Chapter 183 (Extra 3)
(ဟန်းနီးမွန်းခရီးနှင့် ပေါင်မုန့်နှစ်လုံး)
နောက်တစ်နေ့ နိုးလာသောအခါတွင် လင်းယောင်ယောင်သည် နာကျင်နေသောခါးကို ကိုင်လိုက်သည်။ သူမ ကောင်းကောင်း အိပ်မပျော်သေးဟုလည်း ခံစားမိသည်။ယခုက ဗိုက်ဆာ၍ နိုးလာခြင်းပင်။
နေ့လည် လေးနာရီ ထိုးနေပြဖြစ်ပြီး ရုတ်တရက် သူမ တစ်ကိုယ်လုံး နေမကောင်း သလို ခံစားလိုက်ရသည်။သူမ၏ S အဆင့် ကိုယ်လုံးကိုယ်ပေါက်မှာ အဆင့်နိမ့်ကျသည့်အထဲမပါပေ။ ကြယ်တာရာခေတ်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဆေးဟင်းရည်အပြင် ကြွက်သားပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် ဖြန်းဆေးလည်း ရှိသည်။ သို့သော်၊ မျှတမှုမရှိသူကို အပြစ်တင်ရမှာ အမှန်ပင်ဖြစ်သည်။
စာကြည့်ခန်းထဲရှိ၊ လင်းရွှမ် သည် လင်းယောင်ယောင် နိုးလာသည်ဟု သတင်းရပြီးနောက် ကြက်ဥနှင့်အသားလွှာ ဂျုံယာဂုကို ယူလာခဲ့သည်။ယာဂုကို သူကိုယ်တိုင်ချက်ထားခြင်းပင်။
လင်းယောင်ယောင် ၏ လမ်းညွှန်မှုအောက်တွင် ယခု ဗိုလ်ချုပ်လင်း၏ ဟင်းချက်ကျွမ်းကျင်မှုမှာ ထူးထူးခြားခြားဟု ယူဆနိုင်သော်လည်း လင်းယောင်ယောင် သာလျှင် သူလုပ်ထားသော အစားအစာကို စားရလောက်အောင် ကံကောင်းသူဖြစ်သည်။
"ယာဂုတစ်ပန်းကန်နဲ့ ငါ့ကို ဝယ်နိုင်မယ်လို့ မထင်နဲ့"
လေသံမာမာဖြင့်ပြောနေပုံက ခုတင်ပေါ်က သူတစ်ယောက် ပြောနေသည်ဟု မထင်ရပေ။
လင်းရွှမ် သည် ကုတင်ဘေးတွင်ထိုင်ကာ ဂျုံယာဂုကို သူမအား တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးနေ၏။
"ကောင်းပြီလေ... စားပြီးရင် ခါးကို နှိပ်ပေးမယ်"
ယာဂုစားပြီးနောက် လင်းယောင်ယောင်၏ ခါးသည် ပြန်၍ နာကျင်လာရသည်။
ယခုမှ အသားစစားသည့် လူပျိုကြီးက အတော်ကို ကြောက်စရာကောင်းလှ၏။သူမ ငိုယိုပြီး တောင်းပန်းသော်လည်း သူ့ကို ပိုပြီးစိတ်အားထက်သန်သလို ဖြစ်နေကာ အသုံးမဝင်ပေ။ ဤသူသည် သူမကို စားရုံသာမက စိတ်ပိုင်းဆိုင်ရာနယ်ပယ်ချင်းလည်း ဆက်နွယ်ဖို့တွန်းအားပေးနေသဖြင့် သူမမှာ privacy လုံးဝမရှိတော့ပေ။
ကြွက်သားသက်သာ ဆေးဖြန်းခြင်းသည် ပြန်လည်နာလန်ထူရန် နှေးကွေးလွန်းသဖြင့် လင်းရွှမ်က သူမ သီးသန့်အသုံးပြုရန်အတွက် အခန်းတွင်းရှိ ဆေးဘက်ဆိုင်ရာအခန်းကို ပြင်ဆင်ခဲ့သည်။ ဆေးကုသခန်းတွင် ထိပ်တန်း အာဟာရများပါဝင်သည့် ပြုပြင်ရေး အရည်များ ထားရှိသည်။ တစ်စက်ချင်းစီသည် ရွှေကဲ့သို့စျေးကြီးပြီး လူ့ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေသို့ အမြန်ပြန်ကောင်းလာအောင် ကူညီပေးနိုင်သည်။ ငါးမိနစ်လောက် အိပ်ပြီး ထွက်လာရုံနှင့် ဘာမှမဖြစ်ခဲ့သလိုပင် လူကောင်းပကတိ ဖြစ်သွားမည်ဖြစ်သည်။
လင်းယောင်ယောင် ၏ တစ်ကိုယ်လုံး အားမရှိကာ နုံးချိနေရ၏။အခြားသူများဆိုပါက၊ ဒဏ်ရာပြင်းထန်စွာ မရရှိထားလျှင် ဆေးကုသခန်းသို့ ဝင်ခွင့်မပြုဘဲ သာမန် အာဟာရ ပြုပြင်ရေး အရည်များကိုသာ သုံးကြရသည်။သူမကမူ၊ ရှက်စရာကောင်းသော အဖြစ်ကြောင့် ဆေးကုသခန်းနှင့် ထိပ်တန်းအဆင့် အာဟာရ ပြုပြင်ရေးဆေးရည်ကို အသုံးပြုခဲ့သည်။
အိမ်ထောင်ရေးရဲ့ အဓိပ္ပါယ်က အိပ်ယာပေါ်က လေ့ကျင့်ခန်းလုပ်တာကိုပဲ ပြောချင်တာလား...
သူမတို့ ယခုလိုမျိုး ဆက်သွားဖို့ လင်းရွှမ်ကို ခွင့်မပြုနိုင်ပေ။
နောက်နေ့ရောက်သောအခါ လင်းယောင်ယောင်သည် လင်းရွှမ်ကို အပြင်ထွက်ဖို့ တိုက်တွန်းလိုက်သည်။ကံကောင်းစွာနှင့်၊ သူက သဘောတူပြီး သုံးရက်မြောက်သောနေ့ နံနက်တွင် နှစ်ဖက်မိဘများနှင့် သက်ကြီးရွယ်အိုများအား တွေ့ဆုံရန် သူမအား ပြန်ခေါ်သွားခဲ့သည်။ ဝေ့မိသားစုအိမ်မှာ မနက်စာစားပြီး လင်းမိသားစုအိမ်မှာ နေ့လည်စာစားကြသည်။
သူမသည် သူငယ်ချင်းများဖြစ်သော 012 ၊ 168 တို့နှင့် နေ့လည်စာစားချင်သော်လည်း လင်းရွှမ်က တားမြစ်ထားသဖြင့် 012 နှင့် 168 တို့မှာ အလွန်မကျေမနပ်ဖြစ်ခဲ့ရသည်။
သူတို့မပါဘဲ စားရခြင်းက ကောင်းမည်ဟု လင်းရွှမ် ထင်မိသည်။ ဟိုတစ်ချိန်ကလည်း သူ ထိုသတ္တဝါများကို သတိပေးခဲ့ဖူးသည်။ယောင်ယောင်သည် သူနှင့်အတူ လက်ထပ်တော့မည်ဖြစ်၍ သူမကိုယ်တိုင် ထမင်းဟင်းချက်ကျွေးမှာ မဟုတ်ဆိုသည့် အကြောင်းပင်။
ယခုအခါ 168 သည် အရှင်သခင် အင်ပါယာတွင် အချိန်အတော်ကြာနေနိုင်လာပြီး အိမ်မွေးတိရစ္ဆာန် အလင်းပြဦးနှောက်ကို ရရှိထား၍ သူ၏ အသိဥာဏ်ကို အဆက်မပြတ် အပ်ဒိတ်လုပ်တတ်သည်။ ထို့ကြောင့် 168 သည် ယခင်ကလို လင်းယောင်ယောင် နှင့် တပူးတွဲတွဲမနေတော့ပေ။
နေ့လည်စာစားပြီးနောက် လင်းယောင်ယောင် သည် အနည်းငယ် အိပ်ငိုက်နေသော်လည်း လင်းရွှမ် က တစ်ရေးအိပ်ခိုင်းသောအခါ သူမ အမြန်ငြင်းလိုက်သည်။သူ့စကားသံမှာ ချိုမြိန်၍ သာယာနာပျော်ဖွယ်ကောင်းသော်လည်း တစ်ကယ်တမ်းတွင် အန္တရာယ်များပါရှိသည်။
"ဟန်းနီးမွန်းခရီးထွက်လာရင် သူများတွေလည်း တစ်နေကုန် စား၊ သောက်၊ အိပ် ဒီလိုပဲ လုပ်နေကြတာလား...ညီမလေးကတော့ အပြင်ထွက်ပြီး လမ်းလျှောက်ရမယ်"
လင်းရွှမ် က ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ကိုယ်က ဟန်းနီးမွန်းခရီးသပ်သပ်ကို စီစဉ်ပြီးပြီ...မင်းက မစောင့်နိုင်ဘူးဆိုတော့ အခုပဲ သွားရအောင်"
ဟန်းနီးမွန်းခရီး ထွက်ရမည်ဟု ကြားရသောအခါ သူမ ဝမ်းသာသွားရပြီး ဘယ်တော့သွားမလဲဟု မေးလိုက်သည်။ သူက သူမ နှာခေါင်းလေးကို ညှစ်လိုက်ရင်း
"မင်းလည်း အရမ်းရောက်ချင်တဲ့နေရာမျိုးပါ...ဟိုရောက်ရင် မင်းသေချာပေါက် သဘောကျလိမ့်မယ်"
"ဒါဆို Green Star မဟာမိတ်လား"
လင်းရွှမ် - "ဟိုက ကြယ်တွေရဲ့ သြဒိနိတ်တွေကို ကိုယ့်ယောက္ခမကို တောင်းထားတယ်...မြန်မြန်ရောက်ချင်ရင် မင်းကို အာကာသခုန်ပျံနည်းစနစ်နဲ့ တိုက်ရိုက်ခေါ်သွားလို့ရတယ်...ဒါမှမဟုတ် ကြယ်ပင်လယ်ကြီးကို ကြည့်ပြီး ရှုခင်းလေးခံစားချင်ရင်တော့ အာကာသယာဉ်တစ်စင်းနဲ့ အဲဒီနေရာကို ပျံသန်းသွားနိုင်တယ်... ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"
မရင်းနှီးသော ထိုနေရာမှာ အဝေးတွင်ရှိနေသည့်အတွက် လင်းရွှမ် ၏ အာကာသခုန်ပျံခြင်းစနစ်ဖြင့် သွားပါက အလွန်ပင်ပန်းလှမည်ဖြစ်သည်။ ချန်နယ်အတွင်း မတည်ငြိမ်မှုနှင့် အန္တရာယ်အချို့လည်း တွေ့ကြုံနိုင်သည်။ထို့ကြောင့် သူမ ခဏလောက်စဉ်းစားပြီး
"အရမ်းလည်း မြန်စရာမလိုဘူးဆိုတော့ အချိန်ယူရအောင်"
မထွက်ခင်မှာ နှစ်ယောက်သား ပြင်ဆင်မှုများကို နှစ်ရက်ကြာ လုပ်ရသည်။ ချမ့်ယောင် က လင်းယောင်ယောင် ကို သတိထားရမည့် အချက်များအပြင်သူမ၏ အဘွားဆီ ယူသွားပေးဖို့ လက်ဆောင်များလည်း ပေးလိုက်၏။
Green Star မဟာမိတ် နှင့် လူသားကြယ်ပွင့်နယ်မြေသည် အလွန်ခရီးဝေးသည်။ ၎င်းတို့သည် နဂါးငွေ့တန်းတစ်ခုတည်းတွင်ရှိသော်လည်း ရောက်ရှိရန် တစ်လ၊ နှစ်လကြာမည်ဖြစ်သည်။ ဖြတ်သန်းသွားရန် အနည်းဆုံး SS အဆင့်မြှင့်ထားသော အာကာသယာဉ် လိုအပ်ပြီး ဖရိုဖရဲဖြစ်နေသည့် ကြယ်ခါးပတ်ကို ဖြတ်သန်းရမည်ဖြစ်သည်။
ချမ့်ယောင် သည် သူမ၏ ဇာတိမြေကို ပြန်သွားချင်သော်လည်း ဝေ့လင်းနှင့် သားနှစ်ယောက်ကို ထားခဲ့ဖို့ မဖြစ်နိုင်ချေ။ ဝေ့လင်း သည် ဆူးတပ်ဖွဲ့ကို ယခုမှ သိမ်းပိုက်ထားပြီးကာစဖြစ်၍ အပြင်ထွက်မရသောကြောင့် သူ့သမီးကို အခြေအနေအရင်သွားကြည့်ရန် ပြောခဲ့သည်။
လင်းယောင်ယောင် သည် သူမ၏ ရွေးချယ်မှုကို မကြာမီ နောင်တရခဲ့သည်။သူမနှင့် လင်းရွှမ် တို့၏ ပိုမြန်သော ညလူသားဗားရှင်းအသစ်မှာ လူငါးဆယ်၊ခြောက်ဆယ်သာ ဆံ့သည်။ သူတို့နှစ်ဦးအပြင် လင်းရွှမ် သည် အစားအသောက်ကုထုံးပညာရှင် အနည်းငယ်နှင့် လူဆယ်ယောက်ပါအစောင့်အဖွဲ့ကိုသာ ခေါ်လာခဲ့သည်။
သို့သော်၊သူက အစားပဲစား၍ ဂိမ်းထိုင်ဆော့တတ်သော 012 နှင့် 168 ကို ခေါ်လာခွင့်မပြုခဲ့ပေ။ သူတို့ရှိနေသရွေ့ လင်းယောင်ယောင်က သူတို့ကိုသာ အာရုံစိုက်ပြီး သူ့ကို ပစ်ထားမှာ သေချာ၏။ ထို့ကြောင့် ဤအရှုပ်ထုပ်နှစ်ယောက်ကို ထားခဲ့ပြီး နှစ်ယောက်တည်း ကြည်နူးခွင့်ရရန် တောင်းဆိုထားသည်။
မည်သို့ပင်ဆိုစေ၊ လင်းရွှမ်သည် Green Star မဟာမိတ် ၏ ကိုဩဒိနိတ်များအား 168 အတွက် ထားခဲ့သေးသည်။ 168သာ တစ်ကယ်လိုက်လာချင်ပါက၊ သူက အတင်းတားဆီးထားမှာမဟုတ်ဟု ဆိူလိုခြင်းပင်။ ထို့အပြင် 168 တစ်ဦးတည်းသပ်သပ်လိုက်လာလျှင် သူတို့ဇနီးမောင်နှံကိုလည်း နှောင့်ယှက်နိုင်မည် မဟုတ်တော့ပေ။
လင်းယောင်ယောင် သည် အာကာသယာဉ်ပေါ်တွင် အချိန်အများစုကို လင်းရွှမ်၏ ကပ္ပတိန်အခန်း၊ စောင့်ကြည့်ခန်း၊ ကွပ်ကဲရေးအခန်း၊ ကိုယ်ပိုင်ထမင်းစားခန်းနှင့် သီးသန့် မီးဖိုချောင်ထဲတွင်ပင် အချိန်ဖြုန်းနေသောကြောင့် အာကာသယာဉ်ပေါ်ရှိ တခြားသူများကို မတွေ့ဖြစ်ပေ။
လင်းရွှမ် အနှစ်သက်ဆုံးအရာက လုပ်ငန်းတစ်ခုခုလုပ်ရင်း ခပ်လှမ်းလှမ်းက လှပသည့် ကြယ်ပင်လယ်ကို ကြည့်နေရခြင်းပင်။ သူတို့ နှစ်ဦး အိပ်ရာပေါ်တွင် လေ့ကျင့်ခန်းများ လုပ်နေရင်း အပြင်ကိုလှမ်းကြည့်ပါက၊ လှပသော ကြယ်ပင်လယ်ကို ပိုမိုခံစားမိလေသည်။
လင်းယောင်ယောင် သည် မူလက Green Star မဟာမိတ် သို့ အမြန်ဆုံးရောက်သွားစေချင်သော်လည်း တစ်ခြားနေရာ အသစ်အဆန်းတစ်ခုကို ရောက်လျှင် သူက လေ့ကျင့်ခန်းလုပ်ရာတွင် ပို၍စိတ်အားထက်သန်လာမှာကို ပိုကြောက်မိ၏။ထို့ကြောင့် သူ အမြန်စိတ်အားထက်သန်မှုလျှော့ပါးသွားစေဖို့သာ ဆုတောင်းနေမိတော့သည်။
တစ်လအကြာတွင် သူတို့နှစ်ဦးသည် ဦးတည်ရာဖြစ်သော Green Star မဟာမိတ် သို့ ရောက်ရှိခဲ့သည်။ လင်းယောင်ယောင် အလွန်ပျော်နေမိလေသည်။ လင်းရွှမ် ကသာ အချိန်မီ မဖမ်းထားပါက သူမ အာကာသယာဉ်ပေါ်မှ ခုန်ချမိပေလိမ့်မည်။ သူမရှေ့က စိမ်းလန်းသည့် ဂြိုလ်ကြီးမှာ သူမ၏ မွေးရပ်မြေဖြစ်သလို၊ ချမ့်ယောင် နှင့် လီလစ် တို့၏ မွေးရပ်မြေလည်း ဖြစ်၏။
Green Star မဟာမိတ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး နူးညံ့သိမ်မွေ့သောအရာများရှိကာ ကောင်းမွန်လှသည်၊ သို့သော် အာကာသစခန်းတွင် အာကာသယာဉ်များစွာမရှိသည့်အပြင် အရာအားလုံးမှာ ဖွံဖြိုးတိုးတက်မှု နှေးကွေးနေသလိုပင်။လူတိုင်းသည် အလွန်ဖော်ရွေ၍ သဟဇာတဖြစ်ပြီး Green Star တို့၏ မဟာမိတ်များဖြစ်သည့် မကောင်းဆိုးဝါးများနှင့် ရေသူမမျိုးနွယ်တို့သည်လည်း ဝင်ထွက်သွားလာကြသည်။Green Star မဟာမိတ်၏ ပျင်းရိသော တော်ဝင်မိသားစုသည် ထိုကဲ့သို့သော နေရာမျိုးတွင်သာ ကြီးပြင်းလာသဖြင့် သူတို့မှာ တိုက်ခိုက်နိုင်စွမ်းရှိသော်ငြား တိုက်ခိုက်ရခြင်းကို မကြိုက်ပေ။
လင်းယောင်ယောင် ဤနေရာကို အလွန်နှစ်သက်သည်။ နွေးထွေးသော နေရောင်ခြည်နှင့် လေကောင်းလေသန့်များက သူမကို အိမ်ပြန်ချင်စိတ် ပေးစွမ်းလျက်ရှိသည်။ သူမကို ဤမြေမှာ မမွေးဖွားခဲ့သော်လည်း သူမ၏ အရိုးထဲမှာ Green Star သွေးတစ်ဝက်ရှိကာ သူမသည် အမြင့်မြတ်ဆုံး တော်ဝင်မိသားစုလည်းဖြစ်သည်။
မကြာခင်မှာ အာကာသစခန်းက သူမတို့၏ အာကာသယာဉ်ကို စစ်ဆေးခဲ့သည်။ Green Star မဟာမိတ် ၏ စည်းကမ်းချက်မှာ အဖွဲ့တွင်းရှိလူများအားလုံးသည် နိုင်ငံခြားသားများဖြစ်ပါက၊သူတို့အား အကြံပေးရန်နှင့် အာမခံရန် အနည်းဆုံး Green Star လူမျိုးတစ်ဦးရှိရေပမည်။သို့မဟုတ်ပါက၊ဝင်ခွင့်မပေးပေ။
အာကာသစခန်းထဲသို့ ဝင်ရောက်လာသောအခါ လင်းယောင်ယောင်သည် အာရုံခံကိရိယာတစ်ခုပေါ်တွင် ရပ်နေရာ သူမတွင် အဆင့်မြင့် Green Star လူမျိုးများ၏ သွေးများရှိကြောင်း ထိုကိရိယာပေါ်တွင် ယောင်ဝါးဝါးပြသထားသည်။ လင်းရွှမ် သည် မတော်တဆ တစ်ခုခုဖြစ်မှာစိုး၍ သူမနောက်ကို တချိန်လုံး လိုက်နေခဲ့သည်။
ကံကောင်းထောက်မစွာ လင်းယောင်ယောင် ချောချောမောမော ဖြတ်သန်းနိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် Green Star မဟာမိတ်တွင် မလိုလားအပ်သော ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာသူဖြစ်ပါက ချန်နယ်၏ တစ်ဖက်တစ်ချက်စီတွင် စိုက်ပျိုးထားသော လူသားစားပန်းပင်များက သတိပြုမိမည်ဖြစ်သည်။
Green Star မဟာမိတ်မှလူများသည် အလွန်ပျင်းရိကြပြီး သူတို့အားလုံးတွင် ထူးထူးခြားခြား တိုက်ခိုက်ရေး ထိရောက်မှု မရှိကြသော်လည်း၊သူတို့တွင် ထူးဆန်းသော မိမိကိုယ်ကို ထိန်းသိမ်းမှုစွမ်းရည်များ ရှိသည်။ ထို့ကြောင့် Green Star မဟာမိတ်၏ စီမံခန့်ခွဲမှုသည် လျော့ရဲရဲရဲ ဖြစ်နေရသည်။
လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် အစားအသောက်ကုထုံးပညာရှင်များနှင့်အတူ တိုက်ခိုက်ရေးဌာနမှ အာကာသစခန်းထဲသို့ ဝင်ရောက်လာခဲ့ရာ ထူးဆန်းသော Green Star လူများစွာကို တွေ့လိုက်ရသည်။တစ်ချိုကလည်း ခေါင်းပေါ်မှာ မြက်များ၊ပန်းပွင့်များ၊ကြိမ်နွယ်ပင်များ...စသည်ဖြင့် ရှိနေကြပြီး တချို့ကလည်း အသားအရောင်များက ထူးဆန်းနေ၏။ အများစုသည် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်ရှိသူများဖြစ်သည်။
ပိုအဆင့်မြင့်လာလေလေ၊ သူတို့မျက်နှာမှာ ပုံစံတစ်ခု ပိုရှိလာလေလေပင်။ဥပမာ... မွေးရာပါ အမှတ်အသားများ ဖြစ်၏။ သူတို့၏ ဆံပင်အရောင်သည် ထူးဆန်းသော်လည်း အများစုမှာ လူသားများနှင့် တူညီကြသည်။ လီလစ် ကလည်း ထိုမျိုးနွယ်စုထဲတွင် ပါဝင်သည်။
သို့သော် လင်းယောင်ယောင် အံ့အားအသင့်ဆုံးအရာမှာ ထိုသူများမဟုတ်ဘဲ အာကာသစခန်းတွင် စောင့်ဆိုင်းနေသော 012 နှင့် 168 တို့ပင်ဖြစ်သည်။သူတို့က သူမနှင့် လင်းရွှမ် တို့ကို တွေ့သောအခါ ပြေးလာကာ ပွေ့ဖက်ပေးရန် တောင်းဆိုကြသည်။
012: "မင်းက ဒီကလေးကို စွန့်ပစ်ချင်နေတာလား"
168: "ဒီမှာ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်လို့ ကြားတယ်...ဒါကြောင့် ငါ ဒီကို လာခဲ့တာ"
သူမ ရှက်ရွံ့စွာဖြင့်
"ဒါပေမယ့် မင်းတို့နှစ်ယောက်လုံးက အသားစားတွေလေ... Green Star တွေက သက်သတ်လွတ်ပဲ စားတာ"
012 နှင့် 168 က ခေါင်းယမ်းကာ "မဟုတ်ဘူး...မဟုတ်ဘူး...ဒီမှာ အသားစားအပင်တွေ အများကြီးရှိတယ်... အရသာရှိပြီး ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေလည်း ရှိတယ်..."
လင်းရွှမ် သည် တိတ်ဆိတ်နေရ၏။သူ ပေးခဲ့သော သြဒိနိတ်များသည် မတော်တဆမှုများကို ကာကွယ်ရန်သာဖြစ်ကြောင်း ပြောခဲ့သော်ငြား သူတို့နှစ်ကောင်က စားဖို့သောက်ဖို့အတွက် ရောက်လာကြလေသည်။သို့သော် အရသာရှိသည့် အစားအစာများအကြောင်း ကြားသည့်အခါ လင်းယောင်ယောင်၏ မျက်လုံးများမှာ တောက်ပလာရသဖြင့် ဤနှစ်ကောင်မှာ ထင်သလောက် ဒုက္ခမပေးနိုင်ဟု ထင်လိုက်မိ၏။ ဤအတောအတွင်း သူမကို အနည်းငယ် တင်းတင်းကြပ်ကြပ် ဆက်ဆံလိုက်သဖြင့် ကလေးမလေးက သူ့ကို ကြောက်ရွံ့နေမှန်းသိသည်။
ဆရာဝန်များ၏ အကြံပြုချက်အရ ဝိညာဉ်ပိုင်းဆိုင်ရာ လိုက်ဖက်ညီနှုန်း မြင့်မားသော လက်တွဲဖော်များသည် ရုပ်ပိုင်းဆိုင်ရာအရ ပေါင်းစပ်သည့်အခါ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် ရင်းနှီးမှု နက်နက်ရှိုင်းရှိုင်းရှိရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင်၊ ဝိညာဉ်ရေးနယ်ပယ်၏ ပေါင်းစပ်မှုနှင့်အတူ၊ သူတို့သည် 100% ကိုက်ညီမှုသို့ရောက်ရှိနိုင်သည်။
လူနှစ်ယောက်၏ ဝိညာဉ်ရေးရာလိုက်ဖက်ညီမှုသည် 100% ပြည့်ပါက၊သူတို့ကို မရေမတွက်နိုင်သော ဂလက်ဆီများ ခြားထားလျှင်ပင် တစ်ဖက်သည် ကျန်တစ်ယောက်၏ အန္တရာယ်နှင့် အနီးစပ်ဆုံး တည်ရှိရာဘက်ကို သိရှိနိုင်မည်ဖြစ်သည်။
100% ဝိညာဉ်ရေးအရ လိုက်ဖက်သော လက်တွဲဖော်များသည် တစ်သက်လုံး အတူရှိနိုင်ပြီး ဘယ်သူကမှ ခွဲ၍မရချေ။ ခန္ဓာကိုယ်နှင့် ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်များ ပေါင်းစပ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်များကို တည်ငြိမ်စေရန်အတွက် ကောင်းမွန်သည်။ တစ်ယောက်က မတော်တဆသေသွားခဲ့လျှင် ကျန်တစ်ယောက်က အသက်ရှင်ဖို့ မဖြစ်နိုင်ဘဲ မကြာခင် သေဆုံးသွားလိမ့်မည်။
ဤကာလအတွင်းမှာ ကလေးမလေးက သူ့ကို တွယ်တာလာ၏။သို့သော်၊နေ့ရောညပါ သူနှင့်အတူရှိနေရ၍ သူမအတွက် စိတ်မသက်မသာဖြစ်နိုင်သည်။သို့မဟုတ်လည်း သူမ သူ့ကိုရှက်နေနိုင်၏။ထို့ကြောင့် ဤအရူးနှစ်ကောင်နှင့်အတူ သူမ အချိန်ဖြုန်းလိုက်ပါက ခံစားချက်များ ပြောင်းလဲလာနိုင်၏။တစ်နေ့တော့ သူမလည်း အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။
xxxxxxx