အပိုင်း ၈၇၂
Viewers 53k

အခန်း ၈၇၂

ဆန်းကျယ်သော အနက်ရောင်ရှေးဟောင်းသင်္ဘောများ


လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သွေးကျောက်ပုစွန်များသည် အဆုံးမဲ့ပင်လယ်ရှိ ကြောက်မက်ဖွယ်တည်ရှိမှုများဖြစ်ခဲ့ကြသည်။ ၎င်းတို့ဖြတ်သန်းသွားလာခဲ့သည့်နေရာတိုင်းတွင် မုန်တိုင်းကျရောက်သလို အကြီးအကျယ် ပျက်ဆီးသွားတတ်သည်။


၎င်းတို့သည် လွန်စွာရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့၏ လက်မကြီးများဖြင့် အရာအားလုံးကိုညှပ်ချင်ကြသည်။

 

သွေးကျောက်ပုစွန်အုပ်စုများသည် အဆုံးမဲ့ပင်လယ်ရှိရေသတ္တဝါတိုင်း၏အိပ်မက်ဆိုးကြီးဖြစ်ခဲ့သည်။ ၎င်းတို့သည် ပုစွန်မျိုးနွယ်ဝင်များဖြစ်ကြသော်လည်း ရွှေပုစွန်မျိုးနွယ်၏ အမိန့်ကိုမနာခံချင်ပေ။ ပုစွန်ဘိုးဘေး၏အုပ်ချုပ်မှုကို ဖြုတ်ချ၍ တော်လှန်ပုန်ကန်ချင်ကြသည်။


၎င်းတို့၏နောက်ဆုံးအဆုံးသတ်သည် သူတို့တစ်မျိုးနွယ်လုံးကို ပုစွန်ဘိုးဘေးကအမြစ်ပြတ်ချေမှုန်းလိုက်ခြင်းဖြစ်သည်။

 

၎င်းသည် သူတို့နှင့်ထိုက်တန်သောအရာဖြစ်သည်။


သို့သော် အောင်းပိုင်သည် သွေးကျောက်ပုစွန်များစွာက တောင်းပိုင်းဒေသရှိ ရေကန်လေးတစ်ခုထဲတွင်နေထိုင်နေမည်ဟု တစ်ခါမှမတွေးမိဖူးချေ။ ၎င်းတို့၏ ကြောက်မက်ဖွယ်သွင်ပြင်များသည် သူ့ကိုအတိတ်ကဖြစ်ရပ်ဆိုးများကို ပြန်လည်သတိရစေသည်။


ဝုန်း ဝုန်း


သွေးကျောက်ပုစွန် ငါးမျှားချိတ်တွင်ချိတ်မိသောအခါ ၎င်း၏ခြေထောက်များစွာကို ရမ်းခါနေသဖြင့် ရေကန်ထဲရှိသွေးနီရောင်ရေများ လွင့်စင်နေသည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူကြီးသည် ကြောက်ရွံ့မှုကြောင့်အချင်းချင်းဖက်မိလုနီးပါးပင်ဖြစ်သွားသည်။


ပုဖန် သွေးကျောက်ပုစွန်တစ်ကောင်ကိုဆွဲမလိုက်သောအခါ အခြားသောသွေးကျောက်ပုစွန်များ၏မျက်လုံးများတောက်ပလာကာ သူ့ကိုစိုက်ကြည့်လိုက်ကြသည်။


ဆန့်ကျင်ဘက်အားဖြင့် ပုဖန်သည် အလွန်တည်ငြိမ်နေသည်။သွေးကျောက်ပုစွန်ကိုမိနေသဖြင့် ငါးမျှားကြိုးတင်းမာလာသောအခါ ပုဖန်သည်ငါးမျှားကြိုးကို လက်တစ်ဖက်ဖြင့်ဆွဲမလိုက်သည်။


ခဏအကြာတွင် ပုဖန်၏ လက်ပတ်ပတ်ထားသောလက်တစ်ဖက် မြင့်တက်လာသည်။

က်လူတို့၏ ပါးစပ်အဟောင်းသားဖြစ်ပြီးမှင်သက်နေသည့်အကြည့်များအောက်တွင် ပုဖန်သည်သွေးကျောက်ပုစွန်ကို ကိုင်လိုက်သည်။


ဤရေကန်ကြီးထဲတွင် သူတို့၏အစစ်အမှန်စွမ်းအင်များကိုဖိနှိပ်ထားသဖြင့် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာမှီခိုရပေသည်။


ဒါပေမယ့် ဒီလူသားက သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပဲသုံးပြီး သွေးသွေကျောက်ပုစွန်နဲ့ရင်ဆိုင်နေနိုင်ရတာလဲ...


သို့သော် ပုဖန်သည် သူတို့၏အတွေးများကို တစ်စစီဖျက်ဆီးပစ်လိုင်းခြင်းဖြစ်သည်။


ပုဖန်၏ လက်ပတ်ပတ်ထားသောလက်သည် သွေးကျောက်ပုစွန်ကိုကိုင်ထားပြီး တဒေါင်ဒေါင်အသံများထွက်ပေါ်လာသည်။ ကျောက်ပုစွန်ကိုဖမ်းမိသည်နှင့် ၎င်း၏လက်မနှစ်ချောင်းကို ခေါက်လိုက်သည်။


ပိုးချည်မျှင်တစ်ခုကလေထဲတွင်ထွက်ပေါ်ဘာသည်။ ပုဖန်သည် ထိုကြိုး၏အစွန်းတစ်ဖက်ကိုကိုင်ကာ ခဏအကြာတွင် သွေးကျောက်ပုစွန်ကိုချည်နှောင်လိုက်သည်။


ခက်ထန်ကြမ်းတန်ဟန်ပြုမူနေသော သွေးကျောက်ပုစွန်သည် တင်းတင်းကြပ်ကြပ်စည်းနှောင်ခံရကာ လှေပေါ်ပြုတ်ကျလာသည်။


"တကယ်ကြမ်းတမ်းတာပဲ.. အသားထူထူရှိလောက်တယ်..."

ပုဖန်သဟ် ချည်နှောင်ထားသည့် သွေးကျောက်ပုစွန်ကိုကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။


သွေးကျောက်ပုစွန် ကြောင်အသွားကာ ၎င်း၏မျက်လုံးများကိုလှိမ့်လိုက်မိသည်။


ကျောက်ပုစွန်စားမယ်ဆို တစ်ကောင်တည်းနဲ့ဘယ်လိုလုပ်စိတ်ကျေနပ်နိုင်မှာလဲ... 


ထို့ကြောင့် ပုဖန်သည် တစ်ကောင်တည်းဖမ်းမိသည်ကိုမကျေနပ်ပေ။ သူထပ်ဖမ်းရန်ပြင်ဆင်လိုက်သည်။


ဘာပဲဖြစ်ဖြစ်လှေပေါ်မှာပဲထိုင်နေရတော့ သူ့မှာလုပ်စရာမရှိဘူး... လှေရဲ့နှေးကွေးနေတဲ့ အရှိန်နဲ့ဆိုရင် သွားနေတဲ့နေရာကိုဘယ်အချိန်မှရောက်မှာလဲ မသိဘူးလေ...


ထို့ကြောင့် ပုဖန်သည်သွေးကျောက်ပုစွန်များကိုပျော်ပျော်ကြီးထပ်ဖမ်းနေခြင်းဖြစ်သည်။


ဗွမ်း ဗွမ်း ဗွမ်း


သွေးကျောက်ပုစွန်များသည် ငါးမျှားကြိုးတွင်ဖမ်းမိကာ ထဲတွင်တန်းလန်းဖြစ်နေပြီး ၎င်းတို့၏ခြေလက်များကိုခါရမ်းနေသဖြင့် ရေမှုန်ရေမွှားများ တဗွမ်းဗွမ်းထနေသည်။


ပုဖန်သည် သွေးကျောက်ပုစွန်များကို ကျွမ်းကျွမ်းကျင်ကျင်ဖမ်းယူကာ ပိုးချည်မျှင်တစ်ခုဖြင့် တင်းတင်းကြပ်ကြပ်ချည်နှောင်လိုက်သည်။


ကျောက်ပုစွန်တစ်ကောင်၊ ကျောက်ပုစွန်နှစ်ကောင်၊ ကျောက်ပုစွန်သုံးကောင်...


ဘမ်း ဘမ်း ဘမ်း


လှေငယ်လေး အနည်းငယ်လှုပ်ရမ်းသွားသည်။


ရွှေပုစွန်မျိုးနွယ်စု၏တတိယမြောက်မင်းသားဖြစ်သော အောင်းပိုင်သည် စိတ်ရှုပ်နေသောမျက်နှာအမူအယာဖြစ်နေသည်။


ကြွက်သားထူထူဖြင့် နတ်ဆိုးကင်းမြီးကောက်လူသည်လည်း ကြောင်အနေပေသည်။


သူတို့သည် ပုဖန်ဖမ်းပြီးကြိုးနှင့်ချည်ထားသော သွေးကျောက်ပုစွန်များကိုကြည့်၍ ဆွံ့အနေကြကာ အနည်းငယ်မူးဝေသွားကြသည်။


ဒါတွေကတကယ် သွေးကျောက်ပုစွန်တွေရောဟုတ်ရဲ့လား...


အောင်းပိုင်၏ နှုတ်ခမ်းများတုန်ရီသွားသည်။


ကြမ်းကြုတ်တဲ့သွေးကျောက်ပုစွန်တွေက လူတွေကိုသူ့တို့ကိုသတ်ခွင့်ပေးလိုက်ရတာလဲ...


နတ်ဆိုးကင်းမြီးကောက်လူကြီးသည် သူ၏မျက်လုံးကိုပြူးကာ ပုဖန်တစ်ယောက် သွေးကျောက်ပုစွန်များကိုကျွမ်းကျွမ်းကျင်ကျင်ဖမ်းနေသည်ကိုကြည့်ပြီး တံတွေးမြိုချလိုက်သည်။


သွေးကျောက်ပုစွန်များ၏ လေးလံလှသည့်အလေးချိန်ကြောင့် လှေ၏လှုပ်ရှားမှုကိုနှေးကွေးသွားစေကာ ရှေ့သို့ရောက်ရန်ပို၍ကြာသွားစေသည်။


သွေးကျောက်ပုစွန်များသည် တင်းကြပ်စွာချည်နှောင်ထားခြင်းခံရပြီး မလွတ်မြောက်နိုင်ပဲ အနည်းငယ်သာလှုပ်ရမ်းနိုင်သည်။ ၎င်းတို့သည် ပူဖောင်းများကိုသာမှုတ်ထုတ်နိုင်လေသည်။


အောင်းပိုင်သည် သွေးကျောက်ပုစွန်များကိုထပ်ဖမ်းချင်နေ၍ စိတ်လှုပ်ရှားနေသည့်ပုံဖြစ်နေသော ပုဖန်ကိုကြည့်ကာပြောလိုက်သည်။


"လူသား ထပ်မဖမ်းပါနဲ့တော့... တော်ပြီလေ ဒီလောက်ဆိုလုံလောက်ပြီလေ... မင်းထပ်ဖမ်းရင် လှေမြုပ်တော့မယ်ကွ..."


လှေသာနစ်မြုပ်သွားပါက သူတို့သုံးယောက်လုံးရေထဲပြုတ်ကျသွားမည်ဖြစ်သည်။ ထို့နောက် သူတို့သည် ထိုသွေးကျောက်ပုစွန်များစွာဖြင့်ရင်ဆိုင်ရလိမ့်မည်။


"လုံလောက်ပြီတဲ့လား..."


ပုဖန်အနည်းငယ် အံ့ဩသွားသည်။ လှေပေါ်တွင် တစ်ပုံကြီးရှိနေပြီဖြစ်သော သွေးကျောက်ပုစွန်များကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


လက်ကိုဝေ့ယမ်းလိုက်ပြီး သွေးကျောက်ပုစွန်များကို သူ၏စနစ်သိုလှောင်အိတ်ထဲသို့ထည့်လိုက်သည်။ လှေပေါ်ရှိကျောက်ပုစွန်များကို သိုလှောင်အိတ်ထဲထည့်ပြီးသည်နှင့် လှေသည် အရှိန်နှုန်းမြင့်သွားတော့သည်။


ထို့နောက်ပုဖန်သည် ကျောက်ပုစွန်များထပ်ဖမ်းရန် ရေကန်ဘက်ကိုမျက်နှာမူလိုက်သည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်တို့ ဆွံ့အသွားမိသည်။


သူတို့ ထိုကျောက်ပုစွန်များကိုပင်သနားလာမိသည်။ အဆုံးမဲ့ပင်လယ်အတွင်းတွင် ရင်ကော့ခေါင်းမော့ကာနေနိုင်ခဲ့သော သွေးကျောက်ပုစွန်များသည် ယခုအချိန်တွင် လူသားတစ်ယောက်၏ အေးအေးသာသာ ဖမ်းဆီးခြင်းကိုနေရပြီဖြစ်သည်။


ခဏအကြာတွင် ပုဖန်သည်လှေအပြည့် သွေးကျောက်ပုစွန်များကို သူ၏စနစ်သိုလှောင်အိတ်ထဲ ထည့်လိုက်ပြန်သည်။


နောက်ဆုံးတွင် သူ၏ကျောက်ပုစွန်ဖမ်းခြင်းခရီးစဉ်ပြီးဆုံးသွားပြီဖြစ်ကာ လှေငယ်လေးသည် အနက်ရောင်ရှေးဟောင်းသင်္ဘောနားသို့ရောက်ခါနီးပြီဖြစ်သည်။


ရှေးဟောင်းသင်္ဘောနှစ်စင်းနားသို့ရောက်လေလေ သွေးကျောက်ပုစွန်အရေအတွက် လျော့နည်းလာလေလေဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် ထိုသင်္ဘောများတွင် သွေးကျောက်ပုစွန်များအပေါ် သက်ရောက်မှုတစ်ခုခုရှိပေသည်။


ဒုန်း


လှေငယ်လေးက ရှေးဟောင်းသင်္ဘောကြီးကိုတိုက်မိသွားသည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်တို့ အံ့အားသင့်သွားကြသည်။ ခေါင်းမော့လိုက်ပြီး ငါးမီတာခြောက်မီတာခန့်မျှမြင့်သော သင်္ဘောကြီးကို ကြောင်တောင်တောင်ကြည့်လိုက်သည်။


အဝေးမှကြည့်လျှင် ထိုရှေးဟောင်းပုံစံ အနက်ရောင်သင်္ဘောသည် ကြီးမားပုံမပေါ်ချေ။ သို့သော် အနီးကပ်ကြည့်လိုက်မှသာ အလွန်ကြီးမားကြောင်းသိရပေည်။  


ဝုန်း ဝုန်း


ရုတ်တရက်


သင်္ဘောပေါ်မှ အနက်ရောက်ကြိုးလှေကားပြုတ်ကျလာသည်။


ထိုကြိုးလှေကားကို စိတ်ဝိဉာဉ်ပင်တစ်မျိုးမျိုးဖြင့်ပြုလုပ်ထားသဖြင့် အလွန်မာကျောလေသည်။


ပုဖန်သည် ကြိုးလှေကားနှင့် သင်္ဘောကြီးကိုကြည့်လိုက်သည်။ သူတို့၏ပတ်ပတ်လည်တွင် သွေးနီရောင်ရေများဖြင့်သာရှိ၍ ထိုသင်္ဘောကြီးပေါ်တက်သည်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


ထို့ကြောင့် ပုဖန်သည် တွန့်ဆုတ်မှုမရှိပဲ လှေကားပေါ်တက်လိုက်သည်။ ချက်ချင်းပင် လှေကားပေါ်မှတစ်ဆင့် သင်္ဘောကြီးပေါ်သို့ဦးတည်သွားတော့သည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်သည် ပုဖန်နောက်ကိုလိုက်သွားကြသည်။


သူတို့သုံးယောက်လုံးသည် ကြိုးလှေကားမှတစ်ဆင့် ရှေးဟောင်းပုံစံအနက်ရောင်သင်္ဘောကြီး၏ ကုန်းပတ်ကိုရောက်သွားကြသည်။ ခဏအကြာတွင် ကုန်းပတ်ပေါ်ရောက်လာကြသည်။


ပုဖန် ကုန်းပတ်ပေါ်သို့ခုန်ဆင်းလိုက်သည်။ ကုန်းပတ်ပေါ်ခြေချမိသည်နှင့် သူ့တစ်ကိုယ်လုံးတုန်ရီသွားသည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူကြီးသည်လည်း ကုန်းပတ်ပေါ်ရောက်သည်နှင့် အလွန်အမင်းကြောက်ရွံ့သွားကြသည်။


ထိုနေရာတစ်ခုလုံးသည် တိတ်ဆိတ်နေကာ ပိန်းပိတ်အောင်မှောင်မဲနေသည်။ ထို့အပြင် ကုန်းပတ်တစ်ခုလုံးသည် ပျက်စီးယိုယွင်းနေကာ ထူထဲလှသောဖုန်မှုန့်အလွှာကြီးတစ်လွှာဖြင့်ဖုံးအုပ်နေသည်။


ထိုအနက်ရောင်သင်္ဘောကြီးကို သစ်သားဖြင့်ပြုလုပ်ထားခြင်းမဟုတ်ချေ။ သူတို့မတ်တတ်ရပ်နေသော ကုန်းပတ်ကိုထူးခြားသောသတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် မာကျောကာအေးစက်နေလေသည်။


အောင်းပိုင်သည် ဤရှေးဟောင်းသင်္ဘောကြီးအကြောင်းမသိပေ။ နတ်ဆိုးကင်းမြီးကောက်သည် သူ့စိတ်ထဲတွင် ထိုသင်္ဘောအကြောင်းကြားဖူးနားဝရှိနေသော်လည်း မည်သည့် စာအုပ်တွင်ဖတ်ဖူးကြောင်းမမှတ်မိပေ။


ပုဖန်သည် ထိုရှေးဟောင်းသင်္ဘောကြီးကိုဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူသည် ငရဲကမ္ဘာ၏ ကမ္ဘာမြေအကျဉ်းထောင်တွင် ကြေးနန်းတော်ကိုဆွဲကာ စမ်းချောင်းဝါမြစ်တစ်လျှောက် အစုံအဆန်မျောနေသော သင်္ဘောနှစ်စင်းကိုပြန်လည်သတိရမိသည်။


ထူးခြားဆန်းကျယ်ပြီး လျှို့ဝှက်နက်နဲလှသည်။


၎င်းက လူများကိုစိတ်ဝင်စားစေသည်။ ပို၍အရေးကြီးသည်မှာ ထိုအနက်ရောင်သင်္ဘောနှင်စင်းနှင့်ကြေးနန်းတော်သည် ပုန်းကွယ်နဂါးတိုက်ကြီးပေါ်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။


"ဒီသင်္ဘောကပျက်စီးနေတာ... ဒါဆိုငါတို့ကို ကြိုးလှေကားချပေးတာဘယ်သူလဲ..."


အောင်းပိုင် စိတ်ထဲတွင်ရှိသည့်အတိုင်းမေးလိုက်သည်။


ပုဖန် အံ့အားသင့်သွားကာ နတ်ဆိုးကင်းမြီးကောက်ကြောက်ရွံ့သွားသည်။


ကြိုးလှေကားကိုဘယ်သူချပေးလဲ ဘုရားပဲသိလိမ့်မယ်... ဒီကုန်းပတ်ပေါ်မှာ ထူးဆန်းတာဘာမှမရှိဘူး...


ပုဖန်၏ပစ်မှတ်သည် အစားအသောက်ရနံ့များထွက်ပေါ်လာနေသည့် ကြေးနန်းတော်ဖြစ်သည်။ ဤအနက်ရောင်သင်္ဘောသည် ကြေးနန်းတော်နှင့် ဆက်စပ်သောအရာတစ်ခုမျှသာဖြစ်သဖြင့် သူ၏ပစ်မှတ်မဟုတ်ပေ။


ပုဖန်လျှောက်ကြည့်ပြီး သင်္ဘောအဆုံးသို့သွားကာ စစ်ဆေးကြည့်ရှုလိုက်သည်။


ထိုနေရာတွင် လူတစ်ယောက်၏ခန္ဓာကိုယ်အရွယ်အစားတမျှကြီးမားသောချိန်းကြိုးကြီးဖြင့် ကြေးနန်းတော်ကိုချိတ်ဆက်ထားကြောင်းသိလိုက်သည်။ အရင်တစ်ခေါက်ကသူတွေ့ခဲ့သောနန်းတော်ကြီးနှင့်ယှဉ်ပါက ထိုနန်းတော်ကြီးသည် ပို၍ ခမ်းနားထည်ဝါကာ မယုံကြည်နိုင်လောက်အောင်ကြီးမားပေသည်။


၎င်းကို အံ့ဩဖွယ်တုနှိုင်းမဲ့သည့်ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်ခဲ့ဖြင်းဖြစ်သည်။


ရုတ်တရက်


ပုဖန်၏မျက်လုံးများ စူးရှသွားသည်။


ထိုနန်းတော်၏ဂိတ်တံခါးတွင် တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသည်။ လူတစ်ယောက်သည် နန်းတော်၏ဂိတ်တံခါးရှေ့တွင်ဒူးထောက်နေသည်။


အစားအသောက်ရနံ့များသည်လည်း ထိုတံခါးမှလာနေခြင်းဖြစ်သည်။


ထိုနန်းတော်သည်အားလုံးသော လျှို့ဝှက်ချက်များ၏ အရင်းအမြစ်ဖြစ်ပုံပေါ်လေသည်။


"အဲ့တာငါ့ရဲ့ဘိုးဘေးလိုက်ရှာခဲ့တဲ့နန်းတော်လား..."


အောင်းပိုင်သည် ကုန်းပတ်ပေါ်မှီကာ ကြေးနန်းတော်ကိုကြည့်ရင်းအော်ပြောလိုက်သည်။


သို့သော် ထိုနန်းတော်ကို ဘယ်နည်းဖြင့်သွားရမလဲဟူသည်မှာ နောက်ထပ်ပြဿနာဖြစ်သည်။


"ဒီချိန်းကြိုးတွေက အဲနေကိုသွားရမယ့်လမ်းပဲ..."


ပုဖန်ပြောလိုက်သည်။ ထို့နောက်ဘာမှဆက်မပြောတော့ပဲ သင်္ဘောအတွင်းပိုင်းသို့ဝင်သွားလိုက်သည်။


သူတို့ ထိုနန်းတော်ကိုသွားချင်လျှင် သင်္ဘောအတွင်းပိုင်းကိုသွား၍ ချိန်းကြိုးများပေါ်လမ်းလျှောက်ရမည်ဖြစ်သည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူ မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးတွင် ပုဖန်နောက်လိုက်ကာ လှေအတွင်းထဲသို့ဝင်လိုက်ကြသည်။


ရုတ်ချည်းပင် အေးစက်သောအော်ရာတစ်ခုသူတို့ခန္ဓာကိုယ်များအပေါ် ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသည်။


အောင်းပိုင့်လှည့်ကြည့်လိုက်သော်လည်း ဘာကိုမှမတွေ့ချေ။ သို့သော် အော်ရာအချို့ကိုခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ အသံတစ်ခုထွက်လာပြီး သူ့လက်ထဲတွင် ဓားနှစ်ချောင်းပေါ်လာသည်။


လှေအတွင်းပိုင်းရှိလေထုသည် သူ့ကိုအန္တရာယ်ရှိသောခံစားချက်ကိုပေးစွမ်းနေသည်။


ပုဖန်ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။ သူသည် လက်ပိုက်လိုက်ပြီး နက်မှောင်နေသောသင်္ဘောအတွင်းသို့ဝင်သွားလိုက်သည်။ ငရဲကမ္ဘာသင်္ဘောနှင့်ယှဉ်ကြည့်ပါက ဤအနက်ရောင်သင်္ဘောသည် အနည်းငယ်လင်းနေသေးပေသည်။


သင်္ဘော၏အတွင်းပိုင်းတွင် ဇိမ်ခံအခန်းများစွာရှိနေသည်။ သို့သော် ထိုအခန်းများအားလုံးသည် ဟောင်းနွမ်းစုတ်ပြတ်နေလေသည်။


သူတို့ လှေကားပေါ်တက်လိုက်သည်။ သို့သော် ပုဖန်ပထမဆုံးခြေလှမ်းကိုလှမ်းလိုက်သည်နှင့် တဒေါက်ဒေါက်မြည်သံများထွက်ပေါ်လာသည်။


လှေကားပေါ်မှာအရိုးစုတစ်ခုကျလာပြီး ပုဖန်ကိုမျက်မှောင်ကြုတ်သွားစေသည်။


ဤ ရှေးဟောင်းသင်္ဘောကြီးထဲတွင် တစ်စုံတစ်ယောက်ရှိနေပုံပေါ်သည်။


သို့သော် သူတို့သုံးယောက်လုံး ထိုလူကိုမတွေ့ကြချေ။


ဒုတိယအထပ်ကိုရောက်သောအခါ ထွက်ပေါက်တစ်ခုတွေ့လိုက်သည်။ တံခါးကိုတွန်းဖွင့်လိုက်သောအခါ အောက်တွင် ကြီးမားကြမ်းတမ်းသော ချိန်းကြိုးကြီးကိုတွေ့လိုက်ရသည်။


"ငါတို့ဒီကနေသွားလို့ရတယ်..."


ပုဖန်ပြောလိုက်သည်။ ထို့နောက် နောက်လှည့်ကြည့်လိုက်သည်။


သို့သော် နောက်လှည့်ကြည့်ပြီးနောက်တွင် သူတုန်လှုပ်သွားတော့သည်။


အဘယ့်ကြောင့်ဆိုသော် အောင်းပိုင်နှင့်နတ်ဆိုးကင်းမြီးကောက်သည် သူ့နောက်တွင်မရှိတော့သောကြောင့်ဖြစ်သည်။


ဤရှေးဟောင်းအနက်ရောင်သင်္ဘောထဲတွင် သူတစ်ယောက်တည်းသာရှိနေသည်။


သူ သူတို့ကိုဘာလို့မမြင်နိုင်တော့တာလဲ...


နောက်ထပ် ပုံရိပ်ယောင် နယ်မြေလား...


ပုဖန် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်ငြိမ်အောင်လုပ်လိုက်သည်။ သူတို့ပျောက်သွားရင် ပျောက်သွားပြီလို့မှတ်လိုက်မယ်။


ခေါင်းမော့လိုက်ကာ အဝေးရှိ ကြေးနန်းတော်ကိုကြည့်လိုက်သည်။


ကြီးမားသော ချိန်းကြိုးကြီးပေါ်ခုန်ချလိုက်သည်။ ချိန်းကြိုးပေါ်ခြေချလိုက်သည်နှင့် ချိန်းကြိုးလှုပ်ရမ်းသွားသည်။


ကြေးနန်းတော်နှင့်ချိတ်ဆက်နေသော ချိန်းကြိုးသည် မီတာများစွာရှည်လျားပြီး နန်းတော်ကို သင်္ဘောတစ်ခုက ချိန်းကြိုးသုံးကြိုးဖြင့်ချိတ်ဆက်ထားသည်။ ထို့ကြောင့်စုစုပေါင်းချိန်းကြိုးခြောက်ကြိုးရှိပေသည်။


ထိုအချိန်တွင် ပုဖန်သည် အလယ်ရှိချိန်းကြိုးများထဲကတစ်ခုပေါ်တွင်ရောက်နေခြင်းဖြစ်သည်။


သူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ချိန်းကြိုးကိုငြိမ်သွာအောင်စောင့်လိုက်သည်။ လုံးဝမလှုပ်တော့သောအခါမှ ရှေ့သို့ဆက်လျှောက်လိုက်သည်။


သူသည် ကြေးနန်းတော်ဆီသ်ု မနှေးမမြန်လျှောက်သွားလိုက်သည်။ သို့သော် ခြေတစ်လှမ်းလှမ်းပြီးတိုင်းသူ၏ စိတ်ဝိဉာဉ်ပင်လယ်သည် ပို၍ကြီးမားလာသည်။


ထိုကဲ့သို့ကြီးမားလာခြင်းသည် ပုဖန်ကိုမျက်မှောင်ကြုတ်စေသည်။


သူ့ခေါင်းအတွင်းရှိ နဂါးအရိုးမီးဖိုချောင်သုံးဓားသည် စိတ်ဖိအားတစ်ခုထွက်ပေါ်လာသောအခါ နဂါးဟိန်းသံတစ်ခုကိုထုတ်လွှတ်လိုက်သည်။


ပုဖန်သည်လက်ပိုက်၍ ချိန်းကြိုးပေါ်တွင်နင်းလျှောက်ရင်း ရှေ့သို့ဆက်သွားလိုက်သည်။


ချိန်းကြိုးကနောက်တစ်ကြိမ်လှုပ်ရမ်းသွားသော်လည်း ပုဖန်သည်ကျောက်တုံးတစ်တုံးလိုတည်ငြိမ်နေသည်။


ထိုချိန်းကြိုးနှင့်ပတ်သတ်၍ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုရှိနေပုံပေါ်သည်။ ဆယ်မီတာရောက်တိုင်း ပုဖန်သည် သူ၏စိတ်စွမ်းအင်များဆူပွက်လာသည်ဟု ခံစားရသည်။


၎င်းသည် ပုဖန်ကိုခေါင်းကိုက်သွားစေသင့်သော်လည်း ကံကောင်းစွာဖြင့် သူ၏စိတ်ဝိဉာဉ်ပင်လယ်သညိ အလွန်ကျယ်ပြန့်သောကြောင့် ကြီးကြီးမားမားသောက်ရောက်မှုမရှိပေ။


ထိုအချိန်တွင် ပုဖန်သည် အောင်းပိုင်နှင့်နတ်ဆိုးကင်းမြီးကောက်လူတို့သည် သူဘေးရှိ ချိန်ကြိုးတစ်ခုဆီတွင်ရှိနေကြောင်းမသိပေ။


သူတို့အချင်းချင်းမမြင်နိုင်ကြချေ။


အောင်းပိုင် အံကြိတ်လိုက်သည်။ ခေါင်းပြင်းပြင်းထန်ထန်ကိုက်နေသဖြင့် သူ၏မျက်လုံးများ ရဲရဲနီနေပြီဖြစ်သည်။ စိတ်စွမ်းအင်များ တစ်ဟုန်ထိုးမြင့်တက်လာခြင်းသည် သူ့ကိုဒေါသထွက်နေစေသည်။


အခြားတစ်ဖက်တွင် နတ်ဆိုးကင်းမြီးကောက်သည်လည်းတုန်ရီနေလေသည်။


အချုပ်အားဖြင့်ဆိုရသော် သူတို့နှစ်ယောက်စလုံးသည် ချိန်းကြိုးများကိုဖယ်ရှားကာ ကြေးနန်းတော်သို့သွားချင်နေကြခြင်းဖြစ်သည်။


ပုဖန်နှဖူးပွတ်မိလိုက်သည်။ နောက်ဆုံးဆယ်မီတာတွင်ရှိသော စိတ်စွမ်းအင်မြင့်တက်မှုသည် သူ့ကိုခေါင်းကိုက်စေသည်။


သို့သော် ၎င်းသည် သူ၏ခံနိုင်ရည်အတွင်းတွင်ရှိနေဆဲဖြစ်သည်။ နောက်ဆုံးဆယ်မီတာအတွင်းတွင် သူ၏စိတ်စွမ်းအင်သည် ခြေတစ်လှမ်းလှမ်းတိုင်းတစ်ခါစီမြင့်တက်နေသည်။ ထို့ကြောင့်သူ၏စိတ်စွမ်းအင်သည် လောင်ကျွမ်းလုနီးပါးဖြစ်နေသည်။


ပုဖန်ပါးစပ်ဟလိုက်ကာ လေပူများမှုတ်ထုတ်လိုက်သည်။


ရုတ်တရက်


ပုဖန်နောက်ဆုံးခြေလှမ်းလှမ်းလိုက်ပြီး ကြေးနန်းတော်ရှိရာဧရိယာသို့ဝင်ခါနီးတွင် ချိန်းကြိုးများ ပြင်းထန်စွာလှုပ်ရမ်းသွားသည်။


ပုဖန် မှင်သက်သွားမိသည်။


သူ့နောက်တွင်ရှိသော အနက်ရောင်သင်္ဘောကိုလှမ်းကြည့်လိုက်သောအခါ နက်ဆွေးနေသောဝတ်ရုံကိုဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုပုံရိပ်သည် ချိန်းကြိုးပေါ်ခုန်ချလိုက်ပြီး ချိန်းကြိုးတစ်ခုလုံးကို ပြင်းပြင်းထန်ထန်လှုပ်ခါသွားစေသည်။