်က ခံစားချက်ကင်းမဲ့လှသော မျက်နာထားဖြင့်ကြည့်၍ ပြောလိုက်သည်။ထ်ိုသားရဲ၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။ထိုသင်းခွေချပ် သားရဲကလည်း ဉာဏ်ထက်မြက်ပြီး ပုဖန်ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်ပုံရလေသည်။


၎င်းသားရဲက ချော်ရည်များကြားထဲတွင် လျင်မြန်စွာ ရွေ့လျားနေသည်။ပုဖန်က ထိုသားရဲ၏ ကျောပေါ်တွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေလေသည်။ထိုစိတ်ဝိညာဉ်သားရဲက မြေရိုင်းလွင်ပြင်၏ တည်နေရာများကို သေချာစွာ သိပုံရလေသည်။ခဏအကြာမှာပင် တောင်တန်းများ၏ အစွန်းကို မြင်နေရပေပြီ။


စွက် စွက် စွက်...


ရုတ်တရက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ပင်လယ်ရေများက ဧရိယာတစ်ခွင်လုံးကို ဖုံးလွှမ်းလာသည်။စိတ်ဝိညာဉ်သားရဲက သူ့၏ ခြေထောက်အောက်တွင် ရေပူဖောင်းလေးများဖန်တီးလိုက်ပြီးနောက် အလွန်လျင်မြန်လှသော အရှိန်ဖြင့် ရေပြင်ပေါ် ဖြတ်ပြေးလိုက်သည်။ပုဖန် ထိုပင်လယ်ရေများကိုကြည့်၍ မျက်ခုံးပင့်လိုက်သည်။ထို့နောက် သားရဲ၏ ခေါင်းကို အသာအယာဖိပြီး ရေပြင်ပေါ်တွင် ရပ်တန့်ရန် အချက်ပြလိုက်သည်။


"ဒီနေရာမှာ ဘယ်လိုလုပ် ရေတွေ ရောက်လာတာလဲ..."


ပုဖန် အနည်းငယ် သံသယမကင်းဖြစ်သွားသည်။


"ဒီနေရာကို သမုဒ္ဒရာမျိုးစိတ်တွေ ရောက်လာပြီလား..."


ထိုအတွေးက ဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ထို့နောက် ပုဖန် သူ့၏ ခြေထောက်ကို အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးအုပ်လိုက်ပြီး သားရဲ၏ ကျောပေါ်မှ ဆင်းသက်လိုက်သည် ။


"မင်းရဲ့ အလုပ်ကို ကောင်းကောင်းလုပ်ခဲ့တာပဲ..အခု သွားနိုင်ပြီ ..."


ပုဖန် သားရဲ၏ခေါင်းကိုပုတ်၍ ပြောလိုက်သည်။ထိုသားရဲက အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိပဲ အကြေးခွံများပင် လွင့်ထွက်သွားမတက် ချာခနဲလှည့်ထွက်ကာ ပြေးသွားလေသည်။ခဏအတွင်းမှာပင် သူ့ပုံရိပ်က ပျောက်ကွယ်သွားလေ၏။


ပုဖန် သူ့ပတ်ဝန်းကျင်မှ ပင်လယ်ရေပြင်ကြီးကို ကြည့်လိုက်သည်။ထို့နောက် သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးအုပ်လိုက်သည်။ပြီးသည်နှင့် သူရေထဲသို့ တဖြေးဖြေးစတင်၍ နစ်မြှုပ်လာလေသည်။


ထို့နောက် ထ်ိုပင်လယ်ရေသည် နေရာအနှံ့ ဖြန့်ကျက်နေသော်လည်း အမှန်တကယ် နက်ရှိုင်းခြငိးမရှိသည်ကို သိလိုက်ရသည်။သူရေမျက်နာပြင်ပေါ်သို့ ပြန်လည် ထိုးတက်လိုက်၏။


တောင်တန်းကြီးများရှိနေရာအရပ်ဆီသို့ ဦးတည်လိုက်၏။ထိုနေရာတွင် စိတ်ဝိညာဉ် စွမ်းအားများက ကောင်းကင်ယံထိတိုင်အောင်ပင် ထိုးတက်နေသည်။၎င်းက ပုဖန်ဦးတည်သည့် နေရာဖြစ်သည်။ရုတ်တရက် အဝေး၌ ရပ်တန့်နေသော ကြီးမားသည့် အရာတစ်ခုကို သတ်ိပြုမိသွားပြီး ပုဖန်ရပ်တန့်လိုက်သည်။


၎င်းသည် ပြိုးပြိုးပျက်ပျက်လက်နေသော ရွှေရောင်အခွံရှိသည့် ရွှေပုစွန်တစ်ကောင်ဖြစ်သည်။သူ့၏ ပတ်ပတ်လည်၌ ရေများက အဆက်မပြတ် မြင့်တက်နေသော်လည်း ၎င်းက မတုန်မလှုပ်ဖြင့်ရပ်နေလေသည်။ထို့နောက် သူ့၏ နောက်ကျော၌ တစ်စုံတစ်ယောက်ရှိသည်ကို ခံစားမိပုံမျိုးဖြင့် လှည့်ကြည့်လာလေ၏။


ဧရိယာတစ်ခွင်လုံးပေါ်တွင် ပြင်းထန်သော ဖိအားတစ်ရပ် ကျဆင်းလာသည်။၎င်းပုစွန်သည် ကြီးမြတ်သောတန်ခိုးရှင်အဆင့် ဖြစ်ကြောင်း ထင်ရှားလာပေသည်။သူသည် လူသားတစ်ဦး ဒီနေရာတွင် ပေါ်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ကျောက်တုံးတံတားကို ဖြတ်ရန် မဆိုထားနှင့် တွင်းနက်ထဲ ဝင်ဝင်ချင်းပုံရိပ်ယောင်နယ်မြေတွင်ပင် မသေမျိုးဝိညာဉ် အဆင့်များမထွက်နိုင်ပဲ ပိတ်မ်ိနေခဲ့ရလေသည်။


သို့သော်လည်း ထိုအားနည်းလှသော လူသားကမူဒီနေရာသို့တောင် ရောက်လာပေပြီ။သူ ဘယ်လိုများ ရောက်လာတာလဲ ...ရွှေပုစွန်က ထိုလူသားကို အချိန်အတော်ကြာစိုက်ကြည့်လိုက်သော်လည်းမည်သည့် စိတ်ဝင်စားစရာကိုမှ မခံစားမိပေ။


ထို့ကြောင့် သူ အရှေ့ဘက်သို့သာ ပြန်လည် လှည့်ကြည့်လိုက်သည်။သူရပ်နေသော ခြောက်ကမ်းပါး၏ အောက်တွင် ကြီးမားကျယ်ပြန့်လှသော ချိုင့်ဝှမ်းတစ်ခု ရှိနေသည်။တောင်တန်းများ၏ အလယ်တွင် တည်ရှိနေသော ထိုချိုင့်ဝှမ်းက အလွန် တိတ်ဆိတ်နေလေသည်။


ထိုချိုင့်ဝှမ်းသို့ သွားရာလမ်းတစ်လျှောက်၌ အည်ိုရောင်မြေဆီလွှာများမရှိတော့ပဲ စိမ်းလန်းစိုပြည်လှသောသစ်ပင်ပန်းမန်များသာ ပြည့်နှက်နေသည်။သစ်ပင်များကလည်း ကောင်းကင်ကိုပင် ထ်ိုးဖောက်တော့မတက် မြင့်မားလှပေသည်။


"ဒါက ငါ့ဘိုးဘေးကြီး ရှာတွေ့ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ လျှို့ဝှက်နယ်မြေတစ်ခုလား..."


ထိုရွှေပုစွန်က လူသားဘာသာစကားကို ပြောတက်သောကြောင့် ပုဖန် အနည်းငယ် အံ့သြသွားရသည်။သူတို့အားလုံးက ပုစွန်ချင်းအတူတူကို ဘာလို့များကွာခြားနေရတာလဲ..."


ဝှစ် ...


ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုရွှေပုစွန်က လူတစ်ယောက်အဖြစ် အသွင်ပြောင်းလာလေသည်။ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် ပုဖန်၏ မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားလေသည်။


"ပုစွန်ချင်း အတူတူကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲလို့ သူ့ရဲ့ ပုစွန်ကကျတော့ အချိန်တိုင်း အိပ်နေပြီး ဒီပုစွန်က စကားပြောနိုင်ရုံသာမက လူသားအသွင်လည်း ပြောင်းနိုင်တယ်..."


ပုဖန်၏ရင်တွင်းစကားသံများဆူညံနေလေသည်။ထိုရွှေရောင်အဝတ်အစားနှင့် လူငယ်ကလည်း ပုဖန်၏ အကြည့်များကို သတိပြုမိပုံဖြင့် လှည့်ကြည့်၍ ခေါင်းတစ်ချက်ဆက်ငြိမ့်လာလေသည်။


"မင်းကိုယ့်အခြေအနေကိုယ်သိပြီးတော့ ထွက်သွားလိုက်တော့...ဒီနေရာက မင်းလို စွမ်းအားနဲ့ သွားလည်လို့ရတဲ့နေရာမဟုတ်ဘူး မင်းအိပ်မက်မက်လို့ရတဲ့ နေရာမဟုတ်ဘူး...""


ထိုလူငယ်လေး၏အသံတွင် အထင်အမြင်သေးခြင်းများပြည့်နှက်နေလေသည်။ပုဖန်ကဲ့သို့ အားနည်းလှသော သူက သူ့မျက်လုံးထဲ ထည့်ဖို့ပင် မထိုက်တန်ပေ။သူလုပ်ချင်သည်က သူ့ဘိုးဘေးကြီး အမြဲတမ်းလိုချင်ခဲ့သော အခွင့်အရေးကို ရှာဖို့ပင် ဖြစ်သည်။အဆုံးမဲ့ပင်လယ်၌ အထွဋ်အထိပ်ဖြစ်တည်မှုဖြစ်သော သူ့၏ ဘိုးဘေးကြီးက ၎င်းကို ရှာဖွေရင်းဒုက္ခရောက်ခဲ့ရသည်။


သူ့၏ ဘိုးဘေးက ရှာမတွေ့ခဲ့သော်လည်း ဘိုးဘေးကြီး၏ ကြိုးစားအားထုတ်မှုများ အလဟဿမဖြစ်သွားရအောင် သူဆက်လက်၍ လုပ်ဆောင်ရပေမည်။ပုဖန်က ထ်ိုပုစွန်ကောင်၏ အထင်အမြင်သေးမှုများကို မသိချင်ယောင်ဆောင်နေလိုက်သည်။


ထိုခဏ၌ ရွှေရောင်လူငယ်က ချောက်ကမ်းပါးစွန်းကို နင်းလိုက်ပြီး အန္တရာယ်များလှသောချောက်ကမ်းပါးမှ ခုန်ချလိုက်လေသည်။


ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများက သူ့၏ ခန္ဓာကိုယ်နှင့်အတူ ရွေ့လျားသွားပြီးနောက် ရေအိပ်ရာတစ်ခုအလား သူ့ခန္ဓာကိုယ်ကို ထွေးဖက်ထားလေသည်။


လူငယ်၏ လှပလှသော ရွှေရောင်ဆံပင်များက လွင့်ခါနေသည်။သူက ထိုရေပေါ်၌ တည်ငြိမ်စွာဖြင့်ရွေ့လျားသွားလေသည်။ရုတ်တရက် လူငယ်၏ မျက်နာက တင်းမာသွားသည်။


ပုဖန်လည်း မျက်ဝန်းများ ပြူးကျယ်သွား၏။


ဝေါ ဝေါ ...


ထိုရေအိပ်ရာက သူ့၏ အခြေအနေကို မထိန်းသိမ်းနိုင်ပုံရပြီး အားလုံး ပြိုကျသွားလေသည်။လူငယ်သည်လည်း ကောင်းကင်ထက်တွင် မပျံသန်းနိုင်တော့ပဲ အလင်းတန်းတစ်ခုအလား ချိုင့်ဝှမ်းထဲသို့ ဇောက်ထိုးကျသွားသည်။


ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များက ထိုရွှေရောင်လူငယ်ကို ထိတ်လန့်သွားစေသောကြောင့် သူလုပ်လိုက်သောအပြုအမူများက ရယ်စရာကောင်းနေလေသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွား၏ ။


ပုဖန် စိတ်စွမ်းအားကို ထုတ်လွင့်ကြည့်လိုက်သည်နှင့် ထိုချိုင့်ဝှမ်းထဲ၌ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ချို့ကို ခံစားလိုက်ရသည်။


"ဒီချိုင့်ဝှမ်းက ပျံသန်းဖို့ကိုတားမြစ်ထားတာလား..."


ချောက်ကမ်းပါးသည် မီးတာပေါင်းများစွာ ရှည်လျားလှသောကြောင့် ထိုရွှေရောင်လူငယ်၏ အဆုံးသတ်သည်လည်း ကောင်းမွန်လိမ့်မည်မဟုတ်ပေ။


"ဒါပေမယ့် အဲ့ဒါ ဘာဖြစ်လဲ ...ရွှေရောင်ပုစွန်က သူ့ရှေ့မှာ ရှိနေတဲ့ အချိန်မှာ ပုဖန်က ချက်စားဖို့ မဆုံးဖြတ်တာနဲ့ပဲ သူတော်တော်ကံကောင်းနေပြီ..."


ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် ချောက်ကမ်းပါးအစွန်းသို့ သွားလိုက်ပြီး လေဟာနယ်ထဲ ခြေတစ်လှမ်းလှမ်းကာ ခုန်ချလိုက်လေသည်။


သူ့၏ ဆင်းသက်မှုက အလွန်ပင် လျင်မြန်လှသောကြောင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပင်ထင်ရသည်။ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံက တဖျတ်ဖျတ်လွင့်ခါနေသည်။သူ့၏ခေါင်းစည်းကြိုးလည်း ပြုတ်ထွက်သွားသောကြောင့် ဆံနွယ်များပါ လွင့်ပျံနေလေသည်။


ဝုန်း...


ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်၌ ကြီးမားသော မီးတောင်တစ်ခု ပေါက်ကွဲသလိုမ်ျိုးဖြစ်ပေါ်သွားလေသည်။ထိုရွှေရောင်လူငယ်က တဟွတ်ဟွတ်ချောင်းဆိုးလိုက်ပြီးနောက် ထိုတွင်းပေါက်ထဲမှ တွားသွားထွက်လာကာ ပုဖန်ကို ရှက်ရွံ့စွာ ကြည့်လိုက်၏။


ခဏအတွင်းမှာပင် သူ့မျက်နာက အေးစက်တင်းမာသွားပြီး ပုဖန်က်ို လှမ်းပြောလိုက်သည်။


"လူသားငါက အဆုံးမဲ့ ပင်လယ်က ရွှေပုစွန်မ်ျိုးနွယ်ရဲ့အိမ်ရှေ့စံ တတိယမင်းသား အောင်းပိုင်ပဲ...ဒီနေ့ အဖြစ်အပျက်တွေကို ပြန်ပြောခွင့်မပြုဘူး...မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းကြိုက်လိမ့်မှာမဟုတ်ဘူး..."


"ကောင်းပြီလေ ငါ့မှာလည်း ငါ့ရဲ့ ဒယ်အိုးထဲကို မကြာခဏ နစ်မြှုပ်တက်တဲ့ ပုစွန်တစ်ကောင်ရှိတယ် အဲ့ဒီ ရွှေပုစွန်က မင်းနဲ့ဆက်စပ်နေမလားလို့ တွေးမိတယ်..."


ပုဖန်က ထ်ိုသူ၏ ခြိမ်းခြောက်မှုကို သတိမပြုမိပုံဖြင့် နှုတ်ခမ်းထောင့်စွန်းလေးများကွေးရုံ ပြုံးလိုက်ပြီး ပြောလိုက်သည်။ရွှေရောင်လူငယ်က ခဏမျှ အံ့အားသင့်သွားပြီးနောက် သူဒေါသထွက်လာလေသည်။


"ဒီလူသားက သူ့မျိုးနွယ်က်ိုများ ဒယ်အိုးထဲ နစ်မြှုပ်ဖို့ သတ္တ်ိရှိတယ်တဲ့လား..."


သို့သော်လည်း ပုဖန်က ထ်ိုလူငယ်ကို ဂရုမစိုက်တော့ပေ။သူက ကြေးနန်းတော်ကို ယခုမှ မြင်ဖူးခြင်းဖြစ်ပြီး ၎င်းက သူ့၏။အမူအရာကို လေးနက်သွားစေသည်။သို့သော်လည်း သူရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဉ်မှာပင် ကောင်းကင်ယံထက်မှ ကျယ်လောင်သော မြည်သံနှင့်အတူ ပြင်းထန်လှသောလေလှိုင်းများ ထွက်ပေါ်လာသည်။


ထို့နောက် ရုတ်တရက်နီရဲတောက်ပလှသောမျက်ဝန်းများဖြင့်ဧရာမ ကင်းမြီးကောက် နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာလေသည်။