Chapter 174
အပိုင်း.(2)ထိမ်းမြားလက်ထပ်ခြင်း သဘောတူညီချက်
အသက်ဆယ့်ရှစ်နှစ်တွင် ရှန်းယွင်ကျင်း သည် လင်းထျန်းယွဲ့ နှင့်တွေ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ သူမ၏မိသားစုသည် သူမက ငယ်လွန်းသေးသလို၊ လင်းထျန်းယွဲ့ အား စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်ဟု အကြေားပြ၍အချိန်ဆွဲထားခဲ့သည်။ ဘွဲ့ရပြီးနောက် သူမ အသက် 25 နှစ်ပြည့်ပြီးဖြစ်၍ အိမ်ထောင်သည်အဖြစ်သို့ အလိုအလျောက် အဆင့်မြင့်ခဲ့ကြသည်။
တစ်ဖက်မှ ချမ့်ယောင် နှင့် ဝေ့လင်း တို့သည် တိုက်ရိုက်လက်ထပ်ခဲ့ကြ၏။ ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် အသက်25နှစ်ကျော်ရှိပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုကြရန်အတွက် လက်မထပ်မီ 7နှစ်ခန့် တွဲခဲ့ကြသည်။
လင်းယောင်ယောင် သည် ဆုံးဖြတ်ချက်ချရန် ကြိုးစားခဲ့ရသည်။ လင်းရွှမ် အလုပ်ပြီးပါက အိမ်ဟောင်းသို့ပြန်လာမည်ကို သိသောကြောင့် သူမသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် စောင့်ဆိုင်းနေခဲ့သည်။ထို့နောက် သူမ မသိဘဲ အိပ်ပျော်သွားခဲ့၏။
လင်းရွှမ် သည် သူ့အလုပ်အားလုံး ပြီးမြောက်ပြီး နံနက်လေးနာရီတွင် အိမ်သို့ ပြန်လာခဲ့သည်။ မင်္ဂလာဆောင်နှင့် ဟန်းနီးမွန်းအတွက် အားလပ်ရက်ယူမည်ဖြစ်၍ စစ်တပ်ထဲမှ အရာအားလုံးကို စီစဉ်ပေးချင်တာကြောင့် နောက်ကျခဲ့ခြင်းပင်။ မနက်ဖြန်မှစတင်၍ သူသည် တစ်လတာ အားလပ်ရက်အနားယူမည်။ အရေးမကြီးသောကိစ္စများကို အဝေးမှသာ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကာ အရေးကြီးကိစ္စများရှိလျှင် စစ်ဘက်ဆိုင်ရာဌာနသို့ ရံဖန်ရံခါ တင်ပြရန်သာလိုသည်။သို့သော်၊ သူအိမ်ပြန်ရောက်သည့်အခါ သူ့ကောင်မလေးက ဆိုဖာပေါ်မှာ အိပ်ပျော်သွားသည်အထိ စောင့်နေသည်ကို တွေ့လိုက်ရလျှင် သူ့နှလုံးသားမှာ နူးညံ့လာရ၏။
သူ ရှေ့သို့လှမ်းကာ ကောင်မလေး၏ သေးသွယ်သော ခန္ဓာကိုယ်ကို ညင်သာစွာ ပွေ့ဖက်ထား၍ သူမ၏ ချစ်စရာကောင်းသော မျက်နှာကလေးကို ကြည့်နေလိုက်သည်။ထို့နောက် သူမ နှုတ်ခမ်းကို စိတ်မထိန်းနိုင်ဘဲ နမ်းလိုက်သည်။
လင်းယောင်ယောင် သည် အိမ်ထောင်ရေးကိစ္စအတွက် စိတ်ပူပြီး အိပ်မောကျနေခြင်းမဟုတ်ပေ။ လင်းရွှမ် က သူမကို ကောက်ပွေ့လိုက်သောအခါ သတိထားလိုက်မိပြီး သူက သူမကို နမ်းလိုက်သောအခါ အိပ်ငိုက်ပြေလာရသည်။ထို့နောက် သူမ မျက်လုံးဖွင့်ပြီး အိပ်ငိုက်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေလိုက်သည်။
"လူဆိုး…လုပ်ပြန်ပြီ"
လင်းရွှမ်က ယုံကြည်မှုရှိစွာ ရယ်မောပြီး
"ကိုယ့်မိန်းမကို နမ်းတာကို ဘယ်လိုလုပ် ရူးမှာလဲ"
သူမ ခဏတာ ထိတ်လန့်သွားပြီး ပြန်တွေးကြည့်လိုက်ရာ ယနေ့ သူမ သူ၏ လက်ထပ်ခွင့်ကို သဘောတူခဲ့မှန်း ပြန်လည်သတိရသွား၏။သို့သော်လည်း၊ ယခုအချိန်အထိ သူမ စောင့်နေရသည့် ရည်ရွယ်ချက်ကို တွေးကြည့်လိုက်မိလျှင် ပြောလိုက်သည်။
“အစ်ကိုကြီးက စေ့စပ်ထားချင်တာလား ဒါမှမဟုတ် လက်ထပ်ချင်လား”
လင်းရွှမ် သည် ယခင်က စေ့စပ်ပွဲအကြောင်းသာ ပြောဖူးသည်။ ထို့ကြောင့် ဤလူသည် သူမတို့ အဆင်မပြေပါက နည်းလမ်းအပိုတစ်ခု သတ်မှတ်ထားလိုခြင်း ရှိမရှိ မသေချာပေ။
ရှန်းယွင်ကျင်း ၏ စကားကို နားထောင်သင့်ပေသည်။ရှန်းယွင်ကျင်းသည် သူမ၏ မိခင်လည်းဖြစ်သည်။ ထုံးစံအတိုင်း၊ မိခင်ဆိုသည်မှာ သားသမီးများ၏ အရေးကိစ္စများကို တစ်ပြိုင်နက်တည်း အခြေချစေချင်သည်။ထို့ကြောင့် သေချာစေရန် လင်းရွှမ် ကိုယ်တိုင်ကိုယ်ကျ ပြောသည်ကို ကြားချင်သည်။
"ဟုတ်တယ်၊ ကိုယ်က လက်ထပ်ချင်တယ်...ဒါပေမယ့် မင်းမိဘအရင်းတွေက ကိုယ့်ကို သဘောမတူသေးလို့ကိုယ်တို့အတွက် စာရွက်စာတမ်းတွေကို လက်မှတ်မထိုး ပေးချင်သေးဘူး ဆိုလည်း အရင်စေ့စပ်လို့ရတယ်"
လက်ထပ်ပြီးမှသာ သူမကို အမှန်တကယ် အပိုင်ရသည်ဟု ခံစားမိမည်ဖြစ်သည်။ သို့သော်လည်း၊ လင်းယောင်ယောင် က အသက် ဆယ့်ကိုးနှစ်သာ ရှိသေးသည်။ ဘွဲ့မရမီ လက်ထပ်ထိမ်းမြားသည့် စုံတွဲများသည် စီးပွားရေးအရ လက်ထပ်ခြင်း မဟုတ်ပါက အင်ပါယာ၏သမိုင်းတွင် အလွန်အတွေ့နည်းသည်။ စစ်မှန်သည့်အချစ်အတွက် လက်မထပ်ခင်မှာ စေ့စပ်ဖို့အရင်တာဝန်ရှိပြီး ထိုမှသာ လေးနက်သည်ဟု လူအများစုက ယူဆပုံရလေ၏။
လင်းရွှမ် သည် သူဘယ်တော့မှ နောင်တရမည်မဟုတ်ကြောင်း စိတ်ချယုံကြည်နိုင်သော်လည်း သူ့ကိုယ်ပိုင်အတွေးများကြောင့် လင်းယောင်ယောင် ကိုလည်း အကြပ်မရိုက်စေချင်ပေ။
ထို့နောက် လင်းယောင်ယောင် သူ့ရင်ဘတ်ကို ကိုင်လိုက်ပြီး
"ဒါဆို ညီမလေးတို့ အခုလက်ထပ်ရင် ညီမလေးမှာ ချို့ယွင်းချက်တွေ အများကြီးရှိနေတာကိုတွေ့ပြီး အစ်ကိုကြီး နောင်တရရင် ဘယ်လိုလုပ်မလဲ"
"ကိုယ် တစ်သက်လုံး ပြောင်းလဲမှာမဟုတ်ဘူး... မင်းနောင်တရသွားမှာကိုပဲ ကြောက်တယ်"
သူမ စိတ်သည် ယခုမှ သက်သာရာရသွားကာ မျက်နှာကို လင်းရွှမ် ရင်ဘတ်ပေါ် ပွတ်သပ်ပြီး ပြောလိုက်၏။
"လက်ထပ်ရအောင်"
သူမအတွက်လည်း နောင်တရစရာမရှိချေ။သူမ အလိုအရ သူတို့မခွဲဘဲ ချစ်သင့်သည်ဟု မြင်မိ၏။
"တစ်ကယ်လား"
ထို့နောက် သူအလွန်စိတ်လှုပ်ရှားသွားပြီး လင်းယောင်ယောင် ကို ဆိုဖာပေါ် ဖိကာ အတင်းအကျပ်နမ်းလိုက်သည်။ သူသည် အမြဲ သူမထက် ပိုလေးနက်ပြီး ပိုချစ်သည်ဟု သူအမြဲတမ်း ခံစားမိသည်။ သို့သော်၊သူမ ရင်ထဲက သူ့အပေါ်ထားသော ချစ်ခြင်းမေတ္တာကို ယခုတွေ့ရလေ၏။ သူမသည် စေ့စပ်ပွဲမလုပ်ဘဲ သူ့ကို တိုက်ရိုက်လက်ထပ်လိုကြောင်း ပြောလာလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။
လင်းယောင်ယောင် သည် အပြင်းအထန် နမ်းပြီးနောက် မောဟိုက်လာသည်။
"အင်း...ခဏစောင့်ဦး...စကားမဆုံးသေးဘူး"
လင်းရွှမ် က တုံ့ဆိုင်းစွာ ရပ်လိုက်ပြီး သူမ ခါးကိုဖက်ထား၍ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်လေသည်။
"ဟင့်အင်း...အခုပဲ နောင်တရသွားတာလား"
လင်းယောင်ယောင် သာ ခေါင်းညိတ်ဝံ့လျှင် သူသည် သူမနှင့် အပြင်းအထန် စစ်တိုက်ရပေလိမ့်မည်။
"မဟုတ်ဘူး၊ ပလ္လင်ပေါ်က ပိုးကောင်တွေ ပြုတ်ကျလာတဲ့အထိ စောင့်ချင်တာ...ညီမလေးတို့ လက်ထပ်ပြီးရင် ဒီကို 168 ကိုပါ ခေါ်ထားနိုင်ရင် ပိုကောင်းမယ်"
ရာဇပလ္လင်တိုက်ပွဲ ပြီးဆုံးသွားသောအခါ သူမနှင့် လင်းရွှမ် ၏ ကံကြမ္မာကို လုံး၀ ပြန်လည်ရေးသားသွားမည် ဖြစ်သည်။ မူလဇာတ်ကွက်ကို ဖျက်ပစ်ပြီး ထိုအချိန်မှစပြီး အခန်းသစ်တစ်ခုသို့ ကိုယ့်စိတ်ကြိုက် ရေးနိုင်ကြမည် ဖြစ်၏။
ထို့နောက် လင်းရွှမ် က သူသည် "ပြုပြင်ပြောင်းလဲမှု" အတွက် တွန်းအားပေး၍ လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။ သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံ ဘုရင်စနစ်သို့ ပြောင်းလဲလိုသည်။ သူသည် လင်းမိသားစုနှင့် ရန်ဖက်ဖြစ်နေသည့် ရှောင်ရု နှင့် ရှောင်မင် တို့၏ သက်သေအထောက်အထားများကို ယူပြီး သစ္စာဖောက်မှုဆိုင်ရာ အထောက်အထားများကို ထုတ်နှုတ်ပြီး ရန်သူနှင့် ပူးပေါင်းခဲ့သည်ကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။
လင်းယောင်ယောင် သည် ထိုအဖြစ်များ၏ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိပေ။ ဤအရာများသည် နောင်တစ်ချိန်မှာ ထီးနန်းဖြုတ်ချဖို့ ဖြစ်နိုင်ချေရှိသည်ကို သူမ သိသော်လည်း အချိန်အနည်းငယ်ယူရမည်ဟုသာ သိ၏။
သို့သော်၊ တည်ငြိမ်သော အာကာသအကူးအပြောင်းလမ်းကြောင်းကိုဖွင့်ပြီး အခြေအနေတည်ငြိမ်စေရန် တာဇာကြယ်ကွင်းပြင် အတွက် တစ်နှစ်ခွဲမှ တစ်နှစ်အထိ အချိန်ယူရမည်ဖြစ်သည်။ ဤသို့ဖြင့် လောလောဆယ် သူမသည် ချိန်းတွေ့ခြင်း၏ ချိုမြိန်မှုကို ခံစားနိုင်ပြီး အရာအားလုံးပြေလည်သွားသောအခါတွင် လက်ထပ်နိုင်သည်ဟု တွေးမိသည်။ထိုအခါ၊တွေးစရာ၊ စိုးရိမ်စရာများ ရှိတော့မှာမဟုတ်ပေ။
လင်းရွှမ် သည် အံကြိတ်ကာ လင်းယောင်ယောင်ကို တင်းကြပ်စွာ ဖက်ထားသည်။
"...လူဆိုးမလေး"
အခု သူ ကြည့်ရုံကြည့်ရပြီး မစားရသေးဘူးလို့ ဆိုလိုတာမလား...
သို့သော် သူတောင်းဆိုလာသောကြောင့်၊ သဘောမတူနိုင်စရာ အကြောင်းမရှိ။ မူလက အာကာသအကူးအပြောင်း လမ်းကြောင်းကို တစ်နှစ်အတွင်း စတင်တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း တစ်နှစ်ခွဲအတွင်း လုပ်ဆောင်ရမည်ဖြစ်သည်။ တော်ဝင်မိသားစုကိစ္စမှာလည်း တစ်နှစ်ခွဲထက် မပိုသင့်ပေ။ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲအတွက် ပြင်ဆင်မှုမှာ အခက်အခဲများရှိသည်။ ထိုသို့လုပ်ဖို့ တစ်နှစ်ခွဲလောက်က အလွန်အမင်း ပြင်ဆင်ချိန်မရပေ။
တစ်နှစ်ခွဲ.... ဤသည်မှာ သူခံနိုင်ရည်ရှိသော ကန့်သတ်ချက်ဖြစ်သည်။
နောက်တစ်နေ့တွင် လင်းမိသားစုသည် ဝေ့မိသားစုထံသို့ အတူတူသွားရောက်လည်ပတ်ခဲ့သည်။
ရှန်းယွင်ကျင်း ၏အကူအညီဖြင့် လင်းရွှမ် သည် ရှားပါးသတ္တုများ၊ အဖိုးတန်ပစ္စည်းများ၊ ဆေးဝါးများ၊ ရှေးဟောင်းပစ္စည်းများစသည်ဖြင့် တရားဝင်လက်ထပ်ခွင့်တောင်းရန် လိုအပ်သောလက်ဆောင်မျိုးစုံနှင့် ပြည့်နှက်နေပြီး အိမ်ခြံမြေပိုင်ဆိုင်မှုများ ပြုစုထားသော စာရင်းကိုလည်း အာကာသခလုတ်ကိုးခုထဲမှာ ပြင်ဆင်ထားခဲ့သည်။
အိမ်ထောင်ရေး လက်ဆောင်ကို လက်ထပ်ခွင့်တောင်းထားသော မိသားစုမှလည်း လက်ခံနိုင်သည်။ သို့သော် သတို့သမီးမိသားစုသည် များသောအားဖြင့် သတို့သားမိသားစုမှပေးပို့သော အိမ်ထောင်ရေးလက်ဆောင်အနည်းငယ်ကိုသာ သိမ်းဆည်းထားလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် ကြယ်တာရာခေတ်တွင် စေ့စပ်ကြောင်းလမ်းခြင်းဆိုသည်မှာ ကလေးများသည် အပြင်ထွက်၍ အမှီအခိုကင်းစွာ နေထိုင်ရသောကြောင့်ဖြစ်သည်။ မိဘက သူတို့ကလေးများကို မိသားစုအသစ်ထူထောင်ဖို့ ငွေကြေးအရင်းအနှီး ပိုပေးလေ့ရှိသည်။
လင်းမိသားစုသည် လင်းယောင်ယောင် ကို ပြုစုပျိုးထောင်ခဲ့သော်လည်း လင်းရွှမ် သည် ရိုးသားမှုကို သက်သေပြရန် လုံလောက်သော လက်ထပ်ခွင့်တောင်းရန်အတွက် လက်ဆောင်များလည်း ပြင်ဆင်ခဲ့သည်။
ဝေ့မိသားစုနှင့် လင်းမိသားစုတို့သည် မဟာမိတ်ဖြစ်နေပြီဖြစ်သည်။ လင်း မိသားစုသည် ယနေ့ လာရောက်စေ့စပ်ကြောင်းလှမ်းရန် လာမည်ကို သူတို့ သိခဲ့သည်မှာ ကြာပြီဖြစ်၏။ထို့ကြောင့် ဝေ့မိသားစု၏ သဘောထားမှာ အစပိုင်းတွင် အလွန်စိတ်အားထက်သန်ခဲ့သည်။
သို့သော် လင်းရွှမ် သည် စေ့စပ်မည့်အစား တိုက်ရိုက်လက်ထပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ကြားသောအခါ ... သူတို့၏အမူအရာမှာ ပျက်ယွင်းကုန်ကြ၏။
အဘိုးဝေ့ က "လင်းရွှမ်…မင်းတစ်ကယ်ပြောတာလား…ယောင်ယောင် က အသက် 19 နှစ်မပြည့်သေးဘူး...မင်းအရင်ဆုံး စေ့စပ်ဖို့တော့လိုတယ်"
လင်းရွှမ် : "ဟုတ်ပါတယ်...ကျွန်တော် သူမကို တန်းပြီးလက်ထပ်ချင်တယ်... ယောင်ယောင် နဲ့ ကျွန်တော်က တစ်ယောက်ကို တစ်ယောက် သိထားပြီးသားမို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး...ကျွန်တော်တို့ရဲ့လက်ထပ်စာချုပ်ပါ သဘောတူညီချက် စာရွက်စာတမ်းမှာ ယောက္ခထီးနဲ့ ယောက္ခမကိုလည်း လက်မှတ်ထိုးဖို့ အကူအညီတောင်းပါတယ်"
ဝေ့လင်း၏ မျက်နှာသည် တဖြည်းဖြည်း မှောင်လာကာ တစ်ခါမှ မပြောခဲ့သော ကြမ်းတမ်းသည့်လေသံဖြင့်...ပြောလာ၏။
"မင်းတို့ တိုက်ရိုက်လက်ထပ်ချင်ရင် ယောင်ယောင် နဲ့ ထိမ်းမြားလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမယ်...သူအရင်ဆုံးကွာရှင်းဖို့ ပြောရင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သဘောတူရမယ်... တာဝန်ခံရမယ်... ပြီးရင် ပိုင်ဆိုင်မှုကို သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းရမယ်...ဒီသဘောတူညီချက်က သူမ အသက် နှစ်ဆယ့်ငါးနှစ်အထိ တရားဝင်မယ်"
ဤသည်က မမျှတသည့် စာချုပ်တစ်ခုပင်။ တိုတိုပြောရလျှင် လင်းယောင်ယောင် အတွက် သူတို့လက်ထပ်ကြလျှင်တောင် လမ်းခွဲဖို့ အတင်းဆုံးဖြတ်ခိုင်းနေသလို ဖြစ်နေ၏။
စကားပြောပြီးနောက် ဝေ့လင်း သည် လင်းယောင်ယောင် ကို ထပ်မံကြည့်ရှုပြီး
"လင်းရွှမ် က ဒါကို လက်မှတ်ထိုးရမယ်... ဒါပေမယ့် မလိုအပ်ဘူးလို့ထင်ရင် လက်မှတ်မထိုးရင် ရပါတယ်"
လင်းရွှမ် က "ကောင်းပြီ ကျွန်တော် ကတိပေးပါတယ်"
မည်သို့ပင် ဖြစ်စေ၊လင်းယောင်ယောင် သည် သူတို့၏ အိမ်ထောင်ရေးကို ဘယ်သောအခါမှ နောင်တရစပြီး သူ့ကို စွန့်ခွာရန် စိတ်ကူးရှိမည်မဟုတ်ကြောင်း သူယုံကြည်သည်။
xxxxxx