ပထမဆုံးစာမေးပွဲပြီးနောက် ကျောင်းသားများသည် လူအုပ်ကြီးလိုက် ထွက်လာကြသည်။
မိဘများက သူတို့၏သားသမီးများထံသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကာ နွေးထွေးမှုနှင့် ဂရုစိုက်မှုတို့ကို ပေးရင်း အချင်းချင်း ပွေ့ဖက်ထားကြသည်။
ထိုကလေးများကမူ အချို့မှာ စိတ်အေးလက်အေးရှိပြီး အချို့မှာ လေးလံသော အမူအရာ ရှိနေကြကာ အချို့က ဂရုစိုက်ပုံမပေါ်ဘဲ အချို့က ငိုချတော့မည့်ဟန်ပေါ်သည်။
ဤလူများထဲတွင် ယန်ကျင်းဇီသည် အလွန်သိသာထင်ရှားနေသည်။
သူက အရပ်ရှည်သည်၊ ချောမောပြီး စတိုင်ကျကျ ဝတ်စားသည်။ အမြဲတမ်း သူ့ကြည့်ရတာ... သူ့အနားမှ ကျောင်းသားများနှင့် ဝေးကွာနေတတ်သည်။
ပိုအရေးကြီးသည်မှာ သူ့တွင် အပြုံးများသာ ရှိပြီး အလွန်စိတ်ကောင်းဝင်နေပုံပေါက်သည်။
အချို့မိဘများက သူ့ကို မြင်သောအခါ သူတို့က ထိုသူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များ အကြောင်းကို ဂရုမစိုက်သော ဆန်ကုန်မြေလေးတစ်ယောက် ဖြစ်မည်ဟု တိတ်တဆိတ် ခံစားလိုက်ရသည်။
အမှတ် ၁ အထက်တန်းကျောင်းသည် အဓိကအထက်တန်းကျောင်း ဖြစ်သော်လည်း အခြားသာမန်အထက်တန်းကျောင်းမှ ကျောင်းသားများသည်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် ဤနေရာသို့ ရောက်ရှိနေကြသည်...
ယန်ကျင်းဇီသည် အဖေယန်နှင့်အမေယန်စီသို့ တိုက်ရိုက်လျှောက်သွားသည်။
" အဖေ အမေ ဘာလို့ အပြင်မှာ စောင့်နေတာလဲ? " ယန်ကျင်းဇီက မေးသည်။
" ငါတို့ စိတ်မချဘူး။ " အဖေယန်နှင့်အမေယန်တို့က မေးရန် လျှောက်လာသည် : " မင်း ပင်ပန်းနေပြီလား? ဗိုက်ဆာနေလား? စားစရာက ဟိုတယ်မှာ အဆင်သင့်ဖြစ်နေပြီ။ မင်း အခု အဲ့ကိုသွားချင်လား? "
" အိုကေ! " ယန်ကျင်းဇီက ပြောသည်။ " အန်းရှိူ့လည်း ကျွန်တော်နဲ့ လိုက်လာလိမ့်မယ်။ အဆင်ပြေတယ်မလား? "
ချန်အန်းရှိူ့သည် ယန်ကျင်းဇီ၏နောက်သို့ လိုက်လာသည်။ အဖေယန်နှင့်အမေယန်တို့ကို တွေ့တော့ သူ နည်းနည်းစိတ်လှုပ်ရှားသွားသည် : " ဦးလေး၊ဒေါ်လေး။ "
အဖေယန်နှင့်အမေယန်တို့လည်း နည်းနည်းစိတ်လှုပ်ရှားသွားကြသည် : " ဟယ်လို အန်းရှိူ့။ ငါတို့ ကျင်းဇီ မင်းအကြောင်းပြောတာ ခဏခဏ ကြားဖူးတယ်။ " ဒါက သူတို့သား စဉ်းစားနေတဲ့ တရုတ်ဂေါ်ဖီထုပ်ပဲ...
" သွားရအောင်။ ထမင်းစားပြီး တစ်ရေးလောက် အိပ်ရဦးမယ်။ " ယန်ကျင်းဇီက စကားပြောသောအခါ သူက ချန်အန်းရှိူ့ကို စိုက်ကြည့်နေခဲ့သည်။ 'အိပ်' ဟူသော စကားလုံးကိုလည်း အလေးပေးဖိရွတ်သွားသည်။
ချန်အန်းရှိူ့ : " ... " သူ အရမ်းနေသားကျနေပြီ။ သူ ရှက်တယ်လို့တောင် မခံစားရတော့ဘူး!
အဖေယန်နှင့်အမေယန်တို့သည် သူတို့သားလေးတွင် အတွေးဆိုးများ ပြည့်နှက်နေမှန်း မသိဘဲ တစ်ခုခုမှားနေကြောင်းကိုလည်း သတိမထားမိကြသဖြင့် ကလေးနှစ်ယောက်ကို ခေါ်ပြီး ထွက်သွားခဲ့သည်။
ဤအချိန်တွင် အဖေယန်နှင့်အမေယန်တို့ထံတွင် ဖမ်းစားခံလိုက်ရသော မိဘများသည် ၎င်းတို့၏သားသမီးများကို မေးဘဲ မနေနိုင်ကြပေ : " မင်း အဲ့ဒီ့စုံတွဲအိုကြီးရဲ့သားကို သိလား? "
စုံတွဲအိုကြီး၏သားဖြစ်သူမှာ သူတို့စိတ်ကူးထားသလို မြို့ရဲ့ ပြတ်ပြတ်သားသား တစ်ဦးတည်းသော ဒုတိယအဆင့်ချိတ်သူ ယန်ကျင်းဇီအတိုင်း မဟုတ်ဘဲ သူ့အနားမှာ ပန့်ခ်ဆန်ဆန် အငွေ့အသက်တွေ ရှိနေတယ်လေ!
ခုနက အဲ့နှစ်ယောက် ပြောသွားတာတွေက လျှောက်ကြွားနေတာလည်း ဖြစ်နိုင်တယ်မလား?
မိဘများ တွေးနေစဉ် သူတို့၏သားသမီးများ ပြောတာကို ကြားလိုက်ရသည် : " အဲ့တာ ယန်ကျင်းဇီလေ! သူက ချန်အန်းရှိူ့ရဲ့နောက်က တစ်ယောက်ပဲ! သူတို့အမှတ်တွေက အရမ်းကောင်းတယ်။ သူတို့က လူသစ်စုဆောင်းတဲ့ထဲ ကြိုပါလို့ရပေမယ့် သူတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေချင်ကြတယ်။ "
ကလေးများသည် ချန်အန်းရှိူ့နှင့်ယန်ကျင်းဇီတို့အကြောင်း ပြောသောအခါ သူတို့တွင် လေးစားမှုအပြည့်ရှိကြနေပြီး နောက်ဆုံး ပြောလာသည် : " ယန်ကျင်းဇီရဲ့မိဘတွေက တအားချမ်းသာတယ်! သူတို့က ကျွန်တော်တို့ကျောင်းမှာအိပ်ဆောင်အသစ် ဆောက်ဖို့ ပိုက်ဆံလှူတယ်။ အိပ်ဆောင်အဟောင်းကိုလည်း အသစ်ပြန်ပြင်ဆောက်ပြီးတော့ လေအေးပေးစက်တွေ အပြည့်ဖြည့်ပြီးသွားပြီ။ ပြီးတော့ အခုဆိုရင် ကျွန်တော်တို့ရဲ့ စားပွဲတွေနဲ့ထိုင်ခုံတွေကိုပါ အသစ်ထပ်လဲထားတယ်။ စားပွဲအဟောင်းတွေနဲ့ ထိုင်ခုံအဟောင်းတွေက တကယ်တော့ အရမ်းသစ်နေသေးတာဆိုတော့ ကျောင်းက အဲ့တာတွေကို လှူလိုက်တယ်။ "
ကျောင်းကို တည်ဆောက်ထားသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ဒါပေမယ့် မနှစ်ကမှ ဒီကျောင်းကို အသစ်ပြန်ဖြစ်အောင် အထူးပြင်ဆောက်ထားခဲ့တာ!
စောင့်ကြည့်ရေးစနစ်တစ်ခုလုံးကိုပင် အဆင့်မြှင့်ပြင်ဆင်ထားပြီး အချို့သော အပိုထည့်သွင်းမှုများကြောင့် အသက်ငယ်ငယ် ချစ်သူစုံတွဲများ ကျောင်းတွင် တိတ်တဆိတ် ချိန်းတွေ့၍ လုံးဝမရနိုင်ဟု ပြောကြသည်...
မိဘများ : " ... " သူတို့ အရမ်းချဉ်တယ်လို့ ခံစားရတယ်!
မိဘများ အချဉ်ဓာတ်ခံစားနေရချိန်တွင် ယန်ကျင်းဇီနှင့် ချန်အန်းရှိူ့တို့သည် ထမင်းစားနေကြသည်။
အဖေယန်နှင့်အမေယန်တို့ စီစဉ်ထားသော အစားအသောက်များမှာ အလျှံအပယ်ပင်။ ချန်အန်းရှိူ့အား အံ့အားသင့်စေဆုံးအရာမှာ ဟင်းပွဲများသည် သူ့အကြိုက်ဆုံးဟင်းပွဲများ ဖြစ်နေခြင်း ဖြစ်သည်။
ချန်အန်းရှိူ့ ယန်ကျင်းဇီကို တစ်ချက်လှမ်းကြည့်လာသည်။
တစ်ဖက်တွင် ယန်ကျင်းဇီသည် ချန်အန်းရှိူ့ သူ့ကို လာကြည့်နေကြောင်း တွေ့သွားကာ ချန်အန်းရှိူ့ကို အသားတစ်ပိုင်း ထည့်ပေးသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲများကို စီမံလုပ်ဆောင်နေရသည့်အတွက် အထက်တန်းကျောင်းဆရာများဖြစ်သော ချန်အန်းရှိူ့၏မိဘများသည် အလွန်အလုပ်များနေကြသဖြင့် သူ့မိဘများနှင့် ချန်အန်းရှိူ့တို့ နေ့လယ်စာ အတူစားရန် သူ သူတို့နှင့် ဆွေးနွေးခဲ့ပြီး သူ့မိဘများကို ချန်အန်းရှိူ့ ကြိုက်နှစ်သက်သော ဟင်းပွဲများနှင့် ချန်အန်းရှိူ့ ကြိုက်လောက်သော ဟင်းပွဲများအား ပြင်ဆင်စေခဲ့သည်။
ချန်အန်းရှိူ့ နေ့လယ်စာကို သဘောကျသည်။
သို့သော် သူ ယန်ကျင်းဇီကို ပိုသဘောကျသည်။
နေ့လယ်စာ စားပြီးနောက် နှစ်ယောက်သား ခဏအနားယူကာ နေ့လယ်စာမေးပွဲအတွက် ကျောင်းသို့ သွားခဲ့ကြသည်။
ဝင်ခွင့်စာမေးပွဲ ပြီးသွားသောအခါ ကျောင်းသားအချို့က တောင့်မခံနိုင်တော့ဘဲ ငိုချကြသည်။ အခြားကျောင်းသားများမှာ အော်ဟစ်ကာ စာအုပ်များကို ဆွဲဖြဲကြ၏။ ဒါပေမယ့် ယန်ကျင်းဇီကတော့ ဘာကိုမှ လုံးဝ မခံစားရပေ။
သူသည် ချန်အန်းရှိူ့အား ဒိတ်လုပ်ရန် အိမ်ပြန်ခေါ်လာပြီး ချန်အန်းရှိူ့ကို မေးသည် : " အန်းရှိူ့၊ အနာဂတ်မှာ မင်း ဘာလုပ်ချင်လဲ? "
ဟိုးအရင်ကတည်းက အတူတူ တက္ကသိုလ်တက်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပြီးပြီဖြစ်သော်ငြား အနာဂတ်မှာ သူတို့ ဘာလုပ်ချင်လဲ ဆိုတာ သူတို့ မပြောရသေးချေ။
ချန်အန်းရှိူ့၏မျက်ဝန်းများမှာ တောက်ပနေသည် : " ငါ သိပ္ပံသုတေသန လုပ်ချင်တယ်။ "
ချန်အန်းရှိူ့သည် သူ့အနာဂတ်အကြောင်း အများကြီး စဉ်းစားထားခဲ့သည်။
ယန်ကျင်းဇီ၏မိသားစုက ချမ်းသာလွန်းသည်။ သူ စီးပွားရေး လေ့လာရမလား အခြားတစ်ခုခု လေ့လာရမလား ဆိုတာ သူ စဉ်းစားခဲ့သည်... သူ့တွင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်ပြီး သူ သေချာသင်ယူမည်ဆိုလျှင် အနာဂတ်တွင် သူ သေချာပေါက် အလုပ်ကောင်းကောင်းတစ်ခု ရှာနိုင်မည်ဖြစ်ကာ ပိုက်ဆံပိုရှာနိုင်လာမည်ဟု ယုံကြည်သည်။
သို့သော် သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ သူ စီးပွားရေးကို လေ့လာပြီး ပိုက်ဆံပိုရှာနိုင်သည်ဆိုလျှင်တောင်မှ သူ ယန်ကျင်းဇီ၏မိသားစုထက် ပိုက်ဆံပိုမရှာနိုင်ပေ။ ထို့အပြင် သူသည် လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ညံ့ဖျင်းလေရာ အမှန်ဆို ဤသို့သော အလုပ်မျိုးနှင့် သူ မသင့်လျော်ချေ။
အဲ့အစား... သူသည် ကလေးဘဝကတည်းက သိပ္ပံပညာရှင်တစ်ဦး ဖြစ်ချင်ခဲ့သည်။
ချန်အန်းရှိူ့သည် စိုးရိမ်တကြီးဖြင့် ယန်ကျင်းဇီအား ကြည့်သည်။ " စိတ်မပူပါနဲ့။ အလုပ်အရမ်းရှုပ်တဲ့ သုတေသနခန်းကို ငါ မရှာဘူး... "
ယန်ကျင်းဇီသည် သူနှင့် အချိန်ဖြုန်းရန် အမြဲတမ်း စိတ်ကူးယဉ်နေလေရာ သူ အလုပ်အရမ်းရှုပ်၍မဖြစ်ပေ...
ချန်အန်းရှိူ့ စိတ်ပူနေစဉ် သူ ယန်ကျင်းဇီ ပြောတာ ကြားလိုက်ရသည် : " ကောင်းလိုက်တာ! ကိုယ်လည်း သိပ္ပံသုတေသန လုပ်ချင်တယ်! "
ချန်အန်းရှိူ့ ယန်ကျင်းဇီကို တအံ့တဩ ကြည့်လိုက်သည် — ယန်ကျင်းဇီက သူ့မိဘတွေရဲ့ကုမ္ပဏီကို လက်လွှဲယူမှာ မဟုတ်ဘူးလား?
ယန်ကျင်းဇီက ဆိုသည် : " ကိုယ် ကုမ္ပဏီတွေကို စီမံခန့်ခွဲဖို့ စိတ်မဝင်စားဘူး။ သိပ္ပံသုတေသန လုပ်တာ ပိုကောင်းတယ်။ ကိုယ့်မှာ ဒီလို ဉာဏ်ကောင်းတဲ့ခေါင်းနဲ့ IQ မြင့်မြင့် ရှိနေတာ။ ကိုယ် မဖြုန်းတီးသင့်ဘူး! "
သူ့မိဘများ၏ကုမ္ပဏီကို လက်လွှဲယူရန် စိတ်ကူး သူ့တွင် တကယ်မရှိပေ။ ထို့ပြင် မူလပိုင်ရှင်၏မှတ်ဉာဏ်များမှ အကျိုးသက်ရောက်မှုကြောင့် ဟုတ်၊မဟုတ် သူ မသိသော်လည်း သူ ကုမ္ပဏီတစ်ခုကို စီမံပြီးပြီဟု သူ အမြဲခံစားရသည်။
လုပ်ပြီးသား တစ်ခုခုကို ဘာကြောင့် လုပ်ရမှာလဲ? သူ တခြားတစ်ခုကို လုပ်ချင်သည်။
ပိုအရေးကြီးသည်မှာ ချန်အန်းရှိူ့က သိပ္ပံသုတေသန လုပ်ချင်သည်။
သူက ချန်အန်းရှိူ့နဲ့ တနေကုန် အတူရှိနေချင်တာ ဆိုတော့ သူလည်း သိပ္ပံသုတေသန လုပ်သင့်တာပေါ့!
ယန်ကျင်းဇီ၏စကားများကို ကြားလိုက်ရသောအခါ ချန်အန်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်နေရင်း သူ့နှလုံးခုန်သံက ပိုပိုပြီးမြန်လာသည်ကိုသာ ခံစားနေရသည်။
တကယ်တော့ ယန်ကျင်းဇီက ယန်မိသားစု၏ကုမ္ပဏီကို လက်လွှဲယူလိမ့်မည်မှန်း သူ စဉ်းစားမိသောအခါ သူ မလွဲဧကန် အနည်းငယ် စိုးရိမ်မိသည် — ယန်ကျင်းဇီ ကုမ္ပဏီကို လက်လွှဲယူပြီးနောက် သူက လက်ထပ်ပြီး ကလေးယူရန် လိုအပ်လိမ့်မည်လား?
ဒါပေမယ့် အခု ယန်ကျင်းဇီက ကုမ္ပဏီကိုတောင် မလိုချင်တော့ဘူးဆိုတော့ သူ့မိဘတွေ ဖိအားမပေးနိုင်တော့ဘူးမလား?
အနာဂတ်တွင် သုတေသနဌာနသို့ တကယ်ဝင်ရောက်သွားသောအခါ ယန်ကျင်းဇီ အိမ်ထောင်ပြုရန် နောက်ကျသည်မှာ ကိစ္စကြီးကြီးမားမား ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ချန်အန်းရှိူ့သည် ဤသို့တွေးမိသည့်အတွက် သူက အနည်းငယ် စက်ဆုပ်ဖွယ်ကောင်းသည်ဟု ခံစားခဲ့ရပြီး ယန်ကျင်းဇီ၏မိဘများအတွက် အားနာမိသည်ဟုလည်း ခံစားခဲ့ရသည်။ သို့သော်ငြား သူ တကယ် ပျော်သည်။
ချန်အန်းရှိူ့က ယန်ကျင်းဇီကို အရင်စနမ်းခဲ့သည်။ မဟုတ်ဘူး၊ နမ်းရုံတင် မဟုတ်ဘဲ တကယ့်အနမ်း၊ လေးနက်သော အနမ်းတစ်ခု ဖြစ်သည်။
" သားရေ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားပြီ။ မင်း ခရီးထွက်ချင်လား? အဖေ မင်း ဒီနောက်ပိုင်း ချန်အန်းရှိူ့နဲ့ အဆင်ပြေနေမှန်း သတိထားမိတယ်။ မင်း သူ့ကို မင်းနဲ့ ခရီးအတူထွက်ဖို့ မေးသင့်တယ်။ ဒါဆို မင်း အမိဖမ်းနိုင်ရင် ဖမ်းနိုင်မှာ... " အဖေယန်သည် ရေလမ်းအပျော်ခရီးတစ်ခုအတွက် လက်မှတ်နှစ်စောင်နှင့်အတူ သူ့သားစီ လာခဲ့သည်။
သူ သူ့သားအတွက် သေချာပြင်ပေးထားတယ်! အပျော်စီးသင်္ဘောတွေမှာ ဇိမ်ခံစုံတွဲအခန်းတစ်ခန်း အထူးကြိုမှာထားတာ!
သူ့သားက သူ့အချစ်ကို ဝန်ခံဖို့ အပျော်စီးသင်္ဘောပေါ် ရောက်တဲ့အထိ စောင့်လိုက်မယ်ဆိုရင် ချန်အန်းရှိူ့ ထွက်ပြေးချင်ရင်တောင် ပြေးစရာနေရာ မရှိတော့ဘူး!
သူ့သားကို ရည်းစားစကားပြောရာတွင် အတွေ့အကြုံအနည်းငယ် သင်ပေးတော့မည့် အဖေယန်သည် သူ စကားပြောနေရင်း တံခါးကို ဖွင့်လိုက်ပြီးနောက် ကလေးနှစ်ယောက်က ပွေ့ဖက်နမ်းရှုပ်နေတာကို သူ တွေ့လိုက်ရသည်။
" ... " အဖေယန်က ကိုးရိုးကားရား ပြုံးသည် : " မင်း လိုက်နိုင်သွားပြီပဲ... မင်းတို့ ဟန်းနီးမွန်းခရီး သွားချင်လား? "
" ဟုတ်! " ယန်ကျင်းဇီက လက်မှတ်ကို ယူလိုက်သည်။
လက်ပူးလက်ကြပ် အမိခံရလိမ့်မည်ဟု ချန်အန်းရှိူ့ မမျှော်လင့်ထားပေ။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ တောင့်တင်းမှုကို ခံစားလိုက်ရပြီးနောက် တစ်ခုခု မှားနေမှန်း သူ သတိထားမိသွားသည်။
နေဦး၊ ဘာလို့ ယန်ကျင်းဇီရဲ့အဖေက လုံးဝ မအံ့ဩတာလဲ? ဘာကြောင့် သူက "မင်း လိုက်နိုင်သွားပြီပဲ" လို့ ပြောရတာလဲ?
ချန်အန်းရှိူ့သည် ထိုသို့တွေးရင်း သူ့တစ်ကိုယ်လုံးက ပိုမိုတောင့်တင်းလာသည်။ အဖေယန်သည် သူ့ကို ထိုကဲ့သို့မြင်လိုက်ရသောအခါ ဘာကြောင့်မှန်းမသိ အပြစ်ရှိသလို ခံစားလိုက်ရသည်။
ချန်အန်းရှိူ့ ဒီလိုဖြစ်နေပုံနဲ့ဆိုရင် သူ့သားက အမိမဖမ်းနိုင်သေးဘဲနဲ့ အဲ့အစား ဖြစ်နိုင်တာ... သူက အတင်းနမ်းခိုင်းနေတာများလား?
ဒါကိုတွေးမိတော့ အဖေယန်က ချန်အန်းရှိူ့အား ကြင်နာစွာ ပြုံးပြသည် : " အန်းရှိူ့ တကယ်တော့ ငါတို့အိမ်ရဲ့ကျင်းဇီလေးကလည်း တော်တော်ကောင်းပါတယ်... "
ချန်အန်းရှိူ့ ခေါင်းညိတ်လိုက်သည် : " သူက ကောင်းပါတယ်။ "
" ဒါဆို မင်းတို့တွေ စကားကောင်းကောင်းပြောကြ။ ငါ အရင်သွားတော့မယ် ဟားဟား... " အဖေယန်က ချက်ချင်း ထွက်သွားသည်။
အဖေယန် ထွက်သွားသောအခါ ချန်အန်းရှိူ့က ယန်ကျင်းဇီကို လှမ်းကြည့်သည် : " မင်း... မင်းမိဘတွေကို ဟိုးအရင်ကတည်းက ပြောပြထားခဲ့တာလား? "
" ကိုယ် မင်းကို လိုက်နေတာလို့ ကိုယ် သူတို့ကို ပြောခဲ့တယ်။ " ယန်ကျင်းဇီက ကိုးရိုးကားရား ပြုံးကာ အနည်းငယ် စိုးရိမ်နေသည် — ချန်အန်းရှိူ့ စိတ်ဆိုးနေလား?
သူ ဤကိစ္စကို ချန်အန်းရှိူ့ မသိအောင် ဖုံးကွယ်ထားခဲ့သည်...
သူ သူတို့၏ခံစားချက်များအကြောင်း လူသိမခံနိုင်သော်လည်း သူ၏ချန်အန်းရှိူ့အတွက် ချစ်မြတ်နိုးမှုကိုတော့ မဖုံးကွယ်ထားချင်ပေ။ ထို့ကြောင့် သူ ချန်အန်းရှိူ့၏ သူ့အတွက် အချစ်များကို ဖုံးကွယ်ထားခွင့်ပြုလိုက်သည်...
ချန်အန်းရှိူ့ စိတ်မပျော်တာ မဟုတ်ပေ။ ဤအချိန်မှာတောင် သူ့နှလုံးသားလေး ပြည့်နှက်နေသည်ဟု သူ ခံစားနေရသည်။
ချန်အန်းရှိူ့ ယန်ကျင်းဇီကို အရင်စနမ်းလိုက်ပြန်သည်။
ဤအချိန်တွင် အဖေယန်နှင့်အမေယန်တို့ စိတ်ပူနေကြသည်။
" ချန်အန်းရှိူ့မှာ မျက်နှာပါးပါး ရှိလောက်တယ်။ သူတို့ ဖွင့်ပြောနေတုန်း ငါက သူတို့နဲ့ သွားတိုးတာ သူ စိတ်ဆိုးမယ်လို့ မင်း ထင်လား? "
" ငါ တကယ် မသိဘူး... ပြီးတော့ သူ့ကို ကျင်းဇီက ဖိအားပေးတာလည်း ဖြစ်နိုင်တယ်။ "
" ကျင်းဇီက သူ့ကို အနိုင်ကျင့်မှာလား? "
" အာ... "
…
အဖေယန်နှင့်အမေယန်တို့ စိုးရိမ်နေကြစဉ် ယန်ကျင်းဇီက ချန်အန်းရှိူ့၏လက်ကို ကိုင်ကာ အောက်ထပ်သို့ ဆင်းလာသည်ကို သူတို့ တွေ့လိုက်ရသည်။
ချန်အန်းရှိူ့၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိသေးသော်လည်း သူတို့သား၏လက်မှ ရုန်းမထွက်သွားခဲ့ချေ။
အဖေယန်နှင့်အမေယန်တို့နှစ်ယောက်စလုံး အံ့ဩသွားခဲ့ကြသည်။ ခဏအကြာတွင် အဖေယန်က တုံ့ပြန်ပြီး ဆိုသည် : " အန်းရှိူ့ လာစားလေ။ "
" ဟုတ်။ " ချန်အန်းရှိူ့ ခေါင်းငုံ့ပြီး ထိုင်လိုက်သည်။
ချန်အန်းရှိူ့သည် ယန်ကျင်းဇီကို ရွံရှာပုံ လုံးဝ မပေါ်ပေ။ အဖေယန်က မမေးဘဲ မနေနိုင်တော့ : " အန်းရှိူ့၊ မင်းတို့ တွဲနေကြတာလား? "
ချန်အန်းရှိူ့ ခေါင်းညိတ်ခဲ့သည်။
အဖေယန်က ဆက်ပြောသည် : " ကောင်းတယ်... ကျင်းဇီ၊ မင်း သူ့ကို အနိုင်မကျင့်ရဘူး။ မင်း သူ့ကို ကောင်းကောင်းဆက်ဆံရမယ်နော် ဟုတ်ပြီလား? "
" ကျွန်တော် အန်းရှိူ့ကို လုံးဝ အနိုင်မကျင့်ပါဘူး! " ယန်ကျင်းဇီက ဆိုသည်။
ချန်အန်းရှိူ့ကလည်း ဆိုသည် : " ယန်ကျင်းဇီက ကျွန်တော့်ကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ "
နှစ်ယောက်စလုံးက တစ်ချိန်တည်းနီးပါး ပြောခဲ့ကြသည်။ စကားပြောပြီးနောက် ချန်အန်းရှိူ့ အနည်းငယ်ရှက်သွားပြီး အဖေယန်ကို ပြုံးပြခဲ့၏။
နှင်းများနှင့် ရေခဲများ အရည်ပျော်သွားသောအခါ ရှက်ရွံ့နေသော ချစ်စရာလေးတစ်ယောက်သာ ကျန်နေခဲ့သည်။
အဖေယန်သည် ခဏတာ အံ့အားသင့်သွားပြီး အမေယန်၏ မျက်လုံးများ တောက်ပလာသည်။
ယန်ကျင်းဇီသည် ငယ်စဉ်ကလေးဘဝကတည်းက ပြဿနာရှာခဲ့ပြီး ယခုအခါ အဆုံး၌ သူက အသိတရားရှိလာသော်လည်း အမှန်တကယ်တော့ သူသည် တစ်ခါတစ်ရံတွင် ရိုက်ချင်စရာကောင်းနေဆဲ ဖြစ်သည်။
သူ(မ)သည် ကောင်းမွန်စွာ ပြုမူတတ်သော ကလေးတစ်ယောက်ကို အမြဲတမ်း လိုချင်နေခဲ့သည်။
ဒီလိုမျိုး ရှက်ရွံ့စွာ ပြုံးနေတဲ့ ချန်အန်းရှိူ့၊ သူ(မ)ရဲ့ စိတ်ကူးယဉ်သားလေးက သူ(မ)နဲ့ မဝေးတော့ဘူး!
သို့သော် ယန်ကျင်းဇီက အနည်းငယ် စိတ်ပျက်သွားသည်။
သူ့ချစ်စရာလေးရဲ့ အပြုံးလေးကို သူများတွေ မြင်သွားပြီ!
အဖေယန်နှင့်အမေယန်သည် ယခင်က ချန်အန်းရှိူ့နှင့် အနည်းငယ်သာ အဆက်အသွယ်ရှိခဲ့ပြီး ချန်အန်းရှိူ့၏ အေးစက်သော မျက်နှာကိုသာ မြင်ဖူးကြသည်... ယခုတော့ သူတို့ သဘောပေါက်သွားသည်... ချန်အန်းရှိူ့သည် သူတို့ ထင်ထားသည်နှင့် အမှန်တကယ် ကွဲပြားသည်။
ဒီကလေးက တစ်ခါတလေ အေးတိအေးစက် ဖြစ်နေတာ စိတ်ဆိုးနေလို့မဟုတ်ဘဲ ရှက်နေလို့ မဟုတ်ရင် ဘာလုပ်ရမှန်း မသိလို့ပဲ!
ချစ်စရာလေး!
ပြီးတော့ သူတို့သားက သူ့ကို ထပ်ခါတလဲလဲ စားပြီးသွားတဲ့ပုံပဲ...
အဖေယန်နှင့်အမေယန်တို့သည် ချန်အန်းရှိူ့အား အမြဲတမ်း အလွန်ချစ်ခင်ခဲ့ကြသည်။
ချန်အန်းရှိူ့သည် ယန်မိသားစု၏အိမ်တွင် နေ့လယ်စာ စားပြီးနောက် ညစာစားရန် ယန်ကျင်းဇီကို သူ့အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
ထမင်းစားနေစဉ် ချန်အန်းရှိူ့က ပြောသည် : " အဖေ၊ အမေ၊ ကျွန်တော်နဲ့ယန်ကျင်းဇီ အတူရှိနေကြပြီ။ "
သူ့မိဘများက ဒါကို အမြဲဆန့်ကျင်ခဲ့ကြသည်။ သူတို့ ခွင့်ပြုပါ့မလား မသိဘဲ ထို့အပြင် ယန်ကျင်းဇီလည်း ရှိသေးသည်... သူ ယန်ကျင်းဇီကို ဤအကြောင်း မပြောရသေးဘဲ ယန်ကျင်းဇီ အံ့ဩသွားမလား ဆိုတာလည်း သူ မသိသေး...
ယန်ကျင်းဇီက သူ့မိဘများကို နည်းနည်းကြောက်ပုံ ပေါ်သည်...
အဖေချန်နှင့်အမေချန်တို့က အမူအရာကင်းမဲ့နေကြသည် : " အိုး " အချိန်တကယ်ကျလာပြီပဲ။
ယန်ကျင်းဇီက ချန်အန်းရှိူ့အတွက် အသားပိုင်းတစ်ပိုင်း ထည့်ပေးလိုက်သည် : " ကိုယ့်အချစ်လေး အသားများများပိုစား။ "
ချန်အန်းရှိူ့ : " ... " သူတို့ အရမ်းတည်ငြိမ်လွန်းမနေဘူးလား?!